← Chapters

စိတ်မရှိပါနဲ့ ကျုပ်က နားနည်းနည်း လေးနေလို့

Vol. 20 Ch. 283

စိတ်မရှိပါနဲ့ ကျုပ်က နားနည်းနည်း လေးနေလို့

Vol. 20 Ch. 283

---

အာရန်သည် သူ လိုချင်သည့်အရာကို ရည်ညွှန်းလိုက်သည်နှင့် မစ်ထ်၏ မျက်နှာအမူအရာသည် ချက်ချင်း မှောင်မိုက်သွားခဲ့လေသည်။

နတ်ဆိုးဝါးမြိုသူသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်နိုင်သည့် ပြဿနာတစ်ရပ်ဖြစ်ပါက အိပ်မက်ဆိုး ဟူသော စကားလုံးကို တကယ်တမ်း ကိုယ်စားပြုသည့် အခြားပုဂ္ဂိုလ်တစ်ဦး မှာသက်သက်ရှိနေလေသည်။

အရှင်သခင် လေးဦးစလုံး ပူးပေါင်းလုပ်ဆောင်ခဲ့ကြသော်လည်း သူတို့သည် ထိုပုဂ္ဂိုလ်ကို အနိုင်မယူနိုင်ခဲ့ကြပေ။

ဤသည်မှာ အရှင်သခင်လေးဦးနှင့် ဝါးမြိုသူမှ လွဲ၍ ကမ္ဘာပေါ်ရှိ အခြားမည်သူမျှ မသိရှိထားသော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

“ထိုပုဂ္ဂိုလ်များ” ၏ အကူအညီသာမပါခဲ့ပါက အရှင်သခင်လေးဦးသည် ထိုသူအား ချုပ်နှောင်ရန် ကြိုးပမ်းစဥ်မှာပင် အားလုံးသေဆုံးသွားခဲ့လိမ့်မည်ဟု မစ်ထ်သည် သေချာသိနေခဲ့သည်။

ထိုကဲ့သို့လူတစ်ယောက်ကို သူမ အဘယ့်ကြောင့် ကူညီရမည်နည်း။ အထူးသဖြင့် ထိုသူသည် အတော်လေး ပြန်လည်ကောင်းမွန်လာနေပြီဟု ထင်ရသော ယခုလိုအချိန်တွင်ဖြစ်လေသည်။

သူမသာ ကူညီမိလိုက်ပြီး ထိုသူသာ စွမ်းအားအပြည့် ပြန်လည်ရရှိလာခဲ့ပါက သူမတို့ အရှင်သခင်‌ယောက်ပင် အသက်ရှင်ရန် အခွင့်အရေးရှိနေဦးမည်လော သူမမသေခြာပေ။

ထို့အပြင် ထိုအရာကိုမစဥ့်စားနိုင်ခင်မှာပင် “ထိုပုဂ္ဂိုလ်များ” က သူမ၏ လုပ်ရပ်များကို သိရှိသွားပါက မည်သို့တုံ့ပြန်မည်နည်း။

အချိန်အတော်ကြာပြီနောက် မစ်ထ်သည် ပထမဆုံးအကြိမ်အဖြစ် လွန်စွာ စိတ်ရှုပ်ထွေးသည့် အခိုက်အတန့်တစ်ခုကို ရင်ဆိုင်နေရပြီဖြစ်သည်။

“ကျွန်မ ရှင့်ကို ပေးလိုက်ရင်တောင် သူ့ကို ကူညီဖို့ အဲ့ဒီအရာကို အသုံးပြုလို့ရမှာမဟုတ်ဘူး အဲ့ဒါကိုဖြေဖို့ဆိုရင် သူ့ကို ချိတ်ပိတ်ခဲ့တဲ့ အရှင်သခင် လေးယောက်စလုံးရဲ့ အကူအညီတွေ လိုအပ်တယ်ဆိုတာကို ရှင်လဲ သိပြီးသား ဖြစ်မှာပါ ကျွန်မက ဒါကို ထိမ်းသိမ်းထားတဲ့သူသက်သက်ပဲ” ဟု မစ်ထ်က အာရန်ကို စိတ်ပြောင်းသွားစေရန် ကြိုးစားရင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဒီလောက်ထိ အပင်ပမ်းခံ လုပ်ဆောင်နေမယ့်အစား သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ကျွန်မတို့ကို ဘာလို့ မပြောပြသေးတာလဲ ကျွန်မ ကတိပေးတယ် ရှင်သာပြောပြခဲ့ရင် အရင်က ပြစ်မှုတွေ အားလုံးကို ခွင့်လွှတ်ပေးပါ့မယ် ရှင့်ကို နောက်ထပ် အရှင်သခင်တစ်ဦး အနေနဲ့တောင် အသိအမှတ်ပြုပြီး အဲ့ဒီပုဂ္ဂိုလ်နဲ့ တွေ့ဆုံနိုင်ဖို့အတွက်ပါ စီစဉ်ပေးပါ့မယ်” ဟုပြန်ပြောလိုက်သည်။

‘အဲ့ဒီပုဂ္ဂိုလ်နဲ့ တွေ့ဆုံနိုင်ဖို့ ဟုတ်လား သူမက ဘယ်သူ့ကို ပြောနေတာလဲ’ အာရန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် မပေါ်စေရန် အလျှင်အမြန်ပင် ထိန်းချုပ်နိုင်ခဲ့သည်။

မစ်ထ် ပြောဆိုသည့်ပုံစံအရ နတ်ဆိုးဝါးမြိုသူ သည် ထိုအကြောင်းကို သိထားသည်မှာ ရှင်းလင်းလေသည်။ သူမ မည်သူ့အကြောင်း ပြောဆိုနေသည်ကို သူ တိုက်ရိုက် မေးမြန်း၍ မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူမ၏ တောင်းဆိုမှုကို သူ လက်မခံနိုင်ပေ။

သူမသည် သူ့အား သူ့ကိုယ်သူ လာရောက်အပ်နှံရန် တောင်းဆိုနေခြင်းဖြစ်ပြီး သူ့ကိုယ်သူ အသတ်ဖြတ်ခံရပြီးမှတော့ ထိုပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ကို အဘယ်သို့ရယူရမည်နည်း။

‘ဒါက သေဆုံးပြီးနောက် ဆုလာဘ်အဖြစ် ခေါင်းတလားတစ်လုံး ရရှိလိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား ငါ သေဆုံးသွားပြီမှတော့ သူမပေးတဲ့ မက်လုံးတွေကို ငါက ဘာလုပ်ရမှာလဲ’ ထို့ပြင် အာရန်သည် သူမ၏စကားများကို လုံးဝ မယုံကြည်ခဲ့ပေ။

သူတို့သည် မိတ်ဆွေများ မဟုတ်ကြသောကြောင့် သူမစကားကို ယုံကြည်ရန် မည်သည့်အကြောင်းရင်းမျှ မရှိပေ။

သူမသည် သူ့အား ဆက်လက်လှည့်စားရန် ကြိုးစားနေဆဲဖြစ်သည်ဟု သူ ပိုမိုယုံကြည်သွားခဲ့သည်။

“မစ်ထ် ခင်ဗျား နည်းနည်း နားလည်မှုလွဲနေပြီ ထင်တယ် ကျုပ် ဒီကို ညှိနှိုင်းဖို့လာခဲ့တာ မဟုတ်ဘူး ကျုပ်က ဒီကို တောင်းဆိုဖို့အတွက် လာခဲ့တာ ခင်ဗျားသမီးကို ပြန်လိုချင်ရင် အဲဒီအရာကို ကျုပ်ကို ပေးမှရမယ် စကားတွေအများကြီးမပြောချင်တော့ဘူး”

အာရန်သည် မစ်ထ်အား စကားအရာဖြင့် ထပ်မံ ဦးဆောင်ခွင့် မပေးတော့ပေ။

“ဒါမှမဟုတ်ရင် ကျုပ်လဲ မတော်တဆအနေနဲ့ ခွန်အားကို မထိန်းချုပ်နိုင်ဘဲ သူမ လည်ပင်းကို ရုတ်တရက်ချိုးမိသွားတာမျိုးလဲဖြစ်သွားနိုင်တယ်နော် ဒါမှမဟုတ် သူမကို ဝါးမြိုခြင်းအစွမ်းသုံးဖို့ ကြိုးစားကြည့်ရင် အရာရာ ပိုဆိုးသွားနိုင်တယ်နော်”

အာရန်က သူသည်သာ ဤနေရာတွင် အသာစီးရထားသူဖြစ်ကြောင်း မစ်ထ်အား သဘောပေါက်စေရန် ထပ်မံတွန်းအားပေးလိုက်သည်။

မစ်ထ်သည် သူမ၏ သမီးဖြစ်သူ မျက်နှာလေး တဖြည်းဖြည်း ပိုမို ဖြူဖျော့လာသည်ကို ကြည့်ရင်း ဒေါသကြောင့် သူမ၏အောက်နှုတ်ခမ်းများကို ကိုက်လိုက်မိရာ သွေးထွက်လု နီးပါးပင် ဖြစ်သွားခဲ့သည်။

“ကောင်းပြီ ကျွန်မ ရှင့်ဆီ ယူလာပေးမယ်”

မစ်ထ်သည် ဒေါသများ ပြည့်လျှံနေသည့် သူ၏အသံကိုပင် မထိန်းချုပ်တော့ပဲ ပြောလိုက်သည်။ ထို့နောက် သူမသည် နောက်ပြန်လှည့်၍ ပျောက်ကွယ်သွားလေသည်။

သူမ၏သမီးကို ပြန်လည်ရယူနိုင်သမျှ ကာလပတ်လုံး ထိုအရာကို ပေးရန် သူမ ဆန္ဒရှိနေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုသူသည် ၎င်းပစ္စည်းကို အပြင်ဘက်သို့ ပြန်လည် ယူဆောင်သွားခွင့်ရမည် မဟုတ်ပေ။

သူ သမီးကို ပြန်လွှတ်ပေးသည်နှင့် ထိုသူသည် သေသူဖြစ်သွားမည်သာ ဖြစ်လေသည်။

---

မစ်ထ်သည် သူမကိုယ်တိုင်သာ ဖွင့်နိုင်သည့် လျှို့ဝှက်အခန်းအတွင်းရှိ သေတ္တာငယ်လေး ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုလျှို့ဝှက်အခန်းအား ဖွင့်ရန် သော့ သို့မဟုတ် သော့ခလောက် မရှိပေ။ မည်သည့်အရာကိုမျှ စစ်ဆေးရန်ပင် မလိုအပ်ပေ။

ထိုလျှို့ဝှက်အခန်းကို ဖွင့်လှစ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မည်သူမျှ ကူးယူ၍မရသည့် သူမ၏ ကိုယ်ပိုင် စွမ်းရည်များကို အသုံးပြုရန်ဖြစ်သည်။

သူမသည် မကြာမီမှာပင် ထိုလျှို့ဝှက်ခန်း၏ ထူထဲသော တံခါးကို ဖွင့်လိုက်သည်။

၎င်းလျှို့ဝှက်နေရာသည် ပထမသူရဲကောင်း၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုပင် အနည်းဆုံး မိနစ်အနည်းခန့်အထိ ခုခံနိုင်လောက်သည်အထိ ခိုင်ခန့်လေသည်။

“ငါ အဲ့ဒီ နစ်ခရိုမန်ဆာ ကောင်ကို မယုံကြည်ခဲ့သင့်ဘူးဆိုတာ ခုမှပဲသိလိုက်ရတယ် ဒီတစ်ခါတော့ သူ သေပြီဆိုတာ သေချာသွားစေရမယ်”

သူမသည် ထိုလျှို့ဝှက်အခန်းအတွင်းမှ သူမ လက်ဖဝါးအရွယ်လောက်သာရှိသော အနီရောင်သေတ္တာငယ်လေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းကို သာမန်ကြည့်လိုက်မိလျှင် မည်သူမျှ ၎င်းတွင် အလွန်အရေးကြီးသည့် အရာတစ်ခု ပါဝင်နေသည်ဟု ခန့်မှန်းနိုင်မည်မဟုတ်ပေ။

---

... ခန်းမကွင်းကြီးအတွင်းတွင်မူ မစ်ထ် မရှိသည့်အချိန်တွင်ပင် လုံးဝတိတ်ဆိတ်နေလေသည်။

ပါမောက္ခများပင် အာရန်ကို ဆွဲဆောင်ရန် မည်သည့်စကားမျှ ဝင်မပြောရဲကြပေ။

မစ်ထ်ကိုယ်တိုင်ပင် ထိုသို့မပြုလုပ်နိုင်လျှင် သူတို့ မည်သို့ပြုလုပ်နိုင်မည်နည်း။ သူတို့သည် အာရန်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ဆီရာကို ထိခိုက်စေမိမည်ကိုပင် စိုးရိမ်ကြသည်။

ထိုအပြစ်သည် သူတို့အပေါ် ကျရောက်လာနိုင်လေသည်။ ပထမထပ်တွင် ပရောဖက်သည် အခြားပါမောက္ခတစ်ဦးထံ ချဥ်းကပ်သွားလိုက်သည်။ ထို့နောက်ထိုပါမောက္ခအား

“သူက ဘယ်သူလဲ” ဟု မေးလိုက်သည်။

အနာဂတ်ကို မြင်နိုင်စွမ်းရှိသော ပရောဖက်သည်ပင် ထိုသူ သို့မဟုတ် ဤဖြစ်ရပ်အကြောင်းကို မသိရှိထားခြင်းကြောင့် ထိုပါမောက္ခသည်ပင် အံ့အားသင့်သွားခဲ့ရသည်။

သို့သော်လည်း မေးခွန်းထုတ်ခံရသူမှာ သာမန်လူမဟုတ်ပဲ နတ်ဆိုးဝါးမြိုသူကိုယ်တိုင် ဖြစ်သောကြောင့် ထိုဝါးမြိုသူ၏ မသိနိုင်သည့် စွမ်းရည်တစ်ခုက သူ့အကြောင်းများအား ကာကွယ်ပေးထားသည်ဟု ရိုးရှင်းစွာ မှတ်ယူလိုက်သည်။

ထို့နောက် ပါမောက္ခက တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

“သူက နတ်ဆိုးဝါးမြိုသူပဲ မင်း သူ့အကြောင်း ကြားဖူးမှာ သေချာပါတယ်”

‘ဝါးမြိုသူဟုတ်လား သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ နစ်ခရိုမန်ဆာမျှော်စင်သခင် က သူ့ကို သတ်ခဲ့တယ်လို့ စာအုပ်ထဲမှာ အတိအကျဖော်ပြထားခဲ့တာ သေချာပါတယ် ဒါဆို သူက ဒီမှာ ဘယ်လို လုပ် ရှိနေနိုင်ရတာလဲ’ သူကိုယ်တိုင်၏ ပေါ်ပေါက်လာမှုသည် အနာဂတ်ကို ပြောင်းလဲစေနိုင်မည်ဆိုလျှင်ပင် အတိတ်ကိုမူ မည်သို့ ပြောင်းလဲစေနိုင်မည်နည်း။

ထို့ကြောင့် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။

သူဖတ်ထားခဲ့သည့် စာအုပ်ကိုယ်တိုင်ကိုယ်က မှားယွင်းနေခြင်း သို့မဟုတ် သူ၏ရှေ့မှ ပုဂ္ဂိုလ်သည် ဝါးမြိုသူစစ်စစ် မဟုတ်ခြင်းပင် ဖြစ်နိုင်လေသည်။

ပရောဖက်သည် ထိုအရာကို ဆက်လက် စဉ်းစားနေစဉ် မစ်ထ် ပြန်ရောက်လာခဲ့သည်။ သူမသည် မြေညီထပ်ရှိ အာရန်၏ရှေ့တွင် ပေါ်လာခဲ့ပြီး သူတို့ကြားတွင် ဆယ်မီတာခန့် ကွာခြားနေတော့သည်။

၎င်းသည် လဲလှယ်မှုပြီးသည့်နောက် သူ့အား ဖမ်းဆီးရန် လုံလောက်စွာ နီးကပ်နေသော်လည်း သူ့အား ထိတ်လန့်မသွားစေရန်လည်း ဖြစ်သည်။

‘ဒါပဲလား’ အာရန်သည် မစ်ထ်၏လက်ထဲရှိ သေးငယ်သော အနီရောင်သေတ္တာငယ်လေးကို ကြည့်လိုက်မိသောအခါ သူ၏နှလုံးခုန်နှုန်းသည် ပိုမိုမြန်ဆန်လာခဲ့သည်။

နောက်ဆုံးတွင် ထိုအရာကိုသာ ဖွင့်လှစ်နိုင်ပါက သူသည် ယာယီချိတ်စည်းဖြေသည့်အဆောင်ကို အားကိုးစရာ မလိုတော့ပေ။

“ကျွန်မသမီးကို အရင်ပြန်ပေးပါ ဒါဆို ဒီပစ္စည်းရှင့်ကို ကျွန်မ ပေးမယ်” ဟု မစ်ထ်သည် ပြောလိုက်ရင်း ထိုသေးငယ်သည့် အနီရောင်သေတ္တာငယ်လေးကို ပြသရန် သူမ၏လက်ကို မြှောက်လိုက်သည်။

သို့သော် အာရန်သည် ဆီရာ၏ လည်ပင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“စိတ်မရှိပါနဲ့ ကျုပ် နားက နည်းနည်းလေး လေးနေလို့ပါ ဒါ့ကြောင့် စောစောကစကားကို တစ်ချက်လောက်ပြန်ပြောပေးပါလား” မစ်ထ်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း လက်သီးခပ်တင်းတင်း ဆုပ်ထားလိုက်မိသည်။

ထို့နောက် သူမသည် အနီရောင်သေတ္တာငယ်လေးကို အာရန်ထံသို့ ပစ်ပေးလိုက်ရာ အာရန်သည် ဆီရာ၏ခါးကို ဖက်ထားသော အခြားလက်တစ်ဖက်ကို ဖယ်ရှားပြီး အနီရောင်သေတ္တာကို လှမ်း၍ ဖမ်းလိုက်သည်။

#Catfoot

All Chapters