← Chapters

အကျိုးရလာဘ်

Vol. 20 Ch. 271

အကျိုးရလာဘ်

Vol. 20 Ch. 271

ယီလန်သည် အာရန်၏ နောက်ထပ်အသွင်ပြောင်းလဲမှု တစ်ခုပြုလုပ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။

သူ၏ ပုံပန်းသဏ္ဌာန် ပြောင်းလဲမှုသည် သွေးမျိုးဆက်မှ ပေါက်ဖွားလာသော မော်လီကျူးများမှ အဆင့်ဆင့် တိုးတက် ပြောင်းလဲမှုတစ်ခုသာ ဖြစ်သော်လည်း အတော်လေးအံ့အားသင့်ဖွယ် ကောင်းနေသည်။

ထိုအကြောင်းကြောင့်ပင် ဤစွမ်းရည်အတွက် လိုအပ်ချက်များမှာ အလွန်တင်းကြပ်ထားပြီး အသွင်ပြောင်းခြင်းဖြစ်စဥ်ကို ပြုလုပ်ရန် မူလကိုယ်ခန္ဓာပုံစံနှင့် ပိုမိုနီးစပ်သူများကိုသာ ပုံတူအသွင်ပြောင်းလဲနိုင်ရန် ကန့်သတ်ထားခြင်းဖြစ်လေသည်။

အာရန်၏ ပုံစံအသစ်သည် သူ၏ ယခင်မူလပုံစံနှင့် လုံးဝကို မတူညီတော့ကာ ထိုအရာသည်ပင် အသွင်ပြောင်းနိုင်သည့် ပုတ်သင်ညိုသွေးမျိုးဆက်၏ ထူးခြားမှုကို ဖော်ပြလျက်ရှိသည်။

ဤသွေးမျိုးဆက်သည် သူ၏ နဂါးသွေးမျိုးဆက် သို့မဟုတ် ဝါးမြိုသူသွေးမျိုးဆက် တို့ကဲ့သို့ အဆင့်မြင့်သွေးမျိုးဆက်များ မဟုတ်သော်လည်း ၎င်းသည်လည်း အတော်လေး အသုံးဝင်သည်ဟု ယူဆနိုင်ပြီး ဤသွေးမျိုးဆက်အား သူ့ထံသို့ ယူဆောင်လာပေးသူကိုပင် ကျေးဇူးတင်မိလိုက်သည်။

ကံမကောင်းစွာဖြင့် ထိုပုဂ္ဂိုလ်မှာ သူကိုယ်တိုင် သတ်ခဲ့မိပြီး ဖြစ်သောကြောင့် အသက်ရှင်လျက်တော့ မရှိတော့ပေ။

“ကိုယ့်ပုံစံ ဘယ်လိုလဲ” ဟု အာရန်သည် သူ့အား အံ့အားသင့်စွာ ကြည့်နေသော ယီလန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“နတ်ဆိုးဝါးမြိုသူ...” ဟု သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ရှင် ဒီအသွင်ကို ပြောင်းချင်တာ သေချာလို့လား ဒါက ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်နော် ရှင် မျှော်မှန်းထားတာထက် အများကြီး ပိုဆိုးနိုင်တယ်”

အာရန်သည် ဤဝိညာဥ်အမျိုးသမီးက ဝါးမြိုသူ၏ ပုံပန်းသဏ္ဌာန်ကို သိရှိနေခြင်းကို မအံ့သြမိခဲ့ပေ။

သူမသည် ယခင်က ရန်နစ်ခရိုလိုင်းနှင့်ပင် တွေ့ဆုံခဲ့ဖူးသောကြောင့် ထိုအရာများကို သူမ ပိုမိုသိရှိနေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

သူမသည် အတော်လေး အချိန်ကြာမြင့်စွာကတည်းက တည်ရှိခဲ့ဘူးသူဖြစ်လေသည်။

အာရန်သည် ယခုအခါ ဝါးမြိုသူ၏ အော်ရာကို ထုတ်ဖော်ပြသလိုက်ကာ သူမအား စိတ်ချစေရန် ခေါင်းညိတ်ပြလိုက်သည်။

သူ၏ အသွင်ပြောင်းလဲမှုသည် ပုဂ္ဂိုလ်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ပိုင်အော်ရာများကို တုပနိုင်ခြင်းမရှိနေသော်လည်း သူ၌ ဝါးမြိုသူ၏ စွမ်းရည်သည် နဂိုကတည်းက ရှိနှင့်ပြီးသားဖြစ်သောကြောင့် သူ့အတွက်ထိုအရာသည် မခက်ခဲခဲ့ပေ။

တကယ်တမ်းဆိုလျှင် အာရန်၏ ရုပ်ရည်နှင့်အော်ရာသည်ပင် ဝါးမြိုသူနှင့် အတော်လေး ကိုက်ညီနေပုံရလေသည်။ တစ်ခုတည်းသော ကွဲပြားမှုမှာ ၎င်းတို့၏ ခွန်အားအရာပင်ဖြစ်သည်။

ဝါးမြိုသူသည် အမှန်တကယ်တွင် မည်မျှ အစွမ်းထက်ခဲ့သည်ကို သူ မသိနိုင်ခဲ့ပေ။

သူသိထားသောတစ်ခုတည်းသောအရာမှာ ထိုနတ်ဆိုးဝါးမြိုသူကို အရှင်သခင်များနှင့် မကြာခဏ နှိုင်းယှဉ်လေ့ရှိသောကြောင့် သူသည် ယခုအချိန်တွင် ၎င်းဝါးမြိုသူထက်များစွာ ပို၍ အားနည်းနေသေးကြောင်းတော့ သိနေခဲ့သည်။

“ပြဿနာက ကိုယ်တို့ ဖန်တီးဖို့ လိုအပ်နေတဲ့အရာပဲ ပိုပြီး ရှုပ်ထွေးအောင် ဖန်တီးနိုင်လေလေ ကိုယ်တို့ အောင်မြင်ဖို့ အခွင့်အရေး ပိုရလေလေပဲ ဒီတစ်‌ခေါက်မှာ မစ်ထ်ရဲ့ သမီးက အဓိကပဲ သူမနဲ့သာဆိုရင် မစ်ထ်မှာ တခြားကိစ္စတွေအားလုံးကို လျစ်လျူရှုလိုက်ဖို့ကလွဲပြီး အခြား ရွေးစရာရှိတော့မှာမဟုတ်ဘူး”

ယီလန်သည် မျက်မှောင်ကြုတ်လိုက်သည်။

“မစ်ထ်က ရှင်ဆိုတာ သိသွားရင် ဘယ်လိုလုပ်မလဲ”

သူတို့သည် သူမ၏ သမီးကို ကျပန်းဝေးလံခေါင်သီသော နယ်မြေတစ်ခုမှ ပြန်ပေးဆွဲရန် ကြိုးစားနေခြင်းမဟုတ်ပေ။

အာရန်သည် သူရဲကောင်းအကယ်ဒမီအတွင်း၌ရှိနေသော ထိုမိန်းကလေးကို ပြန်ပေးဆွဲရန် ပြောနေခြင်းဖြစ်ပြီး သူရဲကောင်းအကယ်ဒမီသည် S အဆင့် သူရဲကောင်းများစွာ၏ နေအိမ်လည်းဖြစ်လေသည်။

အာရန်ပင်လျှင် ၎င်းသည် မည်မျှ အန္တရာယ်ရှိကြောင်း သိရှိနေခဲ့ပြီး အထူးသဖြင့် ဤ သူရဲကောင်းအကယ်ဒမီတွင် ပါမောက္ခတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော အခြားကမ္ဘာမှ ကူးပြောင်းလာလူတစ်ဦးလည်ူရှိနေသည်ဟု သူ ယုံကြည်ထား သောကြောင့်လည်း ပါလေသည်။

ထိုသူသည် ထိုဝတ္ထုကို မဖတ်ဖူးပါက မသိနိုင်သော နှောင်ကြိုးဖြတ်ဓားနှင့် အရှေ့ပိုင်းတိုက်ကြီးရှိ အခြားအရေးပါသော ပစ္စည်းများ၏ တည်နေရာများကို မစ်ထ်၏ သမီးအား ပြောပြခဲ့သူပင်ဖြစ်သည်။

မစ်ထ်သည် သူ့အား ရှာဖွေဖော်ထုတ်နိုင်မည်လား မနိုင်မည်လား သူ မသေချာပေ။ သူမသာ ရှာတွေ့သွားပါက အတော်လေး ဒုက္ခရောက်မည်ဖြစ်သော်လည်း သူ့တွင် ထွက်ပြေးရန် နည်းလမ်းမရှိဟု မဆိုလိုပေ။

သူရဲကောင်းအကယ်ဒမီသို့ သူလာရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ရှိနေသည်။ ယခုအချိန်တွင် သူသည် ဝါးမြိုသူ ဖြစ်နေရမည်ဖြစ်သည်။

ဝါးမြိုသူအတွက် သူရဲကောင်းအကယ်ဒမီထက် ပိုမိုကောင်းမွန်သော အမဲလိုက်ကွင်းမျိုး မည်သည့်နေရာတွင် ရှိနေဦးမည်နည်း။

အရှေ့ပိုင်းတိုက်ကြီးတွင် ဤသွေးမျိုးဆက်အစွမ်းများသည် အသုံးမဝင်သလောက် ဖြစ်နေပြီး သူသည် ထိုနေရာရှိ လူများထံမှ ထူးခြားသော သွေးမျိုးဆက်များကို မပိုင်ဆိုင်နိုင်သောကြောင့် အထူးခြားဆုံး ခန္ဓာကိုယ်ပုံစံများကိုသာ ခိုးယူနိုင်ခဲ့လေသည်။

တောင်ပိုင်းတိုက်ကြီးမှာမူ ကွဲပြားသည်။ ၎င်းကို သွေးမျိုးဆက်များ၏ ဗိမာန်ဘုံဟု ခေါ်ဆို၍ရလေသည်။

သွေးမျိုးဆက်ရှိသူများ၏ နေထိုင်ရာနေရာများကြားတွင်ပင် သူရဲကောင်းအကယ်ဒမီသည် အကြွင်းမဲ့ မြင့်မြတ်သော နယ်မြေတစ်ခုဖြစ်လေသည်။

ထိုနေရာတွင် စုစည်းလျက်ရှိနေသော အလွန်တန်ဖိုးရှိသည့် သွေးမျိုးဆက်များနှင့် စွမ်းရည်များကို သူ မြင်ယောင်ကြည့်နိုင်လေသည်။

တကယ်တမ်းပြောရလျှင် သူ၏ အသိစိတ်ဆုံးရှုံးပြီး သူရဲကောင်းအကယ်ဒမီ၏ ဒုတိယကျောင်းအုပ်ဟုပင် သတ်မှတ်ခံထားရသည့် ဝိညာဥ်လမ်းလျှောက်သူ၏ နှလုံးသားကို မဝါးမြိုနိုင်ခဲ့ရသည့် အတွက် ယခုအချိန်အထိ နောင်တရနေဆဲဖြစ်သည်။

ထိုအချိန်က ဝါးမြိုခြင်းစွမ်းရည် မည်သို့အလုပ်လုပ်သည်ကို သူ မသိနေခဲ့သလို သိခဲ့လျှင်ပင် ယာယီ ချိတ်စည်းဖြေအဆောင်ကို အသုံးပြုပြီးနောက် ထိုအချိန်က လုံးဝအသိစိတ်ဆုံးရှုံးခဲ့ရသောကြောင့် ထိုအရာကို အသုံးပြုနိုင်ခဲ့မည်မဟုတ်ပေ။

သူ့တွင် မဖွင့်ရသေးသော ယာယီ ချိတ်စည်းဖြေအဆောင်တစ်ခေါက်စာအသုံးပြုခွင့် ကျန်ရှိနေသေးသော်လည်း ၎င်းကို အသုံးပြုရန် အခြားရွေးချယ်စရာများ မရှိသည့် အဆိုးရွာဆုံးအျခြအနေအတွက် ချွေတာထားလေသည်။

သူ့တွင် အဆိပ်လည်ဆွဲနှင့် အခြားထောက်ကူပစ္စည်းအချို့လည်း ကျန်ရှိနေသောကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိသည်။

ဟောကိန်းလည်ဆွဲဟူသော ဆုလာဘ်အသစ်တစ်ခုလည်း ရှိသေးသည်။ ၎င်းသည် လည်ဆွဲစီးရီးဆုလာဘ်တစ်ခု ဖြစ်နေသောကြောင့် အတော်လေး ထူးခြားမည်မှန်း သူ သေချာသိနေသည်။

ယခုအချိန်အထိ လည်ဆွဲစီးရီးဆုလာဘ်အားလုံးသည် သူ့အသက်ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ကယ်တင်နိုင်ခဲ့သော ပစ္စည်းများပင်ဖြစ်ကြသည်။

ထို့ကြောင့် ထိုဟောကိန်းလည်ဆွဲသည်လည်း အတူတူပင်ဖြစ်မည်ဟု ယုံကြည်ထားသည်။ သို့သော် ပြဿနာတစ်ခုတော့ ရှိနေသည်။

အခြားလည်ဆွဲများနှင့်မတူဘဲ ဟောကိန်းလည်ဆွဲကို မည်သို့အသုံးပြုရမည်ကို သူ မသိနေခြင်းပင်ဖြစ်သည်။

၎င်းတွင် အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် သုံးကြိမ်သာ ရှိနေသော်လည်း ၎င်းသည် တိုက်ရိုက်အသုံးပြုနိုင်ခြင်းထက် သူ့ဘာ့သူ အလိုအလျှောက်အလုပ်လုပ်သော အစွမ်းတစ်ခုသာ ဖြစ်ပုံရလေသည်။

အဘယ်ကြောင့်ဆိုသော် မည်သို့အသုံးပြုရမည်ကိုပင် သူ မသိနိုင်သောကြောင့်ဖြစ်သည်။

ဖော်ပြချက်တွင်လည်း မှန်ကန်သည့်အချိန်၌သာ အသက်ဝင်နိုင်သည်ဟု ပြောထားခြင်းမှလွဲ၍ မည်သည့်အရာမျှ ဖော်ပြထားခြင်းမရှိပေ။

အသုံးပြုမှုများကို မသေချာနေသော်လည်း အာရန်သည် ၎င်းကို ဤအတိုင်းသာ ဆက်လက်သိမ်းထားနိုင်ပြီး ထိုလည်ဆွဲအမှန်တကယ် အသက်ဝင်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရန်တတ်နိုင်လေတော့သည်။

လည်ဆွဲသည် သူနှင့် ချိတ်ဆက်နေသောကြောင့် သူသည် ၎င်းတို့ကို ဖယ်ရှားလိုလျှင်ပင် ဖယ်ရှား၍ မရနိုင်ပေ။

ထို့ကြောင့် အာရန်သည် လည်ဆွဲများကို ဝှက်ထားနိုင်သည့် အင်္ကျီများကိုသာ မကြာခဏ ဝတ်ဆင်လေ့ရှိသည်။ သူသည် အဝတ်အစားလဲချိန်တွင်ပင် လည်ဆွဲများကို သိမ်းဆည်း၍ မရနိုင်ပေ။

သူ၏ ယခုအသွင်ပြောင်းမှုတွင် မည်သည့်အခြေအနေတွင်မဆို ဤလည်ဆွဲများကို တစ်ဦးတစ်ယောက်မှ မြင်တွေ့ခဲ့ပါက သူ၏ အချက်အလက်များကို ရှာဖွေတွေ့ရှိရန် အချိန်တစ်ခုသာလိုမည်ဖြစ်လေသည်။

အကြောင်းမှာ အကြီးအကဲရန်၌လည်း ဤကဲ့သို့သော လည်ဆွဲများရှိနေပြီး သူသည် ဘယ်တော့မှ ၎င်းကို ချွတ်ထားလေ့မရှိကြောင်း လူအတော် များများက သိရှိထားကြသောကြောင့် ဖြစ်လေသည်။

အာရန်သည် ဂရုတစိုက်ဖြင့် သူ၏ လည်ဆွဲများကို အဝတ်အစားများဖြင့် ဝှက်ထားပြီးနောက် ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်ကာ သူ၏ခန္ဓာကိုယ်သည် နဂါးသွေးမျိုးဆက်၏ အကူအညီဖြင့် လေထဲတွင် လွင့်မျောနေလေသည်။

“ရှင် တကယ်ပဲ ဒီကိစ္စကို လုပ်တော့မှာပေါ့” ဟု ယီလန်က သက်ပြင်းချရင်း အာရန်နောက်သို့ လိုက်ပါခုန်ဆင်းလိုက်သည်။

“သူက ခုထိ ဒီလောက် မဆင်မခြင် ဆက်လုပ်နေတုန်းပဲ... အရင်တုန်းကအတိုင်းပဲ....”

သူမသည် အလွန်ရင်းနှီးနေသော အာရန်၏ နောက်ကျောပြင်ကို ကြည့်ရင်း တီးတိုးပြောဆိုလိုက်သည်။

“ရလဒ်ကတော့ အရင်လို....... မဖြစ်ပါစေနဲ့လို့ပဲ ကျွန်မမျှော်လင့်ပါတယ်”

လေထဲ၌ ရှိနေစဉ် အာရန်သည် သူ၏မျက်နှာကို

အခြားမထင်ရှားသည့်လူတစ်ယောက်၏ အသွင်သို့ ခေတ္တပြန်လည် ပြောင်းလဲထားလိုက်သည်။

မစ်ထ်၏ သမီးကို ပြန်ပေးဆွဲသည့်အခါ ဝါးမြိုသူအဖြစ် ရှိနေရမည်ဖြစ်သော်လည်း အကယ်ဒမီထဲသို့ ဦးစွာဝင်ရောက်ရန် နည်းလမ်းရှာရဦးမည်ဖြစ်လေသည်။

သူသည် အကယ်ဒမီအတွင်းသို့ ယီလန်အား ဂိတ်ဝင်ပေါက်တစ်ခုကိုဖွင့်စေ၍ တိုက်ရိုက်ဝင် ရောက်နိုင်သော်လည်း အထဲရှိ ပုံစံကွက်များ၊ အကာအကွယ်လွှာများ အကြောင်းကိုသိမထားပဲ ထိုနေရာသို့တိုက်ရိုက်ဝင်ရောက်ခြင်းသည် အလွန်အန္တရာယ်များသောကြောင့် ထိုသို့ စွန့်စားမှုမျိုး မပြုလုပ်လိုနေခဲ့ပေ။

....

ထိုစဥ် အာရန်နှင့် မဝေးလှသောနေရာတစ်ခုတွင် ပါမောက္ခဝတ်စုံဝတ်ထားသူတစ်ဦးသည် သူ၏ ကိုယ်ပိုင် အတွေးများကြားတွင် နစ်မြောရင်း တစ်ယောက်တည်း လမ်းလျှောက်လာနေခဲ့သည်။

‘ပင်လယ်နဂါးဘုရင်မသာ အဲ့ဒီနှလုံးသားကို တွေ့ပြီးတဲ့အခါကျရင် ဂတိသစ္စာပြုထားမှုကြောင့် သူမဟာ ငါ့ရဲ့ စကားကို ပိုပြီးနားထောင်လာတော့မှာပဲ အဲ့အတွက် အချိန်တစ်ခုပဲသီးခံရမယ်’

အမည်မသိသော ထိုလူငယ်ပါမောက္ခသည် အာရန် ဆင်းသက်လာသော အဝင်ဝသို့ ရောက်ရှိလာစဉ် စိတ်ထဲ၌ ထိုအရာကို တွေးတောနေခဲ့ခြင်းဖြစ်လေသည်။

#Catfoot

All Chapters