ကျုပ်မြင်ခဲ့တယ်
Vol. 20 Ch. 279
---
ပထမထပ်သို့ အာရန် ဆင်းသက်နိုင်ခြင်းမတိုင်မီ ရန်လိုသောအကြည့်များစွာက သူ့အပေါ် ကျရောက်လာနေသည်။
အထူးသဖြင့် ပါမောက္ခများသည် အာရန်၏ လုပ်ရပ်များကြောင့် အံ့အားသင့်သွားခဲ့ ရုံသာမက စိတ်ဆိုးဒေါသများပင် ထွက်နေကြလေသည်။
မစ်ထ်သည် တုံ့ပြန်ခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့်သာ သူ့အား စိုက်ကြည့်နေခဲ့သည်။ ထိုလူငယ် ဘာလုပ်ရန် ကြိုးစားနေသနည်းဟု စောင့်ကြည့်နေပုံရသည်။
“လူငယ်လေး မင်းကအရူးပဲ မင်း ငါတို့နဲ့ အဆင့်တူလာရပ်ချင်တယ်ဆိုရင် ဘဝများစွာကျိုးစားလိုက်ဦး”
ပါမောက္ခတစ်ဦးက ရှေ့သို့ တိုးလာပြီး သူ ပထမထပ်သို့ ဆင်းသက်နိုင်ခြင်းမရှိမှီမှာပင် အာရန်အား ရိုက်ထုတ်ရန် လက်ဆန့်တန်းလိုက်သည်။
အာရန်လည်း သူသည် အန္တရာယ်ရှိသော အခြေအနေထဲ ရောက်နေပြီဆိုတာ သိသည်။
သို့သော်လည်း ၎င်းအခြေအနေသည် ဘာကိုမျှ တွေးတောနေရန် အချိန်မရှိသော အခြေအနေများထဲမှ တစ်ခုလည်းဖြစ်သည်။
အာရန်သည် သူ၏ အဓိက ပန်းတိုင်နှင့် ကိုက်ညီသည်ဟု ယုံကြည်မိသည့် ရွေးချယ်မှုတစ်ခုကိုသာ ကမန်းကတန်း ရွေးချယ်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူ သည် ခေါင်းတလားများကိုမူ စုဆောင်းလိုခြင်းမရှိပေ။ အန္တရာယ်ရှိသော်လည်း လူတိုင်းက သူ့ကို အထင်သေးနေချိန်သည် တစ်ခုခုကို လုပ်ဆောင်ရန် အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်လေသည်။
သူသာ သူ၏စွမ်းရည်ကို ဖော်ထုတ်လိုက်မိပါက ခေါင်းတလားကို အသုံးမပြုရလျှင်ပင် မစ်ထ်၏ သံသယရှိသော စိတ်သဘောထားကြောင့် သူမ၏ သမီးအနီးသို့ ချဥ်းကပ်ရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။
ဒီရှုပ်ထွေးမှုများကို ဖြေရှင်းဖို့ တစ်ရက်ထက် အချိန်ပိုရမယ်ဆိုလျှင်မူ သူသည် တခြားနည်းလမ်းများကို စမ်းကြည့်နိုင်ကောင်းစမ်းကြည့်နိုင်သော်လည်း ယခုတွင်မူ အချိန်မရှိတော့သောကြောင့် ဤတစ်ခုသည်သာ ရွေးချယ်နိုင်လေတော့သည်။
ဤရွေးချယ်မှု၏ ဆုလာဘ်သည်လည်း ဒီရွေးချယ်မှုကို ရွေးချယ်စေဖို့ သူ့အတွက် ပို၍အလေးသာသွားခဲ့ခြင်းလည်း ဖြစ်သည်။
အာရန်သည် လျင်မြန်စွာဖြင့် လေထဲတွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး လေ၏အကူအညီကို ရယူရန် နဂါးမျိုးနွယ်၏သွေးမျိုးဆက်ကို အသုံးပြုလိုက်သည်။
ထိုအစွမ်းကြောင့် သူသည် ထိုပါမောက္ခ၏ ရိုက်ချက်ကို ရှောင်ရှားနိုင်ခဲ့ရုံသာမက လေထဲတွင် ရှိနေစဉ်မှာပင် ပို၍ မြင့်မားစွာ ခုန်လိုက်နိုင်သည်။
သူ၏ခြေထောက်များသည် ပါမောက္ခ၏ လက်ဝါးရိုက်ချက်ပေါ်သို့ ဖွဖွလေးဆင်းသက်လိုက်ပြီးနောက် သူ၏ အခြားခြေထောက်မှာမူ ပါမောက္ခ၏ ပခုံးပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူသည် ပါမောက္ခကို ကျော်၍ ခုန်လိုက်ကာ ပထမထပ်သို့ လှပစွာ ဆင်းသက်လိုက်သည်။ အာရန်ကို ရိုက်ထုတ်ရန် ကြိုးစားခဲ့သည့် ပါမောက္ခ၏ မျက်နှာမှာ နီရဲသွားလေသည်။
ဒေါသတကြီးဖြင့် သူ၏လက်သီးကို ဆုပ်လိုက်ပြီး အာရန်ကို သင်ခန်းစာပေးရန် သူ၏စွမ်းရည်များကို စတင်အသက်သွင်းလိုက်သည်။
မစ်ထ်၏ မျက်လုံးများမှ အနည်းငယ် ကျဉ်းသွားသည်။ သူမသည် သူမ၏ လက်ကို မြှောက်လိုက်ပြီး ထိုပါမောက္ခကို ဖိနှိပ်လိုက်ကာ သူ၏စွမ်းရည် အသုံးပြုခြင်းမှ တားဆီးလိုက်သည်။
သူမသည် အာရန်၏ မမျှော်လင့်ထားသော လျင်မြန်မှုနှင့် ရဲရင့်မှုများကြောင့် သူ့အား စိတ်ဝင်စားသွားလေသည်။
“မင်း ဘာလိုချင်တာလဲ” ဟု သူမက တည်ငြိမ်နေသော်လည်း အာဏာသံအပြည့်ဖြင့် မေးလိုက်သည်။
“မင်းရဲ့ လုပ်ရပ်တွေအတွက် ဘယ်လိုအပြစ်ပေးခံရမလဲဆိုတာ မင်းသိရဲ့လား”
“ကျုပ်... ကျုပ် ခင်ဗျားကို တွေ့ဖို့ လာခဲ့တာပါ ဝင်ခွင့်စာမေးပွဲနဲ့ အခြားအရာအားလုံးက ခင်ဗျားကို တွေ့ဖို့ ကြိုးစားခဲ့တာတွေသက်သက်ပါပဲ” ဟု အာရန်က သူ၏လက်ကို ရင်ဘတ်ပေါ်တင်လိုက်ပြီး တော်ဝင်ပွဲတစ်ခုတွင် မင်းသားတစ်ပါးက မင်းသမီးတစ်ပါးကို နှုတ်ဆက်သကဲ့သို့ပြုမူလိုက်ကာ ခေါင်းကိုအနည်းငယ် ငုံ့လိုက်သည်။
“ဟုတ်ပြီလေ ကျွန်မရဲ့အချိန်တွေကို ဖြုန်းတီးဖို့ ကျွန်မကို တွေ့ချင်တာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ် သင့်ရဲ့ ရည်ရွယ်ချက်ကို ပြောပါ”
မစ်ထ်သည် အာရန်၏ စကားများကြောင့် အနည်းငယ် စိတ်ဝင်စားသွားပုံဖြင့် ပြောလိုက်သည်။
အာရန်သည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကိုမရိပ်မိစေရန် သူမ၏ သမီးကို ဦးမတည်ခဲ့ပဲ သူမကိုတွေ့ချင်သည့်အတွက်ကြောင့်သာ ဤနေရာသို့လာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသခဲ့သောကြောင့် သူမသည် မမျှော်လင့်ခဲ့ပေ။
အာရန်က အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မစ်ထ်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။
“ကျောင်းအုပ်ကြီးကို စိတ်ဝင်စားစေမယ့် အကြောင်းအရာတစ်ခု ကျုပ်မှာ ရှိနေပါတယ်”
အာရန်သည် ထိုသို့ မစ်ထ်အားတိုက်ရိုက် စကားပြောနေစဥ်မှာပင် သူ၏အသံမှာ တည်ငြိမ်နေပုံရသော်လည်း သူ၏ ရဲရင့်သော လုပ်ရပ်များအား မယုံကြည်နိုင် ဖြစ်နေသေးသော မြေပြင်ထပ်ရှိ လူငယ်များ၏ တီးတိုးပြောဆိုသံများလည်း ရှိနေခဲ့သည်။
အက်ဒရစ်ပင်လျှင် အာရန်ကို ပို၍ အာရုံစိုက်လာပြီး သူ့ကို အနည်းငယ် စိတ်ဝင်စားသွားသည်။
မစ်ထ်ကို ထိုမျှလောက် တည်ငြိမ်စွာ တုံ့ပြန်နိုင်သူသည် ဤကမ္ဘာတွင် များများစားစား မရှိပေ။
အာရန်သည် နာခံမှုရှိဟန် ပြုမူနေသော်လည်း သူသည် များစွာသော အရာများကို ဖုံးကွယ်ထားကြောင်း သူ၏ပုံစံမှာ ရှင်းလင်းသိသာနေလေသည်။
အက်ဒရစ်ကမူ ကောင်းမွန်သော ရှိုးပွဲတစ်ခုကို ကြည့်ရှုရတော့မည်ဟု ခံစားမိနေခဲ့သည်။ မစ်ထ်သည် မည်သူမျှ သူ့အား ခြိမ်းခြောက်နိုင်စွမ်းမရှိသော အနေအထားတွင် ရှိနေသဖြင့် သူမ သတိမမူမိနိုင်သည့် အရာများစွာ ရှိနေခဲ့သည်။
သူမကို ကြည့်ရင်း အက်ဒရစ်သည် အတိတ်က သူ၏ ရိုးသားအပြစ်ကင်းစင်ခဲ့သော သူ့ကိုယ်သူ ပြန်လည်သတိရမိသွားခဲ့သည်။
သူသည်လည်း ထိုနည်းအတိုင်းပင် မည်သူမျှ သူ့အား အနိုင်ယူနိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့ဖူးလေသည်။
သူသည် တစ်ခုတည်းသော အရာအပေါ်၌သာ အာရုံစိုက်ထားခဲ့မိသဖြင့် ကြောက်မက်ဖွယ်ကောင်းသော မာယာပိုက်ကွန်တစ်ခုသည် သူ့အပေါ်သို့ အုပ်မိုးလာနေသည်ကို မသိနိုင်ခဲ့ပေ။
မစ်ထ်နှင့် အာရန်ကို ကြည့်ရင်း သူသည် အဘယ်ကြောင့် မစ်ထ်ထံ၌ သူ၏ အတိတ်မှ ပုံစံ အနည်းငယ်ကို ပြန်လည် မြင်ယောင်မိနေရသည်ကို မတွေးတတ်ခဲ့ပေ။
မစ်ထ်သည် မျက်ခုံးပင့်လိုက်သော်လည်း သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
“ကောင်းပြီလေ ပြောပါ” ဟု သူမက အမိန့်ပေးလိုက်သည်။
“အဲ့ဒါက ဘာအကြောင်းလဲ”
“အဲဒါ အရှင်ဝိညာဥ်လမ်းလျှောက်သူရဲ့ သေဆုံးမှုနဲ့ပတ်သတ်နေတဲ့အကြောင်းမလို့ပါ ကျွန်တော်ဟာ အဲဒီကိစ္စတွေ ဖြစ်ပျက်ခဲ့တဲ့ ကမ်းရိုးတန်းမြို့တော်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သူ တစ်ယောက်မို့ပါ...” ဟု အာရန်က ပြောလိုက်သည်။
သူ၏အသံမှာ အလွန်ကျယ်လောင်ခြင်းမရှိသော်လည်း ဤတိတ်ဆိတ်နေသော နေရာတွင် လူတိုင်းကြားနိုင်လောက်အောင်တော့ ကျယ်လောင်နေခဲ့သည်။
ထို့နောက် ကစဥ့်ကလျားဖြစ်မှုများစတင် ဖြစ်ပေါ်လာခဲ့လေသည်။
အစပိုင်းတွင် လူငယ်များသည် တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်စွာဖြင့် အချင်းချင်း စိုက်ကြည့်နေကြသည်။
“ခဏလေး သူက အရှင်ဝိညာဥ်လမ်းလျှောက်သူကို သေဆုံးသွားတယ်လို့ ပြောလိုက်တာလား အရှင်ဝိညာဥ်လမ်းလျှောက်သူက တကယ်ကြီး သေသွားပြီလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ သူက ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ” ထိုသတင်းကြားသောအခါ ကျောင်းသားများနှင့် စာမေးပွဲဖြေဆိုသူများသာမက ပါမောက္ခအချို့ပါ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့အများစုက အာရန် ပေါက်ကရလျောက်ပြောနေသည်ဟုသာ ထင်ခဲ့ကြသည်။ ဝိညာဥ်လမ်းလျှောက်သူ သေဆုံးသွားသည်ဆိုပါက သူတို့ မသိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။
“တိတ်စမ်း”
မစ်ထ်၏ အသံ ထပ်မံ ထွက်ပေါ်လာသောအခါမှသာ ခန်းမတစ်ခုလုံးသည် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း မည်သူမျှ စကားမပြောကြသော်လည်း သူတို့ ခံစားနေရသော ထိတ်လန့်မှုကိုမူ သူတို့၏ မျက်လုံးများကပင် မြင်နေရဆဲဖြစ်သည်။ မစ်ထ်သည် အာရန်၏ စကားများကို ငြင်းဆိုခြင်းမရှိခဲ့ပေ။
ထိုအရာကပင် လူအများစုအတွက် သူ၏စကားများတွင် အမှန်တရားအချို့ ပါဝင်နိုင်ကြောင်း သဘောပေါက်ရန် လုံလောက်စေခဲ့သည်။
သူရဲကောင်း ဝိညာဥ်လမ်းလျှောက်သူသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ၎င်းသတင်းကို လူတိုင်းထံမှ ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
မစ်ထ်သည် အာရန်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူသေဆုံးသွားသည်မှာ မှန်ကန်ကြောင်း သူမအတည်ပြုခဲ့ပြီး ဖြစ်သည်။
သူသာမက သူ၏အဖွဲ့သားများ အားလုံးလည်း ထိုမြို့တွင် အသတ်ခံခဲ့ရလေသည်။
အသတ်ခံရသူများမှာ သူရဲကောင်းများသာမက မြို့တစ်ခုလုံးပါပါဝင်ခဲ့ပြီး ထိုနေရာတွင် သွေးချောင်းစီးနေသော တစ္ဆေမြို့တစ်မြို့အဖြစ်သာ ကျန်ရှိတော့သည်။
မစ်ထ် ရောက်ရှိလာချိန်တွင် ထိုနေရာတွင် လူတစ်ဦးတစ်လေမျှ အသက်ရှင်ကျန်မနေတော့ပေ။
လူအများစုမှာ ကမ်းရိုးတန်းမြို့တော် ဖျက်ဆီးခံရမှုအကြောင်းကိုသာ သိရှိထားကြပြီး ၎င်းသည် ပင်လယ်နဂါးများမှ ဒေါသတကြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း ထိုဖြစ်စဉ်တွင် သူရဲကောင်းများစွာ သေဆုံးခဲ့ကြောင်း မသိခဲ့ကြပေ။
သက်သေတစ်ဦးတစ်လေမျှ အသက်ရှင်မကျန်ခဲ့သောကြောင့် သူမနှင့် သူမ၏ လက်အောက်ငယ်သား အနည်းငယ်မှလွဲ၍ မည်သူမျှ ဝိညာဥ်လမ်းလျှောက်သူ၏ သေဆုံးမှုအကြောင်း မသိခဲ့ကြပေ။
ဤသူမရှေ့မှ လူငယ်သည် ထိုအကြောင်းကို သိနေခြင်းဖြစ်သည့်အတွက် အဓိပ္ပါယ်တစ်ခုတည်းကိုသာ ဖွင့်ဆိုနေသည်။
ထိုအရာ ဖြစ်ပွားခဲ့စဉ်က သူသည် အမှန်တကယ်ပင် ထိုနေရာတွင် ရှိခဲ့ခြင်းပင် ဖြစ်ရပေမည်။
#Catfoot