← Chapters

အကြင်နာကင်းမဲ့တဲ့ ဖျက်ဆီးသူ

Vol. 30 Ch. 446

အကြင်နာကင်းမဲ့တဲ့ ဖျက်ဆီးသူ

Vol. 30 Ch. 446

ဆန်နီက အချိန်အတော်ကြာတဲ့အထိ အိပ်စက်နေခဲ့ပြီး ပင်ပန်းနွမ်းနယ်မူတွေက သူ့ရဲ့ခန္တာကိုယ်ကနေ ဖြည်းညှင်းစွာထွက်သွားခဲ့ကြပါတယ်။အတော်ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့သိစိတ်က အိပ်စက်မူအနက်ရှိုင်းဆုံးအထဲကနေ နိုးထလာခဲ့ပြီး နာကျင်မူ နဲ့ ရေဆာမူကို ဖြစ်ပေါ်လာစေခဲ့တယ်။သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်ခြားတစ်ဖက်ကို လှည့်ကာ ပြန်အိပ်ဖို့လုပ်လိုက်ပါတယ်။နောက်ထပ်နာရီအနည်းငယ်ကြာအောင် ဟိုဖက်ဒီဖက် လှည့်နေပြီးနောက်မှာတော့ ဆန်နီက နောက်ဆုံးမှာ ကြမ်းပြင်ပေါ်ကို ပြုတ်ကျတဲ့အသံတစ်ခုနဲ့အတူ လန့်နိုးလာခဲ့ပါတယ်။

“..သူတော်စင်က ဘာတွေလုပ်နေတာလဲ “

သူက မျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်ပြီး ထထိုင်လိုက်တယ်။

ဆန်နီရဲ့အလေးချိန်က လှုပ်သွားခဲ့တာကြောင့် သူ့အောက်မှာရှိနေတဲ့ အိပ်ယာက ကျယ်လောင်တဲ့ အသံနဲ့ အတူကျိုးပဲ့သွားခဲ့ပါတယ်။သူက ကြမ်းပြင်ပေါ်ကို လှိမ့်ချလိုက်ပြီး အသံထွက်လာခဲ့တယ်။

“ ဟင် “

ဆန်နီဟာ မတ်တတ်ထရပ်လိုက်ပြီး ကျိုးပဲ့နေတဲ့ ကုတင်ကို ကြည့်ကာ ၊ ယင်းနောက် အမှောင်ထုထဲမှာရောက်နေတဲ့ မီးတောင်ကျောက်တာဝါရဲ့ ခန်းမကို ကြည့်လိုက်ပါတယ်။သူ့မျက်နှာပေါ်မှာ အံ့ဩတဲ့အမူအရာ တစ်ခုပေါ်လာခဲ့တယ်။

သူအိပ်ပျော်နေစဥ◌်အတွင်းမှာ သူဝင်လာခဲ့တဲ့ အခန်းကတော့ ဒရမ်မာဆန်ဆန်ပြောင်းလဲနေခဲ့ပါပြီ။ မှော်မီးအိမ်တွေကလည်း ငြိမ်းသေနေခဲ့ကာ ၊ အတွင်းမှာ ရှိနေတဲ့ အရာရာတိုင်းက ပျက်စီး ဟောင်းနွမ်းနေခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားမတတ်ဖြစ်နေခဲ့တယ်။

ကြီမားတဲ့ လက်နက်ကိရိယာတွေက ဖုန်တွေတက်နေခဲ့ပြီး ချွတ်ယွင်းချက်တွေရှိနေခဲ့တယ်။အလုပ်လုပ်တဲ့ စားပွဲကလည်း သူ့ရဲ့အလေးချိန်နဲ့သူ လဲပြိုကျနေခဲ့ပါပြီ။ဒီအသံကြောင့်ပဲ ဆန်နီက လန့်နိုးသွားခဲ့တာပါ။သူမနေ့က အားပါးတရစားသောက်ခဲ့တဲ့ အစားအစာတွေကလည်း ဖုန်တွေအဖြစ်ပြောင်းလဲနေခဲ့တယ်။ခန်းမကြီးရဲ့ လှပထည်ဝါမူက အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး အခုဆိုရင် အမှောင်ထု ၊ အပျက်အစီး နဲ့ ဖုန်မှုန့်တွေ သာ ကျန်နေခဲ့ပါတော့တယ်။

ဒါက သူအိပ်ပျော်နေတဲ့ အချိန်အတောအတွင်းမှာ နှစ်းပေါင်းများစွာ ကုန်ဆုံးသွားခဲ့သလိုပါပဲ။

အေးစက်တဲ့ခံစားချက်တစ်ခုက သူ့ရဲ့ရင်ဘတ်ထဲကို တိုးဝင်လာခဲ့တယ်။

‘ ငါ နှစ်တစ်ထောင်လောက် အိပ်စက်နေခဲ့တာလား ‘

ဒီလိုမျိုးမကြာခနဖြစ်တတ်တဲ့ နတ်သမီးပုံပြင်တွေကို သတ်ိရလိုက်မိတာကြောင့် ဆန်နီက ထိပ်လန့်သွားခဲ့တယ်။သိူ့ပေမယ့် သူ အခြေအနေတစ်ချို့ကို ပြန်တွေးမိလိုက်တာကြောင့် တည်ငြိမ်သွားခဲ့ပါတယ်။

မဟုတ်ဘူး..သူ ဒီလိုဖြစ်ခဲ့တာ မဟုတ်ဘူး။သူ့ရဲ့ အမြုတေထဲက အရိပ်အဆီအနှစ်တွေ လည်ပတ်ပုံကို ကြည့်ရသလောက်တော့ သူက ၂၄ နာရီလောက် အိပ်ါပျော်သွားခဲ့တာပါ။ဒါက များတယ်လို့ပြောလို့ရပေမယ့် နှစ်တစ်ထောင်လောက်နဲ့တော့ နီးစပ်မူမရှိပါဘူး။သူ့ရဲ့အနားမှာ စောင့်ကြပ်ပေးနေခဲ့တဲ့ သူတော်စင်ကလည်း ဆယ်စူနှစ်တွေကြာအောင် စောင့်နေခဲ့ရတဲ့ ပုံ မပေါ်ခဲ့ပေ။

အဲဒီအစား စေတီကိုယ်တိုင်ကကို အိုဟောင်းသွားခဲ့တာပါ။ဒါက နှစ်ထောင်ပေါင်းများစွာကြာတဲ့ အချိန်ရဲ့ တိုက်စားမူတွေကို ထိမ်းသိမ်းပေးထားတဲ့ မမြင်ရတဲ့ စည်းတစ်ခုက ကျိုးပျက်သွားခဲ့တဲ့ ပုံပါပဲ။နောက်ဆုံးတော့ အချိန်က ဒီအရာကြီးကို လိုက်မှီသွားခဲ့ပါပြီ။

ဘာပဲဖြစ်ဖြစ် အချိန်က အကြင်နာကင်းမဲ့တဲ့ ဖျက်ဆီးသူ တစ်ယောက်ပါ။

‘ချီးပဲ ..ငါမနေ့က များများစားထားလိုက်သင့်တာ ။အများ..အများကြီး ‘

အရသာရှိတဲ့ အစားအသောက်တွေ အကုန်လုံး အခုတော့ ဖြုန်းတီးမူတစ်ခု ဖြစ်သွားခဲ့ပါပြီ။

ဆန်နီ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ လက်ရှိအခြေအနေကို ဆန်းစစ်လိုက်တယ်။

သူ့ဒဏ်ရာတွေက အရင်နေ့ကထက် ပိုပြီးကောင်းမွန်နေခဲ့ပါတယ်။မီးလောင်ဒဏ်ရာတွေက နာကျင်နေတုန်းဖြစ်ပေမယ့် တိုက်ပွဲအတွင်းမှာ နှေးကွေးမူမရှိအောင် သည်းခံနေလောက်တဲ့ အနေအထားမှာ ရှိပါတယ်။နောက်ထပ်ရက်အနည်းငယ်လောက် ထပ်ပြီး အနားယူလိုက်မယ်ဆိုရင် သူက ခွန်အားအပြည့် ပြန်ဖြစ်သွားတော့ မှာပါ။

သူက အတော်လေးကို ဆာလောင်နေခဲ့တယ်။

သို့ပေမယ့် ဒါက စောင့်ဆိုင်းရပါဥ◌ီးမယ်။

ဆန်နီဟာ လအမြုတေကို ထုတ်ဖော်လိုက်ပြီး ၊ သူတော်စင်ကို နောက်ကနေ လိုက်ခဲ့ဖို့ အမိန့်ပေးကာ မီးတောင်ကျောက် တာဝါကို စူးစမ်းကြည့်ဖို့ ထွက်သွားပါတော့တယ်။

……

ရှေးဟောင်းစေတီရဲ့ ပထမအထပ်ကို အပြည့်အဝ စူးစမ်းရှာဖွေဖော်ထုတ်ဖို့ အတွက် ဆန်နီဟာ တစ်နာရီလောက် အချိန်ယူလိုက်ရတယ်။အပြင်ဖက်ကော်ရစ်ဒါမှာ ရှိနေတဲ့ တံခါးအချို့က လဲပြိုကျကာ၊ ဖုန်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။တစ်ချို့ကတော့ အကောင်းအတိုင်းရှိနေခဲ့ပြီး ဒီတံခါးတွေကို ဖွင့်ဖို့အတွက် သူ့ရဲ့အရိပ်အဆီအနှစ် အနည်းငယ်ကို အသုံးပြုခဲ့ရပါတယ်။

တံခါးတွေရဲ့ နောက်ဖက်မှာတော့ အခန်းတွေမျိုးစုံ ရှိနေခဲ့တယ်။အများစုက ဘာမှရှိမနေတော့ပဲ ,အခန်းပိုင်ရှင်တွေက အစောကတည်းက သူတို့အတွက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူသွားပြီး ထွက်သွားကြပြီ ဆိုတာကို ပြသနေခဲ့ပါတယ်။အချို့အခန်းတွေကတော့ အပျက်အစီးတွေ ဖုန်မှုန့်တွေ ရှိနေခဲ့တယ်။အချိန်ရဲ့တိုက်စားမူက ခန့်မှန်းဖို့အတွက်တောင် အရမ်းကို ပြင်းထန်လွန်းတာကြောင့် ဒီပစ္စည်းတွေက ဘာပစ္စည်းတွေ ဖြစ်နိုင်မလဲဆိုတာကို စဥ◌်းစားနေရင်း ဆန်နီအတွက် အချိန်အတော်ကြာအောင် ကုန်ဆုံးသွားခဲ့တယ်။

‘ တကယ် ရှက်စရာပဲ ‘

ဆန်နီဟာ စိတ်ပျက်မူကို ခံစားရင်း တာဝါရဲ့ နောက်ထပ်အလွှာတွေကို ရွေ့လျားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။သူက သူ့ကို ဒီနေရာဆီကို ဆွဲဆောင်ခဲ့တဲ့ ပစ္စည်းကို ရှာဖွေရပါဦးမယ်။အလားတူစွာပဲ ချိန်းကျွန်းစု ဒါမှမဟုတ် အစစ်အမှန်် ကမ္ဘာကို ပြန်မယ့်နည်းလမ်းကို တွေ့ရှိဖို့ မျှော်လင့်နေခဲ့မိပါတယ်။

ဒီကျွန်းပေါ်မှာပဲ ထာဝရ ပိတ်မိနေမယ်ဆိုတဲ့ အဖြစ်က သိပ်တော့ မကောင်းမွန်လှပါဘူး။

အထူးသဖြင့် ဒီပတ်ဝန်းကျင်မှာ အစာရေစာနဲ့ ပတ်သက်တာ ဘာမှရှိမနေခဲ့ပေ။

ပထမအလွှာမှာ ဘာမှစိတ်ဝင်စားဖို့ မကောင်းတာကြောင့် ဆန်နီက နောက်တစ်ဆင့်ကို တက်ဖို့ဆုံးဖြတ်လိုက်တယ်။

အပြင်ဖက်ကနေ ကြည့်မယ်ဆိုရင် ဒီတာဝါက ခြောက်လွှာပဲ ရှိနေတာက သူ့ကို အံ့ဩသင့်စေခဲ့ပါတယ်။သူက ဒါကို ခုနှစ်ထပ်ရှိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။သို့ပေမယ့် အပေါ်ကိုတက်တဲ့ လှေကားနဲ့ အောက်ကိုဆင်းတဲ့ လှေကားကို တစ်ချိန်တည်းတွေ့လိုက်ရတဲ့ အချိန်မှာ သူ့စိတ်ထဲမှာ ရှိနေတဲ့ ပဟေဠိအသေးလေးကို နားလည်သွားခဲ့တယ်။

အခိုက်အတန့် ၊ အိပ်မက်ကမ္ဘာနဲ့ ဆက်နွယ်နေတဲ့ အရာရာတိုင်းက နံပါတ်ခုနစ်နဲ့ ချည်နှောင်ထားခဲ့တာပါ။ခြောက်ယောက်ထဲရှိတဲ့ နတ်ဘုရားတွေကတော့ ဒီထဲမှာ မပါဝင်ပါဘူး။

‘ဒါကြောင့် သူတို့ကို နတ်ဘုရားတွေလို့ ခေါ်ကြတာဖြစ်မယ်။ဘယ်ဥပဒေသကမှ သူတို့ကို ချုပ်နှောင်နိုင်စွမ်း မရှိကြဘူး။ဒီကို ခုနစ်ခုနဲ့သက်ဆိုင်နေတဲ့ ထုးဆန်းတဲ့ ဥပဒေတွေကတောင် သူတို့ကို မထိန်းချုပ်နိုင်ဘူး ‘

ဆန်နီ အပေါ်ကြည့်လိုက် အောက်ကို ကြည့်လိုက်လုပ်နေရင်းကမှ ၊ မြေအောက်ိထပ်ကို အရင်ဥ◌ီးဆုံး စူးစမ်းကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

သူတော်စင်ကို ရှေ့ကနေ အရင်သွားခိုင်းပြီး သူက လှေကားကနေတဆင့် အမှောင်ကျွန်းရဲ့ မြေအောက်ခန်းကို ဆင်းသက်လိုက်ပါတယ်။

မြေညီထပ်နဲ့ မတူတာက ၊ မီးတောင်ကျောက်တာဝါရဲ့ မြေအောက်ထပ်က လုံးဝကို ဟောခန်းကြီး တစ်ခုလို ဖြစ်နေခဲ့တယ််။

ပြီးတော့ အဲဒီအထဲမှာ ..

ဆန်နီ လန့်ဖြန့်သွားခဲ့ပါတယ်။

တစ်စက္ကန့်လောက် ရာနဲ့ချီတဲ့ အလောင်းကောင်တွေက ခန်းမကြီးရဲ့ အလယ်မှာ တောင်ကုန်းတစ်ခုလိုတောင် ဖြစ်နေခဲ့တယ်လို့ ထင်မိလိုက်တာပါ။သို့ပေမယ့် ဆန်နီ နောက်ကို ခြေတစ်လှမ်းဆုတ်ကာ သန်းခေါင်ယံ အမြုတေကို မြောက်လိုက်တဲ့ အချိန်မှာ သူမှားယွင်းသွားခဲ့တယ် ဆိုတာကို နားလည်သွားခဲ့တယ်။

ခန်းမရဲ့ အလယ်မှာရှိနေတဲ့ ခန္တာကိုယ် အပုံလိုက်ကြီးက လူတွေရဲ့ အလောင်းတေွ မဟုတ်ပါဘူး။အဲဒီအစား ဒီအရာတွေက အရုပ်တွေပါ။

ရာနဲ့ချီတဲ့ ကျိုးပဲ့နေတဲ့ အရုပ်တွေက လူပုံစံအရွယ်အစားလောက် ရှိပြီး မြေအောက်အခန်းထဲမှာ ရှိနေခဲ့ကြတယ်။သူတို့ရဲ့ ခန္တာကိုယ်တွေက ကွဲကြေ ၊ ကျိုးပဲ့နေခဲ့ပြီး စွန့်ပစ်ခံထားရတဲ့ အရုပ်တွေလို လဲလျောင်းနေခဲ့ကြပါတယ်။တစ်ချို့က ခြေလက်တွေ ပျောက်ဆုံးနေခဲ့ပြီး တစ်ချို့က ခန္တာကိုယ်မှာ အပေါက်ကြီး တွေဖြစ်နေခဲ့ကြတယ်။တစ်ချို့ကတော့ အစောကတည်းက အပိုင်းပိုင်းအစစ ဖြစ်နေခဲ့ကြပြီး သူတို့ရဲ့ မျက်နှာကိုတောင် မတွေ့နိုင်တော့ပါဘူး။

သိူ့ပေမယ့် ဒီမျက်နှာတွေက ကျန်ရှိနေဆဲပါ။

ကျိုပဲ့နေတဲ့ အရုပ်တွေအား လုံးက တူညီတဲ့ မျက်နှာတွေရှိတာ ဒါမှမဟုတ် ဆင်တူတဲ့ မျက်နှာ တွေရှိနေခဲ့ကြတယ်။ဒါက မူလအော်ရဂျင်နယ် မျက်နှာကို ပြီးပြည့်စုံမူမရှိစွာ ကူးယူထားခဲ့တဲ့ အတိုင်းပါပဲ။

သူတို့က တူညီတဲ့ အပြစ်ကင်းစင်မူတွေရှိကြပြီး သူတော်စင်လိုမျိုး လူသားမဆန်တဲ့ အလှတရားကို ပိုင်ဆိုင်ထားခဲ့ကြပါတယ်။ဒီမျက်နှာတွေရဲ့ နောက်မှာရှိနေတဲ့ ပန်းပုလက်ရာက အတော်လေးကို မကောင်းမွန်တာကြောင့် ၊ ပြုလုပ်သူက ဒီအရာတွေကို ဖန်တီးတဲ့ အချိန်မှာ ကျွမ်းကျင်မူ မရှိသေးဘူးဆိုတာကို ပြသနေခဲ့ပါတယ်။

သူတို့အားလုံးက သူတော်စင်ရဲ့ ဆွေမျိုုးတွေနဲ့တောင် တူနေခဲ့တယ်.။

မီးတောက်ကျောက် တာဝါကို အရင်က မြေအောက်ကမ္ဘာရဲ့ နတ်ဆိုးတစ်ချို့က ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို ဆန်နီ သံသယဖြစ်ခဲ့မယ်ဆိုရင် အခုက အဲဒီသံသယတွေ မရှိတော့ပါဘူး။အမည်မသိရဲ့နောက်ဆူံးသားတော်က ဒီနေရာမှာ အချိန်တစ်ချို့ကုန်ဆုံးခဲ့တယ် ဆိုတာကို သူသေချာသွားခဲ့ပါပြီ။ဆန်နီတောင် မခန့်မှန်းနိုင်လောက်တဲ့ ဆန်းကြယ်တဲ့ ရည်ရွယ်ချက်တစ်ချို့ကြောင့် သူက အနက်ရောင်စေတီကို တည်ထားခဲ့တာများ ဖြစ်နိုင်မလား။

သို့ပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကို တစ်ခုခုက ဆွဲဆောင်သွားခဲ့တယ်။

ကျယ်ပြန့်တဲ့ ခန်းမကြီးရဲ့ ကြမ်းပြင်က ထူထဲတဲ့ ဖုန်မှုန့်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး နှစ်ပေါင်းတစ်ထောင်လောက် ဘယ်အရာကမှ နှောက်ယှက်မူ မရှိသင့်ပါဘူး။

…သို့ပေမယ့် အဲဒီနေရာမှာတော့..

အလျင်အမြန်ရွေ့ရှားပုံရတဲ့ ခြေရာတစ်စုံက ဆန်နီရပ်နေတဲ့ လှေကားတွေရဲ့ ခြေရင်းကနေ အရုပ်ပုံကြီးဆီကို ဦးတည်သွားခဲ့ကာ ..ဒီအရာကို ပတ်ပြီး ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတယ်။

ဆန်နီ ဒါကို အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီး အံ့ဩသင့်သွားခဲ့တယ်။

“တစ်ယောက်ယောက် ..တစ်ယောက်ယောက်က ငါ့ထက်အရင် မီးတောက်ကျောက် တာဝါထဲကို ဝင်လာခဲ့တယ်”

All Chapters