နှစ်ပေါင်းထောင်ချီ ဆာလောင်မူ
Vol. 30 Ch. 449
'စလာပြီ...'
ဆန်နီ လှေကားဖက်ကို မျက်နှာမူပြီး..အနက်ရောင်အဆွေးအမြေ့တွေကို သူ့ရဲ့တုန်ရီနေတဲ့ အရိပ်ကနေ တဆင့် ကြည့်လ်ိုက်ပါတယ်။တစ်ခုခုကို အာရုံခံလိုက်မိတာကြောင့်..သူတော်စင်ကလည်း တစ်ဖက်ကို လှည့်လာခဲ့တယ်။သူမရဲ့ ဓားသွားထိပ်က တုန့်ဆိုင်းခြင်းမရှိပဲ လေထဲကို မြောက်တက်လာခဲ့ပါပြီ။
သူ ထပ်ပြီးအသက်ရှင်မှာလား ဒါမှမဟုတ် သေဆုံးမှာလားဆိုတာက ရှေ့ဆက်ပြီးဖြစ်ပေါ်လာမယ့် အခြေအနေတွေပေါ်မှာ မူတည်နေခဲ့ပါတယ်။ဒါမှမဟုတ် သေတာထက် ဆိုးဝါးတဲ့ကံတရား တစ်ခုကိုတောင် သူက ပိုင်ဆိုင်သွားနိုင်တယ်။
အောက်ဘက်အထပ်မှာတော့..လက်မောင်းကနေတဆင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ ပျံ့နှံ့မူက ရွေ့လျားနေခဲ့တယ်။အနက်ရောင် အနာတွေနဲ့ အသွေးအသားတွေက..အပေါ်ကိုမြင့်လာလိုက်ပြုတ်ကျလိုက်ဖြစ်နေခဲ့ပါတယ်။ဒါက သေဆုံးနေတာလား ဒါမှမဟုတ် ပြောင်းလဲမူဖြစ်စဥ် ဖြစ်ပေါ်နေတာလား..။
ယင်းနောက် အတိုင်းမသိ စိတ်သက်သာရာရစွာပဲ အသက်ကို ရူထုတ်လိုက်တယ်။
'သေနေတာ..ဒါက သေနေတာ..'
ဒါက သူက သေမိန့်ကျခံထားရပြီး..နောက်ဆုံးအခိုက်အတန့်လေး ရောက်ခါကျမှ..သူ့လည်ပင်းက ကြိုးကို ဖယ်ရှားပေးခြင်း ခံလိုက်ရသလိုပါပဲ။
အမှန်တကယ်ပဲ ကြောက်မက်ဖွယ်ရာ ဆွေးမြေ့မူက ညိုးနွမ်းလာနေခဲ့ပါတယ်။နှစ်ထောင်ပေါင်းများစွာကြာအောင် ပိတ်ဆို့ခံထားရတဲ့ အချိန်ရဲ့တိုက်စားမူက သူ့ကို လိုက်မှီသွားခဲ့ပြီဖြစ်တာကြောင့်..ဒီအရာက သေအံ့ဆဲဆဲဖြစ်နေခဲ့ရတယ်။သူ့အထဲမှာ ရောယှက်နေတဲ့ ကျောက်တုံးမျက်နှာပြင်ကလည်း နာကျင်မူကြောင့် တွန့်လိမ်နေခဲ့ပါတယ်။ငွေရောင် မီးပြင်းဖိုကလည်း အရည်ပျော်နေခဲ့တယ်။
အနက်ရောင် အသွေးအသားတွေရဲ့ ကြီးထွားလာမူက ဆုတ်ယုတ်သွားခဲ့ပြီး သူတို့ရဲ့အရောင်ကလည်း ဖြူဖျော့လာခဲ့တယ်။ဖြစ်စဥ်က နှေးကွေးတယ်ဆိုပေမယ့်..တိုက်စားမူရဲ့ အစွန်းမှာရှိနေတဲ့ ဆွေးမြေ့မူတွေကအနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲပြီး လုံးဝ ပျောက်ကွယ်သွားနေခဲ့ပါတယ်။
ဆန်နီ ရဲ့ ခန္တာကိုယ်ထဲက တင်းမာမူတွေ လျော့ကျသွားတဲ့ အချိန်မှာတော့ သူက အကူအညီမဲ့စွာပဲ..ယိမ်းယိုင်သွားခဲ့တယ်။
'ကောင်းတယ်..နောက်ဆုံးတော့ တစ်ခုခုက အဆင်ပြေသွားခဲ့ပြီ..'
အရင်တုန်းက သူ ရွေးချယ်စရာတွေကို စဥ်းစားနေတဲ့အချိန်မှာ ဒီဆွေးမြေ့မူသာ ပျံ့နှံ့လာမယ်ဆိုရင် သူ့အတွက်..လွတ်မြောက်စရာ လမ်းမရှိဘူးလို့ တွေးနေခဲ့တာပါ။
သူက ဒီအရာက ကျိုးပျက်ကျိန်စာနဲ့ ထိခိုက်အောင်လုပ်ဖို့ စဥ်းစားမိပေမယ့်..နိုးထမူအဆင့် မှတ်သားမူက အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာကို သူ သံသယဖြစ်နေခဲ့တယ်။လက်ချောင်းခုနှစ်ခုရဲ့ မူလပိုင်ရှငိတောင်မှ ဒီအရာကို တိုက်ခိုက် ဖျက်ဆီးမဲ့အစား ၊ သူ့ရဲ့ လက်တစ်ဖက်ကို အဆုံးရှုံးခံသွားခဲ့တာပါ။
သူက ရက်စက်သောမြင်ကွင်း မှာရှိနေတဲ့ နတ်ဘုရားမီးတောင်တွေနဲ့ လောင်ကျွမ်းစေဖို့အတွက်လည်း တွေးခဲ့ပါသေးတယ်။သို့ပေမယ့် ဆွေးမြေ့နေတဲ့ အသားတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကြီးမားတဲ့ မီးပြင်းဖိုမှာလည်း တစ်ချိန်က..နတ်ဘုရားမီးတောက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်ဆိုတာကို ဆန်နီကို တစ်ခုခုက ပြောပြနေခဲ့တယ်။နတ်ဘုရားရဲ့ ဖြတ်တောက်ထားတဲ့ လက်က မီးလောင်ကျွမ်းတာကို ခံထားရတယ် ဆိုတာ ထင်ရှားပါတယ်။
နတ်ဘုရားမီးတောက်နဲ့ နှစ်ထောင်ပေါင်းများစွာကြာအောင် မီးလောင်တိုက်သွင်းထားတာတောင် ဆွေးမြေ့မူတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် ရပ်တန့်ပစ်တာမျိုး မလုပ်နိုင်တဲ့အချိန်မှာ သူက ဘာမျှော်လင့်ချက်များရှိနိုင်ဦးမှာလဲ..။
အဆုံးမှာတော့ တိုက်စားမူတွေက သူ့ဟာသူပဲ သေဆုံးသွားခဲ့ပါတယ်။နတ်ဘုရားမီးတောက် ရော ၊ နတ်ဘုရားကိုယ်တိုင်ပါ ဒီအရာကို မသတ်ဖြတ်နိင်ခဲ့ပေမယ့်..သူ့ရဲ့ ဆာလောင်မူ နဲ့ အချိန်ရဲ့ ရက်စက်တဲ့ တိုက်စားမူက သူ့ကို သေစေခဲ့ပါတယ်။
'ကျေးဇူးပါ ဘုရားသခင်တို့..'
ဆန်နီ အသက်ကို ဝအောင်ရူသွင်းလိုက်ပြီး သူ့မျက်လုံးတွေကို ပင်ပန်းစွာ ပိတ်ထားခဲ့တယ်။
တိုက်စားမူတွေက ဖြည်းဖြည်းခြင်းသေဆုံးနေခဲ့ပြီး..အပိုင်းအစတွေကလည်း နည်းနည်းခြင်းဆီ ပျောက်ကွယ်သွားနေခဲ့ပါတယ်။ကျန်နေခဲ့တဲ့အရာတွေကတော့ ထိခိုက်မူတွေဖြစ်နေတဲ့ ကျောက်တုံး နဲ့ မူလထိပ်လန်စရာ မှတ်ဥာဏ်တွေပါပဲ။
သူ မျက်နှာရှုတ်မဲ့သွားခဲ့ပြီး..။
'ဒါပေမဲ့ သောက်ကျိုးနဲ နတ်ဘုရားတွေ။ဘာလို့ သူတို့က ဒီလိုအရာမျိုးကို တည်ရှိခွင့်ပေးထားရတာလဲ..'
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး သူ့နှာဖူးက ချွေးတွေကို သုတ်လိုက်ကာ..တစ်ဖက်ကိုလှည့်ပြီး..ကျောက်တုံးခုံဆီကို ပြန်လျောက်သွားလိုက်ပါတယ်။
အဲကို ရောက်တဲ့အချိန်မှာတော့ သူက ရှည်လျားတဲ့အပ်ကို ကောက်ယူပြီး အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယိ။
ဒီအပ်ကို သံမဏိနဲ့ပြုလုပ်ထားပုံရပေမယ့်..နတ်ဘုရားရဲ့ သွေးစက်တွေကို စုပ်ယူထားခဲ့တာကြောင့်..အေးစက်တဲ့သတ္တုက ရွှေရောင်အလင်းတန်းတစ်ချို့ ဖြာထွက်နေခဲ့ပါတယ်။ဆန်နီ ဒါကို အချိန်အတော်ကြာအောင် ကြည့်ပြီး..ဒါက သာမန်ပစ္စည်းလား ဒါမှမဟုတ် ဆန်းကျယ်တဲ့အရာလား ဆိုတာကို သိအောင်လုပ်နေခဲ့တာပါ။
နောက်ဆုံးမှာတော့ သူ ဘာမှမသိဘူးဆိုတာကို ဝန်ခံလိုက်ရတယ်။
ဒီ အပ်က ဝိီဗာမျက်နှာဖုံးလိုမျိုးလည်း မှတ်သားမူအဖြစ် ပြောင်းလဲမသွားပါဘူး။ဒီအထဲမှာ မှော်စွမ်းအင်လှိုင်းတွေကိုလည်း သူ မတွေ့ရပေ။သို့ပေမယ့် အပ်က သာမန်ပစ္စည်းနဲ့လည်း တူပုံမရပြန်ပါဘူး။ဒါက ထူးဆန်းတယ်။
သူ ခနလောက်တွေးလိုက်ပြီးနောက်မှာ..တပ်မက်ခြင်း ဘဏ္ဍာတိုက်ကို ထုတ်ယူပြီး..အပ်ကို ဂရုတစိုက်ထည့်သွင်းလိုက်ပါတယ်။စိန်ကြိုးတွေရဲ့ အမျှင်တန်းတွေကိုလည်း..အထဲကို ထည့်လိုက်တယ်။
'နောက်မှပဲ လေ့လာကြတာပေါ့..'
ပြီးတာနဲ့ ဆန်နီ ခနလောက် တွေဝေနေခဲ့ပြီး စေတီရဲ့ ဒုတိယအထပ်ကို တွန့်ဆုတ်စွာပဲ ပြန်ဦးတည်လာခဲ့ပါတယ်။
သူက ကြောက်မက်ဖွယ်ရာ ဆွေးမြေ့မူတွေ သေဆုံးသွားတာကို စောင့်ကြည့်ပြီး..ဆန်းကြယ်တဲ့ နတ်ဘုရားရဲ့ လက်ဆီကို သွားကြည့်တော့မှာပါ။
***
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..ဆန်နီက ကြီးမားတဲ့ ခန်းမကြီးကိုသွားတဲ့ လှေကားရဲ့အောက်ဆုံးအထစ်မှာ ထိုင်နေခဲ့တယ်။သူက ခန်းမရဲ့ အလယ်မှာရှိတဲ့ ကြီးမားတဲ့ မီးပြင်းဖိုကြီးကို စိုက်ကြည့်နေခဲ့တာပါ။
အတိအကျဆိုရင်တော့..သူ့ရဲ့ ကျန်ရစ်တဲ့အရာတွေကို ကြည့်နေခဲ့တာပါ။
ဝါးမြိုတဲ့ ပျက်စီးခြင်းအရာကတော့..သူ့ရဲ့ သေအံ့ဆဲဆဲ အချိန်ကို ဖြတ်သန်နေခဲ့ရပါတယ်။ကြည့်ရတာတော့ နှစ်ထောင်ပေါင်းများစွာကြာအောင် ဆာလောင်မူကတောင် သူ့ကို အလွယ်တကူ မသတ်ဖြတ်နိုင်ခဲ့တဲ့ ပုံပါပဲ။အနက်ရောင်အသွေးအသားတွေက..လူးလိမ့် တွန့်လိမ်ပြီး နည်းနည်းခြင်းစီ ပျောက်ကွယ်နေခဲ့တယ်။
အကြိမ်တစ်ချို့ပြီးတဲ့နောက်မှာ ဆွေးမြေ့တဲ့အရာတွေထဲကနေ သွေးကြောတွေက ခုန်ထွက်ဖို့ကြိုးစားနေခဲ့ကြပါတယ်။သိသာစွာပဲ ဒီအရာက အနားမှာ သက်ရှိတစ်ယောက်ယောက် ရှိနေတာကို သိထားမိနေခဲ့ပြီး စုပ်ယူချငိနေတဲ့ ပုံပါပဲ။သို့ပေမယ့် သူ့ရဲ့ထကြွမူက ဆာလောင်မူဖြစ်ပေါ်လာတဲ့ အားနည်းမူကို ကျော်လွှားဖို့အတွက် အရမ်းကို အားနည်းနေခဲ့တယ်။
ဒီအရာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစောကတည်းက တည်ရှိနေခဲ့တဲ့ ငွေရောင်မီးပြင်းဖိုကတော့ အရည်ပျော်သွားခဲ့ပြီး ၊ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ကာ..စစ်မှန်တဲ့ အမှောင်ထုအဖြစ် ပျောက်ကွယ်သွားခဲ့ပါတယ်။မကြာခင်မှာပဲ..ဆွေးမြေ့မူတွေက ဒီကမ္ဘာကြီးပေါ်မှာ အကြာကြီး မတည်ရှိနိုင်တော့ဘူးဆိုတာကို သေချာလာခဲ့တယ်။
ဒီရွံစရာ အသွေးအသားတွေမှာ ကျန်ရစ်နေတာဆိုလို့လက်မောင်းကိုယ်တိုင်ပါပဲ။
ဆွေးမြေ့မူတွေကို စိုက်ကြည့်နေရင်း..ဆန်နီက လေးနက်မူ မွေးရာပါ ကြောက်လန့်မူကို ခံစားနေခဲ့ရတယ်။ပြီးတော့ သူက အခိုက်အတန့်က သူ့ကို ဆုလာဒ်အချို့ ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအရာသေဆုံးတဲ့အချိန်မှာ ထိခိုက်မူနည်းနည်းပေးဖို့ ကြိုးစားချင်နေခဲ့ပါတယ်။
သူ ဘယ်လို ဆုလာဒ်မျိုးရမလဲဆိုတာ ဘယ်သူသိမှာလဲ။
သို့ပေမယ့် အဆုံးမှာတော့ ဆန်နီက ဒီတိုင်းနေနေခဲ့တယ်။
ပထမဆုံးအနေနဲ့ ဒီအရာကို အခိုက်အတန့်က သတ္တဝါတစ်ကောင်အဖြစ် အသိအမှတ်ပြုမလားဆိုတာကို မသိနိုင်တာကြောင့်ပါ။ဒီအရာက အသက်ရှင်နေသေးလား ဆိုတာကိုလည်း သူ မသိပါဘူး။ဒါက သိခြားအရာတစ်ခု ၊ ဖြစ်စဥ်တစ်ခု ဒါမှမဟုတ် သူမသိထားတဲ့ ဥပဒေသ သဘောတရားတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
ဒုတိယအချက်ကတော့. ဒီအရာက သေအံ့ဆဲဆဲဖြစ်နေတယ် ဆိုရင်တောင် သူက ဒီဆွေးမြေ့မူတွေဆီကို လုံးဝချည်းကပ်သွားချင်စိတ် မရှိခဲ့ပေ။သူက သူ့ရဲ့ မှတ်သားမူတွေကို ဒီအနားကို သွားစေချင်စိတ် မရှိပါဘူး။ဘာပဲဖြစ်ဖြစ် မှတ်သားမူတွေဆိုတာက သူ့ရဲ့ ဝိဥာဥ်နဲ့ ချိတ်ဆက်နေတဲ့ အရာတွေပါ။ဒီအရာက မှတ်သားမူထဲကို ပျံ့နှံ့နိုင်ပြီး..သူ့ရဲ့ ဝိဥာဥ်ထဲကို မမြင်ရတဲ့ ချိတ်ဆက်မူကနေတဆငိ့ ဝင်ရောက်လာနိုင်တယ်ဆိုရင် ဘယ်လိူလုပ်မလဲ။
ဒီတော့..ဆန်နီက ရိုးရှင်းစွာပဲ တိတ်တဆိတ်ထိုင်ပြီး စောင့်ဆိုင်းနေခဲ့တယ်။
အတော်ကြာပြီးတဲ့နောက်မှာတော့..ဒီ ပျကိစီးခြင်းက နောက်ဆုံးမှာ သေဆုံးသွားခဲ့ပါတယ်။
ဖြတ်ထားတဲ့ လက်မောင်းရဲ့ မီးလောင်ထားတဲ့ အသားတွေက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး အမှုန့်များအဖြစ် ကွဲထွက်ကာ ၊ နောက်ဆုံးမှာ မထိုးဖောက်နိုင်တဲ့ အမှောင်ထုထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတယ်။
ကျန်ရှိနေတာဆိုလို့ ..ဘာမှမရှိတဲ့ ခန်းမ ၊ အလယ်မှာရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ မီးတောင်ကျောက် နဲ့ ရွှေရောင်အလင်းတွေ မျက်စိကျိန်းလောက်အောင် ဖြာထွက်နေတဲ့..စကျင်ကျောက်အရိုးသာ ရှိနေခဲ့ပါတယ်။
တစ်ခုတည်းသောရှိနေတဲ့ အရိုးတစ်ချောင်း ။
ဆန်နီ က သူ့ရဲ့သတ္တိကို စုစည်းရင်း မိနစ်အတော်ကြာအောင် စောင့်နေပြီးနောက်မှာ..သက်ပြင်းချပြီး မတ်တတ်ထရပ်လိုက်တယ်။သူက သေးငယ်တဲ့ အရိုးကို ကြည့်လိုက်ပြီး..အဲဒီကို လျောက်သွားလိုက်ပါတယ်။
...အခုကတော့ ကံတရားက သူ့အတွက် ဘယ်အရာကို သိမ်းဆည်းပေးထားမလဲ ဆိုတာကို ကြည့်ရမယ့် အချိန်ပါပဲ။