နိဗာနကိုးပါး သွေးချီ
Vol. 5 Ch. 69
အခန်း(၆၉) : နိဗာနကိုးပါး သွေးချီ
ဝမ်ဝေ့က ကျန်းကိုးဆယ်အမြင့်ရှိ မျှော်စင်ကို တအံ့တဩ ကြည့်နေမိသည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ အထဲဝင်သွားလိုက်သည်။ တိုက်ပွဲမျှော်စင်က ဂိုဏ်းအတွင်း အကျိုးပြုအမှတ် မလိုအပ်သည့် နေရာအနည်းငယ်ထဲမှ တစ်ခု ဖြစ်လေသည်။
ဤစည်းကမ်းက တပည့်များ သူတို့တိုက်ခိုက်ရေး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ချမှတ်ပေးထားခြင်း ဖြစ်သည်။ မျှော်စင်ကို ခက်ခဲမှုအဆင့်အမျိုးမျိုး ခွဲခြားထားပြီး တပည့်များက အဆင့်တစ်ခုအောင်သွားသည့်အခါ အကျိုးပြုအမှတ်များ ဆုချခံရသည်။
မျှော်စင်ထဲ ဝင်ရောက်ပြီးနောက် ဝမ်ဝေ့က သူတစ်ယောက်တည်း တိုက်ပွဲစင်မြင့်ပေါ် သီးသန့်နေရာဆီ ရောက်နေပြီး တစ်ယောက်ယောက်က သူ့ကို စောင့်နေကြောင်း မြင်လိုက်ရသည်။ ထိုလူက ကိုးလွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်တွင် ရှိသေးကြောင်း သိလိုက်ရ၏။
သူက ထိုလူသည် လူတစ်ယောက်ကဲ့သို့ ကွက်တိတူနေသည့် တစ်စုံတစ်ခု ဖြစ်ကြောင်း သိလေသည်။ အကြောင်းမှာ တိုက်ပွဲမျှော်စင်မှ ဖန်တီးထားသည့် ရုပ်သေးရုပ်များ ဖြစ်၏။
ဝမ်ဝေ့က တစ်ဖက်လူကို ကြည့်လိုက်ပြီးနောက် လွှားခနဲ ပြေးသွားလိုက်သည်။ ထို့နောက် သူက ချက်ချင်းဆိုသလို သူတို့ကြား မီတာနှစ်ဆယ်လောက်သာ ကွာဝေးတော့သည့်အထိ ရောက်သွားပြီး လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
ဝမ်ဝေ့က လက်သီးတစ်ချက်တည်းဖြင့် သွေးချီအားလုံးကို စုစည်းကာ ကျင်သုံးသောင်းခြောက်ထောင်ထက် ပိုသော ခွန်အားဖြင့် ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
တိုက်ပွဲကို အနိုင်ရပြီးနောက် ဝမ်ဝေ့က အသံတစ်သံကို ကြားလိုက်ရသည်။
“ အဝါရောင်အဆင့် ခက်ခဲမှုကို ကျော်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ နက်နဲအဆင့် ခက်ခဲမှုကို စမ်းသပ်ချင်ပါသလား ”
ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည့်အခါ ပျက်စီးနေသော အရုပ်က ပျောက်ကွယ်သွားပြီး ဆယ်ခု အသစ်အစားထိုးရောက်လာသည်။
ကိုးလွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် အရုပ်ဆယ်ရုပ်ကို ကြည့်လိုက်ကာ ဝမ်ဝေ့က စိတ်လှုပ်ရှားလာမိသည်။ သူက တစ်ဖက်သည် အစီအရင်လိုမျိုး အတူတကွ ပေါင်းစည်းတိုက်နိုင်ကြောင်း သိလိုက်သည်။
ဝမ်ဝေ့က အနီးဆုံးဆီ ပြေးသွားလိုက်ပြီး အားပြင်းပြင်း လက်သီးဖြင့် ထပ်ထိုးချလိုက်သည်။ သို့သော်လည်း ဒီတစ်ကြိမ် ပထမတစ်ခေါက်လိုမျိုး မလွယ်ကူပေ။
အရုပ်က ဝမ်ဝေ့၏ လက်သီးချက် ခံယူလိုက်သည်နှင့် အားအများစုကို ခန္ဓာကိုယ်မှတဆင့် မြေပြင်ဆီ လွဲပေးကာ လျော့ချလိုက်နိုင်သည်။ ထို့နောက် အရုပ်သေးရုပ်လုံး ဝိုင်းတိုက်ကြ၏။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ပိုမို တက်ကြွလာသည်။ သူက အာရုံစူးစိုက်အခြေအနေထဲ ဝင်ရောက်ကာ အရုပ်များ၏ လှုပ်ရှားမှုများကို ခန့်မှန်းရင်း စတင်ရှောင်ရှားလိုက်သည်။
သူက တိုက်ခိုက်မှု ဆယ်ခုလုံးကို ရှောင်ရှားသည့်အခါ အရိပ်ပဲ မြင်ရလောက်အောင်အထိ အလွန်မြန်ဆန်လှသည်။ သူတို့က ဘက်ပေါင်းစုံမှ ဝင်လာကြသည်။ ဆယ်ယောက်လုံးက သဟဇာတ ဖြစ်လှသည်။ သို့သော်လည်း ဝမ်ဝေ့က အခံဘက်ချည်းပဲ မနေဘဲ ပြန်တိုက်ခိုက်လိုက်သည်။
ဝှစ် ဝှစ်
သူ့လက်သီး လေဟုန်ခွင်းသွားသည့် အသံပင် ကြားနေရပြီး ဆက်တိုက် တိုက်ခိုက်နေသည်။ သို့သော်ငြား အကုန်အသုံးမဝင်ပေ။ သူ့တိုက်ကွက် အင်အားအကုန် ဦးတည်ချက်ပြောင်းခံလိုက်ရသည်။ သူ့တိုက်ခိုက်မှုများ အလုပ်မဖြစ်သည်ကို မြင်ကာ နည်းဗျူဟာ ပြောင်းလိုက်သည်။
သူက ခွန်အားအကုန် စုစည်းကာ နောက်ထပ် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ ဤတစ်ကြိမ် အရုပ်များဆီ မဟုတ်ဘဲ မြေပြင်ဆီ ဦးတည်လိုက်၏။
ကျင်သုံးသောင်းခြောက်ထောင် ခွန်အားဖြင့် အရုပ်များအပါအဝင် နေရာတစ်ခုလုံးက ထိန်းမရနိုင်အောင် တုန်ခါလာသည်။ ဝမ်ဝေ့က သူတို့ ခြေမငြိမ်မှုကို အခွင့်ကောင်းယူကာ တစ်ယောက်ဆီ ပြေးသွားလိုက်သည်။ သူက အားအပြည့်ဖြင့် ထိုးချလိုက်သည်။ သို့သော် အရုပ်ကို တန်ပြန်အားအား မြေကြီးဆီ လွဲပြောင်းခွင့် မပြုတော့ပေ။
ဝမ်ဝေ့က သူ့အင်အား ဦးတည်ချက်အပြောင်းခံရတော့မည်မှန်း ခံစားမိလိုက်သည့်အချိန် သူ့သွေးချီကို လက်ထဲ မြစ်တစ်စင်းလို စီးဆင်းစေကာ ယခင်ခွန်အားပေါ် နောက်ထပ်ခွန်အားကို ထုတ်ဖော်လိုက်သည်။
ဤနည်းဖြင့် သူ့လက်သီးချက်တွင် စုစုပေါင်း ၇ သောင်း ၂ ထောင် ကျင် ခွန်အားရှိသွားပြီး အရုပ်များထက် သာလွန်သွားလေပြီ။
ဝုန်းခနဲအသံနှင့်အတူ အရုပ်က အပိုင်းအစများစွာအဖြစ် ပြိုကွဲသွားပြီး သူ့လက်သီးချက်မှ အင်အားကို မြေကြီးဆီ လွဲပြောင်းမပေးနိုင်လိုက်ပေ။ သို့သော် ဝမ်ဝေ့က မထိမရှိ အကောင်းအတိုင်း မဟုတ်ပေ။ သူ့လက်မောင်းရှိ ကြွက်သားက စုတ်ပြဲသွားပြီး သူ့ခန္ဓာကိုယ်မှ သွေးချီများက အသက်ရှိုက်စာအနည်းငယ် ထိန်းချုပ်မှုကင်းလွတ်သွားလေသည်။
သူ့သွေးချီကို ပြန်ထိန်းပြီးနောက် သူက စုတ်ပြဲသွားသည့် ကြွက်သားကို အားဖြည့်ဖို့ သုံးလိုက်သည်။ မိနစ်ပိုင်းလေးအတွင်း သူက အများစု ပြန်ကောင်းသွားလေပြီ။
ဝမ်ဝေ့က နေရာမှာတင် ထုတ်ဖော်လိုက်သည့် ထိုတိုက်ကွက်၏ ရလဒ်ကြောင့် အတော်လေး အံ့ဩမိသည်။ သို့သော်လည်း တန်ပြန်အကျိုးဆက်က အတော်လေး ပြင်းထန်လှ၏။ သူက ဒီနည်းလမ်းအား အလွယ်လေး အသုံးမပြုဘဲ ဝှက်ဖဲအနေနှင့် သိမ်းထားဖို့ ဆုံးဖြတ်လိုက်သည်။
သူက သူ့ဘာသာ ကုသနေစဉ် တိုက်ပွဲစင်မြင့်လည်း လှုပ်ခါမှု ရပ်တန့်သွားကာ အရုပ်များက ခြေပြန်ငြိမ်သွားကြသည်။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်က ဖျက်ဆီးခံလိုက်ရလေပြီ။
ဝမ်ဝေ့က ကျန်ရှိနေသော အရုပ်ကိုးရုပ်ကို ကြည့်လိုက်ပြီး တိုက်ပွဲကို မြန်မြန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့အား လက်သီးဖြင့် ချိန်ရွယ်နေသည့် အနီးဆုံးအရုပ်ဆီ ပြေးသွားလိုက်သည်။
ဝမ်ဝေ့က လက်သီးချက်ကို ရှောင်ကာ ညာဘက်လက်ဖြင့် အရုပ်ခေါင်းကို ကိုင်လိုက်ပြီး ခြေမွပစ်လိုက်သည်။ ထို့နောက် သူက ပျက်စီးသွားသော အရုပ်ကို မြေပေါ် အမှိုက်လိုမျိုး လွှင့်ပစ်ကာ နောက်ထပ် ပစ်မှတ်ဆီ ဦးတည်လိုက်သည်။
သူက ခြေထောက်မှ ကြွက်သားအားလုံးကို အသုံးပြုကာ အရှိန်ကို မြင့်လိုက်သည်။ သူ့လမ်းကြောင်း၌ အရိပ်သာ ချန်ထားခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းလေးအတွင်း မီတာသုံးဆယ်ကျော် ရောက်သွားလေသည်။
သူက ပုံမှန်အတိုင်း လက်သီးချက် ထုတ်မည့်အစား လက်ဖဝါးဖြန့်လိုက်ပြီး လက်ငါးချောင်း လှံသဏ္ဍာန်လိုမျိုး လုပ်လိုက်သည်။ ထို့နောက် သွေးချီများက သူ့လက်ချောင်းများဆီ ပို့လွှတ်လိုက်ပြီး သန်မာလာစေကာ အရုပ်၏ နှလုံးကို ထိုးဖောက်ပြီး ဆွဲနှုတ်ပစ်လိုက်သည်။
ထိုအရုပ်ကို ထိုးဖောက်လိုက်ပြီးနောက် တခြားအရုပ်က ဝမ်ဝေ့အား ကန်ချက်ပြင်းပြင်းဖြင့် တိုက်ခိုက်လာသည်။ သူက မရှောင်လိုက်ဘဲ အားအပြည့်ဖြင့် ပြန်တားလိုက်ပြီး ခြေထောက်ကို ကိုင်ထားလိုက်သည်။ သူက လေထဲကိုင်မြောက်ကာ မြေကြီးနှင့် ဘယ်ညာ မိတ်ဆက်ပေးလိုက်သည်။
ဘန်း ဘန်း ဘန်း
ဝမ်ဝေ့က ရုပ်သေးရုပ်များအား ကလေးအရုပ်လိုမျိုး ဆက်ဆံကာ မြေပြင်ပေါ် ငါးကြိမ်မက ကိုင်ပေါက်ပစ်လိုက်သည်။
သို့သော်လည်း သူက မရပ်တန့်သေးပေ။ ထို့အစား သူက ကျန်ရှိနေသော အရုပ်များဆီ ပြေးသွားကာ သူ့လက်အား လက်နက်အဖြစ် အသုံးချကာ တစ်ခုပြီး တစ်ခု ဖျက်ဆီးပစ်လိုက်သည်။ သူက လက်ကို တူအဖြစ် အသုံးပြုကာ ကျန်ရှိနေသော အရုပ်များအား ခြေမွပစ်လိုက်သည်။ ထိုကြမ်းတမ်းခက်ထန်သည့် နည်းလမ်းဖြင့် သူက နက်နဲအဆင့် ခက်ခဲမှုကို အောင်မြင်သွားတော့သည်။
တိုက်ပွဲအပြီးတွင် ဝမ်ဝေ့က အသက်ပြင်းပြင်းရှုလိုက်ရသည်။ သူ့အသားရေက ဖြူဖျော့နေပြီး သွေးချီလည်း ကုန်ခမ်းတော့မလို ဖြစ်နေသည်။
ဝမ်ဝေ့က သူ့လက်ကို ငုံ့ကြည့်လိုက်ပြီး တင်းတင်းဆုပ်ထားမိလိုက်သည်။ သူ့ခွန်အားမှာ သွေးချီမပါရှိလျှင် ကျင်တစ်ထောင်လောက်သာ ကျန်ရှိတော့လေသည်။ သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏ “ငါ့ခန္ဓာကိုယ်က တကယ်ကြီး အားနည်းနေတာပဲ ”
သွေးချီမပါရှိဘဲ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူများက အတော်လေး အားနည်းကြလေသည်။ ဝမ်ဝေ့က ကျင့်ကြံဆင့်မြင့်များအတွက်လည်း အတူတူ ဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်သည်။
အနာဂတ်ကျ ငါ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းအပေါ် ပိုအာရုံစိုက်ထားသင့်တယ် … အဲဒါမှ ငါ ခန္ဓာကိုယ်ထဲ ချီမရှိတော့တဲ့ အခြေအနေရောက်သွားခဲ့ရင် လုံလောက်တဲ့ တိုက်ပွဲခွန်အား ရှိနေဦးမှာ ..
ထို့နောက် သူက တင်ပျဉ်ခွေထိုင်ကာ ကြွက်သားများ ပြန်ကောင်းမွန်လာစေရန် သိုလှောင်လက်စွပ်ထဲမှ တော်ဝင်စမ်းရည်တစ်စက်နှင့် သွေးချီအားဖြည့်ဆေး တစ်လုံးပါ ထုတ်ယူလိုက်သည်။
သူ့လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်ပြီး ဝမ်ဝေ့က သူ့ဘိုးဘေး ဖန်တီးခဲ့သည့် မူလလမ်းစဉ် နည်းစနစ်သည် သူ့ယခင်ဘဝမှ သိုင်းပညာများနှင့် ဆင်ကြောင်း ရုတ်ချည်း သဘောပေါက်သွားလေသည်။
ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်နှင့် အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်တို့တွင် ကျင့်ကြံသူများက မိုးမြေမှ ဝိညာဉ်ချီကို တိုက်ရိုက် မစုပ်ယူနိုင်သေးသလို အသုံးမပြုနိုင်သေးပေ။ သူတို့က အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် မရောက်မချင်း မူလရင်းမြစ် ကျောက်တုံးမှ ဝိညာဉ်ချီပင် မစုပ်ယူနိုင်သေးပေ။
နမူနာအားဖြင့် ယခု ဝမ်ဝေ့ သွေးချီ ပြန်အားဖြည့်ဖို့အတွက် ဆေးသောက်ရမည်။ သူ ကျင့်ကြံနေသည့်အခါ၌ ပြုမူသည့် ယောဂလို ပုံစံနှင့် ကျမ်းများက ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို စုပ်ယူနိုင်အောင် ခွင့်ပြုပေးထားသည်။
ဝမ်ဝေ့က သူ့ဘိုးဘေးသည် ဒီနည်းစနစ်ကို ကျင့်ကြံဖို့အတွက် စံနှုန်းကို လျော့ချနိုင်ရန် ရည်ရွယ်ထားသည်မှန်း ခန့်မှန်းမိလိုက်သည်။ တစ်ယောက်ယောက်က စွမ်းအင် ထိန်းထားပေးနိုင်မည့် အလုံခန္ဓာကိုယ် ရှိနေသရွေ့ မူလနည်းစနစ်ကို စတင်ကျင့်ကြံနိုင်လေသည်။
ဖြစ်စဉ်အတွင်း အဆင့်တစ်ခုချင်းစီ၌ ဝိညာဉ်ချီနှင့် ရင်းနှီးကျွမ်းဝင်လာစေပြီး အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ရောက်သည့်အခါ ကောင်းကောင်း အာရုံခံနိုင်လာပြီး ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။
မူလနည်းစနစ်က အားနည်းသူရော၊ အားကောင်းသူပါ ကျင့်ကြံနိုင်သည့် သိုင်းပညာမျိုးနှင့် မတူသော်လည်း နောက်ပိုင်းအဆင့်များ၌ ပိုမို ပြည့်စုံကာ အားကောင်းလာစေသည်။
အသင်္ချေအင်ပါယာအလွှာက အားကောင်းနေသည်မှာ မဆန်းတော့ပေ။ ဝမ်ဝေ့က တွေးလိုက်မိ၏။ ဤမူလနည်းစနစ်ဖြင့် ကမ္ဘာရှိ ကျင့်ကြံသူအရေအတွက်မှာ ကြောက်ခမန်းလိလိ ဖြစ်လာပေမည်။ သူတို့က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသောကြောင့် တစ်ကမ္ဘာလုံး သို့မဟုတ် အဖွဲ့အစည်းတစ်ခုလုံးက တိုက်ပွဲကြား၊ အရှုပ်အထွေးကြားမှတဆင့် အဆင့်မြင့်တက်လာနိုင်သည်။
ဝမ်ဝေ့က မဟာဧကရာဇ်များ၏ သဘာဝဗီဇကို ရုတ်ချည်း သဘောပေါက်သွားသည်။ ဧကရာဇ်က ကူအင်းစက်ဘုရင်နှင့် တူ၏။ ဒီကမ္ဘာကြီးက အဆိပ်ရှိ ကူများကို မွေးထားသည့် လှောင်ချိုင့်ကြီးတစ်လုံးဖြစ်လေသည်။ ကျင့်ကြံသူအားလုံးက တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ကာ အနိုင်ရသူက အားလုံးကို ကျော်လွန်ပြီး ကူဘုရင် ဖြစ်လာကာ လှောင်ချိုင့်မှ ထွက်သွားနိုင်မည့် လွတ်လပ်မှုနှင့် အဆုံးမဲ့ စွမ်းအားကို ရရှိလာလိမ့်မည်။
အကယ်၍ နောက်ဆုံး အနိုင်ရသူ ဖြစ်မလာလျှင် စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်၏။ ကူဘုရင်လက်တွင် ဖြစ်စေ ဒါမှမဟုတ် တခြားကူအင်းစက်များ လက်ဖြင့် ဖြစ်စေ၊ အသက်ကြီး၍ ဖြစ်စေ သို့မဟုတ် နာမကျန်း၍ ဖြစ်စေ သေသွားနိုင်သည်။
မူလနည်းစနစ် ဖန်တီးမှုဖြင့် ကမ္ဘာကြီးက အားကောင်းသည့် ကျင့်ကြံသူများကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်မည့် နည်းလမ်း ဖန်တီးလိုက်သည်။
ဝမ်ဝေ့က တစ်ကမ္ဘာလုံးသည် မဟာဧကရာဇ်ကို လေ့ကျင်ပေးသည့်အတွက် အကျိုးမြတ်တချို့ လက်ခံရရှိကောင်း ရရှိလိမ့်မည်ဟု မှန်းဆမိလိုက်သည်။
ဘာလဲဆိုတာတော့ သူလည်း မမှန်းဆတတ်ပေ။ အကယ်၍ တစ်ရက် သူသာ ပုလ္လင်ပေါ် ထိုင်နိုင်ခဲ့လျှင် အဖြေကို သိလာနိုင်သည်။
တစ်နာရီလောက်အနားယူပြီးနောက် ဝမ်ဝေ့က သူ့ဒဏ်ရာနှင့် သွေးချီ လစ်ဟာမှုမှ ပြန်ကောင်းလာလေပြီ။ ထို့ကြောင့် သူက မြေကမ္ဘာအဆင့် ခက်ခဲမှုကို စိန်ခေါ်လိုက်သည်။