မွေးရာပါ အကြောက်တရား
Vol. 30 Ch. 447
ဆန်နီက ခြေရာတွေကို အတော်ကြာအောင် စိုက်ကြည့်ပြီးမှ မျက်မှောင်ကျုတ်လိုက်တယ်။
' ဒါက ဘယ်လိုလုပ် အဓိပ္ပါယ်ရှိနိုင်မှာလဲ..'
သူ ဂိတ်ပေါက်ဝကို မဖွင့်ခင်အထိ ၊ မီးတောင်ကျောက်တာဝါ က စည်းပိတ်ထားခဲ့တာပါ။သူ ဒီလိုလုပ်ပြီးတဲ့ အချိန်မှာတော့..အထဲမှာထိန်းသိမ်းထားခဲ့တဲ့ မှော်စွမ်းအင်တွေက ပျက်ပြယ်သွားခဲ့တယ်။ဒါက ဒီတံခါးတွေကို နှစ်ထောင်ပေါင်းများစွာကြာအောင် ဘယ်သူကမှ မဖွင့်ထားခဲ့ဘူးလို့ ဆိုလိုတာပါ။
အစကတည်းက စေတီထဲကို ရောက်လာဖို့ဆိုတာက လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပေ။အောက်ဘက်ကောင်းကင်ကို ဖြတ်သန်းပြီး..နတ်ဘုရားမီးတောက် ပင်လယ်ကြီးထဲက သေးငယ်တဲ့အက်ကွဲကြောင်းကို ရှာတွေ့ဖိူ့ဆိုတာက ပြောစရာတောင် မလိုတော့ပါဘူး။ပြီးတော့ ဂိတ်ပေါက်ကလည်း သူ့ရဲ့မျက်နှာပြင်အောက်ဘက်က စိန်ကြိုးတွေဆီကို အဆီအနှစ်လောင်းထည့်ပေးမှ ဖွင့်နိုင်တာပါ။
ဆန်နီက ဒီရက်လုပ်မူတွေကို မြင်နိုင်ပြီး အနည်းငယ်နားလည်နိုင်တယ်ဆိုတာက..သူ့ရဲ့မျက်လုံးတွေက ဝီဗာရဲ့သွေးကနေ ပြောင်းလဲထားခဲ့တာမို့လို့ပါပဲ။ဒီလိုတူညီတဲ့စွမ်းရည်နဲ့ တစ်ခြားနိုးထသူတွေလည်း ရှိနေနိုင်သေးပေမယ့် ဒါက အတော် အတော်လေးကို နည်းပါးမှာပါ။သူတို့က ကြယ်ပင်လယ်ကြီးကို ဖြတ်သန်းပြီး အဆုံးမရှိတဲ့လေဟာနယ်ထဲမှာ ပုန်းအောင်းနေတဲ့ ကျွန်းကို ရှာတွေ့ဖို့အတွက် အခွင့်အရေး ဘယ်လောက်အထိ ရှိနိုင်ကြမလဲ။
ပြီးတော့ သူတို့က စည်းတံဆိပ်ကို မဖွင့်ပဲနဲ့ စေတီထဲကို ဘယ်လိုလုပ် ဝင်နိုင်ကြမှာလဲ။
'မီးတောကိကျောက် တာဝါထဲကို ဘယ်သူက မမြင်ရပဲ ခိုးဝင်နိုင်မှာလဲ။ပြီးတော့ ဘယ်အချိန်မှာလဲ။
အဲတာကလည်း ဒီနေ့မတိုင်ခင်မှာ ဖြစ်နေရဦးမှာပါ။သူတော်စင်က သူ့ကိုမနှိုးပဲ တစ်စုံတစ်ယောက်ကို ဝင်လာခွင့်ပြုမှာမဟုတ်တာကိုတော့ သူ သေချာသိနေခဲ့ပါတယ်။သူအိပ်နေတဲ့ အချိန်မှာတောင် သူ့ရဲ့အရိပ်တွေက သတိအပြည့်နဲ့စောင့်နေကြပါလိမ့်မယ်။
ဒီတော့..ဒါက တာဝါရဲ့ ပိုင်ရှင်စွန့်ပစ်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ အကြာလောက်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
အခုတော့ သူ့မှာ အဖြေမရှိပေ။
အနည်းငယ်နားလည် သွားတဲ့ ဆန်နီက ပျက်ဆီးနေတဲ့ အရုပ်ပုံကြီးနားကို ကပ်ပြီး..အတော်ကြာအောင် လေ့လာနေခဲ့တယိ။သူတော်စင်ကလည်း အနားကို ရောက်လာခဲ့ပြီး တိတ်တဆိတ်စိုက်ကြည့်နေခဲ့ပါတယ်။ယင်းနောက် သူမက တစ်ကောင်ကို သန်းခေါင်ယံ အမြုတေရဲ့ ထိပ်ဖျားနဲ့ထိုးကြည့်လိုက်ပြီး ထပ်မံစိတ်မဝင်စားတော့တဲ့အလား..တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်။
' သူမက သူမထက်နိမ့်ကျတဲ့ ဖန်တီးမူတွေကို သိပ်ပြီး ဂရုမစိုက်ဘူးလို့ ထင်တာပဲ..'
သူတော်စင်က သူမလိုဖန်တီးမူတွေကို တွေ့တဲ့အချိန်တိုင်းမှာ အထင်သေးမူတွေနဲ့ ဆက်ဆံလေ့ရှိပါတယ်။ဒါက အနက်ရောင်စစ်သည် နဲ့ မေ့ပျောက်ကုန်းမြေက လမ်းသွားနေတဲ့ သတ္တဝါကြီးနဲ့ တွေ့တဲ့အချိန်မှာတောင် အတူတူပါပဲ။ကျောက်တုံးသတ္တဝါကြီးနဲ့တွေ့တဲ့ အချိန်မှာ အရိပ်က ဘယ်လောက်အထိ အထင်သေးနေလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်းမြင်တွေ့နေခဲ့ရပါတယ်။
ကျိုးပဲ့နေတဲ့ အရုပ်တွေဆီကနေ လှည့်ထွက်သွားခဲ့ပြီး ဆန်နီက ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်မှာ အခန်းရဲ့ နံရံတွေက..ကြီးမားတဲ့ဖန်သားတွေနဲ့ တည်ဆောက်ထားပေတယ်။တစ်ချို့က အကောင်းအတိုင်းရှိပြီး ၊ တစ်ချို့က ပျက်ဆီးကာ ၊ တစ်ချို့က ဘာမှမရှိတော့ပါဘူး။
'ထူးဆန်းတယ်..'
မြေအောက်ခန်းမှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အရာ မရှိတော့တာကြောငိ့ သူက သူ စတင်လာခဲ့တဲ့နေရာကို ပြန်တက်သွားလိုက်ပြီး..ခနလောက်အနားယူကာ..၊ အဆုံးမရှိတဲ့စမ်းချာငိးထဲကရေတွေကို သောက်ပြီး ဆာလောင်မူကို ဖိနိပ်ဖို့ကြိုးစားလိုက်တယ်။
'ဒီနေရာက အတော်လေး ..ကြောက်ဖို့ကောင်းတာပဲ '
ဒါက အမှန်တကယ်ပါ။အဆုံးမရှိတဲ့ လေဟာနယ်ရဲ့အစွန်းမှာရှိနေတဲ့ အနက်ရောင်တာဝါကြီးက ဘာမှမရှိကာ စွန့်ပစ်ခံထားရတယ်။သူ့ရဲ့ အတွင်းပိုင်းမှာရှိတဲ့အရာရာတိုင်းကတော့..လူသားမဟုတ်တဲ့ ဦးနှောက်နဲ့ ဖန်တီးထားခဲ့ပါတယ်။ဒီနေရာက ကြိုဆိုလို့ကောင်းမွန်တဲ့နေရာတစ်ခုမဟုတ်ပေ။အနည်းဆုံးတော့ လူသားတွေအတွက် မဟုတ်ပါဘူး။ဆန်နီက သူ့ပတ်လည်ဝန်းကျင်က ရှေးဟောင်းနံရံကိုကြည့်လိုက်ပြီး..အတိတ်တုန်းက လျိုဝှက်ချက်တွေကိူ သိချင်သွားခဲ့ပါ။
အတော်ကြာပြီးနောက်မှာတော့ သူမတ်တတ်ထရပ်လိုက်ပြီး..ကြီးမြတ်တဲ့ စေတီရဲ့ ဒုတိယထပ်ကိုသိချင်စွာ တက်သွားခဲ့တယ်။
ဆန်နီ ခြေလှမ်းလိုက်တာနဲ့ တစ်စုံတစ်ခုက ဒီနေရာမှာ အတော်မှားယွငိး နေပြီဆိုတာ ခံစားလိုက်ရပါတယိ။
နက်ရှိုင်းတဲ့ခံစားမူ ၊ သိမ်မွေ့မူ ၊ နဲ့ သူ သဘောကျလို့ခေါ်လာခဲ့တဲ့ အရာတွေက တွေ့ဆုံချိန်မှာတောင် ဒီလိုခံစားမူကို မရခဲ့ပါဘူး။ဒါက မေ့ပျောက်ကုန်းမြေမှာ လမ်းလျောက်နေတဲ့ကျောက်တုံးကြီးက..ရေအောက်ထဲက သတ္တဝါရဲ့ မျက်လုံးသုံးလုံးကို ဖောက်ယူတုန်းကလည်း ဒီလိုခံစားချက်မျိုးပါပဲ။
သို့ပေမယ့်ဒီနေရာမှာတော့ ဒီခံစားချက်က လိုအပ်ဆန္ဒတွေ ပိုများနေခဲ့တယိ။ဖျက်ဆီးမယ့် စွမ်းအားလည်း ပိုများနေပါသေးတယ်။
'ဘာလဲ..အဲတာက ဘာလဲ..'
မြေအောက်ထပ်လိုပဲ ဒီတစ်ခုကလည်း ကြီးမားတဲ့ ဟောခန်းကြီးတစ်ခုတည်းရှိနေခဲ့တယ်။အနက်ရောင်နံရံတွေက အတော်လေးကိုမြင့်မားကြီး ကြီးမားပြီး ၊ စိုထိုင်းတဲ့ လေထုကို ဖန်တီးပေးထားခဲ့ပါတယ်။သူ့ရဲ့အလယ် ၊ မီးတောင်ကျောက်ကြမ်းပြင်မှာတော့ ကြီးမတဲ့ ငွေရောင် မီးလင်းဖိုကြီးတစ်ခု ရှိနေခဲ့တယ်။ပြီးတော့ အဲဒီအထဲမှာ..
ဆနိနီ တုန်လှုပ်သွားပြီး နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။
မီးဖိုထဲကနေ တစ်ခုခုက ကြီးထွားလာခဲ့ပြီး အပြင်ဘက်က်ို နွယ်ပင်တွေလိုပဲ ပျံ့နှံ့လာနေခဲ့ပါတယ်။ဒါက ရှေးဟောင်းတာဝါကြီးရဲ့ ကျောက်တုံးတွေကိုပါ ကူးစက်နေခဲ့ပြီး..တရွရွဖြစ်နေတဲ့ အနက်ရောင် ရွံ့စရာ အသွေးအသားတွေဖြစ်လာစေခဲ့တာပါ။ငွေရောင်မီးလင်းဖိုကြီးကိုယ်တိုင်ကလည်း သူ့ရဲ့ ကူးစက်မူကို ခံစားနေခဲ့ရပြီး..ငွေရောင်သတ္တုက သူ့ရဲ့တစိတ်တပိုင်းဖြစ်လာနေခဲ့တယ်။ကြည့်ရတာတော့ ဒီအရာရဲ့ကြီးထွားလာမူကို ထိလိုက်တာနဲ့ အရာရာတိုင်းက..စုပ်ယူခြင်းခံရပြီး ပြောင်းလဲသွားမယ့် ပုံစံပါပဲ။တကယ်လို့ အခွင့်အရေးသာ ရမယ်ဆိုရင် ဒီအရာက ကမ္ဘာကြီးတစ်ခုလုံးကို စုပ်ယူသွားတော့မှာပါ။
ရှေးဟောင်း မီးလင်းဖိုကနေ ဖြည်းဖြည်းချင်းပျံ့နှံ့နေတဲ့အရာက စစ်မှန်တဲ့ နတ်ဆိုး လိုပါပဲ။
ဆန်နီ တုန်ရီသွားခဲ့ပြီး သူတော်စင်ကို အနောက်ကို ဆုတ်နေဖို့အမိန့်ပေးကာ..သူ့ရဲ့အကြည့်ကို အနည်းငယ်လွှဲလိုက်တယ်။သူက ပျံ့နှံ့နေတဲ့ အနက်ရောင် အသွေးအသားတွေကို ဖြတ်ပြီး ဒီပျံ့နှံ့နေတဲ့အရာရဲ့ အရင်းအမြစ်ကိုကြည့်လိုက်တယ်။
ငွေရောင်မီးလင်းဖိုရဲ့ အလယ်မှာတော့ တစ်ချိန်တုန်းက မီးတောက်တွေ ဒေါသတကြီးလောင်ကျွမ်းထားခြင်းခံရတဲ့ ..လူသားတစ်ယောကိရဲ့ လက်မောင်းရှိနေခဲ့တယ်။ကောင်းပြီလေ..အနည်းဆုံးတော့ ဒါက လူသားတစ်ယောက်နဲ့ ဆင်တူတာပဲ။
လက်မောင်းက ပုံမှန်အနေအထားထက် ပိုရှည်နေခဲ့ပြီး..သူ့မှာရှိနေတဲ့ လက်ချောင်းခုနှစ်ချောင်းမှာ လက်သည်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ဒီပုတ်သိုးဆွေးမြေ့မူတွေက..လက်မှာရှိနေတဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကနေ ၊ အရည်တွေဖြစ်သွားပြီး ၊ ပိန်လှီတဲ့အသားတွေဖြစ်သွားကာ..ပတ်ဝန်းကျင်က အရာရာတိုင်းဆီကို ပျံ့နှံ့နေပုံရပါတယ်။
လက်မောင်းရဲ့လက်ရှိအခြေအနေက ဆိုးဝါးနေပေမယ့် သူ့ရဲ့လက်မောင်းကနေ ဖြတ်တောက်ထားတဲ့နေရာက သန့်ရှင်းပြီး ၊ ပြီးပြည့်စုံအောင် ညီညာနေခဲ့တယ်။ဒါက လေးလံပြီး တုန့်ဆိုင်းမူမရှိတဲ့ဓားနဲ့ တိတိကျကျ ဖြတ်တောက်ထားတဲ့ အတိုင်းပါပဲ။
သို့ပေမယ့် ဆန်နီကတော့..တစ်ခုခုကို ပိုပြီးအာရုံရောက်နေခဲ့တယ်။
သူဒါကို သတိထားမိတဲ့အချိန်မှာ မျက်မှောင်ကျုတ်ထားမိခဲ့ပါတယ်။
သူ့ရဲ့ စိတ်မျက်လုံးထဲမှာတော့ ရွံ့စရာလက်မောင်းက မျက်စိကျိန်းလောက်အောင် တောက်ပပြီး ၊ လွှမ်းမိုးနိုင်လောက်အောင် လှပတဲ့ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေခဲ့တယ်။
ဒါက နတ်ဘုရားအလင်းရောင် တွေနဲ့ ပြည့်လျှံနေခဲ့ပါတယ်။
ဆန်နီ ရဲ့ခေါင်းထဲကို ကြောက်မက်ဖွယ် အတွေးတစ်ခု ဝင်လာခဲ့တယ်။
'ဒါ..ဒါက ဖြစ်နိုင်လ်ို့လား..'
သူ့ရှေ့မှာရှိနေတဲ့..ရွံ့စရာဆွေးမြေ့မူတွေ ဖြစ်ပေါ်နေတဲ့အရာက..နတ်ဘုရား တစ်ပါးရဲ့ လက်မောင်းပါ။
...ဒါကပဲ ..ကံတရားက သူ့ကို ဒီပျောက်ဆုံးပြီး ၊ မေ့ပျောက်ခြင်းခံထားရတဲ့ ချောက်နက်ထဲကို ခေါ်ဆောင်လာခဲ့ရတဲ့ အကြောင်းပြချက်ဖြစ်နိုင်ပါတယ်။