← Chapters

သော့

Vol. 20 Ch. 284

သော့

Vol. 20 Ch. 284

---

အာရန်သည် ထိုသေးငယ်သော အနီရောင်သေတ္တာလေးကို ဖမ်းထားလိုက်သည်။

ထိုသေတ္တာ သူ့လက်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော်လည်း ရင်းနှီးသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်အတွင်း သွေးသားများသည် ထိုအထဲမှအရာကို တောင့်တနေပုံရကာ အလွန်ရင်းနှီးသည့ ခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။

“ရှင် လိုချင်တာကို ကျွန်မ ပေးလိုက်ပြီ အခု ကျွန်မသမီးကို ပြန်လွှတ်ပေးတော့”

မစ်ထ်သည် သေတ္တာငယ်လေးအား အံ့အားသင့်စွာ ကြည့်နေသည့် အာရန်ကို ပြောလိုက်လေသည်။

သူ၏ ခန္ဓာကိုယ်အတွင်း၌ ရင်းနှီးသော ခံစားမှုတစ်ခု ရှိနေသည်ဆိုရုံမျှဖြင့် ၎င်းသည် သူ လိုအပ်သည့်အရာဖြစ်သည်ဟု တစ်ထစ်ချ မယုံကြည်ခဲ့ပေ။

သူသည် အနီရောင်သေတ္တာပေါ်တွင် သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို ထပ်မံ အသုံးပြုလိုက်သည်။

[သင်သည် ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်သည်။] ~~~~~~~~~~~~~~~~~~~~~~~~~

အမည်: ###### သေတ္တာ အဆင့်: မသိရှိရ ဖော်ပြချက်: ###### မှ ဖန်တီးထားသော သေတ္တာ။ ချိတ်စည်း အခြေအနေ: ၄/၄ ~~~~~~~~~~~~~~~~~~~~~~~

‘အဆင့် မသိရှိရတဲ့ သေတ္တာလား’

အာရန်သည် ထိုသေတ္တာလေး၏ ဖော်ပြချက်ကြောင့် အတော်လေး အံ့အားသင့်သွားခဲ့မိသည်။ သူသည် အဆင့် မသိရှိရသော အရာတစ်ခုကို မြင်ဖူးသည်မှာ ၎င်းသည် ဒုတိယအကြိမ်ပင်ဖြစ်သည်။

ပထမအကြိမ်မှာ သူ၏ ကိုယ်ပိုင် သွေးမျိုးဆက်ပင်ဖြစ်ပြီး ၎င်းသည် လုံးဝ အပြည့်အဝ နိုးထလာနိုင်ခြင်း မရှိသေးပေ။ ပစ္စည်း၏ ဖော်ပြချက်တွင် သူ့အား အသေးစိတ်အချက်အလက်များစွာ မပေးခဲ့ပေ။ ဖန်တီးသူ၏ အမည်ကိုပင် မှုန်ဝါးထားလေသည်။

ခွဲခြားသတ်မှတ်ခြင်းအစွမ်းဖြင့်ပင် သေတ္တာ၏ ရည်ရွယ်ချက်ကို မဖော်ပြနိုင်ဘဲ ၎င်း၏ ဖန်တီးထားမှု အကြောင်းကိုသာ ဖော်ပြထားခဲ့သည်။ ဖန်တီးသူ၏ အမည်ကိုပင် ဖော်ပြထားခြင်းမရှိသည့်အတွက် ထိုအချက်အလက်ဖြင့် သူ ဘာဆက်လုပ်ရမည်ကိုပင် နားမလည်နိုင်ဖြစ်သွားရလေသည်။

အနည်းငယ်အရေးပါသော တစ်ခုတည်းသော အရာမှာ ချိတ်စည်း အခြေအနေပြ မျက်နှာပြင်၏ နောက်ဆုံးစာကြောင်းဖြစ်ပြီး သေတ္တာပေါ်တွင် ချိတ်စည်းဆိပ်လေးခု ရှိနေသည်ကို ပြသနေခြင်းပင်ဖြစ်သည်။

ထိုဖော်ပြချက်အရ သူ လိုအပ်နေသည့်အရာသည် ထိုအတွင်း၌ ရှိမရှိကို တိုက်ရိုက်အတည်မပြုနိုင်ခဲ့သော်လည်း ထိုအရာ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေသည်။

ထိုအရာသည် အဆင့် မသိရသော ပစ္စည်းတစ်ခုဖြစ်ပြီး တံဆိပ်လေးခု ပါဝင်နေသည့်အတွက် သူ့အတွက်ပိုမို၍ သေခြာသွားခဲ့သေလည်။ တံဆိပ်လေးခုနှင့် ပတ်သက်၍လည်း သူ အကြမ်းဖျင်း နားလည်ထားခဲ့ပြီးဖြစ်သည်။

၎င်းမှာ အရှင်သခင်လေးဦး ၏ အရေအတွက်သည် ချိတ်စည်း တံဆိပ်များ၏ အရေအတွက်နှင့် တိုက်ဆိုင်စွာ တူညီနေလေသည်။

“ကျုပ်ကို ပေးစရာ တခြားဘာမှ ထပ်မရှိတော့ဘူးဆိုတာ သေချာလား” ဟု အာရန်သည် သူ၏ မျက်လုံးများကို ကျဥ်းလိုက်ကာ က မစ်ထ်ကိုထပ်မေးလိုက်သည်။

မစ်ထ်၌ သော့လေးခုလုံး ရှိနေပါစေဟု သူ အမှန်တကယ် မျှော်လင့်ထားခဲ့သော်လည်း သူ့ရှေ့တွင် ပေါ်လာသော စနစ်မျက်နှာပြင်အသစ်ကို ကြည့်လိုက်မိသောအခါ ထိုအရာသည် မဖြစ်နိုင်တော့ဟု သိရှိလိုက်သည်။

[ဂုဏ်ယူပါတယ် သင်ဟာ အဓိကတာဝန်တစ်ခုကို စတင်အသက်သွင်းလိုက်ပါပြီ။

အောင်နိုင်သူသူရဲကောင်း ၏ လမ်းစဉ် အတွက် ရွေးချယ်စရာအသစ်များ ရရှိခဲ့သည်။]

[ရွေးချယ်မှု တစ်: သေတ္တာပေါ်ရှိ တံဆိပ်များကို ဖယ်ရှားရန် အရှင်သခင် လေးဦးလုံး၏ လတ်ဆတ်သော သွေးတစ်စက်စီ ရယူပါ။ ဆုလာဘ်: အချိန် သွေးမျိုးဆက် (ဒဏ္ဍာရီအဆင့်)]

[ရွေးချယ်မှု နှစ်: သေတ္တာကို စွန့်လွှတ်ပြီး အဆင့် ၅၀ သို့ ရောက်ရှိရန်သာ အာရုံစိုက်ပါ။ ဆုလာဘ်: အဆင့် +၁၀]

[ရွေးချယ်မှု သုံး : မစ်ထ်ကို မည်သည့် ခြိမ်းခြောက်မှုမှ မသုံးဘဲ သင့်ဘက်သို့ ပါလာအောင် ဆွဲဆောင်ပါ။ ဆုလာဘ်: အကူအညီလက်မှတ် (မစ်ထ်ထံမှ)]

[ရွေးချယ်မှု လေး : အက်ဒရစ်ကို သင့်ဘက်သို့ ပါဝင်လာအောင် ဆွဲဆောင်ပြီး သင်၏ လက်အောက်ခံတစ်ဦး ဖြစ်လာစေလိုက်ပါ။ ဆုလာဘ်: ခွန်အားမြှင့်ဆွဲကြိုး (အသုံးပြုခွင့် ၁၀ ကြိမ်)]

ခွဲခြားသတ်မှတ်ခြင်းအစွမ်းသည် သေတ္တာကို မည်သို့ဖွင့်ရမည်ကို သူ့အား မပြောခဲ့သော်လည်း ရွေးချယ်စရာများက သူ သိလိုသည့်အရာအားလုံးကို ပြောပြခဲ့လေသည်။

သေတ္တာကို ဖွင့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသေတ္တာကို အစကတည်းက တံဆိပ်ခတ်နှိပ်ထားခဲ့သည် အရှင်သခင်လေးဦး၏ သွေးများကို အသုံးပြုရန်ပင်ဖြစ်သည်။

သူသည် မကြာသေးမီကမှ သူ၏ကံသည် ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိထားခဲ့သော်လည်း ထိုကံကောင်းခြင်းဖြင့်ပင် မစ်ထ်၌ အခြား အရှင်သခင်များ၏ သွေးစက်များ ပိုင်ဆိုင်ထားရန်မှာ မဖြစ်နိုင်ပေ။

ပထမဆုံးအနေဖြင့် မည်သည့် အရှင်သခင်၏ သွေးတစ်စက်ကိုမဆို သာမန်နည်းလမ်းများဖြင့် ရယူရန်မဖြစ်နိုင်ပေ။ မစ်ထ်သည် သူမ၏မျက်လုံးများကို ကျဉ်းလိုက်ပြီး အာရန်သည် ထိုအရာကို သိနေပုံရသောကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ကျုပ်က အရှင်သခင်တွေရဲ့ သွေးနဲ့ စည်းတံဆိပ်ရဲ့ ပတ်သတ်မှု အကြောင်း သိထားပြီးပြီ ဒါကြောင့် လှည့်စားဖို့ ကြိုးစားနေတာက အဓိပ္ပာယ်မရှိပါဘူး” ဟု အာရန်က ပိုမိုရှင်းလင်းစေရန် ဆက်ပြောလိုက်သည်။

သူ ဘာလိုအပ်ကြောင်း သိရှိသွားပြီဖြစ်သောကြောင့် ထပ်မံ၍ ဝေ့ဝိုက်ပြောဆိုနေရန် မလိုအပ်တော့ပေ။ မစ်ထ်သည် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။ သူမ၏ရှေ့မှ ပုဂ္ဂိုလ်သည် သေတ္တာကို ဖွင့်ရန် ဘာလိုအပ်ကြောင်း သိရှိနေပြီဟု သူမက ခန့်မှန်းပြီးသား ဖြစ်သည်။

သို့မဟုတ်ပါက သူသည် ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။ သူမသည် သက်ပြင်းတစ်ချက်ချလိုက်ကာ သူမ၏လက်ချောင်းတစ်ချောင်းကို သွားဖြင့် ကိုက်ဖောက်လိုက်သည်။

ထိုလက်ချောင်းမှ သွေးတစ်စက်သည် အာရန်ဆီသို့ တည့်တည့်ပင်ပျံသန်းလာပြီး အနီရောင်သေတ္တာပေါ်သို့ ကျရောက်သွားခဲ့သည်။

သေတ္တာသည် ခဏမျှ အရောင်များ တောက်ပသွားခဲ့ပြီး တအောင့်နေမှ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

၎င်း၏ အခြေအနေသည် အနည်းငယ် ပြောင်းလဲသွားပြီး တံဆိပ်သုံးခုသာ ကျန်တော့ကြောင်း ပြသနေသည်။

[စည်းတံဆိပ် အခြေအနေ: ၃/၄] “

“ရှင် တောင်းဆိုတာတွေ အားလုံး ကျွန်မ လုပ်ပေးခဲ့ပြီပြီ ရှင့် ကတိကိုရှင်တည်ဖို့ အချိန်ကျပြီ” ဟု မစ်ထ်သည် ထပ်မံပြောလိုက်သည်။

သူ၏လက်ချောင်းရှိ ဒဏ်ရာသည် မျက်စိတစ်မှိတ်တွင်းမှာပင် ပြန်လည် ပျောက်ကင်းသွားခဲ့လေသည်။ ဤသည်မှာ မစ်ထ်၏ ကုသနိုင်စွမ်းဖြစ်ပြီး သူမအား ထိန်းချုပ်ရန် ပိုမိုခက်ခဲကြောင်းသိသာစေသည်။

သူမသည် အခြား အရှင်သခင်များကဲ့သို့ သူကိုယ်တိုင် ကုသရန် မည်သည့်ဆေးရည် သို့မဟုတ် မှော်ပညာမျှ မလိုအပ်ပေ။

“ကျုပ်ကို ထွက်သွားစေဖို့များ ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ”

အာရန်က သူမ၏အပြုအမူကြောင့် စိတ်ထိခိုက်သွားသကဲ့သို့ စိတ်မကောင်းဟန်ဖြင့် ပြန်မေးလိုက်သည်။

သူမအား ထိုသို့ အာရုံပြောင်းရန်ကျိုးစားနေစဥ် သူသည် သူ၏ လက်တစ်ဖက်ကို နောက်ဘက်သို့ ရွှေ့ထားလိုက်ပြီး အနီရောင်သေတ္တာကို သူ၏ စနစ်သိုလှောင်ခန်းထဲသို့ မသိမသာထည့်လိုက်ကာ ရှားပါး အဆင့် လွတ်မြောက်ခြင်းအဆောင်ကို ထုတ်ယူလိုက်သည်။

အဝေးတစ်နေရာမှ အက်ဒရစ်သည် အာရန်လှုပ်ရှားသည့် အရာအားလုံးကို မြင်နေရသည်။

သို့သော် သူသည် အာရန်က ထိုသေတ္တာလေးကို လေထဲတွင် ပျောက်ကွယ်သွားစေပြီး အခြားတစ်ခုကို အစားပေါ်လာစေခဲ့သည်ကိုသာ မြင်နိုင်ခဲ့သည်။

သူသည် အာရန်၏ နောက်ခံအချက်အလက်အစစ်အမှန် နှင့် သူနှင့် ပူးပေါင်းဆောင်ရွက်ရန်ရနိုင်မရနိုင်ဆိုသည့်အချက်များကို စူးစမ်းလိုနေခဲ့သည်။

သူ၏စွမ်းအင်များကို မြင်ရသလောက် ထိုသူသည် အရှေ့ပိုင်း သို့မဟုတ် အနောက်ပိုင်းတိုက်ကြီးမှ မဟုတ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် ပစ္စည်းများကို သိမ်းဆည်းရန်အတွက် သိုလှောင်လက်စွပ်များကဲ့သို့သော အရာကို အသုံးပြုခြင်းမဟုတ်ပဲ မှော်ပညာတစ်မျိုးမျိုကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့်ဖြစ်သည်။

မြောက်ပိုင်းမှော်ဆရာများနှင့် တောင်ပိုင်းရှိ ရှားပါးသူရဲကောင်းအနည်းငယ်သာ ဤကဲ့သို့သော စွမ်းရည်မျိုးရှိကြသည်။

သို့သော်လည်း ၎င်းသည် သူ့နှင့် မသက်ဆိုင်ပေ။ ဤကိစ္စတွင် သူဝင်ရောက်စွက်ဖက်ရန် မည်သည့်အကြောင်းရင်းမျှ မရှိပေ။

သူသည် ထိုပြဇာတ်ကို ပျော်ရွှင်စွာဖြင့် ပရိတ်သတ်တစ်ယောက်အနေနှင့်သာ ကြည့်ရှုနေခြင်း ဖြစ်သည်။

“ကျုပ်တို့ တူတူပုန်းတမ်းကစားခဲ့ကြတဲ့ ကောင်းမွန်တဲ့အချိန်တွေကို မှတ်မိသေးလား ကျုပ် ပုန်းနေပြီး မင်းက ကျုပ်ကို ရှာနေခဲ့တာကိုလေ” ဟု အာရန်က ဆီရာ၏ လည်ပင်းကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ရင်း မေးလိုက်သည်။

သူ၏ လုပ်ရပ်များကို ကြည့်လိုက်သောအခါ မစ်ထ်သည် အာရန်မှ သူ့သမီးကို လွှတ်တော့မည်ဟု ထင်ရသောကြောင့် အနည်းငယ် စိတ်သက်သာရာရခဲ့သည်။

ထိုသို့လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တုံ့ပြန်နိုင်ရန်ပင် သူမ သည်အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။ အာရန်၏လက်သည် ဆီရာ၏ လည်ပင်းကို လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏လည်ပင်းအောက်ဘက်သို့ ရွေ့လျားလိုက်သည်။

သူ၏လက်သည် သူမ၏ ပုခုံးဆီမှ အောက်သို့ တဖြည်းဖြည်းချင်း လျှောချလိုက်သည်။

“ရှင် ဘာလုပ်ချင်နေတာလဲ”

ဟု မစ်ထ်သည် အာရန်၏လက် နေရာပြောင်းသွားသည်ကို ကြည့်ရင်း ထိတ်လန့်စွာ အော်မေးလိုက်မိသည်။

“ရှင်တကယ် သေချင်နေတာလား”

ကံကောင်းစွာဖြင့် အာရန်၏လက်များသည် ပိုမိုပျော့ပျောင်းသော အရာတစ်ခုကို ထိလိုက်သည့် အချိန်တွင် ရပ်တန့်သွားခဲ့သည်။

မစ်ထ်နှင့် အခြားသူများ ယူဆထားသည့်အတိုင်း သူမ၏ရင်သားများကို ဆုပ်ကိုင်တော့မည့်အစား သူမ၏လည်ပင်းတွင် ချိတ်ဆွဲထားသော လည်ဆွဲများကို ဆွဲဖြုတ်လိုက်သည်။

သူသည် ဆီရာကို ခြေရာခံရန် အသုံးပြုနိုင်သည့် လည်ဆွဲရတနာများကို လျင်မြန်စွာ ပစ်ချလိုက်ပြီး လွတ်မြောက်ခြင်း ကို အသက်သွင်းလိုက်သည်။

ဆီရာသည် အံ့အားသင့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အာရန်သည် သူမ၏ခါးကို အလျှင်အမြန်ပင် ဖမ်းဆွဲထားလိုက်သောကြောင့် သူမပြေးမရတော့ပေ။

မစ်ထ်သည် အာရန်၏ ရည်ရွယ်ချက်များကို သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် အလျှင်အမြန်ပင် တုံ့ပြန်ခဲ့သည်။

သူသည် သူမ၏သမီးကို လွှတ်ပေးရန် မည်သည့်အခါမျှ ရည်ရွယ်ထားခဲ့ခြင်းမရှိပေ။ သူမ ရှေ့သို့ ပြေးဝင်လိုက်သော်လည်း သူမသည် အာရန်၏ အဆောင်လောက် မမြန်နိုင်ခဲ့ပေ။

“အရင်တုန်းကလိုပဲ တူတူပုန်းတမ်းလေးတစ်ခု ဆက်ကစားကြရအောင်” ဟု ပြေလိုက်သော အာရန်၏ အသံတစ်ခုကိုသာ သူမ ကြားလိုက်ရပြီး သူသည် ဆီရာနှင့်အတူ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့လေသည်။

သူမ၏ကိုယ်ခန္ဓာသည် ပုံရိပ်ယောင်အချို့ကိုသာ ဖြတ်ကျော်သွားခဲ့လေသည်။

#Catfoot

All Chapters