← Chapters

ချင်းလင်စံအိမ်က ဥပဒေချိုးဖောက်တယ်!

Vol. 58 Ch. 857

ချင်းလင်စံအိမ်က ဥပဒေချိုးဖောက်တယ်!

Vol. 58 Ch. 857

Eternal က ရုံးပတီသီးသုံးလေးအိတ်ယူပြီးထွက်လာချိန်တွင် ချင်းလင်စံအိမ်၏အရောင်းစင်တာအခြေအနေမှာ လိုင်းပေါ်ရောက်နေလေပြီ။

ချင်းလင်စံအိမ်က ဟင်းသီးဟင်းရွက်တွေကိုဆေးပင်လိုရောင်းနေတယ်!

ထိုဟင်းသီးဟင်းရွက်များ၏အာနိသင်ကိုလိုင်းပေါ်တင်လိုက်သောအခါ လုံးဝအုတ်အော်သောင်းတင်းဖြစ်သွားသည်။

မော်ဒန်ခေတ်တွင် လူတိုင်းက ဆေးရုံတက်ပြီးဝေဒနာကြာရှည်ခံစားရသည်။

ဟင်းသီးဟင်းရွက်မှာသာ ဒီလိုအာနိသင်မျိုးရှိရင် ရောဂါတွေဖြစ်လာတဲ့အခါ ဆေးရုံသွားနေဦးမလား?

ဒီဆွဲဆောင်ချက်ကတကယ်ကြီးသောကြောင့် အရောင်းစင်တာထဲတွင် ထိုဟင်းသီးဟင်းရွက်အသစ်များကိုလုယူကြသောဖြစ်ရပ်လည်းပေါ်ထွက်လာသည်။ အချိန်တိုအတွင်း အားလုံးရောင်းထွက်သွား၏။

ဟင်းသီးဟင်းရွက်ဝယ်သူများတွင် ဘာရောဂါမှမရှိ။ ဟင်းသီးဟင်းရွက်နာမည်ကြီးနေတုန်း ဝင်ယောင်ကြခြင်းသာ။

ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်ဗီဒီယိုများမှာ စကားသံတချို့နှင့်တသီကြီးထွက်လာသည်။

"ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်တွေလုယူထား!''

"ဒါချင်းလင်စံအိမ်ရဲ့ခရမ်းသီးပဲ... အိုး ဘုရား!''

"ဒီဟင်းသီးဟင်းရွက်က ရောဂါတွေကုနိုင်တယ်ဆိုပဲ!''

ထိုဗီဒီယိုများတွင် ချင်းလင်စံအိမ်အရောင်းစင်တာမှဘောင်ချာများတွဲပါသည်။ ဒါကြောင့်လည်း ချင်းလင်စံအိမ်နှင့်ဆက်စပ်သောဗီဒီယိုများလူတွေ့များလာပြီး ရေပန်းစားလာသည်။

ရုံချန်းစီရင်စု_

စွန်းရှန်လည်း ရေပန်းစားနေသောသတင်းကိုတွေ့သည်။ သူကချက်ချင်း ချန်လီကိုခေါ်မေးသည်_

"ချင်းလင်စံအိမ်ရဲ့နောက်ဆုံးရေပန်းစားနေတဲ့သတင်းကိုတွေ့ပြီးပြီလား?''

ချန်လီကခေါင်းညိမ့်ပြီး_

"အင်း.. တွေ့ပြီးပြီ... ချင်းလင်စံအိမ်မှာ ဒါမျိုးရှိမယ်လို့မထင်မိဘူး''

"ဟုတ်ပါ့''

စွန်းရှန်က_

"ပါမောက္ခလီခိုင်က တကယ်အံ့ဩစရာပဲ... သီးနှံပိုင်းမှာ ဘာမဆိုသုတေသနလုပ်နိုင်တယ်''

သူတို့နှစ်ဦးက ကြော်ငြာထားသောဟင်းသီးဟင်းရွက်၏ဆေးဖက်ဝင်အာနိသင်ကို သံသယမရှိ။ သူဌေးချင််ဘယ်လောက်သတိရှိလဲ အားလုံးထက်သူတို့ပိုသိသည်။ အာရုံစိုက်ခံရဖို့သက်သက်နှင့် အတုအယောင်ကြော်ငြာမျိုး သူလုပ်မှာမဟုတ်။

နောက်ပြီး ချင်းလင်စံအိမ်ကအာရုံစိုက်ခံရအောင် ဒီလိုဆွဲဆောင်စရာမလိုပေ။

"ချင်းလင်စံအိမ်မှာ ဟင်းသီးဟင်းရွက်အသစ်တွေစိုက်လို့ရမရ သိလား?''

စွန်းရှန်ကမေးသည်။

ချန်လီကရှင်းပြ၏_

"သတင်းထွက်ထွက်ချင်း သူဌေးချင်ကိုဖုန်းဆက်ကြည့်တော့ ဒီဟင်းသီးဟင်းရွက်အသစ်တွေကို မြှင့်တင်ဖို့အစီအစဉ်မရှိသေးဘူးပြောတယ်... ချင်းလင်စံအိမ်မှာပဲရဦးမယ်တဲ့''

စွန်းရှန်ကနားထောင်ပြီးခေါင်းညိမ့်ကာ ဆက်မမေးရဲတော့။

သူဌေးချင်က ဒီဟင်းသီးဟင်းရွက်တွေကိုရုံချန်းမှာစိုက်ပျိုးဖို့ သူမျှော်လင့်ထားသော်လည်း ဖိအားမပေးရဲ။ အရင်အကျိုးအမြတ်တွေနှင့်တင် ရုံချန်းကစားလောက်သောက်လောက်သည်။

အထူးသဖြင့် ချင်းလင်ကုမ္ပဏီက သူတို့စက်ရုံကိုရုံချန်းမှာတည်ထားသည်။

ဒီတော့ တခြားကိစ္စတွေမှာတိုက်တွန်းလိုက်ရင် နည်းနည်းလောဘကြီးရာကျပြီး မြင်မကောင်းတော့။ သူတို့ဆက်ဆံရေးတောင် ပျက်စီးနိုင်သည်။



ဟင်းသီးဟင်းရွက်အသစ်များမှာ အင်တာနက်ပေါ်တွင်နာမည်ကြီးလွန်းသောကြောင့် ချင်းလင်စံအိမ်ခရီးသည်များကစိတ်ဝင်စားနေကြသည်။

သို့ရာတွင် နောက်လူများ အရောင်းစင်တာသွားသောအခါ ဟင်းသီးဟင်းရွက်အသစ်များအားလုံးရောင်းကုန်သွားပြီဖြစ်၍ နောက်တစ်နေ့စောစောဝယ်ဖို့သာမျှော်လင့်ရတော့သည်။

ထိုလူများမှာ ရောဂါဘယမရှိ။ အပျော်ဝင်ပါခြင်း ဒါမှမဟုတ် ရေပန်းစားမှုနောက်လိုက်ကြခြင်းသာ။

ခရီးသည်အားလုံးက မျှော်လင့်နေတာတော့မဟုတ်ပေ။ ပြဿနာရှာတတ်သောခရီးသည်တချို့လည်း ရှိတတ်စမြဲပင်။

သတို့သမီးခန်း_

မိန်းကလေးများက ဟင်းသီးဟင်းရွက်အသစ်အကြောင်းဆွေးနွေးနေကြသည်။

"သိလား? ဒီခရမ်းသီးက အဆီကျစေတယ်!''

"အင်း... ဒီဟင်းသီးဟင်းရွက်တွေသာ တကယ်ရောဂါကုနိုင်ရင် ဆေးရုံကအနောက်တိုင်းဆေးလောကတော့ အလုပ်လုပ်ဖို့ခက်သွားပြီ"

"ဟုတ်တယ်နော်? ​ပြီးခဲ့တဲ့ ၂ နှစ်က ငါလည်းအဆီဓာတ်များလို့ဆေးရုံတက်ရသေးတယ်... ဆေးချိတ်ဖို့ ဆေးသောက်ဖို့ ယွမ်သုံးလေးထောင်ကုန်ခဲ့တာ... ပြဿနာက အနောက်တိုင်းဆေးနဲ့ရောဂါအမြစ်မပြတ်တာပဲ... အဲတော့ အဆီဓာတ်ကျအောင် ယွမ်သုံးလေးထောင်က ခဏခဏသုံးနေရတာ''

“……”

ထိုဆွေးနွေးသံများကြောင့် အသက် ၅၀ အရွယ်လူကြီးနှင့်အသက် ၃၀ အရွယ်လူငယ်တစ်ယောက် မကြည်မလင်နှင့် သတို့သမီးခန်းအပြင်ဘက်ထွက်လာသည်။

လူကြီးကနားထောင်ရင်း မျက်မှောင်ကြုတ်ကာ_

"ဘာတဲ့... ဟင်းသီးဟင်းရွက်နဲ့ရောဂါကုတာလား? ဒီချင်းလင်စံအိမ်ကမဆိုးဘူးထင်နေတာ... ကြည့်ရတာ အာရုံစိုက်ခံရအောင် ဘာမဆိုလုပ်မယ့်ပုံပဲ''

"ဆရာ... ကျွန်တော်တို့ ဒီကိစ္စလွှတ်ထားလို့မရဘူး''

လူငယ်ကမျက်မှောင်ကြုတ်ပြီးပြောသည်_

"အခုတလော ကျွန်တော်တို့ခက်ခဲနေတာ''

သူတို့နှစ်ယောက်ဝမ်းမသာနိုင်ခြင်းမှာ အနောက်တိုင်းဆေးလောကမှဖြစ်နေသောကြောင့်ပင်။ နောက်ပြီး အနောက်တိုင်းဆေးသုတေသနလောကမှဖြစ်သည်။

လူကြီးက ဂုဏ်သတင်းရှိသော အနောက်တိုင်းဆေးပညာပါမောက္ခ'ဖူရှင်းမင်'ဖြစ်လေသည်။

အခုတလော ဖူရှင်းမင်စိတ်မကြည်သောကြောင့် သူ့ကျောင်းသားများခေါ်ပြီး ချင်းလင်စံအိမ်သို့လာလည်ခြင်းပင်။

စိတ်မကြည်ရသည့်အကြောင်းရင်းမှာ အနောက်တိုင်းဆေးက အခက်တွေ့နေသောကြောင့်ပင်။

သူတို့သုတေသနလုပ်နေသောဆေးဝါးများက အဆီဓာတ်မြင့်ခြင်း၊ နှလုံးသွေးကြောရောဂါများ၊ ဦးနှောက်သွေးကြောပိတ်ရောဂါများနှင့်ဆက်စပ်နေသည်။

အဆီဓာတ်မြင့်ခြင်းနှင့်နှလုံးသွေးကြောရောဂါများကိုပြောစရာမလို၊ ဒီအတွက်ဆေးဝါးနှစ်မျိုး သူတို့ထုတ်နိုင်ခဲ့ပြီးပြီ။ ဦးနှောက်သွေးကြောပိတ်ခြင်းက သူတာဝန်ခံထားသောပရောဂျက်အဖွဲ့၏ အမြဲတမ်းအရေးအကြီးဆုံးသုတေသနပရောဂျက်ဖြစ်သည်။

သုတေသနအဖွဲ့၏ရံပုံငွေကျဆင်းလာသောအဓိကအကြောင်းရင်းလည်းဖြစ်သည်။

နောက်ပြီး ဒီသုတေသနရံပုံငွေကို အစိုးရထံနှစ်တိုင်းလျှောက်ရသည်။ ဦးနှောက်သွေးကြောပိတ်ခြင်းအတွက်ဆေးက အမြဲပြတ်လပ်နေသောကြောင့်ပင်။ ဦးနှောက်သွေးကြောပေါက်ခြင်းအတွက်တစ်ခုတည်းသောဆေးကို အရင်တစ်ခါ လျိုမိသားစုကမျက်စိကျခဲ့ပြီး အောင်မြင်စွာလက်ဝါးကြီးအုပ်နိုင်ခဲ့သည်။

အစက ဒီအပိုင်းမှာသုတေသနလုပ်ဖို့ ရံပုံငွေပိုလျှောက်ခွင့်ရသည်။ သို့သော် ရုတ်တရက်ကြီး ဦးနှောက်သွေးကြောပေါက်ကိုကုသနိုင်သော တရုတ်တိုင်းဆေးပေါ်လာမည်ဟု မထင်မိ။ အစိုးရက ဦးနှောက်သွေးကြောပေါက်အတွက်သုတေသနအားလုံးကို ချက်ချင်းဖြုတ်ချလိုက်သည်။

အရင်က သူဦးဆောင်သောသုတေသနအဖွဲ့မှာ ဦးနှောက်သွေးကြောပေါက်သုတေသနအတွက်ရံပုံငွေလျှောက်ပြီး ဘဝကသာသာယာယာရှိခဲ့သည်။ အခုဒီအတွက်ရံပုံငွေအားလုံးဖြတ်ချလိုက်၍ အဆီဓာတ်မြင့်ခြင်း၊နှလုံးသွေးကြောရောဂါများနှင့်အလားတူသုတေသနများကိုသာ အားထားရတော့သည်။ အရင်နှင့်စာလျှင် တစ်ဆင့်၊နှစ်ဆင့်ကျသွား၏။

နောက်ပြီး တရုတ်တိုင်းရင်းဆေးနှင့်တရုတ်တိုင်းရင်းဆေးသုတေသနကိုထောက်ပံ့တော့မည်ဟု အထက်လူများဆီကသတင်းလည်းကြားသည်။ အနောက်တိုင်းဆေးသုတေသနအတွက်ရံပုံငွေလျှောက်ထားခြင်းကိုလည်း လျှော့ချတော့မည်။



ဒါ သူတို့အနောက်တိုင်းဆေးသုတေသနသမားများကို အတော်စိတ်ဓာတ်ကျစေသည်။

သူတို့ဘယ်လိုအသက်ရှင်ရမလဲ?

အနောက်တိုင်းဆေးက ဆယ်စုနှစ်များစွာဖွံ့ဖြိုးလာပြီးနောက် ပညာတော်သင်သွားရာ အနောက်တိုင်းဆေး၏တိုးတက်မှုကို သူကိုယ်တိုင်မျက်စိနှင့်မြင်ခဲ့ရသည်။ တရားမဝင်၊အခြေအမြစ်မရှိသူများကိုအနိုင်ရပြီး ရှေးရိုးစွဲတရုတ်တိုင်းရင်းဆေးတောင် ယုံကြည်လက်ခံလာသည်။

ဆယ်စုနှစ်များစွာ အနောက်တိုင်းဆေးက ရောဂါဘယများကိုအန္တရာယ်ကင်းကင်းကာကွယ်နိုင်ခဲ့သည်။ သူတို့ပါဝင်ဆောင်ရွက်ပြီး လူနာအားလုံးကိုအကျိုးဆောင်ပေးနိုင်ခဲ့သည်။

အခု အထက်လူတွေကရုတ်တရက်ကြီး တရုတ်တိုင်းရင်းဆေးကိုပံ့ပိုးလာပြီ။

ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ?

ပြီးတော့ အထက်လူတွေကထောက်ပံ့ပေးတဲ့အတွက် သူတို့တရုတ်တိုင်းရင်းဆေးကိုဆန့်ကျင်ပြီးဘာမှမလုပ်ရဲ။

ဒါပေမဲ့ ဒီချင်းလင်စံအိမ်ကဘာလဲ?

ရှုမျှော်ခင်းနေရာဖြစ်ပြီး သူ့ဟင်းသီးဟင်းရွက်တွေက ရောဂါကုနိုင်တယ်လို့ပြောရဲတာ။ အဆီဓာတ်လျှော့ချပေးတဲ့ခရမ်းသီး ဟုတ်လား?

ခရမ်းသီးက အဆီဓာတ်လျော့အောင်လုပ်ပေးနိုင်ရင် ဆယ်စုနှစ်နဲ့ချီပြီး အဆီဓာတ်မြင့်တာကိုလေ့လာခဲ့တဲ့၊သုတေသနလုပ်ခဲ့တဲ့အနောက်တိုင်းဆေးက ဘာဖြစ်သွားလဲ? သူဖွံ့ဖြိုးအောင်လုပ်ခဲ့တဲ့ဆေးပညာကဘာလဲ?

ဘယ်သူကသည်းခံနိုင်မှာလဲ!

တရုတ်တိုင်းရင်းဆေးကိုဆန့်ကျင်မရပေမဲ့ အာရုံစိုက်ခံရအောင်သက်သက်လုပ်နေတဲ့ရှုမျှော်ခင်းနေရာကိုအပြစ်မပေးနိုင်တာမဟုတ်။

"ချွမ်းကျား... ဆေးဝါးအလွဲသုံးစားလုပ်မှုထိန်းချုပ်ရေးအဖွဲ့အစည်းရဲ့ဥက္ကဌချူကိုဆက်သွယ်လိုက်... ချင်းလင်စံအိမ်ကို ငါ့နာမည်အရင်းနဲ့အစီရင်ခံတဲ့အကြောင်းပြောပြ... ပြီးတော့ ရှေ့နေရှာပြီး ချင်းလင်စံအိမ်ကို ဆေးဝါးအတုအယောင်ကြော်ငြာပြီး ဆေးဝါးကြော်ငြာဥပဒေဖောက်ဖျက်တဲ့အတွက် တိုင်စာရေးခိုင်း!''

ဖူရှင်းမင်က နောက်ပြန်လှည့်ပြီး သူ့တပည့်ချန်ချွမ်းကျားကိုညွှန်ကြားလိုက်သည်။

"ကောင်းပါပြီ ဆရာ!''

ဆရာဖြစ်သူ၏ညွှန်ကြားချက်ကြောင့် ချန်ချွမ်းကျားကချက်ချင်းဖုန်းထုတ်ပြီးဆက်သွယ်သည်။

သို့ရာတွင် ချင်းလင်စံအိမ်ကိုအပြစ်ပေးသည်ဖြစ်စေ၊ တရားစွဲသည်ဖြစ်စေ၊ သက်သေလိုသည်။

အင်တာနက်ပေါ်မှဗီဒီယိုများကို သက်သေတစ်စိတ်တပိုင်းအဖြစ်သာအသုံးပြုနိုင်သည်။ အခင်းဖြစ်ပွားရာနေရာတွင် သက်သေအပြည့်အစုံစုဆောင်းရဦးမည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ဖူရှင်းမင်နှင့်ချန်ချွမ်းကျားက အိပ်ရာအစောကြီးထသည်။

သူတို့က အရောင်းစင်တာထဲသွားကြသည်။

အရောင်းစင်တာမဖွင့်သေးခင် အပြင်ဘက်တွင်ခရီးသည်အများကြီးတန်းစီနေကြပြီ။ သူတို့အားလုံးက ဟင်းသီးဟင်းရွက်အသစ်ကိုဝယ်ချင်ကြသည်။

"ဒီဟင်းသီးဟင်းရွက်အသစ်က ရောဂါတွေကုနိုင်တယ်ဆိုပဲ!''

"ဟုတ်တယ်... သူငယ်ချင်းကပြောတယ်... အဆီဓာတ်များတာကို ဒီခရမ်းသီးစားပြီးကုနိုင်တယ်တဲ့''

"ဟုတ်ပါ့... အာနိသင်ပြတာ အရမ်းမြန်တယ်... မိနစ်ပိုင်းပဲကြာတာ... အဆီဓာတ်မြင့်တာအတွက်အကောင်းဆုံးသွေးအားပြည့်ဆေးတွေထက်တောင်ပိုထိရောက်သေးတယ်''

ဝမ်ယောင်ကပြောသည်။

သူတို့စကားက နည်းနည်းတော့ကားသည်။ အရည်အသွေး ၁ အာနိသင်ဘယ်လောက်ထက်ထက်၊ မိနစ်ပိုင်းနဲ့တော့ မထိရောက်နိုင်။

သို့ရာတွင် သူတို့စကားကိုယုံကြည်လက်ခံစေရန် တချို့က အံ့ဩစရာဖြစ်အောင်ပိုပိုသာသာပြောတတ်ကြသည်။

ထိုစကားသံများကြောင့် လူအုပ်ထဲရှိနေသောဖူရှင်းမင်မှာ မျက်နှာပုပ်သိုးသွားသည်။

သွေးအားပြည့်ဆေးကိုဖွံ့ဖြိုးအောင်လုပ်ခဲ့တာ သူပဲလေ။

ဒီလူတွေက ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်ကို သူလုပ်ခဲ့တဲ့ဆေးထက်ပိုကောင်းတယ်လို့ပြောရဲလိုက်တာ။ လွန်သွားပြီ။ ဟင်းသီးဟင်းရွက်က မိနစ်ပိုင်းနဲ့တောင် အာနိသင်ပြသတဲ့။ မသေဆေးလို့ပြောလိုက်ပါတော့လား?

သို့ဖြစ်၍ ချင်းလင်စံအိမ်ကိုအပြစ်ပေးကိုပေးရမည်ဟုစိတ်ဆုံးဖြတ်လိုက်သည်။

မကြာမီ အရောင်းစင်တာတံခါးပွင့်လာပြီး အုပ်လိုက်သင်းလိုက်စောင့်နေသောခရီးသည်များက ဟင်းသီးဟင်းရွက်အသစ်အရောင်းကောင်တာဘက် အပြေးသွားကြသည်။

ဖူရှင်းမင်နှင့်ချန်ချွမ်းကျားလည်း နောက်ကလိုက်ဝင်သည်။ သူတို့ကဟင်းသီးဟင်းရွက်အသစ်များဆီအပြေးသွားသော်လည်း ဝယ်ဖို့မဟုတ်။ သက်သေစုဆောင်းဖို့သာ။

ထို့ကြောင့် နှစ်ယောက်သားတံခါးမှဝင်ဝင်ချင်း ဟင်းသီးဟင်းရွက်အသစ်၏မိတ်ဆက်ဆိုင်းဘုတ်များ၊ လူတွေဟင်းသီးဟင်းရွက်နှိုက်ယူနေပုံများကိုအမိအရယူကြသည်။

အားလုံး အခင်းနေရာမှယူထားသောသက်သေများဖြစ်၍ ချင်းလင်စံအိမ်က ဆေးဝါးကြော်ငြာဥပဒေကိုဖောက်ဖျက်ကြောင်းသက်သေပြနိုင်သည်။ နောက်ပြီး ဒီဟင်းသီးဟင်းရွက်များ၏တန်ဖိုးက တခြားဟင်းသီးဟင်းရွက်များထက်ပိုမြင့်သည်။

တစ်ကတ်တီ ၂ ယွမ်သာရှိသောခရမ်းသီးကို ဟင်းသီးဟင်းရွက်အသစ်ဆိုသောအရာက တစ်ကတ်တီယွမ် ၂၀ ပေးရသည်။ ဆေးဝါးကြော်ငြာဥပဒေနှင့်လုံးလုံးဆန့်ကျင်နေပြီး တရားမဝင်အမြတ်ကြီးစားခြင်းပင်။

သက်သေပိုခိုင်မာစေရန် ဖူရှင်းမင်က ချန်ချွမ်းကျားကို ဟင်းသီးဟင်းရွက်သုံးလေးမျိုးဝယ်ခိုင်းပြီး ချင်းလင်စံအိမ်အရောင်းစင်တာမှပြေစာရယူစေသည်။

ဒါက ပိုကောင်းတဲ့သက်သေ!

ဖူရှင်းမင်နှင့်ချန်ချွမ်းကျားကသူတို့ကိစ္စပြီးလျှင် အရောင်းစင်တာမှထွက်ပြီး မချိုမချဉ်မျက်နှာနှင့်သတို့သမီးခန်းထဲပြန်လာကြသည်။ ထို့နောက် သူတို့ကွန်ပျူတာနှင့် ဆေးဝါးအလွဲသုံးစားလုပ်မှုကာကွယ်ရေးနှင့်နှိမ်နင်းရေးအဖွဲ့အစည်းဥက္ကဌထံ မေးလ်ပို့လိုက်သည်။

ထိုအဖွဲ့အစည်းရဲ့ဥက္ကဌချုက သူ့မိတ်ဆွေကောင်းပင်။ သူကသက်သေပို့ပြီး ဖုန်းဆက်လိုက်သည်။ နံပါတ်မှာ 'ဆေးဝါးအလွဲသုံးစားလုပ်မှုကာကွယ်ရေးနှင့်နှိမ်နင်းရေးအဖွဲ့အစည်းဥက္ကဌချူ'ဟူ၍။

ဖုန်းဝင်သွားသောအခါ ဖူရှင်းမင်က_

"ဥက္ကဌချူ... ကျုပ်ပေးတဲ့အချက်အလက်တွေရလား? ဆေးဝါးကြော်ငြာစည်းမျဉ်းကိုဖောက်ဖျက်ထားတာဆိုတော့ ဒီကိစ္စကို ဒီအတိုင်းထားလို့မရဘူး''

တစ်ဖက်တွင်_

ဆေးဝါးအလွဲသုံးစားလုပ်မှုထိန်းချုပ်ရေးအဖွဲ့အစည်းဥက္ကဌချူရှန်ဟယ်ကလည်း ဖူရှင်းမင်ဖုန်းကိုကိုင်ပြီး အသံဩဩနှင့်_

"ပါမောက္ခဖူ... ကျုပ်တွေ့ပြီးပါပြီ... ဟင်းသီးဟင်းရွက်တွေကိုအတုလို့ထင်ကြတာဖြစ်မယ်... ဘာပဲဖြစ်​ဖြစ် ချင်းလင်ဓာတ်ခွဲခန်းမှာ ပါမောက္ခလီခိုင်ရှိတာပဲ''

အခုမှ ဖူရှင်းမင်ပိုဆိုးသွားသည်။ ဘာပဲဖြစ်​ဖြစ် သူဆယ်နှစ်ကျော်သုတေသနလုပ်ခဲ့ရတဲ့ဆေးက ခရမ်းသီးလောက်မကောင်းဘူးလို့ အပြောခံရသည်။

ထို့ကြောင့် သူကလုံးဝမယုံဘဲ_

"ဥက္ကဌချူ... ခင်ဗျားစဉ်းစားကြည့်ရင်တောင် ဒါမဖြစ်နိုင်ဘူးဆိုတာ ခင်ဗျားသိပါတယ်... ပါမောက္ခလီခိုင်က ရုံးပတီသီးပျိုးထောင်နိုင်ပေမဲ့ တခြားဟင်းသီးဟင်းရွက်တွေဖြစ်နိုင်ပါ့မလား? အများကြီးပဲလေ... နောက်ပြီး မုန်လာဥဖြူတွေရော... တွေးကြည့်လိုက်ရင် စိတ်ကူးယဉ်သက်သက်ပဲ... စိတ်မပူနဲ့... ငါအဲဒီမှာစစ်ဆေးထားပြီးပြီ''

ချန်ချွမ်းဟယ်က အာဏာရှိဆေးပညာပါမောက္ခဖူရှင်းမင်၏စကားကိုယုံကြည်လိုက်သည်။ နောက်ပြီး သူတို့နှစ်ဦးက မိတ်ဆွေကောင်းများပင်။ သူကလည်း_

"ပါမောက္ခဖူ စိတ်မပူပါနဲ့... ကျုပ်တို့ဒီကိစ္စကိုသေချာကိုင်တွယ်မှာပါ''

ချူရှန်ဟယ်ကဖုန်းချပြီးနောက် ဖူရှင်းမင်ပို့လိုက်သောသက်သေများကိုကြည့်လိုက်သည်။

တကယ်တော့ ချင်းလင်စံအိမ်ရဲ့ကြော်ငြာကိုသူတို့လည်း သတိထားမိသည်။

ဟင်းသီးဟင်းရွက်ကိုဆေးပင်အဖြစ်ကြော်ငြာတာ အမှန်ပင်ဥပဒေနှင့်ဆန့်ကျင်နေသည်။ အခု ပါမောက္ခဖူရှင်းမင်၏စကားကြောင့် ဒီကိစ္စကိုသူကိုင်တွယ်ရတော့မည်။

အဓိကက သူတို့အဖွဲ့အစည်းမှာ ကြီးကြီးမားမားမလှုပ်ရှားခဲ့တာကြာပြီ။ အရင်တစ်ခါ လျိုမိသားစု၏ဦးနှောက်သွေးကြောပေါက်ကုသဆေးနှင့်ပတ်သက်ပြီး သူတို့ဘာမှမလုပ်ခဲ့သောကြောင့် သူတို့နာမည်ကိုမေးခွန်းထုတ်စရာဖြစ်လာသည်။

ထို့ကြောင့် ဥပမာပြရန် အမြဲလှုပ်ရှားချင်ခဲ့သည်။ ဒီဥပမာနဲ့ သူများတွေကိုသတိပေးပြီး သူတို့နာမည်ကိုလည်းထူထောင်နိုင်မည်။

နောက်ပြီး ချင်းလင်စံအိမ်ကိုလူသိများ၍ ပစ်မှတ်ကောင်းဖြစ်သည်။

ချင်းလင်စံအိမ်၏လက်ရှိအခြေအနေနှင့် နောက်ကွယ်ကသူဌေး၏အင်အားကို သူသိသည်။ အတော်များများက ဒီလိုကုမ္ပဏီမျိုးကိုအနှောင့်အယှက်မပေးချင်ကြ။

သို့သော် သူတို့ကမတူ။ သူတို့အဖွဲ့အစည်းက လူကိုအနှောင့်အယှက်ပေးရသည်။ အနှောင့်အယှက်ပေးလေလေ သူတို့နာမည်ပိုရလေလေပင်။

ဒီမတိုင်ခင်က ချင်းလင်ကုမ္ပဏီမှာနာမည်ကောင်းရှိခဲ့သည်။ သူ့ထိုးနှက်ချက်က သူတို့အာဏာကိုထင်ဟပ်စေလိမ့်မည်။

ချူရှန်ဟယ်ကဖုန်းဆက်ပြီး_

"ချင်းလင်စံအိမ်ကိုပြင်ဆင်ချက်စာတမ်းပို့လိုက်''



All Chapters