← Chapters

ကြက်ကိုသတ်ပြီး အမတ်ကိုပူဇော်!

Vol. 58 Ch. 858

ကြက်ကိုသတ်ပြီး အမတ်ကိုပူဇော်!

Vol. 58 Ch. 858

ဆေးဝါးအလွဲသုံးစားလုပ်မှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအဖွဲ့အစည်းမှာ တခြားအဖွဲ့အစည်းများနှင့်မတူ။ ကျန်းမာရေးကော်မတီ၏စီရင်ပိုင်ခွင့်အောက်တွင်ရှိသော ပညာရေးဆိုင်ရာလူမှုရေးအဖွဲ့ဖြစ်သည်။

ပညာရေးဆိုင်ရာလူမှုရေးအဖွဲ့။

ထိုစာလုံးများက အလွန်အရေးကြီးသည်။

လုပ်ပိုင်ခွင့်သိပ်မရှိသောအာဏာမျိုးဖြစ်သော်လည်း ပြည်သူ့အမြင်ကိုထိန်းချုပ်ထားနိုင်သည်။

နောက်ပြီး ပညာရေးဆိုင်ရာအဖွဲ့အစည်းထဲမှလူအများစုက နာမည်၊ဂုဏ်သတင်းမက်ကြသည်။

ဒီလိုလူမျိုးက ရှေးခေတ်တော်ဝင်အကြံပေးများနှင့်နည်းနည်းတူသည်။ လူကောင်းတချို့ရှိသော်လည်း အများစုက နာမည်ကြီးအမတ်များကိုအမိအရထိုးချချင်ကြသည်။ အမတ်များကိုမြင်းပေါ်မှထိုးချပြီးသည်နှင့် သူတို့နာမည်ကတက်လာပြီး နာမည်အားကိုးနှင့်အသက်မွေးကြသည်။

ဒါကြောင့် ချူရှန်ဟယ်က ချင်းလင်စံအိမ်ကိုထိုးချခြင်းပင်။

ချူရှန်ဟယ်၏ညွှန်ကြားချက်ကြောင့် ဖုန်းထဲမှပြန်ဖြေသည်_

"ဟုတ်ကဲ့ပါ ဥက္ကဌ!''

ချူရှန်ဟယ်ကဖုန်းချပြီး ချင်းလင်စံအိမ်သတင်းများကိုဆက်ဖတ်သည်။

သူက သူ့မိတ်ဆွေဖူရှင်းမင်ကိုယုံကြည်နေဆဲပင်။

အခု အဖွဲ့အစည်းမှတရားမဝင်ကြောင်းပြင်ဆင်ချက်စာတမ်းကိုစောင့်ပြီး ပြည်သူ့အမြင်ကိုနားထောင်ရုံသာ။ အဲဒီနောက် နာမည်ရချိန်တန်ပြီ။

ပြီးတော့ ချင်းလင်စံအိမ်ရဲ့အရင်သတင်းကောင်းကပြောင်းမသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ?

သူဌေးကြီးမာက အကောင်းဆုံးဥပမာပဲမလား? အရင်ကသူ့ကိုဘယ်လောက်များချီးကျူးလိုက်လဲ? အခုကျ အားလုံးကသူ့ကိုချခိုင်းကုန်ပြီ။

ချင်းလင်စံအိမ်ကိုအပြစ်ပေးဖို့ သူတို့မှာလုပ်ပိုင်ခွင့်မရှိသောကြောင့် အထက်လူများကိုလုပ်ခိုင်းရမည်။



တစ်ဖက်တွင် ဖူရှင်းမင်က ထပ်ပြီးဆက်သွယ်နေပြန်သည်။

သူ့မိတ်ဆွေကောင်းက ချူရှန်ဟယ်တစ်ယောက်တည်းမဟုတ်။ အနောက်တိုင်းဆေးလောကတွင်လည်း အသိပါမောက္ခများရှိသည်။

အခုတလော သူတို့အတော်များများစိတ်မကြည်ကြ။ အထက်လူများကတရုတ်တိုင်းရင်းဆေးကိုထောက်ပံ့သည့်အတွက် သူတို့လည်းထိခိုက်သည်။ အစိုးရသုတေသနရံပုံငွေနည်းလာသည်။ ထို့ကြောင့် စိတ်ထိန်းထားရ၍ စိတ်ထွက်ပေါက်ရှာချင်ကြသည်။

အခု ချင်းလင်စံအိမ်က ဆေးအဖြစ်တရားမဝင်ကြော်ငြာပြီး အာရုံစိုက်ခံနေရသောကြောင့် ဒီလူတွေနှင့်ပေါင်းပြီးတရားစွဲရမည်။

ဒီလိုနှစ်ဦးနှစ်ဖက်ပေါင်း၍ ချင်းလင်စံအိမ်ကိုသင်ခန်းစာပေးကာ စိတ်ထွက်ပေါက်ရှာရမည်။

ထို့နောက် ဖူရှင်းမင်က မိတ်ဆွေသုံးလေးဦးကိုအမြန်ဆက်သွယ်လိုက်သည်။

ဒီလူတွေကလည်း အစကသံသယဝင်ကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လေ။

သို့ရာတွင် ဖူရှင်းမင်၏တွန်းတွန်းတိုက်တိုက်စကားများကြောင့် ရည်ရွယ်ချက်ရှိလာသည်။

သူတို့ကလည်း သူတို့မိတ်ဆွေဖူရှင်းမင်ကိုယုံကြည်ကြသည်။

ပြီးတော့ ဒီကိစ္စကနာမည်အတော်ရနိုင်သည်။

ဒီအတွက်အကျိုးအမြတ်တွေရှိသည်။

ဘာပဲဖြစ်ဖြစ် 'ဟင်းသီးဟင်းရွက်ကိုဆေးအဖြစ်သုံးနိုင်သည်'ဟူသောဝါဒကို သူတို့လည်းရှုတ်ချသည်။

အနောက်တိုင်းဆေးက ဒီမြေမှာနှစ်ပေါင်းများစွာရပ်တည်လာပြီး ဆေးဝါးသုတေသနများလည်းရေရှည်လုပ်လာခဲ့သည်။ ဒီလိုဟင်းသီးဟင်းရွက်မျိုးတွေကိုသုတေသနမလုပ်ဖူးတာမဟုတ်။



လုပ်နိုင်ရင် လုပ်ခဲ့တာကြာပေါ့။

ချင်းလင်စံအိမ်ကိုဘာလို့စောင့်နေမလဲ?

ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်က သုတေသနမဟုတ်၊ ထူးထူးခြားခြားထုတ်လုပ်ထားမှန်း သူတို့မသိချေ။

…

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က မနက်အစောကြီးကျောက်မိုချင်းကိုကြည့်နေသည်။ ကိုယ်ဝန်ဆောင်လက္ခဏာတွေက သူမဗိုက်မှာပိုပြီးထင်ရှားလာသည်။

အရင်က သူမအစောထလေ့ရှိပြီး စံအိမ်မှာအလုပ်ပုံမှန်လုပ်ခဲ့သည်။

သို့ရာတွင် ကိုယ်ဝန်ဆောင်ပြီးနောက် အအိပ်များလာပြီး မနက်ပိုင်းပိုအိပ်လေ့ရှိသည်။

ဒါ ဖြစ်ရိုးဖြစ်စဉ်ပင်။

ကိုယ်ဝန်ဆောင်သည့်အတောအတွင်း ဟော်မုန်းပမာဏပြောင်းလဲခြင်းကြောင့်ဖြစ်ရသည်။ ဖြစ်လေ့ဖြစ်ထရှိပြီး ကလေးကိုမထိခိုက်သောကြောင့် သိပ်စိုးရိမ်စရာမလိုပေ။

ချင်လင်လည်း ကျောက်မိုချင်းကိုသိပ်ထားခဲ့ပြီး အိပ်ရာထ၊မျက်နှာသစ်ကာ အပြင်ထွက်လာသည်။ ဧည့်ခန်းထဲရောက်သောအခါ ဝမ်ချိုင်နှင့်ရှောင်ရွှယ် သူ့နားရောက်လာသည်။

လင်းဖန်က မနက်စာပြင်ထားသည်။

တကယ်တော့ သူမလုံးဝလုပ်စရာမလို။ ချင်လင်ကိုယ်တိုင်လုပ်နိုင်သည်။ သူ မလုပ်ချင်ရင်တောင် အိမ်ထိန်းတစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာလောက်ခန့်ထားနိုင်သည်။



သို့သော် လင်းဖန်ကမရ။ သူမလုပ်ပေးချင်သည်။

ဒီကမ္ဘာပေါ်မှာ အဖေ၊အမေမဖြစ်ထိုက်သူတွေအမှန်ပင်ရှိသော်လည်း အများစုက သူတို့ကလေးအတွက်မြှုပ်နှံထားတတ်ကြသည်။

လင်းဖန်မှာ တစ်သက်လုံးအလုပ်လုပ်ခဲ့သူဖြစ်၍ အငြိမ်မနေတတ်။ ဇိမ်မခံတတ်။

ရှေ့လျှောက် ထမင်းမချက်ရ၊ကလေးမကြည့်ရရင် နေသာထိုင်သာရှိမည်မဟုတ်ပေ။

"အမေ... ကျွန်တော်သယ်မယ်!''

ချင်လင်ကပြုံးပြုံးနှင့် မီးဖိုချောင်ထဲဝင်လာပြီး လင်းဖန်ကိုဘဲဥပန်းကန်သယ်ပေးသည်။

အရည်အသွေး ၂ အလှအပဥပင်။

ဥအရွယ်အစားက တစ်ယောက်တည်းမစားနိုင်။ ဘဲဥပေါင်းလုပ်ရင် တစ်မိသားစုလုံးစားလောက်သည်။

ကျောက်မိုချင်းနိုးလာလျှင် မနက်စာအတူစားပြီးနောက် ချင်လင်ကစံအိမ်လိုက်ပို့ပြီး ရေပေါ်တံတားရှုခင်းဘက်ထွက်လာသည်။

ရေပေါ်တံတားရှုခင်းနေရာကလည်း အရင်ကထက်ပိုပြီးပြည့်စုံလာသည်။

စနစ်ထုတ်ကုန်ဘဲစားမှော်ပင်မှာ ရေသန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။ ရေလှောင်ကန်ထဲရှိရေကကြည်လင်နေသောကြောင့် ကူးခတ်နေသောငါးများကိုဖောက်ထွင်းမြင်နိုင်သည်။

နောက်ပြီး ရေကန်ပေါ်တွင် အရည်အသွေး ၂ အလှအပဘဲများစွာရှိနေပြီ။ အားလုံးကို ချင်လင်က လျှို့ဝှက်အစားထိုးထားခြင်းပင်။

အခု အပြစ်အနာအဆာမရှိဟန်​ဆေင်ထားသောထိုဘဲများလည်း ကြီးလာလေပြီ။

ဒီအလှအပဘဲများစုဝေးနေသည်ကိုကြည့်ရတာ ခမ်းနားသောမြင်ကွင်းတစ်ခုပင်။ နောက်ပြီး ဘဲဆန်းစစ်ရေးအဖွဲ့က အလှဆုံးဘဲများဖြစ်ကြောင်းလက်မှတ်ထုတ်ပေးထားသည်။

သို့ရာတွင် ဘယ်လိုအဖွဲ့အစည်းမှန်းသူတို့မသိသောကြောင့် ဂရုစိုက်မနေ။

သို့သော် အင်တာနက်ပေါ်တွင် အလှဆုံးဘဲဥဟုအားလုံးကအသိအမှတ်ပြုထားသည်။

နောက်ပြီး ရေပေါ်တံတားတစ်ခုလုံးကိုပြုပြင်ထား၍ တမူထူးခြားသောအပြင်အဆင်လက္ခဏာများရှိသည်။

ချင်လင်ကအပန်းဖြေစံအိမ်သွားမည်အပြုတွင် ကျောက်မိုချင်းဖုန်းဆက်လာသည်။ သူကချက်ချင်းဖုန်းကိုင်လိုက်ရာ ကျောက်မိုချင်းက_

"ယောက်ျား... အခြေအနေမကောင်းဘူး... တို့စံအိမ်ကိုပစ်မှတ်ထားတဲ့သူရှိတယ်''

ချင်လင်ကနားထောင်ပြီးနောက် ဖုန်းချပြီး ကျောက်မိုချင်းရုံးခန်းထဲသွားလိုက်သည်။

"ဘာဖြစ်လို့လဲ?''

ချင်လင်က ကျောက်မိုချင်းကိုတွေ့တွေ့ချင်းမေးသည်။

All Chapters