← Chapters

နတ်မယ်၏မီးဖိုချောင်

Vol. 19 Ch. 281

နတ်မယ်၏မီးဖိုချောင်

Vol. 19 Ch. 281

ထာဝရဂိုဏ်းပိုင်ဆိုင်ခဲ့သည့် မသေမျိုးရတနာများအကြောင်း လုယန်ပြန်သတိရမိသည်။

မြက်ဝါခေါင်းအုံး။

သွားကြားထိုးတံ။

အဆိပ်သင့်ထမင်စားတူ။

သက်တမ်းလွန်ရှာလကာရည်။

အိပ်ယာခင်း။

ထမင်းစားပန်းကန်။

လူတစ်ယောက် မီးဖိုချောင်ထဲဝင်ပြီး တွေ့ကရာပစ္စည်းများယူခဲ့သည်နှင့် တကယ်တူလှသည်။

ထိုပစ္စည်းများ၏ စွမ်းအားကတော့ ငြင်းစရာမရှိ။ မသေမျိုးရတနာဟု ခေါ်ထိုက်သည်။ သို့သော် မူလနောက်ခံအသုံးပြုပုံက ထူးဆန်းနေသည်။

"စားဖိုမှူးတစ်ယောက်အနေနဲ့ ငါအမုန်းဆုံးက လူတွေငါ့မီးဖိုချောင်ထဲဝင်လာပြီး ငါဟင်းချက်တာကို နှောက်ယှက်တာပဲ။ အဲဒီ့ခံစားချက်ကို နင်နားလည်တယ်မဟုတ်လား"

နတ်မယ်က လုယန်ကို လှည့်မေးသည်။ လုယန်သည် အသားကင်စားဖိုမှူးဖြစ်၍ သူနှင့်အဆင့်တူဟုယူဆသည်။ ထိုခံစားချက်မျိုးရှိမည်ဟု ယူဆသည်။

လုယန်ပြောလိုက်ချင်သည်။

'ကျုပ်က ဘယ်မှာမီးဖိုချောင်ရှိလို့လဲ။ လမ်းဘေးမှာ အသားကင်ရောင်းတဲ့လူလေ'

သို့သော် နတ်မယ်စိတ်ဆိုးလျှင် ဖြစ်လာနိုင်သည့် နောက်ဆက်တွအကျိုးဆက်များကို စဉ်းစား၍ စိတ်မပါ့တပါ သူခေါင်းငြိမ့်လိုက်သည်။

"သိပါတယ်"

စိတ်တူကိုယ်တူတစ်ယောက် တွေ့ရသဖြင့် နတ်မယ်အတော်ကျေနပ်သွားသည်။ ထို့နောက် သက်ပြင်းချသည်။

"ငါတံခါးပိတ်ခဲ့တာတောင် လူတစ်ယောက် ခိုးဝင်ခဲ့ဦးမယ်လို့ ထင်မထားဘူး။ ဒီလိုမဖြစ်သင့်ဘူး"

"ခင်ဗျားအပြင် ဒီတစ်ခါးကိုဖွင့်နိုင်တဲ့ တစ်ခြားလူတွေရှိသေးလား"

ထာဝရဂိုဏ်းချုပ် အထဲဝင်ပြီး ဂိုဏ်းတည်ရတနာအဖြစ်သုံးဖို့ ရတနာတစ်ချို့ယူနိုင်ရန် နောက်ကွယ်မှကြိုးကိုင်သူက တမင်တကာလျှို့ဝှက်၍ဖွင့်ပေးခဲ့သည်ဟု လုယန် ယူဆသည်။

"ယင်ထန်တို့လေးယောက် ဖွင့်နိုင်တာပေါ့။ သူတို့ ငါချက်ပြုတ်တာကိုစောင့်ရင်း စိတ်မရှည်ဖြစ်ကြမှာစိုးလို့ တံခါးဖွင့်နည်းကို ပြောပြထားတယ်။

ဒါပေမယ့် သူတို့ကအလိုက်သိပါတယ်။ ဘယ်တော့မှ အထဲကိုမဝင်ပါဘူး"

ယွမ်ကျိ မသိမသာခေါင်းခါသည်။ ထာဝရနတ်မယ်ချိတ်ပိတ်ထားသည့်တံဆိပ်က ချိုးဖျက်ဖို့ သိပ်မခက်။ မသေမျိုးတစ်ယောက် အချိန်လုံလောက်အောင်ရလျှင် ဖွင့်သည့်နည်းကို ခန့်မှန်းနိုင်မည်သာဖြစ်သည်။

မီးဖိုချောင်မှော်စက်ဝန်းက ဘယ်လာက်ခိုင်မာနိုင်မည်နည်း။

နတ်မယ် ဘာမှမလုပ်။ တံခါးရှေ့တွင်သာ ရပ်လိုက်သည်။ မှော်သင်္ကေတများ အလိုလိုပျောက်သွားပြီး တံခါးပွင့်လာသည်။ မသေမျိုးအမွေအနှစ်အစစ်အမှန်ဖြစ်သည် နတ်မယ်၏မီးဖိုချောင် ပေါ်လာသည်။

သမိုင်းတစ်လျှောက် ပထမဆုံးနှင့်အထူးခြားဆုံး ဖွင့်ဖူးသည့် အမွေအနှစ်ဖြစ်ပေလိမ့်မည်။

နတ်မယ်သည် အတုမဲ့မသေမျိုးစာဖိုမှူးဟူသည့်ဘွဲ့ဖူးနှင့် တကယ်ထိုက်တန်သည်။ သူ့မီးဖိုချောင်က သန့်ရှင်းပြောင်လက်နေသည်။ အစွန်းအထင်းလုံးဝမရှိ။ ဖုန်မှုန့်ဖယ်ရှားသည့် မှော်စက်ဝန်းတစ်မျိုးကြောင့် ဖြစ်လိမ့်မည်။

အခန်းထဲရောက်သည်နှင့် တံခါးပိတ်သွားသည်။ ပြင်ပအလင်းရောင် ပြတ်တောက်သွားသည်။ ထာဝရအလင်းက မီးဖိုချောင်ထဲ တောက်ပလာသည်။

"တိတ်ဆိတ်လိုက်တာ။ အပြင်လောကနဲ့ လုံးဝစည်းခြားလိုက်သလိုပဲ"

"ဟီးဟီး၊ ဒါက ငါတည်ဆောက်ထားတဲ့ အသံလုံမှော်စက်ဝန်းကြောင့်လေ။ ဟင်းချက်ပစ္စည်းတွေ ငါကိုင်တွယ်တဲ့အခါ အသံဗလံတွေအမြဲထွက်တယ်။ ဧည့်သည်တွေအတွက် အနှောက်အယှက်ဖြစ်နိုင်တယ်လေ။ ဒါကြောင့် အသံလုံမှော်စက်ဝန်းနဲ့ ဝိညာဉ်အာရုံကကွယ်တဲ့ မှော်စက်ဝန်းတွေ တည်ဆောက်ထားတယ်။ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အပြင်ကလူတွေ မမြင်အောင်လို့ပေါ့"

လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။ လူများကို နှုတ်ပိတ်သည့် အခန်းတစ်ခုနှင့် တူသလိုလိုဖြစ်နေသည်။

"ဘာပစ္စည်းမှ လျှောက်မထိနဲ့။ မင်းအတွက်အန္တရာယ်များတယ်။

လုယန်စပ်စုတတ်မှန်းသိသဖြင့် ယွမ်ကျိ သတိပေးလိုက်သည်။

လုယန် လက်ကိုအမြန်ပြန်ရုတ်သည်။

ဤအရာများသည် မသေမျိုးများအသုံးပြုခဲ့သည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းတစ်ခုမှ လက်ကျန်စွမ်းအင်ဖြင့်ပင် လုယန် တစ်စစီကြေမွသွားနိုင်သည်။

ယွမ်ကျိ သူ့ကို ကယ်တင်နိုင်‌သော်လည်း သို့သော် ထိုအဖြစ်မျိုးသည် တွေ့ကြုံခံစားဖို့ ထိုက်တန်သည်မဟုတ်။

ထာဝရနတ်မယ်က လုယန်၏ပူပန်စိတ်ကို ယုံကြည်ချက်အပြည့်ဖြင့် နှစ်သိမ့်သည်။

"အို...စိတ်မပူပါနဲ့။ ငါနတ်မယ် နင့်ကိုကာကွယ်နေတာပဲ။ ဘာမှမဖြစ်နိုင်ပါဘူး"

လုယန်စိတ်ထဲ ပူပန်မှုများ လျော့ပါးသွားသည်။

"ဒါနဲံ...ခင်ဗျားမီးဖိုချောင်မှာ ဘာလို့ မြက်ဝါခေါင်းအုံးနဲ့ အိပ်ယာခင်းကို ထားတာလဲ"

ထာဝရဂိုဏ်းရခဲ့သည့် မသေမျိုးရတနာနှစ်ခုအကြောင်း လုယန်စဉ်းစားမိသည်။ ထိုပစ္စည်းများသည့် ပုံမှန်ဆိုလျှင် မီးဖိုချောင်တွင် မရှိသင့်။

နတ်မယ်က ရိုးရိုးရှင်းရှင်း ပြန်ပြောသည်။

"ဒါက မဆန်းပါဘူး။ ငါက ချက်ပြုတ်ရတာနဲ့အိပ်ရတာကို ကြိုက်တယ်လေ။ နိုးလာတဲ့အချိန် ချက်နည်းပြုတ်နည်းလေ့လာတယ်။ ပင်ပန်းလာရင် လှဲအိပ်လိုက်တယ်။ အကျိုးရှိတဲ့ ဒီအလုပ်နှစ်ခု လည်ပတ်နေတော့ ငါ့ဟင်းချက်စွမ်းရည်နဲ့အိပ်တဲ့စွမ်းရည် မြန်မြန်တိုးတက်လာတာပေါ့"

ထိုသို့ပြောရင်း ပျံသန်းနေသည့်ဟန်မျိုးတုပ၍ လက်နှစ်ဘက်ကို ဆန့်ထုတ်ပြသည်။

"ကိုးဆမသေမျိုးက တစ်ချိန်လုံး မီးဖိုချောင်ထဲမှာပင်ပင်ပန်းပန်းအလုပ်လုပ်မနေဖို့ ငါ့ကိုအကြံပေးတယ်။ ဟင်းချက်ပညာဆိုတာ အဆုံးရယ်လို့မရှိဘူးတဲ့။ ငါအပြင်ကို များများထွက်သင့်တယ်လို့ပြောတယ်။

အပြင်လူတွေအမြင်မှာ ငါကအလုပ်ကို အလွန်အကျွံလုပ်နေသလို မြင်ကြပေမယ့် တကယ်တမ်းတော့ အတော်လေးစိတ်သက်တောင့်သက်သာရှိပါတယ်"

"...ကိုးဆမသေမျိုးက ခင်ဗျားပင်ပန်းမှာကို စိုးရိမ်တာဟုတ်ပါ့မလား။ ခင်ဗျားရဲ့ဟင်းချက်ပညာကို ဆက်ပြီးလက်ရည်မသွေးစေချင်တာရော မဖြစ်နိုင်ဘူးလား"

ထာဝရနတ်မယ် အံ့အားသင့်သွားသည်။

"ဘာလို့လဲ။ ငါ့အစားအသောက် အသစ်အဆန်းတွေလုပ်တိုင်း အမြဲတမ်းသူတို့ကို အရင်ဆုံးမြည်းကြည့်ခိုင်းခဲ့တာပါ"

အခန်းထောင့်မှ ပုလင်းတစ်ချို့နှင့်ဖန်ဘူးတစ်ချို့ကို ယွမ်ကျိသတိထားမိသည်။ ဖန်ဘူးတစ်ခု၏အဖုံးကို သူဖွင့်လိုက်သည်။ ပြင်းထန်သည့်အနံ့တစ်ခုက သူ့ကိုလာရိုက်ခတ်သည်။ အလစ်တိုက်ခိုက်ခံရသည်ဟု ထင်လိုက်သဖြင့် အလိုလိုလက်ဝါးဖြင့် ရိုက်ထုတ်မိမတတ်ဖြစ်သွားသည်။

"စီနီယာ၊ ဒါကဘာလဲ"

ဖန်ဘူးကိုလက်ညှိုးထိုးပြ၍ သူလှမ်းမေးသည်။

"ငရုတ်ဆီလေ။ ဒါမျိုးမမြင်ဖူးဘူးလား။ တာအိုလမ်းစဉ်ဂိုဏ်းမှာလည်း ဟော့ပေါ့‌ရောင်းတာပဲမဟုတ်လား"

ယွမ်ကျိအသံတိတ်သွားသည်။ ငရုတ်ဆီကို သူသိပါသည်။ သို့သော် တိုက်ခိုက်ခံရသည်ဟု ထင်ရလောက်အောင် ပြင်းထန်သည့်ငရုတ်ဆီမျိုးကိုတော့ ယခုမှပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

တကယ်အမြင်ကျယ်ရပါသည်။

လုယန်က ယွမ်ကျိထက်ပင် ပို၍အံ့ဩနေသည်။ ဘယ်လိုငရုတ်ဆီမျိုးမို နှစ်သုံးသိန်းကြာအောင် အထားခံသည်မသိ။

"ဒီငရုတ်ဆီက နေလကြယ်သန္ဓေစွမ်းအင်တွ စုပ်ယူနိုင်တဲ့ မိုးမြေရတနာသစ်ဥသစ်ဖုတွေနဲ့ လုပ်ထားတာ"

ထာဝရနတ်မယ် ပုလင်းတစ်ခုကို ပုတ်ပြသည်။

"ဒီပုလင်းကိုကြည့်လိုက်။ ဒီငရုတ်ဆီထည့်ဖို့အတွက် ဒီပုလင်းကို ပစ္စည်းသန့်စင်တာကျွမ်းကျင်တဲ့သူတွေ အများကြီးခေါ်ပြီး လုပ်ခိုင်းခဲ့တာ။

ပြီးတော့ ဒီငရုတ်ဆီကိုကြည့်ပါ။ သာမန်ငရုတ်ဆီနဲ့ တူသလိုထင်ရပေမယ့် နှစ်စက်သုံးစက်လောက်ထည့်လိုက်တာနဲ့ ဟင်းပွဲကို အဆင့်သစ်တစ်ခုရောက်သွားအောင် မြှင့်တင်ပေးနိုင်တယ်။

ပြီးတော့ ဒီငရုတ်ဆီက လိမ်ညာတာကို ခွဲခြားနိုင်တဲ့အစွမ်းမျိုးလည်း ရှိတယ်။ ဒါကိုသန့်စင်တုန်းကတော့ ငါမသိခဲ့ဘူး။ အမှတ်မထင်ရလာတဲ့ ဝမ်းသာစရာစွမ်းရည်လေးပေါ့"

"ဘယ်လိုကြောင့်လဲ"

"ချီလင်မသေမျိုးက အစပ်စာတွေကြိုက်တယ်။ ဒါကိုသိလို့ ငါသူ့ကို ထမင်းဖိတ်ကျွေးတယ်။ သူ့အစားအသောက်ထဲ ငရုတ်ဆီ သုံးလေးစက်ထည့်လိုက်တယ်။ ယင်ထန်မသေမျိုးရဲ့ပန်းကန်ထဲကိုတော့ မထည့်လိုက်ဘူး။

သုံးလေးလုတ်စားပြီးတော့ ယင်ထန်မသေမျိုးက လက်ကိုဝှေ့ယမ်းပြပြီးပြောတယ်။ အစပ်စာတွေ သူမကြိုက်ဘူး၊ အစခြားအစားအသောက်မျိုးပြင်ပေးပါတဲ့လေ။

ငါနင့်ကိုပြောပြမယ်။ ငါ့ဟင်းချက်လက်ရာကို လူတွေအများကြီးက ချီးကျူးကြတာ။ မသေမျိုးမဖြစ်ခင်မှာတောင် ငါကအတော်လေး နာမည်ကြီးနေပြီ။ ကိုးဆမသေမျိုးဆိုရင် သူ့အတွက် အစားအသောက်ချက်ပြုတ်ပေးဖို့ ခဏခဏလာပြောတယ်"

လုယန် အကြီးအကျယ် အံ့အားသင့်သွားသည်။ နတ်မယ်ချက်သည့်အစားအသောက်များကို အကြိမ်ကြိမ်အခါခါစားရဲသည်မှာ တော်ရုံတန်ရုံသတ္တိမျိုးမဟုတ်။ ယင်ထန်မသေမျိုးထက်ပင် ပို၍ရဲရင့်သည်။

"အဲဒါတကယ်လား"

"တကယ်ပေါ့။ ပထမဆုံးအကြိမ် ကိုးဆမသေမျိုးအတွက် ငါချက်ပြုတ်ပေးတုန်းက သူအံ့အားသင့်သွားတယ်။ ငါ့မှာအလားအလာအများကြီးရှိတယ်လို့ သူပြောတယ်"

နတ်မယ် စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောနေသည်။ အစက သူ့ဟင်းချက်စွမ်းရည်သူ ယုံကြည်ချက်သိမရှိခဲ့။ ဤအဖြစ်အပျက်ကြောင့် ယုံကြည်ချက်များစွာရခဲ့သည်။ ထို့ကြောင့် မသေမျိုးဟင်းချက်လမ်းစဉ်တွင် နောက်ထပ်တိုးတက်မှုများရလာပြီး မကြုံစဖူးထူးခြားသည့် အဆင့်အတန်းအထိ ရောက်ခဲ့သည်။ ခေတ်ဟောင်းခေတ်သစ် ဝိညာဉ်စားဖိုမှူးအားလုံးက သူ့ကိုလေးစားအားကျကြသည်။

သူစောစောသေခဲ့သည်မှာ ဝမ်းနည်းစရာကောင်းသည်။ သူသာမသေခဲ့လျှင် အားလုံး၏အကြည်ညိုခံ အလေးစားခံ ဝိညာဉ်စားဖိုမှူးဘိုးဘေးကြီး ဖြစ်လာခဲ့လောက်သည်။

မသေမျိုးတွေ့ဆုံပွဲများတွင် မကြာခဏသူ့ဇာတ်လမ်းအဖြစ်အပျက်ကို ထုတ်ပြောသည်။ သူ့အတွက် အထောက်အပံ့ပေးခဲ့သည့် ကိုးဆမသေမျိုးကို ကျေးဇူးတင်ကြောင်းပြောသည်။ သူ့စကားကြားပြီးနောက် တစ်ခြားမသေမျိုးများက ကိုးဆမသေမျိုးကို ကြင်နာသည့်အပြုံးဖြင့် ကြည့်ကြသည်။

လုယန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာမျိုး ပေါ်နေသည်။

"ကိုးဆမသေမျိုးက တကယ်ဒီလိုပြောခဲ့တာလား"

လုယန်၏ သံသယမေးခွန်းကြောင့် ထာဝရနတ်မယ် တင်ပါးပေါ်လက်တင်၍ နှုတ်ခမ်းစူပြီး မျက်မှောင်ကျုံ့သွားသည်။

"ငါနင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။

နောက်ထပ်သုံးလေးရက်ကြာတော့ သူ့ငါ့ဆီ ထပ်လာတယ်။ အစားအသောက်ကို အိမ်ယူသွားချင်လို့ နောက်တစ်ခါလောက် ထပ်ချက်ပေးပါတဲ့။ ဘာလို့ယူသွားချင်တာလဲလို့ ငါမေးတယ်။ ဒါပေမယ့်သူက ငါမေးတာကို တိုက်ရိုက်မဖြေဘူး။

သူပြောတာ ငါသေချာမမှတ်မိဘူး။ 'အကျဉ်းသားက ခေါင်းမာတယ်။ ဘယ်လိုနှိပ်စက်နှိပ်စက်အလုပ်မဖြစ်ဘူး။ သမရိုးကျမဟုတ်တဲ့နည်းလမ်းတွေ သုံးဖို့လိုတယ်'ဆိုလားပဲ"

***************************************

All Chapters