ထိလို့မရတာကို သွားရောက်ထိပါးခြင်း
Vol. 20 Ch. 280
---
မစ်ထ်၏ လျှို့ဝှက်ထားသည့် ကိစ္စရပ်တစ်ခုကို အာရန် သိရှိနေခြင်းသည် သူ၏စကားများကို ယုံကြည်မှု အနည်းငယ်ပိုမို ပေးနိုင်ခဲ့သည်။
အထူးသဖြင့် မစ်ထ်မှာ ဝိညာဥ်လမ်းလျှောက်သူကို သတ်ဖြတ်ခဲ့သူသည် သူ ဖြစ်နိုင်သည်ဟူသော ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
“ကျွန်တော် အရမ်းကြောက်လန့်ပြီး အဲ့ဒီကနေရာတစ်ခုမှာ အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့မိပြီး နောက်ဆုံးမှာမှ ထွက်လာခဲ့တာပါ အဲဒီတုံးကအချိန်ကို ပြန်တွေးလိုက်တိုင်း အခုထိ ကျောချမ်းနေတုန်းပါပဲ” ဟု အာရန်က ပြောရင်း သူ၏လက်များသည် ပြန်တွေးမိသဖြင့် တုန်ယင်နေဆဲဖြစ်ကြောင်း ဖော်ပြရန် မသိမသာ သူ၏ လက်ကို မြှောက်ပြလိုက်သည်။
“အဲ့ဒီမကောင်းဆိုးဝါးကောင်က ကျွန်တော့်ကိုပါ လိုက်ရှာမှာကို စိုးရိမ်တာကြောင့် ဘယ်သွားရမှန်းတောင် မသိခဲ့ပါဘူး”
အာရန်သည် မစ်ထ်အား သူ၏ဇာတ်လမ်းအား အပေါက်ရှာရန်ပင် အချိန်မပေးတော့ဘဲ တရစပ်ပင် ဆက်တိုက်ပြောဆိုလိုက်သည်။
စကားပြောနေစဉ် သူသည် မစ်ထ်ထံသို့ မသိမသာ ဆက်လက် ချဉ်းကပ်သွားရာ သူမ၏ နောက်တွင် ရပ်နေသည့် သမီးဖြစ်သူနှင့် ပိုမိုနီးကပ်သွားလေသည်။
“ကျွန်တော့်ကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ... ကျွန်တော့်ကို ကူညီနိုင်တဲ့ တစ်ဦးတည်းသောသူက ကျောင်းအုပ်တစ်ယောက်ပဲရှိပါတယ်ဗျာ ကျောင်းအုပ်ရဲ့ ကာကွယ်မှုကိုသာ ရနိုင်ခဲ့ရင် ကျွန်တော် အဖြစ်အပျက်အားလုံးကို ပြောပြဖို့ ဆန္ဒရှိနေပါတယ်” ဟု အာရန်သည် ဤနေရာသို့ လာရခြင်းအကြောင်းရင်းကို ရှင်းပြလိုက်သည်။
တစ်စုံတစ်ဦးသည် မြို့တစ်မြို့လုံးကို ရှင်းလင်းပစ်လိုက်ပြီး သက်သေတစ်ဦးတစ်လေမျှ မချန်ထားခဲ့သည်ကို သူ မြင်ခဲ့ရသည်ဆိုလျှင် လူသတ်သမားက သူ့ကို ပြန်လာရှာပြီး သက်သေအားလုံးကို ဖျောက်ဖျက်ပစ်မည်ကို စိုးရိမ်သည့်အတွက် သူ၏ ကြောက်ရွံ့ခြင်းမှာ နားလည်ပေးနိုင်စရာ ဖြစ်လေသည်။
သူသည် အစွမ်းအထက်ဆုံး သူရဲကောင်းများထဲမှ တစ်ဦးအဖြစ် လူသိများသော ဝိညာဥ်လမ်းလျှောက်သူပင်လျှင် သူ၏မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်ခဲ့ရသူဖြစ်သည်။
ဝိညာဥ်လမ်းလျှောက်သူထက် ပိုမိုအားနည်းသူတစ်ဦးထံ သွား၍ အကာအကွယ်တောင်းခံရန်မှာ မျှော်လင့်၍ ရမည်မဟုတ်ပေ။
ဝိညာဥ်လမ်းလျှောက်သူပင်လျှင် ထိုပုဂ္ဂိုလ်ကို မနှိမ်နင်းနိုင်လျှင် အားနည်းသော သူရဲကောင်းတစ်ဦးက မည်သို့လုပ်ဆောင်နိုင်မည်နည်း။
ထို့ကြောင့်သူသည် အသက်ရှင်သန်နိုင်ရန်အတွက် ပိုမိုသန်မာသူတစ်ဦး လိုအပ်နေလေသည်။
ဝိညာဥ်လမ်းလျှောက်သူထက် အမှန်တကယ် ပိုမိုသန်မာသည်ဟု သတ်မှတ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ကျောင်းအုပ် မစ်ထ်ပင် ဖြစ်လေသည်။
အာရန်၏ ဇာတ်လမ်းတွင် ချွတ်ယွင်းချက် တစ်ခုတစ်လေမျှပင် မရှိပေ။ လူသတ်သမားသည် ဟင်းလင်းပြင်ဥပဒေသများကိုပင် ထိန်းချုပ်နိုင်သော ဝိညာဥ်လမ်းလျှောက်သူကို သတ်ဖြတ်ခဲ့သူဖြစ်သည်။
သူသည် မြို့တွင်းရှိ လူတိုင်းကို ရှင်းပစ်ခဲ့ပြီး သက်သေဟူ၍ တစ်ဦးတစ်လေမျှပင် မချန်ခဲ့ပေ။
ဝိညာဥ်လမ်းလျှောက်သူ၏ ထွက်ခွာခြင်းကိုပင် ပိတ်ဆို့နိုင်လောက်အောင်အထိ ဟင်းလင်းပြင်ဥပဒေသများကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးက သာမန် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို သတိမမူမိခြင်းသည် အဓိပ္ပာယ်ရှိပါသလား။
ကံကောင်းစွာပင် အာရန်သည် မစ်ထ်အား ထိုအရာအထိစဥ့်စားရန် အခွင့်အရေး မပေးခဲ့ပေ။
သူ၏ဇာတ်လမ်းကို သေခြာစွာဆန်းစစ်နိုင်ခြင်းမရှိမှီမှာပင် သူသည် သူမ၏ရှေ့တွင် ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် တစ်ပေလောက်ပင် မကွာဝေးတော့ပေ။
အခြားပါမောက္ခများမှာ ဝိညာဥ်လမ်းလျှောက်သူ သေဆုံးသည့်သတင်းကြောင့် အံ့အားသင့်နေကြဆဲဖြစ်ရာ အခြားမည်သည့်အရာကိုမျှ သတိမမူမိကြပေ။
သူတို့သည် အာရန်၏ စကားများကိုသာ အာရုံစိုက်နေကြပြီး ယင်းစကားများသည် လိမ်ညာခြင်းနှင့် မတူနေတော့ပေ။
ဤလူငယ်သည် အမှန်တကယ်ကို ကြောက်ရွံ့နေဟန်ရပြီး သူ မြင်ခဲ့ရသည်များကြောင့် စိတ်ဒဏ်ရာရနေပုံလည်းရနေသည်။
ပရောဖက်ဆိုသူသည်ပင် အာရန်အား ထူးဆန်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
အကယ်ဒမီအပြင်ဘက်တွင် အာရန်ကို ပထမဆုံး မြင်ခဲ့ရစဥ်ကတည်းက ထိုသူ သည် အဘယ်ကြောင့် ထူးဆန်းသည်ဟု ခံစားရသည်ကို သူ မသိနေခဲ့ပေ။
ယင်းသည် သူ နားမလည်နိုင်သော ထူးဆန်းသည့် ခံစားချက်တစ်ခုသာ ဖြစ်လေသည်။
‘ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ ဘာလို့ ဇာတ်လမ်းက ဆက်တိုက် ပြောင်းလဲနေရတာလဲ ရွေးချယ်ပွဲ အခမ်းအနားမှာ ဒီလိုမျိုး ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူးလေ ဒီနေ့ရဲ့ အဓိက ကြယ်ပွင့်က ပြန်ဝင်စားလာတဲ့ အက်ဒရစ် ပဲ ဖြစ်သင့်တယ်မဟုတ်လား ဒီလူက ဘယ်ကနေဘယ်လိုပေါ်လာတာလဲ’
အာရန်သည် ဤနေရာတွင် ရှိမနေသင့်ကြောင်း သူ သိနေသည်။
သို့သော်လည်း ထိုရှိနေခြင်းကိုလည်း လုံးဝ မဖြစ်နိုင်ဟု သူ မသတ်မှတ်နိုင်ပေ။
သူ ဖတ်ခဲ့သည့် ဇာတ်လမ်းထဲတွင် ဝိညာဥ်လမ်းလျှောက်သူသည် ကမ်းရိုးတန်းမြို့တွင် သေဆုံးသွားခဲ့ခြင်းမရှိခဲ့ပေ။ ပင်လယ်နဂါးများနှင့် စစ်ပွဲလည်း မရှိခဲ့ပေ။
အနည်းဆုံး ထိုအချိန်တွင်တော့ မရှိခဲ့သေးပေ။
---
သူ မှတ်မိထားသည့် အရာများထက် များစွာသော ပြောင်းလဲမှုများ ရှိနေခြင်းကြောင့် သူသည် များစွာ စိတ်မသက်မသာဖြစ်မှုကို ခံစားနေခဲ့ရသည်။
သူသည် မစ်ထ်၏ သမီးအား အရှေ့ပိုင်းတိုက်ကြီးမှ ပစ္စည်းအချို့ကို စုဆောင်းခိုင်းရန် ပြောပြခဲ့သော်လည်း ထိုပစ္စည်းများထဲမှ နှစ်ခုသည်ပင် ပျောက်ဆုံးနေခဲ့သည်။
၎င်းက အနောက်ပိုင်းတိုက်ကြီးတွင်သာမက အရှေ့ပိုင်းတိုက်ကြီးတွင်ပါ အရာများ ပြောင်းလဲနေကြောင်း သူ့အား သဘောပေါက်စေခဲ့သည်။
အနည်းဆုံးတော့ တစ်စုံတစ်ယောက်က ဤကစားကွင်းကို တမင်တကာ ပြောင်းလဲနေခြင်းပင် ဖြစ်ဟန်ရလေသည်။
သူ ဖတ်ခဲ့သည့် ဇာတ်လမ်းနှင့်ပတ်သက်သော သူ၏ဗဟုသုတများဖြင့် သူသည် ပရောဖက် အဖြစ် သူရဲကောင်းအကယ်ဒမီတွင် နာမည်ရလာခဲ့ပြီး အဆင့်မြင့်ရာထူးများသို့ပင် တက်လှမ်းနိုင်ခဲ့သည်။
သူ အဆင့်မြင့်လေလေ ပို၍ မသက်မသာ ဖြစ်လာလေလေဖြစ်သည်ဟု ခံစားခဲ့ရသည်။
သူ ဖတ်ခဲ့သည့် ဇာတ်လမ်းနှင့် နှိုင်းယှဉ်ပါက များစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သူသည် သူ၏ ဗဟုသုတတစ်ခုတည်းကိုသာ အားကိုး၍ မရတော့ကြောင်း သဘောပေါက်ခဲ့သည်။
သူ့အား အကူအညီပေးမည့်သူ လိုအပ်နေပြီး အရှင်သခင်တစ်ဦးကိုပင် ချေမှုန်းနိုင်စွမ်းရှိသူတစ်ဦးကို လိုအပ်နေခဲ့သည်။
ထိုအရာကပင် ပင်လယ်နဂါးဘုရင်မထံ ချဉ်းကပ်ရန် သူ့အား တွန်းအားပေးခဲ့ခြင်းဖြစ်သည်။
ဝိညာဥ်လမ်းလျှောက်သူကို ရှင်းပစ်ခြင်းဖြင့် ဇာတ်လမ်းတစ်ခုလုံးကို လုံးဝပြောင်းပြန်လှန်ပစ်ခဲ့သည့် ကမ်းရိုးတန်းမြို့ ပျက်စီးမှုမတိုင်မီကမူ သူ သည် ထိုအရာများကို ပြုလုပ်ရန် အစီအစဥ်မရှိခဲ့ပေ။
‘ဘာပဲဖြစ်ဖြစ်ပါ သူသာ အမှန်တကယ်ပဲ အဲ့ဒီပုဂ္ဂိုလ်ကို မြင်ခဲ့တာဆိုရင်တော့ ဇာတ်လမ်းက ဘာလို့ ဒီလောက် ပြောင်းလဲသွားတာလဲဆိုတာ ငါ နောက်ဆုံး သိနိုင်တော့မှာပဲ’ ဟု သူ တွေးလိုက်ရင်း အာရန်ကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း ဇာတ်လမ်းတစ်ခုလုံးကို အမှန်တကယ်ပြောင်းလဲနေသူမှာမူ သူ၏ မျက်စိရှေ့တည့်တည့်တွင်ပင် ရှိနေကြောင်းကိုမူ သူ မသိနိုင်ခဲ့ပေ။
မကြာမီပင် အာရန်သည် ရှေ့တိုးလိုက်ပြီး အတိတ်က ဖြစ်ရပ်ကို မှတ်မိသွားသဖြင့် အလွန်ကြောက်ရွံ့နေပုံဖြင့် မစ်ထ်၏လက်ကို အမှတ်တမဲ့ ဆုတ်ကိုင်လိုက်လေသည်။
ထိုအရာကို မြင်လိုက်သည့်အခါ ပရောဖက် ၏နှုတ်ခမ်းများ တစ်ချက်တွန့်သွားမိသည်။
‘ဒီကောင်က နဲနဲ လွန်လွန်းသွားပြီလို့ မထင်ဘူးလား’ ဟု ပရောဖက်သည် ဒေါသတကြီး သူ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
သူသည် မစ်ထ်ကို တစ်ဖက်သက် ကြိတ်၍ သဘောကျနေခဲ့ခြင်းဖြစ်သည်။
ပင်လယ်နဂါးဘုရင်မကိုမူ အရန်အဖြစ်သာ ထားရှိခဲ့ခြင်းဖြစ်ပြီး သူ၏ ပထမဦးစားပေးမှာ မစ်ထ်နှင့် နီးစပ်ရန်သာ ဖြစ်သည်။
သို့သော် ရုတ်တရက် ဘယ်ကမှန်းမသိပေါ်လာသည့် အခြားအမျိုးသားတစ်ဦးမှ သူ၏ ချစ်ရသူ အမျိုးသမီး၏ လက်ကို ဆုတ်ကိုင်ထားသည်အား ရပ်ကြည့်နေရသည်မှာ အတော်လေး စိတ်မချမ်းမြေ့ဖွယ်ရာပင် ဖြစ်သည်။
အခြားသူများမှာမူ ပို၍ပင် ပြင်းထန်သော တုံ့ပြန်မှုများ ပြခဲ့ကြသည်။
ပါမောက္ခများမှာ အာရန်မှ မစ်ထ်၏လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည်ကို မြင်သောအခါ အလွန်အံ့အားသင့်မိသွားကြသည်။
“အဲ့ဒီ...အဲ့ဒီလူက တကယ့်ကို မကောင်းဆိုးဝါးပဲ သူက...မတည်ရှိသင့်ဘူး သူ ကျွန်တော့်ကို သတ်လိမ့်မယ် ကျေးဇူးပြုပြီး ကယ်ပါ.... သူ့ကို ရှာဖွေဖို့ ကို ကူညီပေးပါ့မယ်”
အာရန်သည် မစ်ထ်၏လက်ကို ဆုပ်ကိုင်ရင်း သွေးရူးသွေးတန်ဖြင့် အော်ဟစ်ပြောဆိုနေခဲ့သည်။
သူသည် သူမ၏ သမီးဖြစ်သူနှင့် လက်တစ်ကမ်းအကွာသာ လိုတော့သည်။
မစ်ထ်သည်လည်း ဘယ်ကမှန်းမသိသည့် တစ်စုံတစ်ယောက်က သူမ၏လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည့်အတွက် အလွန် အံ့အားသင့်သွားရသည်။
ထို့နောက် သတိထားမိလိုက်သောအခါ မစ်ထ်သည် အာရန်အား ကန်ထုတ်ပစ်ရန် စဉ်းစားလိုက်မိသော်လည်း ထိုသို့ပြုမူမိပါက သူသည် သေဆုံးသွားနိုင်သည်ကို စိုးရိမ်မိသောကြောင့် ထိုသို့မပြုလုပ်ခဲ့ပေ။
အထူးသဖြင့် သူမသည် ထိုကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းပြီးသား ဖြစ်နေသောကြောင့် သူသည် သူမအတွက် ထိုအရာကို အတည်ပြုနိုင်ရန် အရေးပါသော သက်သေတစ်ဦးလည်း ဖြစ်နေလေသည်။
ထိုသူသည် သူ၏ခွန်အားများကို ပိတ်ဆို့ခံနေဆဲဖြစ်သော်လည်း မည်သည့်နည်းလမ်းဖြင့် ထိုအရာများကို လုပ်ဆောင်နိုင်ခဲ့သည်ကိုမူ သူမ နားမလည်နိုင်ခဲ့ပေ။
ဤသက်သေကသာ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူမအား ရှင်းပြနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူ့အား ထိခိုက်စေ၍မရပေ။
မစ်ထစ်သည် သူမ၏လက်ကို ပြန်ဆွဲလိုက်သည့်အခါ သူမသည် မသိစိတ်ကနေ ၍ နောက်သို့ ခြေတစ်လှမ်းခန့် ထပ်မံဆုတ်လိုက်မိသည်။
ဤသည်မှာ အာရန်အတွက် အကျိုးရှိသွားသည်ကို သူမ မသိလိုက်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအခါ သူမ၏သမီးသည် သူမထက် အာရန်နှင့် ပိုမို၍ နီးကပ်နေပြီ ဖြစ်သောကြောင့်ဖြစ်သည်။
“ကျောင်းအုပ်ကြီးခင်ဗျာ ... ခင်ဗျား ကျွန်တော့်ကို မကာကွယ်တော့ဘူးလား” ဟု ကြောက်ရွံ့နေဆဲဖြစ်ပုံရသည့် အာရန်က ရှေ့တိုးလိုက်သည်။
သို့သော်လည်း သူ၏မျက်လုံးထဲရှိ ကြောက်ရွံ့မှုများသည် သူ၏ နောက်ထပ်ခြေတစ်လှမ်း မလှမ်းမီခင်မှာပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
#Catfoot