ကောင်းကင်၏ လွှမ်းမိုးမှု
Vol. 99 Ch. 1374
“ထာဝရ ဧကရာဇ်ကြောင့်ပဲ ချိပ်ပိတ် နယ်မြေက နောက်တစ်ဆင့်ကို တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်တယ်... သူ စရောက်ပြီး နှစ်နှစ်ထောင်လောက် အတွင်းမှာ မြေကြီး ရှန့်ထိုတွေ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာခဲ့တယ်... ရိုးရိုးသားသား ပြောရရင် လွန်ခဲ့တဲ့ နှစ်ခုနစ်ထောင်လောက်တုန်းက မြေကြီးရှန့်ထို အရေအတွက်ကို လက်တစ်ဖက်နဲ့တောင် ရေတွက်လို့ ရတယ်... နောက်ပြီး တော်တော်များများက အင်ပါယာ ထျန်းကလန်သားတွေ... ထျန်းမူယန်က အဲဒီထဲက တစ်ယောက်ပေါ့လေ”
ဝေ့ဝူယင် ထိုအကြောင်းအရာများကို မာ့ကျန်းထံမှ ကြားခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က ထာဝရ ဧကရာဇ်၏ လွှမ်းမိုးမှု မည်မျှ ကျယ်ပြန့်ခဲ့သည်ကို စဉ်းစားရင်း သူ အံ့ဩခဲ့ရသည်။ လက်ရှိ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မြေကြီးရှန့်ထို အများစုမှာ သူ့ ကျေးဇူးမကင်း ဟူ၍ပင် ဆိုသည်။ ဝေ့ဝူယင် ကိုယ်တိုင် ပင်လျှင် ထိုခေတ်ကာလ၌ မွေးဖွားပါက ထာဝရ ဧကရာဇ်လောက် ခေတ်ဆန်း အဂ္ဂိရတ် နယ်ပယ်တွင် အောင်မြင်မှုများ ရရှိလိမ့်မည် ဖြစ်ကြောင်း မသေချာပါချေ။
ချောင်ဆွေ့ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ဒါပေမဲ့ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ပြီးတဲ့နောက် ထာဝရ ဧကရာဇ် ရုတ်တရက် ပျောက်သွားခဲ့တယ်... အဲဒီတုန်းက မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး ပွက်ပွက်ဆူ သွားခဲ့တာပဲ... ပြန်တည်ငြိမ်ဖို့ အချိန် အတော်လေး ယူလိုက်ရတယ်... အဲဒီနောက် သူ သေတာ မဟုတ်ဘူး... အနာဂတ် အတွက် ထွက်သွားခဲ့တာ ဆိုတဲ့ သတင်းတွေ ပျံ့လာခဲ့တယ်... အဲဒီတုန်းက ထာဝရ ဧကရာဇ်က ချိပ်ပိတ်နယ်မြေထဲကနေ ထွက်သွားတာလား... အဆုံးမဲ့ ခရီးသွား နယ်မြေမှာ နေထိုင်နေတာလား ဆိုတာ ကျွန်မ သိချင်ခဲ့တယ်”
“ရှင် သိတဲ့ အတိုင်းပဲ... အလွှာကြားက လောကမှာ နေတဲ့လူတွေကိုပဲ မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့် ရောက်ပြီးတာနဲ့ ချိပ်ပိတ်နယ်မြေထဲက ထွက်ခွင့်ပြုထားတာလေ... ချိပ်ပိတ်နယ်မြေထဲက လူတွေကို ခွင့်မပြုဘူး... ဒါပေမဲ့ နောက်ပိုင်းမှာ အာဏာရှင် အင်ပါယာ သုံးယောက်က ထာဝရ ဧကရာဇ်ရဲ့ တောက်ပမှုတွေကို သတိထားမိခဲ့တယ် လို့ ကျွန်မသိရတယ်... အထူးသဖြင့် လောက အဂ္ဂိရတ် ရှန့်ထို ဖြစ်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာပေါ့”
"ထာဝရ ဧကရာဇ်ကြောင့်ပဲ သူတို့က စည်းမျဉ်း အသစ်တွေ ပြင်ဆင်ခဲ့ရတယ်လို့ ဆိုတယ်... ချိပ်ပိတ်နယ်မြေထဲမှာ မွေးဖွားလာတဲ့ လောကအဆင့် အဂ္ဂိရတ် ရှန့်ထိုတွေကို အလွှာ အပြင်က လောကဆီ ထွက်ခွင့် ပြုလိုက်တယ်... သူတို့က ဘယ်အာဏာရှင် အင်ပါယာရဲ့ ထိန်းချုပ်မှုကိုမှ မခံရပဲ လွတ်လွတ်လပ်လပ် ကြီးထွားခွင့် ရလိမ့်မယ်... တစ်နည်းအားဖြင့် လွတ်မြောက်နယ်မြေ ရောက်သွားတယ် ဆိုပါတော့လေ”
ချောင်စွေ့ဖုန်း၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။ သူမ၏ အသက်ရှူသံများက ပိုမို၍ လေးပင်လာသည်။
“နောက်ပိုင်းမှာ ချိပ်ပိတ်နယ်မြေက မြေကြီး အဂ္ဂိရတ် ရှန့်ထိုတွေကို အလွှာကြားက လောကက ဖိတ်ခေါ်တယ်... ဒါပေမဲ့ ပြင်ပ တာအို လမ်းညွှန်သူ တစ်ဦး အနေနဲ့ပဲ အနန္တ မိုင်ချီ အကယ်ဒမီကို ဝင်ခွင့်ရှိတယ်... နောက်ပြီး ဝင်မယ် ဆိုရင် တင်းကြပ်တဲ့ လျှို့ဝှက် ကျိန်စာတွေ ကျိန်ဆိုရတယ်... တစ်ခုကို ချိုးဖောက်မိတာနဲ့ သွားပြီပဲ... စည်းမျဉ်းတွေက အရမ်းကို ရက်စက်ပြီးတော့ မမျှဘူးလို့ ဆိုနိုင်တယ်... ကြည့်ရတာ သူတို့က အစစ်အမှန် မွေးဖွားခြင်းရဲ့ လှည့်ကွက်တစ်ခုခုထဲ ရောက်သွားမှာ စိုးရိမ်နေတဲ့ပုံ ရတယ်”
ချောင်စွေ့ဖုန်းက ပြုံးလိုက်၏။
“ဒါကြောင့်ပဲ အလွှာကြားက လောကသား တစ်ယောက်ရဲ့ အကူအညီနဲ့ကျွန်မရဲ့ အစစ်အမှန် နာမည် ချောင်စွေ့ဖုန်းကို သုံးပြီး အဆုံးမဲ့ ခရီးသွား နယ်မြေကို ဝင်ခဲ့တာ... အဲဒီမှာ အဘွားရဲ့ ဆွေမျိုး အဆက်အနွယ် တစ်ချို့လည်း ရှိနေသေးတယ်လေ... ကျွန်မ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ခဲ့တယ်... အရမ်းကို သတိထားခဲ့တယ်... အဲဒီနည်းနဲ့ပဲ တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်လာခဲ့တယ်... အဲဒီနေရာမှာ ကျွန်မ အတွက် တာဝန် ဝတ္တရားတွေ သိပ်မများလှဘူး... အတန်အသင့် လွတ်လပ်ခဲ့တယ် ဆိုပေါ့တော့လေ”
“ကံဆိုးတာ တစ်ခုက အဆင့်မြင့် ရင်းမြစ်တွေကို သိပ်မရနိုင်ခဲ့တာပဲ...အနန္တ မိုင်ချီ စာကြည့်တိုက်ကို ဝင်ဖို့ ဘယ်လောက်တောင် ပေးရလဲ ဆိုတာ ရှင်လည်း ကိုယ်တွေ့ကြုံပြီးသားပဲ မလား... မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့် စွမ်းရည်ကို သုံးပြီး ဆေးဖော်စပ်မယ် ဆိုရင်တောင် တစ်ဘဝစာလောက် အချိန်ကုန်သွားမှာ သေချာတယ်”
ချောင်စွေ့ဖုန်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။
“လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ချင်တယ် ဆိုရင် အခွင့်အရေး တစ်ခုပဲ ရှိတယ်... ရှင်လည်း ခန့်မှန်းမိမှာပါ... အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထိုရဲ့ အမွေအနှစ်ပဲ... မြေကြီးအဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဆိုပေမဲ့ သေမျိုး အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို ဖန်တီးတဲ့ နေရာမှာ ကျွန်မထက် ပိုတော်တဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ ရှိသေးတယ် ဆိုတာ ရှင်နားလည်ရမယ်...”
သူမက ခဏမျှ ရပ်လိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျွန်မ အရင်ဆုံး ကိုယ့်ဘာသာကို ကြိုးစားခဲ့ပါသေးတယ်... ရွှင်းစု တာအို တိုက်ပွဲ ဝင်ပြိုင်ခဲ့တယ်... ဒါပေမဲ့ ရှုံးနိမ့်ခဲ့တယ်... ချင်ကူးယဉ်က အရမ်းကို တော်လွန်းတယ်... ဆိုတော့ အခြား နည်းလမ်း တစ်ခုကို ရှာခဲ့ရတာပေါ့”
“ကျွန်မ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုရဲ့ တပည့် ထျန်းရှောင်လော့နဲ့ ဆက်သွယ်ခဲ့တယ်... သူနဲ့ သဘောတူညီမှု ရယူခဲ့တယ်... လုံခြုံတဲ့ ဖြတ်လမ်းကနေ သူ့ကို အဆုံးမဲ့ ခရီးသွား နယ်မြေဆီ ခေါ်လာခဲ့တယ်... သူ့ရဲ့ နောက်ခံကို ယာယီ ဖုံးကွယ်ပေးခဲ့တယ်... ပြန်ထွက်ဖို့ အတွက်ပါ အာမခံရင်း ပေါ့လေ... ဒီလိုနဲ့ သူ အမွေအနှစ် အတွက် တိုက်ပွဲထဲမှာ ပါဝင်ခဲ့တယ်... ရလဒ်ကို သရေကျအောင် လုပ်ခဲ့ရတယ်”
ချောင်စွေ့ဖုန်း၏ ရှင်းပြမှုကို နားထောင်ရင်း ဝေ့ဝူယင်၏ မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပလာခဲ့၏။ ထျန်းရှောင်လော့ တစ်ယောက် အလွှာကြားက လောကဆီ မည်ကဲ့သို့ ရောက်ရှိလာခဲ့သည်ကို သူ အမြဲတမ်း သိလိုနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သရေ ရလဒ် ထွက်ပေါ်ခဲ့ခြင်းကလည်း သူ့ကို အံ့အားသင့်စေခဲ့သည်။ ယခုတွင်တော့ ထိုအရာက ချောင်စွေ့ဖုန်း၏ အစီအစဉ်များ ဖြစ်ကြောင်း သူ သိခဲ့ရပြီ ဖြစ်သည်။ ဤသို့နှင့် သူမက ဝေ့ဝူယင်ကို ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းခဲ့သည်။ အသက် အငယ်ဆုံး အဂ္ဂိရတ် အာဏာရှင်အတွက် ဦးစားပေး စိန်ခေါ်ခွင့်ကို တင်ပြခဲ့သည်။ သို့သော်လည်း သူ ရောက်ရှိလာမည် ဖြစ်ကြောင်း သူမက မည်ကဲ့သို့ ကြိုသိခဲ့သနည်း။
ရုတ်တရက် ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်လိုက်၏။ အေးစက်မှုက ကျောရိုးများထဲမှ နေ၍ တစ်ကိုယ်လုံးသို့ စိမ့်ဝင်သွားသလို ချောင်စွေ့ဖုန်း ခံစားလိုက်ရသည်။ ဝေ့ဝူယင်မှာ တစ်ခဏ အတွင်းမှာပင် သူမ၏ မူလ အစီအစဉ်ကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်ကြောင်း သူမ သဘောပေါက် လိုက်သည်။
“ကျွန်မ ဝန်ခံပါတယ်...”
သူမက မျက်လွှာချရင်း ဆိုလိုက်၏။
“ကျောင်းလမ့်...”
ဝေ့ဝူယင် ချောင်စွေ့ဖုန်းကို စိုက်ကြည့်ရင်း ဆိုလိုက်၏။ ချောင်စွေ့ဖုန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဝေ့ဝူယင်သာ ပေါ်မလာပါက ကျောင်းလမ်းမှာ အသက် အငယ်ဆုံး တာအို လမ်းညွှန်သူ ဖြစ်သည်။ ဦးစားပေး စိန်ခေါ်ခွင့်ကို သူ ရရှိလိမ့်မည် ဖြစ်သည်။ ထျန်းရှောင်လော့က ထိုပွဲကိုလည်း သရေအဖြစ် ဖန်တီးလိမ့်မည်။ ထိုအခါ... ကျောင်းလမ်းမှာ အမွေအနှစ်ကို မျှဝေပိုင်ဆိုင်သူ ဖြစ်လာပေလိမ့်မည်။
ချောမော ငယ်ရွယ်သည့် ထိုတာအို လမ်းညွှန်သူကို ဝေ့ဝူယင် ပြန်လည် မြင်ယောင် လိုက်မိ၏။ ထိုစဉ်အခါက ချောင်စွေ့ဖုန်းမှာ ကျောင်းလမ့်၏ လက်ထောက် ဖြစ်သည်။ ကျောင်းလမ့်က နောက်ကျောကို ပုတ်ဖို့ ကြိုးစားသည့် အခိုက်တွင် ချောင်စွေ့ဖုန်းက လိမ္မာ ပါးနပ်စွာ ရှောင်တိမ်းသွားခဲ့သည်ကို သူ ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်၏ အမူအရာက ဖြည်းညင်းစွာပင် ပြန်လည် ပြေလျော့ သွားခဲ့၏။ သူက ခပ်ဖြည်းဖြည်းလေး သက်ပြင်းချလိုက်၏။
“ဘာပဲဖြစ်ဖြစ်... နောက်ဆုံးမှာ ခင်ဗျား ကျုပ်ကို ရွေးခဲ့တာပဲလေ... မဖြစ်ခဲ့တဲ့ ကိစ္စထက် ဖြစ်ပြီးခဲ့တဲ့ ကိစ္စက ပိုအရေးကြီးပါတယ်... နောက်ပြီး ခင်ဗျား တစ်ခုခုကို လိုချင်တယ် ဆိုတာ ကျုပ် အစောတည်းက ရိပ်မိခဲ့ပါတယ်... ဘာကိုလဲ ဆိုတာကိုသာ မသိတာ... ဒါပေမဲ့ ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်”
“အင်း...”
ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင် ခပ်မြန်မြန် စိတ်ပြေသွားသည်ကို ကြည့်ကာ အံ့ဩသွားခဲ့၏။ လူငယ်က သူမကို အဆင့်မရှိသည့် မိန်းမ တစ်ယောက်ဟု ယူဆသွားလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ကျောင်းလမ့်နှင့် ဘာမှ မဖြစ်ခဲ့သည့်တိုင် မည်သို့ပင် ဆိုစေ... သူမထံတွင် အလားတူ ရည်ရွယ်ချက်မျိုး ရှိခဲ့သည် မဟုတ်ပါလား။ အမှန်အတိုင်း ဝန်ခံခဲ့သည့်တိုင် လူငယ်ထံမှ နွေးထွေးမှုများ၊ မေတ္တာတရားများ ပျောက်ဆုံးသွားမှာ သူမ ကြောက်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုကဲ့သို့ မတွေးတော့ပါချေ။ ထိုအချိန်တည်းက စလို့ ချောင်စွေ့ဖုန်းမှာ သူ့မိန်းမ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ ယခင်က ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာတွေပဲ ကြံစည်ကြံစည် သူ ဂရုမစိုက်ပါချေ။ သူ့ထံသို့ ရောက်ရှိပြီးနောက် သစ္စာမဖောက်လျှင် အဆင်ပြေနေပြီ ဖြစ်သည်။ တကယ်အားဖြင့် သူ ကိုယ်တိုင်ကလည်း ဖြူစင်ခဲ့သူ တစ်ယောက် မဟုတ်ပါချေ။
“ဒါပေမဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းလို့ မရအောင် တားထားတယ် မလား... ခင်ဗျား ဘယ်လို ယူမှာလဲ”
ဝေ့ဝူယင်က မေးလိုက်၏။ ထိုအရာက... သူ့စိတ်ကို လက်ရှိ အချိန်အထိ အနှောက်အယှက်ပေးနေခဲ့သည့် မေးခွန်း တစ်ခု ဖြစ်ပေသည်။
“နှစ်ကိုယ်တူ ကျင့်ကြံပြီး အထူး အစီအရင် တစ်ခုနဲ့ အမွေအနှစ်ကို လွှဲပြောင်းယူဖို့ ကျွန်မ ပြင်ဆင်ထားပြီးပြီ... ချောင်ကလန် ဟိုးအရင်တည်းက သုံးခဲ့တဲ့ အမွေအနှစ် အစီအရင် တစ်ခုပေါ့...”
ချောင်စွေ့ဖုန်းက ထိန်ချန်မထားပဲ ဆိုလိုက်၏။ သူမက အစီအရင်၏ အခြေခံ သဘောတရားနှင့် တည်ဆောက်ပုံများကိုပင် ဆက်လက်၍ ရှင်းပြလိုက်သည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ရင်း မေးလိုက်၏။
“ခင်ဗျားရဲ့ အစီအရင်က အမွေခံ ဉာဏ်ပညာ သင်္ကေကိုပါ ဖြတ်ကျော်နိုင်တာလား...”
“အမွေခံ ဝိညာဉ် သင်္ကေတ ဟုတ်လား... အဲဒါက ဘာလဲ...”
ချောင်စွေ့ဖုန်း တစ်ယောက် နားမလည် ဖြစ်သွားခဲ့၏။ ဝေ့ဝူယင် မိန်းကလေးကို သနားစွာဖြင့် ကြည့်လိုက်မိသည်။ အစီအစဉ် အောင်မြင်ခဲ့လျှင်ပင် သူမက အမွေအနှစ်ကို ဘယ်တော့မှ ရရှိနိုင်လိမ့်မည် မဟုတ်ပါချေ။ လွန်ရောကျွံရော ပိုင်ရှု၏ မူလ ခန္ဓာ ဖြစ်သည့် ချူးစို့သာ မှော်သန့်စင် ဆေးအိုးလောက်ကိုသာ ရရှိနိုင်ပေလိမ့်မည်။
အစီအရင်က မိန်းကလေး နှစ်ယောက်ကြားတွင်သာ အလုပ်ဖြစ်ပေသည်။ ထို့ကြောင့်ပင် အကျိုးအမြတ် အားလုံးကို ထျန်းရှောင်လော့ တစ်ယောက်တည်းသာ ပိုင်ဆိုင်သွားပေလိမ့်မည်။
“အဲဒီ အချိန်တွေတုန်းက ကျုပ် ရှိတဲ့ နေရာကို သိရင် ခင်ဗျား ကျုပ်ကို လာရှာမှာလား...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ မျက်လုံးများက သူမကို စိုက်ကြည့်နေကာ အတွေးများကို ဖောက်ထွင်း ဝင်ရောက်ဖို့ ကြိုးစားနေသည့်ပုံ ပေါ်သည်။
ချောင်စွေ့ဖုန်းက တစ်ခဏမျှ တွေးတောကာ ခေါင်းခါလိုက်၏။
“ကျွန်မ တစ်ခါမှ မတွေးခဲ့မိဘူး... ထျန်းရှောင်လော့ကပဲ အကောင်းဆုံး ရွေးချယ်စရာလို့ ထင်ခဲ့တာ...”
“ကျုပ် သဘောပေါက်ပြီ...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ အရာအားလုံးကို မြင်နိုင်ခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ချောင်စွေ့ဖုန်းမှာ ကောင်းကင် တာအို၏ ပွန်းရုပ် တစ်ရုပ်မျှသာ ဖြစ်သည်။ သူမ၏ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ထျန်းရှောင်လော့ ကသာလျှင် အဆုံးသတ်၌ သိမ်းပိုက်သွားလိမ့်မည် ဖြစ်သည်။
မူလ အစီအစဉ်အတိုင်း ဆိုပါက... ကောင်းကင်တာအိုမှာ ချင်ကူးယဉ်ကို၏ အဂ္ဂိရတ် တာအိုကိုလည်း လုံချန် သို့မဟုတ် လင်းမင် ကဲ့သို့ ကောင်းချီးခံ တစ်ယောက် အတွက် ပြင်ဆင်ထားခြင်း ဖြစ်ပုံ ပေါ်သည်။ ခန့်မှန်းကြည့်ရလျှင် လုံချန် ပိုဖြစ်ဖို့ များပေသည်။
ဝေ့ဝူယင် ရိုးသားစွာ ပြောပြရန် ဆုံးဖြတ်လိုက်၏။
“အမွေခံ ဉာဏ်ပညာ သင်္ကေတ ဆိုတာ အမွေအနှစ်ကို ထိန်းသိမ်းထားတဲ့ဟာ တစ်ခု ဆိုပါတော့လေ... အနန္တ အသွင်ပြောင်းခြင်း အမှတ်ကို ပိုင်ထားတဲ့ ချင်ကူးယဉ် တစ်ယောက်ပဲ ရရှိနိုင်တယ်... ထျန်းရှောင်လော့နဲ့ ချင်ကူးယဉ်တို့က ယင်အရိုး ပေါင်းစည်းခြင်းကို သုံးပြီး အမွေအနှစ်ကို မျှဝေခဲ့တယ်... သူတို့ နှစ်ယောက်ဆီမှာပဲ အဲဒီလို လုပ်ဖို့ အရည်အချင်း ရှိတယ် ဆိုတာပေါ့”
ဝေ့ဝူယင်က စတင်ကာ အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်လေ၏။ သူ ပိုမို၍ ရှင်းပြလေလေ... ချောင်စွေ့ဖုန်း၏ အမူအရာက ပိုမို၍ နက်မှောင်လာလေလေ ဖြစ်သည်။ နောက်ဆုံး၌ သူမ၏ အစီအစဉ် အားလုံးက ဘယ်လောက်တောင် အသုံးမကျလိုက်ကြောင်း ချောင်စွေ့ဖုန်း သဘောပေါက် သွားခဲ့သည်။
ကျောင်းလမ့်ကို တတိယမြောက် မျှဝေပိုင်ဆိုင်သူ အဖြစ် တွဲခေါ်ပြီးသည်နှင့် ထျန်းရှောင်လော့၏ ဝတ္တရားများက ပြီးဆုံးသွားပြီ ဖြစ်သည်။ သူမက ချိပ်ပိတ်နယ်မြေကို ပြန်ပေလိမ့်မည်။ လျှို့ဝှက် ကျိန်စာ အရ သူမထံတွင် ထျန်းရှောင်လော့ကို နောက်ထပ် နှောက်ယှက်ခွင့် မရှိပါချေ။ ထိုမျှ အသုံးမကျခြင်း အတွက် ချောင်စွေ့ဖုန်း ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ၏။
ဝေ့ဝူယင်ကတော့ ကောင်းကင်တာအို၏ အစီအစဉ်များကို စိတ်ထဲမှ လေးစား နေမိခဲ့သည်။ မည်မျှ ရှုပ်ထွေး ပွေလီကာ ကောင်းမွန်လိုက်သည့် အစီအစဉ်နည်း။ ထျန်းရှောင်လော့ အတွက် အခြားလူ တစ်ဦး၏ ရာစုနှစ်ချီ အားထုတ်မှုများကို အလွယ်တကူ သိမ်းပိုက်လိုက်ရုံသာ ရှိပေသည်။ သို့သော်လည်း.. ချောင်စွေ့ဖုန်း အတွက်တော့ မမျှတသလို သူ ခံစားလိုက်ရ၏။ လောက၌ ဗီလိန်များ ပေါ်လာခြင်းမှာ မထူးဆန်းတော့ချေ။
“ဘာပဲဖြစ်ဖြစ်... အဲဒီနေ့က ခင်ဗျား ကျုပ်ဆီ ချည်းကပ်လာခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်”
ဝေ့ဝူယင်က ညင်သာစွာ ဆိုလိုက်၏။ ချောင်စွေ့ဖုန်းမှာ အတွေးများထဲမှ ပြန်လည် နိုးထလာကာ ဝေ့ဝူယင်ကို မော့ကြည့်လိုက်သည်။ လူငယ်၏ နွေးထွေးသည့် ငွေရောင် မျက်ဝန်းများကို ကြည့်ရင်း သူမ စိတ်က ပြန်လည် ငြိမ်သက်လာခဲ့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... သူ၏ အစီအစဉ်များက ဆိုးရွားစွာ အဆုံးမသတ်ခဲ့သည်ကတော့ ကံကောင်းပေသည်။ ထို့အပြင်... နှစ်ပေါင်းနှစ်သောင်းကျော် ပျိုးထောင်လာခဲ့သည့် မူလယင် ဝေ့ဝူယင်ထံတွင် ဆုံးရှုံးခဲ့ခြင်း အပေါ် သူမ ပျော်ရွှင်မိပေသည်။ လူငယ်ကပင်လျှင် သူမ၏ ရာစုနှစ်ချီ အားထုတ်မှုများ အတွက် ကောင်းကင်မှ ချီးမြှင့်လိုက်သည့် အကောင်းဆုံးသော ဆုလာဒ် ဖြစ်ပေသည်။
မိန်းကလေးက တောက်ပစွာ ပြုံးလိုက်လေ၏။
“ကျွန်မလည်း ပျော်ပါတယ်”
***