← Chapters

အရာအားလုံး

Vol. 20 Ch. 281

အရာအားလုံး

Vol. 20 Ch. 281

---

အာရန်၏ ပစ်မှတ်မှာ မစ်ထ်၏သမီး ဆီရာ ဖြစ်လေသည်။

သူမသည် သူ့နှင့် နီးကပ်နေသော်လည်း မစ်ထ် သူမဘေးတွင် ရှိနေသမျှ ကာလပတ်လုံး သူမကို သူသည် လက်လှမ်းမမီနိုင်သေးကြောင်း သိနေလေသည်။

အထူးသဖြင့် သူ့၌ အကာအကွယ်ဆွဲကြိုး မရှိတော့သည့်အပြင် မစ်ထ်သည် သူ့အား ပါးစပ်ဖြင့် မှုတ်ထုတ်ပစ်နိုင်လောက်သည်အထိ သန်မာနေသောကြောင့် ဖြစ်သည်။

သူမနှင့်းနီးကပ်နိုင်ရန် မစ်ထ်အားအရင် စိတ်ရှုပ်ထွေးအောင် လုပ်ဆောင်ရမည်ဖြစ်လေ။

ထို့ထက်ကောင်းမွန်သည့် အကြံမရှိတော့သောကြောင့် သူသည် မစ်ထ်မှ သူအား သတ်မည်မဟုတ်ဟု မှန်းဆကာ သူမ၏လက်ကို ရုတ်တရက် ဆုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် အလွန်စွန့်စားရာကျသည့် လုပ်ရပ်တစ်ခုဖြစ်နေခဲ့သော်လည်း ထိုစွန့်စားမှုသည် အောင်မြင်ခဲ့ပုံရလေသည်။

လူ‌ပေါင်းမြောက်များစွာ၏ သွေးများ စွန်းထင်းခဲ့သော သူမ၏လက်ကို ဆုပ်ကိုင်မိသော အခိုက်အတန့်မှာပင် မစ်ထ်သည် အံ့အားသင့်သွားပြီး နောက်သို့ ဆုတ်လိုက်ရာ အာရန် လိုချင်နေသည့် အခွင့်အရေးကို ကွက်တိရသွားခဲ့လေသည်။

လုံလောက်သော နေရာလွတ်တစ်ခုရလိုက်သည်နှင့် အာရန်သည် သူ၏ နောက်ဆုံးခြေလှမ်းကို စတင်လှမ်းလိုက်ပြီး အဓိကပစ်မှတ်အနီးသို့ ရောက်သည်အထိ ဟန်ဆောင်နေခဲ့သည်။

သူ၏မျက်လုံးထဲမှ ကြောက်ရွံ့မှုသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

၎င်းသည် လွန်စွာ လျင်မြန်လွန်းသောကြောင့် မည်သူမျှ သတိမပြုမိကြသော်လည်း ခဏတာမျှ သူ့မျက်နှာပေါ်တွင် အောင်မြင်မှု ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။

သူသည် သူကိုယ်တိုင်ပင် မသိလိုက်ပဲ မည်သို့မျှ မရိပ်မိ‌အောင် ဤနေရာအထိ ရောက်လာနိုင်ခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်အတွက် အရာအားလုံးကို ရင်းနှီးထားခဲ့ရခြင်းပင်ဖြစ်သည်။

အာရန်သည် သူ၏စွမ်းအား အားလုံးကို ထုတ်သုံးလိုက်ပြီး သူ၏ အရှိန်ကိုပင် ပိုမိုမြှင့်တင်ရန်အတွက် သူ၏ သွေးမျိုးဆက် ကိုပင် အသုံးပြုလိုက်သည်။

ထိုပါမောက္ခကို ရှောင်ရှားခဲ့စဉ်က သူ၏ အရှိန်အချို့ကို ပြသခဲ့ပြီးဖြစ်သော်လည်း သူ မည်မျှလျင်မြန်နိုင်ကြောင်းကိုမူ မည်သူမျှ မသိထားခဲ့ကြပေ။

သူသည် သူ၏စစ်မှန်သော စွမ်းရည်များကို ဖုံးကွယ်ထားခဲ့ပြီး ယခုမှသာ သူ၏ အစစ်အမှန် အမြန်နှုန်းကို ထုတ်ဖော်လိုက်ခြင်းပင်ဖြစ်သည်။

မစ်ထ် သတိမထားမိနိုင်မီမှာပင် အာရန်သည် ဆီရာ၏နောက်သို့ ရောက်ရှိသွားနိုင်ခဲ့ပြီဖြစ်သည်။

သူ၏ဘယ်ဘက်လက်သည် သူမ၏ ခါးကို ဖက်ထားပြီး သူ၏ညာဘက်လက်သည် သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

အာရန်သည် သူမ၏နောက်တွင် ပူးကပ်စွာ ရပ်လျက်ရှိနေရင်း သူသည် သူမအား ကြားလေပင်မသွေးနိုင်အောင်အထိ ရည်ရွယ်ချက်ရှိရှိ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

ဤသို့ဖြင့် ဆီရာကိုပါ မထိခိုက်မိစေပဲနှင့် သူ့အားမည်သူမျှ တိုက်ခိုက်၍မရတော့ပေ။

မစ်ထ်၏ လက်ကို ကိုင်လိုက်စဉ်က အာရန်၏ ပြုမူမှုအပေါ် အံ့အားသင့်ခဲ့ကြသူများမှာ ယခုအခါတွင် လုံးဝထိတ်လန့်သွားကြလေသည်။

နီးကပ်စွာ ရပ်နေကြသော ပါမောက္ခများပင်လျှင် အာရန်သည် ဆီရာအား ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ခြင်းအား အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ကြပေ။

အာရန်သည် ပထမထပ်မှ အောက်သို့ ခုန်ဆင်းလိုက်သည့်အချိန်ထိပင် အတော်များများမှာ သူတို့မျက်စိရှေ့ရှိဖြစ်ရပ်ကို မယုံကြည်နိုင်ဖြစ်နေကြဆဲဖြစ်သည်။

အာရန်သည် ဆီရာကို ဖက်ထားလျက်နှင့်ပင် မြေညီထပ်ရှိ ဒဏ္ဍာရီအဆင့် စမ်းသပ်ဖန်လုံးအနီးသို့ ဆင်းသက်လိုက်သည်။

ဆီရာမှာမူ သူမအားပွေ့ဖက်ထားသူသည် အာရန်ဖြစ်ကြောင်းမသိထားခဲ့ပေ။

“မင်း ဘယ်မှ သွားခွင့်မရှိဘူး”

မစ်ထ်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အကယ်ဒမီတစ်ခုလုံးပေါ်သို့ ကျရောက်လာသောအခါ ရှိသမျှလူအားလုံး တုန်လှုပ်သွားကြလေသည်။

ထိုပြင်းထန်သော ဖိအားကြောင့် ကျောင်းသားအများအပြား သတိလစ်သွားကြပြီး အချို့အားနည်းသူများမှာ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။

အခြားသူများမှာ ဒူးထောက်လဲကျသူက လဲကျ၊ မျက်လုံး၊ နှာခေါင်းနှင့် နားများမှ သွေးများ ယိုစီးကျလာသူကကျ နှင့် အရာရာ ပရမ်းပတာဖြစ်ကုန်ကြလေသည်။

--- ---

ပထမထပ်မှ ပါမောက္ခများသည်သာ နဂိုအတိုင်း မတ်တပ်ရပ်နေနိုင်သေးသော်လည်း သူတို့ပင် ထိုဖိအား၏ သက်ရောက်မှုအောက်တွင် ရှိနေပုံရလေသည်။

မြေညီထပ်တွင်မူ လူလေးဦးသာ မတ်တပ်ရပ်နေနိုင်တော့သည်။

ပထမဆုံးတစ်ဦးမှာ အက်ဒရစ်ဖြစ်သည်။ သူ့တွင် မှော်ပညာကို ပျက်ပြယ်စေနိုင်သော စွမ်းရည်တစ်မျိုး ရှိနေသည့်အတွက် ထိုအရာသည် အံ့သြစရာတော့မဟုတ်ပေ။

ဒုတိယတစ်ဦးမှာ ထိုစမ်းသပ်ပွဲ တာဝန်ခံ ပါမောက္ခပင်ဖြစ်သည်။

ကျန်တစ်ဦးမှာ အာရန် ပင်ဖြစ်ပြီး ဖိအားအများစုက သူ့အား ပစ်မှတ်ထားနေသောကြောင့် သူ၏ ဒူးခေါင်းအောက်၌ တွင်းနက်ကြီးတစ်ခုပင် ပေါ်လာသည်ဟုပင် ခံစားမိလိုက်သော်လည်း သူသည် မတ်တပ်ရပ်နေနိုင်ဆဲဖြစ်သည်။

နောက်ဆုံးတစ်ဦးမှာ မစ်ထ်၏သမီးဖြစ်သူ ဆီရာပင်ဖြစ်ပြီး သူမအား ကာကွယ်ပေးထားသည့် ပစ္စည်းအချို့ ရှိနေသည်မှာ သိသာနေလေသည်။

မဟုတ်ပါက မစ်ထ်သည် သူမ၏ အော်ရာကို ရည်ရွယ်ချက်မဲ့စွာ ထုတ်လွှတ်မည် မဟုတ်ပေ။

အာရန်သည် သူ၏ကိုယ်ပိုင်ဖြစ်သော ဓားဧကရာဇ်၏ အော်ရာကို ထုတ်လွှတ်ခြင်းဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိနေပြီး ၎င်းသည် အရှင်သခင်တစ်ဦး ၏ အော်ရာကိုပင် တန်ပြန်နိုင်လေသည်။

သို့သော် သူသည် ဤနေရာတွင် သူ၏ ထိုအချက်အလက်များကို ဖော်ထုတ်ခံလိုက်၍ မဖြစ်ပေ။ ဓားဧကရာဇ်သည် အနာဂတ်၌ ပိုမိုအသုံးဝင်လာနိုင်မှုများ ရှိနေသည်။

သူသည် ယခု ကတည်းက ထိုအခွင့်အလမ်းများ ပြည့်နှက်နေသည့် တံတားကို မီးရှို့ပစ်၍မရပေ။

၎င်းကို အသုံးမပြုခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အသူရာဂိုဏ်းကို ဖျက်ဆီးခဲ့စဉ်က ဆီရာသည် သူ၏ ထိုဓားဧကရာဇ် အော်ရာကို သိရှိထားပြီး ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။

ထိုကောင်မလေးသည် ဘဏ္ဍာတိုက်မှ တစ်ခုခုကို ခိုးယူရန် ကြိုးစားနေခဲ့စဉ်က သူသည်လည်း ထိုနေရာတွင် ရှိနေခဲ့လေသည်။

ယခု သူသည် ထိုအော်ရာကို အသုံးပြုလိုက်လျှင် သူ၏ကိုယ်ခန္ဓာပေါ်တွင်သာ အသုံးပြုမည်ဆိုလျှင်ပင် သူမနှင့် အလွန်နီးကပ်နေသောကြောင့် သူမသည် ထို‌အော်ရာ အငွေ့အသက်ကို ခံစားမိနေဦးမည် ဖြစ်လေသည်။

၎င်းအော်ရာသည် ထူးခြားသောကြောင့် မည်သူမျှ မမှတ်မိစေရန်မှာမူ မဖြစ်နိုင်ပေ။ သူသည် သူမ၏ စိတ်ကူးအတွင်းမှ လူစွမ်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။

ထို့ကြောင့် သူသည် ယခုအခါ၌ ဗီလိန်တစ်ဦးဖြစ်နေကြောင်း သူမအား ပေးသိစေလိုခြင်းမရှိနေခဲ့ပေ။ အရှင်သခင် တစ်ဦး၏ ဖိအားသည် ပေါ့ပေါ့တန်တန် သဘောထား၍တော့ မရပေ။

အာရန်သည် သူ၏ နှာခေါင်းမှ သွေးများ စီးကျလာလေသည်။

ဖိအားအောက်တွင် သူ၏ခန္ဓာကိုယ် အတွင်းပိုင်းမှ တစ်စတစ်စ ဖျက်ဆီးခံနေရသည်ကိုပင် သူ ခံစားမိနေခဲ့သည်။

“ကျုပ် အရင်သေမလား ဒါမှမဟုတ် ခင်ဗျားသမီး အရင်သေမလားဆိုတာ ကြည့်ရသေးတာပေ့ါ” ဟု သူက ဆီရာ၏ လည်ပင်းကို ဖိကိုင်ထားလျက်နှင့်မှပင် ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း မေးလိုက်သည်။

သူသည် ဆီရာကို နာကျင်အောင် လုပ်လိုခြင်းမရှိပေ။ သို့သော် မစ်ထ်ကို လှည့်စားရန်အတွက် သူ့ကိုယ်သူ အရင်လှည့်စားရမည်ဖြစ်သည်။

သူသည် ဆီရာ၏ လည်ပင်းကို သူ တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် သူမ အသက်ရှူကျပ်သွားမိသည်။

“ရပ်လိုက်စမ်း”

ဟု မစ်ထ်သည် ထ၍အော်ဟစ်လိုက်ပြီး သူမ၏ အော်ရာကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။

သတိလစ်လုနီးပါးဖြစ်နေသော ကျောင်းသားများသည် ကြမ်းပြင်ပေါ်တွင် ဆက်လက်ရှိနေရင်းဖြင့် အသီးသီး သက်ပြင်းချလိုက်မိကြသည်။

သူတို့သည် သူတို့၏ ဦးနှောက်များ ပေါက်ကွဲတော့မတတ် ခံစားရချိန်တွငထိုအရာသည် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

“မင်း ဘာလိုချင်တာလဲပြော ဘဏ္ဍာ‌ငွေတွေလား မင်း ရေတွက်လို့တောင် မကုန်နိုင်အောင် ငါပေးနိုင်တယ် အာဏာအတွက်လား ငါ မင်းကို နိုင်ငံတစ်နိုင်ငံရဲ့ ဘုရင်ဖြစ်အောင် လုပ်ပေးနိုင်တယ် ဒါပေမဲ့ သူမကိုတော့ လွှတ်ပေးရမယ်” မစ်ထ်သည် သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်လိုက်မိသည်။

ကမ္ဘာပေါ်ရှိ ခွန်အားအားလုံး သူ့၌ ရှိနေသော်လည်း သူ့သမီးကို ဆုံးရှုံးရတော့မည်ဆိုလျှင် ထိုအရာသည် ဘာမှမဟုတ်တော့ပေ။

သူမအတွက် ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ သူမ၏ သမီးလေးကို အမြန်ဆုံး ဘေးကင်း လွတ်မြောက်အောင် လုပ်ပေးရန်သာဖြစ်သည်။

‘ကျုပ်ကို နိုင်ငံတစ်ခု ပေးပြီး ဘုရင်အဆင့်ဖြစ်အောင် လုပ်ပေးမယ်ပေါ့ဟုတ်လား ဒါဆို သူမကို ကျုပ် လွှတ်ပေးပြီးရင် ကျုပ်ကို ပစ်မှတ်ထားမယ့် ခင်ဗျားရဲ့ဒေါသကနေကော ကျုပ်ကို လုံခြုံမှုပေးနိုင်မှာ မို့လို့လား’ ဟု အာရန်သည် တွေးလိုက်မိသည်။

‘ပစ္စည်းတစ်ခုခု ဆိုရင်ကော အရှင်သခင်တစ်ဦးက ငါ့ကို သတ်ချင်တဲ့အခါ ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုခုများ သူ့မှာ ရှိနေမှာမို့လို့လား’

‘ခဏလေး သူမ... သူမ... ပြောလိုက်တာ...’

အာရန်သည် တစ်ခုခုကို တွေးလိုက်မိသောအခါ သူ၏မျက်လုံးများ ရုတ်တရက် အရောင်တောက်ပလာခဲ့သည်။

ဖြစ်နိုင်ခြေရှိသော အရာတစ်ခုကြောင့် သူသည် အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏နှလုံးခုန်သံသည် ပို၍ မြန်ဆန်လာခဲ့သည်။

သူမသည် သူ့အား အရာအားလုံး ပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သည် မဟုတ်ပါလား....။

အရာအားလုံးတွင် သူ အလိုအပ်ဆုံးအရာလည်း ပါဝင်လေသည်။

အစပိုင်းတွင် အာရန်သည် မစ်ထ်၏ သမီးကို ရက်အနည်းငယ်ခန့် ဖမ်းဆီးထားခြင်းဖြင့် သူမကို ရှာဖွေရာတွင် အလုပ်ရှုပ်နေစေပြီး အရှေ့ပိုင်းတိုက်ကြီးရှိ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း၌ အချိန်မပေးနိုင်ရန်သာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဤမစ်ထ်၏ ကမ်းလှမ်းချက်ကပင် သူ့အတွက် ပို၍ထူးခြားသော ဉာဏ်အလင်းတစ်ခုကို ဖွင့်ပေးခဲ့လေသည်။

ဤအစီအစဉ်ကို ရေးဆွဲစဉ်က သူသည် ဤအရာအကြောင်းကို မေ့နေခဲ့သည်ကိုပင် သူ့ကိုယ်သူ အမှန်တကယ် မယုံကြည်နိုင်ဖြစ်သွားမိလိုက်သေးသည်။

#Catfoot

All Chapters