← Chapters

စိတ်ကူးကို အစစ်အမှန်ဖြစ်အောင် အကောင်အထည်ဖော်ခြင်း

Vol. 46 Ch. 643

စိတ်ကူးကို အစစ်အမှန်ဖြစ်အောင် အကောင်အထည်ဖော်ခြင်း

Vol. 46 Ch. 643

ဟန်လိသည် သူ့ရှေ့ရှိ အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက် ငြင်းဆန်သည်။

“ငါ…တပည့်လက်မခံဘူး။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ငါက တပည့်အဖြစ် လက်ခံမယ်လို့ နင် ဘာကြောင့် ထင်နေတာလဲ။ နင်ရဲ့ အလျင်စလိုနိုင်တဲ့ အပြုအမူတွေအတွက်တော့ အတိတ်တုန်းက ငါတို့ကြား ပတ်သက်မှုကြောင့် ခွင့်လွှတ်ပေးလိုက်မယ်။ ကိုယ့်အနေအထား ကိုယ်သိပါ…”

“စီနီယာ…ငါ…” မူပိုင်လင်းသည် ဟန်လိ၏စကားကို ကြားသည့်အခါ ထိတ်လန့်သွားပြီး တစ်ခုခု ပြောရန် ဟန်ပြင်သည်။ သို့ပေမည့် ဟန်လိသည် သူ့အင်္ကျီလက်အိုးကို လှုပ်ခါကာ လေပွေတစ်ခုအား ဖန်တီး၍ သူမကို အဝေးသို့ နှင်လွှတ်လိုက်သည်။ သူမ၏ကိုယ်နေဟန်ထား ပြန်တည်ငြိမ်သွားသည့်အခါ ဟန်လိကို မတွေ့ရတော့ပေ။ ထိုအခါ သူမမှာ စိတ်ဓာတ်ကျသွားပြီး နေရာတွင် အချိန်အတော်ကြာ ရပ်နေမိသည်။

တကယ်တော့ အခုဂိုဏ်းအကြီးအကဲ ဖြစ်လာသောစီနီယာဟန်သည် သူမအတွက် နောက်ဆုံးကျန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်နေသည် မဟုတ်လား။

ထိုအခိုက်တွင် ဟန်လိသည် သူ့လှိုဏ်ဂူဟောင်းတွင် ရောက်နေပြီး ဖြစ်၏။ သူသည် အင်းဆက်ခန်းသို့ တန်းသွားပြီး ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထုတ်ယူကြည့်၏။ လွန်ခဲ့သောနှစ်နှစ်ဆယ်လောက်က သူ၏ပိုးတောင်မာများသည် ထပ်မံ၍ ဆင့်ကဲတိုးတက်လာခဲ့ပြီး ခုဆို ၎င်းတို့၏အခွံပေါ်မှ ငွေရောင်သည် ရွှေရောင်ပြောင်းလုနီးနီး ဖြစ်နေခဲ့ပေပြီ။ ၎င်းအင်းဆက်များ၏ အခွံများပေါ်တွင် ငွေရောင်အစက်အပြောက်အချို့သာ ကျန်တော့ကာ လုံးဝရွှေရောင် ဖြစ်နေလေပြီ။ ရွှေဝါးမြိုခြင်းပိုးတောင်မာများအတွက် လုံးဝအရွယ်ရောက်ရန် ခြေတစ်လှမ်းလောက်သာ လိုပေတော့မည်။ ထိုအဖြစ်က ဟန်လိကို စိတ်လှုပ်တရှား ဖြစ်စေသလို အတော်အတန်လည်း စိတ်ပျက်မိသွားသည်။

ဤပိုးတောင်မာများ၏ ကြမ်းကြုတ်မှုကား ဟန်လိကို အတော်လေး အမြင်ကျယ်စေ၏။ သူသည် အနက်ရောင်အစင်းရှိသော ပိုးတောင်မာရာချီနှင့် အခုမှ ဆင့်ကဲတိုးတက်လာသော ပိုးတောင်မာများကို တစ်ယောက်နှင့်တစ်ကောင် ဝါးမြိုခိုင်း၏။ ရလဒ်ကမူ ခဏအကြာ၌ အနက်ရောင်ရှိသောပိုးတောင်မာအားလုံးနီးပါးသည် မျိုးပြုတ်သွားတော့သည်။

ခွန်အားအရာ၌ဖြစ်စေ၊ ဇွဲ၌ဖြစ်စေ အခုဆင့်ကဲတိုးတက်လာသော ပိုးတောင်မာများသည် အနက်ရောင်အစင်းရှိသည့် ပိုးတောင်မာများထက် သာလွန်လှသည်။ ထို့အပြင် ယင်းပိုးတောင်မာများသည် ရွံရှာဖွယ်ရနံ့ကိုလည်း ထုတ်လွှတ်နေပြီး ၎င်းတို့၏သွေးဆာမှုနှင့် ကြမ်းကြုတ်မှုတို့မှာလည်း အရင်နှင့် မနှိုင်းသာတော့ပေ။

စိတ်ဝိညာဉ်ထိန်းချုပ်ခြင်း အတားအဆီးများကြောင့်သာ မဟုတ်ပါက ယင်းပိုးတောင်မာများသည် သူ့ကိုပင် တုံ့ဆိုင်းခြင်းမရှိ ဝါးမြိုပေလိမ့်မည်။ ဟန်လိသည်လည်း ၎င်းတို့အပေါ် သူ့ထိန်းချုပ်မှုမှာ အားပျော့သွားတာ ခံစားမိသည်။ ၎င်းတို့သာ ထပ်မံ၍ ဆင့်ကဲတိုးတက်လာခဲ့ပါက သာမန်အတားအဆီးများသည် အလုပ်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ထိုအတွေးများရှိနေသော်ငြား ဟန်လိသည် သူ၏ပိုးတောင်မာများကို ဖြစ်နိုင်သမျှ ဆင့်ကဲတိုးတက်စေချင်ပေသည်။ သို့မှသာ သူသည် အပြည့်အဝအရွယ်ရောက်ပြီးသော ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ကြမ်းကြုတ်မှုကို မျက်မြင်တွေ့နိုင်လိမ့်မည်။

သို့ပေမည့် ထိုအဆင့်သို့ ရောက်ရန်မှာ သူ ထင်ထားသည်ထက် အများကြီး ပိုကြာနိုင်၏။ နောက်ထပ်နှစ်ရာချီလောက် မစောင့်ရဘဲ နောက်အဆုံးအဆင့်ထိ ဆင့်ကဲတိုးတက်ရန် မဖြစ်နိုင်လောက်ပေ။ သို့တိုင် ဤသည်မှာ လက်သင့်ခံ၍ ရ၏။ သူ့အနေဖြင့် ၎င်းပိုးတောင်မာများကို ထိန်းချုပ်ရန် ပိုကောင်းသည့်နည်းလမ်းကို ရှာဖို့ အချိန်ရှိသွားမည် မဟုတ်လား။

ပိုးတောင်မာများကို ပြန်သိမ်းဆည်းပြီးနောက် ဟန်လိသည် စဉ်းစားနေရင်း ဆေးဥယျာဉ်ထံ လျှောက်လာသည်။ ထို့နောက် သူသည် ရွက်လွှာကိုးခုဂျင်ဆင်းနှင့် ကြီးထွားခါစ စိတ်ဝိညာဉ်စိမ့်တွင်းအပင်တို့ကို ဂရုတစိုက် သိမ်းယူသည်။

ဂျင်ဆင်းပင်သည် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုခဲ့သဖြင့် အာနိသင်နည်းပါးလွန်းနေပြီ ဖြစ်သော်လည်း အစိမ်းရောင်အရည်ဖြင့် ၎င်းအပင်၏အစွမ်းအာနိသင်အပြည့်အဝ ပြန်ရအောင် သူ့အနေဖြင့် လွယ်လင့်တကူ ပြုလုပ်နိုင်ပေသည်။

စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်နှင့်ပတ်သက်၍မူ သူ့အနေဖြင့် နှစ်ပေါင်းများစွာ ၎င်းကို ပျိုးထောင်ပေးခဲ့ပြီး ဖြစ်၏။ အပင်ဝတ်ရည် ထုတ်ပေးမည့်ရက်မှာ သိပ်မဝေးတော့ပေ။ ဟန်လိသည် တောက်ပမြင်ကွင်းအရည်အမြောက်အများဖြင့် သူ့အမြင်အာရုံအစွမ်းကို သန့်စင်နိုင်မည့် စွမ်းရည်သတ္တိကို မျှော်နေမိပေပြီ။

ဆေးဥယျာဉ်ထဲ၌ အင်းဆက်များနှင့်အပင်များအပြင် ဟန်လိ၌ အခြားပိုင်ဆိုင်မှုများလည်း ရှိသေး၏။ သို့ပေမည့် သူသည် ၎င်းတို့ကို ပြန်သိမ်းဆည်းရန် စိတ်မပါတော့သဖြင့် ဤနေရာတွင်သာ ချန်ထားခဲ့သည်။

ဟန်လိသည် ဆေးဥယျာဉ်ကို ကောင်းကင်ပေါ်ကနေ ငေးကြည့်နေရင်း အောက်ဘက်ရှိ မူပိုင်လင်းထံ အကြည့်ရောက်သွားသေးသည်။ သူမသည် အကူအညီမဲ့စွာဖြင့် အံတင်းတင်းကြိတ်ကာ ရှိနေပြီး ဟန်လိ၏အကြည့်ကို သတိမပြုမိပေ။

ဟန်လိသည် အသာခေါင်းရမ်းလိုက်သည်။ သူမ၏ပြဿနာများကို ဖြေရှင်းပေးဖို့မှာ သူ့အတွက် မပြောပလောက်ပေ။ သို့သော် ဟန်လိသည် ခုမှ ဂိုဏ်းအကြီးအကဲဖြစ်လာခါစဖြစ်၍ အာဏာပါဝါမပြချင်သေးပေ။ သည့်အပြင် မုမျိုးနွယ်နှင့်ယန်မျိုးနွယ်တို့သည် ရှီဒေသရှိ အင်အားကြီးသောမျိုးနွယ်များ ဖြစ်နေပြန်သည်။

သည်အမျိုးသမီးနှင့် သူ့ကြား ပတ်သက်မှုကလည်း ရင်းနှီးလွန်းနေခြင်းမျိုး မရှိခဲ့ပေ။ တကယ်တော့ သူသည် အရင်တည်းက သူ့ကို သိခဲ့ဖူးသော မျောလွင့်တိမ်ဂိုဏ်း၏ တပည့်များထံမှ မည်သည့်တောင်းဆိုမှုကိုမဆို ငြင်းဆန်မည်သာ။ ဟန်လိသည် မိသားစု၊မျိုးနွယ်စုများကြားရှိ အတွင်းရေးကိစ္စများ၌ အတင်းအကြပ် ဝင်ပါရန် စိတ်မဝင်စားပေ။

ဤသို့ဖြင့် ဟန်လိသည် မျောလွင့်တိမ်ဂိုဏ်းကို ဖြတ်၍ တိတ်တဆိတ် ပျံသန်းလာခဲ့ပြီး သူ့လှိုဏ်ဂူအသစ် အရှေ့သို့ ရောက်လာခဲ့သည်။ ဟန်လိ ပေါ်လာသည်နှင့် မြူအတားအဆီးများမှာ နေရာဖယ်ပေးပြီး သူသည် တောင်ဗဟိုချက်ထံ တန်းတန်းမတ်မတ် ပျံသန်းလာသည်။

ဟန်လိသည် အင်းဆက်များနှင့်အပင်များကို သူ့နေရာအသစ်၌ နေရာချပြီးနောက် ငွေရောင်လထံ သည်နေရာနှင့်ပတ်သက်သည့်ကိစ္စများကို လက်လွှဲပေးထားခဲ့သည်။ ထို့နောက် သူသည် အခန်းထဲသို့ ဝင်ရောက်ကာ သူ့စဦးစိတ်ဝိညာဉ်ကို ခိုင်မာအောင်စတင် ပြုလုပ်သည်။

သည်အတောအတွင်း ငွေရောင်ဆံပင်အဘိုးအိုနှင့် ကျင့်ကြံသူလုတို့သည် ဟန်လိထံ မလာခဲ့ပေ။ သူတို့က ဟန်လိ၏ကျင့်ကြံခြင်းကို အနှောက်အယှက်မပေးလို၍ ဖြစ်၏။

လအနည်းငယ်ကြာပြီးနောက် ဟန်လိသည် သူ့စဦးစိတ်ဝိညာဉ်ကို အဆင်ပြေပြေဖြင့် ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး သူ့စိတ်နှင့်စဦးစိတ်ဝိညာဉ်တို့သည် တစ်သားတည်း ပေါင်းစည်းသွားပြီ ဖြစ်၏။ ခုခါ၌ သူ့စဦးစိတ်ဝိညာဉ်မှာ သူ့ဦးခေါင်းထက်သို့ ပေါ်ထွက်လာခဲ့လျှင်ပင် သူ့အနေဖြင့် ၎င်းကို လွယ်လင့်တကူ ထိန်းချုပ်နိုင်စွမ်း ရှိသွားပေပြီ။

ဟန်လိသည် အခန်းထဲမှ ပြန်ထွက်လာသည့်အခါ ငွေရောင်လသည် မိန်းမလှအသွင်ဖြင့် ရှိနေပြီး အခန်းအပြင်၌ တလေးတစား စောင့်ဆိုင်းလို့နေသည်။ သို့ပေမည့် သူမက ဟန်လိကို ကြည့်သည့်အခါ မျက်နှာအမူအရာ တစ်မျိုးဖြစ်နေသည်။ ဟန်လိက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

“ကြည့်ရတာ…နင် တစ်ခုခု ပြောစရာ ရှိတဲ့ပုံပဲ။ ဘာများလဲ…”

ငွေရောင်လသည် နှုတ်ခမ်းသပ်၍ ပြောလိုက်သည်။

“သခင်…သခင်…အခန်းပိတ်ကျင့်ကြံပြီး…လဝက်လောက်ကြာတော့ သိုင်းတူမလေးမူက ဒီကို ရောက်လာပြီး တောင်ငယ်တစ်ခုပေါ်မှာ ထိုင်နေခဲ့တယ်။ သူမ စောင့်နေတာ ရက်ပေါင်းများစွာ ရှိခဲ့ပြီ…”

ဟန်လိသည် မျက်ခုံးပင့်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒီအမျိုးသမီးက တကယ်ကို အလိုက်ကန်းဆိုး မသိတာပဲ။ သူမက အဲ့လောက်စောင့်ချင်နေမှတော့ စောင့်ပလေ့စေ။ ငါက ပြဿနာကို လိုက်ရှာနေတဲ့သူမျိုး မဟုတ်ဘူး…”

“ဒါပေမဲ့…သခင်…သူမ ဒီကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ယန်မျိုးနွယ်နဲ့မူမျိုးနွယ်တို့ဆီက အသံလွှင့်အဆောင်တွေကို လက်ခံရရှိခဲ့ပါတယ်။ သခင်က တံခါးပိတ်ကျင့်ကြံနေတော့ ကျမကပဲ ဒီအဆောင်တွေကို ကူးယူထားလိုက်ပါတယ်…”

“သခင်…တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါလား…”

ဟန်လိက သူ့မေးစေ့ကို ပွတ်၍ မထူးခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ဤအသံလွှင့်အဆောင်တွေလား။ မူနဲ့ယန်မျိုးနွယ်တို့ဆီကလား။ အဲ့တာက ဒီမူပိုင်လင်းဆိုတဲ့ အမျိုးသမီးနဲ့ ပတ်သက်တာပဲ ဖြစ်ရမယ်။ နင် အဲ့အသံလွှင့်အဆောင်တွေကို နားထောင်ခဲ့ရတာဆိုတော့ ပြဿနာတစ်ခုခု ရှိနေလို့လား…”

ငွေရောင်လက ချိုသာစွာပြုံး၍ ပြောလာသည်။

“ဟီး…သခင်က…အတော်လေး ကြိုမြင်နိုင်တာပဲ။ ဒါပေမဲ့ ကျမ ပြောဖို့ မလိုပါဘူး။ သခင် နားထောင်လိုက်ရင် သိသွားပါလိမ့်မယ်။ ပြဿနာ နည်းနည်းရှိတာတော့ အမှန်ပါပဲ…”

“ထုတ်လိုက်…” ဟန်လိသည် သူမစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို စိတ်ဝင်စားမနေဘဲ လက်ဆန့်လိုက်သည်။

ငွေရောင်လက အဖြူရောင်နှင့်အနီရောင်အဆောင်တို့ကို ထုတ်ယူပြီး ဟန်လိထံ ပြုံးတုံးတုံးဖြင့် လှမ်းပေးသည်။ ဟန်လိက ၎င်းတို့ကို ယူ၍ နားထောင်ကြည့်သည်။ ခဏအကြာတွင် သူ့မျက်နှာထက်၌ အံ့အားသင့်ဟန် ဖြစ်ပေါ်သွားပြီး ယင်းနောက်တွင် ဒေါသထွက်သည့်အမူအရာက အစားထိုးသွား၏။</p>

ဟန်လိသည် အစအဆုံးနားထောင်ပြီးနောက် သူ့အမူအရာမှာ ရှုံ့မဲ့နေပြီး အေးတိအေးစက် ပြောလာသည်။

“ဟား…ဒီမိန်းကလေးက အတင့်ရဲလှပါလား။ သူမက နှစ်အနည်းငယ်လောက် ငါ့ရဲ့ သိုင်းဒေါ်လေး ဖြစ်ခဲ့ဖူးရုံနဲ့ ခုလိုမျိုး ပြဿနာ ရှာလို့ရမယ်လို့ ထင်နေတာပဲ…”

ငွေရောင်လက ပြုံး၍ ဆိုလာသည်။

“ဒီလုပ်ရပ်က သခင့်ကို စော်ကားမိနိုင်တယ်ဆိုတာ…အဲ့မိန်းကလေး ကောင်းကောင်းကြီး သဘောပေါက်မှာပါ။ ဒါပေမဲ့ သူမက သခင်ဟာ နှလုံးသားကင်းမဲ့တဲ့သူတစ်ယောက် မဟုတ်မှန်း ယုံကြည်ထားပုံရတယ်။ မဟုတ်ရင် ဒီလောက်ထိ ပြဿနာရှာဝံ့မယ် မထင်ဘူး။ ဒါ့အပြင် သခင်က သူမကို အပြစ်ပေးမယ်ဆိုရင်တောင် ယန်မျိုးနွယ်က အစ်ကိုယန်ဆိုတဲ့သူရဲ့ တာအိုလက်တွဲဖော် ဖြစ်ရတာထက်စာရင် ပိုကောင်းလိမ့်မယ်လို့လည်း အဲ့မိန်းကလေး တွေးထားပုံရပါတယ်…”

ဟန်လိသည် ငွေရောင်လကို စိတ်ရှုပ်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ဒါပေမဲ့…ဘယ်လိုပဲဖြစ်ဖြစ်…သူမက ရဲတင်းလွန်းနေတယ်။ ဘာတဲ့…သူမကို ငါက ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်တယ်လို့ မျိုးနွယ်နှစ်ခုလုံးကို တကယ် ပြောဝံ့ခဲ့တယ်တဲ့လား။ အခုတော့ ဒီမျိုးနွယ်နှစ်ခုလုံးက သူတို့နောင်တရတဲ့အကြောင်း ငါ့ဆီ အသံလွှင့်အဆောင်တွေပို့ပြီး အလျင်စလို ပြောလာကြပြီ။ ယန်ဂိုဏ်းကဆို လက်ထဲပွဲကို ဖျက်သိမ်းကြောင်းပါ ထုတ်ပြန်ခဲ့သေးတယ်။ အဲ့မိန်းကလေးက ခုလိုလုပ်ဝံ့မှတော့ သူမအနေနဲ့ ပြင်ဆင်ထားပုံရတယ်…”

ငွေရောင်လသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။

“သခင်…ဆိုလိုတာက…”

ဟန်လိသည် အကြောဆန့်ကာ ပျင်းရိပျင်းတွဲ ရှင်းပြလိုက်သည်။

“ဘာလဲ။ ငါ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းပြီးချင်းချင်း ကိုယ်လုပ်တော်တစ်ယောက် လက်ခံတာ ထူးဆန်းနေလို့လား။ ဒီမိန်းကလေးက ပြိုင်ဘက်ကင်းလှပတဲ့သူ ဖြစ်တော့ ငါ့အနေနဲ့ စိတ်ကူးယဉ်တာကို အမှန်တကယ် ဖြစ်လာအောင် လုပ်ပြီး စုံတွဲကျင့်ကြံခြင်းရဲ့ အရသာကို မြည်းစမ်းကြည့်ရတော့မှာပေါ့…”

ထိုသို့ ပြောလိုက်သော်ငြား ဟန်လိ၏မျက်နှာထက်တွင် လှောင်ပြောင်ဟန် အရိပ်အမြွက်တစ်ခု ရှိနေသည်။

ခဏ စိတ်ရှုပ်ထွေးသွားပြီးနောက် ငွေရောင်လသည် မယုံနိုင်ဟန်ဖြင့် မေးလာသည်။

“ဒါပေမဲ့…သခင်က မိန်းမတစ်ယောက်ယောက်နဲ့ လုံးဝ မသတ်ခဲ့ဖူးဘူးလေ။ ကြိုငြင်းခဲ့တာ ချည်ပဲ မဟုတ်လား။ ဥပမာ…အမျိုးသမီးဝမ်နဲ့တုန်းကပဲ ကြည့်လေ။ ပြီးတော့…အဲ့အရင်တုန်းကလည်း…”

ဟန်လိသည် မျက်မှောင်ကြုတ်ကာ ပွင့်ပွင့်လင်းလင်း ပြောသည်။

“အတိတ်က အတိတ်ပဲ။ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ။ စဦးစိတ်ဝိညာဉ်မဖွဲ့စည်းခင်တုန်းက ငါ့ကျင့်ကြံခြင်းဟာ နိမ့်ကျလွန်းခဲ့တယ်။ ဒါကြောင့် ကိုယ်လုပ်တော်တစ်ယောက် ထားရတဲ့အရသာနောက်ကို လိုက်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒါပေမဲ့…ခုချိန်မှာသာ ဝမ်စီယွဲ့ကိုသာ ထပ်တွေ့ရမယ်ဆို…ငါ သူမကို လွှတ်ပေးတော့မှာ မဟုတ်ဘူး…”

ငွေရောင်လသည် ဟန်လိ၏စကားများကို ကြားသည့်အခါ အကြောင်သား ဖြစ်သွားလေ၏။ သူမသည် သူမ၏သခင်က အမှန်တိုင်း ပြောနေသည်ဟု ခံစားမိနေသည်။

All Chapters