← Chapters

အစ်ကိုယုံဝိညာဉ်လွင့်မတတ်! သူဌေးလက်သစ် မမိုက်ရဲတော့!

Vol. 58 Ch. 870

အစ်ကိုယုံဝိညာဉ်လွင့်မတတ်! သူဌေးလက်သစ် မမိုက်ရဲတော့!

Vol. 58 Ch. 870

"ဗင်းနစ်က စိန်ဥက္ကဌ အစ်ကိုယုံက ဒီညရှင်းပါမယ်တဲ့!''

ဘားထဲမှဖောက်သည်များကလည်း ဗင်းနစ်အဖွဲ့ကိုတပြိုင်တည်းကြည့်လိုက်ကြသည်။

ဘားထဲတွင် ဖောက်သည်များကိုအဆင့်အတန်းခွဲထားသည်။ သာမန်ဖောက်သည်က သာမန်ဖောက်သည်ပင်။ ရေရှည်ဖောက်သည်ဖြစ်လျှင် အနက်ရောင်ကတ်ရနိုင်သည်။

အဆင့်မြင့်ဖောက်သည်က ပိုက်ဆံများများသုံးရသည်။

Esmi ကို အလယ်အလတ်မှအနိမ့်တန်းနိုက်ကလပ်ဟုယူဆနိုင်သော်လည်း စိန်ဥက္ကဌဖြစ်အောင် တစ်ခါတည်းယွမ် ၂၀၀၀၀၀ ကျော်ဖြည့်ဖို့လိုသည်။

ထိုကတ်နှင့်ထိုင်နေသရွေ့ ဘားထဲရှိဖန်သားပြင်ကြီးပေါ်တွင် အစုတစ်စု၏စိန်ဥက္ကဌအကြောင်းများကိုမီးထိုးပြထားသည်။

ဘားထဲတွင်ပျော်ပါးနေသောမိန်းကလေးများကလည်း ဘယ်သူ လူချမ်းသာမှန်းသိသည်။ အတူတူသောက်ဖို့ဖြစ်ဖြစ်၊ သူဌေးသားဖမ်းဖို့ဖြစ်​ဖြစ်၊ အပျော်သက်သက်ပဲဖြစ်ဖြစ်၊ အားလုံးက သူနှင့်လိုလိုလားလားပျော်ပါးချင်ကြသည်။

နောက်ပြီး စိန်ဥက္ကဌကတ်နှင့် အားလုံးအတွက်ရှင်းနိုင်သည်။ အနိမ့်မှအလယ်အလတ်တန်းစျေးကွက်ထဲဆိုရင်တောင် သူ့ကိုလူချမ်းသာဟုယူဆရမည်။ တစ်ခါရှင်းရင် သိန်းချီမှသန်းချီအထိကျနိုင်သည်။

တက်ကြွနေသောအငွေ့အသက်များကြားတွင် DJ သံကြားရပြန်သည်_

"အားလုံးပဲ... ကျွန်တော်နဲ့လိုက်အော်ကြပါ... အစ်ကိုယုံ ကောင်းတယ်!''

"အစ်ကိုယုံ!''

DJ သံရပ်သည်နှင့် ပတ်ပတ်လည်မှအသံများညံလာသည်။

"ကောင်းတယ်!"

"အစ်ကိုယုံ!" DJ။

"ကောင်းတယ်!"

သူတို့အားလုံးပျော်နေကြသည်။ ဒီလိုအမူးသမားသူဌေးလက်သစ်နှင့်ကြုံလျှင် အားလုံးကမျက်နှာသာပေးပြီးထောက်ခံကြသည်။ ပျော်စရာကောင်းဖို့က အရေးအကြီးဆုံး။

ကျန်းလင်းလင်းကချက်ချင်း ဘားမှမိန်းကလေးတချို့ကိုအချက်ပြလိုက်ရာ သူတို့ကအစ်ကိုယုံနားရောက်သွားကြသည်။

နောက်ပြီး ကျန်းလင်းလင်းခေါ်ထားသောမိန်းကလေးများသာမက ဘားမှမိန်းကလေးများပါရောက်သွားကြသည်။

ဘားလာနေကျမိန်းကလေးတွေက အချဉ်မဟုတ်။ ဒီလိုသူဌေးကြီးနဲ့တွေ့မှတော့ သွားဂုဏ်ပြုပြီး မြူဆွယ်ရမှာပေါ့။ သူဌေးပျော်ရင် ယွမ် ၅၀၀၀ တန်ဝတ်ရုံပြာ၊ ဒါမှမဟုတ် ယွမ် ၁၀၀၀၀ တန် ဘုရင်မခြုံလွှာတောင်ရနိုင်သည်။

တခဏအတွင်း အစ်ကိုယုံကိုမိန်းကလေးများဝိုင်းနေသည်။ အားလုံးက သူ့ကိုကပ်ချင်သလိုကပ်နေကြ၏။

အစ်ကိုယုံရှေ့တွင်ကနေသော ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်လူတွေတောင်ရှိနေပြီ။

အစ်ကိုယုံက ပဲများမနေ။ သူသဘောကျသောမိန်းကလေးကိုဖက်ပြီး ပလူးပလဲလုပ်တော့သည်။ အဓိကက ပျော်ရဖို့။ ဒါသူ့ဘဝဆောင်ပုဒ်ပင်။

DJ က အော်ပြန်သည်_

"အစ်ကိုယုံ... တော်လိုက်တာ! အသံတွေကြားပါရစေဦး! ဒီည ကြယ်တွေလင်းလက်နေတယ်!''

ထိုအချိန်တွင် အစ်ကိုယုံနားမှမိန်းကလေးများက တပြိုင်တည်းထအော်သည်_

"တို့ရင်ထဲမှာ အချစ်တွေအပြည့်ပဲ!''

DJ: ''လုပ်ဟေ့... မြစ်ကဝေ့ဝိုက်ပြီး အရှေ့ကိုစီးဆင်း!''

မိန်းကလေးများ: ''အစ်ကိုယုံ! အစ်ကိုယုံ!''

ပတ်ဝန်းကျင်က အတော်လေးအသက်ဝင်လှုပ်ရှားနေသည်။



အစ်ကိုယုံကလည်း သူ့ဘေးနားမှမိန်းကလေးများကို စေ့စေ့လိုက်ကြည့်သည်။

ဒီည သူသော*က်ကောင်ကြီးလုပ်ထားမှတော့ နှစ်ယောက်သုံးယောက်လောက်ခေါ်သွားရမှာပေါ့ ဟုတ်ဘူးလား?

ဘာပဲဖြစ်ဖြစ် ယွမ်သိန်းချီကိုအလကားလွှင့်မပစ်နိုင်။

"အစ်ကိုယုံ... ဂုဏ်ပြုပါတယ်!''

တချို့မိန်းကလေးများက အစ်ကိုယုံကိုဂုဏ်ပြုနေကြပြီ။

အစ်ကိုယုံက တပြုံးပြုံးနှင့်လက်ခံသည်။ သူ့မျက်လုံးများက ဝိုင်သောက်ရန်ရောက်လာခြင်းမဟုတ်သောမိန်းကလေးနှစ်ဦးကိုစိုက်ကြည့်ပြီး_

"ဒီည ကြိုက်သလောက်သောက်ကြ... ငါရှင်းမယ်''

တချို့မိန်းကလေးများက အချင်းချင်းကြည့်ပြီး စလှုပ်ရှားသည်။

မိန်းကလေးတစ်ယောက်က အစ်ကိုယုံငှဲ့ပေးသောဝိုင်ခွက်ကိုယူပြီး ပါးစပ်ထဲဖြည်းဖြည်းချင်းမော့လိုက်သည်။

မိန်းကလေးတချို့က တခြားစားပွဲများသွားပြီး အဆင့်မြင့်သောက်စရာများနှင့်ထိုင်ခုံများကိုသာနေရာယူကာ သိမ်သိမ်မွေ့မွေ့ဂုဏ်ပြု၍သောက်ကြသည်။

မိန်းကလေးနှစ်ယောက်က ရမ်မာတစ်လုံးရှိသောစားပွဲဆီတမင်လျှောက်သွားပြီးထိုင်ကာ အလွန်အကျွံသောက်၍ဂုဏ်ပြုကြသည်။

ထိုစားပွဲတွင် ယောက်ျားသုံးလေးယောက်ရှိသော်လည်း သူတို့ကမကန့်ကွက်။ ဒီလိုသောက်နေရင် ဒီကောင်မလေးတွေခဏနေမူးတော့မည်။ ဒါဆိုခေါ်ရလွယ်သွားပြီ။

အမှန်ပင် မိန်းကလေးနှစ်ယောက်ကနည်းနည်းအသောက်များပြီး ခဏလေးနှင့်အရက်မူးနေပုံပေါက်လာသည်။

မိန်းကလေးတစ်ယောက်က ချက်ချင်းထတောင်းပန်ပြီး သန့်စင်ခန်းဘက်ပြေးသွား၏။

သန့်စင်ခန်းထဲတွင် အိတ်ကပ်ထဲမှအမူးပြေမြက်တစ်ထုပ်နှိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

ဟိုအစ်မကျန်းလင်းလင်းပြောတာ ဒီဟာက အရက်မူးပြေတယ်ဆိုပဲ။

အမူးပြေမြက်တစ်ထုပ်လုံးမြိုချပြီးနောက် ချက်ချင်းမျက်စိကျယ်သွားသည်။ အာနိသင်ကအရမ်းမြန်သလိုခံစားရသည်။

စောစောက ရမ်မာအများကြီးသောက်ထားသောကြောင့် နောက်ဆက်တွဲလက္ခဏာတွေပြသင့်ပြီ။ အခု အမူးပြေမြက်တစ်ထုပ်စားလိုက်ပြီး ဘာမှမခံစားရတော့။

မိန်းကလေးကချက်ချင်း သန့်စင်ခန်းအပြင်ထွက်ပြီး ရမ်မာသောက်သောစားပွဲဆီအမြန်ပြန်သွားသည်။ မိန်းကလေးနောက်တစ်ယောက်က အခွင့်ကောင်းယူပြီး သန့်စင်ခန်းထသွား၏။

မကြာမီ ရမ်မာတစ်ပုလင်းလုံး မိန်းကလေးနှစ်ယောက်သောက်၍ကုန်သွားသည်။ သက်လတ်ပိုင်းယောက်ျားများမှာ အရင်သောက်ပြီးခေါင်းကိုက်နေသော်လည်း မိန်းကလေးနှစ်ယောက်ကမူးနေပုံမပေါက်သောကြောင့် ပိုခေါင်းကိုက်သွား၏။

ယောက်ျားတစ်ဦးကချက်ချင်း ရမ်မာနောက်တစ်ပုလင်းမှာလိုက်သည်။ သူဌေးကရှင်းမယ်ဆိုမှတော့ မမှာရင်နှမြောစရာ။

တစ်ချိန်တည်းမှာ တခြားစားပွဲမှဧည့်သည်များကလည်း ဒီညမိန်းကလေးတွေသောက်နိုင်ကြောင်း၊လုံးဝမမူးကြောင်း သိလာကြသည်။

ခါတိုင်း တစ်ညလုံးသောက်သောဝိုင်ကို ဒီညတစ်ကျိုက်တည်းမော့သောက်ကြသည်။

ဒီကောင်မလေးတွေ မဟုတ်တော့ဘူး။

အစ်ကိုယုံလည်း ပုံမှန်မဟုတ်ကြောင်းသိလာသည်။ သူ့စားပွဲပေါ်တွင် လရောင် ၁.၅ ကီလိုဂရမ်သုံးလေးပုလင်းရှိနေပြီ။ မိန်းကလေးတွေအများကြီးလာဂုဏ်ပြုရင်တောင် အကြာကြီးသောက်နိုင်သည်။ အခု အဲဒါတွေဘယ်ရောက်ကုန်လဲ?

အစ်ကိုယုံမှာလာပျော်ပါးနေတုန်း သိက္ခာကျ၍မဖြစ်သောကြောင့် လရောင်သုံးလေးပုလင်းထပ်မှာလိုက်သည်။ ရမ်မာတွေ၊ ခါးပတ်ပြာတွေ သူမကြိုက်။ သူကြိုက်တာ လရောင်။

လရောင်ထပ်ရောက်သောအခါ ဘားမှကောင်လေးများကပုလင်းကူဖွင့်ပေးကြသည်။ သို့သော်မကြာခင် လရောင်ထပ်ပြောင်သွားမှန်း အစ်ကိုယုံတွေ့လိုက်ရပြန်သည်။

သော*က်!

အစ်ကိုယုံလန့်သွားသည်။ ဒီည ကောင်မလေးတွေသောက်နိုင်လှချည်လား?

သို့ရာတွင် သူက ဝိုင်သုံးလေးပုလင်းကိုကပ်တွက်နေမည့်သူမဟုတ်၍ ဝိုင်ထပ်မှာရပြန်သည်။



ဘားထောင့်၌_

ဝမ်ရန်က ဘားထဲဖြစ်ပျက်နေသမျှကို ပြုံးပြုံးနှင့်ကြည့်လိုက်သည်။ သူကနိုက်ကလပ်ကစားသမားဖြစ်၍ ဘားထဲတွင်အရက်သောက်နှုန်းတက်နေမှန်းသိသည်။

ဘားပိုင်ရှင်က လက်ထဲဖုန်းကိုင်ပြီး အဖွဲ့လိုက်စကားပြောထဲမှစာများဖတ်ကာ ပြုံးဖြီးနေသည်။

ထိုအဖွဲ့က ဘားအတွင်းရေးအဖွဲ့ပင်။ အတွင်းဝန်ထမ်းက ပုလင်းအရေအတွက်ကိုအချိန်မရွေးစစ်ပြီး သူ့ကိုလည်း ညပိုင်းဘား၏စီးပွားရေးအခြေအနေကိုတိုက်ရိုက်တင်ပြသည်။

ပန်းကောက်သောမိန်းကလေးအဖွဲ့လည်းရှိသည်။ သူ့ကလပ်တွင်စာရင်းဝင်ထားသောမိန်းကလေးများက ပန်းရသောအခါ ဘားကို ၁၅% ကော်မရှင်ပေးရသည်။

လစာပေးသောဘားမျိုးလည်းရှိပြီး သူတို့က ၅၀% ယူသည်။

ကော်မရှင်ခက အလကားမဟုတ်။ ပြဿနာတက်ရင် ဘားလုံခြုံရေးကတာဝန်ယူပေးရသည်။ ပိုက်ဆံသိပ်မရှိသူက ယွမ် ၅၀၀၊ ၁၀၀၀ နှင့် မိန်းကလေးများကိုအပြင်ခေါ်သွားဖို့မဖြစ်နိုင်။

ဒီလိုလူမျိုးတွေက ကိုယ့်အတိုင်းအတာကိုယ်မသိဘဲ ပြဿနာရှာတတ်ကြသည်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ဘားကမိန်းကလေးတွေ ရုပ်မဆိုးရင်၊ကိုယ်လုံးကိုယ်ပေါက်လှရင် တစ်လတစ်လ အနည်းဆုံး ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ ရနိုင်သည်။ တချို့က တစ်လယွမ် ၅၆၀၀၀ လောက်ရသည်။

သူ့ဘားလာသောလူအများစုက သူတို့ဖြုန်းသလောက် ဝင်ငွေမရှိကြပေ။

အချိန်ကုန်လွန်သွားသည်။ မကြာမီ ၃ နာရီထိုးသွားသည်။ ဒီအချိန်လောက်ဆို ဘားထဲကဧည့်သည်များ စထွက်လောက်ပြီ။

နောက်ပြီး မိန်းကလေးများက ဒီအချိန်အလုပ်ဆင်းကြသည်။

အစ်ကိုယုံက ဒီမတိုင်ခင်အထိပျော်ပါးလေ့ရှိပြီး အခုမူးနေပြီ။

သူ့ဘေးတွင် မိန်းကလေးသုံးယောက်သာကျန်တော့၏။

ဒီသုံးယောက်ကိုသူမျက်စိကျထားပြီး ညအပြင်ခေါ်သွားချင်သည်။ တခြားမိန်းကလေးများက အလိုက်တသိထွက်သွား၏။

ဒီသုံးယောက်ကိုအပြင်ခေါ်သွားမည်။ ဘယ်လောက်ပေးရပေးရ ကိစ္စမရှိ။

အားလုံးသူရှင်းမည်ဆိုသောစကားကို ပြန်ရုတ်သိမ်းမည်မဟုတ်ပေ။ သူက ဘားမန်နေဂျာကိုလှမ်းခေါ်ပြီး_

"ဒီတစ်ခါ ဘယ်လောက်ကျလဲတွက်လိုက်!''

မန်နေဂျာကချက်ချင်း အစ်ကိုယုံကိုဘေလ်စာရွက်ပေးကာ_

"အစ်ကိုယုံ... ဒီညဘားမှာ စုစုပေါင်း ၃.၂ သန်းကျပါတယ်''

"ဘာ?''

ထိုစကားကြောင့် အစ်ကိုယုံမှာဝိညာဉ်လွင့်မတတ်ပင်။

နောက်နေတာလား? ခါတိုင်း တစ်ဘားလုံးမှ သိန်းဂဏန်းပဲကျတာ။ ဒီတစ်ခါကျ ယွမ်သုံးသန်းကျော်တဲ့?

ဘားမန်နေဂျာလည်း ဒီညကုန်ကျစရိတ်ကနည်းနည်းမယုံချင်စရာကောင်းနေသောကြောင့် အမြန်ရှင်းပြသည်_

"အစ်ကိုယုံ... ဒီည စားပွဲတိုင်းက အတော်သောက်ကြပါတယ်... အထူးသဖြင့် ဝိုင်သောက်ကြတာ... တခြားစားပွဲကပုလင်းအလွတ်တွေကိုတစ်ချက်ကြည့်လိုက်ပါ... စောင့်ကြည့်ကင်မရာလည်းရှိပါတယ်ဗျ!''

"မလိုဘူး!''

အစ်ကိုယုံ သက်ပြင်းသာချလိုက်သည်။

သူသိက္ခာမကျချင်။ ဘာပဲဖြစ်​ဖြစ် ဒီလိုအခြေအနေမှာ တခြားဝိုင်းတွေက အရမ်းကျသွားတာဖြစ်မည်။ ဒီကောင်တွေနဲ့တွေ့တာ ကံဆိုးတာပဲ။

Esmi ဘားမှာ အခေါက်တိုင်းလိုလို ဒေါ်လာသုံးလေးထောင်။ သို့သော် တစ်ခါတလေ သိန်းချီကုန်သောလူများနှင့်ကြုံတတ်သည်။

ဘယ်ထင်မလဲ?

သို့ရာတွင် ဒီည မိန်းကလေးတွေတကယ်သောက်နိုင်ကြောင်း သူလည်းသတိထားမိသည်။ သူ့စားပွဲမှာတင် ဝိုင်ပုလင်းတွေအများကြီး။

နောက်ပြီး အဲဒီထဲကမိန်းကလေးတချို့ဆို သူသိတောင်မသိ။

ဟုတ်တော့မဟုတ်သေးဘူး!

အစ်ကိုယုံက သူ့ကတ်ထုတ်ပြီး မန်နေဂျာကိုပေးလိုက်သည်။ အမှန်အတိုင်းပြောရရင် ယွမ်သိန်းဂဏန်းလောက်ရှင်းရတာ သိပ်မခံစားရသော်လည်း သုံးသန်းကျော်တစ်ခါတည်းပေးလိုက်ရသောအခါ ရင်နာမိသည်။

သူ့ကတ်နှင့်ရှင်းပြီး အစ်ကိုယုံကမိန်းကလေးသုံးယောက်နှင့်ထွက်သွားသည်။

ဘားပိုင်ရှင်ကပြုံးပြုံးပြုံးပြုံးနှင့် ဝမ်ရန်ကိုရှာပြီး ကတ်တစ်ကတ်ပေးကာ_

"ဒါရိုက်တာဝမ်... ဒီကတ်ထဲမှာ တစ်သန်းပါတယ်... လျှို့ဝှက်နံပါတ်က *****... သိပ်မများပေမဲ့ ကျေးဇူးတင်တဲ့အနေနဲ့ပါ''

သူ့ဘားတွင်အမြတ်အများဆုံးက ဝိုင်ဖြစ်သည်။ ဝိုင်အမြတ်က ၅၀% ဖြစ်သောကြောင့် ဒီည ယွမ်သုံးသန်းကျော်မှာ သူဘယ်လောက်မြတ်မလဲတွေးသာကြည့်တော့။

ဘာပဲဖြစ်​ဖြစ် သိတတ်တဲ့အနေနဲ့ ဒီယွမ်တစ်သန်းထုတ်ပေးတာ သူအရှုံးမရှိ။ နောက်ပြီး သူနဲ့ CEO ဝမ်ရဲ့ဆက်ဆံရေးက အတိုင်းအတာတစ်ခုရောက်နေပြီ။ သူ့ကိုပြုစုရင် ရှေ့လျှောက်ကစားဖို့ခေါ်လိမ့်မည်။

သူများပေါင်ကိုဘယ်လိုဖက်ရတယ်ဆိုတာ အရူးပဲမသိမှာ။

ဝမ်ရန်က ယွမ်တစ်သန်းကိုလုံးဝဂရုမစိုက်၍ ကျန်းလင်းလင်းလက်ထဲကတ်ပေးပြီး_

"ဒီပိုက်ဆံကို အားလုံးခွဲယူလိုက်ပါ!''

ကျန်းလင်းလင်းလည်းခေါင်းညိမ့်ပြီး Wechat အဖွဲ့ဖွဲ့လိုက်သည်။ မိန်းကလေးအားလုံးကို ချင်းလင်အမူးပြေမြက်အတွေ့အကြုံအဖွဲ့ထဲထည့်ပြီး စာပို့လိုက်၏_

"မနက်ဖြန် ကုမ္ပဏီကိုလာခဲ့ပါ... ယွမ်တစ်သန်းဆုချမယ်!''

Wechat အဖွဲ့ထဲတွင် လှလှပပပုံနှင့်မိန်းကလေးများက ရွှင်မြူးသွားပြီး_

"အစ်ကိုရန် ကောင်းတယ်!''

"အစ်ကိုရန် ၆၆၆!''

"အစ်ကိုရန်ကိုချစ်တယ်''

“……”

ယွမ်တစ်သန်းကို သူတို့အားလုံးအညီအမျှခွဲလိုက်ရင်တောင် နည်းနည်းနောနောမဟုတ်။ အနည်းဆုံးတော့ ဘေးပေါက်ကောင်းကောင်းလေးရသည်။

"ဒါရိုက်တာဝမ်... အမူးပြေမြက်တစ်သုတ်လောက်ပေးနိုင်မလား?''

ဘားပိုင်ရှင်ကပြုံးပြုံးနှင့် ဝမ်ရန်ကိုမေးသည်။

ဒီနေ့ အမူးပြေမြက်၏အာနိသင်ကိုမြင်ခဲ့ပြီ။ သူ့ဘားမှာသာ ဒီလိုပစ္စည်းမျိုးရှိရင် ငွေပုံပေါ်ခွထိုင်နိုင်ပြီ။

သို့သော် မင်စီရင်စုတွင် CEO ဝမ်မှာသာ ချင်းလင်ထုတ်ကုန်များရှိမှန်း သူလည်းသိသည်။

"အစ်မလင်းလင်းဆီမှာ တစ်ချက်ပြောကြည့်ပါ!''

ဝမ်ရန်ရဲ့ရည်ရွယ်ချက်က ထုတ်ကုန်ကြော်ငြာဖို့သာဖြစ်၍ သဘောမတူ။

ဘားပိုင်ရှင်က ကျန်းလင်းလင်းကိုပြုံးပြပြီး_

"အစ်မလင်းလင်း... ဒါဆို အစ်မကိုဒုက္ခပေးရမှာပဲ''

တကယ်တော့ သူကကျန်းလင်းလင်းထက်ကြီးသောကြောင့် အစ်မလင်းလင်းလို့ခေါ်ရင် မသင့်တော်။ သို့သော် တစ်ခါတလေ အသက်အရွယ်နှင့်မဆိုင်ပေ။

ဘာပဲ​ဖြစ်ဖြစ် ကျန်းလင်းလင်းက CEO ဝမ်ရဲ့မိတ်ဆွေပဲ။

ကျန်းလင်းလင်းက 'အစ်မလင်းလင်း'ဟုအခေါ်ခံရသည်ကို အလွန်သဘောကျသည်။ အစ်ကိုရန်က ရင်းနှီးသော​ကြောင့် အစ်မလင်းလင်းဟုခေါ်သည်။ ပြီးတော့ ဘားပိုင်ရှင်ကလေးစားသမှုနှင့်ခေါ်သည်။

ဒါတွေအားလုံးက ဝမ်ရန်နှင့်ရင်းနှီးသောကြောင့်ပင်။

ဒါ နိုက်ကလပ်မှာမရဖူးတဲ့ဂုဏ်သိက္ခာတွေ။ သူဌေးတချို့က သူမကိုသဘောကျပြီးလိုက်ရင်တောင် အလေးအနက်မထားကြ။

အခုတော့ တစ်ယောက်တည်းကိုသာ ကောင်းကောင်းပြုစုဖို့လိုသည်။ အိမ်ကိုပိုက်ဆံပို့ရင် 'ချင်းလင်ကုမ္ပဏီရဲ့ပင်မအရောင်းကိုယ်စားလှယ်ဆီမှာအလုပ်လုပ်တာ'ဟု ဂုဏ်ယူစွာပြောနိုင်ပြီ။

ကျန်းလင်းလင်းက ပိုင်ရှင်ကိုစာရင်းသွင်းပြီး ဝမ်ရန်နှင့်ဘားအပြင်ထွက်လာသည်။

ဘားအပြင်ဘက်တွင် ဝမ်ရန်ကအမူး​ပြေမြက်၏အာနိသင်ကိုမြင်ပြီးနောက် ရုတ်တရက်တစ်ခုခုတွေးမိပြီး ကျန်းလင်းလင်းအား_

"အစ်မလင်းလင်း... စတော့စျေးကွက်ကိုကိုင်တွယ်တတ်တဲ့လူ အသိရှိလား?''

All Chapters