← Chapters

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၄

Vol. 12 Ch. 166

ယောက်ျား၊ ကျွန်မ ဒီနေ့ အရမ်း အရမ်း အရမ်းပျော်တယ်_၄

Vol. 12 Ch. 166

လွန်စွာ အားကျမိ၏။

မနာလိုမုန်းတီးမှုများ မပါဝင်ဘဲ အားကျခြင်းပင်!

လူတို့သည် သူတို့ထက် အနည်းငယ်မျှ ပိုသာလွန်သူကိုသာ မနာလိုတတ်ကြ၏။ အများကြီး ကွာခြားသွားလျှင်မူ မနာလိုမုန်းတီးစိတ် မဖြစ်ကြတော့ပေ။

ဤသည်မှာ လူ့သဘောသဘာဝ ဖြစ်သည်။

ယခုအချိန်၌ ချန်ကျဲ့သည် ထိုရွာသားများနှင့် နှိုင်းယှဉ်လိုက်ပါက တခြားကမ္ဘာမှ လူတစ်ယောက်ကဲ့သို့ ဖြစ်နေ‌တော့သည်။

ချန်ကျဲ့ စူးယွင်ကျင်းကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည့် လမ်းတစ်လျှောက်တွင် စူးယွင်ကျင်းသည် ပြုံးပျော်နေခဲ့သည်။ သူမသည် အမှန်တကယ်ပင် ဝမ်းသာပီတိဖြစ်သည့် ခံစားချက်ကို ခံစားနေရပါ၏။ အတိတ်နေ့ရက်များက ဤရွာတွင် သူမ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအားလုံးသည် အိပ်မက်ဆိုးကြီး မြင်မက်ခဲ့ခြင်းကဲ့သို့ ထင်မှတ်ရပေသည်။

ထိုအချိန်က သူမ၏ခင်ပွန်းသည် ရက်စက်ကြမ်းကြုတ်သည်။

သူသည် သူမကို မည်သို့ရိုက်နှက်ဆူဆဲရမည်ကိုသာ သိ၍ အခြားသူများက သူမကို အနိုင်ကျင့်ချိန်တွင်မူ ဘာမျှမလုပ်ပေးခဲ့ပေ။ သူကိုယ်တိုင်ပင် ပါဝင်အနိုင်ကျင့်တတ်သေး၏။

တစ်ရွာလုံးသည် သူမကို ဂြိုဟ်ဆိုးတစ်ခုကဲ့သို့ ဆက်ဆံခဲ့ကြသည်။

ထိုအချိန်က သူမသည် လမ်းလျှောက်လျှင် ခေါင်းမော့ မလျှောက်ဝံ့ဘဲ သေဆုံးသွားရန်သာ စိတ်ရင်းအမှန်ဖြင့် ဆုတောင်းမိရသည်။

သို့သော် မမျှော်လင့်စွာဖြင့် ကောင်းကင်ဘုံမှ မျက်လုံးဖွင့်ကြည့်လိုက်သည့်အလား သို့တည်းမဟုတ် ဗုဒ္ဓဘုရားသခင်မှ အံ့ဖွယ်ဆန်းကြယ်မှုတစ်ခု ဖန်တီးပေးလိုက်သည့်အလား သူမ၏ခင်ပွန်းသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

ခင်ပွန်းသည်ဖြစ်သူ၏ အကျင့်စရိုက်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားသောကြောင့် စူးယွင်ကျင်းသည် ထိုအမျိုးသားမှာ နှလုံးအစားထိုးလိုက်သလားဟု သံသယဝင်မိရသည်အထိပင်။

အရင်က ချန်ကျိုစစ်သည် သူရဲဘောကြောင်သည်၊ လောဘကြီးသည်၊ အရက်သမားတစ်ယောက်ဖြစ်သည့်အပြင် လောင်းကစားသမား‌တစ်ယောက်လည်းဖြစ်ပြီး အင်အားကြီးသူရှေ့တွင် ကြောက်ရွံ့အားနည်းတတ်သူဖြစ်ကာ သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်သည်။

သို့သော်ငြား လက်ရှိချန်ကျိုစစ်သည် အလုပ်ကြိုးစားသည်၊ သန်မာသည်၊ ကာကွယ်ပေးတတ်ပြီး နူးညံ့သိမ်မွေ့ကာ အမျိုးသမီးများ၏ အိပ်မက်ထဲမှ အမျိုးသားတစ်ဦးဖြစ်သည်။

တကယ်ကြီး ဗုဒ္ဓဘုရားသခင်က အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ် ဖန်တီးပေးလိုက်တာများလား။

သူက အရင်က ချန်ကျိုစစ်ပဲ ဟုတ်သေးရဲ့လား။

စူးယွင်ကျင်း မသိပေ။ သို့သော် သူမ ဂရုမစိုက်ပါ။ သူမသည် လက်ရှိချန်ကျိုစစ်ကို ချစ်မြတ်နိုးသည်။ လက်ရှိချန်ကျိုစစ်သည် အရင်က ချန်ကျိုစစ် မဟုတ်လျှင်သော်မှ ဘာဖြစ်သလဲ။ သူမသည် အရင်က ချန်ကျိုစစ်ကို မချစ်ပါချေ။

“ကျိုစစ် ရှင် ရှောင်ဟူနဲ့ စကားသွားပြောလိုက်လေ။ အိမ်မှာ ထုပ်ပိုးသိမ်းဆည်းဖို့အတွက်တော့ ရှင်လည်း သိပ်အကူအညီဖြစ်တာမှ မဟုတ်တာပဲ”

စူးယွင်ကျင်းသည် ချန်ကျဲ့၏အကူအညီကို မလိုအပ်ပေ။

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“အမ်း လဲဝတ်ဖို့ အဝတ်အစားနည်းနည်းလောက်ပဲ ထုပ်ပိုးလိုက်ပါ။ အိမ်မှာ သယ်သွားရလောက်အောင် တန်ဖိုးရှိတာလည်း ဘာမှသိပ်မရှိပါဘူး။ စီရင်စုမြို့ကိုရောက်ရင် ကိုယ်မင်းကို အသစ်ဝယ်ပေးမယ်”

“ကောင်းပြီ”

စူးယွင်ကျင်းသည် ရိုးရှင်းစွာ ပြန်ဖြေ၏။ သို့သော် သူမ၏ အသုံးအဆောင်အဟောင်းများကို ထုပ်ပိုးထည့်နေခဲ့သည်။

ခက်ခဲပင်ပန်းသည့် အချိန်ကာလများကို ဖြတ်သန်းခဲ့ပြီးနောက်၌ သူမသည် ထိုပစ္စည်းများကို စွန့်ပစ်ရန် ခက်ခဲလာခဲ့သည်။

ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် ခြံဝင်းထဲသို့ ထွက်လာလိုက်ကြသည်။ ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် ကျွန်တော် အစ်ကို့ကို ပြောစရာရှိတယ်”

“အို ပြောလေ”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။ ရှောင်ဟူသည် ခဏမျှတွေးတောနေပြီးနောက် ပြောသည်။

“အစ်ကိုကျိုစစ်၊ ကျွန်တော်တို့ လုစန်းနဲ့ ချန်စန်းလျို့တို့ကို ဖြေရှင်းပြီးတော့ ရွာသားအတော်များများက အစ်ကိုနဲ့ မိတ်ဖွဲ့ချင်လာကြတယ်”

“ပြီးတော့ ဒီနေ့ပြိုင်ပွဲမှာ အစ်ကို အနိုင်ရပြီးတော့ကျ အရင်ထက်တောင် ပိုများတဲ့လူတွေက အစ်ကို့ဆီ ရောက်လာကြတယ်။ သူတို့အခု ကျွန်တော့်အိမ်မှာ စောင့်နေကြတယ်။ အစ်ကို ဘယ်လိုသဘောရလဲ။ ကျွန်တော် သူတို့ကို ပြန်လွှတ်လိုက်ရမလား ဒါမှမဟုတ်–”

ထိုအခါ ချန်ကျဲ့မှ မေးသည်။

“အမ်း လူဘယ်နှယောက်လောက်ရှိလဲ”

“ဒီနေ့တော့ ၁၅ယောက် ရောက်လာပါတယ်”

ချန်ကျဲ့ ပြန်ပြောင်းတွေးတောကြည့်လိုက်ပြီးနောက် ပြောသည်။

“အမ်း သူတို့ကို ငါ့ဆီ လာခိုင်းလိုက်ပါ”

“အစ်ကိုကျိုစစ်၊ အစ်ကို သူတို့ကို ကုန်သည်အဖွဲ့ထဲ ခေါ်မလို့လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သေချာပေါက်ကြီး သူတို့ကို ကုန်သည်အဖွဲ့ထဲ ခေါ်ထည့်မလို့ မဟုတ်ပါဘူး၊ မျှော်လင့်ချက် နည်းနည်း ပေးရုံပါပဲ”

ရှောင်ဟူသည် ခေါင်းညိတ်လိုက်ပြီး ထွက်ခွာလာခဲ့သည်။ သို့သော် ချန်ကျဲ့မှ ထပ်ပြောသည်။

“ဒါနဲ့ ဟူဇစ်၊ မင်း အိမ်ပြန်ပြီးရင် တန်ဖိုးရှိတဲ့ပစ္စည်းတချို့ ထုပ်ပိုးလိုက်ဦး။ မနက်ဖြန်ကျရင် ငါနဲ့အတူ စီရင်စုကို လိုက်ခဲ့”

“ဟုတ်ကဲ့!”

All Chapters