လုပ်ဇာတ်ပေါ်လာခြင်း
Vol. 46 Ch. 634
ကျင့်ကြံသူပိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဘာလဲ။ အစ်ကိုဝေက ဒီမှာ နှစ်ပေါင်းရာချီနေနေခဲ့တာဆိုတော့ ဒီနေရာကို သံယောဇဉ် ပိုဖြစ်လာတာများလား…”
ဆံပင်စုတ်ဖွားနှင့်အဘိုးအိုသည် စိတ်ခံစားချက်မဲ့စွာ ပြော၏။
“မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်က ဒီနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာဆိုတော့ ဒီနေရာအပေါ် တွယ်တာမှုတချို့တလေ ဖြစ်မိတာတော့ မှန်တယ်။ တကဘ်တော့ လူသားဆိုတာ ခံစားချက်သတ္တဝါ မဟုတ်လား။ ပြီးတော့ ဒီလောက်နှစ်အကြာကြီးမှာ မျောလွင့်တိမ်ဂိုဏ်းရဲ့ အကြီးအကဲယွမ်က ကျုပ်ကို တူသားတစ်ယောက်လို့ သဘောထားပြီး ဆက်ဆံပေးခဲ့တာ။ သူက ကျုပ်ကို နတ်ပညာရပ်တွေ သင်ပေး၊ပြောပြပေးခဲ့တဲ့အပြင် ဒုက္ခအသည်းအသန် ရောက်ခဲ့တုန်းကလည်း ကျုပ်အသက်ကို ကယ်တင်ပေးခဲ့ဖူးသေးတယ်။ ဒီလိုကြင်နာမှုမျိုးကို ကျုပ် ထည့်မတွက်လို့ မရဘူး။ ဒါကြောင့် မင်းတို့နှစ်ယောက် ဒီစိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ကို ယူဆောင်သွားမဲ့ဟာ ကျုပ်အနေနဲ့ ခွင့်ပြုမပေးနိုင်ဘူး…”
တုတုံသည် ဒေါသထွက်ရမည့်အစား ပြုံး၏။ သူက ခြိမ်းခြောက်စကားဆိုလာသည်။
“သိပ်ကောင်းတယ်။ အစ်ကိုဝေက မျောလွင့်တိမ်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်လို ပြုမူနေတော့တာပဲ။ ဒါပေမဲ့ ကျုပ်တို့သာ ခင်ဗျားဟာ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သူလျှိုတစ်ယောက်ဖြစ်ကြောင်း အမှန်တရားကိုသာ ထုတ်ပြောလိုက်မယ်ဆို ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ မမေ့နဲ့။ အဲ့လိုသာဆို ခင်ဗျားအနေနဲ့ အပူအပင်ကင်းကင်း၊လွယ်လွတ်လပ်လပ် ဆက်ရှိနေဦးမယ်လို့ ထင်လား…”
ဆံပင်စုတ်ဖွားနှင့်အဘိုးအိုက တည်တည်ငြိမ်ငြိမ် ပြန်တုံ့ပြန်သည်။
“ငါ့ကို မင်း သတိပေးဖို့ မလိုပါဘူး။ ငါ ကောင်းကောင်းသိပြီးသား။ ငါက ဒီမှာ ဘာကြောင့် ထိန်းချုပ်ခံထားရလဲဆိုတာ မင်း သိလား။ ငါ့ကို သိုင်းဦးလေးနှစ်ယောက် သံသယဝင်ခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီလေ။ သူတို့အနေနဲ့ သက်သေပြလို့ မရတာတစ်ခုပဲ ရှိတာ။ ဒါကြောင့် ဂိုဏ်းထဲမှာရှိတဲ့ ငါ့ရဲ့ ရာထူးအာဏာကနေ ဖယ်ရှားခံရပြီး ဒီနေရာမှာ ထိန်းသိမ်းခံထားရတာ။ တကယ်တော့ ငါဟာ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ကြင်နာမှုကိုလည်း အများကြီး ရခဲ့ဖူးပါတယ်။ ရောင်းရင်းတုကသသာ ဂိုဏ်းသခင်ရွှီရဲ့ တုန်ကင်ကို ပြနိုင်မယ်ဆို ငါ့အနေနဲ့ ဒီအပင်ကို မပေးလိုက်နိုင်ဘူးဆိုရင်တောင် ဝတ်ရည်တချို့တဝက်ကိုတော့ ပေးလိုက်မယ်။ ဒါက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ကြင်နာမှုအပေါ် ငါ့အနေနဲ့ ပြန်ပေးဆပ်တဲ့ သဘောပါ…”
“ဘာလဲ။ ခင်ဗျားက ကျုပ်တို့ကို အပင်ဝတ်ရည်ပဲ ပေးမှာတဲ့လား။ ကျုပ်…”
တုတုံ၏ အမူအရာသည် စိတ်အေးလက်အေးဖြစ်သွားပြီး ကျင့်ကြံသူပိုင်၏စကားကို ကြားဖြတ်ကာ ဝင်ပြောသည်။
“ကောင်းပြီ အပင်ဝတ်ရည် ကျုပ်တို့ကိုပေးပါ။ အဲ့တာရမယ်ဆို စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ကို ကျုပ်တို့ မလိုအပ်တော့ဘူး။ တကယ်တော့ ကျုပ်တို့ လမ်းမှန်နဲ့မိစ္ဆာဂိုဏ်းတွေမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ပိုင်ဆိုင်ထားပြီးသား။ စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်လိုမျိုးအရာ ကျုပ်တို့မှာ မရှိနေပေမဲ့ အလားတူ စိတ်ဝိညာဉ်စိမ့်တွင်းအမျိုးအစား တခြားအရာတွေ ကျုပ်တို့မှာ များများစားစား ရှိထားပြီးသားပါ…”
ကျင့်ကြံသူပိုင်သည် ထိုစကားကို ကြားသည့်အခါ ကျင့်ကြံသူပိုင်သည် တုတုံကို အံ့အားတသင့် လှမ်းကြည့်သည်။ တကယ်တော့ သူ့ကို အမိန့်ပေးခဲ့သူမှာ ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်း၏ လူငယ်သခင်ဖြစ်သူ တုတုံ မဟုတ်လား။ သူသည် လမ်းမှန်တာအိုမဟာမိတ်အဖွဲ့အစည်းနှင့် မိစ္ဆာတာအိုဂိုဏ်းခြောက်ဂိုဏ်းတို့သည် မည်မျှ နီးကပ်မှု ရှိကြသလဲ မသိသော်ငြား ဤကိစ္စ၌ သူ၏ အကဲဖြတ်မှုသည် ကွဲပြားပေသည်။
ထိုစဉ် ကျင့်ကြံသူဝေက အေးတိအေးစက် ပြောလာသည်။
“ရောင်းတို့နှစ်ယောက်လုံး အနားရောက်တာနဲ့ ကျုပ်က အတားအဆီးတွေထဲကနေ အပင်ဝတ်ရည်ကို ထုတ်ယူပေးပါ့မယ်။ ဒါပေမဲ့ ကျုပ်က အတားအဆီးတွေကို ဖြေလျော့ပေးတဲ့အချိန် မင်းတို့ဘက်က အခွင့်ကောင်းယူလာမယ်ဆို ကျုပ်ရဲ့ ရက်စက်မှုအတွက် အပြစ်မတင်လေနဲ့…”
တုတုံသည် တဟားဟားရယ်မော၍ တည်ငြိမ်စွာ ပြောသည်။
“စိတ်ချပါ။ ကျုပ်တို့ မဆင်မခြင် ဘာမှ မလုပ်ပါဘူး။ တကယ်တော့ ဒီစိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ဟာ ရှေးနတ်ဘုရားမအပင်နဲ့ ယှဉ်ရင် ပမွှားပဲမဟုတ်လား…”
အဘိုးအိုဝေက ခေါင်းညိတ်ပြပြီး သူ့သိုလှောင်အိတ်ထဲမှ အဖြူရောင်ပုလင်းငယ်ကို ထုတ်ယူလိုက်သည်။
“ပြင်ဆင်ထားကြ…”
“ဘာကို ပြင်ဆင်ရမှာလဲဆိုတော့… ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းရဲ့ အဖိုးတန်ပိုင်ဆိုင်မှုကို ကျုပ်တို့ရန်သူတွေဆီ ပေးဖို…”
ဆံပင်စုတ်ဖွားနှင့်အဘိုးအို၏စကား မဆုံးသေးခင်မှာပင် မြေအောက်မှ ဓားအမျှင်တန်းဆယ်ခုကျော်သည် ထိုးထွက်ကာ အနီရောင်လင်းလက်မှုနှင့်အတူ သူ့ကို ချည်နှောင်ရန် ကြိုးစားလာသည်။
တစ်ချိန်တည်းမှာ လှိုဏ်ဂူဝင်ပေါက်ထံမှ အဝါရောင်အလင်း တောက်ပသွားပြီး အစောပိုင်းတုန်းက ကွယ်ဝှက်နေကြသော ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။ သူတို့သည် တုတုံနှင့် ကျင့်ကြံသူပိုင်တို့ထံ ဦးတည်ချဉ်းကပ်လာ၏။
ကျင့်ကြံသူပိုင်နှင့်တုတုံတို့သည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ သူတို့၏အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ တစ်ချိန်တည်းတွင် ထိန်းချုပ်ခံထားရသော ကျင့်ကြံသူဝေ၏နောက်တွင် လန်မျိုးရိုးနှင့်ကောင်လေး ပေါ်လာသည်။
ထိုကောင်လေးသည် သူတို့နှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကောင်းတယ်…သိပ်ကောင်းတယ်။ ကျုပ်တို့လို အဘိုးကြီးတွေက လမ်းမှန်နဲ့ မိစ္ဆာတာအိုတို့က ကျုပ်တို့ဂိုဏ်းတွေထဲမှာ သူလျှိုအများအပြား စိမ့်ဝင်ခိုင်းထားတာ သိတာ ကြာပြီ။ ကျုပ်တို့က မင်းနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သက်သေ မရှိတော့ မင်းကို ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်ဘဲ ဖြစ်နေခဲ့တာ။ တကယ်တော့လည်း ကျုပ်တို့အနေနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို မှားယွင်းသတ်ဖြတ်မိခဲ့မယ်ဆို ဆုံးရှုံးရတဲ့ တန်ကြေးက နည်းမှမနည်းလေဘဲကို။ ဒါပေမဲ့ အခုတော့ မင်းက မင်းကိုယ်မင်း အရင် ထုတ်ပြလာမှတော့ ကျုပ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေစရာ မလိုတော့ဘူးပေါ့…”
ကျင့်ကြံသူပိုင်၏အမူအရာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။ သူ့အနေဖြင့် မည်သည့်စကားမျှ တုံ့ပြန်ရမှန်းမသိ ဖြစ်ကာ ဆွံ့အသွားသည်။ တုတုံ၏ အမူအရာကမူ ဖြူရော်ရော် ဖြစ်သွားသော်ငြား ကြိုးစားပြုံး၍ မေးလိုက်သည်။
“လန်…ခင်ဗျားက ဘာကြောင့် ဒီမှာ ရှိနေရတာလဲ။ အပြင်ဘက်မှာ…”
စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဖြစ်သော ကောင်လေးလန်သည် သူ့အကြံအစည်ကို ကွယ်ဖုံးပြောဆိုရန် ဆန္ဒမရှိဘဲ မျက်နှာတည်ဖြင့် တုံ့ပြန်သည်။
“မိစ္ဆာအိုကြီးမီးတောက်နဲ့ ပညာရှိ ရွှေကြေးမုံတို့က ကျုပ်တို့ကို အာရုံအပြည့်အဝ စိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။ ခုချိန်လောက်ဆို သူတို့ဟာ မျောလွင့်တိမ်ဂိုဏ်းရဲ့ တာအိုရောင်းရင်းတွေ ဝိုင်းထားတာ ခံရလောက်ပြီ။ အပြင်ဘက် တိုက်ခိုက်သံတွေကလည်း မင်းတို့အနေနဲ့ ထင်ယောင်ထင်မှား ဖြစ်ပြီး ကိုယ်ထင်ပြလာအောင် ဟန်ပြလုပ်ထားတာပဲ။ ဒါမှသာ ကျုပ်တို့ဟာ သူလျှိုတွေကို ရှင်းထုတ်နိုင်မယ် မဟုတ်လား…”
“ဘာလဲ…အဲ့တာဆို သိုင်းဦးလေးတွေက အပြင်ဘက်မှာ မရှိနေတာများလား…”
ကျင့်ကြံသူပိုင်၏မျက်နှာသည် ချက်ခြင်းပင် အကြောက်တရား ပြည့်နှက်သွားသည်။
အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သူမ၏တာအိုလက်တွဲဖော်ကို မမေးဘဲ မနေနိုင် ဖြစ်သွားကာ အသံတုန်တုန်ယင်ယင်နှင့် ပြောလာသည်။
“စီနီယာအစ်ကိုပိုင်…ရှင်…ရှင်က လမ်းမှန်တာအိုဘက်က သူလျှိုလား…”
သူမ၏မျက်နှာမှာ သွေးမရှိသည့်နှယ် ဖြူရော်သွားသည်။
သူသည် ထိုမိန်းမပျို၏စကားကို ကြားသည့်အခါ ပညာရှိလူ၏ အကြောက်တရားသည် ပျောက်ကွယ်သွား၏။ သူ ခါးသီးစွာသာ ပြုံးနိုင်တော့သည်။ သူသည် တစ်ခုခု ပြန်ပြောရန် ဟန်ပြင်၏။ သို့ပေမည့် သူ့အနေဖြင့် မည်သည့်စကားမျှ မဆိုနိုင် ဖြစ်နေသည်။
ထို့နောက် ကောင်လေးသည် ဟိတ်ဟန်အပြည့်ဖြင့် ပြောသည်။
“ကျုပ်က အားနည်းတဲ့သူတွေကို အနိုင်မကျင့်ချင်ဘူး။ ဒါကြောင့် မင်းတို့ဘာသာ အညံ့ခံလိုက်။ မဟုတ်ရင် ဒီအဘိုးအိုက အတင်းအကျပ် လုပ်ရလိမ့်မယ်…”
သူတို့နှစ်ယောက်သားသည် ထိုစကားကို ကြားသည့်အခါ သူတို့၏အမူအရာများ ပြောင်းလဲကုန်ကြ၏။ သို့ပေမည့် ထိုအခိုက်အတန့်တွင် လှိုဏ်ဂူအပြင်ဘက်မှ အဖြူရောင်အလင်းတန်းတစ်ခု ပျံသန်းဝင်လာပြီး ချွေးသံတရွှဲရွှဲနှင့် အဘိုးအိုကျန်း ပေါ်လာသည်။ သူက အလောတကြီး အော်ပြောလာ၏။
“သိုင်းဦးလေးလန်…သတင်းဆိုးပဲ။ မျောလွင့်တိမ်ဂိုဏ်းရဲ့ စီနီယာချန်းက ချက်ခြင်းလက်ငင်း တပ်ကူပေးဖို့ အသံပို့လွှတ်လာပါတယ်။ သူ့ရဲ့ အင်အားစုဟာ ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ ပုံရိပ်ယောင်တစ်ထောင်ဂိုဏ်းတို့ရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရတယ်တဲ့။ သူတို့ခု တိုက်ပွဲထဲမှာ ပိတ်မိနေကြတယ်…”
ထိုစကားများကို ကြားသည့်အခါ အခန်းထဲရှိ ကျင့်ကြံသူများသည် တုန်လှုပ်ကုန်သည်။ သူတို့ကို ခြုံခိုတိုက်ခိုက်တာ ဂိုဏ်းသုံးဂိုဏ်း မကတာများလား။
ယင်းစကားကြောင့် ကောင်လေးသည် မင်သက်သွားသည်။ သူသည် ခဏ စဉ်းစားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မိစ္ဆာကောင်လေး…။ မင်းက တကယ်ပဲ ကျုပ်တို့ကို ခုလောက်ထိ ကြံစည်ထားဝံ့တယ်ပေါ့။ ဒီအဘိုးအိုက မင်းကို အသက်ရှင်လျက် ထားလို့ မရတော့ဘူးပဲ…”
ထို့နောက်တါင် ကောင်လေး၏ပါးစပ်ထဲမှ မီးတန်းတစ်ခု ပျံသန်းထွက်လာ၏။ သူသည် သူ့ရှေ့ရှိ နှစ်ယောက်ကို သုတ်သင်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။
သို့ပေမည့် ထိုစဉ် မူလတုန်းက ထိန်းချုပ်ခံရသော ကျင့်ကြံသူဝေသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့လက်နှစ်ဖက်မှာ အဆများစွာ ပို၍ ကြီးမားလာပြီး သူ၏ခန္ဓာကိုယ်သည် ခရမ်းနီအလင်း တောက်ပလာ၏။ သူက ချုပ်နှောင်ခံထားရသော အတားအဆီးများကို ချိုးဖျက်၍ ကောင်လေးထံသို့ ကြမ်းတမ်းစွာ လှမ်း၍ ကုတ်ဆွဲလိုက်လေသည်။ သူ့လက်ချောင်းများပေါ်ရှိ တလက်လက်တောက်ပနေသော ခရမ်းအလင်းအော်ရာကြောင့် ကောင်လေး၏ဦးခေါင်းမှာ ၎င်းလက်နှင့်သာ ထိမိသွားပါက အိုးစားကွဲသွားပေလိမ့်မည်။
ကောင်လေးက အလန့်တကြား ဖြစ်သွား၏။ သူက အသက်ရှုရှိုက်ကာ နောက်ထပ် မီးအလုံးတန်းတစ်ခုကို ထွေးထုတ်၍ ကျင့်ကြံသူဝေ၏ခရမ်းရောင်လက်သည်းကို ထိပ်တိုက်တွေ့ဆုံသည်။
သံသံချင်းထိသည့်အသံ မြည်ဟိန်းသွားပြီး ကျင့်ကြံသူဝေ၏လက်အရှိန်သည် လျော့ကျသွားလေသည်။ ကောင်လေးက ဤသည်ကို အခွင့်ကောင်းယူကာ မြင့်မြတ်သောသစ်ပင်၏အလင်းအရံအတားထံမှ ချက်ခြင်းပျံသန်းထွက်လိုက်သည်။
“ကောင်းကင်မိစ္ဆာအရှင်…”
ကောင်လေးသည် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်၏ အမည်ကို ထုတ်ဖော်ပြောပြီး ကျင့်ကြံသူဝေကို စိုက်ကြည့်၏။ ထို့နောက်တွင် သူသည် အရပ်မျက်နှာအချို့ကို လက်ညှိုးထိုးပြီး သူ့ပတ်ပတ်လည်၌ မှော်ရတနာတစ်ခုမှာ လည်ပတ်သွားသည်။ ခဏအကြာတွင် ၎င်းသည် ကြက်သွေးရောင်စပါးကြီးမြွေသို့ အသွင်ပြောင်းသွား၏။ ထိုမြွေကြီးသည် အစွယ်တကားကားနှင့်ရှိ၏။ ၎င်းမှာ အသက်ဝင်နေသည့်အလား။
ဆံပင်စုတ်ဖွားနှင့်ကျင့်ကြံသူဝေသည် ခေါင်းငိုက်စိုက်ကျသွား၏။ သူသည် သတိလွတ်သွားသည့်အလား။ သို့ပေမည့် သူ့နှုတ်မှ အခြားသူတစ်ဦး၏အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟားဟား…ရောင်းရင်းလန်းက ကျုပ်ကို ခုလောက်ထိ မြန်မြန်ဆန်ဆန် မှတ်မိသွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီဂိုဏ်းချုပ်က မီးနဂါးကောင်လေးရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ။ ဒါပေမဲ့ ခုလက်ရှိမှာ ကျုပ်အနေနဲ့ ခင်ဗျားကို အမှန်တကယ် မတိုက်ခိုက်နိုင်တာတော့ ကံဆိုးတာပဲ…”
ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ ဟန်လိသည် ဝူချောင်အပေါ် မဟာပိုင်စိုးခြင်းပညာရပ်ကို အသုံးပြုခဲ့သော ကျိနစ်ယင်အကြောင်း ချက်ခြင်းပြန်သတိရသွား၏။ အခု ကောင်းကင်မိစ္ဆာအရှင် အသုံးပြုသော ပညာရပ်နှင့် ကွဲပြားမှုအချို့ရှိသော်လည်း ၎င်းမှာ မိစ္ဆာတာအိုပညာရပ်နှင့် ဆင်တူတာ သေချာသည်။
ဟန်လိ သိထားသလောက်ဆို ၎င်းပညာရပ်အမျိုးအစားမှာ ရှုပ်ထွေးသဖြင့် အသုံးမပြုခင် ကြိုတင်ပြင်ဆင်ထားရပေသည်။ ကြည့်ရတာ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်သည် မျောလွင့်တိမ်ဂိုဏ်းရှိ ကျင့်ကြံသူဝေအပေါ်သို့ ထိုပညာရပ်ကို အသုံးမပြုခင်တည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ဤသို့ ရုတ်တရက်ဆန်လှသော အလှည့်အပြောင်းများက ဟန်လိ၏စိတ်ကို လှုပ်ခတ်စေပြီး သူ့အား တစ်စုံတစ်ခုကို တွေးမိသွားစေသည်။ သူသည် အလေးအနက်လေသံဖြင့် သူ့အင်္ကျီလက်အိုးထဲရှိ မြေခွေးငယ်ကို စကားဆိုသည်။
“ငွေရောင်လ…ခုချက်ခြင်း ဘေးကင်းတဲ့အခန်းကို ပြန်သွားပြီး ငါ ဒဏ်ရာရထားတဲ့ပုံ ဟန်ဆောင်ပေး။ တခြားသူတွေ အဲ့အခန်းထဲကနေ ငါ ပျောက်နေတာကို သိသွားလို့ မဖြစ်ဘူး။ ငါ အသက်ရှင်လျက် ရှိနေရသေးတဲ့ အကြောင်းပြချက်ကိုတော့ ကြည့်ပြီး ဖြေရှင်းမယ်။ ငါလည်း မြန်မြန် ပြန်လာခဲ့မယ်။ ဒါမှသာ ငါ့ရဲ့ ကျင့်ကြံမှုအမှန်နဲ့ ဘယ်သူဘယ်ဝါဆိုတာ မပေါ်သွားမှာ…”
ဟန်လိ၏အလေးအနက် စကားသံကို ကြားသည့်အခါ ငွေရောင်လသည် မည်သည့်စကားမျှမဆိုဘဲ မြေအောက်ထဲသို့ တိုးဝင်ကာ ဘေးကင်းသည့်အခန်းသို့ တန်းတန်းမတ်မတ် ပြန်သွားသည်။
ထိုအခိုက်တွင် ကောင်းကင်မိစ္ဆာအရှင်သည် ညာလက်ကိုပင့်မြှောက်၍ အပင်ဝတ်ရည်များပါသည့် ပုလင်းကို တစ်ချက်ကြည့်ပြီး တုတုံထံ ပစ်ပေးလိုက်သည်။ သူက စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ကို နှမြောတသဟန်ဖြင့် ကြည့်လိုက်ပြီး မထူးခြားနားစွာ ပြောဆိုသည်။
“ဒီဟာကို ပြန်ယူသွားလိုက်။ ကျုပ်က မင်းတို့ ထွက်ပြေးတဲ့အချိန် မီးနဂါးကောင်လေးကို ဟန့်တားထားပေးမယ်။ ဒါပေမဲ့ မြန်မြန်လုပ်မှ ဖြစ်မဘ်။ ကျုပ် အချိန်အများကြီး ဆွဲပေးမထားနိုင်ဘူး…”
သူ ထိုသို့ ပြောပြီးသည်နှင့် ရုတ်တရက် ရှေ့သို့ ထိုးထွက်ကာ သတိထားနေသော အဘိုးအိုကျန်းဘေးနားသို့ ရောက်လာသည်။ သူက ဆိုးယုတ်စွာ ပြုံး၍ ခရမ်းရောင်တောက်ပနေသော သူ့လက်ဖြင့် ထိုးနှက်လိုက်လေသည်။