Chapters

ဟင်းသီးဟင်းရွက်ကို ဆေးထင်လား? ၃

Vol. 58 Ch. 856

ဟင်းသီးဟင်းရွက်ကို ဆေးထင်လား? ၃

Vol. 58 Ch. 856

ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်? အဲဒါဘာလဲ?

ဝမ်ကူကသိချင်စိတ်နှင့် ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်များနား အမျိုးသမီးကိုခေါ်သွားရာ ထိုနေရာတွင်အရောင်းပလက်ဖောင်းများစွာတွေ့ရပြီး ဟင်းသီးဟင်းရွက်တစ်မျိုးစီကိုခင်းကျင်းပြထားသည်။

ထိုဟင်းသီးဟင်းရွက်များမှာ ခရမ်းသီး၊ မုန်လာဥဖြူ၊ မုန်ညင်းကဲ့သို့သော တွေ့မြင်နေကျဟင်းသီးဟင်းရွက်များဖြစ်သည်။

နောက်ပြီး ဟင်းသီးဟင်းရွက်အားလုံးမှာ မြင်ဖူးပြီးသားချည်း။

သို့ရာတွင် ဟင်းသီးဟင်းရွက်ဘေးနားရှိမိတ်ဆက်စာကြောင့် သူကြောင်သွားသည်။

(အမျိုးအစား: ခရမ်းသီး)

(ထုတ်ကုန်မိတ်ဆက်: အထူးခရမ်းသီးမျိုးဖြစ်ပြီး ချင်းလင်ဓာတ်ခွဲခန်း၏ထုတ်ကုန်အသစ်ဖြစ်သည်။)

(ဆေးဖက်ဝင်အာနိသင်: အပူလျော့စေခြင်း၊ အဆိပ်ပြေစေခြင်း၊ သွေးလှည့်ပတ်မှုကောင်းစေခြင်း၊ အရောင်ကျစေခြင်း။ အဆီဓာတ်မြင့်မားခြင်းကိုကုသရာတွင်လည်း အလွန်ထိရောက်သည်။)

ဆိုင်းဘုတ်မိတ်ဆက်ကြောင့် Eternal အံ့အားသင့်သွားသည်။

ဒီခရမ်းသီးက ဟင်းသီးဟင်းရွက်လေ၊ ဆေးမှမဟုတ်တာ?

နောက်ပြီး အဆီဓာတ်များတာက အသက်ကြီးသူတွေမှာဖြစ်လေ့ရှိတဲ့ရောဂါ။ အသက်ကြီးသူအတော်များများက သွေးတွင်းအဆီကျဆေးသောက်ရတတ်သည်။

မဟုတ်ရင် သွေးတွင်းအဆီဓာတ်မြင့်မားခြင်းက အလွန်အန္တရာယ်ရှိပြီး နှလုံးသွေးကြောရောဂါများနှင့်ဦးနှောက်သွေးကြောပိတ်ခြင်းတို့ဖြစ်လွယ်သည်။

စျေးကွက်ထဲရှိသွေးတွင်းအဆီချဆေးများမှာ လက္ခဏာကိုသာကုသနိုင်ပြီး အမြစ်မပြတ်ပေ။ ရောဂါသက်သာအောင်သာလုပ်နိုင်ပြီး အရှင်းမပျောက်။

ခရမ်းသီးလေးဟာကို၊ အဆီဓာတ်မြင့်မားတာလျှော့ချနိုင်တယ်ဆိုတော့ နည်းနည်းချဲ့ကားလွန်းရာမကျဘူးလား?

အဓိကက ခရမ်းသီးက ၅၀၀ ဂရမ်ကိုမှ ၁၀ ယွမ်တည်း။ တကယ်အဆီဓာတ်မြင့်သူက ဆေးရုံသွားစစ်ပြီး IV ချိတ်မည်၊ ဆေးတွေယူမည်။ ယွမ်ထောင်ချီမကုန်ဘဲမနေ။

အထူးသဖြင့် ဆေးရုံသွားရင်တန်းစီရမည်။ တစ်ခါတလေ တစ်မနက်လုံးကုန်တာတောင် ကိုယ့်အလှည့်မရောက်။ အသက်ကြီးသူများဖြစ်လျှင် အဆီဓာတ်မြင့်မားခြင်းကပိုဆိုးတတ်သည်။

ဘေးနားတွင် မုန်လာဥဖြူလည်းရှိသည်။

မုန်လာဥဖြူ:

(ထုတ်ကုန်မိတ်ဆက်: ချင်းလင်ဓာတ်ခွဲခန်းမှပျိုးထောင်သောထုတ်ကုန်အသစ်၊ အထူးဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည်။)

(ဆေးဖက်ဝင်အာနိသင်: အပူလျော့စေခြင်း၊ အဆိပ်ပြေစေခြင်း။

အစာအိမ်ရောင်ခြင်းနှင့်သွေးတက်ခြင်းကိုကုသရာတွင် အလွန်ထိရောက်သည်။)

ခရမ်းသီးက အဆီဓာတ်များတာလျှော့ချပေးပြီး မုန်လာဥဖြူက သွေးတက်တာလျှော့ချပေးသည်။

ဒီနှစ်ခုပေါင်းက အသက်ကြီးသူတွေကိုအန္တရာယ်အပေးဆုံးမလား?

ချင်းလင်စံအိမ်လာပြီး အသီးအရွက်တွေပဲစားရင်မကောင်းဘူးလား? ဘာလို့ဆေးရုံသွားနေမလဲ?

ဒီအတွေ့များတဲ့ရောဂါနှစ်ခုက ဆေးရုံတွေဝင်ငွေဖြောင့်တဲ့အဓိကလမ်းကြောင်းတွေ။

အမျိုးသမီးကလည်းသတိထားမိပြီး တအံ့တဩနှင့်_

"အစ်ကိုကူ... ဒီအသီးအရွက်တွေမှာ ဒီလိုအာနိသင်မျိုးတကယ်ရှိလား? ချင်းလင်စံအိမ်က တကယ်ကြော်ငြာဖို့လုပ်ထားတာလား?''

Eternal က ရေရွတ်လိုက်သည်_

"ရှိနိုင်တယ်မလား... ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လေ''

"အစ်ကိုကူ... ဒီရုံးပတီသီးတွေကိုကြည့်ပါဦး''

အမျိုးသမီးက Eternal လက်ကိုဆွဲပြီး ရုံးပတီသီးစင်ကိုပြသည်။

ချင်းလင်စံအိမ်ရဲ့ရုံးပတီသီးအာနိသင်ကို သိကြတာကြာပြီ။ ဒီတစ်ခါတော့ မိတ်ဆက်မှာပါ ယန်ဓာတ်နှင့်ကျောက်ကပ်ကိုအားကောင်းစေသောအာနိသင်ရှိကြောင်း ပေါ်တင်ရေးထားသည်။

"အစ်ကိုကူ... ရှင်ဒါလိုမယ်ထင်တယ်!''

အမျိုးသမီးက Eternal ကိုလှောင်သလိုကြည့်ရင်း_

"မနေ့ညက ရှင်အားသိပ်မရှိဘူးလေ''

ဟူး.. ဟူး!

Eternal ဆွံ့အသွားသည်။ သူပင်ပန်းနေလို့ ဟုတ်ပြီလား? တစ်နေကုန်ကားမောင်းပြီး လည်ပတ်ထားလို့ ပင်ပန်းနေတာ။

နောက်ဆုံး သူကအသာလေးလျှောက်သွားပြီး အိတ်ယူကာ ရုံးပတီသီးကိုစထုပ်တော့သည်။

နည်းနည်းလေးစားလိုက်ရင် ရပြီ။ ဘာပဲဖြစ်ဖြစ် ဒီအာနိသင်ကိုသိတာကြာပြီ။

"အစ်ကိုကူ... များများယူ''

အမျိုးသမီးကပြုံးစိစိနှင့်ပြောသည်။

"မင်းပြောတာနော်''

ဝမ်ကူမျက်နှာမှောင်သွားပြီး နောက်တစ်အိတ်ယူကာ ဆက်ထုပ်သည်။ ချင်းလင်စံအိမ်မှာ ရုံးပတီသီးအဝစားပြီ။

အရောင်းစင်တာတွင် အသစ်မိတ်ဆက်ထားသောဟင်းသီးဟင်းရွက်များကို ခရီးသည်များတစ်ယောက်ပြီးတစ်ယောက်မြင်သွားကြသည်။

မြင်သူတိုင်း နည်းနည်းကြောင်သွား၏။ ဟင်းသီးဟင်းရွက်ကိုဒီလိုမိတ်ဆက်ပေးတဲ့နေရာမျိုးတွေ့ဖူးတာ ဒါပထမဆုံးပင်။

ဟင်းသီးဟင်းရွက်တွေကို ဆေးလိုသဘောထားကြတာလား?