← Chapters

ကြာပြာကောင်းကင်အသျှင်၏ မွေးစားအဖေ

Vol. 11-16 Ch. 239

ကြာပြာကောင်းကင်အသျှင်၏ မွေးစားအဖေ

Vol. 11-16 Ch. 239

အခန်း (၂၃၉)  :  ကြာပြာကောင်းကင်အသျှင်၏ မွေးစားအဖေ

“ ထျန်းအာ … ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာတုန်းက ဘယ်လိုနေလဲ ” အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်းအား လေးလေးနက်နက် မေးလိုက်သည်  “ အဲဒီမှာ အကျိုးမြတ် အတော်ရခဲ့တယ်ဆို ”

ရှန်ထျန်းက ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်ကာ  “ ဆရာ … ကျွန်တော် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ပစ္စည်းကောင်းတချို့ ရခဲ့ပါတယ်။ ဆရာ့ကို စိတ်မပျက်စေမိဖို့တော့ မျှော်လင့်ပါတယ် ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အကျဉ်းချုံး ပြန်ပြောပြလိုက်သည်။ သို့သော် သူက တချို့လျို့ဝှက်ချက်ကိုတော့ မဖော်ထုတ်လိုက်ပေ။

ရှန်ထျန်း၏ အတွေ့အကြုံများကို နားထောင်ရင်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က တောက်ပလာသည်။

လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က မြောက်ပင်လယ် နဂါးနက်ကျွန်းရဲ့ မင်းသမီးသွေးကြောင့် နဂါးသွေးမြက်တွေ …

လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက ဓားနှလုံးသားသစ်သီး …  နောက်ထပ် ထာဝရလက်နက် ထျန်းကျူဓား … လင်းယုန်မျိုးနွယ်ရဲ့ အဖိုးတန်ရတနာ ငှက်မွေးထာဝရသတ္တု …. ပြီးတော့ လက်နက်ထောင်ချီ သူတော်စင်အရှင် ချန်ထားခဲ့တဲ့ အမွေအနှစ်လား …

လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က မိစ္ဆာဝိညာဉ်သခင်ကြီးကို ပိတ်လှောင်ထားခဲ့တဲ့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား …

ပြီးတော့ နဂါးနက်မျိုးနွယ်နဲ့ ဒေါင်းမျိုးနွယ်ရဲ့ လူသားတွဲဖက်လား …

တာအိုကိုယ်တော်ကြီးက ဘေးတွင်ရပ်နေရင်း ရှန်ထျန်း ရသမျှ ရတနာတွေအကြောင်း ကြားကာ အားကျလာမိသည်။ သူ့က သူ့ဘဝသူ မေးခွန်းထုတ်လာမိ၏။

ဘာလို့လဲ … ငါတို့နှစ်ယောက်လုံးက မီးစာကျမ်းကို ကျင့်ကြံကြပေမဲ့ ငါက ကံအရမ်းဆိုးနေတဲ့အချိန် သူက သွားလိုက်တဲ့နေရာတိုင်း ရတနာတွေ့နေရတာလဲ…

သေစမ်း … ငါ ငိုတောင်ငိုမိတော့မယ် …

“ ထျန်းအာ … မင်း ကောင်းကောင်း လုပ်ခဲ့တယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ   “ မင်းက အဖိုးတန်ရတနာတွေ ရလာရုံတင် မကဘူး။ တခြားပါရမီရှင်တွေနဲ့လည်း ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်လိုက်တယ်။ ဒါပေမဲ့ မင်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ယူလိုက်ပြီဆိုတော့ အဲအထဲမှာ ပိတ်မိနေတဲ့ မိစ္ဆာဝိညာဉ်သခင်ကြီးကရော ဘယ်ရောက်သွားပြီလဲ ”

မိစ္ဆာဝိညာဉ်သခင်ကြီးလား …

အနီဝတ်ဂိုဏ်းသခင်က လှောင်လိုက်သည်

“ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားက သခင်ကြီးကို ပိတ်လှောင်ထားကောင်း ပိတ်လှောင်ထားနိုင်ပေမဲ့ သူတော်စင်အဆင့် တိုက်ပွဲစွမ်းရည်တော့ ပြသပြီး တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ဦးမှာပဲ။ ဒီလိုပြိုင်ဖက်ကင်းစွမ်းအားမျိုး ပိုင်ဆိုင်ထားတာကို အခြေတည်အဆင့် ကျင့်ကြံသူလေးက သူ့လက်ကနေ လွတ်မြောက်မယ် ထင်နေတာလား … ရယ်စရာကောင်းလိုက်တာ ဟာသပဲ ”

ဝုန်း …

အနီဝတ်ဂိုဏ်းသခင်ထံ မိုးကြိုးချက် ကျရောက်လာကာ ဆံပင်များ ထောင်သွားစေပြီး တစ်ကိုယ်လုံး မီးခိုးများ ထွက်လာစေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ မင်းနေရာ မင်းသိစမ်းပါ … အခု မင်းက အကျဉ်းသားပဲ ”

အရှက်ခွဲခံရပြန်ပြီ …

အနီဝတ်ဂိုဏ်းသခင်က ထပ်ဝင်ပြောလိုက်သည်

“ မင်းက ငါ့ကို ဖမ်းမိထားတာနဲ့ ကိုယ့်ဘာသာ အဟုတ်ကြီး ထင်မနေနဲ့။ ငါတို့သခင်ကြီးက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ပြိုင်ဖက်ကင်းပဲ … ကောင်းကင်နတ်ဆိုးရက်မြတ် ရောက်တာနဲ့ သေချာပေါက် လွတ်မြောက်လာလိမ့်မယ်။ အဲဒီအခါကျ အရှေ့ပိုင်းလွင်ပြင်တစ်ခုလုံး သူ့လက်အောက် ကျရောက်သွားမှာ။ မင်းအတွက် ဘယ်အရာက ကောင်းလဲဆိုတာ သိရင် ငါ့ကို လွှတ်ပေးလိုက်တော့ … မဟုတ်ရင် မင်းတို့ အံ့ဖွယ်မိုးကောင်းကင် တစ်ခုလုံး သုတ်သင်ခံရမယ် ”

အနီဝတ်ဂိုဏ်းသခင်က ရှန်ထျန်းသည် မိစ္ဆာဝိညာဉ်သခင်ကြီး မျက်စိရှေ့မှောက်တွင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကို ရယူနိုင်ခဲ့ပြီး ထွက်ပြေးနိုင်ခဲ့သည်ဟု မယုံပေ။

မိစ္ဆာဝိညာဉ်သခင်ကြီးတွင် အမှောင်ယင်စွမ်းအား ပိုင်ဆိုင်ထားသောကြောင့် သူ့ဘာသာ အားကောင်းသော သတ္တဝါဆန်းများ ဖန်ဆင်းနိုင်ပေသည်။ အနီဝတ်ဂိုဏ်းသခင်က  ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း မိစ္ဆာဝိညာဉ်သခင်ကြီးတွင် ယှဉ်ပြိုင်နိုင်မည့်သူ မရှိဟု အခိုင်အမာ ယုံကြည်ထားသည်။

သူက ရှန်ထျန်းသည် လျှောက်လေပေါနေခြင်းဟုသာ ယုံနေမိသည်။

“ မိစ္ဆာဝိညာဉ်သခင်ကြီးလား … ဒီဟာလေးကို ပြောတာလား ”

ရှန်ထျန်းက ခေါင်းအသာကုတ်လိုက်ပြီး သူ့စွမ်းအင်ဗဟိုချက်မှ ခရမ်းရောင် မျှော်နန်းဆောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ခရမ်းအလင်းများ တောက်ပနေလေ၏။  မျှော်နန်းဆောင် အောက်ခြေနားတွင် ကြက်ဥအရွယ် ခရမ်းရောင်အရုပ်လေးကို ချိန်သီးသဖွယ် ချိတ်ဆွဲထားလေ၏။

ခရမ်းရောင် မျှော်နန်းဆောင် ပေါ်လာသည်နှင့် အနီဝတ်ဂိုဏ်းသခင်၊ ကြာပြာကောင်းကင်အသျှင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့ အပါအဝင် အားလုံးက အံ့ဩတကြီး ဖြစ်သွားကြသည်။

အကြောင်းမှာ အနီဝတ်ဂိုဏ်းသခင်က ထိုခရမ်းရောင် အရုပ်လေး၏ အငွေ့အသက်ကို မှတ်မိလိုက်၍ ဖြစ်သည်။ ဤသည်မှာ သူ့၏ ချစ်လှစွာသော မိစ္ဆာဝိညာဉ်သခင်ကြီး ဖြစ်၏။

သူက စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားလေသည်။

လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက နယ်မြေတွေကို အုပ်စိုးပြီးတော့ သွေးနဲ့ ဆေးကြောခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလေ … အခုတော့ ဘယ်လိုလုပ် အရုပ်ပိစိလေး ဖြစ်သွားရတာလဲ … ပြီးတော့ ဒီလောက် ချစ်စရာကောင်းနေလိုက်သေးတယ်

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မိစ္ဆာဝိညာဉ်သခင်ကြီးကို ဒီလိုပြက်ရယ်ပြုရဲတယ်ပေါ့လေ … သူ့ကို ဘယ်လိုလုပ် ဖမ်းမိသွားတာလဲ …

ကြာပြာကောင်းကင်အသျှင်နှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့ကား ခရမ်းရောင် အရုပ်ကို မြင်လိုက်ရ၍ အံ့ဩသွားခြင်း မဟုတ်ဘဲ ခရမ်းရောင် မျှော်နန်းဆောင်ကို မှတ်မိလိုက်ကြ၍ ဖြစ်သည်။ ဤသည်မှာ စစ်နတ်ဘုရား မျှော်နန်းဆောင် ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လည်း အံ့အားသင့်သွားဟန် ပေါ်သည်။

သူက ရှန်ထျန်းဆီ ဖြည်းဖြည်းချင်း လှည့်လာပြီး သူ့လက်ထဲမှ မျှော်နန်းဆောင်ကို ဂါရဝပြုလိုက်သည်။

“ ကျွန်တော်တို့ တွေ့တာ နှစ်တစ်ထောင်တောင် ရှိသွားပြီနော် … လုံယွမ်က စီနီယာယဲ့ကို ဂါရဝပြုပါတယ် ”

ချုးလုံဟယ်က ဆူပုတ်နေရာမှ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပြုံးရွင်သွားတော့သည်။ သူက မျှော်နန်းဆောင်ဆီ အပြေးအလွှား ရောက်လာ၏။

“ မွေးစားအဖေ .. ဘယ်လိုလုပ် ကမ္ဘာဦးတိုက်ပွဲနယ်မြေကနေ ထွက်လာတာလဲ ”

စစ်နတ်ဘုရား မျှော်နန်းဆောင်က လင်းလက်ာကာ ယဲ့ချန်းခန်၏ ပုံရိပ်က အားလုံးရှေ့မှောက် ပေါ်လာသည်။

သူက ချူးလုံဟယ်အား တစ်ချက်ကြည့်ကာ   “ နှစ်တစ်ထောင်တောင် ကြာသွားပြီ။ မင်းက အရင်ကထက် အရှက်မဲ့လာတာပဲ။ ဒီကလေးကိုတောင် ညာဖို့ လုပ်လိုက်သေးတယ် ”

မွေးစားအဖေက အကုန်မြင်လိုက်တာလား …

ချုးလုံဟယ်က နီရဲလာကာ “ အဟမ်း မွေးစားအဖေ နားလည်မှုလွဲနေပြီ … ကျွန်တော် … ကျွန်တော်က တကယ်ကြီး ဒဏ်ရာရသွားတာ ”

ယဲ့ချန်းခန်က မျက်လုံးဝေ့ကြည့်ကာ  “ ငါ့ကို မွေးစားအဖေ ခေါ်မနေနဲ့တော့။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက မင်းက ငယ်ရွယ်လို့ သည်းခံနိုင်သေးတယ်။ အခု မင်းက ငါ့ထက်တောင် အသက်ကြီးတဲ့ပုံ ပေါ်နေပြီ။ ငါ့ဆီ လာကပ်မနေနဲ့တော့ ”

ကျန်းလုံယွမ်က ရှန်ထျန်း လက်ထဲမှ မျှော်နန်းဆောင်ကို ကြည့်နေရင်း ခေါင်းထဲ အတွေးတစ်ခု ပေါ်လာသည်။ သူ့မိုးကြိုးနှင့်ကောင်းကင် အရှိန်အဝါတို့က လှုပ်ခတ်သွားပြီး သူ့အသံလည်း တုန်တုန်ယင်ယင် ဖြစ်လာသည်  “ စီနီယာယဲ့က ကမ္ဘာဦးတိုက်ပွဲနယ်မြေကနေ ဘာကြောင့် ရုတ်တရက်ကြီး ထွက်လာတာလဲ ”

ယဲ့ချန်းခန်က မထုံတတ်တေး အမူအယာနှင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အား ကြည့်လိုက်ပြီးနောက်

“ ကောင်စုတ်လေး မင်းမသိသလို လုပ်မနေစမ်းပါနဲ့။ မင်းက အခုလျိုထားတုန်းပဲ။ မင်းတို့နှစ်ယောက်က စိတ်ပျက်စရာဆိုပေမဲ့ ဒီလိုမျိုး မျိုးဆက်ကောင်းကို မွေးထုတ်ပေးနိုင်ခဲ့သားပဲ။ သူက ပါရမီထူးတယ်။ ပြီးတော့ ပိုအရေးကြီးတာက သူ အရမ်းကြည့်ကောင်းတယ်။ သူ့ကို မြင်လိုက်ရတာ ငါ ငယ်ငယ်တုန်းကအချိန်တွေကို ပြန်သတိရစေတယ် ..

အဲဒါကြောင့် သူ့ကို စစ်နတ်ဘုရား မျှော်နန်းဆောင် သခင်အသစ်အဖြစ် ရွေးချယ်လိုက်ပြီ။ အခုကစပြီး မျှော်နန်းဆောင်က ဒီကလေး အပိုင်ပဲ  ”

စစ်နတ်ဘုရား‌ မျှော်နန်းဆောင်က ရှန်ထျန်း အပိုင် ဖြစ်သွားပြီတဲ့လား …

အဖိုးမဖြတ်နိုင်တဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်က သူ့ကို တကယ်ကြီး ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်ပြီပေါ့လေ

ယဲ့ချန်းခန်၏ စကားက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ကြာပြာကောင်းကင်အသျှင်၊ ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီ ကကြိုးကောင်းကင်အသျှင်တို့ကို မင်သက်သွားစေသည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းအတွင်း မြောက်များစွာသော ပါရမီရှင်တို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ခဲ့ကြသော်လည်း မည်သူမှ ယဲ့ချန်းခန်၏ အာရုံကို မဖမ်းစားနိုင်ပေ။ သူတို့က မည်မျှ ပါရမီထူးစေ၊ မည်မျှအားကောင်းစေကာမူ အရေးမပါပေ။

စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အရှေ့ပိုင်းလွင်ပြင်၏ အထွတ်အထိပ်အဆင့် ရတနာဟု မည်သူမှ မငြင်းပယ်နိုင်ပေ။

အကြောင်းမှာ စစ်နတ်ဘုရား မျှော်နန်းဆောင်မှ ထိပ်တန်းအဆင့် အမွေအနှစ်ပစ္စည်းတစ်ခုခု ရသွားသော ပါရမီရှင်များက နယ်မြေငါးခုအတွင်း လူသိများကာ လေးစားခံပုဂ္ဂိုလ်များ ဖြစ်လာကြသည်။

ကျန်းလုံယွမ်၏ ကောင်းကင်တာအိုကျမ်းနှင့် ကြာပြာကောင်းကင်အသျှင်၏ အဆင့်မြင့် မီးစာကျမ်းတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်မှ အမွေအနှစ်များ ဖြစ်ကြသည်။ သူတို့ဘဝကား ထိုအရာကြောင့် လုံးဝ ပြောင်းလဲသွားခဲ့ရသည်။

ထိုအရာအပြင် နှစ်ယောက်လုံးက စစ်နတ်ဘုရား မျှော်နန်းဆောင်မှ အခြားသော တိုက်ကွက်များ၊ ပညာရပ်များ ရလာကြသေးသောကြောင့် စွမ်းအားမှာ အတော်အတန် မြင့်တက်သွားသည်။ မျှော်နန်းဆောင်ကြောင့်သာ မဟုတ်လျှင် ကျန်းလုံယွမ် မည်မျှပါရမီရှိစေကာမူ သူ့အနေနှင့် အရှေ့ပိုင်းလွင်ပြင်ရှိ နှစ်ငါးရာအတွင်း မိုးကြိုးပညာရပ်၌ အထူးချွန်ဆုံး ဂုဏ်ပုဒ်ကို ရရှိဖို့ လွယ်ကူမည် မဟုတ်ပေ။

ယဲ့ချန်းခန်က မင်းကို သဘောကျ၍ တစ်ခုခုပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုလျှင် အားကောင်းသော ပါရမီရှင် ဖြစ်လာနိုင်သည်။ ယခု စစ်နတ်ဘုရား မျှော်နန်းဆောင်က ရှန်ထျန်းအား သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ သူ့စိတ်ကြိုက် ပညာရပ်များ၊ တိုက်ကွက်များကို လေ့လာနိုင်ပြီ မဟုတ်ပါလော။

ရှန်ထျန်း၏ ကျင့်ကြံဆင့်နှင့် တိုက်ပွဲစွမ်းရည်တို့မှာ အမြင့်တစ်ခု ရောက်သွားမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး နယ်မြေငါးခုလုံးကိုပင် လွှမ်းမိုးနိုင်လိမ့်မည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေလည်း ကြီးပွားလာကာ အားလုံးကို လွှမ်းမိုးနိုင်တော့မည် မဟုတ်ပါလော။

ကျန်းလုံယွမ်က သူ့မျက်ဝန်းမှ မျက်ရည်ပူများကို ခံစားမိလိုက်သည်။

ဂိုဏ်းရဲ့ တည်ထောင်သူဘိုးဘေးတို့ ကျွန်တော်တို့ဂိုဏ်း ပြန်လည်မြင့်တက်လာတော့မယ်ဗျာ…

ထျန်းအာကို တပည့်အဖြစ် လက်ခံမိလိုက်တာက ကျွန်တော့်ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ …

စာအုပ်များများ ဖတ်တာနဲ့ စာအုပ်ကောင်းတွေ ဖတ်တာက တကယ်ကို နည်းလမ်းကောင်းပဲ … ဟားဟား  

All Chapters