သင်ကြားပြသခြင်း
Vol. 016 Ch. 1502
တေးသံသာစံအိမ် အနောက်ဘက်ရှိ တိမ်ပင်လယ်ကြားတွင် ကျောက်တုံးကြီးများရှိနေသည်။
ရီဖူရှင်းသည် တင်ပလ္လင်ခွေထိုင်ပြီး တေးဂီတတစ်ပုဒ်အား တီးခတ်နေသည်။ တေးဂီတသံမှ ထွက်ပေါ်လာသည့် ဂီတမှတ်စုတိုင်းသည် ဖီးနစ်၏အသံနှင့် ဆင်တူသည်။ အသက်ဝင်နေသော မှတ်စုတစ်ခုစီတိုင်းတွင် တောက်ပသောအလင်းရောင်များ ထွက်ပေါ်နေသည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်သာ ရှိခဲ့မည်ဆိုပါက ထိုသူသည် ဖီးနစ်ငှက်တစ်ကောင် သီချင်းဆိုနေသည်ဟု အထင်မှားမိမည်မှာ သေချာလေသည်။
ကုချင်း၏အသံသည် ဖီးနစ်အော်မြည်သံနှင့်တူလှသည်။ ထိုဂီတမှတ်လေးများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်ပတ်နေသော ဖီးနစ်ပုံရိပ်ယောင်များ ဖြစ်ပေါ်လာကာ ပျောက်ကွယ်သွားကြသည်။
တိမ်ပင်လယ်ထဲတွင် သန့်စင်သောအလင်းတန်းများ တောက်ပလင်းလက်နေသည်မှာ ရင်ရှုသပ်မောလောက် အောင် လှပလွန်းလှသည့် ကောင်းကင်ကိုးလွှာ၏ ဖီးနစ်ပုံ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်ဖြစ်သည်။
ဝေးကွာလှသောနေရာတစ်နေရာတွင် တိမ်ပင်လယ်များ ပြိုကွဲသွားပြီး ရွှေရောင်အလင်းတန်းများ တိမ်ပင်လယ် ပေါ်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ကုချင်းသံသည် ရှည်ကြာသော လေချွန်သံကဲ့သို့ ပဲ့တင်ထပ်သံများအား ဖြစ်ပေါ်စေသည်။ အစစ်အမှန်နတ်ငှက်ဖြစ်သော ဖီးနစ်ငှက်သည် တိမ်ပင်လယ်မှ တဟုန်ထိုးထွက်ပေါ်လာပြီး တောင်ပံများကို ဆန့်ထုတ်ကာ ရီဖူရှင်းဆီသို့ တည့်မတ်စွာ ပျံသန်းလာနေသည်။
ရီဖူရှင်းသည် ထိုအရာအား သိမြင်ခြင်းမရှိသကဲ့သို့ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဖီးနစ်ငှက်၏ အော်မြည်သံ ကဲ့သို့သော ကုချင်းသံသည် ဆက်လက်ထွက်ပေါ်နေပြီး မရေတွက်နိုင်သော ဂီတမှတ်စုများသည် ဖီးနစ်ငှက်၏ စိတ်ထဲသို့ စီးဝင်လာပြီး ပဲ့တင်ရိုက်ခတ်သွားသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် ဖီးနစ်ငှက်၏ အတွေးများကို သိမြင်နေပြီး၎င်း၏စိတ်စွမ်းအားကိုပင် ယူသုံးနိုင်သည့်ပုံပေါ်နေသည်။
သူသည်တည်ငြိမ်သောအပြုံးဖြင့် ကုချင်းကိုတီးခတ်နေနေပြီး ဖီးနစ်လေးသည် သူ့ဘေးတဝိုက်တွင် လှည့်ပတ် ပျံသန်းနေသည်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် ဖီးနစ်ပုံရိပ်များ ကခုန်နေကြပြီး အလွန်လှပသော ပန်းချီကား တစ်ချပ် အသက်ဝင်လာသလို ဖြစ်နေသည်။
ဖီးနစ်လေးသည် အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ ကြည်လင်ရှင်းလင်းသော သူမ၏အော်မြည်သံသည် ကုချင်းသံနှင့် လိုက်ဖက်လွန်းလှသည်။ မကြာမီ သီချင်းသံသည် တဖြည်းဖြည်းချင်း ရပ်တံ့သွားပြီး သူမလည်း ပျံသန်းကခုန်နေခြင်းအား ရပ်တံ့လိုက်ကာ လူအသွင်သို့ပြောင်းလဲလိုက်ပြီး ရီဖူရှင်းအနား တိုးကပ်လာသည်။
“ဖီးနစ်တောင်ပံ၏လေဟုန်ခရီး”
ဖီးနစ်လေးသည် အံ့အားသင့်နေသော မျက်လုံးလှလှများဖြင့် ရီဖူရှင်းအား ကြည့်ကာပြုံးလိုက်သည်။
“ရှင်က ကျွမ်းကျင်တာတော်တော်မြန်တာပဲ”
တစ်လကျော်အတွင်းတွင် ရီဖူရှင်းသည် ဖီးနစ်တောင်ပံ၏လေဟုန်ခရီးအား အမှန်တကယ်ကျွမ်းကျင်ခဲ့ပြီး သဘာဝလောကဖြစ်သော ကောင်းကင်နှင့်မြေကြီးတို့၏ အာရုံကိုပင်ဆွဲဆောင်နိုင်သော အံ့အားသင့်ဖွယ် ဖီးနစ် အကအား ဖြစ်ပေါ်စေခဲ့သည်။
“ငါကပါရမီရှင်လေ” ရီဖူရှင်းက တိုးညှင်းစွာရယ်မောရင်းပြောလိုက်သည်။
“ ဖီးနစ်လေး... ငါသီချင်းသံစဉ်ကို တီးနေတုန်းက မင့်စိတ်ဝိညာဉ်စွမ်းအားရဲ့ ရိုက်ခတ်မှုကို ခံစားမိတယ်။ ဒါက မင်းရဲ့ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေတာလား”
“အပြန်အလှန်အထောက်အကူဖြစ်စေတယ်။ ရှင့်ရဲ့ကျင့်ကြံခြင်းအဆင့်ကပိုမြင့်ပြီးတော့ စိတ်ဝိညာဉ်ထိုးထွင်း သိမြင်ခြင်းမှာ ကျွန်မထက်ပိုသာတယ်ဆိုရင် ကျွန်မအတွက် အထောက်အကူဖြစ်စေမယ်။ တကယ်လို့ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က ရှင့်ထက်ပိုမြင့်တယ်ဆိုရင် ရှင့်ကိုအထောက်အကူအများကြီးဖြစ်စေလိမ့်မယ်”
ဖီးနစ်တောင်ပံ၏ပျံသန်းမှုသည် ဖီးနစ်များအပေါ် အခြေခံ၍ ဖန်တီးထားသည့်ကျော်ကြားသော သံစဉ်တစ်ပုဒ် ဖြစ်သည်။ ထိုသံစဉ်သည် အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းသော်လည်း တိုက်ပွဲများတွင် အသုံးပြုပါကလည်း ၎င်း၏စွမ်းအားသည်အမှန်တကယ် သန်မာလှသည်။
ရီဖူရှင်းက ပြောသည် “မင်း ငါ့ကိုအခွင့်အရေးယူနေတာပဲ”
ဖီးနစ်လေးသည် အနည်းငယ်ရှက်ရွံ့သွားပြီး ရီဖူရှင်းကိုကြည့်ကာ ပြောသည် “ကျွန်မရဲ့ကျင့်ကြံမှုက ခုချိန်မှာတော့ ရှင့်ထက်နိမ့်ကျပေမယ့် ကျွန်မက မွေးရာပါ ရှန့်ထိုတစ်ယောက်ဖြစ်တာကြောင့် ကျွန်မရဲ့အဆင့် တိုးတက်နှုန်းက အရမ်းမြန်လိမ့်မယ်။ ကျွန်မက ဖီးနစ်နတ်ဘုရားအဖြစ် လျာထားခြင်းခံရပြီး အရှင်ထိုက်ရွှမ်ကတောင် ကျွန်မရဲ့ အနာဂတ်က အဆုံးမဲ့တယ်လို့ ပြောခဲ့တယ်။ ကျွန်မက ကောင်းကင်ကိုးလွှာမှာ ရွက်လွှင့်ပျံသန်းခွင့်ရှိတဲ့သူပဲ။ ကျွန်မ မှတ်မိသလောက်တော့ ရှင်နဲ့အတူ ကျင့်ကြံမယ်လို့ကျွန်မ မပြောဖူးဘူးထင်တယ်”
“ကောင်းပါပြီ ငါကပဲ မင်းကို အခွင့်အရေးယူခဲ့တာပါ” ရီဖူရှင်းပြုံးလိုက်သည်။ သည်ရက်များအတွင်း သူနှင့်ဖီးနစ်လေးတို့သည် တစ်ဦးနှင့်တစ်ဦး အကျွမ်းတဝင်ရှိလာကြသည်။ သူမသည် မရင့်ကျက်သေးသော မိန်းမငယ်လေးတစ်ဦး၏ စိတ်အခြေအနေတွင်ရှိနေသဖြင့် သူမအား သခင်မလေးလင်းအာကဲ့သို့ ဆက်ဆံ၍ မရကြောင်း နားလည်ပြီး ဖြစ်သည်။
“ဟုတ်တယ် အဲလိုဖြစ်နေတာ” ဖီးနစ်လေး၏ မျက်နှာသည် အနည်းငယ်ပန်းရောင်သမ်းနေပြီး တိုးတိုးလေး ပြောလိုက်သည်။ သို့သော် သူမ၏ထိုသို့ဖြစ်နေသော မျက်နှာလေးသည် ပြီးပြည့်စုံသော အသွင်သဏ္ဌာန်မျိုး ဖြစ်ပေါ်စေကာ မယုံကြည်နိုင်လောက်အောင်ပင် ဆွဲဆောင်မှုရှိနေစေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရီဖူရှင်း၏စိတ်တွင် အခြားသော အတွေးအမြင်များ မရှိတော့သည်မှာကြာမြင့်လှပြီ ဖြစ်သည်။ အမှန်တွင်လည်း သူသည် ထိုသို့သောလူစားမျိုးမဟုတ်ခဲ့ပါ။
“ထပ်လေ့လာကြမလား” ရီဖူရှင်းကပြုံးပြီးပြောလိုက်သည်။
“အင်း... အင်း...” ဖီးနစ်လေးသည် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ သူမသည် ဖီးနစ်တောင်ပံ၏ လေဟုန်ခရီး နှင့် လိုက်ဖက်ညီလှသည်ဟု ခံစားရသည်။
“ဖုန်းယန်” ဟူသော ခေါ်သံနှင့်အတူ တောက်ပသော နတ်ဖီးနစ်တစ်ကောင် ပေါ်ထွက်လာသည်။ သူမသည် ဖုန်းယန်၏ မိခင်ဖြစ်သည်။ သူမသည် ဖုန်းယန်အားကြည့်ပြီး “သွားကြမယ်” ဟုပြောလိုက်သည်။
“အကြီးအကဲ” ရီဖူရှင်းသည် နတ်ဖီးနစ်၏အသံဘက်သို့ လေးနက်စွာ အရိုအသေပေးလိုက်သဖြင့် နတ်ဖီးနစ်က သူ့ကို သေသေချာချာ အကဲခတ်လိုက်သည်။
သူသည် ဖီးနစ်ငှက်၏ လေဟုန်ခရီးကို အချိန်တိုအတွင်းကျွမ်းကျင်နိုင်ခဲ့သည်။
သူမသည် အနည်းငယ် တွေဝေသွားသည်။ တစ်ချိန်က တေးသံသာအင်ပါယာသည် ထိုနေရာတွင် ဖီးနစ် တောင်ပံ၏လေဟုန်ခရီးအား တီးခတ်ခဲ့ပြီး သူတို့လင်မယားသည် တေးသံသာအင်ပါယာအား အဖေါ်ပြုခဲ့ ကြသည်။ သို့သော် တေးသံသာအင်ပါယာသည် သူတို့နှစ်ဦးနှင့်အမွေအနှစ်များကို ချန်ရစ်ကာ တောင်ပေါ်မှ ထွက်ခွါသွားခဲ့သည်။
နတ်ဖီးနစ်၏ တောက်ပသောပုံရိပ်ယောင်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး ဖီးနစ်လေးသည်လည်း အဝေးမှ တိမ်တိုက်ပင်လယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ရီဖူရှင်းသည် ပျောက်ကွယ်သွားသော ပုံရိပ်များကိုကြည့်ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ဒါ......သူခိုး၏လက်မှ ကာကွယ်ခြင်းပေလား။ ကံဆိုးစွာဖြင့် သူသည် ထိုအရာအား မည်သို့မျှမတတ်နိုင်ပေ။
“ညီအစ်ကိုရှန်က ဒီမှာလား” ထိုအချိန်တွင် တေးသံသာစံအိမ်၏ အပြင်ဘက်မှ ထွက်ပေါ်လာသော အသံတစ်သံအား ရီဖူရှင်းကြားလိုက်ရသည်။
ရီဖူရှင်း အနည်းငယ် ရှုပ်ထွေးသွားသည်။ တေးသံသာစံအိမ်တွင် ကျင့်ကြံနေသည့်အချိန် တစ်လအတွင်းတွင် တစ်ခါတစ်ရံတွင် ဖီးနစ်လေးရောက်လာတတ်သည်မှလွဲ၍ သူသည် ကုချင်းများနှင့်သာ တစ်ကိုယ်တည်း လေ့ကျင့်ခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ဦးက သူ့ထံသို့ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။
ရီဖူရှင်းသည် တေးသံသာစံအိမ်၏အရှေ့ဘက်ခြမ်းသို့ လျှောက်လာခဲ့ရာ ခြံရှေ့တွင် လူငယ်တစ်စု ရောက်နေ ကြပြီး သူ့ကိုကြည့်နေကြသည်အား တွေ့လိုက်ရသည်။
ထိုလူများသည် သဘောရိုးဖြင့် လာရောက်ကြခြင်းမဟုတ်ကြောင်း သူသိနေသည်။ ထိုက်ရွှမ်တောင်တန်းသို့ ဝင်ရောက်ကျင့်ကြံနိုင်ကြသူများသည် သာမန်လူများမဖြစ်နိုင်ကြောင်းလည်း သူကောင်းကောင်းသိသည်။
“ရှန်ကျင်းက ညီအစ်ကိုတို့ အားလုံးကိုနှုတ်ဆက်ပါတယ် “ ရီဖူရှင်းသည် လက်ကိုဆုပ်လိုက်ပြီး ယဉ်ကျေး သိမ်မွေ့စွာဖြင့် နှုတ်ဆက်လိုက်သည်။
အုပ်စုအလယ်မှလူငယ်တစ်ယောက် ရှေ့ထွက်လာပြီး ရီဖူရှင်းအား ပြန်လည်နှုတ်ဆက်ကာ ပြောလိုက်သည်။
“ညီအစ်ကိုရှန်ရဲ့နာမည်ကို ကြားဖူးနေတာတော့ကြာပါပြီ.. ထိုက်ရွှမ်တောင်ရဲ့ ကုချင်းဆောင်က ချန်ယွီပါ စတုတ္ထသခင်မလေးနဲ့ အကြီးအကဲလန်တို့က ညီအစ်ကိုရှန်ကို တေးသံသာစံအိမ်မှာ ကျင့်ကြံစေခဲ့တဲ့သတင်း ကြားကတည်းက ကျုပ်တို့အားလုံးက ညီအစ်ကိုရှန်းကို တွေ့ဆုံချင်နေခဲ့ကြတာ။ ဒီနေ့ ကျွန်တော်တို့ လာလည်တဲ့ အတွက် ညီအစ်ကိုရှန် စိတ်မပျက်စေရပါဘူး “
ထိုက်ရွှမ်၏ တပည့်ကြီးလေးဦးတို့သည် တောင်ပေါ်မှ ထွက်ခွါကာ ကိုယ်ပိုင်ကလန်များအား တည်ထောင် သွားကြသဖြင့် ထိုက်ရွှမ်တောင်ပေါ်တွင် ဓားချောက်နက်၊ ကုချင်းဆောင်နှင့် ဆေးဝါးစံအိမ်ကဲ့သို့သော ကျင့်ကြံသည့်နေရာများအား ထိုက်ရွှမ်တောင်တန်းရှိ အကြီးအကဲများက စီမံအုပ်ချုပ်ခဲ့ကြသည်။ ထိုအကြီးအကဲ တို့သည် အရှင်ထိုက်ရွှမ်၏ အစောပိုင်းနောက်လိုက်များ ဖြစ်သော်လည်း အရှင်ထိုက်ရွှမ်၏ ပင်မတပည့်များ ဖြစ်လာနိုင်သည့် အခွင့်အလမ်းများမရှိခဲ့ကြပေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက အရှင်ထိုက်ရွှမ်၏ ပင်မတပည့်ငါးဦးသည် ဤအဖွဲ့ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် တပည့်တစ်ဦး ရုတ်တရက်သေဆုံးသွားခဲ့ရာ အရှင်ထိုက်ရွှမ်သည် သူအသက်ရှင်သန် နေစဉ်ကာလအတွင်း မည်သည့်တပည့်မှ လက်မခံတော့ဟူ၍ အဓိဌာန်ချခဲ့သည်။ ထို့ကြောင့် အရှင်ထိုက်ရွှမ်သည် အချို့ထူးခြားသော အရည်အချင်းများရှိသောသူများအား လမ်းညွှန်မှုများပေးခဲ့သော်လည်း သူတို့ကို လက်ရင်း တပည့် အဖြစ် လက်ခံခြင်းတော့မရှိခဲ့ပေ။
အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်သည် တောင်ပေါ်သို့ရောက်သောအခါတိုင်း ထပ်မံ၍ တပည့် လက်ခံ လာစေရန် ဆွဲဆောင်သည့်အနေဖြင့် အရှင်ထိုက်ရွှမ်ထံသို့ အလွန်ထူးချွန်သောပါရမီရှင်များအား မကြာခဏ စေလွှတ်လေ့ရှိကြသည်။
ထို့ကြောင့် အဆင့်မြင့်ကောင်းကင်ဘုံရှိ လူများသည် အရှင်ထိုက်ရွှမ်သည်တပည့်များ လက်ခံခြင်း မရှိ တော့ကြောင်း တဖြည်းဖြည်းနားလည်လာကြသည်။
ကုချင်းဆောင်သည် ကုချင်းအနုပညာအား လေ့ကျင့်သည့်နေရာဖြစ်ခဲ့သည်။ အရှင်ထိုက်ရွှမ်သည် ဗဟုသုတ များစွာနှင့် အတွေ့အကြုံများစွာရှိပြီး များစွာသော စွမ်းရည်များအား ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူလမ်းညွှန် ခဲ့သော တပည့်များသည် သူတို့၏လမ်းကြောင်းများတွင် ကျွမ်းကျင်သူများ ဖြစ်လာခဲ့ကြသည်။ အရှင်ထိုက်ရွှမ် သည် မရည်ရွယ်ဘဲ ပါရမီရှင်များအား စုစည်းနိုင်ခဲ့သည်။
ရီဖူရှင်းသည် အလည်လာသူများမှာ ကုချင်းဆောင်မှ ဖြစ်သည်ကိုကြားသည့်အခါ တစ်စုံတစ်ရာအား သဘောပေါက်သွားသည်။ သူသည် ထိုက်ရွှမ်တောင်၏ တပည့်တစ်ယောက်မဟုတ်ဘဲ ထိုက်ရွှမ်တောင်သို့ စေလွှတ်ခံရပြီးနောက် တေးသံသာစံအိမ်ကို စောင့်ရှောက်ရန် တာ၀န်ပေးအပ်ခြင်းခံခဲ့ရသည်။ ထိုအခွင့် အရေးအား မည်သူမျှမရခဲ့ဖူးပေ။ ကုချင်းဆောင်၏ တပည့်များသည်ပင် ဤမျှကောင်းမွန်သော အခွင့်အလမ်း အား မရနိုင်ခဲ့ပေ။
ရီဖူရှင်းသည် မည်သို့သော အဆက်အသွယ်များကြောင့် ထိုသို့ ရရှိနိုင်ခဲ့သနည်း။
စတုတ္ထသခင်မလေးသည် မည်သည့်စိတ်ကူးဖြင့် ထိုက်ရွှမ်တောင်သို့ ပို့ခဲ့သနည်း။ သို့မဟုတ် အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်ထဲတွင် စတုတ္ထသခင်မလေးသည်သာ တစ်ဦးတည်းသော မိန်းကလေးတပည့်ဖြစ်သဖြင့် သူမအား အလိုလိုက်ခဲ့ကြသည်လား။
“ညီအစ်ကိုချန်က ကျုပ်ကိုမြှောက်ပင့်လွန်းနေပါပြီ။ ကျုပ်ကသာမန် ဂီတပညာရှင်တစ်ဦးပါပဲ။ စတုတ္ထသခင်မလေး နဲ့ အကြီးအကဲလန်တို့ရဲ့ အလေးပေးမှုကို ကံကောင်းပြီးရခဲ့လို့သာ ဒီနေရာကိုရောက်လာရပြီး တေးသံသာ စံအိမ်ကို စောင့်ရှောက်ရတဲ့သူဖြစ်လာတာပါ။ ကျုပ်လိုလူဆီကို ဒီကပါရမီရှင်တွေအားလုံး အလည်လာရလောက် အောင် မထိုက်တန်ပါဘူး။ တကယ်လို့ ရှန်ကျင်းလုပ်နိုင်တာများ ရှိခဲ့ရင်အသိပေးပါ။ ညီအစ်ကိုတို့ဆီ အရောက် လာခဲ့ပါ့မယ်”
ရီဖူရှင်းသည် ချန်ယုမှာ ယဉ်ကျေး၍ လေးစားမှုရှိသူဖြစ်ကြောင်း သိမြင်ရသောအခါ လာရောက်စုံစမ်းခြင်းအား စိတ်အနှောက်အယှက်မဖြစ်အောင် အကြောင်းပြချက်ပေးကာ ဖုံးကွယ်လိုက်သည်။ သူသည် ပြဿနာများအား ရှောင်ရှားရန်အတွက် ချန်ယုထက်ပိုပြီး နိမ့်ကျသူသဖွယ် နှိမ့်ချကာပြောလိုက်သည်။ သူ့အပေါ်တွင် အာရုံစိုက် ခံရစေရန်အတွက် ထိုက်ရွှမ်တောင်သို့လာခဲ့ခြင်းမဟုတ်သဖြင့် မည်သည့်ပြဿနာမှ မဖြစ်စေလိုပေ။ သူသည် မိမိကိုယ်ကို တိုးတက်စေရန်အတွက် တိတ်တဆိတ်သာ ကျင့်ကြံလိုသည်။
ရီဖူရှင်း၏စကားကို ကြားရသောအခါ လူတိုင်းသည် သူ့အား နက်ရှိုင်းကာ အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ဤလူ၏အသံတွင် ရိုးသားမှုများအားတွေ့နေရပြီး အတော် နှိမ့်ချတတ်သူဖြစ်သည်။
“ညီအစ်ကိုရှန်က နှိမ့်ချလွန်းနေပါပြီ။ စတုတ္ထသခင်မလေးက မင်းကို တေးသံသာစံအိမ်ကို ပို့လိုက် ကတည်းက မင်းရဲ့ကုချင်းနဲ့ပတ်သက်တဲ့ နားလည်သဘောပေါက်မှုက အတော်လေးမြင့်မယ်လို့ထင်ပါတယ်” ဟု လိုက်ပါလာ သူတစ်ဦးက ပြောကြားလိုက်သည်။
“အဲလိုလဲမဟုတ်သေးဘူး” ရီဖူရှင်းခေါင်းကိုခါလိုက်သည်။ “ကျုပ်က ထိုက်ရွှမ်ဆောင်က သာမန် ဂီတပညာရှင် တစ်ယောက်ပါပဲ။ စတုတ္ထသခင်မလေးက ကျုပ်လိုလူကို ဘာလို့ဘာလို့ တန်ဖိုးထား နေတာလဲဆိုတာ ကျုပ်လဲ မသိဘူး။ ဒါပေမယ့် တေးသံသာစံအိမ်ကို စောင့်ရှောက်ဖို့အခွင့်အရေးရတာကတော့ ကျုပ်အတွက် ဂုဏ်ယူ စရာပါပဲ။ ဒါကြောင့်ကျုပ်အကောင်းဆုံးလုပ်ပြီး ဒီနေရာက ကုချင်းအားလုံးကို ထိန်းသိမ်းနေပါတယ်”
ရီဖူရှင်း၏ စကားကို ကြားလိုက်ရသောလူတိုင်း၏ မျက်ဝန်းတွင် ထူးဆန်းတဲ့အကြည့်များ ဖြစ်ပေါ်လာသည်။ ဤလူသည် အလွန်နှိမ့်ချတတ်ပြီး ယဉ်ကျေးသောကြောင့် သူဘာမှားနေလဲဆိုတာ ချက်ချင်းမသိနိုင်ကြပေ။ ထိုမျှ ခင်မင်နှစ်လိုဖွယ်ကောင်းသောသူကို မည်သူမှ မတိုက်ခိုက်လိုကြပေ။ ရှန်ကျင်း၏ စိတ်သဘောထားသည် စံထားထိုက်ပေသည်။
“တေးသံသာစံအိမ်မှာ မှတ်တမ်းစာအုပ်တွေ အများကြီးရှိတယ်။ ရှင်အဲဒါတွေကို လေ့လာပြီးပြီလား”
ချန်ယုဘေးသို့ လွှင့်မျှောနေသော ဂါဝန်ရှည်အား ဝတ်ဆင်ထားသည့် နတ်မိမယ်အသွင် မိန်းကလေး တစ်ယောက် ထွက်လာသည်။ သူမသည် ကုချင်းဆောင်မှ တပည့်တစ်ယောက်ဖြစ်ပြီး ထူးချွန်သောသူ တစ်ယောက်လည်း ဖြစ်သည်။ သူမ၏အမည်မှာ လီကျစ်ရင် ဖြစ်သည်။
ယခုအခါတွင် ကုချင်းဆောင်တွင် တပည့်အများအပြား မရှိတော့ပေ။ ချန်ယုနှင့် လီကျစ်ရင်တို့မှာ ထိုတပည့်များ ထဲတွင် အတော်ဆုံးသူများဖြစ်ကြသည်။
“အဲဒါတွေက အဓိပ္ပာယ်ကျယ်ပြန့်နက်ရှိုင်းလွန်းတော့ ကျုပ်နည်းနည်းပဲ ဖတ်နိုင်သေးတယ်။ ဒါပေမယ့် ကုချင်းဆောင်မှာတော့ မှတ်တမ်းတွေကတော်တော့်ကိုများတယ်။ ကျုပ်တစ်သက်တာမှာ အကုန်လုံးကို လေ့လာ နိုင်ဖို့ ခက်ခဲမှာကိုကြောက်နေမိတာ” ရီဖူရှင်းပြန်ဖြေလိုက်သည်။
“အမှန်ပဲ” လီကျစ်ရင် ဖြေးညင်းစွာခေါင်းညိတ်လိုက်သည်။
“ကျွန်မ ကုချင်းဆောင်မှာ လေ့ကျင့်ဖို့ ရွေးချယ်ခံရတာ ကံကောင်းတယ်။ ကျွန်မ နာမည်ကျော် သံစဉ်ခြောက်ပုဒ်ရဲ့ မှတ်တမ်းစာအုပ်တွေကို လေ့လာဆင်ခြင်ခွင့်ရခဲ့ပေမယ့် ရက်ပေါင်းများစွာ ကျင့်ကြံနေတာတောင်မှ ကျွန်မက အပေါ်ယံလေးလောက်ပဲ ထိတွေ့နိုင်ခဲ့တယ်။ ကောင်းကင်နှင့်မြေကြီးကြားက ဆန်းကျယ်မှုတွေ ဖြစ်ပေါ် လာအောင် ဆွဲဆောင်ဖို့ မတတ်နိုင်တာကို တွေ့ရတာ သနားစရာပဲ”
“ကျစ်ရင် မင်းကအရမ်းတော်တယ်။ အဲ့ဒီတုန်းက ဖီးနစ်တောင်ပံ၏လေဟုန်ခရီးကို မင်း အောင်မြင်လုနီးပါး တီးခတ်နိုင်ခဲ့တယ်” ချန်ယုကပြောလိုက်သည်။
“ရှန်ကျင်း… ရှင်က အခု တေးသံသာစံအိမ်ရဲ့ စောင့်ရှောက်သူပဲ ကျွန်မကို ဝင်ကြည့်ခွင့်ပေးလို့ရမလား” လီကျစ်ရင်က ရီဖူရှင်းအားမေးလိုက်သည်။
“ကြွပါ...”ရီဖူရှင်းကပြုံးပြီးခေါင်းညိတ်လိုက်သည်။ အကြီးအကဲလန်သည် သူ့အား စံအိမ်ကို စောင့်ရှောက်ရန် ပြောစဉ်အခါက အခြားသူများ ၀င်ရောက်ခြင်းအား တားမြစ်ထားသည်ဟုမပြောခဲ့ပါ။ အကယ်၍ သူ ငြင်းဆန်လိုက်ပါက အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်သည်။ ထိုက်ရွှမ်တောင်သို့ ဝင်ရောက်ရန်အတွက် ထိုက်ရွှမ်စံအိမ်သခင်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သော်လည်း သူသည် မလိုအပ်ဘဲ အာရုံစိုက်ခြင်းမခံချင်သကဲ့သို့ အခြားသူများ မုန်းတီးခြင်းကိုလဲ မခံချင်ပေ။
သူတို့အားလုံး တေးသံသာစံအိမ်သို့ ဝင်လာကြကာ လီကျစ်ရင်သည် စံအိမ် အနောက်ဘက်ရှိ တိမ်ပင်လယ်ဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ တောင့်တသောခံစားမှုကိုသူမ၏မျက်လုံးများတွင်တွေ့မြင်ရသည်။ တစ်ချိန်က ကုချင်းဆောင်ရှိ အကြီးအကဲများကို တေးသံသာစံအိမ်တွင် သွားရောက်ကျင့်ကြံလိုကြောင်း တောင်းဆိုခဲ့ သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်ကို အမှတ်ရမိသည်။ ထို့အပြင်ထိုနေရာသည် ထိုက်ရွှမ်တောင်၏ အဆင့် အမြင့်ဆုံးဖြစ်သော ယခင် တေးသံသာအင်ပါယာ နေထိုင်ရာနေရာဖြစ်သဖြင့် ထိုနေရာတွင် မည်သည့် တပည့် ကိုမျှ ကျင့်ကြံခြင်း မပြုစေခြင်းဖြစ်သည်။
သို့သော် စတုတ္ထသခင်မလေးက ရှန်ကျင်းလို သာမန်ဂီတပညာရှင်တစ်ယောက်ကို တေးသံသာစံအိမ်သို့ ပို့လိမ့်မည်ဟု ထင်မထားမိခဲ့ပါ။ သူသည် ဂီတမှတ်တမ်းထိန်းသိမ်းသူမျှသာဖြစ်သော်လည်း သူ၏အလုပ်မှ အကျိုးများစွာ ရနိုင်သေးသည်။
လီကျစ်ရင်သည် တိမ်ပင်လယ်ရှိ ကျောက်ပြားပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏သွယ်လျလျ လက် ဆယ်ချောင်းသည် ဖီးနစ်ကုချင်းပေါ်တွင် ညင်သာစွာပြေးလွှားသွားကာ စတင်တီးခတ်လိုက်သည်။ အားလုံး၏ အကြည့်များသည် သူမအပေါ်တွင်ကျရောက်နေကြစဉ် ကြည်လင်ကာ တင့်တယ်သော ဖီးနစ်၏ အော်မြည်သံကို ကြားလိုက်ရ၏။ ထိုလှုပ်ရှားသက်ဝင်လာမှုအောက်တွင် စိတ်နှစ်ပြီးကုချင်းတီးခတ်နေသော လီကျစ်ရင်၏ အသွင်သည် ပိုမိုမြင့်မြတ်သန့်စင်ကာ လှပသည့်ပုံပေါ်စေသည်။
တိမ်ပင်လယ်တွင် လှိုင်းလုံးများဖြစ်ပေါ်လာပြီး ထင်ရှားသော ဖီးနစ်ပုံရိပ်များဖြစ်ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ် တဝိုက်တွင် မှိန်ပျသော အလင်းရောင်များ လှည့်ပတ်ဖြစ်ပေါ်နေသည်။
“ဒါကဆန်းကျယ်မှုလား...”
ထိုအချင်းအရာအားမြင်သောအခါ လူတိုင်းအချိန်အနည်းငယ်ကြာ မှင်တက်သွားကြသည်။ တေးသံသာ အင်ပါယာ ချန်ထားခဲ့သည့် နာမည်ကျော်သံစဉ်ခြောက်ပုဒ်သည် ဖြစ်ရပ်ဆန်းများကို ဖော်ထုတ်နိုင်သည်ဖြစ်ရာ လီကျစ်ရင်၏ ဂီတပညာသည် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
ရီဖူရှင်းသည် အနီးတွင် တိတ်တဆိတ်ရပ်ကြည့်နေခဲ့သည်။ လီကျစ်ရင် ထုတ်ဖေါ်နေသည့်ဖြစ်ရပ်ဆန်းသည် သူနှင့် သိသိသာသာကွာခြားမှုများရှိနေကာ အောင်မြင်လုနီးပါးဖြစ်သော်လည်း လုံလောက်တဲ့အထိ မသန့်စင် သေးပေ။ သံစဉ်ပြီးဆုံးသွားသောအခါ လီကျစ်ရင်သည် စိတ်ဓါတ်ကျစွာဖြင့် ထိုင်နေပြီး အသံတိုးတိုးဖြင့် ညည်းလိုက်သည်။ “ခုထိ မရနိုင်သေးဘူးပဲ”
“မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ နာမည်ကျော်သံစဉ်ခြောက်ပုဒ်က ကျွမ်းကျင်ဖို့ မလွယ်ကူဘူး” ဟုချန်ယူက ပြောလိုက်သည်။ လီကျစ်ရင် မတ်တပ်ရပ်လိုက်ပြီး ရှုပ်ထွေးမှုများရှိနေသည့် လှပသော မျက်ဝန်းများဖြင့် ရီဖူရှင်းကိုကြည့်ကာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထိုသာမန်ဂီတပညာရှင်တစ်ယောက်သည် ဒီနေရာသို့ လာရန်အခွင့်အရေးရခဲ့သည်။ အကယ်၍ ထိုအခွင့်အရေးရခဲ့လျှင် သူမသည်လည်း ထိုသူကဲ့သို့ပင် တေးသံသာ စံအိမ်အား လိုလိုလားလား စောင့်ရှောက်မည်ဖြစ်သည်။
“စတုတ္ထသခင်မလေးက ရှင့်ကို ဒီကိုလွှတ်တယ်ဆိုကတည်းက ရှင့်ကိုအများကြီး မျှော်လင့်ထားမှာပဲ။ ဒီနေရာက ဂီတမှတ်တမ်းတွေကို အာရုံစိုက်ပြီး ကျင့်ကြံပါ။ နာမည်ကျော်သံစဉ်ခြောက်ပုဒ်လုံးက သိပ်ကိုကျယ်ပြန့် လေးနက် လွန်းတယ်။ ရှင်က ခြောက်ပုဒ်လုံးကို ထိုးသွင်းသိမြင်မှုမရှိခဲ့ရင်တောင်မှ ရှင့်ရဲ့ကျင့်ကြံခြင်းအတွက် အကျိုး အများကြီးရှိစေမှာပါ” သူမသည် ကုချင်းဆောင်၏ပါရမီရှင်ဖြစ်ပြီး ပြန်လည်မွေးဖွါးခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ရီဖူရှင်းအား သင်ကြားပြသရန်အရည်အချင်းများရှိသည်။
“ကောင်းပါပြီ ငါအကောင်းဆုံးကြိုးစားမယ် “ ရီဖူရှင်းသည် အများကြီးထပ်ပြောမနေဘဲ ခေါင်းညိတ်ပြုံးပြ လိုက်သည်။
“သွားကြရအောင်” လီကျစ်ရင်ကပြောပြီးသည်နှင့် အပြင်ဘက်သို့ ဦးတည်လိုက်သည်။ ချန်ယုသည် ရီဖူရှင်းအားကြည့်ပြီး ပြောလိုက်သည်။
“အခုရတဲ့အခွင့်အရေးကို တန်ဖိုးထားပါ”
“ကျေးဇူးတင်ပါတယ်” ရီဖူရှင်းသည် တေးသံသာစံအိမ်မှ ထွက်ခွာသွားကြသည့်အုပ်စုကို ပြုံးကာကြည့် လိုက်သည်။
***