← Chapters

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်

Vol. 12 Ch. 163

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်

Vol. 12 Ch. 163

“ပျားပန်းခတ်စည်ကားနေသော လမ်းမကြီးများတွင် ဆင်းရဲနွမ်းပါးသူများသည် အာရုံမထား‌ချေ။ သို့သော် ဝေးလံခေါင်သီသော တောင်တန်းများ၌မူ လူချမ်းသာများသည် အလှမ်းဝေးကွာသည့် ဆွေမျိုးများကို ရှာဖွေကြသည်။ စားသောက်ပွဲတော်ကြီးမှ သေရည်ခွက်ကို မြင်တွေ့ရသည်နှင့် ဂုဏ်ပြုသေရည်သည် ချမ်းသာကြွယ်ဝသူထံသာ ဦးစွာ ရောက်သွားလေသည်”ဟူသည့် အဆိုရှိ၏။

ချန်ကျဲ့သည် ကြီးပွားတိုးတက်လာခဲ့သည်။

ဘဝပျက်လုနီးပါး ယိုယွင်းပျက်စီးနေသော လောင်းကစားသမားတစ်ဦးမှသည် ညတွင်းချင်းပင် မျန့်ရွှေစီရင်စု၏ အရှင်သခင်ကြီးနှစ်ဦးထဲမှ တစ်ဦးဖြစ်သော ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမ ခန်းမအရှင်သခင်ဖန်း၏ မွေးစားသားဖြစ်လာခဲ့သည်။

ဤသည်မှာ ရှေးယခင်က ရှန့်ဟိုင်တွင် လွိရှန်းအဖွဲ့ခေါင်းဆောင်အား သစ္စာခံကတိပြုခြင်းနှင့် အလားတူပင်။

သစ်သီးကုန်သည်လေး အားရှန်းသည် ကောင်းမွန်သည့် သူဌေးနောက်သို့ လိုက်ခဲ့ပြီး ဂုဏ်သရေကြီးမြတ်မှုကို ရှာဖွေနိုင်ခဲ့သည်။

တကယ့်ကို ညတွင်းချင်း ပြောင်းလဲသွားရခြင်းပင်: သူသည် လျင်မြန်စွာ အမြင့်သို့တက်လှမ်းသွားခဲ့ပြီး ဆင်းရဲသားဝိဉာဉ်များနှင့် တစ်လမ်းတည်းလျှောက်လှမ်းသူ မဟုတ်တော့ချေ။

ရှန်းထောင်မြို့အတွင်း၌ ငါးဖမ်းကုန်သည်အဖွဲ့သားများမှ သူတို့ကိုယ်သူတို့ အထက်တန်းလွှာများအလား ဝင့်ကြွားနေဟန်ကြောင့် လှည့်စားမခံလိုက်ရလေနှင့်။ စီရင်စုရှိ ဌာနချုပ်မှ အဖွဲ့သားများအတွက်မူ သူတို့သည် မြို့သေးသေးလေးမှ ဘာမျှဟုတ်မနေသူများသာ ဖြစ်ပေသည်။

သင်္ဘောခေါင်းဆောင်များမှာမူ ဒေသဆိုင်ရာ ခေါင်းဆောင်လေးမျှသာ ဖြစ်၏။

ထိုမျှသည်ပင် အလွန်တရာ ဂုဏ်တင်ပေးထားလွန်းရာ ရောက်နေချေပြီ။ အများဆုံးမှ လက်ရွေးစင်အဖွဲ့သားများအဆင့်ခန့်ပင် ရှိနိုင်၏။ စစ်မှန်သော ဒေသဆိုင်ရာခေါင်းဆောင်သည် အနည်းဆုံးတော့ ဝူကျုံးကဲ့သို့ ဦးစီးမှူးအဆင့်တော့ ရှိရပေမည်။

သို့သော် ချန်ကျဲ့သည် အမြင့်သို့ဆန်တက်လုဆဲဆဲ အခြေအနေဖြစ်၏။

ဖန်းရှစ်ကျုံးထံ မွေးစားသားအဖြစ် သစ္စာခံလိုက်ပြီဖြစ်ရာ ချန်ကျဲ့သည် အဖွဲ့သား၏မျက်လုံးထဲတွင် ခွင်းသတ္တဝါအဖြစ်မှ ဇာမဏီအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ဖြစ်နေပေသည်။

ယခုအချိန်မှ စတင်၍ “လေပြင်းတစ်ချက်‌အဝှေ့ဖြင့် ဇာမဏီငှက်ကြီးသည် ဟစ်ကြွေးမြည်တမ်းကာ မိုင်ပေါင်းကိုးသောင်းအမြင့်သို့ ရုတ်ချည်း ပျံတက်သွားပေတော့မည်!”

ချန်ကျဲ့သည် အားလုံးနှင့်အတူတကွ သေရည်သောက်သုံး‌နေသည်မှာ အလွန်ယဉ်ကျေးပျူငှာ၏။ မာနထောင်လွှားမောက်မာခြင်း စိုးစဉ်းမျှ မရှိပေ။ သူ‌၏ဖော်ရွေပျူငှာ‌မှုကြောင့် အားလုံးမှာ နွေဦးရာသီ၏ နွေးထွေးမှုအောက်တွင် အရိပ်ခိုနေသည့်အလား ခံစားရပေသည်။

သာမန်အဖွဲ့သားလေးများမှ သေရည်ဖြင့် လာရောက်ဂုဏ်ပြုလျှင်သော်မှ ချန်ကျဲ့သည် သေရည်တစ်ခွက် အတူသောက်သုံးပေးခြင်းဖြင့် သူတို့ကို လောကဝတ်ပြုပေးသည်။

ကံကောင်းထောက်မစွာဖြင့် ဤခေတ်ကာလ၏ သေရည်သည် ပြင်းထန်မှု မမြင့်မားလှပေ။ ချန်ကျဲ့၏ခန္ဓာကိုယ်အတွင်း၌ ယန်ချွမ်ကျင့်စဉ်သည် လှည့်လှည်စီးဆင်းနေလျက် သေရည်များကို အစာချေဖျက်ပစ်နေသည်။ သေရည်ခွက်ပေါင်းတစ်ထောင် သောက်သုံးလျှင်သော်မှ မပြိုလဲဟူသည့် အဆင့်အထိ မဟုတ်သော်ငြား ဤမျှပမာဏကိုတော့ဖြင့် သေချာပေါက် ထိန်းချုပ်ကိုင်တွယ်နိုင်ပါသေးသည်။

ချန်ကျဲ့ ဤသို့ပြုမူရသည့် အကြောင်းရင်းမှာ သူနားလည်သောကြောင့် ဖြစ်၏။

အင်အားအာဏာအကြောင်းဆိုရသော် ၎င်းသည် လူတစ်ယောက်ကို ထောက်ပံ့ပေးသည့် အရာတစ်ခုဖြစ်၏။ ဖန်းရှစ်ကျုံးသည် သူ့အား မွေးစားသားအဖြစ် လက်ခံခေါ်ယူခဲ့သည်။ သို့သော် သူ၏မွေးစားသားမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ ကျန်သည့် မွေးစားသားလေးယောက်သည် ရင်ဆိုင်ဖို့ရာ လွယ်ကူရိုးရှင်းပါလိမ့်မည်လော။

ထို့ပြင် ကျားဖြူခန်းမသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် ဖန်းရှစ်ကျုံး၏ မွေးစားသားဖြစ်လျှင်သော်မှ ကျားဖြူခန်းမ၏ အတွင်းပိုင်းအဖွဲ့အစည်းများသည် သူတို့၏အင်အားအာဏာကို သင့်ကို စိတ်လိုလက်ရ ပေးအပ်လာပါမည်လော။

မဖြစ်နိုင်ပေ။

သို့ဖြစ်ရာ ခိုင်မာသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်အတွက် ချန်ကျဲ့အနေဖြင့် မိမိ၏ မိခင်အင်အားဖြစ်သည့် ကိုယ်ပိုင် အခြေစိုက်အင်အားစုရှိရန် လိုအပ်ပေသည်။

ဟုတ်ပါ၏။ ဤသည်မှာလည်း နန်းတော်၏ တိုက်ပွဲများကဲ့သို့ပင် ဖြစ်၏။ နန်းတော်ထဲသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ကြင်ယာတော်များ၏ အဆင့်အတန်းသည် ရုပ်ဆင်းသွင်ပြင်အပေါ် မမူတည်တော့ပေ။ သူတို့၏ မွေးဖွားရာမိသားစု၏ အင်အား၌သာ မူတည်လေသည်။

သင်၏ဖခင်သည် အဆင့်ခုနစ် အရာရှိတစ်ဦးဖြစ်ပြီး ကျွန်ုပ်၏ဖခင်သည် လက်ရှိအမတ်ချုပ်ကြီးဖြစ်နေပါက ပြည့်ရှင်ဘုရင်မှ ဘက်လိုက်မှုမရှိလျှင်သော်မှ အမတ်ချုပ်ကြီးဟူသည့် ကျောထောက်နောက်ခံရှိသူသည် ပို၍အင်အားကြီးမားလိမ့်မည်သာ ဖြစ်သည်။

၎င်းသည် အခြေခံအုတ်မြစ်ဖြစ်၏။

ချန်ကျဲ့မှာ ထိုသို့အခြေခံအုတ်မြစ် ရှိပါ၏လော။

မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ရန် နည်းလမ်းရှာဖွေရပေမည်။

ရှန်းထောင်မြို့သည် သူ၏အခြေခံအုတ်မြစ်ဖြစ်၏။

ရှန်းထောင်မြို့၏ တစ်ရာကျော်သော အဖွဲ့သားများကို သူ၏ကျောထောက်နောက်ခံအဖြစ် ပြောင်းလဲပစ်နိုင်ပါက မြို့နှင့် ကျားဖြူခန်းမရှိ အခြားသူများသည် သူ့ကို အနည်းငယ်ပို၍ မြင့်မားသူတစ်ဦးအဖြစ် မှတ်ယူကြလိမ့်မည်။

လူငယ်များသည် မိမိတစ်ဦးတည်းဖြင့် ကမ္ဘာလောကကြီးကို အောင်နိုင်လွှမ်းမိုးနိုင်သည်ဟု အမြဲလိုလို တွေးထင်တတ်ကြသည်။ သို့သော် ဘွဲ့ရပြီးနောက် လူမှုအဖွဲ့အစည်းနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံပြီးမှသာ ကမ္ဘာကြီးမှာ ကွန်ရက်တစ်ဖြစ်ကြောင်းကို နားလည်သွားကြသည်။ မိမိ၏ ကိုယ်ပိုင်အရည်အချင်းများအပြင် လွှမ်းမိုးနိုင်သည့်စွမ်းရည်နှင့် အဆက်အသွယ်တို့ကိုလည်း ကျင့်ကြံယူရပေမည်။

အခြားသူများ၏ ကူညီထောက်ပံ့မှုရှိမှသာ မြင့်မားသည့်ရာထူးနေရာများသို့ တက်လှမ်းနိုင်လိမ့်မည်။

ပညာရှိအမတ် မရှိ၊ စစ်သည်တော် မရှိသည့် ဧကရာဇ်တစ်ပါးသည် တစ်ကိုယ်တည်း အထီးကျန်သူတစ်ဦးသာလျှင် မဟုတ်ပါလော။

ထို့ကြောင့် ချန်ကျဲ့သည် ရှန်းထောင်မြို့အား သူ၏ ‘မိခင်အင်အား”အဖြစ် ပြောင်းလဲရန် စီစဉ်ထား၏။

သို့ဖြစ်မှသာ ကျားဖြူခန်းမအတွင်း ပြောရေးဆိုခွင့် ရှိလာနိုင်မည်ဖြစ်သည်။

ချန်ကျဲ့၏ လက်ရှိအခြေအနေမှာ အတော်လေး စိတ်ကျေနပ်ဖွယ်ကောင်းပါ၏။ သူသည် ရွာအကြီးအကဲရာထူးအတွက် ပြိုင်ပွဲကို အနိုင်ရရှိခဲ့သောကြောင့် ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့၏ သူရဲကောင်းတစ်ဦးဖြစ်သည်။

နောက်တစ်ချက်၊ သူထွက်သွားပြီးချိန်တွင်လည်း ဦးလေးကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးအဖြစ် ဆက်လက်၍ တာဝန်ထမ်းဆောင်နေဦးမည်ဖြစ်သည်။ သူနှင့် ဦးလေးကျုံးတို့၏ ဆက်ဆံရေးမှာ ရှင်းပြနေရန် မလိုအပ်ပါချေ။

နောက်ဆုံးအနေဖြင့် ချန်ကျဲ့သည် ဤငါးဖမ်းကုန်သည်အဖွဲ့မှ ထွက်ပေါ်လာခဲ့ပြီး အောင်မြင်သွားသူဖြစ်ရာ ဤလူအနည်းငယ်ကို မြှင့်တင်ပေးလိုက်ပါက သူသည် ဤအဖွဲ့သားများ၏ ကျေးဇူးရှင်ကြီးဖြစ်သွားလိမ့်မည်ပင်။ သို့ဖြစ်ပါက သူတို့သည် ချန်ကျဲ့ကို ထောက်ပံ့ကူညီလာလိမ့်မည် မဟုတ်ပါလော။

ယခုလည်း သူတို့သည် သူ့ကို ခယဝယလုပ်နေကြပေသည်။ ဒါသည်လည်း သူသည် သူတို့ကို ထောက်ပံ့‌ကူညီသူဖြစ်လာပြီး အနာဂတ်တွင် သူတို့၏ အောင်လံတံခွန်ဖြစ်လာနိုင်သည့် မျှော်လင့်ချက်တစ်ခုပင် မဟုတ်ပါလော။

သူတို့သည် ယခုကတည်းက သူနှင့် လျင်မြန်သွက်လက်စွာ မဟာမိတ်ဖွဲ့နေခဲ့ကြလေပြီ။ သို့ရာတွင် သူသည်လည်း သူတို့ကို ရူးချင်ယောင်ဆောင်၍ မောင်းထုတ်ပစ်လို့ မဖြစ်ချေ။

ထိုသို့ပြုမူလိုက်ပါက ၎င်းသည် သူပိုင်ဆိုင်ရမည့်အင်အားကို ရန်လိုမုန်းတီးမှုအဖြစ် သို့မဟုတ် သူနှင့် ဆန့်ကျင်တိုက်ခိုက်မည့် အင်အားစုအဖြစ် ပြောင်းလဲလိုက်ခြင်းပင် မဟုတ်ပါလော။

ထိုသို့အပြုအမူမျိုးသည် အလွန်တရာမှ တုံးအမိုက်မဲလွန်းပါ၏။

ယခုတွင် ချန်ကျဲ့သည် နောက်လိုက်နောက်ပါများကို စုဝေးမိပြီဖြစ်ရာ ကိုယ်ပိုင်မဟာမိတ်များတည်ဆောက်ပြီး ထိုသူတို့ကို သူ၏လူများအဖြစ် ပြောင်းလဲနိုင်မည့် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရပေမည်။

ချန်ကျဲ့သည် ရည်မှန်းချက်ကြီးမားသူတစ်ဦးဖြစ်ပြီး ရည်မှန်းချက်ဟူသည် တွေးတောစီစဉ်နေရုံမျှနှင့် အောင်မြင်ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပေ။

သေရည်ခွက်ဖြင့် အပြန်အလှန်ချီးမြှောက်ကြရင်း ချန်ကျဲ့သည် အဖွဲ့သားများ၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့၏ ချန်ကျဲ့အပေါ် အကဲဖြတ်မှုသည် တောင့်တင်းခိုင်မာစွာ အကောင်းမြင်စိတ်များ မြင့်တက်‌လာခဲ့ပြီး ချန်ကျဲ့ကို ထောက်ပံ့အားပေးလိုသည့် စိတ်များပင် တဖွားဖွား ပေါ်ပေါက်နေကြပေသည်။

အနာဂတ်မှာ ငါတို့ရဲ့ကြွယ်ဝမှုက သူ့အပေါ် မူတည်လာတော့မှာ။ ငါတို့ ကူညီပေးနိုင်တာရှိရင် ငါတို့ရဲ့ရှိရှိသမျှ ခွန်အားအလုံးစုံနဲ့ သူ့ကို ကူညီပေးရမယ်။ သူ့ရဲ့ တိုးတက်မှုနဲ့သာ ငါတို့ကိုယ်တိုင်အတွက်လည်း အလျင်အမြန် တိုးတက်နိုင်လိမ့်မယ်!

ဤသည်မှာ တစ်ဦးတစ်ယောက်၏ တိုးတက်မှုဖြစ်စဉ်နှင့်ကပ်လျက် ကြက်နှင့်ခွေးများ၏ အမြင့်တက်ခြင်းပင် ဖြစ်လေသည်။

ဤစားသောက်ပွဲကြီးဖြင့် ချန်ကျဲ့သည် ရှန်းထောင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့အတွင်း သူ၏အဆင့်အတန်းကို ခိုင်မာစေခဲ့ပြီး သူ၏ သရုပ်သကန်အား ညီနောင်ကျိုစစ်မှ ကျိုစစ်ကိုယ်တိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

စားသောက်ပွဲကြီးပြီးဆုံးသည့်အခါတွင်လည်း ချန်ကျဲ့သည် အလျင်စလို ထွက်မသွားသေးပေ။ မြို့ရှိ တည်းခိုအိမ်တစ်ခုတွင် ရှိနေကြသည့် သခင်မပိုင်နှင့် စူးယွင်ကျင်းတို့ကို သွားရှာခဲ့သည်။

ငါးဖမ်းကုန်သည်အဖွဲ့မှ စားသောက်ပွဲကြီး ကျင်းပမည့်အကြောင်း သိထားသောကြောင့် သခင်မပိုင်နှင့် စူးယွင်ကျင်းတို့သည် အနီးအနားရှိ တည်းခိုအိမ်တွင် အခန်းတစ်ခန်းငှား၍ စောင့်ဆိုင်းနေခဲ့သည်။

ဝူကျုံးလည်း ချန်ကျဲ့နှင့်အတူ ရောက်လာခဲ့ပြီး သူတို့ကို အိမ်ပြန်ခေါ်သွားရန် ပြင်သည်။

သူတို့နှစ်ဦးစလုံးထံမှ သေရည်အနံ့ပြင်းပြင်း ထွက်ပေါ်နေသည်ကို ခံစားမိသောအခါ သခင်မပိုင်မှ မကျေမနပ်ပြောလာ၏။

“ရှင် သေရည်ကို လျှော့သောက်စမ်းပါ။ ရှင့်ခန္ဓာကိုယ်မှာ ဒဏ်ရာသုံးခု ရှိနေသေးတယ်နော်”

ဝူကျုံးမှ ရယ်မောလျက် ပြောသည်။

“ငါပျော်‌နေလို့ပါကွာ ဟုတ်ပြီလား။ ဒီနေ့ ကျိုစစ်က သူကိုယ်တိုင်အတွက်လည် အမည်ရစေနိုင်ခဲ့သလို ကိုယ်တို့ငါးဖမ်းကုန်သည်အဖွဲ့အတွက်လည်း အကူအညီကြီး ထောက်ကူပေးခဲ့သေးတယ်။ ပြီးတော့လည်း ခန်းမအရှင်သခင်ဖန်းက ကျိုစစ်ကို မွေးစားသားအဖြစ် မွေးစားတော့မှာလေ”

“တကယ်လား!!”

သခင်မပိုင်သည် ထိုအကြောင်းအရာကို ကြားလိုက်ရသည်တွင် အံ့ဩသွားခဲ့ပြီးနောက် ပျော်ရွှင်ဝမ်းမြောက်‌နေတော့သည်။ ဖန်းရှစ်ကျုံး၏ မွေးစားသားအဖြစ် အသိအမှတ်ပြုခံရခြင်းသည် အလွန်တရာ ကောင်းမွန်လှသည့် အခွင့်အရေးကြီးပင် မဟုတ်ပါလော။

All Chapters