← Chapters

ပထမသူရဲကောင်း

Vol. 20 Ch. 274

ပထမသူရဲကောင်း

Vol. 20 Ch. 274

အာရန်သည် ထိုပထမလူကို မမှတ်မိသော်လည်း ဒုတိယရုပ်တုတွင် ပုံဖော်ထားသည့် ပုဂ္ဂိုလ်ကိုမူ အလိုလိုသိနေခဲ့လေသည်။

အာရန်သည် ဤကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာပြီးကတည်းက ထိုအမျိုးသမီးကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ရန်နစ်ခရိုလိုင်းကတော့ မတူပေ။

သူသည် ထိုအမျိုးသမီးကို မြင်ဖူးရုံသာမက ထိပ်တိုက်ပင် တွေ့ဆုံဖူးသေးခြင်းဖြစ်သည်။

ထိုဒုတိယ ရုပ်တုသည် မစ်ထ်ကို ပုံဖော်ထားခြင်းဖြစ်သည်။

သူမသည် အနောက်ဘက်တိုက်ကြီး၏ အရှင်သခင်တစ်ဦးဖြစ်ပြီး သူ့၏ ချိတ်စည်းကို ဖြေပေးနိုင်သည့် အရာတစ်ခုကို သိမ်းဆည်းထားသော ပုဂ္ဂိုလ်လည်း ဖြစ်လေသည်။

နတ်ဆိုးဝါးမြိုသူကိုယ်တိုင်က သူ့အား သူမနှင့် ဝေးဝေးနေရန် အများဆုံး သတိပေးခဲ့သော အမျိုးသမီးလည်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် သူမသည် သူ၏ အချက်အလက်အစစ်အမှန်ကို မသိဘဲ သူ့အား မိစ္ဆာဂိုဏ်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့သူလည်း ဖြစ်နေသည်။

မစ်ထ်၏ ရုပ်တုဘေးတွင် အခြားတစ်ဦး၏ ရုပ်တုကို ထားရှိသည်ကို သူအတော်လေး အံ့အားသင့်ခဲ့ရသည်။

ထို့ပြင် ထိုရုပ်တုသည် ခြေတစ်လှမ်းမျှ ရှေ့သို့ပိုမိုရောက်နေကာ ထိုလူသည် ခေါင်းဆောင်ဖြစ်ကာ မစ်ထ်သည် ထိုသူ၏ နောက်လိုက်တစ်ဦးကဲ့သို့ပင် ဖြစ်ဟန်ရနေသည်။

ပထမရုပ်တုသည် အမျိုးသားတစ်ဦး၏ ရုပ်တုဖြစ်သောကြောင့်လား မသေချာသော်လည်း မစ်ထ်၏ ရုပ်တုထက် ပိုမိုကြီးမားစွာ ထုလုပ်ထားခြင်းလည်း ဖြစ်သည်။

အာရန်သည် မစ်ထ်အကြောင်း သိထားသလောက်ဆိုပါက သူမသည် တစ်စုံတစ်ဦးကို သူမထက် ပိုမိုကျော်ကြားခွင့်ပေးမည်မဟုတ်ပေ။

အောက်ခြေတွင် ထွင်းထုထားသော စာသားများကို သတိပြုမိပြီးနောက် ထိုအရာကိုဖတ်ရန် သူသည် ရုပ်တုနှင့် ပိုမိုနီးကပ်စွာ တိုးကပ်သွားလိုက်သည်။

လူအုပ်စုကြီးကို ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် ရုပ်တု၏ အောက်ခြေတွင် ထွင်းထုထားသော ဝါကျတစ်ကြောင်းကို သူ တွေ့လိုက်ရသည်။

အောက်ခြေရှိ စာတွင် “ပထမသူရဲကောင်းကို ဂုဏ်ပြုသောအားဖြင့်” ဟု ဖော်ပြထားသည်။

ရုပ်တုမျှသာဖြစ်သော်လည်း ၎င်းက သူ့ကို လွှမ်းမိုးသည့် ခံစားချက်တစ်ခုကိုလည်း ပေးစွမ်းနေလေသည်။

ထိုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်သည် ဟူသည့် အကြောင်းကို အာရန်သည် အတော်လေး သိချင်စိတ်ပြင်းပြနေခဲ့သည်။

ပုံတူရုပ်တုတစ်ခုပင်လျှင် ဤမျှပြင်းထန်သည်ဟု ခံစားရပါက ထိုပုဂ္ဂိုလ် အသက်ရှင်နေစဉ်က မည်မျှ အစွမ်းထက်ခဲ့မည်နည်း။

ထိုလူသည် သူ့နှင့်အတူ ထွင်းထုထားသော လက်နက်များ မရှိနေသောကြောင့် သူသည် မည်သည့်လက်နက်ကိုမျှ အသုံးမပြုသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

“အင်း အဲ့ဒါလား...”

အာရန်သည် သူ၏ သိချင်စိတ်ကြောင့် ရုပ်တုနားသို့ ချဉ်းကပ်သွားသည်။

သို့သော် မကြာမီ သူ အံ့အားသင့်သွားစေမည့် အခြားအရာတစ်ခုကို တွေ့လိုက်ရသည်။

အာရန်သည် ရုပ်တုရှိ ထိုလူ၏ လည်ပင်းပတ်လည်တွင် ကျောက်ဖြင့်ထွင်းထားသော လည်ဆွဲတစ်ခုကို သတိပြုမိလိုက်သောကြောင့်ဖြစ်သည်။ ၎င်းသည် အစစ်အမှန် လည်ဆွဲတစ်ခုကို အခြေခံထားသည်မှာ ရှင်းလင်းနေလေသည်။

လူအများစုအတွက် ၎င်းသည် ပထမဆုံးသူရဲကောင်း ဝတ်ဆင်လေ့ရှိသော သာမန် လည်ဆွဲပစ္စည်းတစ်ခုဟုသာ ထင်ကြမည်ဖြစ်သည်။

၎င်း၏ ပုံပန်းသဏ္ဌာန်သက်သက်အရဆိုလျှင် ထိုလည်ဆွဲတွင် ထူးခြားသည့် မည်သည့်အရာမျှ ရှိမနေခဲ့ပေ။

အနည်းဆုံးတော့ သာမန်လူတွေအတွက်တော့ ထိုသို့ပင် ဖြစ်သည်။

သို့သော် အာရန်အတွက်မူ ထိုလည်ဆွဲသည် သူ့အတွက်အလွန် အံ့အားသင့်စရာ ကောင်းကော လုံးဝမဖြစ်နိုင်ဟုပင် ထင်လိုက်မိသော အရာတစ်ခုပင် ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ပထမဆုံးသူရဲကောင်း ဝတ်ဆင်ထားခဲ့သော ထိုလည်ဆွဲ၏ ပုံစံသည် သူ အတိတ်၌ ဝတ်ဆင်ခဲ့ဖူးသော လည်ဆွဲတစ်ခု၏ ပုံစံနှင့် အတူတူပင် ဖြစ်နေသည်။

၎င်းမှာ သူ ဤကမ္ဘာသို့ ရောက်ရှိပြီးနောက် ပထမဆုံးအဖြစ် လည်ဆွဲစီးရီး ဆုလာဘ်များထဲမှ ရရှိခဲ့သော ခွန်အားမြင့်လည်ဆွဲပင် ဖြစ်လေသည်။

‘ဘာလို့ သူ့မှာလည်း ခွန်အားမြှင့်လည်ဆွဲတစ်ခု ရှိနေရတာလဲ’ ဟု အာရန်သည် ပြန်လည် တွေးမိလိုက်ရာ သူ၏ မျက်နှာအမူအရာများမှာ တစ်စက္ကန့်ချင်းစီတိုင်းတွင် ပို၍ မှောင်မိုက်လာလေသည်။

သူ ထိုနေရာတွင် ရပ်နေစဉ် သူ၏ပတ်ဝန်းကျင်ရှိ ကျောင်းသားများထံမှ စကားစမြည်များကို အနည်းငယ် ကြားလိုက်ရသည်။

“ဟေ့ မင်းကြားမိသေးလား SSS အဆင့် စွမ်းရည်ရှိတဲ့ ကျောင်းသားသစ်တစ်ယောက် ငါတို့နဲ့အတူ စာမေးပွဲဖြေဖို့ ပါလာတယ်ဆိုတာ”

“အင်း ကောလဟာလတွေတော့ ကြားထားပါတယ် ပထမသူရဲကောင်းနဲ့ စွမ်းရည်ချင်း တူတယ်လို့လဲ ပြောကြတယ်”

“ဟုတ်တယ် အဲ့ဒါ ဘယ်လောက် မှန်နေလဲတော့ မသိဘူး ပထမသူရဲကောင်းက အရှင်သခင်တွေရဲ့ခေတ်တစ်ခေတ် မစခင်ကတည်းက သေသွားခဲ့တာလေ အတော်ကြာနေပြီ အဲ့ဒီကတည်းက သူနဲ့ အလားတူစွမ်းရည် နိုးထလာသူတွေ အများကြီးရှိခဲ့ပေမဲ့ B အဆင့်ထက် မြင့်တဲ့ စွမ်းရည်ကိုတော့ ဘယ်သူမှ မရရှိခဲ့ဘူးသေးဘူး”

“ဒီတော့ ပါမောက္ခတွေ အများကြီး ဒီနေရာမှာ စုရုံးနေကြတာ အံ့ဩစရာတော့ မရှိတော့ပါဘူး သူတို့က အဲ့ဒီလူ စာမေးပွဲဖြေတာ ကြည့်ဖို့ လာကြတာ ဖြစ်ရမယ်” ဟု ကျောင်းသားတစ်ဦးက အပေါ်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။

ပထမထပ်တွင် ပါမောက္ခများစွာ ရှိနေပြီး မှန်နောက်ကွယ်မှ သူတို့၏ အရိပ်များကို သာ မြင်တွေ့နိုင်လေသည်။

အရိပ်များကိုသာမြင်တွေ့နိုင်သဖြင့် ပါမောက္ခများသည် မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိရန် မဖြစ်နိုင်သော်လည်း သူတို့၏ အော်ရာများမှာ အလွန်အားကောင်းကြလေသည်။

အာရန်လည်း အပေါ်သို့ ကြည့်လိုက်ရာ အကယ်ဒမီ၏ ဝင်ပေါက်အနီးတွင် သူ ရင်းနှီးခဲ့ဘူးသည်ဟု ခံစားလိုက်ရသော အော်ရာတစ်ခုလည်း ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။

‘ပရောဖက်’

အာရန်သည် တစ်စုံတစ်ခုကို တွေးလိုက်မိသော်လည်း မျက်နှာအမူအရာတစ်စုံတစ်ရာကိုမူ မဖော်ပြခဲ့ပေ။

သူသည် ပရောဖက်ဘေးတွင် ရပ်နေသော မစ်ထ်၏ သမီးကိုလည်း ခံစားမိနိုင်ခဲ့သည်။

ပထမဆုံးအနေနှင့်သိလိုက်သည်မှာ ဤနေရာတွင် ပါမောက္ခများ သာမန်ထက် ပိုမိုများပြားစွာ ရောက်ရှိနေပြီး အကယ်ဒမီရှိ ဝန်ထမ်းများ၏ တစ်ဝက်ခန့်လောက် သည် ဤစာမေးပွဲများကို ကြည့်ရှုရန် ဤနေရာသို့ ရောက်ရှိနေကြ သကဲ့သို့ပင် ဖြစ်နေသည်။

၎င်းသည် အလွန်ကြီးကျယ်သော ဖြစ်ရပ်တစ်ခုဖြစ်မည်မှာ သေချာနေသည်။

တစ်စုံတစ်ဦးသည် ပထမဆုံးဘိုးဘေးပိုင်ဆိုင်ခဲ့ဖူးသော ထူးခြားသည့်စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့ပြီး အထူးသဖြင့် ထိုစွမ်းရည်သည် SSS အဆင့်ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

“ပထမသူရဲကောင်းက တောင်တွေကိုတောင် လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်လို့ ကောလဟာလတွေရှိခဲ့ဖူးတယ် ဒီကျောင်းသားက လည်း အဲ့ဒီအဆင့်ကို ရောက်နေနိုင်မလား မသိဘူး”

“ဟား အဲ့ဒါတစ်ခုတည်းကပဲ သူ့ကို ထူးခြားသွားစေတာလို့ မင်းထင်နေတာလား သူ့မှာ ခွန်အားကြီးမားမှုတစ်ခုတည်း ရှိနေတာမဟုတ်ဘူး”

“သူ့ခန္ဓာကိုယ်မှာကိုက မှော်စွမ်းအင်တွေကို ဆန့်ကျင်နိုင်တဲ့ဂုဏ်သတ္တိတွေ ရှိနေတယ် သူ့လက်သီးတစ်ချက်နဲ့တင် တခြားလူတွေရဲ့ စွမ်းရည်တွေကို ဖျက်ဆီးပစ်နိုင်တယ် ဒါကြောင့် သူ့ကို မှော်ပညာတွေကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်တွေနဲ့ မွေးဖွားလာတဲ့ သူရဲကောင်းလို့ ခေါ်ကြတာ”

“သူသာ ဘာကြောင့်မှန်းမသိပဲ ရုတ်တရက်သေဆုံးသွားခဲ့ခြင်းသာမရှိခဲ့ရင် ဒီကမ္ဘာမှာ အရှင်သခင် လေးဦးဆိုတာ ပေါ်ပေါက်လာမှာ မဟုတ်ဘူး တစ်ဦးတည်း... သူ့တစ်ဦးတည်းပဲ အရှင်သခင်အဖြစ် ရှိနေမှာ”

“ပထမက ပရောဖက် အခုကျတော့ ပထမသူရဲကောင်းလို စွမ်းရည်တွေရှိတဲ့ သူတစ်ယောက်ပေ့ါ ဟုတ်လား ဒါတင်မကသေးဘူး ငါတို့မှာ အရှင်သခင်တစ်ဦးကလည်း ရှိနှင့်ပြီးသားလေ အဲ့တော့ သူရဲကောင်းအကယ်ဒမီက တိုက်ကြီးလေးခုလုံးကို စုစည်းဖို့ အချိန်တန်နေပြီထင်တယ် မဟုတ်ဘူးလား”

ကျောင်းသားအများအပြားသည် မော်ကြွားသော အမူအရာများကို ဖော်ပြကြလေသည်။

အထူးသဖြင့် သူရဲကောင်းအကယ်ဒမီ၏ တစ်စိတ်တစ်ပိုင်းဖြစ်နှင့်ပြီးသားဖြစ်သူများ ဖြစ်ကြသည်။

သူတို့အား ဤပထမထပ်သို့ ဝင်ခွင့်မပြုထားသော်လည်း ထိုလူငယ်၏ အစွမ်းများကို မြင်တွေ့ရမည့် အခွင့်အရေးကို မည်သူမျှ လွတ်သွားလိုခြင်းမရှိကြချေ။

ထို့ကြောင့် သူတို့အားလုံးသည် အဓိကခန်းမတွင် စုရုံးရောက်ရှိလာကြခြင်းဖြစ်သည်။

‘အခြားလူတွေရဲ့ စွမ်းရည်တွေကိုတောင် ဖျက်ပစ်နိုင်တဲ့ မှော်ဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ သူဆိုပါလား ... အဲ့ဒါက အဓိကဇာတ်လိုက်ရဲ့ ဝိသေသပုံစံမဟုတ်ဘူးလား’

အာရန် ကြားရလေလေ ထိုပုဂ္ဂိုလ်၏ အကြောင်းအရာများကို ပိုမိုစိတ်ဝင်စားမိ လာလေလေဖြစ်သွားခဲ့သည်။

သူသည် မစ်ထ်၏ သမီးကို ပြန်ပေးဆွဲရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အလားတူ အရေးကြီးသည့်အရာတစ်ခုကို ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

နောက်ဆုံးတွင် “SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း” စာအုပ်မှ အဓိကဇာတ်လိုက်ကို နောက်ဆုံးတွင် တွေ့ရှိရတော့မည်ဖြစ်သည်။

သံသယဖြစ်စရာ မရှိတော့ပေ။ ထိုပုဂ္ဂိုလ်သည် ပထမသူရဲကောင်း၏ စွမ်းရည်များကို ရရှိထားရုံသာမက ပြန်လည်မွေးဖွားလာသော ပထမသူရဲကောင်း ကိုယ်တိုင်ပင်ဖြစ်နေသည် မဟုတ်ပါလား...။

အာရန်သည် ထိုသို့ ကောက်ချက်ချလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ထို အဓိကဇာတ်လိုက် ပေါ်ပေါက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

စက္ကန့်အနည်းငယ် ကြာသွားသော်လည်း ထိုပုဂ္ဂိုလ်သည် ပေါ်မလာခဲ့သေးပေ။

ယင်းအစား အခြားတစ်စုံတစ်ဦး ရောက်ရှိလာခဲ့ပြီး ထိုသူရောက်ရှိလာသည့်နှင့် ဤနေရာတစ်ခုလုံးတွင် လေးလံသော အော်ရာဖိအားတစ်ခု ကျဆင်းလာခဲ့လေသည်။

‘မစ်ထ်...’

အာရန် အပေါ်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။

#Catfoot

All Chapters