← Chapters

“မွေးစားအဖေ”

Vol. 12 Ch. 162

“မွေးစားအဖေ”

Vol. 12 Ch. 162

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“အမ်း ကောင်းတယ် ၊ ပြန်သွားပြီး အသင့်ပြင်တော့။ မနက်ဖြန် ကိစ္စကြီးပြီးသွားရင် မင်း ငါနဲ့အတူ စီရင်စုကို လိုက်ခဲ့ပြီး ငါ့ရဲ့မွေးစားသားအနေနဲ့ တရားဝင်ချီးမြှောက်တဲ့ ပွဲတော်ကျင်းပရမယ်”

ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးသည် သေရည်ခွက်ကို ပင့်မြှောက်၍ ရယ်မောလိုက်သည်။

“ကဲ အားလုံးပဲ ဒီတစ်ခွက်ကို ကုန်စင်အောင် သောက်လိုက်ကြပါ။ ဒီနေ့ ကျုပ် ဖန်းရှစ်ကျုံးက ကျိုစစ် ဒီမွေးစားသားလေးကို ခေါ်ယူလိုက်တယ်ဆိုတော့ ပျော်ရွှင်ဝမ်းမြောက် အခါသမယ‌လေးပါပဲ။ အားလုံးပဲ စိတ်ကျေနပ်တဲ့အထိ သောက်ကြမယ်၊ မမူးမချင်း မပြန်ဘူး!”

“ခန်းမအရှင်သခင်အတွက်!”

အားလုံးသည် ကိုယ်စီ သေရည်ခွက်များ မြှောက်ကိုင်လျက် သူတို့၏ ချန်ကျဲ့အပေါ် အကြည့်များသည်လည်း ရုတ်ချည်း ပြောင်းလဲသွားကြပေသည်။

ချန်ကျဲ့သည် ကနဦး ဝင်ရောက်လာစဉ်က သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး သူရဲကောင်းတစ်ဦးအနေဖြင့် လေးစားခံရသော်ငြား သူတို့ကို အမိန့်ပေးရန်အတွက် သို့မဟုတ် သူတို့ကို ဦးဆောင်ရန်အတွက် အခွင့်အာဏာ မရှိပေ။

အဆင့်သတ်မှတ်လျှင်သော်မှ သင်္ဘောခေါင်းဆောင်များသည် ချန်ကျဲ့၏အထက်တွင် ရှိနေသေး၏။

သို့သော် ယခုတွင်တော့ မတူတော့ပေ။ ဖန်းရှစ်ကျုံး၏ မွေးစားသားတစ်ဦးဖြစ်သွားခဲ့ရာ ချန်ကျဲ့သည် ကျားဖြူခန်းမ၏ ကြီးကြပ်ရေးမှူးငယ်တစ်ဦး ဖြစ်လာနိုင်ပေသည်။ ၎င်းသည် စင်စစ်သော အလယ်အလတ်အဆင့် ခေါင်းဆောင်ရာထူးဖြစ်လေရာ အတော်လေး အဆင့်အတန်းမြင့်မားသည်ဟု ဆိုနိုင်ပေသည်။

ယခုတွင် ချန်ကျဲ့မှာ သူတို့ကို အမိန့်ပေးရန် အခွင့်အာဏာရှိနေလေပြီ။

ဤအခိုက်အတန့်၌ ငါးဖမ်းကုန်သည်အဖွဲ့သားများမှာ စိတ်ခံစားချက်များ ရှုပ်ထွေးနေကြ၏– အားကျခြင်း၊ မနာလိုခြင်း၊ မကျေမချမ်းဖြစ်ခြင်း စသည်တို့မှာ အများဆုံးဖြစ်ပေသည်။

သို့သော် အချို့အရာများသည် မနာလိုအားကျနေ၍ မရချေ။ ချန်ကျိုစစ်သည် အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိ၏။ ထို့ကြောင့် အဖွဲ့သားများသည် ချန်ကျဲ့ကို လေးစားအားကျမှုဖြင့် ကြည့်ကြပေသည်။

ယခုအချိန်မှ စတင်၍ ချန်ကျဲ့နှင့် သူတို့ကြားရှိ ကွာဟချက်သည် ကျယ်ပြောဝေးကွာသွားခဲ့ပြီဖြစ်ကြောင်းလည်း နားလည်‌ထားကြသည်။

သူတို့သည် သူတို့၏နှစ်ကာလများကို ဤနေရာ‌သေးသေးလေးတွင်သာ ဖြုန်းတီးသွားရလိမ့်မည်။ သို့သော် ချန်ကျဲ့သည်တော့ ကောင်းကင်ကဲ့သို့ အကန့်အသတ်မဲ့၍ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောသော စီရင်စုမြို့ကို ဝင်ရောက်သွားနိုင်ပြီး ကြီးမြတ်သူများ၏ အဆင့်အတန်းထဲသို့ ခြေချပေတော့မည်။

တစ်ခါတရံတွင် ဘဝ၏ အခွင့်အရေး‌များဟူသည် ထိုသို့ပင်ဖြစ်၏။

ဖန်းရှစ်ကျုံးသည် အလွန်ပျော်ရွှင်နေခဲ့သည်။ သူသည် ချန်ကျဲ့ကို အမှန်တကယ် သဘောကျနှစ်ခြိုက်ပေသည်။

အချို့လူများသည် သင့်အား ပထမအကြိမ် တွေ့ဆုံခြင်း၌ပင် သဘောကျနှစ်ခြိုက်၍ လေးစားနိုင်ပြီး အချို့သူများသည်တော့ ဘဝတစ်သက်တာလုံး သိကျွမ်းခဲ့သည့်တိုင် သင့်ကို အချိန်တိုင်း သတိတကြီးထားနေစေနိုင်သည်– ဤသည်မှာ ကံကြမ္မာဆိုင်ရာ ပြဿနာဖြစ်နိုင်ပါ၏။

“လာ ညီနောင်ကျိုစစ်ကို တစ်ခွက်ဂုဏ်ပြုကြမယ်!”

သေရည်ခွက်ပေါင်းများစွာ သောက်သုံးပြီးနောက်၌ ဖန်းရှစ်ကျုံးသည် သမားတော်ပိုင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ဖန်းရှစ်ကျုံးကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ဦးအနေဖြင့် စားသောက်ပွဲတွင် အချိန်အကြာကြီး ထိုင်နေခြင်းသည် အဖွဲ့သားများကို စိတ်သက်သောင့်သက်သာ မထားစေနိုင်ဘဲ ဖြစ်စေ၏။

သို့ဖြစ်ရာ ဖန်းရှစ်ကျုံး ထွက်သွားသည်နှင့်တစ်ပြိုင်နက် လေထုအခြေအနေသည် ရုတ်ချည်း သက်ဝင်လှုပ်ရှားလာခဲ့ပြီး လူများစွာသည် ချန်ကျဲ့ဆီသို့ သေရည်နှင့် လာရောက်ဂုဏ်ပြုကြသည်။

အခေါ်အဝေါ်သည်လည်း ညီနောင်ကျိုစစ်မှ ကျိုစစ်‌သို့ ပြောင်းလဲသွားလေသည်။

ထိုအချိန်တွင် သင်္ဘောခေါင်းဆောင်၃နှင့် သင်္ဘောခေါင်းဆောင်၄ အပါအဝင် ငါးဖမ်းကုန်သည်အဖွဲ့သား အားလုံးတို့သည် ချန်ကျဲ့ကို သေရည်နှင့် လာရောက်ဂုဏ်ပြုခဲ့ကြသည်။

ချန်ကျဲ့သည်လည်း အာလာပသလ္လာပစကားများ အပြန်အလှန်ပြောဆိုပေး၍ သူတို့နှင့် အထိုက်အသင့် ရောနှောပေးခဲ့သည်။

ထို့နောက် သင်္ဘောခေါင်းဆောင်၃မှ လေးစားမှုအပြည့်သော စိတ်အားထက်သန်မှုဖြင့် ပြောသည်။

“ညီနောင်ကျိုစစ် အခုကစပြီးတော့ ငါတို့က မင်းရဲ့ညီနောင်တွေပဲ။ မင်း စီရင်စုမှာ အောင်မြင်မှုတွေရရှိတဲ့အခါ ရှန်းထောင်မြို့က မင်းရဲ့ ဒီညီနောင်တွေကို မေ့လျော့မသွားလိုက်နဲ့ဦးနော်!”

“ဟုတ်ပါတယ် ညီနောင်ကျိုစစ်၊ မင်း ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းတွေ ပိုင်ဆိုင်သွားတဲ့အခါလည်း ငါတို့အချင်းချင်း မမေ့လျော့ကြရအောင်ပါ။ အခါအခွင့်သင့်တဲ့အခါ ကျေးဇူးပြုပြီး ငါတို့ကိုလည်း မြှင့်တင်ပေးပါဦး”

“ညီနောင်ကျိုစစ် ကျေးဇူးပြုပြီး အနာဂတ်မှာ ငါတို့ကို ဂရုစိုက်ပေးပါဦး။ ငါ ဒီသေရည်ကို ကုန်စင်အောင် သောက်လိုက်မယ်၊ မင်းကတော့ ဖြည်းဖြည်းချင်း အချိန်ယူပါလေ…”

All Chapters