← Chapters

တခြားလူများကို ကူညီခြင်း

Vol. 015 Ch. 1499

တခြားလူများကို ကူညီခြင်း

Vol. 015 Ch. 1499

လော့ယွဲ့က ထိုအကြောင်းကို အများကြီး မတွေးဘဲ အခြားအကြောင်းအရာများကို ဆက်၍ ပြောဆိုလိုက်သည်။

“ကျွန်မကြားတာတော့ ကောင်းကင်အာဏာစက်ဘုံမှာ ပြောင်းလဲမှုကြီးတွေ ဖြစ်နေပြီး ထိပ်သီးအင်အားစုတွေ တိုက်ခိုက်နေကြတယ်ဆို။ ကြားမိသေးလား” ရုတ်တရက် လော့ယွဲ့က ထပ်မေးလိုက်သည်။

“ကြားတယ်။ ဘာလို့လဲ။ မင်း စိတ်ဝင်စားတယ်ဆိုရင် မင်းအဖေကို ဘာလို့ မမေးတာလဲ” ထိုက်ရွှမ်စားသောက်ဆိုင်၏ အိမ်တော်သခင်က မေးလိုက်သည်။

“သူက ခုတလော လက်တွေ့ကျင့်ကြံဖို့ ထွက်သွားတယ်” လော့ယွဲ့က တုံ့ပြန်လိုက်သည်။

“အဲဒီလိုလား။ လွန်ခဲ့တဲ့ လအတော်လေးကြာတုန်းက ကောင်းကင်အာဏာစက်ဘုံမှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ ကောင်းကင်နတ်တံခါး၊ ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်တို့က အတော်လေး ဒုက္ခရောက်ခဲ့ကြတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ အိမ်ရှေ့စံက ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှာ ကျင့်ကြံနေပြီး ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတယ်လို့ ပြောလို့ရတယ်။ ပျောက်ဆုံးခြင်းနယ်မြေမှာ မင်း မြင်ခဲ့တဲ့ ဓားသမားက သူ့အဆင့်နဲ့တော့ ယှဉ်လို့ရမှာ မဟုတ်ဘူး” အိမ်တော်သခင်က ပြောလိုက်၏၊

လော့ယွဲ့က ခေါင်းညိတ်လိုက်သည်။ ဘုံကိုးဘုံ၌ ပါရမီရှင် မည်မျှ များများ ရှိသနည်း။ ထိုက်ရွှမ်တောင်၌ပင် ထူးချွန်လှသည့် တန်ခိုးရှင်အချို့ရှိပေသည်။

ပျောက်ဆုံးခြင်းနယ်မြေမှ ဓားသမားက အလွန် အားကောင်းလှသော်လည်း ထိုအထွတ်အထိပ်မှ လူများနှင့် ယှဉ်နိုင်ခြင်းမရှိသည်လည်း ဖြစ်နိုင်ပေသည်။

“ဖြစ်နိုင်ပါတယ်” လော့ယွဲ့က တီးတိုးပြောလိုက်သည်။

“လော့ယွဲ့၊ ကု့ချင်းတေးသွားကို ဘယ်လိုထင်လဲ” အိမ်တော်သခင်က မေးလိုက်သည်။

လော့ယွဲ့က သူမ၏ အာရုံကို ငြိမ်သက်စွာ တီးခတ်နေသည့် ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်။ ရီဖူရှင်းသည် ခေါင်းကို ငုံ့ကာ ကြိုးများကို တီးခတ်နေသည်။ သူက ထိုနှစ်ယောက်ကြားမှ စကားများကို သတိမပြုမိသကဲ့သို့ပင် ဖြစ်သည်။ သူ၏ ဂီတသည် စားသောက်ပွဲ၏ ခံစားချက်တို့နှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။ မည်သူမှသာ မပြောခဲ့လျှင် လော့ယွဲ့က ထိုအကြောင်းကို မေ့နေလောက်ပြီ ဖြစ်၏။ ထိုသည်မှာ ဂီတက ညံ့ဖျင်း၍ မဟုတ်ဘဲ အလွန် သိမ်မွေ့ကာ နားထောင်သူ၏ ခံစားချက်နှင့် အလွန် လိုက်လျောညီထွေ ဖြစ်နေလွန်းကာ ဝိုင်နှင့် အစားအသောက်များကဲ့သို့ပင် စားသောက်ပွဲ၏ အစိတ်အပိုင်း ဖြစ်လာသည့်အတွက် ဖြစ်လေသည်။

“ချီးကျူးလောက်စရာပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားရလောက်အောင် ဘာက လုပ်နေလဲဆိုတဲ့ အဓိကအချက်ကိုတော့ ပြောရခက်တယ်” လော့ယွဲ့က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ သူမက ဂီတပညာရှင်ကို ကြည့်နေခဲ့၏။ သူ၏ အရှိန်အဝါက နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိလှပြီး အလွန်လည်း ချောမောခန့်ညားပေသည်။ သူက အတော်လေး သာမန်ဆန်သည်ဟု ထင်မှတ်ရသော်လည်း သူ၏ ဂီတကဲ့သို့ပင် အထင်ကြီးလေးစားဖွယ်လည်း ကောင်းနေပေသည်။

“ရှန်သခင်လေးက စားသောက်ဆိုင်ရဲ့ ဂီတပညာရှင်လေ။ ဒီကိုလာတဲ့ ဧည့်သည်တိုင်း သူ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းကို မချီးကျူးဘဲ မနေနိုင်ဘူး” သူမ ဘေးမှ အမျိုးသမီးက အပြုံးနှင့် ပြောလိုက်သည်။

“အမှန်တရားတွေက အမြဲ ရိုးရှင်းတယ်” အိမ်တော်သခင်က ပြုံးလိုက်သည်။ သူမက သူမ၏ တပည့်ကို ကြည့်ကာ မေးလိုက်၏။ “သူ့နာမည်က ဘာလဲ”

သူမက ရီဖူရှင်းကို တိုက်ရိုက်မမေးသည်မှာ သူ့ကို မနှောင့်ယှက်ချင်၍ ဖြစ်သလို သူ၏ အာရုံစူးစိုက်မှုကို စစ်ဆေးလို၍လည်း ဖြစ်သည်။

“ဆရာ သူ့နာမည်က ရှန်ကျင်းပါ” အမျိုးသမီးက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

“ရှန်ကျင်း.. ရိုးရှင်းပြီး သိမ်မွေ့တယ်။ နာမည်နဲ့ လူနဲ့ လိုက်ပါပေတယ်” ထိုက်ရွှမ်အိမ်တော်သခင်က ပြုံးလိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်း၏ တေးသံက နှေးကျသွားပြီးနောက် အပြီးတိုင် ရပ်တန့်သွားခဲ့သည်။ သူက ခေါင်းကို အနည်းညွှတ်ကာ ပြောလိုက်သည်။ “စီနီယာရဲ့ ချီးကျူးမှုကို ရှန်ကျင်း မခံယူဝံ့ပါဘူး”

အိမ်တော်သခင်က ရီဖူရှင်းကို ကြည့်ကာ ပြုံးလိုက်သည်။ “ဘယ်လို စိတ်ရှုပ်ထွေးမှုမှ မရှိဘဲ တေးသွားကို တီးခတ်နိုင်တယ်။ မင်းရဲ့ တေးသွားမှာ မင်းရဲ့ စိတ်အခြေအနေက ရောင်ပြန်ဟပ်နေတယ်။ နူးညံ့သိမ်မွေ့တယ်။ နှိမ့်ချတတ်တယ်။ ချောမောခန့်ညားတယ်။ ပြီးတော့ ကျက်သရေ အပြည့်ရှိတယ်။ ဒါပေမဲ့ နှိမ့်ချတတ်တဲ့ စိတ်နေစိတ်ထားမှာပဲ မတူညီတဲ့ မာနကလည်း ပေါ်လွင်နေတယ်။ ကြည့်ရတာ မင်း အခက်အခဲတွေအများကြီး ဖြတ်ကျော်ခဲ့ရတဲ့ပုံပဲ”

သူမသည်လည်း ကု့ချင်းဂီတကို နှစ်သက်သူ ဖြစ်သည်။ မဟုတ်လျှင် သူမက စားသောက်ဆိုင်အတွက် ဂီတပညာရှင်ကို ငှားရမ်းခဲ့မည် မဟုတ်ပေ။ သူမ၏ လက်ရှိ ကျင့်ကြံဆင့်နှင့် သူမသည် တစ်စုံတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် စရိုက်ကို သူ၏ ဂီတမှတစ်ဆင့် ခန့်မှန်းနိုင်ပေသည်။ သူမ၏ အာဏာနှင့် သြဇာလွှမ်းမှုကို ထုတ်မပြလျှင်ပင် သူမသည် ထိုက်ရွှမ်ဘုံအတွင်း၌ ကျော်ကြားသောသူ တစ်ယောက် ဖြစ်သည်။ အရှင်ထိုက်ရွှမ်၏ တပည့်များသည် ထိုက်ရွှမ်ဘုံကို မဆိုထားနှင့် အထက်ကောင်းကင်ဘုံတစ်ခုလုံးမှာပင် အဆင့်အတန်း မြင့်မားကြပေသည်။

သာမန်လူများသည် သူမကို မြင်တွေ့ရသည့်အခါ၌ ကြောက်ရွံ့မှုဖြစ်စေ ခံစားမှုတစ်ခုခုကို ခံစားရမည် ဖြစ်သော်လည်း ရီဖူရှင်း၏ ဂီတသံစဉ်က အလွန် တည်ငြိမ်နေပြီး မည်သည့် ပုံမှန်မဟုတ်သော အရာတစ်ခုကိုမှ ခံစား၍ မရနိုင်ပေ။ ဤဂီတပညာရှင်၏ သရုပ်သည် မျက်စိနှင့် မြင်တွေ့နိုင်သည်ထက် ပိုပေသည်။

သူမက စိတ်ဝင်တစားနှင့် အများကြီး တူးဖော်ကြည့်မည်တော့ မဟုတ်ပေ။ သူ၏ သရုပ်မှန်က မည်သို့ပင် ဖြစ်စေ သူက တမင်သက်သက် သူမအား ချဉ်းကပ်လာခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြဿနာမရှိပေ။ ထိုက်ရွှမ်ဘုံတွင် သူမကို ဆန့်ကျင်ရန် မည်သူကမှ စီစဉ်ရဲကြလိမ့်မည် မဟုတ်ပေ။ ထိုသည်ကို မိမိကိုယ်ကိုယ် ယုံကြည်မှုပင် ဖြစ်၏။

အရှင်ထိုက်ရွှမ်၏ အဆင့်အတန်းသည် အထက်ကောင်းကင်ဘုံ၌ အလွန် ကျော်ကြားပေသည်။

ရီဖူရှင်းသည် တိတ်ဆိတ်စွာနှင့် တစ်ဖက်လူကို လေ့လာနေ၏။ သူက ရိုးရှင်းသည့် သံစဉ်လေးကို အေးဆေးစွာ တီးခတ်မိရုံနှင့် တစ်ဖက်လူက သူ့အား ထိုမျှအများကြီး မြင်သွားစေရန် လုပ်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒီနေရာက မင်းလို အရည်အချင်းရှိတဲ့ သူအတွက်ကတော့ အတော်လေး သေးငယ်တဲ့ နေရာပဲ။ အခွင့်အရေးရရခဲ့ရင် မင်းကို ထိုက်ရွှမ်တောင်မှာ စစ်ဆေးမှုခံယူနိုင်ဖို့ ထောက်ခံပေးပါ့မယ်” အိမ်တော်သခင်က အပြုံးနှင့် ပြောလိုက်သည်။ သူမက ရီဖူရှင်း၏ တုံ့ပြန်မှုကို ရရန် မရည်ရွယ်ခဲ့ပေ။ စားသောက်ပွဲရှိ အခြားသူများကတော့ အံ့အားသင့်ကုန်ကြ၏။ လော့ယွဲ့သည်လည်း ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်သည်။ သူမက တေးသွားအတွင်းမှ ထူးခြားမှုကို ခံစားမိသော်လည်း ရီဖူရှင်း၏ ဂီတက ထိုမျှ ထူးချွန်ပါသည်လား။

ထိုက်ရွှမ်တောင်သည် အထက်ကောင်းကင်ဘုံ၏ မြင့်မြတ်နယ်မြေ ဖြစ်သည်။ ထိုနေရာရှိ လူတိုင်းက ရိုးရှင်းခြင်းမရှိပေ။ ထိုနေရာမှ ဂီတပညာရှင်များပင်လျှင် ထိပ်သီးတစ်ယောက် ဖြစ်လာရန် အရည်အချင်း ပြည့်မီပေသည်။

သိသာစွာပင် သူမ၏ ဒေါ်လေးက ရီဖူရှင်း၏ ဂီတစွမ်းရည်ကို အတော်လေး နှစ်ခြိုက်ကာ ထိုက်ရွှမ်တောင်သို့ ထောက်ခံပေးရန်ပင် တွေးနေခဲ့သည်။

မာယိနှင့် အခြားသူများကလည်း ရီဖူရှင်းကို အံ့အားသင့်ကာ ကြည့်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့၏ ဆရာ၌ ထိုသို့ အတွေး ရှိနေမည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ရီဖူရှင်း ကိုယ်တိုင်လည်း အခြားလူများကဲ့သို့ပင် အနည်းငယ် အံ့သြသွားခဲ့သည်။ အိမ်တော်သခင်သည် သူ၏ မျက်လုံးအတွင်းသို့ ကြည့်လိုက်သည့်အခါ အပြုံးတစ်ခုကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူ၏ စိတ်ခံစားချက်များက ပေါ်လွင်ထင်ဟပ်လာနေဆဲပင် ဖြစ်ရပေမည်။

ရီဖူရှင်းက အခြားလူ၏ မျက်လုံးမှ အတွေးများကို မြင်ရသည့်အခါ သူ၏ အတွေးများကို လျင်မြန်စွာ စုစည်း၍ ပြန်ဖြေလိုက်သည်။ “စီနီယာရဲ့ ချီးကျူးမှုအတွက် အလွန် ဝမ်းမြောက်မိပါတယ်”

“ငါက စစ်ဆေးဖို့ ထောက်ခံပေးမယ်ပဲ ပြောခဲ့တာ။ ထိုက်ရွှမ်တောင်ကို ဝင်နိုင်မဝင်နိုင်ကတော့ မင်းရဲ့ အစွမ်းအစနဲ့ပဲ သက်ဆိုင်တယ်။” ထိုင်ရွှမ်အိမ်တော်သခင်က ပြုံးလိုက်သည်။ သို့သော်လည်း သူမ၏ ဒေါ်လေးက ထိုသို့ ပြောသည်ဖြစ်ရာ သူမ ဆန္ဒရှိသလို လုပ်နိုင်ကြောင်းကို လော့ယွဲ့ သိရှိပေသည်။

သူမ၏ ဒေါ်လေးသည် အရှင်ထိုက်ရွှမ်၏ အငယ်ဆုံးတပည့် ဖြစ်ပြီး မိန်းကလေးလည်း ဖြစ်နေသည်။ ဆရာအဖိုးက သူမအား အလွန် ချစ်ခင်သည်ဖြစ်ရာ အရှင်ထိုက်ရွှမ်သည် သူမ ဆန္ဒရှိသည့်ကိစ္စများ အထူးသဖြင့် ဤမျှ အသေးအဖွဲလေးများနှင့် ပတ်သက်၍ မေးခွန်းပင် ထုတ်လိမ့်မဟုတ်ဘဲ ခွင့်ပြုပေလိမ့်မည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် တစ်ဖက်လူက ဆက်ပြောလာသည်ကို မြင်လေသည်။ “မင်းက ဂီတမှာ ကျွမ်းကျင်တာပဲ။ ထိုက်ရွှမ်တောင်မှာ နတ်ဘုရားစီရင်စုက ကျော်ကြားတဲ့ နတ်ဘုရားတေးသွားဆယ်ပုဒ်ထဲက တစ်ပုဒ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကြားဖူးလား။ မင်းသာ ထိုက်ရွှမ်တောင်ကို ဝင်နိုင်ခဲ့ရင် အဲဒါကို သင်ယူနိုင်မယ့် အခွင့်အရေး ရှိလာနိုင်တယ်”

ရီဖူရှင်းက ထိုသို့သော အရာကို မည်သည့်အခါကမှ မကြားဖူးခဲ့သော်လည်း သူက ဤနေရာသို့ ရောက်လာသည်မှာ မကြာသေးသည့်အတွက် မသိသေးသည့် အရာများစွာ ရှိနေသေးပေသည်။

သူ၏ နက်မှောင်သော မျက်လုံးများက ထိုက်ရွှမ်စားသောက်ဆိုင် အိမ်တော်သခင်ကို ငေးကြည့်လိုက်သည်။ ရီဖူရှင်းက ထရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။

“သွားချင်ရင် သွားလို့ပါပြီ” ထိုက်ရွှမ်အိမ်တော်သခင်က ပြုံးကာ ပြောလိုက်သည်။

“သွားခွင့်ပြုပါဦး” ရီဖူရှင်းက လှည့်ထွက်သွားပြီး သူ၏ နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သူက ထိုက်ရွှမ်စားသောက်ဆိုင်ကို ရောက်လာပြီးနောက် အခြားသူများနှင့် ဆက်ဆံခဲသည်။ သူသည် မာယိနှင့် သူ့ဂျူနီယာ ညီမလေးကိုသာ စကားအနည်းအကျဉ်း ပြောဆိုဖြစ်၏။ ရီဖူရှင်းသည် ထိုနှစ်ယောက်က ထိုက်ရွှမ်မြို့၌ အဆင့်အတန်း မြင့်မားသည့် ထိုက်ရွှမ်စားသောက်ဆိုင် ပိုင်ရှင်၏ တပည့်များ ဖြစ်သည်ကို နားလည်ထားသည်။ သူတို့က သူဂီတစွမ်းရည်ကို သဘောကျကြ၍ စပ်စုမိကြသော်လည်း သူ၏ တည်ရှိမှုကို သိပ် အရေးမထားမိခဲ့ကြပေ။

ထိုက်ရွှမ်အိမ်တော်သခင်သည် အမျိုးသမီးတစ်ယောက် ဖြစ်နေမည်ဟု သူက မသိခဲ့သော်လည်း အိမ်တော်သခင်သည် အရှင်ထိုက်ရွှမ်၏ တပည့်တစ်ယောက်ဖြစ်သည်။

သိသာစွာပင် သူသည် အိမ်တော်သခင်က သူ့အား ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ အိမ်တော်သခင်သည် သူ၏ ရည်ရွယ်ချက်ကို သိနေသော်လည်း စိတ်ထဲမထားခဲ့သည့်အပြင် သူမက တက်ကြွစွာနှင့် သူ့ကို ကူညီပေးချင်နေသည်က သူ့အား တွေးစရာ ဖြစ်နေစေသည်။

ဤလောက၌ များပြားလှသော အကျော်ဇေယျများ ပါရမီရှင်များစွာ ရှိကြပြီး တစ်ယောက်ထက် တစ်ယောက်က သာလွန်ကြသည်ချည်း ဖြစ်သည်။ အမှန်တွင် သူ့ထက်ပို၍ ထက်မြက်သော လူများစွာ ရှိလေသည်။

ရီဖူရှင်းက ထိုက်ရွှမ်စားသောက်ဆိုင်ကို လာခဲ့ခြင်းမှာ အမှန်တကယ်ပင် ထိုက်ရွှမ်တောင်ကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထိပ်တန်းနေရာသည်သာ အကောင်းဆုံးသော လူများနှင့် တွေ့ဆုံနိုင်ပြီး အကောင်းဆုံး အမြင်များကို ရရှိနိုင်ကာ ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်စေလိမ့်မည် ဖြစ်သည်။

သို့သော် သူ လုံးဝ ထင်မှတ်မထားမိသည်က ထိုက်ရွှမ်အိမ်တော်သခင်က သူ့အား ထိုမျှ မြန်မြန်ဆန်ဆန် မိတ်ဆက် ထောက်ခံပေးလိမ့်မည်ဆိုခြင်းကို ဖြစ်လေသည်။

ရီဖူရှင်းထွက်ခွာသွားပြီးနောက် စားသောက်ပွဲမှ လူတိုင်းသည် အိမ်တော်သခင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ မာယိသည်လည်း ဇဝေဇဝါနှင့် မေးလိုက်၏။ “ဆရာ တကယ်ပဲ ရှန်ကျင်းကို ထိုက်ရွှမ်တောင်မှာ ထောက်ခံပေးဖို့ ရည်ရွယ်နေတာလား”

“အင်း” အိမ်တော်သခင်က ခေါင်းညိတ်လိုက်သည်။ သူမ ဆုံးဖြတ်သည့်အရာများကို ဂျူနီယာမျိုးဆက်လေးများထံမှ ခွင့်ပြုချက်တောင်းခံနေရန် မလိုအပ်ပေ။ ရီဖူရှင်းသည်လည်း အစွမ်းထက်သော ရန်ဟောင်တစ်ပါးရှေ့၌ လှည့်စားရန် ဆုံးဖြတ်ခြင်းဟာ အချည်းနှီးဖြစ်မည်ကို နားလည်ပေလိမ့်မည်။

“ဒါပေမဲ့ ဆရာ ဘာလို့လဲ” မာယိက အတော်လေး နားမလည်နိုင် ဖြစ်နေသည်။ ရီဖူရှင်းအကြောင်းတွေးပြီး မာယိသည် သူ့အကြောင်း အလွန် သိချင်စိတ် ဖြစ်မိသော်လည်း သူက အမှန်တကယ် သူနှင့် တန်းတူအဆင့်အဖြစ် မသတ်မှတ်ထားခဲ့ပေ။ မာယိပင်လျှင် ထိုက်ရွှမ်တောင်သို့ ဝင်ရောက်ကာ မကျင့်ကြံနိုင်သေးပေ။

လော့ယွဲ့နှင့် အခြားသူများလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဂီတပညာရှင်၏ စွမ်းရည်က ထူးချွန်သော်လည်း သူ့ကို ထိုက်ရွှမ်တောင်နှင့် မိတ်ဆက်ပေးရန် ထိုက်တန်ပါရဲ့လား။

“ဒီစားသောက်ဆိုင်ကို ဖွင့်ခဲ့တာ နှစ်တွေအတော်ကြာခဲ့ပြီ။ ဒီနေရာကို လူပေါင်းများစွာ ရောက်လာဖူးတယ်။ ဒီလိုလူမျိုးကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ သူ့ရဲ့ တေးသွားထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေ အများကြီးကို ဖော်ပြသွားတယ်။ ရှန်ကျင်းက မျက်စိနဲ့ မြင်ရသလောက် မရိုးရှင်းဘူးဆိုတဲ့ ခံစားချက်ကို ပေးတယ်။ အဲဒါကြောင့် ငါ မှားလား မှန်လားဆိုတာကို စောင့်ကြည့်ချင်တယ်” သူမက ပြုံးကာ ပြောလိုက်သည်။

“ဒေါ်လေးက သူ ထိုက်ရွှမ်တောင်ကို ဝင်ချင်တဲ့အကြောင်း သတိပြုမိလိုက်တာလား” လင်းယွမ်က မေးလိုက်သည်။ သိသာစွာပင် သူက ပို၍ အရိပ်အကဲသိပေသည်။

“အင်း” အိမ်တော်သခင်က ခေါင်းညိတ်လိုက်၏။

“သူက အဲဒီကို ဝင်ဖို့ ရည်ရွယ်ချက်နဲ့ လာတာဆိုရင် ဒေါ်လေးက ဘာလို့ သူ့ကို ကူညီရတာလဲ” လော့ယွဲ့က မေးလိုက်သည်။

“တန်ခိုးရှင်လောကမှာ ရည်ရွယ်ချက် မရှိတဲ့သူ ဘယ်သူရှိလို့လဲ။ ဥပမာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်။ မင်းတို့ထဲက ဘယ်သူများ ထိုက်ရွှမ်တောင်ကို ဝင်ပြီး မကျင့်ကြံချင်ဘဲ ရှိလဲ” အိမ်တော်သခင်က ပြုံးလိုက်သည်။ “မင်းတို့ကို သက်ရောက်မှု မရှိမှတော့ သိပ်စိုးရိမ်မနေကြပါနဲ့။ ပြီးတော့လည်း ဂီတပညာရှင်လေးပဲလေ။ ထိုက်ရွှမ်တောင်ရဲ့ တပည့်အနေနဲ့မှ မဟုတ်တာ။ ထိုက်ရွှမ်တောင်မှာ သူ ဘာလုပ်နိုင်မလဲဆိုတာက သူ့ရဲ့ အားထုတ်မှုနဲ့ စွမ်းရည်ပေါ်မှာ မူတည်တယ်။ အဲဒါက ငါ့ရဲ့ အကဲခတ်မှုကိုလည်း အတည်ပြုပြီးသားဖြစ်လိမ့်မယ်။ ဒါက တခြားလူကို ကူညီဖို့ အသေးစား အားထုတ်မှုလေးပါပဲ။ ဘာလို့ အရမ်း မနာလိုဖြစ်နေတော့မှာလဲ။ ပြီးတော့ ငါက သူ့ရဲ့ ကျေးဇူးတင်မှုကိုလည်း ရရှိထားတယ်လေ”

“လော့ယွဲ့ နားလည်ပါပြီ” သူမက ထိုစကားများကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ပြီး အတွေးထဲ နစ်မျောသွားခဲ့သည်။ သူမ၏ အဖေ ပြောပြချက်အရ သူမ ဒေါ်လေး၏ ကျင့်ကြံခြင်းပါရမီ အရည်အချင်းက အလွန် မြင့်မားသည်။ ယနေ့ ကိစ္စသေးသေးလေးမှနေ၍ သူမသည် ဒေါ်လေး၏ သဘောထားကြီးခြင်းကို မြင်တွေ့နိုင်ပေသည်။

“နောက်ကျနေပြီ။ လော့ယွဲ့ မင်း စားသောက်ဆိုင်မှာ ရက်နည်းနည်းလောက်နေဦးမလား။ အိမ်ပြန်တော့မှာလား။” အိမ်တော်သခင်က မေးလိုက်သည်။

“လော့ယွဲ့ ဒေါ်လေးရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် မပေးတော့ပါဘူး” လော့ယွဲ့က ပြန်ဖြေလိုက်သည်။ လူစုသည် ထရပ်လိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ယနေ့ အဖြစ်အပျက်သည် လော့ယွဲ့၏ နှလုံးသားကို လှုပ်ခတ်စေခဲ့သည်။ ပျောက်ဆုံးခြင်းနယ်မြေမှ ဓားသမားသည် တစ်ချက်တည်းနှင့်ပင် ရှန့်ထိုအဆင့်မှ အခြားလူများကို ရှုံးနိမ့်စေခဲ့သည်။

ထို့နောက် စားသောက်ဆိုင်ကို ရောက်လာသည့်အခါတွင်လည်း သူမသည် ဒေါ်လေး၏ သဘောထားကြီးမှုကို မြင်တွေ့ခဲ့ရသည်။ ထိုကိစ္စသည် အရေးမပါဟု ထင်မှတ်ရသော်လည်း သူမက ထိုကိစ္စမှနေ၍ သင်ယူနိုင်ခဲ့ပေသည်။

ညအမှောင်က ကြီးစိုးလာခဲ့ပြီး စားသောက်ဆိုင်သည် လှပသည့် ညကောင်းကင်အောက်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့သည်။ စားသောက်ဆိုင်၏ အခန်းတစ်ခုနှ ကု့ချင်းတီးခတ်သံကို ကြားနိုင်ပြီး ထိုတေးသွားက ထိုက်ရွှမ်စားသောက်ဆိုင်ကို ပို၍ လှပသွားစေသည်ဟု ထင်မှတ်ရပေသည်။

***

စာစဉ်(၁၀၄) ပြီး၏။

All Chapters