ဘာလို့ သူ ဖြစ်နေရတာလဲ
Vol. 20 Ch. 285
---
မစ်ထ်သည် လက်လှမ်းမီရာသို့ လှမ်းဆွဲလိုက်သော်လည်း လေကိုသာ ဆုပ်ကိုင်မိခဲ့သည်။
သူမ ဒေါသမည်မျှထွက်နေမည်ကို သူမ၏ မျက်လုံးများကို မြင်တွေ့မိသူတိုင်း သတိထားမိမည်ဖြစ်လေသည်။
သူမ ၏ အော်ဟစ်လိုက်သည် ဤကွင်းကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး တိုက်ကြီးအနှံ့ ပျံ့လွင့်သွားကာ သူမ၏ အော်ရာသည်ပင် ကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားခဲ့လေသည်။
တိုက်ကြီးအနှံ့အပြားမှ လူများသည် နတ်ဆိုးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
အနောက်ပိုင်းတိုက်ကြီးရှိ နိုင်ငံခေါင်းဆောင်များပင် အသက်ရှူကျပ်စေသော ခံစားမှုကို ရရှိလိုက်ကြသည်။
မစ်ထ်၏ ပတ်ဝန်းကျင်ရှိ ပါမောက္ခများသည် တိတ်ဆိတ်စွာပင် ရှိနေကြပြီး ဤကဲ့သို့အချိန်မျိုးတွင် သူမ၏ဒေါသကို လှုံ့ဆော်ခြင်း၏ အန္တရာယ်ကို ကောင်းစွာ သိရှိထားကြသည်။
သူတို့သည် သူမ ထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နေခဲ့ကြပြီး သူမသည် ရုတ်တရက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားကာ သူ၏သမီးကို ရှာဖွေရန် ထွက်ခွာသွားပုံ ရလေသည်။
မစ်ထ် ထွက်ခွာသွားပြီးနောက်တွင်ပင် ဤနေရာရှိ လူများမှာ စိတ်သက်သာရာ မရရှိခဲ့ကြပေ။
ထိုတစ်နေ့လုံးသည် ဖိစီးမှုများဖြင့် ပြည့်နှက်နေခဲ့ကြလေသည်။
ယနေ့တွင် ပထမဦးစွာ ပထမသူရဲကောင်း၏ စွမ်းရည်များပိုင်ဆိုင်ထားသူတစ်ဦး ပေါ်လာခဲ့သည်။ ထို့နောက် နတ်ဆိုးဝါးမြိုသူရုတ်တရက် ပေါ်လာခဲ့ပြီး ယခု မစ်ထ်၏သမီး ပြန်ပေးဆွဲခံရပြန်ပြီဖြစ်သည်။
အကယ်၍ မစ်ထ်၏ သမီးဖြစ်သူဆီရာသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူတို့ စိတ်ကူးကြည့်နိုင်ရုံသာ တတ်နိုင်လေသည်။
ထို့အပြင် မစ်ထ်၏သမီးကို မစ်ထ်၏မျက်စိရှေ့တွင်ပင် ပြန်ပေးဆွဲခံရသည်ဟူသော သတင်းသာ ပြန့်နှံ့သွားပါက သူမသည် အခြားတိုက်ကြီးများတွင်ပင် လှောင်ပြောင်ခံရတော့မည်ဖြစ်ပေသည်။
ဤသတင်းကို အပြင်သို့ ပြန့်ပွားစေ၍မရဟု သူတို့ သိထားကြသည်။
ပါမောက္ခများသည် ဤသတင်းကို မည်သည့်အခါမျှ ပေါက်ကြားစေမည် မဟုတ်သော်လည်း အရာအားလုံးကို မြင်တွေ့ခဲ့ရသော ကျောင်းသားများနှင့် ပတ်သက်၍မူ ထိုသို့အာမခံ၍ မရပေ။
“သူတို့ကို ခေါ်သွားပြီး ပြီးခဲ့တဲ့ နာရီအနည်းငယ်အတွင်းက သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ခိုင်းလိုက်ပါ” ဟု စီနီယာပါမောက္ခတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
“စာမေးပွဲတွေကို ခဏဆိုင်းငံ့ထားမယ်”
“သူမက သူတို့ရဲ့ မှတ်ဉာဏ်အများစုကို ဖျက်ပစ်နိုင်ပေမဲ့ သူ့ကိုကော ဘယ်လိုလုပ်ကြရမလဲ သူ့မှာ စွမ်းအင်တွေကို ချေဖျက်နိုင်တဲ့ အစွမ်း ရှိနေတယ်မဟုတ်ဘူးလား...” ဟု အခြားပါမောက္ခတစ်ဦးက ဝင်ပြောလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လုံးဝ မထိခိုက်နိုင်သော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည့် အက်ဒရစ်ကို စိုက်ကြည့်လိုက်သည်။
ပါမောက္ခများပင်လျှင် ချွေးအေးများဖြင့် ဖုံးလွှမ်းနေကြပြီး အရှင်သခင်တစ်ဦး၏ ဖိအားကို ယခုအချိန်ထိ ဆက်လက်ခံစားနေကြရသောကြောင့် သူတို့၏မျက်နှာများ မှာ ဖြူဖျော့နေကြသည်။
အက်ဒရစ်တစ်ဦးတည်းကသာ ၎င်းဖိအားကို မခံစားခဲ့ရပေ။
ပါမောက္ခအများအပြားကပင် သူ၏ စွမ်းအင်ချိုးဖျက်ခြင်းအစွမ်းကို မနာလိုဖြစ်လာခဲ့ကြသည်။
“သူ့ကိုတော့ ထားလိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ် သူက စာမေးပွဲကို ကျလိမ့်မယ်လို့ မထင်ဘူး သူက အကယ်ဒမီမှာပဲ ဆက်လက်ရှိ နေမှာပါ ငါ ကိုယ်တိုင် သူ့ကို နားလည်အောင် ပြောပြပေးလိုက်ပါ့မယ်” ဟု စီနီယာပါမောက္ခကြီးမှ မြေညီထပ်သို့ ခုန်ဆင်းသွားရင်း ကျန်ပါမောက္ခများကို ပြောလိုက်သည်။
ပုံမှန်အားဖြင့် ဤအခြေအနေတွင် ဒုတိယကျောင်းအုပ်က အခြေအနေများကို ထိန်းချုပ်သင့်လေသည်။
သို့သော်လည်း မကြာသေးမီကလေးကမှ ဒုတိယကျောင်းအုပ်သည် အချိန် ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်း သိရှိလိုက်ကြရသည်။
ထိုနေရာရှိ ရာထူးမှာ လုံးဝလစ်လပ်နေသောကြောင့် ထိုရာထူးကို မည်သူက ယူမည်ကို လူအများအပြား တွေးတောမိလိုက်ကြသည်။
၎င်းသည် ဤကဲ့သို့ အချိန်မျိုးတွင် သူတို့ မည်သို့ လုပ်ဆောင်ကြမည် ဆိုသည့်အပေါ်တွင်လည်း မူတည်နေသည်။
‘သူက သူ့နာမည်က နတ်ဆိုးဝါးမြိုသူ လို့ ပြောလိုက်တာလား’ ဟု အယ်ဒရစ်က စက္ကူဖြင့် ပြုလုပ်ထားသော သေးငယ်သည့် အလုံးလေးတစ်ခုကို ကြည့်ရင်း တွေးလိုက်သည်။
မည်သူမျှ မမြင်လိုက်သော်လည်း ထိုသူ ပျောက်ကွယ်သွားခြင်းမတိုင်မီက ထိုစက္ကူဘောလုံးလေးကို သူ့ဘက်သို့ ပစ်ပေးခဲ့လေသည်။
အစပိုင်းတွင် သူသည် ၎င်းမှာ တိုက်ခိုက်မှုတစ်ခုဟုပင် ဖြစ်မလားဟု ထင်ခဲ့မိသော်လည်း သူသည် ထိုအရာကို အလွယ်တကူပင် ဖမ်းမိခဲ့သည်။
၎င်းတွင် ထူးခြားသည့်အရာ တစ်စုံတစ်ရာမျှ ရှိမနေခဲ့ပေ။
အာရန်သည် စက္ကူဘောလုံးလေးကို ဖွင့်လိုက်ရာ စုတ်ပြဲနေသော စက္ကူအပိုင်းအစတစ်ခု ပေါ်လာပြီး ၎င်းပေါ်တွင် ဝါကျတစ်ကြောင်းတည်းသာ ရေးထားသည်။
“ဘဝကို ဒုတိယအကြိမ်ပြန်စရတာ ပျော်စရာကောင်းတယ် မဟုတ်လား”
စက္ကူပေါ်ရှိ ထိုဝါကျတိုလေးကို ဖတ်လိုက်မိစဥ်အက်ဒရစ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ သည်။
“စိတ်ဝင်စားစရာပဲ”
သူသည် ထိုစက္ကူလေးကို လက်ဖြင့် ချေမွလိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
---
နေရာတစ်ခုတွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာလေသည်။
ပတ်ဝန်းကျင်ရှိ အာကာသဥပဒေသများ ရုတ်တရက် မတည်မငြိမ် ဖြစ်လာကာ ငြီးသံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုတိုးတိုးညည်းသံ ပိုမိုကျယ်လောင်လာပြီး ပတ်ဝန်းကျင်တွင် တဖြည်းဖြည်းပိုမို ပဲ့တင်ထပ်လာခဲ့သည်။
အာကာသဥပဒေသများသည် ပုံမှန်မဟုတ်တော့ပဲ အလင်းရောင်အချို့ ဖြတ်တောက်ဖြတ်တောက်ပေါ်လာနေပြီး မှောင်မိုက်နေသည် ပတ်ဝန်းကျင်ကို ပိုမိုတောက်ပသည့် အာကာသအက်ကွဲကြောင်းများ ဖန်တီးပေးလိုက်သည်။
မကြာမီတွင် ရုတ်တရက် မျက်စိစူးလောက်အောင် တောက်ပလွန်းသည့် အလင်းရောင်ခြည်တန်းတစ်ခုနှင့်အတူ ဂိတ်တံခါးပေါက်တစ်ခုသည် ရုတ်တရက် ဟင်းလင်းပြင်အား ဆုတ်ဖြဲ၍ ထွက်ပေါ်လာခဲ့သည်။
ထိုဂိတ်တံခါးပေါက်အတွင်းမှ ဆီရာဆိုသော အမျိုးသမီးလေးတစ်ယောက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး ဘုန်းဟူသည့်အသံ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထို့နောက် နောက်ထပ် ပုံရိပ်တစ်ခု ထပ်မံ ကျဆင်းလာခဲ့သည်။
ထိုဂိတ်ဝင်ပေါက်သည် ယီလန် ဖန်တီးခဲ့သော ဂိတ်ဝင်ပေါက်များနှင့် နှိုင်းယှဉ်ပါက များစွာပိုမိုရှုပ်ထွေးနေသောကြောင့် အာရန်ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။
သူသည် မိစ္ဆာဂိုဏ်းချုပ် ၏ လက်စွပ်အကူအညီဖြင့် အာကာသဟင်းလင်းပြင်များကို တစ်ယောက်တည်း ကိုယ်တိုင် ဖြတ်သန်းသွားလာဖူးသော်လည်း ၎င်းတို့သည် အမြဲတမ်း တိုတောင်းသည့် ဂိုဏ်းတွင်း၌သာ ဖန်တီးယူခဲ့သော ဂိတ်ပေါက်များ ဖြစ်ကြလေသည်။
ဤသည်မှာ ယီလန်မပါဘဲ ပိုမိုဝေးကွာသော နေရာသို့ ပို့ဆောင်ပေးသည့် အာကာသဥပဒေသများရှုပ်ထွေးစွာ ပါဝင်နေသည့် ဂိတ်တံခါးပေါက်အား ဖြတ်သန်းဖူးသည့် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ အာရန်သည် ဂိတ်ဝင်ပေါက်အတွင်းမှ ထွက်ကျလာခဲ့သည်။
အရာအားလုံး သည် အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့သောကြောင့် သူပင် မည်သည့် တုံ့ပြန်နိုင်ခြင်းမှမရှိမှီ မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သို့သော် သူ၏ခေါင်းသည် ပျော့ပျောင်းသောအရာတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်ဟု ခံစားလိုက်ရသည်။
ခဏတာမျှ မြေပြင်သည် အဘယ့်ကြောင့် ဤမျှလောက်ထိ ပျော့ပျောင်း နေရသနည်းဟုပင် တွေးမိလိုက်သည်။
သို့သော် အကြောင်းရင်းကို သဘောပေါက်ရန် သူသည် အချိန်အကြာကြီး မယူခဲ့ရပေ။
သူသည် မျက်နှာဖြင့် မှောက်ရက်အနေအထား ပြုတ်ကျသွားခဲ့သော်လည်း သူ၏မျက်နှာ မနာကျင်ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ဆီရာကြောင့်ပင်ဖြစ်သည်။
သူသည် မြေပြင်ပေါ်သို့ ကျရောက်ခဲ့ခြင်းမဟုတ်ဘဲ ဆီရာ၏ ကိုယ်ပေါ်သို့သာ ကျရောက်ခဲ့ခြင်းဖြစ်လေသည်။
ကံကောင်းစွာဖြင့် သူမသည် အလွန်သန်မာသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်နေသည်။
သူမသည် အဆိပ်နဂါးကိုပင် လက်ဗလာဖြင့်ပင် သတ်လုနီးပါးစွမ်းဆောင်နိုင်ခဲ့သူ ဖြစ်လေသည်။
သို့သော်လည်း သူ၏ မြင်ကွင်းမှာ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သဘောပေါက်သွားသောကြောင့် သူသည် လျင်မြန်စွာ ခေါင်းထောင်ထလိုက်သည်။
အာရန်သည် သူ၏ ရှေ့တည့်တည့်ကို ကြည့်လိုက်သောအခါ သူမ၏ အနည်းငယ် ပွင့်ဟလျက်ရှိနေသည့် ရင်ညွှန့်လေးကို မြင်လိုက်ရသည်။
အာရန်သည် သူ၏ခေါင်းကို အနည်းငယ် မြှင့်လိုက်ကာ မျက်လုံးများ မှိတ်ထားကာ မလှုပ်မယှက်ပင် လဲလျောင်းနေသည့် ဆီရာကို စူစမ်း ကြည့်လိုက်သည်။
သူမကို ထိုသို့ မြင်လိုက်ရသောကြောင့် သူမ အမှန်တကယ် ကောင်းမွန်ခြင်း ရှိမရှိကို သူ တွေးတောလိုက်မိသည်။
သူပင် ဤမျှရှုပ်ထွေးသော ခရီးသွားလာမှုပုံစံဖြင့် ဒုက္ခရောက်နေပါက သူမ အဆင်မပြေခြင်းမှာ ယုတ္တိရှိလေသည်။ သို့သော်လည်း သူမ သေဆုံးသွားခြင်းမဟုတ်ရန်မူ သူ အမှန်တကယ် မျှော်လင့်နေခဲ့မိသည်။
ထိုသို့သာ ဖြစ်သွားခဲ့ပါက မစ်ထ်သည် အလွန်ဒေါသထွက်သွားလိမ့်မည်။
အာရန်သည် များစွာမစဥ့်စားတော့ပဲ သူ၏နားများကို သူမ၏ရင်ဘတ်ပေါ် တင်၍ နှလုံးခုန်သံကို နားထောင်ကြည့်လိုက်သည်။
“တော်သေးတယ် ခုန်နေသေးတယ် သူမ အသက်ရှင်နေတယ်” ဟု သူ၏ခန္ဓာကိုယ်ကို ပြန်လည် တွန်းတင်လိုက်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“သူမ ငါ့ကို တကယ်ပဲ ကြောက်အောင် လုပ်လိုက်တာပဲ ဒါပေမဲ့ သူမ ဘာမှ မသိနေတာလဲ ကောင်းပါတယ် မဟုတ်ရင် သူမက ငါ့ကို တကယ်ပဲ နားလည်မှုလွဲသွားနိုင်တယ်”
အာရန်သည် သူမ၏ ခန္ဓာကိုယ်နှင့် ခွာလိုက်ပြီး သူ၏ခေါင်းကိုတစ်ချက် ပြန်ကုတ်လိုက်သည်။
ဆီရာ အသက်ရှင်နေသမျှကာလပတ်လုံး အရာရာ အဆင်ပြေလေသည်။
သူသည် မစ်ထ်ကို ဒေါသထွက်စေခဲ့သော်လည်း ထိုနတ်ဆိုးမသည် သူ၏သမီးကို ထာဝရဆုံးရှုံးခဲ့ပါက မည်သို့ဖြစ်သွားမည်ကို သူ အမှန်တကယ်ပင် စိတ်ကူးပင် မကြည့်လိုခဲ့ပေ။
မည်သို့ပင်ဆိုစေ သူသည် မိစ္ဆာဂိုဏ်းအတွင်း အရာအားလုံး အဆင်ပြေသွားသည့်အခါ ရက်အနည်းငယ်ကြာပြီးနောက် ဆီရာကို မစ်ထ်ထံသို့ ပြန်လည်ပေးအပ်ရန် စီစဉ်ထားပြီးဖြစ်လေသည်။
သူသည် ဆီရာကို ငုံ့ကြည့်လိုက်ပြီး သူမကို နှိုးသင့်မနှိုးသင့် တွေးတောနေခဲ့မိသည်။
မည်သို့ပင်ဖြစ်စေ သူမကို အိပ်ပျော်နေစေခြင်းက ကိုင်တွယ်ရ ပိုမိုလွယ်ကူလေသည်။
သူမ နိုးလာပါက တစ်ခုခု မိုက်မဲသော အရာကို လုပ်ဆောင်ပေလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
“သူမကို ဝိညာဉ်လောက ထဲမှာပဲ လုံခြုံအောင်ထားသင့်တယ် ထင်တယ် ဒါပေမဲ့ ဝိညာဉ်တွေ ရဲ့ ပါဝင်ပတ်သက်မှုကို သူမကို မမြင်စေချင်ဘူး အဲဒါကြောင့် သုံးရက်လောက်ထိ ဒီတိုင်းပဲ ထပ်အိပ်နေပေးပါ” ဟု သူက ပြောလိုက်ပြီး လူတစ်ဦးကို သုံးရက်ကြာသည်အထိ မည်သည့်ဘေးထွက်ဆိုးကျိုးမှ မဖြစ်စေဘဲ အိပ်ပျော်စေနိုင်သည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
မည်သို့ပင်ဆိုစေ ဆေးလုံးသည် သူတို့၏ခန္ဓာကိုယ်ကို ပိုမိုကောင်းမွန်စေပြီး ပိုမိုသန်မာလာစေမည်သာဖြစ်သည်။ သူသည် သူမကို အသုံးပြုနေသောကြောင့် သူမအား အကျိုးကျေးဇူးအချို့ ပေးသင့်သည်ဟုလည်း တွေးလိုက်မိလေသည်။
သို့မှသာသူသည် သူမကို မည်သည့်အရာမျှ အကြွေးမတင်တော့မည်ဖြစ်လေသည်။ ဆေးလုံးကို ထုတ်ယူလိုက်ပြီး အာရန်သည် ရှေ့သို့ တိုးသွားလိုက်သည်။ သူသည် သူမဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏နှုတ်ခမ်းများကို ဖွင့်ဟပေးလိုက်သည်။
“မင်း အဲဒီကောင်မလေးကို ဘာလုပ်နေတာလဲ မင်း ကောင်စုတ် သူမကို လွှတ်လိုက်စမ်း” အာရန်သည် ဆေးလုံးကို ဆီရာ၏ ပါးစပ်ထဲသို့ မထည့်မီမှာပင် အမျိုးသားတစ်ဦး၏ အသံတစ်သံသည် အဝေးမှ ထွက်ပေါ်လာခဲ့လေသည်။
“မင်းနဲ့ ဘာမှမဆိုင်ဘူး” ဟု အာရန်က ပြန်ပြောလိုက်ပြီး ထိုအသံ၏ လာရာဆီသို့ ဖြည်းညှင်းစွာ ပြန်လှည့်ကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်ကို မြင်လိုက်သောအခါတွင်မူ အလွန်အံ့အားသင့်သွားခဲ့ရသည်။
‘ဟ ဘာလို့ သူလာဖြစ်နေရတာလဲ ဒါဆို ငါကခု.....’
#Catfoot