ရည်ရွယ်ချက်
Vol. 20 Ch. 273
ထိုပရောဖက်ကို လူအများ မှတ်မိသွားသောအခါ နေရာတစ်ခုလုံးသည် ဆက်တိုက် ပင် တီးတိုးပြောဆိုသံများဖြင့် ပြည့်နှက်သွားခဲ့သည်။
လူများစွာသည် ပရောဖက်အကြောင်းကို အလွန်ကြီးမြတ်သူတစ်ဦးကဲ့သို့ ပြောဆိုနေခဲ့ကြသည်။
ထို့အပြင် လူအုပ်ကြီးသည် ထပ်မံ၍ သူရဲကောင်းအကယ်ဒမီအတွက် သာယာဝပြောသည့်ခေတ်တစ်ခေတ်သည် မကြာမီ ရောက်ရှိလာတော့မည်ဟုပင် ပြောဆိုနေကြသည်။
ပရောဖက်ရှိနေပါက သူရဲကောင်းအကယ်ဒမီကို မည်သူကများ အနိုင်ယူနိုင်မည်နည်း။
ထိုပရောဖက်လူငယ်သည် အစောပိုင်းက ဘာကိုကြည့်နေသည်ကို တွေးတောနေသူများလည်း ရှိနေသည်။
အစောင့်များအပါအဝင် လူအများအပြားသည် လူအုပ်စုတစ်စု တန်းစီနေသည့်ဘက်သို့ လှည့်ကြည့်နေကြသည်။ ထိုလူအုပ်စုတွင် အာရန်လည်း ပါဝင်နေသည်။
အစောင့်များသည် ပရောဖက်၏ လုပ်ဆောင်ချက်တိုင်းသည် အကြောင်းပြချက်မရှိဘဲ မဖြစ်နိုင်ကြောင်း သိရှိထားကြသည်။
သို့သော် သူတို့သည် ထိုဘက်သို့ ဘာကြောင့် ကြည့်နေသည်ကို နားမလည်နိုင်သဖြင့် ဘာမှဝင်ရောက်မပြောခဲ့ကြပေ။
တိုက်ဆိုင်မှုတစ်ခုသက်သက်လား သို့မဟုတ် သူသည် နောက်ထပ်အနာဂါတ် ဟောကိန်းတစ်ခုကို မြင်လိုက်ရ၍လား...။
မည်သို့ပင်ဖြစ်စေ အစောင့်များ၏ အာရုံစိုက်မှုသည် ဤလူအုပ်စုဆီသို့ ရောက်ရှိလာရာ အာရန်အတွက်တော့ ခေါင်းကိုက်စရာပင် ဖြစ်စေခဲ့သည်။
သူသည် အာရုံစိုက်မှုများစွာ မခံရဘဲ ထိုနေရာသို့ ဝင်ရောက်နိုင်မည်ဟု ထင်ခဲ့မိသော်လည်း ယခုမူ ထိုသို့မဖြစ်နိုင်တော့ပေ။ သူသည် ခေါင်းငုံ့ကာပင် ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့သည်။
အခြားလူများအားလုံးသည် အာရုံများပျံ့လွင့်နေကြကာ အချင်းချင်း စကားပြောဆိုနေကြသောကြောင့် တန်းစီခြင်းသည် အဓိပ္ပာယ်မဲ့သွားခဲ့သည်။
လူများစွာသည် အုပ်စုလိုက်စကားများပြောနေကြပြီး သူတို့၏ နဂိုနေရာသို့ အခြားသူများ ကျော်တက်ဝင်ရောက်သွားကြသည်ကိုပင် မေ့လျော့နေကြသည်။
အာရန်သည် ထိုလူငယ်များဘေးမှ မသိမသာဖြတ်လျှောက်သွားကာ ရှေ့ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
သူသည် အစောင့်တစ်ဦးကို ဝင်ခွင့်အတွက် သူ၏ မှတ်ပုံတင်ကတ်ကို ပြသလိုက်သည်။
၎င်းမှာ သူ အရှေ့ပိုင်းတိုက်ကြီးသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ် ကတည်းကပင် သူ၏ လှုပ်ရှားမှုများကို တစ်ချိန်ချိန်တွင် အကူအညီဖြစ်စေရန် ဆိုင်တစ်ဆိုင်မှ လျှို့ဝှက်ဝယ်ယူခဲ့သော အတုအယောင် အချက်အလက်များ ပါဝင်သည့် မှတ်ပုံတင်ကတ်တစ်ခုပင်ဖြစ်သည်။
ထိုမှတ်ပုံတင်ကတ်မရှိဘဲနှင့် သင့်တင့်လျောက်ပတ်သော ဟိုတယ်တစ်ခုကိုပင် ဤနေရာတွင် ရှာတွေ့ရန် များစွာ ပို၍ ခက်ခဲပြီး လူအများကို သံသယများ မဝင်စေပဲ နေထိုင်ရန်ဆိုလျှင်မူ ပို၍ပင် ခက်ခဲလေသည်။
အစောင့်သည် အာရန်၏ မှတ်ပုံတင်ကတ်ကို ယူကြည့်လိုက်သည်။ ၎င်းတွင် သူ၏မူလကမ္ဘာမြေမှ သူ၏ အမည်ရင်းကိုပင် အသုံးပြုထားသည်။
ဤကမ္ဘာသို့ ရောက်လာပြီးနောက် သူသည် အကြီးအကဲရန် အဖြစ်သာ လူသိများခဲ့သောကြောင့် သူ၏ အမည်ရင်းကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
အတုအယောင်ကတ်သာ ဖြစ်သော်လည်း သူသည်နောက်ဆုံးတွင် သူ၏ အစစ်အမှန်နာမည်ဖြစ်သော အာရန်ဟူသော သူ၏ အမည်ရင်းကို ဤကမ္ဘာတွင် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
“ဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ” ဟု အစောင့်တစ်ယောက်က မေးလိုက်သည်။
အာရန်သည် ကျောင်းသားကပ်အစား ကိုယ်ပိုင်အချက်အလက်များဖော်ပြထားသည့် မှတ်ပုံတင်ကတ်ကိုသာ ပေးခဲ့သောကြောင့် သူသည် အကယ်ဒမီ၏ တစ်စိတ်တစ်ပိုင်းမဟုတ်သေးဟု ဆိုလိုနေသည်။
“ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့အတွက် လာခဲ့တာပါ” ဟု အာရန်က မှားယွင်းကြောင်း သက်သေပြရန် မဖြစ်နိုင်သော ဆင်ခြေတစ်ခုကို ပေးလိုက်သည်။
လူတစ်ဦးသည် သွေးမျိုးဆက်စွမ်းအင်တစ်ခုခုကို နိုးထလာနိုင်သရွေ့ သူရဲကောင်းအကယ်ဒမီသို့ လာရောက်ပြီး ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်လေသည်။
အာရန်၏ စကားများကို ကြားလျှင် အစောင့်သည် သူ့အား သနားဟန်ဖြင့်တစ်ချက် ကြည့်ရင်း မှတ်ပုံတင်ကတ်ကို ပြန်ပေးလိုက်သည်။
နှစ်စဉ်နှစ်တိုင်း သူရဲကောင်းအကယ်ဒမီသို့ ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရန် လာကြသော အရူးဟုသတ်မှတ်နိုင်သည့် လူငယ်ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။ အကယ်ဒမီရှိ စာမေးပွဲများသည် ပို၍ပင် ခက်ခဲကြောင်း သူတို့ မသိထားကြပေ။
ထို့ကြောင့် နိုင်ငံအများစုသည် သူရဲကောင်းအကယ်ဒမီ၏ ရွေးချယ်မှုအတွက် စီစစ်ရန် သူတို့အားလုံးအား ကြိုတင်အသိပေးထားသော ဝင်ခွင့်ကန့်သတ်ချက်များကို အခြေခံ၍ ကိုယ်ပိုင်စာမေးပွဲများ ကျင်းပခဲ့ကြသည်။
ထိုအစောင့်သည် အာရန်အား ကြည့်ရင်း ဤလူငယ်သည်လည်း နိုင်ငံအလိုက် စာမေးပွဲတွင် ကျရှုံးခဲ့ပြီး အကယ်ဒမီစာမေးပွဲတွင်များ အောင်မြင်နိုင်ဦးမလားဟု မျှောင်လင့်ချက်ဖြင့်လာခဲ့မိခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
၎င်းသည် ထူးဆန်းသည့်ဖြစ်ရပ်တော့ မဟုတ်ပေ။ ထိုကဲ့သို့သော လူများစွာကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်ကာ အများစုမှာ တစ်စစီကျိုးပဲသွားသော အိပ်မက်များကို ပွေ့ပိုက်ကာ မျက်ရည်စက်စက်နှင့်ပင် ပြန်သွားခဲ့ကြရလေသည်။
“ဒုတိယဂိတ်ဝင်ပေါက်ကို သွားပါ စာမေးပွဲခန်းမဆီကို တည့်တည့်ရောက်သွားလိမ့်မယ်” ဟု အစောင့်က ဘေးသို့ ရွှေ့ပေးပြီး အာရန်အတွက် လမ်းရှင်းပေးကာ စာမေးပွဲဝင်ခွင့်အတွက် လက်မှတ်တစ်ခုကို ပေးလိုက်သည်။
အာရန်သည် ပရောဖက်ကြောင့် ပြဿနာအချို့ ရှိလာမည်ဟု ထင်ထားခဲ့သည်။
သို့သော် သူသည် ကံကောင်းစွာဖြင့် သူ၏အုပ်စုအပေါ် မလိုအပ်သော အာရုံစိုက်မှုအချို့မှလွဲ၍ ထူးဆန်းသော မည်သည့်အရာမျှ မဖြစ်ပွားခဲ့ပေ။
ထိုအချိန်က ထိုပရောဖက်ဆိုသူသည် မည်သည့်အရာကို ကြည့်နေခဲ့ခြင်းအား မည်သူမျှ မသိထားခြင်းကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့အား အကူအညီဖြစ်စေခဲ့သည်။
အာရန်သည် အစောင့်ကို ကျေးဇူးတင်စကားပြောပြီးနောက် သူရဲကောင်းအကယ်ဒမီ၏ ဂိတ်တံခါးအတွင်းသို့ ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်သည်။
ဂိတ်ဝင်ပေါက်မှ ဖြတ်ကျော်မဝင်ရောက်ခင် အာရန်သည် ပတ်ဝန်းကျင်ကို သတိထားကြည့်မိရင်း အကယ်ဒမီ၏ အတွင်းပိုင်းသည် သူထင်ထားသည် ထက်ပင်များစွာပို၍ အံ့မခန်းပင် လှပနေကြောင်းသတိထားမိလိုက်လေသည်။
ထို့ကြောင့် အာရန်ကိုယ်တိုင်ပင် အတော်လေး အံ့သြမှင်သက်သွားခဲ့ရလေသည်။
ထိုအချိန်တွင်ပင် သူ့ကိုယ်သူ မူလကမ္ဘာမြေကို ပြန်ရောက်နေခြင်းမဟုတ်ကြောင်း ပြန်လည် သတိပေးလိုက်ရသည် အထိပင်ဖြစ်သည်။
ဂိတ်တံခါးကို ဖြတ်ပြီးသွားပြီဖြစ်သောကြောင့် သူသည် မစ်ထ်၏ သမီးတည်ရှိနေနိုင်မည့် ခန့်မှန်းခြေနေရာတစ်ခုကို ခံစားသိရှိနိုင်သောကြောင့် မတူညီသောပုံစံတစ်ခုဖြင့် မတူညီသောလမ်းကြောင်းကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဝင်ခွင့်စာမေးပွဲဆီသို့ ဦးတည်သွားမည့် ဂိတ်ဝင်ပေါက်ကို ကျော်ဖြတ်၍ စာမေးပွဲဖြေဆိုခွင့်လက်မှတ်ကို သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။
အာရန်သည် တိုက်ရိုက်ဝင်ရောက်နိုင်သည့် ဖြတ်လမ်းဂိတ်ဝင်ပေါက်များကို ယီလန်အကူအညီဖြင့် ဖန်တီးနိုင်သော်လည်း အဆုံးတွင် ဘာရှိနေသည်ကို သူ သည် မခန့်မှန်းနိုင်ပေ။
ထို့ကြောင့်သာ ဤအကယ်ဒမီ၏ သီးခြားနေရာတစ်ခုတစ်ခုသို့ ဦးတည်သွားနေသည့် ပိုမိုရှည်လျားသော ဂိတ်ဝင်ပေါက်လမ်းကြောင်းအတိုင်းဝင်ရောက်ရန်ကိုသာ ရွေးချယ်ခဲ့လေသည်။
ဂိတ်ဝင်ပေါက်၏ တစ်ဖက်ဆီရောက်ရှိပြီးနောက် နာရီဝက်ခန့် ထပ်မံလျှောက်လာရင်း အာရန်သည် အကယ်ဒမီ၏ ကြီးမားသော အဆောက်အဦအမျိုးမျိုးကို လေ့လာနေခဲ့လေသည်။
ထို့နောက် မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော အဆောက်အဦတစ်ခု၏ ရှေ့သို့ မကြာမီ ရောက်ရှိသွားခဲ့သည်။
“သူမက အတွင်းမှာလား” ဟု တွေးတောလိုက်မိသည်။
သူမ၏ တည်ရှိမှုကို တစ်ဖက်ခြမ်းမှနေ၍ ခံစားမိလိုက်သောကြောင့် ဖြစ်လေသည်။
သူမနှင့် နီးကပ်နေပြီဖြစ်သောကြောင့် သူမသည် သူ၏ တည်ရှိမှုကိုလည်း ထိုနည်းအတိုင်း ပြန်လည် ခံစားမိနိုင်ခြင်းရှိမရှိကို သူမသေချာနေပေ။
မည်သည့် မတော်တဆမှုမှ ထပ်မံမဖြစ်ပွားစေရန် သူသည် ထိုတံဆိပ်တုံးကို သူ၏ စနစ်သိုလှောင်ခန်းတွင်းသို့ ပြန်လည်ထည့်ထားလိုက်ပြီး ၎င်းတွင်ရှိနေနိုင်သော ချိတ်ဆက်မှုများ အားလုံးကို ဖြတ်တောက်လိုက်သည်။
၎င်းတံဆိပ်တုံး မရှိဘဲနှင့် သူသည် သူမကို တိကျစွာ မရှာဖွေနိုင်ပေ။ သို့သော်လည်း သူမမှ သူ့ကို မှတ်မိသွားခြင်းထက်မူ ပို၍ ကောင်းမွန်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမရှိနေသည့် အဆောက်အဦကိုမူ သူ သိရှိနိုင်ခဲ့ပြီမဟုတ်ပါလား...။
အာရန်သည် မကြာခင်မှာပင် အဓိကဝင်ပေါက်မှတစ်ဆင့် ထိုအဆောက်အဦအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထူးဆန်းစွာပင် ထိုအဆောက်အဦးသည် အပြင်၌ အစောင့်များ ချမထားသော တစ်ခုတည်းသော အဆောက်အဦလည်း ဖြစ်နေသည်။
သူ ထင်ထားသည်ထက် ပိုမိုလွယ်ကူစွာ အတွင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ရာ ၎င်းက ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို သူအား အတွေးများသွားစေခဲ့သည်။ မစ်ထ်၏ သမီးက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ...။
တံခါးကို ဖြတ်သန်းသွားပြီးနောက် အာရန်သည် မျက်စိတစ်ဆုံး ကျယ်ဝန်းသော ကြီးမားသည့် ကွင်းကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။
ထိုကွင်းကြီးအတွင်း၌ လူငယ်များဖြင့် စည်ကားနေပြီး တစ်ဦးစီတိုင်းသည် သူတို့၏ ကိုယ်ပိုင်ကမ္ဘာများအတွင်း နစ်မြုပ်လျက်ရှိနေကြရလေသည်။
အချို့က သူတို့၏ စွမ်းရည်များကို ပြန်လည် လေ့ကျင့်နေကြပြီး အနည်းငယ် စိုးရိမ်နေပုံရလေသည်။ အချို့သူများမှာမူ ပြင်းထန်သော ဆွေးနွေးမှုများအတွင်း ပါဝင်နေကြသည်။
အာရန်၏ မျက်လုံးများသည် လူအုပ်ကို လှည့်ပတ်ကြည့်ရှုရင်း သူ လာရောက်ရသည့် အဓိကအကြောင်းအရင်းဖြစ်သော ထိုရင်းနှီးသည့် မျက်နှာလေးကို ရှာဖွေရန် ကျိုးစားလိုက်သည်။
ထို့နောက် သူ၏ အာရုံစိုက်မှုသည် ကွင်းကြီး၏ အလယ်ဗဟိုရှိ ကြီးမားသော ရုပ်တုကြီးတစ်ခုပတ်လည်တွင် စုဝေးနေသော ကျောင်းသားအုပ်စု ဆီသို့ ရောက်ရှိသွားလေသည်။
ထိုရုပ်တုသည် သူရဲကောင်းပုံစံရှိသော အမျိုးသားတစ်ဦး၏ပုံကို သရုပ်ဖော်ထားခြင်းဖြစ်ပြီး သူ၏လက်သီးမှာ အပေါ်သို့ မြှောက်ထားလေသည်။
အမျိုးသားရုပ်တုဘေးတွင် ရှည်လျားသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ ရုပ်တုတစ်ခုလည်းရှိနေခဲ့သည်။
သူမ၏ ညာဘက်လက်တွင် ထူးခြားသော လက်အိတ်တစ်ခုကို ဝတ်ဆင်ထားသည်။
သူမ၏ ဘယ်ဘက်လက်တွင်မူ သစ်ပင်တစ်ပင်၏ ရှည်လျားသော အကိုင်းအခက်တစ်ခုနှင့် တူသော အရာတစ်ခုကို ကိုင်ထားလေသည်။
#Catfoot