ခေါင်းတလားတွေ ပြန်လာပြီဟေ့
Vol. 20 Ch. 278
---
စွမ်းအင်အဆင့် တိုင်းတာခြင်း စမ်းသပ်ပွဲကို တာဝန်ယူထားသည့် ပါမောက္ခမှ သူ၏ နာမည်ကို
ခေါ်လိုက်သည့်အခါ အာရန်၏ စိတ်ထဲတွင် ပထမဆုံးဝင်လာခဲ့သည်ကာ.....
“ငါ ထွက်ပြေးရမလား...”
ဒဏ္ဍာရီအဆင့် ပစ္စည်းများနှင့်ပတ်သက်၍ သူ သတိပြုမိခဲ့သော တစ်ခုတည်းသော ကောင်းသည့် အချက်မှာ ၎င်းသည် လူတစ်ဦး၏ စွမ်းရည်အမျိုးအစားများကို ဖော်ပြနိုင်ခြင်းမရှိခြင်းပင်ဖြစ်သည်။
အဆင့်ကိုသာ ပြသခြင်းဖြစ်သည်။
ဤသို့ဖြင့် သူ၏ အကြီးမားဆုံးသော စိုးရိမ်မှုများထဲမှ တစ်ခုမှာ ပြေလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤစာမေးပွဲတစ်ခုတည်းဖြင့် သူသည် ဝါးမြိုသူမျိုးဆက်သွေး စွမ်းရည်ကို ပိုင်ဆိုင်သည်ဟူသောအချက်ကို မည်သူမျှ သိရှိနိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ၎င်းက သူ့ကို စိတ်အေးစေခြင်းတော့မရှိပေ။ သူသည် SSS အဆင့်တွင် ရှိနေကြောင်း သိရှိရုံမျှဖြင့်ပင် မလိုလားအပ်သော အာရုံစိုက်မှုများနှင့် သူ၏စွမ်းရည်နှင့်ပတ်သက်သော စစ်ဆေးမေးမြန်းမှုများစွာကို ကြုံတွေ့ရမည်သာ ဖြစ်လေသည်။
လူတစ်ဦး၏ စွမ်းရည်အမျိုးအစားကို တိုင်းတာနိုင်သည့် အခြားသော အရာဝတ္ထုတစ်ခု သူတို့၌ ရှိမရှိကိုလည်း သူ သေချာမသိထားပေ။ သူသည် ထိုအရာမျိုး မကြားဖူးသေးသောကြောင့် ရှိမရှိကို အတည်မပြုနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် လူတစ်ဦး၏ ကျွမ်းကျင်မှုအဆင့်ကို တိုင်းတာနိုင်သည့် ယခုကဲ့သို့ အရာဝတ္ထုမျိုးအကြောင်းကို သူသည် ယခင်က မကြားဖူးခဲ့သော်လည်း ၎င်းသည် အမှန်တကယ်ပင် ရှိနေခဲ့လေသည်။
ပုံမှန်အားဖြင့် စွမ်းအင်အဆင့်ကို သူရဲကောင်းအကယ်ဒမီမှ လူများက ထိုစွမ်းအင်ကို ကိုယ်တိုင်မြင်တွေ့ပြီးမှသာ ဆုံးဖြတ်ကြလေ့ရှိသည်။
တိကျသော တိုင်းတာမှု မရှိဘဲ ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်လေသည်။
အနည်းဆုံးတော့ ယင်းသည် အများအားဖြင့် လူတိုင်းလက်ခံထားကြသော အရာလည်း ဖြစ်လေသည်။
ထို့ပြင် ပိုမိုတိကျသော တိုင်းတာမှုနည်းလမ်းများကို အကယ်ဒမီတွင် ကျန်ခဲ့မည့် သူများအတွက် ထပ်မံချန်ထားခြင်းမျိုးရှိမရှိကိုလည်း သူ မသိနိုင်ပေ။
သို့သော်လည်း ဤမျှ ရှားပါးသော ဒဏ္ဍာရီအဆင့် ပစ္စည်းမှာ တစ်ခုတည်းသာ ရှိနိုင်သည်ဖြစ်ရာ ၎င်းသည် အဓိပ္ပာယ်ရှိနေသည်။
“ဟေ့ ငါ ပြောတာကို နားထောင်နေရဲ့လား” ဟု ပါမောက္ခက တိတ်ဆိတ်စွာ ရပ်နေပြီး အနည်းငယ် တုံ့ဆိုင်းနေပုံရသည့် အာရန်ကို ထပ်မံမေးလိုက်သည်။
သူ့အပေါ်တွင် ထိုမျှလောက်ထိ အာရုံစိုက်မှုများ ရှိနေသည့်အတွက် အာရန်တွင် အခြားမည်သည့်အရာကိုမျှ ကြိုးစားရန် အခွင့်အရေးမရှိတော့ပေ။
နောက် ဘာဆက်ဖြစ်မည်ဆိုခြင်းကို သူ မသေချာသောကြောင့် ဖြစ်နိုင်ခြေရှိသော အခြေအနေအားလုံးအတွက် ပြင်ဆင်ထားရင်း ရှေ့သို့ ဆက်တိုးလိုက်ရသည်။
ထို့နောက် အာရန်သည် ထိုစမ်းသပ်ဖန်လုံး ရှေ့တွင် ရပ်လိုက်သည်။
၎င်းသည် ယခုအခါ လုံးဝကြည်လင်နေလေသည်။
၎င်းသည် ပုံမှန်အတိုင်းပင် ပြန်ဖြစ်နေပြီး အစောပိုင်း အက်ဒရစ် ရှိနေစဉ်က ဖြစ်ပေါ်ခဲ့သော နေလုံးအသေးစားတစ်ခုနှင့် လားလားမျှ မတူညီနေတော့ပေ။
“မင်း ကိုယ်တိုင် လုပ်မလား ဒါမှမဟုတ် ငါ ကိုယ်တိုင် အတင်းအကြပ် လုပ်ပေးရမလား” ဟု ပါမောက္ခသည် သူ၏ စိတ်ရှည်မှု ကုန်လုနီးပါး ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်။
နောက်ကွယ်ရှိ လူငယ်များ၏ ရယ်သံများကိုပင် အာရန် ကြားလိုက်ရသည်။
“ဟဲ ဟဲ သူ့မှာ အမှိုက်အဆင့် စွမ်းရည်ရှိနေလို့နေမယ် SSS အဆင့်နဲ့ B အဆင့် စွမ်းရည်တွေ အများကြီး မြင်ပြီးတဲ့နောက် သူ့ကိုယ်သူ ပြသဖို့ အရမ်း ရှက်နေတာ ဖြစ်မှာပေါ့ကွာ”
“ဘယ်သူသိမလဲ သူက F အဆင့် စွမ်းရည်တောင် ရှိရင်ရှိနေနိုင်တယ် ငါသာ သူ့နေရာမှာသာ ဆိုရင် ရှက်လို့ သေသွားလောက်ပြီ အထူးသဖြင့် ဒီလို ပါမောက္ခတွေ အများကြီး ရှိနေတဲ့ နေရာမျိုးမှာပေ့ါ”
လူအများအပြားက အာရန်၏ တုံ့ဆိုင်းမှုကို သူ၏ ရှက်ရွံ့မှုအဖြစ် မှတ်ယူကြသည်။
သူသည် ဤနေရာသို့ ကံစမ်းရန် လာခဲ့သည်ဟုသာ အများကထင်ထားကြပြီး သူသည် အက်ဒရစ်ကြောင့် ထိုမျှလောက် အထက်တန်းလွှာ ပုဂ္ဂိုလ်များ ဤ စာမေးပွဲအခမ်းအနားသို့ တက်ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သည့်ပုံဖြစ်နေသည်ဟု ထင်နေကြခြင်းလည်း ဖြစ်လေသည်။
သူတို့က သူသည် ဒီလောက်အထိ ရောက်လာပြီးမှ ယခုနေရာတွင် အကြောက်လွန်နေသည်ဟု ယုံကြည်ကြလေသည်။
၎င်းသည် သူတို့အတွက် စိတ်ပျက်စရာဖြစ်နေလေသည်။ သို့သော် အာရန် တစ်ဦးတည်းသည်သာ ၎င်းတို့၏ အထင်အမြင်များသည် သူ၏ အမှန်တကယ် စိုးရိမ်ပူပန်မှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိထားလေသည်။
တကယ်တမ်းဆိုလျှင် ထိုစမ်းသပ်ဖန်လုံးသည် အလုပ်မလုပ်ဘဲ အများမျှော်လင့်သကဲ့သို့ သူ့အား အမှိုက်အဆင့်ဖြင့် ပြသနိုင်လျှင်ပင် ပို၍ကောင်းမည်ဟု ဆုတောင်းနေမိသည်။
ကံမကောင်းစွာဖြင့် ဒဏ္ဍာရီအဆင့်ပစ္စည်းများသည် အမှားအယွင်းဖြစ်လေ့မရှိကြောင်း သူသိထားလေသည်။
‘ကဲကွာ သောက်ကျိုးနည်း ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရသေးတာပေါ့’
အာရန်သည် လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရာကို ချက်ချင်းထုတ်ယူနိုင်ရန် သူ၏ စနစ်သိုလှောင်ခန်းကိုပင် ကြိုတင်ဖွင့်ထားရင်း အခြေအနေအားလုံးအတွက် ပြင်ဆင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သူ၏ အစောင့်အလျှောက်နှင့်ဆက်သွယ်သည့် အမှတ်ကိုလည်း နိုးထအောင် ပြုလုပ်ထားကာ လိုအပ်ပါက သူ့အတွက် ဝိညာဥ်ဂိတ်ပေါက်တစ်ခု ချက်ချင်းဖွင့်ပေးနိုင်သည့် ယီလန်ကို ဆင့်ခေါ်ရန် အသင့်ပြင်ထားလိုက်သည်။
အာရန်သည် ခပ်ပြင်းပြင်း အသက်တစ်ချက်ရှူထုတ်လိုက်ပြီးနောက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
ခဏခန့်ထပ်မံစောင့်ဆိုင်းနေပါက ပါမောက္ခမှ သူ၏လက်ကို အတင်းယူပြီး ထိုစမ်းသပ်ဖန်လုံးပေါ်တွင် ကိုယ်တိုင် တင်လိုက်တော့မည်လည်းဖြစ်လေသည်။
---
[ရွေးချယ်စရာအသစ်များ ရရှိပါပြီ]
အာရန်၏ လက်ချောင်းများမှာ ထိုစမ်းသပ်ဖန်လုံးနှင့် လက်မအနည်းငယ်သာ ကွာတော့သောအချိန်တွင် ရင်းနှီးသော စနစ်မျက်နှာပြင်တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် သူ၏လက်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အာရန်သည် သူ၏ အဓိကရွေးချယ်စရာကို လွန်ခဲ့သောအချိန်အတော်ကြာကပင် ပြီးစီးခဲ့ပြီဖြစ်သောကြောင့် သူ၏စနစ်သည် မည်သည့်အချိန်တွင်မဆိုထပ်မံ ပေါ်လာနိုင်ပြီဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မှ ကွက်တိ ဤသို့ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
[ရွေးချယ်မှု တစ် : သင်၏ လက်ကို စမ်းသပ်ဖန်လုံး ပေါ်တင်၍ ဤနေရာရှိလူတိုင်းကို သင်၏ကြီးမြတ်မှုဖြင့် အံ့အားသင့်စေလိုက်ပါ။ ဆုလာဘ်: လှပသော ပန်းရောင်ခေါင်းတလား]
ပထမဆုံးရွေးချယ်မှုကို ကြည့်မိသည်နှင့် အာရန်သည် စနစ်ဖန်သားပြင်ကို လက်သီးဖြင့် ထထိုးချင်လုနီးပါး ဖြစ်သွားရသည်။
၎င်းသည် စနစ်မှ သူ့အား ယခင်ကလည်း အလားတူ နည်းလမ်းဖြင့် ခေါင်းတလားနှစ်ခုကို ဆုလာဘ်အဖြစ် ပေးခဲ့ဖူးသည်ကို သတိရစေခဲ့သည်။
‘အနည်းဆုံးတော့ အဲ့ဒီခေါင်းတလားတွေက ဂန္ထဝင်ဆန်ဆန် အနက်ရောင်နဲ့ အဖြူရောင်တွေပဲ ခုကျမှဘာလဲဟ ပန်းရောင်ခေါင်းတလားတဲ့ ငါက ဘာလုပ်ရမှာလဲ ငါ့အုတ်ဂူနားမှာ လူတွေကို ငိုစေချင်တာလား ဒါမှမဟုတ် ရယ်မောရင်း အူတက် သေစေချင်တာလား’
အာရန်သည် သူ၏ဒေါသကို ထိန်းချုပ်ရန် အောက်နှုတ်ခမ်းကို ပြန်ကိုက်လိုက်ရသည်။ သူသည် နောက်ထပ်ရွေးချယ်စရာများသို့ ဆက်သွားလိုက်သည်။
[ရွေးချယ်မှု နှစ် : ဝါးမြိုသူအဖြစ် သင်၏ အသွင်အပြင်ကို ဖော်ထုတ်၍ မစ်ထ်၏ သမီးကို ဓားစာခံအဖြစ် ဖမ်းဆီးပါ။ ဆုလာဘ်: လွတ်မြောက်ခြင်းအဆောင်တစ်ခု (ရှားပါးအဆင့်)]
[ရွေးချယ်မှု သုံး : အက်ဒရစ်သည် ပထမသူရဲကောင်း၏ ပြန်လည်ဝင်စားသူ ဖြစ်ကြောင်း လူတိုင်းကို အမှန်အတိုင်း ပြောပြပါ။ ဆုလာဘ်: လှပသော သက်တံ့ရောင် ခေါင်းတလား]
တတိယရွေးချယ်စရာနှင့် ဆုလာဘ်ကို မြင်သည်နှင့် အာရန်သည် သူ့ကိုယ်သူ မျက်နှာကို လက်ဝါးဖြင့် ရိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း စနစ်က ဘာကို ဆိုလိုနေသည်မှာ ရှင်းလင်းနေလေသည်။
သူသည် အက်ဒရစ်ကို ဖော်ထုတ်မိလိုက်လျှင် သူ့အပေါ်မှ အာရုံစိုက်မှုကို ပြောင်းလဲသွားနိုင်သော်လည်း တစ်ခုခု အလွန်ဆိုးရွားသည့် မှားယွင်းမှုကြီး တစ်ခုခုဖြစ်သွားလိမ့်မည်ဟု အာရုံရနေလေသည်။
[ရွေးချယ်မှု လေး : ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကျိုးစားဖောက်ထွက်ပါ။ ဆုလာဘ်: ကံ +၁]
“ဒီကောင်လေး သူ ထပ်ပြီး ကြောင်တောင်တောင် ရပ်နေပြန်ပြီ ဒီမှာ သူက လူတိုင်းရဲ့အချိန်ကို တကယ်ပဲ ဖြုန်းတီးဖို့ ကြိုးစားနေတာလား”
“ဟေ့ကောင် မြန်မြန်ပြီးအောင်လုပ်ပါဟ ငါတို့အလှည့်လဲ ကျန်သေးတယ်”
အာရန် တိတ်ဆိတ်စွာ ရပ်နေသည်ကို မြင်လျှင် နောက်ကွယ်ရှိ ကျောင်းသားများ၏ အသံများ မြင့်တက်လာခဲ့သည်။
သူတို့၏ ဆူညံသံများကို ကြားရသဖြင့် အက်ဒရစ်ပင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
ဤသို့ဖြင့် ပါမောက္ခသည် သူ၏ သည်းခံခြင်းမှာ လုံလောက်ပြီဟု ဆုံးဖြတ်လိုက်သည်။ သူသည် နောက်ထပ် သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် ထိုပါမေက္ခသည် ရှေ့သို့ တိုးလာပြီး အာရန်၏လက်ကို ဖမ်းဆုပ်ကာ စမ်းသပ်ဖန်လုံးပေါ်သို့ အတင်းအကြပ် တင်ရန် ကြိုးစားသည်။
“ဟမ်”
ရုတ်တရက် အံ့အားသင့်စွာပင် သူသည် အာရန်ကို မထိနိုင်ခဲ့ပေ။
အာရန်သည် သူ ကောင်းစွာ မမြင်နိုင်လောက်သည့်အရှိန်တစ်ခုဖြင့် ပိုမိုလျင်မြန်စွာ လှုပ်ရှားလိုက်သည်။
ထို့နောက်တွင်ပင် သူ၏လှုပ်ရှားပုံမှာ အလွန် လှပနေပုံရသည်။
“မင်းရဲ့ စွမ်းရည်က အရှိန်နဲ့ ဆက်စပ်နေတာလား” ဟု ပါမောက္ခမှ တွေးမိလိုက်သည်။
“ဒီတော့ မင်း ထင်နေတာက... “ သူ တစ်ခုခု ပြောရန် ကြိုးစားလိုက်စဥ်မှာပင် အာရန်သည် သူ့အား ကျောခိုင်းလိုက်လေသည်။
ထိုအစား အာရန်သည် ပထမထပ်ဘက်သို့ စိုက်ကြည့်လိုက်ပြီး မစ်ထ်ကို လှမ်းခေါ်လိုက်သည်။ အာရန်သည် သူ၏ ခြေထောက်ကို ကြမ်းပြင်ပေါ်သို့ နက်နက်ရှိုင်းရှိုင်း အားယူ နင်းလိုက်ကာ ပိုမိုမြင့်မားသောအရှိန်တစ်ခုဖြင့် အပေါ်သို့ ခုန်တက်လိုက်သည်။
အာရန်သည် ပျံသန်းခြင်းအစွမ်းကို အသုံးမပြုခဲ့ဘဲ သူ၏အဆင့်များမှ လာသော ကိုယ်ခံစွမ်းအား သက်သက်ဖြင့်သာ ပထမထပ်သို့ ခုန်တက်လိုက်လေသည်။
#Catfoot