← Chapters

စဦးစိတ်ဝိညာဉ် (၂)

Vol. 46 Ch. 638

စဦးစိတ်ဝိညာဉ် (၂)

Vol. 46 Ch. 638

မူပိုင်လင်းသည် ငါးကီလိုမီတာလောက် အကွာသို့ ရောက်လာသည့်အခါ ဖော်ပြမစွမ်းသာသော အကြောက်တရားကို ခံစားမိရသည်။ လေထုထဲရှိ စိတ်ဝိညာဉ်ချီတို့မှာ ရုတ်တရက်ကြီး မငြိမ်မသက် ဖြစ်လာ၏။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော စိတ်ဝိညာဉ်ချီအမျှင်တန်းများသည် ဝဲကတော့တစ်ခုအသွင် ပြောင်းကာ သူမကို ပျံသန်းခြင်းမှော်အဆောင်ပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားစေသည်။

အလန့်တကြားဖြင့် သူမသည် သူမ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီကို အတင်းလှည့်ပတ်ကာ ဟန်ချက် ထိန်းလိုက်ရသည်။ ထို့နောက် သူမသည် ဘေးပတ်ပတ်လည်သို့ အလောတကြီး ကြည့်လိုက်မိသည်။ သူမကို အံ့ဩတကြီး ဖြစ်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ကောင်းကင်ထက်ရှိ မီတာသုံးရာဝန်းကျင်၌ လေထုထဲတွင် စိတ်ဝိညာဉ်ချီအလင်းများ လင်းဖြာလျက် ရှိနေသည်။ ထိုစိတ်ဝိညာဉ်ချီများသည် အရောင်အသွေး စုံလင်တောက်ပပြီး သန့်စင်လွန်းလှသည်။ ထိုမြင်ကွင်းကား အသက်ရှုမှားလောက်အောင် လှပသည်။

မူပိုင်လင်းသည် တွေဝေငေးမောမိနေရင်း အကွာအဝေးတစ်ခုထံ အကြည့်ရောက်သွားသည်။ ထိုမြင်ကွင်းကြောင့် သူမ၏အသွင်အပြင်မှာ ပို၍ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူမ၏ မျက်စိရှေ့ တစ်လျှောက်ရှိ ကောင်းကင်ယံမှာ မရေမတွက်နိုင်သော အလင်းအစက်အပြောက်များဖြင့် ပြည့်နှက်လို့နေသည်။

“ ဘုရားရေ…ဘာတွေ ဖြစ်နေတာလဲ…” မူပိုင်လင်းသည် ဤထူးခြားသောမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ အမှန်တွင်မူ ဤအံ့ဖွယ်ဆန်းကြယ်မြင်ကွင်းသည် ဟန်လိကို ဗဟိုပြု၍ ကီလိုမီတာငါးဆယ်အတွင်း၌ ဖြစ်ပွားနေခြင်းပင်။

သူမတင်မကဘဲ ဂိုဏ်းထဲရှိ ကျင့်ကြံသူအများအပြားမှာလည်း ဤပုံမှန်ထက်ထူးခြားသော မြင်ကွင်းကို သတိပြုမိကြသည်သာ။ ကီလိုမီတာထောင်ချီအဝေးမှ ကျင့်ကြံမှုအဆင့်တစ်ခုထိ ရောက်နေသူများသည်ပင် မျောလွင့်တိမ်ဂိုဏ်းထံ အံ့အားသင့်ထိတ်လန့်စွာ လှမ်းကြည့်ကြသည်။ ကျင့်ကြံသူအများစုသည် ဤမြင်ကွင်းမျိုးကို အရင်က မမြင်ဖူးခဲ့ကြသော်လည်း သူတို့သည် ဤအံ့ဖွယ်မြင်ကွင်းမှာ မည်သည့်အတွက်ကြောင့် ပေါ်လာမှန်း သိကြသည့်အပြင် အချို့ဆို မနာလိုအားကျသည့် ခံစားချက်များပင် ဖြစ်ပေါ်ကုန်သည်။

မျောလွင့်တိမ်ဂိုဏ်း၏ ပင်မတောင်ထွတ်ပေါ်တွင် လှိုဏ်ဂူတစ်ခု ရှိနေ၏။ ထိုလှိုဏ်ဂူထဲတွင် ငွေရောင်ဆံပင်နှင့်အဘိုးအိုတစ်ယောက်သည် တင်ပလ္လင်ခွေချိတ်ကာ ထိုင်နေသည်။ သူ့အသားအရေမှာ ပြာနှမ်းနှမ်း ဖြစ်နေကာ အသက်ရှုရတာ ခက်ခဲပင်ပန်းနေပုံ ပေါ်သည်။ သူသည် အပြင်းအထန် နာမကျန်းဖြစ်နေသည့်အလား ထင်ရ၏။ သို့ပေမည့် ကီလိုမီတာရာချီ၌ စိတ်ဝိညာဉ်အလင်းတန်းများ ပေါ်လာသည့်အခိုက်တွင် သူ့နှဖူးမှာ တွန့်သွားပြီး သူသည် အံ့ဩတုန်လှုပ်ကာ မျက်လုံးဖွင့်လာသည်။ သူ့အမူအရာ၌ မယုံကြည်နိုင်ဟန် အထင်းသား ပေါ်နေ၏။

သူက ကျင့်ကြံနေခြင်းကို တွေဝေခြင်းမရှိဘဲ ရပ်တန့်ပစ်၍ ချက်ခြင်းပင် လှိုဏ်ဂူထဲမှ အလင်းတန်းအသွင်ပြောင်းကာ ပျံသန်းထွက်လိုက်သည်။ ခဏအကြာတွင် ထိုငွေရောင်ဆံပင်နှင့်အဘိုးအိုသည် ပင်မတောင်ထွတ်၌ ပေါ်လာပြီး ကျောက်တုံးကြီးတစ်ခုပေါ်၌ ရပ်နေသည်။ သူသည် ဟန်လိ၏လှိုဏ်ဂူနေအိမ်ရှိနေသော အရပ်ထံ အလေးအနက် စိုက်ကြည့်နေသည်။

ခဏအကြာတွင် အဝါရောင်အလင်းတန်းတစ်ခုသည် ငွေရောင်ဆံပင်အဘိုးအို၏ လှိုဏ်ဂူရှိရာသို့ ဦးတည်ပျံသန်းလာ၏။ သို့ပေမည့် လှိုဏ်ဂူအပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်၌ ရပ်နေသော အဘိုးအိုကို မြင်သည့်အခါ တောင်ထိပ်ထံသို့သာ ပျံသန်းလာခဲ့သည်။ ထိုအလင်း ပျောက်ကွယ်သွားချိန်၌ အလေးအနက်အသွင်အပြင်ဖြင့် သက်လတ်ပိုင်းလူတစ်ဦး ပေါ်လာသည်။

သူ ပေါ်လာသည်နှင့် အဘိုးအိုကို မယုံကြည်နိုင်နေသောလေသံဖြင့် စကားတန်းဆိုသည်။

“စီနီယာအစ်ကိုချန်း…ခင်ဗျား…အဲ့တာကို ခံစားရမယ် ထင်တယ်။ ကျုပ်များ အမှတ်များနေသလား။ ကျုပ်တို့မျောလွင့်တိမ်ဂိုဏ်းမှာ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်တဲ့ တစ်ယောက်ယောက် တကယ်ပဲ ရှိနေတာလား…”

ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် မျက်မှောင်ကြုတ်၍ တစ်ဖက်သို့ ခေါင်းမလှည့်ဘဲ ပြန်တုံ့ပြန်သည်။

“မှားတာတဲ့လား။ မဖြစ်နိုင်ဘူး။ ကျုပ်တို့နှစ်ယောက်လုံး…ဒါမျိုး အရင်က ကြုံဖူးခဲ့ပြီးသားပဲ။ ကျုပ်တို့ဂိုဏ်းထဲမှာ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနေတဲ့ တစ်ယောက်ယောက် အမှန်တကယ် ရှိနေတာပဲ။ ဒါ့အပြင် သူဟာ နောက်ဆုံးအဆင့် ရောက်နေပြီ…ဖွဲ့စည်းလို့ ပြီးခါနီး ဖြစ်နေပြီ…”

သက်လတ်ပိုင်းလူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“စဉ်းစားရ အတော်ကျပ်တာပဲ။ ကျုပ်တို့ဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေက သိုင်းတူလေးဖန်နဲ့ ဟိုသူလျှိုဟုတို့ပဲ ရှိတာလေ။ ဖန်ကလည်း မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့အတွက် လွန်ခဲ့တဲ့နှစ်နှစ်ကမှ ကျင့်ကြံနေခဲ့တာ။ သူ့အနေနဲ့ အခုလောက်မြန်မြန် စဦးစိတ်ဝိညာဉ်အဆင့် မပြောနဲ့ အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့်တောင် ရောက်နိုင်ဦးမှာ မဟုတ်ဘူး။ ကောင်းကင်မိစ္ဆာဂိုဏ်းက သူလျှိုကတော့ သူ့ကျင့်ကြံမှုအဆင့်ဟာ အကျိုးယုတ်သွားခဲ့ပြီး အဆင့်ကျသွားခဲ့တယ်။ သူလည်း မဖြစ်နိုင်ဘူး…”

“အင်း…ကျုပ်တို့ဂိုဏ်းက သိုင်းတူလေးတွေရဲ့ ကျင့်ကြံမှုအကြောင်း သိတာပေါ့။ ကျုပ်တို့ရဲ့ မျောလွင့်တိမ်ဂိုဏ်းထဲမှာ စဦးစိတ်ဝိညာဉ်အဆင့် ဖွဲ့စည်းခဲ့တဲ့သူဟာ ကျုပ်တို့ဂိုဏ်းသား မဟုတ်နိုင်ဘူး။ သူဟာ ကျုပ်တို့ဂိုဏ်းထဲ အယောင်ဆောင်စိမ့်ဝင်နေတဲ့သူ ဖြစ်နိုင်တယ်။ တကယ်တော့ အိပ်မက်တိမ်တောင်တန်းရဲ့ စိတ်ဝိညာဉ်ချီဟာ ပေါကြွယ်ဝတော့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းဖို့အတွက် အလွန်သင့်တော်တယ်…”

သက်ပိုင်းလူသည် မျက်မှောင်ကြုတ်၍ မကျေမချမ်း ပြောသည်။

“စီနီယာအစ်ကို…ကျုပ်တို့ အခု ဘာလုပ်သင့်လဲ။ အဲ့ဒီလူက သူ့ရဲ့ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းတာ အဆင်ပြေနေတဲ့ပုံပဲ…”

“အဲ့လို ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ အခုတော့ ဒီမှာပဲ နေနေသင့်တယ်။ သူဟာ နောက်ဆုံးအဆင့်ကို တောင့်ခံနိုင်၊ မနိုင် ကျုပ် မသိပေမဲ့ ကျုပ်တို့ ပေါ်လာရင် သူ့ကို အနှောက်အယှက် ပေးသလို ဖြစ်သွားလိမ့်မယ်။ နောက်ဆုံးအဆင့်ဟာ အတွင်းနတ်ဆိုး တန်ပြန်မှုပဲ။ ဒါက လချီ ကြာနိုင်သလို နှစ်ချီလည်း ဖြစ်သွားနိုင်တယ်။ ချက်ခြင်းလည်း ဖြတ်ကျော်သွားနိုင်တယ်။ ညီလေးလု…မင်း စဦးစိတ်ဝိညာဉ်ဖွဲ့စည်းတဲ့အချိန်တုန်းက အတွင်းနတ်ဆိုးတန်ပြန်ဒဏ် ခံရတာကို မေ့သွားတာများလား...”

ငွေရောင်ဆံပင်နှင့်အဘိုးအို၏ အသားအရေသည် ဖြူရော်နေပေသည်။ သို့ပေမည့် သူ၏စိတ်အခြေအနေကမူ တည်ငြိမ်၏။

“ကျုပ် အဲ့အဖြစ်ကို ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ။ အဲ့အကြောင်း လုံးဝကို ပြန်မတွေးချင်တာ။ အတွင်းနတ်ဆိုး တန်ပြန်ဒဏ်ဟာ လူတစ်ယောက်ရဲ့ စိတ်နှလုံးသားမှာ အနက်ရှိုင်းဆုံးအကြောက်တရားမျိုး ထွက်ပေါ်လာတာ မဟုတ်လား။ စဦးစိတ်ဝိညာဉ် မဖွဲ့စည်းခင် စိတ်ဝိညာဉ်အားဖြည့်ခြင်းဆေးလုံးကိုသာ ကြိုမသောက်ခဲ့ဘူးဆို ကျုပ်အနေနဲ့ အဲ့နာကျင်မှုကို ဖြတ်ကျော်နိုင်ခဲ့မှာ မဟုတ်တာ သေချာတယ်…”

သက်လတ်ပိုင်းလူလုသည် ထိုအကြောင်းကို ပြန်ပြောသည့်အခါ မတုန်ရင်ဘဲ မနေနိုင် ဖြစ်ရ၏။ အတိတ်တုန်းက သူ့အတွေ့အကြုံကို ပြန်တွေးမိချိန်၌ သူ့မျက်နှာမှာ ရှုံ့မဲ့သွားသည်။

“အမှန်ပဲ။ အဲ့လူက ခုထိ နောက်ဆုံးအဆင့်ကို မတောင့်ခံရသေးဘူး။ စဦးစိတ်ဝိညာဉ်ကို ခုထိ မဖွဲ့စည်းရသေးဘူး။ ကျုပ်တို့ သူနဲ့ ပတ်သက်ပြီး ပြောနေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိသေးဘူး။ သူနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့လည်း အလျင်လိုစရာ မလိုပါဘူး။ ဒါပေမဲ့ သူသာ ကံကောင်းပြီး စဦးစိတ်ဝိညာဉ်အဆင့်ထိ ရောက်သွားနိုင်ခဲ့ရင်တောင် အဲ့ကျမှ သူ့ကို ဟန့်တားလည်း နောက်မကျသေးဘူး။ သူ့ကို ရန်စမဲ့အစား အေးအေးဆေးဆေး စောင့်ကြည့်ပြီး ရလဒ်ကို စောင့်နေတာက ပိုမကောင်းဘူးလား။ ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းမှာ စဦးစိတ်ဝိညာဉ်အဆင့် ဖွဲ့စည်းနိုင်တဲ့သူတစ်ယောက် ရှိလာခဲ့ရင်လည်း ဒါက ဆိုးရွားတဲ့အရာတစ်ခု မဟုတ်နေဘူး။ ကျုပ်တို့က သူနဲ့ မိတ်ဆွေဖွဲ့ပြီး ကျုပ်တို့ဂိုဏ်းနဲ့ ပူးပေါင်းခိုင်းလို့လည်း ရတယ်…”

သက်လတ်ပိုင်းလူ၏စိတ်ထဲ လှုပ်ရှားသွား၏။

“စီနီယာအစ်ကို…ဆိုလိုတာက အဲ့လူဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်လို့ ပြောချင်တာလား…”

ငွေရောင်ဆံပင်နှင့်လူက ပြုံး၍ သက်လတ်ပိုင်းလူထံ လှည့်၍ ပြောလိုက်သည်‌။

“ဟုတ်တယ်…အဲ့လို ဖြစ်ဖို့များတယ်။ သူက ဂိုဏ်းတစ်ခု ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုကလူသာဆိုရင် စဦးစိတ်ဝိညာဉ် ဖွဲ့စည်းဖို့အတွက် ကျုပ်တို့မျောလွင့်တိမ်ဂိုဏ်းကို ဘာကြောင့် လာဝံ့ပါ့မလဲ။ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနေတဲ့အချိန်မှာ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ အကာအကွယ်အောက်မှာ ရှိနေတာဟာ အကောင်းဆုံးပဲလေ။ ကျုပ်တို့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းတဲ့အချိန်တုန်းက ဂိုဏ်းအနေနဲ့ ကျုပ်တို့ကို ဘယ်လောက်ထိ အလေးအနက်ထား ဆက်ဆံခဲ့လဲ မင်း မမှတ်မိဘူးလား…”

အတိတ်ကို ပြန်တွေးလိုက်ရင်း သက်လတ်ပိုင်းလူသည် ရယ်မောကာ ပြောဆိုလာသည်။

“ဟားဟား…ကျုပ် ဘယ်မေ့ပါ့မလဲ။ ကျုပ် စဦးစိတ်ဝိညာဉ် ဖွဲ့စည်းဖို့ လနဲ့ချီ ကြာခဲ့တုန်းကဆို ဂိုဏ်းက တောင်ကို ချိပ်ပိတ်ပြီး တစ်ခုခုဆို တိုက်ခိုက်နိုင်ဖို့ အဆင့်သင့်အနေထား ရှိနေခဲ့တာ။ ဂိုဏ်းအကာအကွယ်အစီအရင်တောင် အသက်သွင်းထားသေးတယ်လေ။ အစ်ကို ပြောသလိုဆိုရင် အဲ့လူဟာ တကယ်ပဲ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များတယ်…”

ငွေရောင်ဆံပင်နှင့်အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူသာ လေလွင့်ကျင့်ကြံသူတစ်ယောက်ဆို ကျုပ်တို့က သူ့ကို ရန်မစဘဲ ကောင်းကောင်းဆက်ဆံတာ အကောင်းဆုံးပဲ။ ဂိုဏ်းသားကျင့်ကြံသူတစ်ယောက်ထက် လေလွင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းဖို့ဟာ အများကြီး ပိုခက်ခဲတဲ့အတွက် အဲ့လိုလူတွေရဲ့ စွမ်းရည်ဟာ အထင်ကြီးဖို့ကောင်းတာ အမှန်ပဲ။ ဒါ့အပြင် အဲ့ကျင့်ကြံသူဟာ ကျုပ်တို့လို ဂိုဏ်းရဲ့ ဝန်ကို ထမ်းထားရတာမျိုးလည်း ရှိနေမှာ မဟုတ်ဘူး။ အဲ့လိုလူမျိုးဟာ ဂိုဏ်းဝင်တစ်ယောက်ထက် ပိုပြီးတော့ ရန်ငြှိုးပိုကြီးတတ်တယ်။ လူထူးခြားကောင်းကင်ဂြိုဟ်ကအဲ့အတွက် ဥပမာတစ်ခုပဲလေ။ သူ့ရဲ့ နက်နဲတဲ့ကျင့်ကြံမှုနဲ့ ထူးကဲတဲ့စွမ်းဆောင်မှုတွေကြောင့် ကျုပ်တို့အနေနဲ့ သူ့ကို အလွယ်တကူ ရန်မစဝံ့တာပဲ။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ သောင်းကြမ်းမှုကြောင့် ကောင်းကင်တောင်ပိုင်းဒေသက ဂိုဏ်းတော်တော်များများက သူ့ဆို လန့်ကြတယ်မလား…”

သက်လတ်ပိုင်းလူသည် ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်သဘောတူသည်။ ထို့နောက် အဘိုးအို၏မျက်လုံးသည် အရောင်တောက်သွားပြီး သူက ခပ်တိုးတိုး ပြောဆိုလိုက်သည်။

“အဲ့တာ စနေပြီ…”

သက်လတ်ပိုင်းလူလည်း မင်သက်သွားပြီး အကွာအဝေးတစ်ခုထံ သူ့စိတ်ဝိညာဉ်အာရုံကို စေလွှတ်၍ ကြည့်ရှုသည်။

ထိုအခိုက်တွင် ဟန်လိ၏လှိုဏ်ဂူကို ခြုံလွှမ်းထားသော အလင်းအစက်အပြောက်များသည် သိသိသာသာ ပိုအားကောင်းလာပြီး တဖြည်းဖြည်းဖြင့် ကောင်းကင်ယံ၌ အလင်းလုံးတစ်ခု ဖြစ်တည်လာသည်။ ခဏအကြာတွင် သူ့ပတ်ပတ်လည်ရှိ ကောင်းကင်ယုံသည် သက်တံအလင်းဖြင့် တောက်ပလာသည်။ ထိုအလင်းလုံးထံမှ မိုးကြိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ ဟန်လိ၏လှိုဏ်ဂူ တည်ရှိရာ တောင်ငယ်အထက်၌ ကီလိုမီတာဝက်လောက် အကျယ်ရှိသည့် အလင်းစက်ဝန်းတစ်ခုသည် တောက်ပလင်းထင်းနေပြီး ၎င်းကို တိုက်ရိုက်ကြည့်ဝံ့သူတိုင်းသည် မျက်စိကျိန်းသွားရပေသည်။

ရုတ်တရက် ကောင်းကင်တခွင်၌ ကမ္ဘာမြေတုန်လှုပ်စေသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံး ယိမ်းခါသွားသည်။ ထိုအခိုက်၌ ယင်းတောင်ထံမှ မိုးပြာအလင်းတိုင်လုံးတစ်ခု ထိုးထွက်လာကာ ကောင်းကင်ထက်ရှိ အလင်းစက်ဝန်းထံ တိုက်ရိုက်ထွင်းဖောက်သွားသည်။ အလင်းစက်ဝန်းသည် ချက်ခြင်းပင် တိမ်စိုက်တိမ်နက်များဖြင့် ဖုံးလွှမ်းသွား၏။ လေနှင့်လျှပ်စီးမုန်တိုင်းတစ်ခု ဖြစ်တည်လာခြင်းနှင့်အတူ အလင်းစက်ဝန်းသည် စတင်ကျုံ့လာ၏။ အရောင်အသွေးစုံလင်သောအလင်းများကမူ ပို၍ပင် တောက်ပလာသည်။

သည်ထူးခြားဆန်းကြယ်သော မြင်ကွင်းကို အပြေးလာကြည့်ကြသော အနီးဝန်းကျင်မှ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကာ မည်သို့လုပ်ရ၊ကိုင်ရမှန်းမသိ ဖြစ်ကုန်၏။

တအောင့်အကြာတွင် အံ့အားသင့်ထိတ်လန့်စွာ ကြည့်ရှုနေသောသူများ၏ အကြည့်အောက်တွင်ပင် အလင်းစက်ဝန်းသည် လက်သီးဆုပ်ခန့်အရွယ်အစားသို့ ပြောင်းလဲသွားသည်။ ထိုအလင်းလုံးငယ်ထဲ၌ ကြောက်မက်ဖွယ်စိတ်ဝိညာဉ်ချီပမာဏတစ်ခု ပါဝင်နေသည်။ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများသည် အလျင်စလို မလှုပ်ရှားဝံ့ဘဲ ရှိနေ၏။

All Chapters