← Chapters

ကောင်းကင်ရုပ်ခန္ဓာ

Vol. 5 Ch. 67

ကောင်းကင်ရုပ်ခန္ဓာ

Vol. 5 Ch. 67

အခန်း (၆၇) :  ကောင်းကင်ရုပ်ခန္ဓာ

ဝမ်ဝေ့က ပါကွားလိပ်ခွံကို ကြည့်ကာ အပေါ်တွင် သင်္ကေတရှစ်ခုဖြင့် ရေးထွင်းထားသည့် အခွံတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူက ထိုသင်္ကေတများ၏ အဓိပ္ပါယ်ကို မသိသော်လည်း ထိုလိပ်ခွံ၏ စွမ်းဆောင်ရည်ကို သိထားလေသည်။ ထို့ကြောင့် ဝမ်ဝေ့က စိတ်လှုပ်ရှားလာမိ၏။

သူက ကြည့်ရှုပြီးနောက် အစစ်အမှန်အုပ်ချုပ်သူ ရှင်းတုံဆီ ပြန်ပေးလိုက်သည်။ ရှင်းတုံက အစီအရင်၏ သီးသန့်နေရာတွင် ချထားလိုက်ပြီးနောက် အစီအရင်အတွက် စွမ်းအားအဖြစ် မူလရင်းမြစ် ပြည့်နှက်နေသည့် တောင်ကို ထုတ်လိုက်သည်။

အရာအားလုံး အသင့်ပြင်ပြီးသည့်နောက် အစစ်အမှန်အုပ်ချုပ်သူ ရှင်းတုံနှင့် လီဖန်းတို့က အစီအရင်ကို စတင်လိုက်ကြသည်။

ပထမဆုံး ဖြစ်လာသည့်အရာမှာ လိပ်ခွံက စတင်လင်းလက်လာခြင်း ဖြစ်၏။ ထို့နောက် ခဲဖြူရောင် ပုံရိပ်ယောင်မြစ်က အခန်းအလယ်တွင် ပေါ်ထွက်လာသည်။ ထိုအရာက ကံကြမ္မာမြစ် ဖြစ်၏။

အကယ်၍ အနီးကပ် အသေအချာကြည့်လိုက်လျှင် ထိုမြစ်သည် မီးခိုးဖျော့ ကြိုးမြောက်များစွာဖြင့် အတူတကွပေါင်းစပ်ထားကြောင်း မြင်တွေ့နိုင်လေသည်။ မြစ်အလယ်တွင် ကြိုးမျှင်များ ဖန်တီးကာ ရစ်ပတ်စေလိုက်၊ ဖြေလျော့စေလိုက် ဖန်တီးနေသည့် လည်ပတ်နေသော ရစ်လုံးတစ်ခု ရှိနေသည်။

အခန်းထဲရှိ လူများက ကြီးကျယ်ခမ်းနားလှသည့် မြစ်ကို တအံ့တဩ ကြည့်နေကြသည်။ သူတို့က ပိုမိုလေ့လာလေလေ အားကောင်းသူတချို့က စကြဝဠာကြီး၏ လုပ်ဆောင်ပုံတို့ကို စတင်နားလည်လာကြသည်။ လူအများစုသည် သူတို့မွေးဖွားလာကတည်းက ကံကြမ္မာအတိုင်း နေထိုင်ကြရသည်။

သူတို့မွေးဖွားလာကတည်းက သူတို့ မည်သို့နေထိုင်ပြီး အသက်ရှင်ရမည်၊ မည်သူနှင့် တွေ့ဆုံရမည်၊ မည်သို့ နာမကျန်းဖြစ်ရမည်၊ မည်သည့်အချိန် သေဆုံးရမည် အကုန်လုံးကို သတ်မှတ်ထားပြီးသား ဖြစ်လေသည်။

ကျင့်ကြံသူအားလုံးက ကံကြမ္မာမြစ်ကို မြင်လိုက်ရသည့်အခါ တူညီသော မေးခွန်းကို မေးမိကြသည်။

“ငါက ငါ့ကံတရားရဲ့ ပဲ့ကိုင်ရှင်လား …”

ကံဆိုးစွာဖြင့် မည်သူမှ အဖြေကို မပေးနိုင်ပေ။

တကယ်တော့ အများဆုံး ခံစားရသူမှာ ဝမ်ဝေ့သာ ဖြစ်၏။ ကံကြမ္မာမြစ် ပေါ်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ အံ့ဖွယ်သင်္ကေတများက အသက်ဝင်လာသည်။

ထို့ကြောင့် သူက မြစ်နှင့် ပေါင်းစပ်သွားလေသည်။ ထိုနေရာတွင် ဝမ်ဝေ့က သေမျိုးများစွာ၏ ဘဝကို စတင်မြင်တွေ့လိုက်ရသည်။

သူက သူတို့၏ မွေးဖွားမှု၊ ပျော်ရွင်မှု၊ ဝမ်းနည်းမှု၊ ဖျားနာမှု၊ ကူကယ်ရာမဲ့မှု၊ အပြစ်ကြွေးနှင့် သေဆုံးမှုအကြောင်း မြင်လိုက်ရသည်။ သူတို့က သန်းပေါင်း သန်းချီရှိလေသည်။ အကယ်၍ သူ့အားကောင်းလှသည့် ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ပေါက်ကွဲသွားနိုင်သည်။

သို့သော်လည်း သူ့ခေါင်းထဲ သတင်းအချက်အလက်များစွာ ရုတ်ချည်းစီးဆင်းလာမှုကြောင့် မသေဆုံးသော်လည်း ဝမ်ဝေ့က အန္တရာယ်များသည့် အနေအထားတွင် ရောက်နေသည်။ သူက သူ မြင်တွေ့ခဲ့ရသည့် လူများစွာ၏ ဘဝနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားလေသည်။

သူက ဘယ်သူမှန်း၊ ဘယ်နေရာက ရောက်လာမှန်း၊ ဘာလုပ်နေမှန်း စတင်မေ့လျော့လာသည်။ စက္ကန့်ပိုင်းလေးအတွင်း သူက တော်ဝင်စာမေးပွဲအတွက် နေ့တိုင်း ခက်ခက်ခဲခဲ စာကြိုးစားနေရသည့် ဆင်းရဲသော စာသင်သား ဖြစ်သွားပြီး သူ့မိခင်နှင့် ဇနီးဖြစ်သူကို ပိုမိုကောင်းမွန်သော ဘဝကို ပေးချင်သည့်သူ ဖြစ်လာသည်။

နောက်စက္ကန့်ပိုင်းလေး၌ သူက ဆက်တိုက် သတ်ဖြတ်မှုကြောင့် ထုံထိုင်းလာသည့် ပါးကွပ်သား ဖြစ်လာသည်။ သူ သတ်ခဲ့သမျှ လူများ၏ အော်ငြီးသံများမှ ကင်းလွှတ်စေရန် ညတိုင်း အရက်သောက်လေ့ရှိသည်။

အချိန်ခဏလေးအတွင်း သူက မြောက်များစွာသော ဘဝများတွင် နေထိုင်ခဲ့ရသည်။ လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး၊ သူဆင်းရဲ၊ သူဌေး ဘဝမျိုးစုံ ဖြတ်သန်းခဲ့ရသည်။

ဝမ်ဝေ့က ကံကြမ္မာြမစ်နှင့် ပေါင်းစပ်သွားပြီး သူ့ဇစ်မြစ် ပျောက်ဆုံးသွားတော့မည့်ဆဲဆဲတွင် ရုတ်ချည်း တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။ သူက ကံကြမ္မာမြစ်မှ လူများစွာကို ကြည့်နေရင်း သူတို့အတွေးများကို မမြင်နိုင်၊ မကြားနိုင်မှန်း သတိထားမိလိုက်သည်။

ထို့နောက် ဝမ်ဝေ့ စိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။ စိတ်အတွင်းသာ ဖြစ်သော်လည်း စိတ်ဝိညာဉ်များက သေမျိုးများကို သူတို့အပေါ် ထားရှိသည့် ကံကြမ္မာနှောင်ကြိုးမှ လွတ်မြောက်စေနိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်၏။ ကံကြမ္မာက သူတို့ထင်ထားသလောက် အကြွင်းမဲ့ မဟုတ်ချေ။

ပွင့်လင်းသော စိတ်နေစိတ်ထား၊ ခိုင်မာသည့် စိတ်စွမ်းအားနှင့် အားစိုက်မှု အလုံအလောက်သာရှိပါက ကောင်းကင်ဘုံက ချမှတ်ထားသည့် ကံကြမ္မာမှ လွတ်မြောက်နိုင်လေသည်။

သူက ထိုအကြောင်းတွေးမိသွားသည်နှင့် ရုတ်ချည်း ရှင်းလင်းသွားတော့သည်။

သူက ရေရွတ်လိုက်၏  “ငါ့နာမည်က ဝမ်ဝေ့ … ငါက တစ်ရက်ကျ ကောင်းခြင်း၊ ဆိုးခြင်း၊ စေတနာ၊ အပြစ်ကြွေး၊ အမိန့်အစရှိတဲ့ လူ့ဘောင်အဖွဲ့အစည်း ချုပ်နှောင်မှုလိုမျိုး ဒါမှမဟုတ် သေခြင်း၊ ရှင်ခြင်း၊ ခန္ဓာ၊ ဝိညာဉ်နဲ့ ဝဋ်ကြွေးကြမ္မာ အစရှိတဲ့ အယူအဆလွတ်မြောက်မှု အားလုံးကနေ လွတ်မြောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တာ။ ငါ ကံတရားရဲ့ ပဲ့ကိုင်ရှင်က ငါသာ ဖြစ်ရမယ်  ”

ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဝေ့က မူးဝေဝေဖြစ်ရာမှာ အသိပြန်ကပ်လာပြီး မှတ်ဉာဏ်အားလုံး ပြန်ရောက်လာသည်။ တကယ်တော့ သူတို့က ပို၍ ထင်ရှားလာသည်။ သူက သူ့နှစ်ဘဝလုံးမှ စက္ကန့်တစ်ခုစီတိုင်းကို မှတ်မိလာသည်။ သူက သူ့မိခင်ဝမ်းထဲ ဘယ်လိုနေခဲ့သည်ပါ မှတ်မိလာသည်။

သို့သော် ရုတ်ချည်းဆိုသလို မှတ်ဉာဏ်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေသည်။ ကမ္ဘာမြေတွင် သူ မွေးဖွားလာပြီးနောက် သူ့မွေးမိခင်ကို မြင်လိုက်ရသည်။ သူမက ကမ္ဘာမြေက သူနှင့် တူသလိုလို ရှိသည်။

သို့သော်လည်း သူ့အနေနှင့် သူမက အလွန်ငယ်ရွယ်သေးကြောင်း သတိပြုမိလိုက်သည်။ ဝမ်ဝေ့က သူမနှင့် ဆရာဝန်၏ စကားဝိုင်းကို ကြားလိုက်ရသည်။

သူ့ကို စွန့်ပစ်ခဲ့သည့် အကြောင်းအရင်းက သူမတွင် ကလေးကို ကောင်းကောင်းပြုစုပျိုးထောင်နိုင်လောက်အောင် ငွေကြေးမရှိ၍ ဖြစ်သည်။ ထို့ကြောင့် သူမက သူ့ကို လိုအပ်သည့် ကောင်းကောင်းဂရုစိုက်ပေးနိုင်မှု ရစေရန် မိဘမဲ့ဂေဟာဆီ ပို့ခဲ့သည်။

ဝမ်ဝေ့က သူမ စကားကို ကြားလိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။ အဆုံးသတ်၌ သူ့ကို မဖျက်ချပစ်ခဲ့ဘဲ တာဝန်ရှိသူများထံ အပ်နှံခဲ့၍ ပျော်ရွှင်သင့်လေသည်။

ဝမ်ဝေ့က သူ့မှတ်ဉာဏ်များကို တစ်ခုပြီးတစ်ခု ကြည့်လိုက်သည်။ သူက သူ့ဝိညာဉ်သည် အဆုံးမဲ့ လေဟာနယ်ကြား ဝင်ရောက်ပြီး အဖြူရောင်အလင်းထဲ ရောက်သွားစဉ် ဘယ်လိုဖြစ်ပျက်ခဲ့မှန်း မမှတ်မိတော့မှန်း သတိထားမိလိုက်သည်။

သူ့မှတ်ဉာဏ်အားလုံးက ထိုအလင်းရောင်ထဲ ဝင်ရောက်ပြီးနောက် ကလေးလေး ဖြစ်လာသည်ကိုသာ ပြနေသည်။ ထိုကြားထဲမှ အဖြစ်အပျက်ကို သူ မမှတ်မိပေ။ သူ့မှတ်ဉာဏ်ထဲ ဗလာလွတ်တစ်ခု ရှိနေသလို ဖြစ်နေသည်။

ဝမ်ဝေ့က ဒီလို လျို့ဝှက်ချက်မျိုး မတွေ့နိုင်သည့်အတွက် ဆက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူက အရေးကြီးသည့် ကိစ္စအလယ်တွင် ရောက်နေသည် မဟုတ်ပါလော။

သူက ပြန့်ကျဲနေသည့် အတွေးများကို စုစည်းလိုက်ပြီး အရာထောင်ချီ တစ်သားတည်းကျမ်းကို စတင်ကျင့်ကြံလိုက်သည်။ ထို့နောက် အစီအရင်က ကံကြမ္မာမြစ်ထဲမှ စည်းမျဉ်းအပိုင်းအစကို ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံ ထိတွေ့ပေးလာသည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်က တမူထူးရုပ်ခန္ဓာအဖြစ် ဆင့်ကဲပြောင်းလဲလာတော့မည် ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲသွားပုံမပေါ်သော်လည်း ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် လျို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲနေကြောင်း ခံစားမိလေသည်။

ဤသည်မှာ မျက်လုံးမှိတ်ထားပြီး အရာထောင်ချီ တစ်သားတည်းကျမ်းကို အာရုံစိုက်ကာ လေ့ကျင့်နေသည့် ဝမ်ဝေ့၏ အမြင်မှ ဖြစ်ပေသည်။

အခန်းအတွင်းရှိ တခြားလူများက ဝမ်ဝေ့ ဆံပင်များ ခဲဖြူရောင်သမ်းသွားသည်ကို မြင်လိုက်ကြရသည်။ သက်တမ်းကုန်ခါနီးလူများလို အဖြူရောင် မဟုတ်ဘဲ ခဲဖြူရောင်က ကံကြမ္မာမြစ်၏ အရောင်လိုမျိုး ဖြစ်၏။

သိုသော်လည်း ဖြစ်စဉ်က ဆိုးဆိုးရွားရွား နှေးကွေးနေသည်။ ထို့ကြောင့် ဝမ်ဝေ့၏ အဘိုးက အခြားလူများအား အစီအရင်ဆီ မူလရင်းမြစ် စွမ်းအား ထည့်ထပ်ရန် ညွှန်ကြားလိုက်သည်.။

မူလရင်းမြစ် စွမ်းအား ထပ်ထည့်လိုက်သောကြောင့် ဖြစ်စဉ်က အတော်လေး မြန်ဆန်လာသည်။ ဝမ်ဝေ့က အဆုံးမဲ့ ချောက်နက်ကြီးလိုမျိုး စွမ်းအားတွေကို စတင်စုပ်ယူနေသည်။

သူ့ဆံပင်အားလုံး ခဲဖြူရောင် ပြောင်းသွားတော့မည့်ဆဲဆဲတွင် မဟာအကြီးအကဲလီကျန်းက ဆေးနှစ်လုံးခြေကာ ဝမ်ဝေ့၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်စေလိုက်သည်။ ထိုဆေးလုံးနှစ်လုံးက ကျီစုန့်နှင့် ဟန်လီတို့ မူလရင်းမြစ် သွေးစက်များမှ အညစ်အကြေးများနှင့် အမှတ်အသာများကို ဖယ်ရှားထားပြီး သန့်စင်ထားခြင်း ဖြစ်သည်။

ဆေးနှစ်လုံးကို စုပ်ယူလိုက်ပြီးနောက် ဖြစ်စဉ်က ချက်ချင်းဆိုသလို ပြီးမြောက်သွားလေသည်။ ထို့ကြောင့် ဆံပင်အနက်ရောင်မှ ခဲဖြူရောင် ပြောင်းသွားသည့် ဝမ်ဝေ့က မျက်လုံးဖွင့်လာပြီး အခန်းအား စိတ်ရှုပ်ထွေးစွာ လိုက်ကြည့်လိုက်မိသည်။

သခင်လေးက လူတစ်ယောက်ကို ကြည့်လိုက်သည့်အချိန်တိုင်း သူတို့စိတ်နှလုံးသားမှာ တစ်ယောက်ယောက်က သူတို့လျို့ဝှက်ချက်အားလုံး၊ ဖုံးကွယ်ထားသည့် အတွေးအားလုံးကို ကြည့်နေသည်ဟု ခံစားလိုက်ရ၍ တုန်လှုပ်သွားကြသည်။ သူတို့၏ ကံကြမ္မာကို လေ့လာစောင့်ကြည့် အကဲဖြတ်နေသလို ခံစားရလေသည်။

ဝမ်ဝေ့အတွက် အသိပြန်ကပ်လာဖို့ မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။ ထို့နောက် သူက တစ်ခုခုကို ခံစားမိသည့်အလား မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။ တကယ်တော့ သူ တစ်ယောက်တည်း ခံစားမိခြင်း မဟုတ်ပေ။ အကြီးအကဲချုပ် လေးယောက်လုံးလည်း ခံစားမိကာ အခြေအနေကို ဆွေးနွေးနေကြသည်။

“ ကောင်းကင် စမ်းသပ်ချက်လား ” ဝမ်ဝေ့၏ အဘိုး ဝမ်ချန်က မေးလိုက်သည်။

“အဲလိုဖြစ်ပုံပဲ ” အကြီးအကဲချုပ် လီဖန်းကလည်း တုံ့ပြန်လိုက်သည်။

“ ဘာ .. အဖေ ဒီကောင်းကင်စမ်းသပ်ချက်က ဝေ့အာအတွက် ရောက်လာတာလား။ ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ ”

“ စိတ်ငြိမ်ငြိမ်ထား … ဒီလိုအခြေအနေမျိုးမှာ ပျာယာခတ်နေရင် ဂိုဏ်းချုပ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့က ဒါအတွက် မစီစဉ်ထားပေမဲ့ ကိစ္စဆိုးတော့ မဟုတ်ဘူး။ တကယ်လို့ ဝေ့အာသာ ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သွားရင် အခြားအကျိုးကျေးဇူးတွေလည်း ရှိလာလိမ့်မယ်။ အဆိုးဆုံးအခြေအနေ ဖြစ်လာရင် ငါတို့ ဝင်ပါပြီး စမ်းသပ်ချက်ကို အတင်းတားကြရုံပေါ့  “

အားလုံးက ဝမ်ချန် စကားများကို တွေးလိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့ကြောင့် သူတို့က ဝမ်ဝေ့အား ဒီစမ်းသပ်ချက် ဖြတ်ကျော်ဖို့ လုပ်မည်လား မေးဖို့ ကြည့်လိုက်ကြသည်။ ထို့နောက် ဝမ်ဝေ့က တုံံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ ဒီနေရာမှာ နေမဲ့အစား ကျွန်မတို့ သခင်လေးကို စမ်းသပ်ချက်တောင်ထိပ်ဆီ ခေါ်သွားပေးသင့်တယ် ” မဟာအကြီးအကဲယန်းမိန်က ပြောလိုက်သည်။

ဤသည်မှာ အကြံကောင်း ဖြစ်၏။ နာမည်အတိုင်း စမ်းသပ်ချက်တောင်ထိပ်က ဂိုဏ်းသားများ ကောင်းကင်စမ်းသပ်ချက် ခံယူရာအတွက် စီစဉ်ပေးထားသည့် နေရာ ဖြစ်လေသည်။ ထိုတောင်က စမ်းသပ်ချက်အများစုကို ခံနိုင်ရည်ရှိလောက်အောင် မာကြောလေသည်။ ထို့ကြောင့် တခြားလူများဆီ စမ်းသပ်ချက် မပျံ့နှံ့သွားအောင် ကာကွယ်ပေးနိုင်သည်။

ပို၍ အရေးကြီးသည်က တပည့်များသည် သူတို့ဂိုဏ်းအမှတ်များကို အသုံးပြု၍ သူတို့စမ်းသပ်ချက် အောင်အောင်မြင်မြင် ကူညီပေးနိုင်အောင် တောင်ပေါ်ရှိ အစီအရင်ကို အသက်သွင်းနိုင်ကြသည်။ သို့မဟုတ် သူတို့က အကူအနေနှင့် အားကောင်းသည့် မှော်လက်နက်များကို ငှားရမ်းနိုင်ကြသည်။

ထို့နောက် ဝမ်ဝေ့က ချက်ချင်းဆိုသလို စမ်းသပ်ချက်တောင်ထိပ်ဆီ ပို့ဆောင်ခံလိုက်ရသည်။ သူက အစွန်းတွင် အိမ်တစ်လုံးသာရှိနေသည့် ကွင်းပြင်တစ်ခုဆီ ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သူက အိမ်ထဲသွားလိုက်သည့်အခါ ဒယ်စောက်မှ မျှော်နန်းဆာင်၊ လှံမှ ပုဆိန်လှံရှည်အထိ မှော်လက်နက်အမျိုးမျိုးကို မြင်လိုက်ရသည်။ အမျိုးအစားလည်း စုံလင်လှသည်။

လက်နက်တစ်ခုစီနားတွင် နက်နဲအဆင့်မှ အထွတ်အထိပ်အဆင့်အထိ ရှိပြီး သူတို့ငှားယူဖို့အတွက် အကျိုးပြုအမှတ် ပမာဏလည်း ပြသထားသည်။

ဝမ်ဝေ့က တော်ဝင်ဓားတစ်ချောင်းကို ကောက်ယူလိုက်သည်။ သူက လက်နက်များကို အသုံးပြုဖို့ အမှတ်လိုပုံမပေါ်ပေ။ ထို့နောက် သူက ပြန်ထားလိုက်ပြီး အခန်းတစ်ဘက်မှ စင်ပေါ်တွင် ချိတ်ဆွဲထားသည့် အမှတ်အသားပြားကို ယူလိုက်သည်။

သူ့စိတ်ထဲ သတင်းအချက်အလက်များစွာ ဝင်ရောက်လာပြီး ထိုအမှတ်အသားပြားက တောင်ပေါ်ရှိ အစီအရင်ကို အသက်သွင်းဖို့ ဖြစ်ကြောင်း သိလိုက်သည်။ အစီအရင်ကို အသက်သွင်းဖို့ တန်ကြေးလည်း ပါဝင်နေသည်။

ဝမ်ဝေ့က ပြန်ထားလိုက်သည်။ တကယ်တော့ သူက ကျင့်ကြံဆင့် မရှိသောကြောင့် ထိုအမှတ်အသားပြားကို အသုံးမပြုနိုင်ပေ။ သူသာ သူ့အဘိုးနှင့် အဖေကို အသိပေးလိုက်လျှင် သူတို့က တန်းဖြေရှင်းကြမည်မှန်း သိလေသည်။ သို့သော်လည်း ဝမ်ဝေ့က အစကတည်းက ပြင်ပအကူအညီယူထားဖို့ မကြံစည်ထားပေ။

သူ စာကြည့်တိုက်ထဲမှ ဖတ်ထားသလောက် စမ်းသပ်ချက်သည် ကျင့်ကြံသူများကို သတ်ဖြတ်ရန် မဟုတ်ဘဲ သူတို့ အမှန်တကယ် ထိုက်တန်ရဲ့လားဟု စမ်းသပ်ပြီး ဆုလာဘ်ချီးမြင့်ရန် ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်က ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်ဖို့ ပြင်ပအကူအညီ ယူလိုက်သည့်အချိန်တိုင်း သူတို့ လက်ခံရရှိမည့် ဆုလာဘ်က လျော့နည်းသွားလေသည်။ ထို့ကြောင့် အားကောင်းသည့် ကျင့်ကြံသူများက စမ်းသပ်ချက် ဖြတ်ကျော်ဖို့ ပြင်ပအကူအညီ ယူခဲ၏။

ဝမ်ဝေ့က ကွင်းပြင်ဆီ ပြန်သွားလိုက်သည့်အခါ တောင်ပေါ်ဖုံးလွှမ်းနေသည့် တိမ်တိုက်များကို သတိထားမိလိုက်သည်။ စွမ်းအားစုဆောင်းနေဟန် ပေါ်သည်။ ထို့နောက် ဝမ်ဝေ့က ကွင်းပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ရောက်လာမည့် စမ်းသပ်ချက်ကို စောင့်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင် မိုးကြိုးက ဝမ်ဝေ့ဆီ ကျဆင်းလာသည်။ သူက နာကျင်မှုကြောင့် ငြီးငြူလိုက်သော်လည်း အစမျှသာ ရှိသေး၏။

သိပ်မကြာခင် မိုးကြိုးခုနှစ်ချက်က ဆက်တိုက် ကျဆင်းလာကာ တစ်ချက်ပြီး တစ်ချက် နာကျင်မှုလည်း ပိုမိုတိုးလာသည်။ ကိုးခုမြောက် နောက်ဆုံးမိုးကြိုးချက်အလှည့်ကျ သူက မအော်မိစေရန် အံ့ကြိတ်ထားလိုက်သည်။

တကယ်တော့ ဝမ်ဝေ့၏ ပြဿနာမှာ နာကျင်မှု မဟုတ်ဘဲ တဖြည်းဖြည်း တစစီ ဖြစ်သွားသည့် သူ့ခန္ဓာကိုယ် ဖြစ်သည်။ မိုးကြိုးချက် ထိမှန်ပြီးတိုင်း သူ့အရေပြားက လောင်ကျွမ်းကာ မီးသွေးလောင်ကျွမ်းသလိုမျိုး အနံ့မျိုးထွက်လာသည်။

သူ့နှလုံးသားက မိုးကြိုးချက်မှ လျှပ်စီးချက်ကြောင့် ရံဖန်ရံခါ ရပ်တန့်တော့မလို ဖြစ်ခဲ့ရသည်။ သူ့ဦးနှောက်ပင် ကျက်သွားပြီလားဟု ခံစားနေရသည်။ သို့သော်လည်း သူက နောက်ဆုံးမိုးကြိုးချက်အထိ တောင့်ခံခဲ့သည်။

နောက်ဆုံးမိုးကြိုးချက်က ကွဲပြားပေသည်။ ဝမ်ဝေ့ထံ နာကျင်မှုက အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာမြင့်လိုက်သည်။ ထို့နောက် အမည်မသိ ချီစွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်း စီးဝင်းလာကာ သူ့ဒဏ်ရာအားလုံးကို ကုသပေးသွားသည်။

သူ့အရေပြားက ကျောက်စိမ်းသဖွယ် ချောမွတ်လာကာ သူ့နှလုံးခုန်သံလည်း ပုံမှန် ပြန်ဖြစ်သွားသည်။ သူ့ဦးနှောက်က ပိုတက်ကြွနေဟန်ပေါ်သည်။ ထို့အပြင် ဝမ်ဝေ့က တစ်ခုခု သူ့ဆီ ထပ်ပေါင်းလိုက်သလိုမျိုး … မဟုတ်သေးဘူး … တစ်စုံတစ်ခု လက်ဆောင်ရလိုက်သလိုမျိုး ခံစားလိုက်ရသည်။

သူက မှန်ပေသည်။ သူ စမ်းသပ်ချက် ကျော်ဖြတ်လိုက်ပြီးနောက် ခရမ်းချီနှင့် တိမ်တိုက် အမြောက်အများက အသင်္ချေအင်ပါယာကမ္ဘာတစ်ဝှမ်း ဖုံးလွှမ်းသွားလေသည်။ ဤသည်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသော အတိတ်နမိတ်ကောင်းသည့် အရိပ်အယောင် ဖြစ်ပေသည်။

ထို့နောက် ကောင်းကင်မှ ဧရာမစာလိပ်ကြီး ပေါ်ထွက်လာသည်။ ထိပ်ဆုံးတွင် “ ကောင်းကင်ရုပ်ခန္ဓာစာရင်း” ဟူ၍ ပါရှိ၏။

ထိုစာရင်း ပေါ်ထွက်လာသည်နှင့် ကမ္ဘာရှိ ကျင့်ကြံသူအားလုံးက သူတို့လုပ်လက်စကို ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့က အမည်စာရင်းကို မြင်လိုက်ရ၏။

ကောင်းကင်ရုပ်ခန္ဓာစာရင်း

၁။ ဟွင်သွမ်း ရုပ်ခန္ဓာ - လင်းဖန်

၂။ အကြမ်းခံပုဆိန် ရုပ်ခန္ဓာ - ကျီစုန့်

၃။ ချီယွီလျိုချင် ရုပ်ခန္ဓာ - စုယာ

၄။ ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာ - ဝမ်ဝေ့

၅။ ယင်ယန် မျက်ဝန်း - …..

၆။ ဒြပ်ငါးသွယ်မျှခြေညီ ရုပ်ခန္ဓာ - ကျန်းပိယု

ကမ္ဘာရှိ ကျင့်ကြံသူအားလုံးက သူတို့မြင်လိုက်ရသည်နှင့် ပတ်သက်ပြီး တုန်လှုပ်အံ့ဩနေကြသည်။ နှစ်များစွာတစ်လျှောက်လုံး ကောင်းကင်ရုပ်ခန္ဓာစာရင်းသည် မပြောင်းမလဲ တည်ရှိနေလေသည်။ တချို့အချက်အလက်များအရ ဤစာရင်းသည် ကမ္ဘာဦးခေတ်ကာလကတည်းက တည်ရှိခဲ့ကြောင်း ဆိုကြပြီး မှတ်တမ်းကို တစ်ခါမှ မပြောင်းလဲဖူးပေ။

သို့သော် ယနေ့ ဝမ်ဝေ့ဟု ခေါ်ဆိုသူက လုပ်နိုင်ခဲ့လေပြီ။ ကမ္ဘာရှိ ကျင့်ကြံသူအားလုံးက ထိုလူက ဘယ်သူလဲဟု စတင်ရှာဖွေလာကြသည်။ သိပ်မကြာခင် ဝမ်ဝေ့၏ သတင်းများက အသင်္ချေအင်ပါယာကမ္ဘာအတွင်း အင်အားစုအားလုံး၏ လက်ထဲ ရောက်သွားတော့သည်။

နှစ်များစွာကြာမြင့်ပြီးနောက် လူများစွာက ဒီနေ့ရက်ကို ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် အသရေတင့်ဖွယ် အချိန်၏ အစပြုမှုဖြစ်ကြောင်း ဆိုကြသည်။

All Chapters