တစ်ပတ်ပြန်လည်လာသောအတိတ်
Vol. 20 Ch. 270
ယီလန်သည် အာရန်ကို ကြည့်ကာ သူမကို စနောက်နေသည်ဟုပင် တွေးလိုက်မိသည်။
မစ်ထ်ကို ပြန်ပေးဆွဲရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း သူ မသိဘဲ နေမည်မဟုတ်ပေ။
သို့သော်လည်း ဖေး သည်ပင် တစ်နည်းနည်းဖြင့် အောင်မြင်သည်ဟုဆိုနိုင်ခဲ့သော ဖန်းယု ကို ပြန်ပေးဆွဲခဲ့သည့် ခက်ခဲမှုအဆင့်သည် ယခုမစ်ထ်ကို ပြန်ပေးဆွဲမည့်အဆင့်နှင့် အတူတူပင် ဖြစ်သည်ဟု ယူဆထားခဲ့ခြင်းလော...။
သူသည် ဤကိစ္စကို အမှန်တကယ်ပင် အလေးအနက်ထားနေခဲ့သလား သို့မဟုတ် ပေါ့ပေ့ါတန်တန်ပင် သဘောထားခြင်းလားဆိုသည်ကိုပင် သူမ မစဥ့်စားတတ်တော့ပေ။
“ခဏလေး ဒီကိုမလာခင်တုံးက ရှင် သူမကို အာရုံလွှဲချင်တယ်လို့ပဲ ပြောခဲ့တယ်မလား ဒါဆို သူမကို ပြန်ပေးဆွဲမယ့်အစီအစဥ်က ဘယ်လိုလုပ်ပါလာရတာလဲ ရှင်သာ တကယ်ပဲ သူမကို ပြန်ပေးဆွဲနိုင်တယ်ဆိုရင် ဘာလို့ အာရုံလွှဲဖို့ လိုနေဦးမှာလဲ”
ယီလန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ထပ်မံမေးလိုက်သည်။
အာရန်သည် အာရုံနောက်သွားဟန်ဖြင့် သူမဘက်သို့ ခေါင်းစောင်း၍ လှည့်ကြည့်လိုက်သည်။
ထို့နောက်အာရန်သည် သူ၏ မူလပုံစံသို့ ပြန်ပြောင်းလိုက်ပြီး ယီလန် ၏ နဖူးလေးကို အငိုက်တွင် လက်ညှိုးဖြင့် တစ်ချက်ခန့် တောက်လိုက်လေသည်။
“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျောက်တွေးနေတာလဲ ကိုယ့် အခုလို အခြေအနေမျိုးနဲ့ မစ်ထ်ကို ဘယ်လိုလုပ် ပြန်ပေးဆွဲနိုင်မှာလဲ အဲ့ဒါက သေတွင်းထဲကို တမင်တကာခုန်ချတာနဲ့ တူမနေဘူးလား” ဟု သူက သူမ၏ အတွေးများကို အဓိပ္ပာယ်မဲ့သည်ဟု ယူဆနေသကဲ့သို့ ပြောလိုက်သည်။
ယီလန်က အာရန် တောက်လိုက်သည့် နဖူးနေရာကို ပြန်ပွတ်ကြည့်လိုက်သည်။ လက်ညှိုးဖြင့် ခပ်ဆက်ဆက်ကလေး တောက်လိုက်ခြင်း ဖြစ်သော်လည်း အရာတော့ ထင် မကျန်ခဲ့ပေ။
“ဒါပေမဲ့ ဖေး လုပ်ခဲ့တဲ့အတိုင်းပဲ လုပ်ကြမယ်လို့ ရှင်ပဲပြောခဲ့တာလေ”
သူမက မှားယွင်းစွာ စွတ်စွဲခံရသော ကလေးတစ်ဦးပမာ အာရန်အား ပြန်လည် စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူမသည် သူ၏ စကားများကို အဓိပ္ပါယ်ဖော်၍ ဘာသာပြန်ခဲ့မိရုံသာ ဖြစ်၏။
သူမခန့်မှန်းသည့် အစီအစဉ်မှာ အဓိပ္ပာယ်မရှိလျှင် သူမ အပြစ်မဟုတ်ပေ။ အမှန်တကယ်ဆိုလျှင် မစ်ထ်ကို ပြန်ပေးဆွဲမည်ဆိုသည့်အစီအစဉ်တစ်ခုလုံးကပင် အဓိပ္ပာယ်မရှိသည့်အရာ ဖြစ်နေသောကြောင်း ဖြစ်လေသည်။
“ကိုယ်ဆိုလိုတာက ဖေးက လူတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သလိုပဲ ကိုယ်တို့လည်း လူတစ်ဦးကို ပြန်ပေးဆွဲကြမယ်လို့ပြောတာပါ မစ်ထ်ကို ပြန်ပေးဆွဲမယ်လို့ တစ်ခါမှ မပြောခဲ့ဘူးပါဘူ’” ဟု အာရန်က သူ၏ စနစ်သိုလှောင်ခန်းကို ကြည့်ရင်း ရှင်းပြလိုက်သည်။
သူ့တွင် မေးခွန်းဘောက်ချာ တစ်ခု ကျန်နေသေးသည်။ မစ်ထ် ကို ပြန်ပေးဆွဲရန် အစီအစဉ်များအတွက် စာရေးဆရာ ကို မေးမြန်းကြည့်နိုင်သော်လည်း သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာမည်မဟုတ်ဟု ခံစားမိနေသည်။
မစ်ထ်ကို ပြန်ပေးဆွဲခြင်းသည် ဤမျှ လွယ်ကူပါက ထိုစာရေးသူသည် ဖေးအား ပထမဦးဆုံးအဖြစ် ဖန်းယု ထံသို့ ဦးစွာ ညွှန်ကြားခဲ့မည်မဟုတ်ပေ။
ထိုသို့ပြုလုပ်ရန် သင့်လျော်သော နည်းလမ်းမရှိလျှင် အာရန်သည် သူ၏ မေးခွန်းဘောက်ချာကို အလကား ဖြုန်းတီးပစ်မိခြင်းနှင့် ခြားနားမည်မဟုတ်ပေ။
များစွာသော ကျိုးစားမှုများ ပြုလုပ်ခဲ့ပြီးသည့်အခါမှသာ သူသည် မေးခွန်းဘောက်ချာ တစ်ခုကို ထပ်မံ ရရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆီမှ အဖိုးအတန်ဆုံး အရာတစ်ခုကို ရရှိရန် အတွက်သာ ၎င်းကို အသုံးပြုလိုနေခဲ့သည်။
အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ပိုင်ရှင်သည် မည်သူမည်ဝါဖြစ်မှုအကြောင်း အရင်ထက် များစွာ ပိုမိုသိရှိနေပြီ ဖြစ်သောကြောင့်လည်း ဖြစ်၏။
“ဒါဆို ဘယ်သူ့ကို ပြန်ပေးဆွဲမှာလဲ”
ယီလန်သည် အာရန်၏ စကားများကို လိုက်လံစဉ်းစားရင်းမေးလိုက်သည်။
သူတို့နှစ်ဦးသည် သူရဲကောင်းအကယ်ဒမီမှ တစ်စုံတစ်ဦးကို မစ်ထ်၏ မျက်စိအောက်မှ ပင် ပြန်ပေးဆွဲရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်လေသည်။
သို့သော် သူတို့သည် ကျပန်းတွေ့ကရာလူတစ်ယောက်ကို ပြန်ပေးဆွဲ၍လည်း မဖြစ်ပေ။ မစ်ထ်သည်သာ ထိုသူကို ဂရုမစိုက်ပါက ၎င်းတို့ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်သွားမည်ဖြစ်၏။
သူတို့သည် အရေးပါသော တစ်စုံတစ်ဦးကို ပြန်ပေးဆွဲချင်လျှင်ပင် မစ်ထ် ၏ အာရိပ်အောက်မှ ၎င်းအရာကို ပြုလုပ်ရန်မှာ ခက်ခဲနေဦးမည်သာ ဖြစ်လေသည်။
ဤသူရဲကောင်းအကယ်ဒမီကျောင်းတွင် သူမ၌ နောက်လိုက်များ အများအပြားရှိနေပြီး စုံစမ်းစစ်ဆေးရန် ကျွမ်းကျင်ပညာရှင်များစွာလည်း နေရာတိုင်း၌ ရှိနေနိုင်လေသည်။
“မစ်ထ်ရဲ့ အရင်းနှီးဆုံးသူတစ်ဦးကို ပြန်ပေးဆွဲမယ် သူမကကိုယ်နဲ့ အရင်က မိတ်ဆွေဟောင်းတစ်ဦးလဲဖြစ်ခဲ့ဘူးတယ် သူမကကော အခြားသူမဟုတ်ဘူး မစ်ထ် ရဲ့ ချစ်သမီးလေးပဲ”
အာရန်သည် မစ်ထ်၏ သမီးအား ကယ်တင်ခဲ့စဉ်က သူမမှ သူ့အား ပေးအပ်ခဲ့သော ကျောက်တုံးပုံစံတံဆိပ်တုံးတစ်ခုကို ကြည့်ရင်း ဖြေလိုက်သည်။
ထိုတံဆိပ်တုံးသည် သူမ၏ အကူအညီကို ရယူရာတွင် အသုံးပြုနိုင်လေသည်။
သူသည် ၎င်းကို ကြိတ်ချေလိုက်သည်နှင့် ထိုမိန်းကလေးသည် အာရန်တစ်ယောက် သူမ၏ အကူအညီ လိုအပ်နေကြောင်း သိရှိနိုင်မည်ဖြစ်သည်။
သို့သော် ၎င်းတွင် အခြားအသုံးပြုနိုင်သည့် အရာတစ်ခုလည်း ရှိနေသေးသည်။
ဤသည်မှာ ထိုမိန်းကလေး၏ တိကျသောတည်နေရာကို ရှာဖွေရန်အတွက်လည်း အသုံးပြုနိုင်ခြင်းဖြစ်သည်။
သူမသည် သတ်မှတ်ထားသော အကွာအဝေးအတွင်း ရှိနေသရွေ့ သူမ၏တည်နေရာကို ရှာဖွေတွေ့ရှိနိုင်လေသည်။
ထို့ကြောင့် အာရန်သည် ထိုမိန်းကလေး တည်ရှိနေနိုင်မည်ဟု သူ မျှော်လင့်ထားသော သူရဲကောင်းအကယ်ဒမီသို့ ခန့်မှန်း၍ ကိုယ်တိုင် ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။
အာရန်သည် ထိုမိန်းကလေးကို နာကျင်စေရန် မရည်ရွယ်ထားခဲ့ပေ။
သူသည် မစ်ထ်ကို ထိန်းချုပ်နိုင်ရန်အတွက် အချိန်ခဏမျှသာ သူမအား ထိန်းသိမ်းထားလိုခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်နေစဉ်အတောအတွင်း သူမအား သူ၏ မျက်နှာအစစ်အမှန်ကို မမြင်တွေ့စေလိုခဲ့ပေ။
ထိုအခြေအနေအတွက် သူ့တွင် လုံးဝပြီးပြည့်စုံသော အသွင်ပြောင်းလဲမှုတစ်ခု ရှိနေလေသည်။
ထိုအရာသည် သူ အမြဲတမ်း စမ်းသပ်လိုနေခဲ့သော အသွင်ပြောင်းမှု တစ်ခုပင်ဖြစ်သည်။
သူရဲကောင်းအကယ်ဒမီ ၏ သူလျှိုသူရဲကောင်းတစ်ဦးဆီမှ မကြာမှီက သူသည် ဝါးမြိုခြင်းအစွမ်းကို အသုံးပြု၍ ရယူထားနိုင်ခဲ့သော သွေးမျိုးဆက်အသစ်ကြောင့် နတ်ဆိုးဝါးမြိုသူမှ ပေးအပ်ထားခဲ့သည့် လက်စွပ်ကိုပင် မလိုတော့ဘဲ သူစိတ်ကြိုက် ပုံပန်းသွင်ပြင်ကို ပြောင်းလဲနိုင်နေပြီ ဖြစ်လေသည်။
ထိုအရာအတွက် လိုအပ်ချက်မှာ သူသည် အသွင်ပြောင်းလိုသောသူကို သေခြာစွာ မြင်တွေ့ဖူးရမည်ဖြစ်ပြီး ထိုသူနှင့် သူ၏ ခန္ဓာကိုယ်ပုံစံချင်းမှာ သိပ်မကွာခြားနေမှ ရမည်ဖြစ်ပေသည်။
သူ၏ ကိုယ်ခန္ဓာနှင့် နီးစပ်သော ကိုယ်ခန္ဓာပုံစံရှိသော အမျိုးသားတစ်ဦးအနေဖြင့်သာ အသွင်ပြောင်းနိုင်လေသည်။
သူသည် အရှေ့ပိုင်းတိုက်ကြီး မှ တစ်စုံတစ်ဦးအဖြစ်လည်း အသွင်ပြောင်း၍မရပေ။
တစ်ချိန်တည်းမှာပင် သူသည် သူရဲကောင်းတစ်ဦးအဖြစ် ဟန်ဆောင်နေစဉ် ထိုသူရဲကောင်းနှင့် မအပ်စပ်သော စွမ်းရည်များကို အသုံးပြု၍မရပေ။
ထိုအသွင်ပြောင်းထားသူ၏ အစွမ်းအားကို ဤနေရာရှိ လူမည်မျှက သိနေနိုင်သည်ကို မသေချာသောကြောင့်လည်း ဖြစ်သည်။
သူ့စိတ်ထဲတွင် ပြီးပြည့်စုံသော သူနှစ်ဦး ရှိနေပြီး အထူးသဖြင့် သူသည် ထိုသူတို့၏ စွမ်းရည်များကို အသုံးပြုနိုင်သောကြောင့်လည်း ဖြစ်လေသည်။
ပထမတစ်ဦးမှာ သူ၏လက်ထဲတွင် သေဆုံးခဲ့ရသော ပင်လယ် နဂါးမင်းသားပင် ဖြစ်သည်။
ထို သူအဖြစ်ဟန်ဆောင်ခြင်းအားဖြင့် သူ့အား သတ်ဖြတ်ရန်ပင် ကြိုးစားခဲ့သော ပင်လယ်နဂါးဘုရင်မကို ပိုမို၍ ဒုက္ခပေးနိုင်သည်မှာလည်း သေချာနေ၏။
သို့သော် သူသည် နဂါးလျှာအစွမ်းကို ထိုမျှအထိ ကျွမ်းကျင်ပိုင်နိုင်ခြင်းမရှိသေးပေ။
သူသည် ၎င်းနဂါးလျှာအစွမ်းကို သူ၏ အခြားစွမ်းရည်များအတွက် အကူအညီဖြစ်စေသည့် ဖြည့်စွက်အစွမ်းတစ်ခု အဖြစ်သာ အသုံးပြုနိုင်သေးသဖြင့် ထိုအကြံကို လက်လျှော့လိုက်ရသည်။
ထိုအခါ သူ၏ စိတ်ထဲတွင် ပေါ်လာသည်မှာ တစ်ဦးတည်းသာကျန်တော့သည်။
အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် ထိုကဲ့သို့သော အရာမျိုးပြုလုပ်ရန် အကြောင်းပြချက်လည်း ရှိနေသောကြောင့်ဖြစ်သည်။
ထိုပုဂ္ဂိုလ်၏ ပေါ်ပေါက်လာခြင်းဖြင့်ပင် မစ်ထ်သည် ဤဖြစ်ရပ်ကို အလေးအနက်ထားသွားမည်ဖြစ်သည်မှာ သေချာနေလေသည်။
“သူမ ဆီကိုမိတ်ဆွေဟောင်းတစ်ယောက်က အကြွေးတောင်းဖို့ ပြန်လာပြီဆိုတာ သူမ သိတဲ့အချိန်ကျရင် ဘယ်လို တုံ့ပြန်မလဲ သိချင်နေပြီ” ဟုပြောရင်း အာရန်သည် သူ၏ အကြီးအကဲ အဝတ်အစားများကို ချွတ်ကာ စနစ်သိုလှောင်ခန်းအတွင်းသို့ ပြန်ထည့်သိမ်းထားလိုက်သည်။
သူသည် ဤကဲ့သို့သော နေ့ရက်များအတွက် အထူးပြင်ဆင်ထားခဲ့သော အခြာဝတ်စုံတစ်ခုကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။
ဤအရာများသည် သူ၏ ပထမဆုံး မှတ်ဉာဏ်အပိုင်းအစ တစ်ခုထဲတွင် မြင်တွေ့ခဲ့ရသော အဝတ်အစားများဖြစ်လေသည်။
၎င်းတို့သည် သူ နောက်ဆုံးတွေ့ခဲ့စဉ်က ထိုပုဂ္ဂိုလ်ဝတ်ဆင်ထားခဲ့သော အဝတ်အစားများလည်း ဖြစ်သည်။
သူ၏ အသွင်ပြောင်းနိုင်သည့် သွေးမျိုးဆက်ကို စတင်အသက်သွင်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်သည် စတင် ပြောင်းလဲလာသည်။
သူ၏ ဆံပင်များသည် ပိုမိုတိုလာခဲ့ပြီးပြီး နဂိုဆံပင်အနီရောင်များ အစား ပိုမိုနက်မှောင်သော အရောင်ဖြင့် အစားထိုးခံလိုက်ရလေသည်။
ထို့နောက် အာရန်သည် နတ်ဆိုးဝါးမြိုသူ အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။
ထိုဝါးမြိုသူသည် တိုက်ကြီး လေးခုလုံး၏ အရှင်သခင်လေးယောက်စလုံးအား ဒေါင်ချာရိုက်စေကာ သူ့အား လိုက်လံရှာဖွေရန်အတွက် စုရုံးမိစေခဲ့သူလည်း ဖြစ်လေသည်။
ပထမတွင် ၎င်းတို့သည် ထိုသူ၏ စွမ်းရည်များကို ကြောက်ရွံ့ခဲ့ကြသောကြောင့် ဖြစ်မည်ဟု ထင်မိခဲ့သည်။
သို့သော် ပထမဆုံးသော မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုကို မြင်နိုင်ခဲ့ပြီးနောက် ၎င်းနောက်ကွယ်တွင် အခြားအကြောင်းအရာများရှိနိုင်သေးသည်ဟု တွေးလိုက်မိသည်။
နတ်ဆိုးဝါးမြိုသူအား သူ၏ စွမ်းရည်များကြောင့်သာ လိုက်လံဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းမဟုတ်ပေ။
ယင်းအစား တစ်စုံတစ်ဦးက ဝါးမြိုသူမှတစ်ဆင့် သူ၏မူလခန္ဓာပိုင်ရှင် ရန်နစ်ခရိုလိုင်း၏ သတင်းကို စုံစမ်းလိုသောကြောင့်သာ သူ့အား လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်လေသည်။
နတ်ဆိုးဝါးမြိုသူ......ထိုသူသည် သူ့အတွက် မိမိကိုယ်ကို စတေးခံ၍ သေဆုံးခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင် အာရန်သည် ၎င်းဝါးမြိုသူကို ပြန်လည်ခေါ်ဆောင်လာရန် စီစဉ်နေလေပြီ။
ထိုသူအား သတ်ခဲ့သောသူများအနက်မှ တစ်ယောက်ဖြစ်သော မစ်ထ်ဆိုသည့် အရှင်သခင်အား မည်သည့်အခါမျှပင် ငြိမ်းချမ်းခြင်း မရနိုင်စေရန်လည်း ဖြစ်လေသည်။
#Catfoot