ခနတာ အနားယူမူ
Vol. 30 Ch. 445
ဂိတ်ပေါက်ဝရဲ့မျက်နှာပြင်အောက်မှာတော့ ဆန်နီသာမြင်ရတဲ့ စိန်ကြိုးတွေရက်လုပ်မူက ဝိဥာဥ◌်အလင်းရောင်နဲ့ တောက်ပလာခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ ရှေးဟောင်းကျောက်တုံးရဲ့ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်း တစ်ခုပေါ်ထွက်လာခဲ့တယ်။
ယင်းနောက် ဝင်ပေါက်က တိတ်တဆိတ်ပွင့်သွားခဲ့ပြီး လေပြင်းတစ်ချက်က ဆန်နီရဲ့ နောက်ကျောဘက်ကို တိုက်ခတ်သွားခဲ့ပါတယ်။
သူက နောက်ဖက်ကို ခြေလှမ်းအနည်းငယ်ရွေ့လျားလိုက်ပြီး သူတော်စင်ရဲ့နောက်မှာ ဝင်ပုန်းလိုက်တယ်။ပြီးတာနဲ့ သူမရဲ့ ပုခုံးနောက်ကနေ အမှောင်ထုထဲကို ကြည့်နေခဲ့ပါတယ်။
အမှောင်ထုထဲမှာ ဘာလှုပ်ရှားမူမှ မတွေ့ခဲ့ပေ။သူမြင်သလောက်ဆိုရင်တော့ မီးတောင်ကျောက်တာဝါ ရဲ့ အတွင်းပိုင်းက သာမန်အတိုင်း ရှိနေတဲ့ပုံပါပဲ။ဂိတ်ပေါက်ပွင့်သွားတာနဲ့ သူ့ရဲ့အရိပ်အာရုံခံမူက ထည်ဝါတဲ့စေတီရဲ့ မမြင်ရတဲ့ နေရာတွေကို ထိုးဖောက်နိုင်သွားခဲ့တယ်။ဒါကလည်း ဘာအန္တရာယ်ကိုမှ မခံစားရပါဘူး။
ဒါကတကယ်ကို လုံခြုံမူရှိပါတယ်။
သူက ခနလောက်စောင့်ဆိုင်းကာ ချောင်းဆိုးလိုက်ပြီး လေထဲမှာပျံ့နှံ့နေတဲ့ မီးခိုးတွေကို လက်နဲ့ဝေ့ယမ်းရင်း ဖယ်ရှားလိုက်တယ်။
“အာ..ကောင်းပြီလေ..။ဒါဆိုလည်း ဘာမှ စိုးရိမ်စရာ မရှိဘူးပဲ။သွားကြရအောင် “
ဆန်နီ သူတော်စင်ကို ကြည့်လိုက်ပြီး ခနလောက်စဥ◌်းစားပြီးကာမှ ယဥ◌်ကျေးတဲ့လေသံနဲ့ ထပ်ပြောလိုက်ပါတယ်။
“…အိုး ..မိန်းကလေးတွေ အရင်သွားပါ”
တိတ်ဆိတ်တဲ့ အရိပ်က သူမရဲ့ခေါင်းကို လှည့်လာခဲ့ပြီး ပတ္တမြားရောင်မျက်လုံးနဲ့ စိုက်ကြည့်လာခဲ့တယ်။ယင်းနောက် ရှေးဟောင်းတာဝါရဲ့ ဝင်ပေါက်ဆီကို ရိုးရှင်းစွာပဲ လျောက်ဝင်သွားခဲ့ပါတယ်။ဆန်နီ ခနလောက်စောင့်ဆိုင်းပြီးမှ နောက်ကနေ လိုက်ဝင်သွားခဲ့တယ်။
လအမြုတေရဲ့လက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ၊သူက ဝင်ပေါက်ရဲ့အနောက်ဖက်မှာရှိတဲ့ အမှောင်ထုထဲကို တိုးဝင်သွားခဲ့ပါတယ်။ယင်းနောက် သူက စေတီရဲ့ပထမထပ်ကို ဝန်းရံထားတဲ့ ကျယ်ဝန်းတဲ့ ကော်ရစ်ဒါတစ်ခုမှာ ရောက်နေတာကိုတွေ့လိုက်ရတယ်။
ကော်ရစ်ဒါက ဘယ်ဘက် နဲ့ ညာဘက် အတော်ဝေးဝေးအထိ ဦးတည်ထားခဲ့တယ်။ဟိုဟိုဒီဒီမှာလည်း တာဝါရဲ့အပြင်ဖက်နံရံရဲ့ အခန်းတွေကို ဦးတည်ထားတဲ့ ကြီးမားတဲ့ တံခါးတွေကို ကော်ရစ်ဒါတစ်လျောက်မှာ တွေ့ခဲ့ရတယ်။
သူ့ရဲ့နောက်ဖက်မှာတော့ တာဝါကြီးရဲ့ အလယ်ဗဟိုခန်းမ တစ်ခုရှိနေခဲ့တယ်။
ဆန်နီ ခနလောက်တွေဝေသွားခဲ့ပြီး သစ်သားတံခါးကို လွယ်လွယ်ကူကူဖွင့်လိုက်တဲ့ အချိန်မှာတော့ တစ်ဖက်မှာ ရှိနေတဲ့ ကျယ်ပြန့်တဲ့ အခန်းတစ်ခုကိုတွေံလိုက်ရတယ်။
‘ဒီရနံ့ ‘
သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
ဂိတ်တံခါးရဲ့ နောက်ဖက်မှာတော့ မြင့်မားနဲ့မျက်နှာကျတ်နဲ့ ကြီးမားတဲ့ ဟောခန်းမကြီးတစ်ခု ရှိနေခဲ့တတယ်။ဂိတ်ပေါက်ပွင့်သွားတာနဲ့ နံရံတွေမှာ ချိတ်ဆွဲထားတဲ့ မီးအိမ်တွေက မီးတောင်ကျောက်တာဝါရဲ့ အတွင်းပိုင်းကို အပြာရောင်အလင်းရောင်ပေးစွမ်းလာခဲ့တယ်။ခန်းမထဲမှာတော့ ဆန်နီရဲ့ အာရုံစိုက်မူကို ဆွဲဆောင်ထားတဲ့ အရာတေွ အများကြီး ရှိနေပါသေးတယ်။
ငွေသားနဲ့ အနက်ရောင်မီးတောင်ကျောက် ကို ရောစပ်ပြီး လက်ရာမြောက်အောင် ဖန်တီးထားခဲ့တဲ့ ကိရိယာတွေတင်ထားတဲ့ စဥ◌်တစ်ခုရှိနေခဲ့တယ်။ဆိုးဝါးစွာလောင်ကျွမ်းထားတဲ့ အလုပ်စားပွဲတစ်ခုပေါ်မှာလည်း ဝိဥာဥ◌်အမြုတေတွေ ပျံ့ကြဲနေခဲ့ပါတယ်။ဆန်းကျယ်တဲ့ ပန်ချီကားတွေထွင်းထုထားတဲ့ ကျောက်နံရံတွေကလည်း အရမ်းကို လက်ရာမြောက်ပြီး နက်ရှိုင်းတာကြောင့် အဓိပ္ပါယ်ကို မပြောနဲ့ ဘယ်သူတွေက ဒီအရာကိုထွင်းထုခဲ့တာလဲ ဆိုတာကိုတောင် မစဥ◌်းစားနိုင်ခဲ့ပေ။
ဒီနေရာမှာ ကုလားထိုင်တွေ ၊ စားပွဲတွေနဲ့ ရှည်လျားတဲ့ အိပ်ယာတွေလိုမျိုး သာမန်ပစ္စည်းတွေလည်း ရှိနေပါသေးတယ်။အရာအားလုံးက သေချာကို သိမ်းဆည်းထားခဲ့တာဖြစ်ပြီး ဖုန်မှုန့်တစ်စက်တောင် ရှိမနေခဲ့ပေ။ဒီမီးတောင်ကျောက် တာဝါကို နှစ်ထောင်ပေါင်းများစွာကြာအောင် ဘယ်သူမှ မလာခဲ့ပေမယ့် ဆန်နီရဲ့ အစစ်အမှန် ကမ္ဘာက အိမ်ထက်တောင် ပိုပြီး သန့်ရှင်းနေပါသေးတယ်။
ဒါက နည်းနည်းတော့ မှာယွင်းနေခဲ့တယ်။ဒီမှာရှိနေတဲ့ အရာရာတိုင်းက လူသားတစ်ယောက် အသုံးပြုနိုင်လောက်အောင် ကိုက်ညီမူရှိနေခဲ့ပေမယ့် နည်းနည်းတော့ ကွာခြားနေခဲ့ပါတယ်။ဘာကြောင့်မှန်း မသိပေမယ့် ပရိဘောဂတွေ ၊ ကိရိယာတွေကို ထားထားတဲ့ ပုံစံက သူ့ကို မသက်မသာ ဖြစ်စေပါတယ်။
သိူ့ပေမယ့် ဆန်နီက ဒီအရာကို အကြာကြီး အာရုံစိုက်မနေခဲ့ပေ။သူ့ရဲ့ အကြည့်တွေကလည်း ဒီအရာတွေအပေါ်မှာ ရှိမနေခဲ့ပေ။သူ့ရဲ့အာရုံက နေရာတစ်ခုဆီကိုပဲ ရောက်နေခဲ့တာပါ။
သူနဲ့သိပ်မဝေးတဲ့ နေရာတစ်ခုမှာတော့ သာမန်သစ်သားစားပွဲတစ်ခု ရှိနေခဲ့တယ်။ပြီးတော့ ဒီအပေါ်မှာ အရသာရှိတဲ့ အစားအသောက်တွေ မျိုးစုံရှိနေခဲ့ပါသေးတယ်။
အရည်ရွှမ်းတဲ့ အသား ၊ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့် ၊ တောက်ပတဲ့ စပျစ်သီးတွေ၊ မွှေးကြိုင်တဲ့ ဝိုင်တွေ၊ လှပတဲ့ လဖက်ရည်အိုး ၊ ဒါတွေအားလုံးက သူစားသောက်ဖို့အတွက် စောင့်ဆိုင်းနေကြသလိုပါပဲ။
ဆန်နီရဲ့ ပါးစပ်က စိုစွတ်လာခဲ့တယ်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ဒါက ငါထင်ယောင်ထင်မှား ဖြစ်နေတာလား “
မီးခိုးတေွ၊ ချွေးတွေ ၊ သွေးတွေနဲ့ ညစ်ပတ်နေတဲ့ ဆန်နီက စားပွဲဆီကို လျောက်သွားလိုက်တယ်။ခန်းမကြီးရဲ့ အလယ်မှာတော့ သူ့ရဲ့ ခြေရာတွေက ဆက်တိုင် ကျန်ရစ်နေခဲ့ပါတယ်။သူ့ရဲ့ ပန်းတိုင်ကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီက လက်ကို ဆန့်တန်းပြီး ပေါင်မုန့်အပိုင်းအစ တစ်ခုကို လက်နဲ့လှမ်းယူလိုက်ကာ လောဘတကြီး ပါးစပ်ထဲကို ထိုးသိပ်လိုက်ပါတယ်။ယင်းနောက် ငွေရောင် ဖန်ခွက်တွေထဲက တစ်ခုကို ယူပြီး ဝိုင်ဖြည့်လိုက်တယ်။
သူ့ရဲ့ အလေးအနက်မရှိတဲ့ လှုပ်ရှားမူတွေကြောင့် ကျန်နေတဲ့ ဖန်ခွက်တွေက စားပွဲအောက်ကို ပြုတ်ကျပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွား ခဲ့ပါတယ်.။
ဆန်နီကတော့ ဒီအရာကို ဂရုမစိုက်ပဲ ၊ ချိုမြတဲ့ ဝိုင်ကိုသောက်လိုက်ပြီး ပေါင်မုန့်စတွေ လွင့်ပျံသွားတဲ့ အထိ ရယ်မောလိုက်တယ်။
‘အာ…ဒါက တကယ်ကို မဆိုးဘူးပဲ ‘
သူက အယ်ကိုဟော မပါတဲ့အရာကို သောက်ရတာ သဘောကျပေမယ့် ဒီဝိုင်တွေကတော့ တကယ်ကို အရသာရှိတာပါ။
ဆန်နီရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသလို ၊ မျက်ရည်တွေကြောင့် ဖြစ်ပေါ်တဲ့ အညစ်အကြေးတွေလည်း ရှိနေခဲ့တယ်။
“ဒါက တကယ်ကို ငါ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲ”
ဒီအစားအသောက်တွေမှာ အဆိပ်တွေ ပါဝင်နေနိုင်တယ်ဆိုတာကို သိပေမယ့်လည်း သူက အများကြီး ဂရုမစိုက်နိုင်တော့ ပါဘူး။သူက အရမ်းဆာလောင် ၊ အရမ်းပင်ပန်းပြီး ၊ အားအင် ပြတ်လပ်နေခဲ့ပါပြီ။သူ့ရဲ့ ခန္တာကိုယ်ရော ၊ ဝိဥာဥ◌်ရောက နာကျင်နေခဲ့တယ်။သူက သူ့ရဲ့ ခံနိုင်ရည် အဆုံးသတ်မှာပါ။
သူ့ရဲ့ ဖန်ခွက်ကို ထပ်ဖြည့်လိုက်ပြီး ၊ ကင်ထားတဲ့ အသားအပိုင််းအစကို လက်နဲ့ ဆွဲယူလိုက်တယ်။သူက စားပွဲကနေခွာလိုက်ပြီး ခန်းမကြီးကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ပါတယ်။
“ဒီမှာ ဘယ်သူမှ မရှိဘူးမလား ၊ သူတော်စင်လေး “
အရိပ်ကတော့ သူ့နောက်ဖက်မှာ သတိနဲ့ လမ်းလျောက်နေပြီး သန်းခေါင်ယံအမြုတေကို အဆင်သင့် ပြင်ဆင်ထားခဲ့ပါတယ်။
သို့ပေမယ့် ဒီဓားကို အသုံးပြုစရာ ဘယ်အရာမှ မရှိပေ.။
ဆန်နီ မိနစ်အနည်းငယ်လောက် လျောက်ကြည့်ပြီးတဲ့ နောက်မှာတော့ ၊ အနက်ရောင်လည်သာမွှေးတွေနဲ့ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ အိပ်ယာကြီးတစ်ခုအနားမှာ ရပ်တန့်လိုက်တယ်။သူ့လက်ထဲက ဖန်ခွက်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ၊ ခနလောက်တွေဝေပြီး ကာမှ မွေ့ယာပေါ်ကို ဖက်တက်လိုက်တယ်။
‘..ငါ့အိပ်ယာပေါ်မှာ ဘယ်သူ အိပ်နေတာလဲ’
ဆန်နီက ရုပ်သေးဆရာရဲ့ဝတ်ရုံတော်ကို ရုပ်သိမ်းလိုက်ပြီး ၊ သူ့ရဲ့လေးလံနေတဲ့ ဦးခေါင်းကို နူးညံ့တဲ့ ခေါင်းအုံးပေါ်ကို တင်လိုက်တယ်။
သူက သူတော်စင်ကို စောင့်ကြပ်ထားဖို့ ညွှန်ကြားချင်ခဲ့ပေမယ့် ဒီလို မလိုအပ်တော့ပါဘူး။တိတ်ဆိတ်တဲ့ စစ်သည်တော်က ဒီလိုလုပ်နေပြီးပါပြီ။
ဆန်နီက တစ်ခြားတစ်ခုခု မတွေးတောနိုင်သေးခင်မှာပဲ ..လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် အတွင်း မောပမ်းမူတွေက သူ့ရဲ့ စိတ်ကို စိုးမိုးသွားခဲ့ပါတယ်။ဒါက သူ့ကို တောင့်မခံနိုင်လောက်အောင် ဖြစ်စေပြီး အမှောင်ထုရဲ့ ပွေ့ဖက်မူကို လွယ်လွယ်ကူကူ ပဲ ဝင်ရောက်သွားစေခဲ့တယ်။
မီးတောက်ကျောက် တာဝါကို တွေ့ရှိပြီးနောက်မှာ ဆန်နီ ပထမဆုံးလုပ်တဲ့ အရာက , အထဲကို ဝင်မယ့်နည်းလည်းကို ရှာဖွေပြီး ကြီးမားတဲ့ အိပ်ယာကြီးတစ်ခုရဲ့ အပေါ်မှာ အိပ်ပျော်သွားခဲ့တာပါ။
သူက ကောင်းမွန်စွာ အိပ်စက်နေခဲ့တယ်။