← Chapters

အဂ္ဂိရတ် ကုန်စည်ပြပွဲ နီးကပ်လာခြင်း

Vol. 99 Ch. 1382

အဂ္ဂိရတ် ကုန်စည်ပြပွဲ နီးကပ်လာခြင်း

Vol. 99 Ch. 1382

စတင် တည်ထောင်ပြီးချိန်က စလို့ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အလွှာ အသီးသီးသော ကျင့်ကြံသူများ ကြားတွင် အဓိက ဆွေးနွေးစရာ ခေါင်းစဉ် ဖြစ်လာခဲ့သည်။ ၎င်းမှာ အထွတ်အမြတ် ကျင့်ကြံခြင်း နယ်မြေ အဖြစ် ထင်ရှားလာခဲ့ကာ အဆုံးမဲ့ ကောင်းကင်ထက် ကျော်လွန်သည့် တစ်ခုတည်းသော တော်ဝင်မြေလည်း ဖြစ်သည်။

အချို့က အင်ပါယာ ကလန်နှင့် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်တို့ အကြားတွင် ဆက်စပ် ပတ်သက်မှုများပင် ရှိနေနိုင်သည်ဟု ဆိုသည်။ မည်သို့ပင် ဆိုစေ... အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်မှာ အင်ပါယာ ကလန်၏ ဧကရီ ရှောင်ချွမ်းကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေ စတင် တည်ထောင်ခဲ့သည့် နေ့ကတည်းက စလို့ ဂုဏ်ထူးဆောင် ဧည့်သည့် အနေဖြင့် ဖိတ်ကြားထားခဲ့သည် မဟုတ်ပါလား။

ဓားတစ်လက်၏ သေဆုံးမှု သတင်းမှာလည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ထိတ်လန့် တုန်လှုပ် သွားစေခဲ့သည်။ အဆုံးမဲ့ ကောင်းကင်မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို စစ်ကြေညာလိမ့်မည် ဆိုသည့် ယုံကြည်မှုများပင်လျှင် ပျံ့နှံ့ခဲ့သည်။ သို့သော်လည်း... အဆုံးမဲ့ ကောင်းကင် အတွင်းတွင်ပင် ထိုကိစ္စနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှု များစွာ ဖြစ်ပေါ်နေခဲ့ပေသည်။

တစ်ချို့သော အင်အားစုများက ဝေ့ဝူယင်ကို “ပြည်ပ ခြိမ်းခြောက်မှု” တစ်ခု အဖြစ် သတ်မှတ်ကာ ယခုထက် ပိုမို၍ မကြီးထွားခင် ရှင်းလင်းလိုသည်။ တစ်ချိန်တည်း၌ ရွှေရောင် အသက်နန်းတော်တို့ ကဲ့သို့ အင်အားစုများကတော့ “ဓားတစ်လက်မှာ ကိုယ့်ဒုက္ခ ကိုယ်ရှာကာ အသက် ဆုံးရှုံးခဲ့ခြင်း” ဟု ခေါင်းစဉ်တပ်ကြသည်။ တစ်ချိန်တည်း၌ အင်ပါယာ ကလန်ကတော့ မည်သည့် ကြေညာချက်မှ မထုတ်ပဲ ယနေ့တိုင် တိတ်ဆိတ်နေဆဲ ဖြစ်သည်။

တစ်ချို့က ဝေ့ဝူယင်မှာ ဧကရီကို ပြန်လည် ပေးပို့လိုက်ပြီဟု ဆိုကြသည်။ ထို့ကြောင့်သာ အင်ပါယာ ကလန်မှာ ငြိမ်သက်နေခြင်း ဖြစ်ပေလိမ့်မည်။ တစ်ချို့ကလည်း ဝေ့ဝူယင်အား မည်သူမှ စစ်မကြေညာရဲခြင်းမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေကို စောင့်ရှောက်နေသည့် မြေကြီး ရှန့်ထို ကိုးဆယ်ကျော်ကြောင့်ဟု ခိုင်မာစွာ ယုံကြည်နေကြသည်။ ၎င်းက အင်ပါယာ ကလန်ပင်လျှင် ဖြုံလောက်သည့် အင်အား ဖြစ်ပေသည်။

သို့သော်လည်း ကံကောင်းထောက်မစွာပင် အင်ပါယာ ထျန်းကလန်မှာ သူတို့၏ အကြီးမားဆုံးသော အားသာချက်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ၎င်းမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ထျန်းတိုက်ကျုံးမှ လွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။ ထိုပြိုင်စံရှား ပုဂ္ဂိုလ်ကြီး နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာမည်လား ဆိုသည်ကို လူတိုင်း သိချင် နေကြပေသည်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်ပေါ်လာခြင်းနှင့် ဆက်နွယ်၍ ချိပ်ပိတ်နယ်မြေ အတွင်း ဖြစ်ပွားနေခဲ့သည့် တစ်ခြား ဖြစ်ရပ်များလည်း ရှိနေပေသေးသည်။

ပြည်ထောင်စု ရင်းမြစ် သန့်စင် နန်းတော်၊ အင်ဖာနို နေမီးတောက် ဘုရားကျောင်းနှင့် မဟာ ပင်လယ်ပြာ တော်ဝင် ကလန်တို့မှာ သူတို့ အုပ်စိုးသည့် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ အသီးသီးကို စွန့်ခွာကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေသို့ ပြောင်းရွှေ့ခဲ့ကြသည်။ တော်ဝင် ကလန် ပြောင်းရွှေ့သွားသည်နှင့် တစ်ပြိုင်နက် အစစ်အမှန် မွေးဖွားခြင်းက မဟာ ပင်လယ်ပြာကို သိမ်းပိုက်ကာ ကြယ်ငါးထောင့်ကို ပြီးပြည့်စုံစေခဲ့သည်။

သို့သော်လည်း မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေကတော့ အခြား ကြယ်တာရာ နယ်မြေများနှင့် ယှဉ်လျှင် အဆုံးမဲ့ ကောင်းကင်၏ အနီးအနားတွင် တည်ရှိနေလေရာ ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အကျိုးအမြတ်များကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့်ပင် သူတို့မှာ နယ်မြေလုပွဲများ စတင် ပေါ်ပေါက် လာကာ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေသား မဟုတ်သည့် မြေကြီး ရှန့်ထိုများ ပင်လျှင် ပါဝင် လာခဲ့သည်။ တိတိကျကျ ဆိုရလျှင် မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေ အတွင်း၌ မဟာမိတ် သုံးခု ကွဲနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ဖို့ အချိန်သိပ်မယူလိုက်ရပါချေ။ ထန်ကလန်ကို ကူညီရန် မူလ ရာထူးမှ နှုတ်ထွက်ခဲ့သည့် မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်မှာ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေထံသို့ ပြန်လည် ရောက်ရှိလာကာ စစ်ပွဲ အတွင်း ပါဝင်လာခဲ့သည်။ ၎င်းက အတော်လေး အံဩစရာ ကောင်းပေသည်။

ပျောက်ဆုံးနေသည့် ဆယ်စုနှစ် သုံးခုနီးပါး ကာလ အတွင်း မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်၏ ကျင့်ကြံခြင်းမှာ များစွာ တိုးတက်လာခဲ့သည်။ သူ့ လျှို့ဝှက် စွမ်းအင်ထဲ၌ နိဗာန မီးတောက် ရည်ရွယ်ချက်၏ အငွေ့အသက်များပင် တွေ့ရှိရသည်။ ပြန်လည် ရောက်ရှိလာပြီးနောက် လူအိုကြီးမှာ ထန်ဟိုင်ဟိုင်၏ သစ္စာရှိ နောက်လိုက် အကြွင်းအကျန်များနှင့် အတူ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။

ပြင်ပလူများ၏ အမြင်တွင် စစ်ရှုံး ထန်မျိုးနွယ်ဝင်များမှာ မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်ထံတွင် အပြည့်အဝပင် ခိုလှုံသွားခဲ့သည်။ သို့သော်လည်း... တကယ်တမ်းတွင်တော့ ပိုင်လင်၏ အစေခံများက လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေကတော့ ထန်းလန် ကြယ်တာရာ နယ်မြေလို အဖြစ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ များလှစွာသော အင်အားစုများမှာ နယ်မြေနှင့် အရင်းအမြစ် ပိုင်ဆိုင်မှု အတွက် တိုက်ခိုက်ခဲ့ကြသည်။ တစ်ခဏ အတွင်းမှာပင် ၎င်းမှာ ဖရိုဖရဲ အခြေအနေ တစ်ရပ် အတွင်း ကျဆင်း သွားခဲ့ရလေသည်။

သို့သော်လည်း... မကြာခင်မှာပင် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေနှင့် ပတ်သက်၍ ကြယ်ကွင်းပြင်လုံးဆိုင်ရာ ကြေညာချက် တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်မည့် လူငယ်များကိုသာ သူတို့၏ လျှို့ဝှက် ကြယ်တာရာ အဆင့် ကြီးကြပ်သူများနှင့် အတူ ထိုနယ်မြေ အတွင်း တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုအရာက ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေကို လူငယ် ပါရမီရှင်များ အတွက် လေ့ကျင့်ရေးကွင်း တစ်ခု ဖြစ်သွားစေခဲ့သည်။ များလှစွာသော အင်အားစုများမှာ အဆိုပါ နယ်မြေလုပွဲတွင် ပါဝင်ရန် အတွက် သူတို့၏ ရွေးချယ်ခံ ဧကရာဇ်လောင်းများကို စေလွှတ်ခဲ့ကြသည်။ မကြာခင် ရွှေရောင် အသက်နန်းတော်ပါ ပါဝင်လာကာ ဖရိုဖရဲ အခြေအနေများကို ပယ်ဖျက်၍ ပိုမို စည်းစနစ် ကျနသည့် ပြိုင်ပွဲ တစ်ခုကို ဖော်ဆောင် ပေးခဲ့သည်။ ၎င်းကို ပြည်ထောင်စု ဝိညာဉ် ပြိုင်ပွဲဟု နာမည် တပ်ခဲ့သည်။

ပြိုင်ပွဲ၏ စည်းမျဉ်းများက ရိုးရှင်းသည်။ နံပတ်တစ် ပြိုင်ပွဲဝင်များ အနေဖြင့် ဒေသခံများကို ထိခွင့် မရှိချေ။ နံပတ်နှစ် ဂြိုဟ်များထက်ရှိ သတ်မှတ်ထားသော ရင်မြစ်များကိုသာ ယူဆောင်ခွင့် ရှိသည်။ နံပတ်သုံး မည်သည့် ဖျက်ဆီးမှုမျိုးကိုမှ လုပ်ခွင့် မရှိချေ။ ထိုစည်းမျဉ်း သုံးချက်အား လိုက်နာပါမည်ဟု လျှို့ဝှက် ကျိန်စာ ကျိန်ဆိုထားသူများသာလျှင် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေကို ဝင်ရောက်ခွင့် ရှိပေသည်။ အကယ်၍ အတင်းအကြပ် ဝင်ရောက်ဖို့ ကြိုးစားမည် ဆိုလျှင် ထိုအရာက ရွှေရောင် အသက်နန်းတော် အပါအဝင် ပြည်ထောင်စု ဝိညာဉ် ပြိုင်ပွဲအား ဦးဆောင် ဖန်တီးသူများကို စိန်ခေါ်ခြင်း အဖြစ် သတ်မှတ်သည်။

များစွာသော ထိပ်သီး အင်အားစုများကလည်း ရွှေရောင် အသက်နန်းတော်နှင့် အတူ ရပ်တည်ကြသည်။ ရွှေရောင် အသက်နန်းတော် ချမှတ်ထားသည့် စည်းမျဉ်းများက ပြိုင်ပွဲဝင်ရော ဒေသခံ နှစ်ဦးနှစ်ဖက် စလုံး အတွက် အကျိုးမယုတ်သည့် အပြင် ပိုမို စည်းစနစ် ကျနသည့် ပြိုင်ဆိုင်မှု တစ်ခုကိုလည်း လမ်းဖွင့်ပေးနိုင်သည်။ ထို့အပြင်... သူတို့မှာ မည်သည့် အခကြေးငွေကိုမှလည်း ကောက်ယူခြင်း မရှိပါချေ။

ကံဆိုးတာ တစ်ခုက ရွှေရောင် အသက်နန်းတော်မှာ ပြည်ထောင်စု ဝိညာဉ် ပြိုင်ပွဲကို အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးမှ ကျင်းပမည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်ခံများ အနေဖြင့် ပြိုင်ဘက်များနှင့် စစ်တလင်း တစ်ခု ခင်းကျင်းနိုင်ပေသည်။ သို့သော်လည်း ထို့မတိုင်ခင် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် မည်သည့် အရာများ ခင်းကျင်းပြသမည်ကို အရင် ကြည့်ရှု သင့်သည်။

အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်မှာ အဂ္ဂိရတ် ကုန်စည်ပြပွဲ ကျင်းပမည့် အချိန်ကို ကြေညာခဲ့ပြီး ဖြစ်လေရာ တစ်လောကလုံးမှာ ခရီးနှင်ဖို့ အစီအစဉ်များ စတင် ပြုလုပ်နေကြပြီ ဖြစ်လေသည်။

သို့သော်လည်း ကြယ်ကွင်းပြင် နှစ်ခု အကြား အကွာအဝေးက အလွန်ပင် ကြီးမားလှလေရာ များလှစွာသော အဆင့်နိမ့် ကျင့်ကြံသူများမှာ ကံကြမ္မာကို လက်ခံကာ အဝေးမှ နားစွင့်နေကြဖို့သာ တတ်နိုင်ကြသည်။ သို့သော်လည်း ဗြုန်းစားကြီး ဆိုသလိုပင် ရွှေရောင် အသက်နန်းတော်က အားလုံး တတ်နိုင်သည့် နှုန်းထားဖြင့် ဟင်းလင်းပြင် သင်္ဘောများကို စတင်ကာ ပြေးဆွဲပေးခဲ့သည်။ ကျင့်ကြံခြင်း မိသားစုများ အတွက် ဆိုလျှင် အထူး ဈေးနှုန်းများကိုပင် သတ်မှတ်ပေးခဲ့သည်။

သူတို့၏ လုပ်ဆောင်မှုက မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ဂယက်ထ သွားစေခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်မှာ သူ၏ အဂ္ဂိရတ် ကုန်သည် ပြပွဲ အတွက် အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ရွှေရောင် အသက်နန်းတော်မှာ ထိုကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ထိုလုပ်ရပ် တစ်ခုတည်း အတွက်ပင် သူတို့ အတွက် လျှို့ဝှက်ကျောက်တုံး သောင်းချီ အရှုံးပေါ်သွားမှာ ကျိန်းသေ ပေသည်။

သို့သော်လည်း ရွှေရောင် အသက်နန်းတော်မှာ လူတိုင်း လွယ်လွယ်နှင့် မရနိုင်သည့် အကျိုးအမြတ် တစ်ခုကိုတော့ ရရှိသွားခဲ့ပေသည်။ ၎င်းက ဂုဏ်သတင်းပင်။

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖွဲ့စည်းကြောင်း ကြေညာပြီးနောက် တစ်လမျှ အကြာတွင် များစွာသော ဟင်းလင်းပြင် သင်္ဘောများမှာ ရှည်လျားလှသော အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ခရီးနှင် နေကြပြီ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကြယ်တာရာ အမြုတေ အဆင့် အများစုမှာ သူတို့ နေထိုင်ရာ လောကနယ်မြေများ၊ ဂြိုဟ်များမှ အပြင်သို့ မထွက်ခွာဖူးသူများ ဖြစ်သည်။ နတ္ထိ ဟင်းလင်းပြင်မှာ တော်ရုံတန်ရုံ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ဖြတ်သန်းဖို့ မဝံ့ရဲသည့် နေရာများ ဖြစ်သည်။ ကမ္ဘာကြီးအား လေ့လာ စူးစမ်းခွင့် ရရှိမည့် အခွင့်အရေးကို သူတို့ မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။

လပိုင်းမျှ အတွင်းမှာပင် ထရီလျံ ထောင်ပေါင်းများစွာသော မဟာ စက်ဝန်း ကြယ်ကွင်းပြင်သားများမှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲ တက်‌ရောက်ရန် အတွက် အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ ခရီးနှင် နေကြပြီ ဖြစ်လေသည်။ ၎င်းက သမိုင်းတွင် တစ်ခါမှ မကြုံဖူးသည့် အဂ္ဂိရတ် ကုန်စည်ပြပွဲမျိုး ဖြစ်ပေသည်။ တစ်ခါတုန်းက ထာဝရ ဧကရာဇ်၏ ကုန်စည်ပြပွဲ ပင်လျှင် ဤမျှလောက် ခမ်းနားခြင်း မရှိပါချေ။

...

အကန့်အသတ်မဲ့ သိုင်းဂိုဏ်းကြီး၏ အကန့်အသတ်မဲ့ သင်္ဘောထက်၌...

အကန့်အသတ်မဲ့ဟု အမည်ပေးထားသည့် ထိုဟင်းလင်းပြင် သင်္ဘောကြီးမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အကြီးမားဆုံးသော သင်္ဘောကြီး အဖြစ် ထင်ရှားပေသည်။ ထိုသင်္ဘောထဲ၌ လျှို့ဝှက် နယ်မြေပေါင်း ကိုးဆယ့်ကိုးခု ပါဝင်ကာ ၎င်းတို့ထဲတွင် မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသည့် မြို့တော်ကြီးများ၊ သမုဒ္ဒရာများ ပင်လျှင် တည်ရှိနေပေသည်။ တစ်နည်းဆိုရသော်... ၎င်းတို့ တစ်ခုချင်းစီမှာ လူဘီလျံပေါင်းများစွာကို သယ်ဆောင်နိုင်သည် အထိ ကြီးမားသည်။

သွေးတစ္ဆေများ၊ ပြည်ထောင်စုရင်းမြစ် သန့်စင် နန်းတော် အဖွဲ့ဝင်များနှင့် နာမည်ကျော် ဟင်းလင်းပြင် မုဆိုး အဖွဲ့များစွာမှာ လျှို့ဝှက်နယ်မြေ အသီးသီးတွင် နေရာယူထားကြကာ ဝင်္ကပါများ ကောင်းစွာ လည်ပတ်ရေးကို တာဝန်ယူ လုပ်ဆောင်နေကြပေသည်။

အကန့်အသတ်မဲ့၏ ထိန်းချုပ်ရေး ခန်းမ အတွင်းတွင်တော့ မာ့ကျန်းနှင့် မာ့ဆုကျင်းတို့ သားအဖ နှစ်ဦး ရှိနေခဲ့လေ၏။

“အဖေ... ဒါက နည်းနည်း မများဘူးလား...”

***

All Chapters