ရွှေရောင် အပ်
Vol. 30 Ch. 448
ဆန်နီက အမည်မသိတဲ့နတ်ဘုရားရဲ့ လက်မောင်းကိုကြည့်ပြီး..အဆွေးအမြေ့တွေ ပျံ့နှံ့နေတာကို ထပ်ကြည့်လိုက်တယ်။ယင်းနောက် သူ့ရဲ့ မျက်နှာကို ပင်ပန်းစွာ ပွတ်သပ်လိုက်ပါတယ်။
'ဘာလို့ အရာရာတိုင်းက မလွယ်ကူနိုင်ရတာလဲ '
သူ့ရဲ့ကံတရားက ဒီအရာနဲဆက်စပ်နေတယ်ဆိုတာ သေချာတာကြောင့်..သူက ဒီအနားကိုသွားရတော့မယ်လို့ ဆိုလိုတာပါ။သို့ပေမယ့်..ဆန်းနီ အဆွေးအမြေ့တွေ အနားကိုသွားဖို့အတွက်ဆိုရင် စကြဝဌာထဲက ဆုလာဒ်တွေအားလုံးပေါင်းမယ်ဆိုရင်တောင် လုံလောက်မှာမဟုတ်ပါဘူး။ဒီကူးစက်နေတဲ့အရာကို ထိဖို့ဆိုရင် ပြောမနေတော့ပေ။
ဒီအရာက သူ ကိုင်တွယ်နိုင်တဲ့ အဆင့်ထက် အများကြီး အများကြီး သာလွန်နေတယ်လို့ ခံစားနေခဲ့ရတယ်။
တကယ်တော့..နတ်ဘုရားတစ်ပါးက..ပျံ့နှံ့ပြီး ပြင်းထန်စွာ တိုက်စားလာမူ တွေကို တောင့်မခံနိုင်တော့လို့ ၊ သူ့ရဲ့ ကိုယ်ပိုင်လက်မောင်းကို ဖြတ်တောက်ပစ်လိုက်ရတဲ့ ပုံပါပဲ။
ဒါဆို ဆန်နီက ဘာဆက်လုပ်ရမှာလဲ။
ကောငိးပြီလေ...
သူက ဆွေးမြေ့မူတွေကို ဖြစ်နိုင်သမျှ အတော်ကြာအောင် လေ့လာပြီး..ထူးဆန်းတဲ့ အဖြေတစ်ခု ဒါမှမဟုတ် ထူးဆန်းတဲ့ မေးခွန်းတစ်ခုကို ရလာခဲ့တယ်။
တကယ်လို့ တိုက်စားမူတွေက အရမ်းဆိုးဝါးတယ်ဆိုရင်..ဘာလို့ တာဝါကြီးတစ်ခုလုံးကို..မပျံ့နှံ့သေးတာလဲ။ဘာလို့ သူက စေတီရဲ့ ဒုတိယအဆင့်က ငွေရောင်မီးပြင်းဖိုကနေ အနည်းငယ်လောက်ပဲ..ပျံ့နှံ့နေရတာလဲ။
''ဒါကို ထားလိုက်။ဒီအရာက ဘာပဲဖြစ်ဖြစ်.. ဘာလို့ ကျွန်းတစ်ခုလုံးက ပုပ်နေတဲ့ အနက်ရောင် အရာကြီးတစ်ခု အဖြစ် မပြောင်းလဲသွားခဲ့တာလဲ...'
အဖြေကတော့ ခန့်မှန်းရမခက်ခဲပါဘူး။ဘာလို့လဲဆိုတော့..ဆွေးမြေ့မူတွေကလည်း..တာဝါထဲက တစ်ခြားအရာတွေလိုပဲ..နှစိထောင်ပေါင်းများစွာကြာအောင် အချိန်ရဲ့တိုက်စားခြင်းမခံရအောင် စည်းတံဆိပ်ပိတ်ခြင်း ခံထားရတာပါ။
အခုတော့ ဆန်နီက ဒီချိတ်ပိတ်မူကို ဖျက်ဆီးလိုက်ပြီ..
ငွေရောင် နှလုံးသားက ပျံ့နှံ့လာတဲ့ ဆွေးမြေ့မူတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာနေတာကို သူ မျက်မှောင်ကျုတ်ပြီး ကြည့်နေခဲ့တယ်။
အခုတော့ ဖြစ်နိုင်ချေနှစ်ခုပဲ ရှိပါတော့တယ်။အချိန်က ဒီဝါးမြိုနေမူကို လိုက်မှီသွားတော့မှာဖြစ်ပြီး..အရာရာတိုင်းကို ဖြည်းညှင်းစွာ ဝါးမြို သွားတော့မှာပါ။ဒါမှမဟုတ်..ဆာလောင်ပြီး သေဆုံးသွားမှာလား။
ဒီအရာက အေးစက်တဲ့ကျောက်တုံးကိုပဲ စားပြီး နှစ်ပေါင်းထောင်နဲ့ချီအောင် နေနိုင်မှာလား..။ဒါက အသွေးအသားတွေ ၊ ဝိဥာဥ်တွေကို စားသုံးဖို့ လိုအပ်သေးလား..။ဒါမှမဟုတ် တစ်ခြားတစ်ခုခု လိုတာလား။
'ငါ မကြာခငိ သိရတော့မယ်လို့ ထင်တာပဲ..'
ထိပ်လန့်စရာ ဆွေးမြေ့မူတွေကို သေချာစိုက်ကြည့်နေရင်း..ဆန်နီက သူ့ရဲ့ကြောက်လန့်မူကို ထိနိးချုပ်ကာ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်။
ဆွေးမြေ့မူက ပျံ့နှံ့နေပုံတော့ မရဘူး။အနည်းဆုံးတော့ အခုထိပေါ့..။
ဘာပဲဖြစိဖြစ်..သူက ဒီအနီးအနားကို ကပ်သွားမှာတော့ မဟုတ်ပေ။ပြီးတော့ အဆိုးဆုံးအခြေအနေတွေ ဖြစ်လာတဲ့ အချိန်ကြရင်..သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ဘာမှမရှိဘူးဆိုတာ သိနေပါသေးတယ်။ဒီအရာက ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး မီးတောင်ကျောက် တာဝါ ကနေ တဆင့် ကျွန်းတစ်ခုလုံးကို ပျံ့နှံ့သွားမယ်ဆိုရင်..ရိုးရှင်းစွာပဲ ဆန်နီက သေဆုံးရမှာပါ။ဒီအရာရဲ့ တစ်စိတ်တစ်ပိုင်းမဖြစ်လာဖို့ဆိုရင် ကျွန်းပေါ်ကနေ ထွက်ပြေးရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အောက်ဘက်ကောင်းကင်မှာ အောက်ကို ထပ်ပြီး ဆုတ်မယ့်နေရာ မရှိတော့ပေ။ပြီးတော့..သူက လေဟာနယ်ထဲက ဒုတိယလျှိုဝှက်ချက်ကို ရှာတွေ့တော့မယ်ဆိုတာ သံသယဖြစ်နေခဲ့တယ်။
ဒီတော့..သူက သူ့ကိုကယ်တင်နိုင်တဲ့အရာ တစ်ခုခုကိုစေတီထဲမှာ ရှာဖွေဖို့ပဲ လိုအပ်ပါတော့တယ်။
ထပ်ပြောရရင်..ဆွေးမြေ့မူတွေက ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ခြေလည်း ရှိနေပါသေးတယ်။ဒါကတော့ ဆန်နီ အလောင်းအစား လုပ်နိုင်တဲ့အရာ မဟုတ်ပေ။
သူ့ရဲ့နောက်ကျောကို အေးစက်တဲ့ မီးတောင်ကျောက်နံရံတွေဆီမှာကပ်ထားလိုက်ရင်း..ဆန်နီက သူတော်စင်ကို ရုတ်သိမ်းလိုက်တယ်။ပြီးတာနဲ့ တတိယအထပ်ကို တက်မယ့်လှေကားကို ရောက်တဲ့အထိ နံရံကိုကပ်ပြီး ပတ်သွားခဲ့ပါတယ်။အဲဒီကိုရောက်တဲ့ အချိန်မှာတော့ သူက သူတော်စင်ကို ပြန်ခေါ်လိုက်ပြီး ခနလောက်စဥ်းစားကာ..ဆွေးမြေ့နေတဲ့ အရာကို စောင့်ကြည့်ဖို့ အရိပ်တစ်ခုကို ထားခဲ့လိုက်တယ်။
ငွေရောင်မီးပြင်းဖိုကို ကျောပေးခဲ့ရမှာကြောင့် ထိပ်လန့်မူကို ခံစားရင်း ၊ ဆန်နီအံကိုကြိတ်ကာ..လှေကားအတိုင်း တက်လာခဲ့လိုက်တယ်။
ဆိုးဝါးတဲ့အရာကြီး သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အချိန်ရောက်မှ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။အဲ့အချိန်ရောက်မှ သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံး ချွေးတွေထွက်နေတာကို ခံစားနေခဲ့ရပါတယ်။သူ့ရဲ့ မျက်နှာကို တုန်ရီနေတဲ့လက်နဲ့ သုတ်လိုက်ပြီး..ဆန်နီက အပေါ်ကိုဆက်တက်လာခဲ့တယ်။
သူတော်စင် သူ့ရဲ့ဘေးနားမှာ ရှိနေတာက အနည်းဆုံးတော့ သူ့အတွက် အနည်းငယ် ယုံကြည်မူရှိစေပါတယ်။အရိပ်ကတော့..သူတို့ထားခဲ့တဲ့ ထိပ်လန့်စရာမြင်ကွင်းတွေကနေ သက်ရောက်ခံရတဲ့ ပုံမပေါ်ပါဘူး။
'..သူမရဲ့ ကျောက်တုံးခေါင်းထဲကို ကြောက်လန့်မူက မဝင်ရောက်နိုင်ဘူးဆိုတာကို ငါ လောင်းရဲတယ်..။အရိပ်တွေက ကြောက်ရွံ့တာမျိုးရော ရှိကြလား.."
သူတော်စင်က ကြောက်ရွံ့မူကို ခံစားရလားဆိုတာကို ဆန်နီ မသိပေမယ့်..သုန်မုန်တဲ့အရိပ်ကတော့..ကျိန်းသေပေါက် ဒါကို ခံစားရပါတယ်။သူ့ရဲ့ မာနကြီးတဲ့ ပုံစံရဲ့နောက်ကွယ်မှာ သွေးကြောင်မူတွေ ရှိနေခဲ့တာပါ။တကယ်လို့ သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်နေရတာ မဟုတ်ဘူးဆိုရင်..ဒီခွေးသားက ကျိန်းသေ တုန်ရီနေပါလိမ့်မယ်။
ဒီအတွေးတွေနဲ့အတူပဲ..သူက မီးတောင်ကျောက်တာဝါ ရဲ့ တတိယအထပ်ကို ဝင်ရောက်လာခဲ့တယ်။အဲ့နောက်မှာတော့ သူမြင်ခဲ့ရတဲ့ အရာကြောင့် ကြောင်အသွားခဲ့ပါတယ်။
'ငါ..ငါ တွေ့ရတာ။ခနလေး..မဟုတ်ဘူး..။ငါ ဘယ်လို သောက်ကျိုးနဲကို ကြည့်နေရတာလဲ..'
အခုသူတွေ့ရတဲ့ ခန်းမက ၊ အရင်ခန်းမသုံးခုထက် ပိုပြီးသေးငယ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စေတီရဲ့တည်ဆောက်ထားပုံအရ အပေါ်ကို ပိုပိုပြီး သေးငယ်သွားတဲ့ အတွက်ကြောင့်ပါ။ပြီးတော့ ဒီအထပ်မှာက အခန်းတစ်ချို့ကိုပါ ထပ်ခွဲထားပါသေးတယ်။
ပြီးတော့ အထူးသဖြင့် ဒီအခန်းထဲမှာ ကြွေထည်လက်မောင်းတွေက လေထဲမှာ လွင့်ပျံနေခဲ့ကြတယ်။တစ်ခုချင်းစီကလည်း သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေ ချွတ်ယွင်းနေကြပါသေးတယ်။
ကြည့်ရတာတော့..တစ်စုံတစ်ယောက်က..မီးတောင်ကျောက်တာဝါရဲ့ မြေအောက်ခန်းမှာရှိနေတဲ့ ကျိုးပဲနေတဲ့ အရုပ်ပုံကြီးထဲကနေ ဒီကို ယူလာခဲ့တဲ့ပုံပါပဲ။ဘာလုပ်ဖို့ ယူလာတာလဲ..။
ဆန်နီက လွင့်မျှောနေကြတဲ့ လက်မောင်း ဥယျာဥ်ကြီးကို စိုက်ကြည့်လိုက်ပြီး..အထဲကို လျောက်ဝင်လာခဲ့တယ်။သူက ခန္တာဗေဒ ပြတိုက်တစ်ခုထဲကို ဝင်ရောက်သွားသလိုတောင် ထင်လိုက်ရပါသေးတယ်။
အခြေအနေအရ ဒီ အရုပ်တွေက သူထင်ထားတာထက် ပိုရှုပ်ထွေးတယ်ဆိုတာ သိလိုက်ရတယ်။သူတို့ရဲ့ အစိတ်အပိုင်းများစွာဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင် ခြေလက်တွေရဲ့ ဒီဇိုင်းက ဘယ်လောက်တောင် ရှုပ်ထွေးတယ် ၊ လူသားတစ်ယောက်ရဲ့ လက်မောင်းလို လုပ်ဆောင်နိုင်အောင် လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းတွေ ဘယ်လောက်များများ ထည့်သွင်းထားတယ် ဆိုတာကို ပြသနေခဲ့ပါတယ်။ အထူးသဖြင့် အဆစ်တွေက ကျွမ်းကျင်တဲ့ အင်ဂျင်နီယာအဆင့်လက်ရာတစ်ခုလိုမျိုးပါပဲ။..နူးညံ့လှတဲ့ စိန်ကြိုးတွေရဲ့ အနုစိတ်ကျတဲ့ ဖွဲ့စည်းပုံကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပေ။
စပဲလ်နည်းပညာရဲ့ အလိုလျောက်စနစ်တောင်မှ ဒီအဆင့် ရှုပ်ထွေးမူ နဲ့ ဆန်းကျယ်မူကို မယှဥ်နိင်ပါဘူး။
ဒါပေမဲ့ ဘာလို့ ဒီလက်မောင်းတွေက ဒီကိုရောက်လာပြီး တစ်စစီ ဖြစ်နေကြတာလဲ..။ဘယ်သူလုပ်ခဲ့တာလဲ။မြေအောက်ကမ္ဘာရဲ့ မင်းသား ကိုယ်တိုင်လား..။
အဲလိုလည်း မဟုတ်ပေ။သူ ဖန်တီးပြီး စွန့်ပစ်ထားတဲ့အရာကို သူက ဘာလို့ ပြန်လေ့လာဖို့ လိုအပ်မှာလဲ..။
ဆန်နီက အခန်းရဲ့ အဝေးမှာရှိနေတဲ့ တိုင်ခုံတစ်ခုကို မြင်တဲ့အချိန်ကျမှ အရာအားလုံးက ရှင်းလင်းလာခဲ့တယ်။အဲဒီအပေါ်မှာတော့ သေးငယ်တဲ့ အရာဝတ္တုတစ်ခုက ရွှေရောင်အလင်းတန်းတွေနဲ့ ပျံ့နှံ့နေခဲ့ပါတယ်။
စားပွဲရဲ့အပေါ်မှာတော့ ကြွေထည်လက်မောင်း တွေရဲ့များကြားလှတဲ့ အစိတ်အပိုင်းတွေ ၊ လှပတဲ့ စိန်ကြိုးတွေရဲ့ များပြားလှတဲ့ ကြိုးမျှင်တွေ နဲ့ ရှည်လျားပြီး ကျဥ်းမြောင်းတဲ့ အပ်တစ်ချောင်းကို တွေ့လိုက်ရတယ်။
အပ်ချောင်းကတော့ ဖျော့တော့ပြီး၊ အားနည်းတဲ့ အလင်းရောင်ကို ထုတ်လွင့်ပေးနေခဲ့ပါတယ်။
ဆန်နီ အပ်ကိုကြည့်လိုက်ပြီး..လေပေါ်မှာလွင့်မျှောနေကြတဲ့ လက်မောင်းတွေကို ပြန်ကြည့်လိူက်တယ်။အခုချိန်ကြမှ..လက်မောင်းတစ်ခုချင်းစီတိုင်းက အစိတ်အပိုင်းလေးတွေ တစ်ခု နှစ်ခုစီ ချွတ်ယွင်းနေတာကို တွေ့ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့..မတူညီတဲ့ အချက်အလက်တွေက သူ့ရဲ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်။ပြီးတဲ့နောက်မှာတော့..မီးတောင်ကျောက်တာဝါ ထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကို သူ နားလည်ခဲ့ပါတယ်။
မြေအောက်ကမ္ဘာရဲ့မင်းသားက..ပုန်းကွယ်နေတဲ့ကျွန်းကနေ ထွက်ခွာသွားပြီး အချိန်တစ်ချို့ကြာတဲ့အချိန်မှာ..မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်က စေတီထဲကို သူခိုးတစ်ယောက်လို ဝင်ရောက်လာခဲ့ပါတယ်။ဒါက မင်းသားဘထွက်သွားပြီး..နှစ်ပေါင်းများစွာ ဒါမှမဟုတ် နှစ်ထောင်များစွာ အကြာမှာလည်း ဖြစ်နိုင်တာပါပဲ။သူက ဂိတ်ပေါက်ဝကို မဖွင့်ပဲ ဒါမှမဟုတ် ဒီနေရာကြီးကို အချိန်ရဲ့တိုက်စားခံရမူကနေ ချိတ်ပိတ်ထားတဲ့ စည်းကို မချိုးဖျက်ပဲ တစ်နည်းနည်းနဲ့ အထဲကို ဝင်လာနိုင်ခဲ့တာပါ။
သူခိုးက်ိုယ်တိုင်ကလည်း နတ်ဘုရားအဆင့် တစ်ယောက်ဖြစ်တဲ့ ပုံပါပဲ။ပြီးတော့ သူက ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရထားခဲ့တာပါ။သူ့ရဲ့ လက်တစ်ဖက်က သူတို့လို နတ်ဘုရားအဆင့်တွေတောင် မဖယ်ထုတ်နိုင်တဲ့ ဆွေးမြေ့မူတွေကို ကူးစက်ခံထားခဲ့ရတယ်။
ဒါကြောင့်ပဲ သူခိုးက..သူ့ရဲ့ ကူးစက်ခံထားရတဲ့လက်မောင်းကို အရင်းကနေ ဖြတ်ပြီး..ဒုတိယအထပ်ရဲ့ ငွေရောင် မီးပြင်းဖိုထဲကို ထည့်ကာ ကောင်းကင်မီးတောက်တွေနဲ့ မီးလောင်တိုက်သွင်းခဲ့တယ်။ပြီးတဲ့နောက်မှာတော့ သူက မြေအောက်ထပ်သွားပြီး ကြွေထည်အရုပ်တွေရဲ့ ကျိုးပဲ့နေတဲ့ လက်မောင်းတွေကို စုစည်းခဲ့လိုက်တယ်။အဲဒီ နတ်ဘုရားကပဲ အရုပ်ပုံရဲ့ ပတ်ပတ်လည်ကို လျောက်သွားပြီး ဆန်နီ သတိထားမိလောက်တဲ့ ခြေရာတွေကို ချန်ရစ်ထားခဲ့တာပါ။
အဆုံးမှာတော့ သူခိုးက တတိယအထပ်ကို တက်သွားခဲ့ပြီး..မင်းသားဖန်တီးခဲ့တဲ့အရာတွေကနေတဆင့် သူ့အတွက် လက်မောင်းအသစ်ကို ဖန်တီးကာ..စိန်ကြိုးတွေနဲ့ အပ်တစ်ချောင်းကို အသုံးပြုပြီး ခန္တာကိုယ်နဲ့ ချိတ်ဆက်ခဲ့ပါတယ်။
..ဒါက လတ်တလော ဆန်နီ ကြည့်နေခဲ့တဲ့ အပ် ဖြစ်ပြီး၊ သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ သူခိုးရဲ့ သွေးတွေ ပေကျန်ရစ်နေခဲ့တာကြောင့်..နတ်ဘုရားအလင်းတန်းတွေ ဖြာထွက်နေခဲ့တာပါ။
ဒါပေမဲ့ သူခိုးက ဘယ်သူလဲ..။ပြီးတော့ သူ့ရဲ့လက်မောင်းက ဘာလို့ ဆန်နီရဲ့ ကံတရားဖြစ်တဲ့ ရွှေရောင်ကြိုးနဲ့ ဆက်စပ်နေရတာလဲ။
ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ..အပ်ချောင်း အနားကိုရောက်လာတဲ့ အချိန်မှာ..ရုတ်တရက် အေးခဲသွားခဲ့တယ်။
ထိပ်လန့်ဖွယ် ဆွေးမြေ့မူတွေကို စောင့်ကြည့်ဖို့ ထားထားခဲ့တဲ့ သူ့ရဲ့ အရိပ်က တစ်ခုခုကို သတိထားမိသွားခဲ့ပါတယ်။
အနက်ရောင် အသွေးအသားတွေရဲ့ တည်ဆောက်မူက ..ပြောင်းလဲလာနေခဲ့ပါပြီ။