← Chapters

အက်ဒရစ်

Vol. 20 Ch. 275

အက်ဒရစ်

Vol. 20 Ch. 275

ထိုအော်ရာတစ်ခု ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ဤနေရာတစ်ခုလုံး သည် တိတ်ဆိတ်သွားလေသည်။ ထိုပုဂ္ဂိုလ်သည် မှားယွင်းစရာမရှိပေ။

၎င်းသည် အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည်။ ထိုစွမ်းအားသည် ကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်သူများသာ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်သည်။

အာရန် တွေ့ဖူးသမျှထဲတွင် ဤကဲ့သို့သော ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် အခြားသူတစ်ဦးမှာ မိစ္ဆာဂိုဏ်းချုပ် ဖန်းယု ပင်ဖြစ်သည်။ ပင်လယ်နဂါးဘုရင်မပင်လျှင် ဤစွမ်းအင် အဆင့်ထိရှိမနေပေ။

နစ််ခရိုမန်ဆာမျှော်စင်သခင်နှင့် သန့်စင်နတ်ဘုရားမတို့ကိုမူ သူ မမြင်ဖူး သေးသော်လည်း သူတို့သည်လည်း အလားတူ လွှမ်းမိုးနိုင်စွမ်းများရှိနေနိုင်သည်ဟု သူ သေချာသိနေသည်။

၎င်းသည် သူတို့၏ ကိုယ်ပိုင်ခွန်အားမျှသာမက ပြင်ပအထောက်အပံ့များပင် ပါဝင်နေသည်။

ဤကမ္ဘာကြီး၏ ဥပဒေသများကိုယ်တိုင်ကပင် သူတို့၏ လှုပ်ရှားမှုများနှင့် အပြည့်အဝ လိုက်လျောညီထွေရှိနေသကဲ့သို့ပင် ဖြစ်နေသည်။

၎င်းသည် အဓိကဇာတ်လိုက်များကို ကာကွယ်ပေးသော ကံကြမ္မာနှင့် ဆင်တူသော်လည်း ကွဲပြားသည်။

၎င်းသည် သူတို့ မွေးဖွားလာကတည်းက ကောင်းကင်ဘုံမှ ပေးအပ်ခဲ့သောအရာတစ်ခုမဟုတ်ဘဲ သူတို့ကိုယ်တိုင် ကောင်းကင်ဘုံမှ လုယူခဲ့သောအရာများပင်ဖြစ်လေသည်။

‘ယီလန်ကို တစ်နေရာမှာစောင့်နေခိုင်းလိုက်လို့သာ တော်တော့တယ် မစ်ထ်ကိုယ်တိုင်ရှေ့မှောက်မှာဆိုရင် သူမကို သေချာပေါက် သတိထားမိမှာပဲ’

အာရန်က သူ၏ အင်္ကျီအိတ်ကို လက်ဖြင့် တစ်ချက်စမ်းကြည့်လိုက်သည်။ ထိုအိတ်အတွင်း၌ ဆီလက်စ်မှာ ခပ်တည်တည်ပင် ထိုင်နေခဲ့လေသည်။

သူမသည် ယီလန် ရောက်လာကတည်းက အပြင်သို့လွတ်လွတ်လပ်လပ် မထွက်ရသည်မှာ ကြာပြီဖြစ်သဖြင့် အာရန်အား အနည်းငယ်ဒေါပွနေဟန်ရသည်။

မစ်ထ် ရောက်ရှိလာသည်နှင့် လေထုသည် ပိုမို၍ အေးစက်လာပုံရပြီး သူမ ပထမထပ်မှ ဆင်းသက်လာသောအခါ စုဝေးနေသော လူအုပ်ကြီးကြားတွင် တိတ်ဆိတ်မှုတစ်ခု လွှမ်းခြုံသွားလေသည်။

လူများသည် မှန်များကွယ်နေသဖြင့် သဲသဲကွဲကွဲ မြင်ရန်မဖြစ်နိုင်သော်လည်း အဝေးမှ အရိပ်များ မြင်နေရသည်နှင့်ပင် ပါမောက္ခအားလုံးနီးပါးသည် မစ်ထ်ကို အလွန်လေးစားစွာ နှုတ်ဆက်နေကြသည်အား ရှင်းရှင်းလင်းလင်း တွေ့လိုက်ကြရလေသည်။

ပရောဖက်ပင်လျှင် ထိုနည်းအတိုင်းပင် ပြုမူနေခဲ့သည်။ သို့သော် သူ၏ ဖြစ်တည်မှုနောက်ခံအမှန်ကို သိရှိထားသော အာရန်မှာမူ သူသည် စိတ်ရင်းဖြင့် ပြုမူနေခြင်းမဟုတ်ကြောင်း သေချာသိနေသည်။

မစ်ထ်သည် သူမ သူ၏ရှေ့တွင်ရပ်နေသော သူမ သမီး၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ လုပ်ဆောင်ချက်များအရ သူမသည် သူမ၏ သမီးကို မည်မျှ ချစ်မြတ်နိုးကြောင်း ရှင်းရှင်းလင်းလင်း သိသာစေသည်။

မစ်ထ်သည် သူမ၏သမီးအား တစ်စုံတစ်ခုပြောနေခဲ့သည်ဟု အာရန် သေချာသိနေခဲ့သော်လည်း သူတို့၏ စကားသံများကိုမူ သူ မကြားနိုင်ခဲ့ပေ။

အချိန်အနည်းငယ်ကြာပြီးနောက် မစ်ထ်သည် သူမ၏ အာရုံကို ကွင်းဘက်သို့ ပြန်လှည့်လိုက်သည်။

သူမ၏ မျက်လုံးများက လူအုပ်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး အာရန်ဆီသို့ အရောက်တွင် ရပ်တန့်သွားသည်။

ခဏတာမျှ သူတို့၏ မျက်လုံးများ ဆုံမိသွားပြီး သူမသည် အာရန်ကို ထိုးဖောက်ကြည့်ရှုရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို အနည်းငယ်မျှသော လှုပ်ရှားမှုဖြင့် အထဲမှ ပစ္စည်းများကို လှမ်းယူနိုင်ရန်ပြင်ဆင်ထားလိုက်ပြီး မည်သည့်အရာမဆို ဖြစ်လာနိုင်သည့်အတွက် အသင့်ပြင်ဆင်ထားလိုက်သည်။

ကံကောင်းစွာဖြင့် မစ်ထ်၏ အကြည့်က သူ့အပေါ် ကြာကြာမရပ်နေခဲ့ဘဲ အခြားလူများဆီသို့ ဆက်လက်ရွှေ့လျားသွားလေသည်။

သူမဟုတ်သော တစ်စုံတစ်ဦးကို ရှာဖွေရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်သည်။

မစ်ထ်၏ အာရုံက သူ့ဆီမှ ရွှေ့သွားသောအခါမှသာ အာရန်သည် စိတ်သက်သာရာရစွာ ဖြင့် သက်ပြင်းချလိုက်နိုင်ကာ သူ၏ စနစ်သိုလှောင်ခန်းကို ပြန်ပိတ်ထားလိုက်သည်။

အာရန် ဘာကြောင့်မှန်း သေခြာ‌မသိသော်လည်း မစ်ထ်သည် သူ့အား မှတ်မိပုံမရပေ။ အရှင်သခင်တစ်ဦးဖြစ်နေသော်လည်း သူမသည် သူ၏ လှည့်စားမှုအစွမ်းအား ထိုးဖောက်၍ မမြင်နိုင်ခဲ့ပေ။

၎င်းသည် သာမန်လှည့်စားမှုအပေါ် မှီခိုခြင်းမဟုတ်ပဲ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို တစ်စုံတစ်ယောက်ကဲ့သို့ အမှန်တကယ် ပြောင်းလဲလိုက်ခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။

မစ်ထ်၏ အကြည့်သည် အာရန်ဆီမှ ရွေ့သွားပြီး မကြာမီ ရှေ့တွင် ရပ်နေသော လူငယ်တစ်ဦးအပေါ်တွင် ရပ်တန့်သွားသည်။

သိချင်စိတ်ဖြင့် အာရန်က ထိုလူငယ်ကိုလှမ်း အကဲခပ်ကြည့်လိုက်သည်။ သူမ ရှာဖွေနေသည့် ပုဂ္ဂိုလ်မှာ ထိုလူငယ်ပင်ဖြစ်သည်မှာ ထင်ရှားလာသည်။

သူမ၏ အာရုံကို ဖမ်းစားပြီး သူမကို ယခုနေရာသို့ ထွက်လာစေနိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ပထမဆုံးသူရဲကောင်း၏ စွမ်းရည်များကို အမွေဆက်ခံထားသူမှလွဲ၍ အခြားမဟုတ်ပေ။

လူငယ်သည် အပေါ်သို့ မော့ကြည့်လိုက်ကာ မစ်ထ်၏ အကြည့်ကိုပြန်လည် တုံ့ပြန်လိုက်လေသည်။

သူ၏ မျက်နှာအမူအရာများမှာ တည်ငြိမ်နေပြီး မစ်ထ်၏ ပြင်းထန်သော အကြည့်က သူတို့အပေါ် ကျရောက်လာသောအခါတွင် အလွယ်တကူ စိတ်မတည်မငြိမ် ဖြစ်သွားတတ်သော အခြားလူငယ်များနှင့် မတူပေ။

အာရန်သည် ထိုလူငယ်၏နောက်ဘက်တွင် ရပ်နေသောကြောင့် သူ၏ မျက်နှာကို မမြင်နိုင်ခဲ့ပေ။

သူ၏ ကျောဘက်တွင် ထားရှိသော လက်များကိုသာ မြင်နိုင်လေသည်။

မစ်ထ်ကို ကြည့်နေစဉ် လူငယ်သည် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလျက်ရှိပြီး ကြွက်သားများ ဖောင်းကားနေသည်ကို သူ မြင်လိုက်ရသည်။

၎င်းသည် မိတ်ဆွေဟောင်းတစ်ဦးကို ကြည့်သည့်အခါ တစ်စုံတစ်ဦးတွင် ရှိနိုင်သော တုံ့ပြန်မှုမျိုး မဟုတ်ပေ။

‘ငါ မှန်းတာမှန်မယ်ဆို သူ့ရဲ့ သေဆုံးမှုမတိုင်ခင် သူတို့ကြားမှာ တစ်ခုခု ဖြစ်ခဲ့တာ သေချာတယ်’ ဟု အာရန် တွေးလိုက်မိပြီး မစ်ထ်နှင့်ထိုလူငယ်ကြားတွင် အရာအားလုံး သည် ရိုးရှင်းမနေကြောင်း သဘောပေါက်လိုက်သည်။

ရုပ်တုများက ထိုသူကိုနှင့် မစ်ထ်ကို မဟာမိတ်များအဖြစ် ပုံဖော်ထားသော်လည်း လက်တွေ့မှာမူ အလွန်ကွာခြားနေလေသည်။

‘ဘယ်လောက် ဆန်းကြယ်တဲ့ ပြန်လည်ဝင်စားသူမျိုးလဲ... မင်းက တကယ်ပဲ ဘာဆိုတာကို ငါ စောင့်ကြည့်ရသေးတာပေါ့’

အာရန်သည် ထိုပြန်ဝင်စားသူဟု ယုံကြည်ရသော လူငယ်အပေါ် သူ့၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

[မှားယွင်းမှု : စွမ်းရည်အကျိုးသက်ရောက်မှု ပျက်ပြယ်သွားပါသည်]

“ဟင်”

အမှားအယွင်းပြဇယားတစ်ခုကိုသာ ပြန်လည် ရရှိလိုက်ပြီးနောက် အာရန် သည် အလွန် အံ့အားသင့်သွားခဲ့ရသည်။

ထိုအဓိကဇာတ်လိုက်၏ အချက်အလက်ပြ ဖန်သားပြင်တစ်ခုကိုသာ မြင်ရလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း ရရှိသည်မှာ အမှားအယွင်းပြသသည့် ဖန်သားပြင်တစ်ခုသာ ဖြစ်နေသည်။

ထိုကဲ့သို့အမှားဖော်ပြချက်သည်လည်း ယခုသည် ပထမဆုံးကြုံတွေ့ဘူးခြင်းဖြစ်သည်။

အာရန်သည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော လူများကို ယခင်က အချက်အလက်များ ထိုးဖောက်ကြည့်ရန် ကြိုးစားသောအခါ မှားယွင်းမှုများကြုံတွေ့ခဲရဖူးသည်။

စာရေးဆရာဟု သူ ယုံကြည်ရသော ပုဂ္ဂိုလ်ကို ဖော်ထုတ်ရန် ကြိုးစားသောအခါတွင်လည်း သူသည် ကျရှုံးခဲ့ရသည်။

သို့သော် ထိုအချိန်ကပင် မည်သည့်အမှားအယွင်းပြဇယားတစ်ခုမှ မပေါ်လာခဲ့ပေ။

သူ ရရှိခဲ့သည့် တစ်ခုတည်းသော အရာမှာ အချက်အလက် ဖော်ထုတ်ရန် မအောင်မြင်ခြင်းသာဖြစ်ပြီး သူ၏ အဆင့် မလုံလောက်သေးကြောင်းသာ ပြောပြနေခဲ့သည်။

သူ၏ စွမ်းရည်များ ယခုကဲ့သို့ လုံးဝ ပျက်ပြယ်သွားခြင်းမျိုးမှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုလူငယ်သည် သူ့ဘက်သို့ ကြည့်နေခြင်းမရှိသည့်တိုင် ထိုသို့ဖြစ်သွားခဲ့လေသည်။

‘ဒါက အလိုအလျှောက်တုံ့ပြန်တဲ့အစွမ်းတစ်ခုလား’ ဟု အာရန်သည် တွေးမိလိုက်သည်။

‘သူ့ရဲ့ မှော်ပညာကို ဆန့်ကျင်တဲ့ စွမ်းရည်တွေက တိုက်ရိုက်အသုံးပြုနိုင်တဲ့စွမ်းရည် တွေ ဖြစ်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ’

ပထမသူရဲကောင်းတွင် ထူးခြားသည့် အကျိုးသက်ရောက်မှု နှစ်ခုရှိနေသော စွမ်းရည်ရှိသည်ဟု လူများ ပြောသည်ကို သူ ကြားဖူးခဲ့သည်။

ပထမအကျိုးသက်ရောက်မှုမှာ SSS အဆင့် စွမ်းရည်နှင့် ညီမျှသော ကြီးမားသည့် ခွန်အားအစွမ်းဖြစ်လေသည်။

သူ၏ စွမ်းရည်များ၏ ဒုတိယအကျိုးသက်ရောက်မှုမှာ မှော်ပညာရပ်များကို ဆန့်ကျင်ခြင်း သို့မဟုတ် မှော်ပညာရပ်များကို ပျက်ပြယ်စေနိုင်ခြင်းပင် ဖြစ်သည်။

မှော်ဆန့်ကျင်အစွမ်းသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလိုအလျှောက် သက်ရောက်မှု ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤနှုန်းအတိုင်းဆိုပါလျှင် သူ၏ ကြီးမားသော ခွန်အားအစွမ်းသည်လည်း အတူတူပင်ဖြစ်နေနိုင်သည်ဟုတွေးမိလိုက်သည်။

‘ဒီကောင်လေးကို ပရောဖက်လို့ခေါ်တဲ့သူက သူ့ကို ဘာလို့ မသတ်တာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး’

ဤ အဓိကဇာတ်လိုက်သည် ရဲ့လန်နှင့် အဆင့်အတန်းတူညီပြီး အောက်ခြေမှ စတင် တက်လာလိမ့်မည်ဟု သူ ထင်ထားမိခဲ့သည်။

တောင်ပိုင်းတိုက်ကြီးတွင်အခြေတည်ထားသည့် ဤဝတ္ထုအမျိုးအစားသည် ခွန်အားနည်းရာမှ တဖြည်းဖြည်းသန်မာလာခြင်းပုံစံမျိုး မဟုတ်ဘဲ အစကတည်းက စွမ်းအားအလွန်ကြီးနေသော ဇာတ်လိုက်ကို အခြေတည်ထားသော ဝတ္ထုအမျိုးအစားမျိုး ဖြစ်နေသည်ကို သူ သဘောမပေါက်မိခဲ့ခြင်းသာဖြစ်သည်။

အာရန်သည် ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို နောက်ထပ်တစ်ကြိမ် ထပ်မံအသုံးပြု၍ ကြိုးစားလိုက်သော်လည်း ရလဒ်မှာမူ အတူတူပင်ဖြစ်သည်။

ထိုလူတွင် အလိုအလျှောက်ကာကွယ်နိုင်စွမ်းရှိနေပြီး မှော်ပညာများမှသာမက အခြားစွမ်းရည်အမျိုးမျိုးမှပါ သူ့အား ကာကွယ်ပေးထားလေသည်။

‘ဘယ်လောက်တောင် ကြမ်းထော်နေလိုက်သလဲ’

အာရန်သည် သူ၏ခေါင်းကို ပြန်ကုတ်လိုက်ပြီး ဖော်ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုရန် ကြိုးစားမှုများကို ရပ်တန့်လိုက်သည်။

မစ်ထ်သည်လည်း အပေါ်ထပ်မှ ဆီး၍ ထိုလူငယ်လေးကို ငုံ့ကြည့်နေလေသည်။

သူမ၏ အာရုံစိုက်မှုသည် လူငယ်လေးအပေါ် ကျရောက်သွားသည်နှင့် အခြားသူများလည်း ထိုလူငယ်သည် မေးခွန်းထုတ်စရာ လူတစ်ဦးဖြစ်နေကြောင်း သဘောပေါက်လာကြသည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ” ဟု မစ်ထ်က လူငယ်ကို မေးလိုက်သည်။

သူမသည် ထိုလူငယ်အား ပထမသူရဲကောင်း၏ လူပြန်ဝင်စားမှုဖြစ်သည်ကို မသိသေးသကဲ့သို့ပင် ဖြစ်လေသည်။

“အက်ဒရစ်” ဟု လူငယ်လေးက ပြန်ဖြေလိုက်သည်။

ထို့နောက် ကွင်းထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့တော့သည်။

#Catfoot

All Chapters