← Chapters

ဘာမှမလှုပ်ရှားရသေးခင် ရန်သူကစီရင်ကွင်းရောက်! ၂

Vol. 58 Ch. 861

ဘာမှမလှုပ်ရှားရသေးခင် ရန်သူကစီရင်ကွင်းရောက်! ၂

Vol. 58 Ch. 861

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးက ချင်းလင်စံအိမ်ကိုလုံးဝထောက်ခံပေးထားသည်။

အထူးသဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှစမ်းသပ်ချက်ထွက်သောရက်မှာ ချင်းလင်စံအိမ်မှဟင်းသီးဟင်းရွက်အသစ်မကြော်ငြာခင်ဖြစ်သည်။

နောက်ပြီး အချက်အလက်များထွက်သောအခါ သက်ဆိုင်ရာနယ်ပယ်မှလူအတော်များများက မယုံနိုင်ကြောင်းဖော်ပြကြသည်။ ဟင်းသီးဟင်းရွက်များ၏ဆေးဖက်ဆိုင်ရာအာနိသင်က စျေးကွက်ထဲကထက် လုံးဝပိုကောင်းနေသည်။

ဒါတင်မဟုတ်သေး။ မင်မြို့တော်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးက ကြော်ငြာစာလည်းထုတ်ပြန်သည်။ ထိုကြော်ငြာစာတွင် ချင်းလင်စံအိမ်မှာ ဟင်းသီးဟင်းရွက်များကိုစစ်ဆေးပြီး ထောက်ခံချက်ရှိကြောင်းလည်းပါသည်။

တစ်နည်းဆိုသော် ပါမောက္ခလီခိုင်၏ထုတ်ကုန်အသစ်များကို ဟင်းသီးဟင်းရွက်အဖြစ်ရော ဆေးပင်အဖြစ်ပါအသုံးပြုနိုင်သည်။

နောက်ပြီး လျှောက်လွှာတင်သည့်နေ့က ချင်းလင်စံအိမ်မှာမကြော်ငြာခင်ဖြစ်နေသည်။ ချင်းလင်စံအိမ်ဝန်ထမ်းများလျှောက်လွှာတင်သည်မှာ အလိမ်အညာမဟုတ်ကြောင်း စောင့်ကြည့်ကင်မရာကပြနေသည်။

ဒီတရားဝင်နှစ်ခုထက်ပိုကောင်းတဲ့သက်သေရှိဦးမလား?

ထိုသက်သေနှစ်ခုထွက်သည်နှင့် အချိန်တိုအတွင်း အင်တာနက်ပေါ်တွင်ပြည်သူ့အမြင်ကတစ်ဖက်ယိမ်းသွားသည်။ အားလုံးက ချင်းလင်စံအိမ်ကိုအားပေးလာကြသည်။

ထိုအချိန် အင်တာနက်ပေါ်တွင် သတင်းအသစ်တက်လာသည်။ ချင်းလင်စံအိမ်ကိုပူးပေါင်းတရားစွဲသောဖူရှင်းမင်နှင့်နာမည်ကြီးပါမောက္ခများထုတ်သောဆေးမှာ ချင်းလင်စံအိမ်မှဟင်းသီးဟင်းရွက်များ၏အာနိသင်နှင့် အနည်းနှင့်အများတူနေသည်။

ဥပမာ ဖူရှင်းမင်တို့ထုတ်သောသွေးတွင်းအဆီကျဆေးနှင့် ချင်းလင်စံအိမ်၏ခရမ်းသီးမျိုးအသစ်မှာဒီလိုအာနိသင်မျိုးရှိသည်။ နောက်ပြီး ဆေးစစ်ချက်တွင် ဖူရှင်းမင်တို့ထုတ်သောဆေးထက်အာနိသင်ပိုရှိကြောင်း သက်သေပြထားသည်။

ဒီတစ်ခါ လူတိုင်းကတုံ့ပြန်ကြသည်ထင်သည်။ ဒီပူးပေါင်းတရားစွဲဆိုခြင်းဆိုသောအရာက လုံးဝစက်ဆုပ်စရာကောင်းသည်။

ဒီအနောက်တိုင်းဆေးပညာပါမောက္ခတွေရဲ့ဆေးက သူများလောက်မကောင်းဘဲ အရင်တိုင်တောနေကြသည်။

"ငါသိတယ်... တချို့အနောက်တိုင်းဆရာတွေက ညစ်ပတ်တယ်!''

"ဒီလူတွေကိုအပြစ်ပေးတဲ့လူရှိပါစေဟယ်''

"အနောက်တိုင်းဆရာတွေက အကျိုးအမြတ်ရဖို့ပဲကြည့်တယ်... အရင်းရှင်အရောင်တွေများနေတာ... ဟုန်ပေါင်းကိုတားမြစ်ထားပြီးပြီ... ဒါပေမဲ့ တချို့ဆေးရုံတွေက ဟုန်ပေါင်းလည်းမပေး ခွဲစိတ်လည်းမပေးဘူး!''

"ဟင်း... အနောက်တိုင်းဆေးက ကြီးစိုးနေတာ... လူနာပြရတာ တကယ်ခက်တယ်... ဒီဆေးပညာပါမောက္ခတွေရဲ့လုပ်ရပ်ကနေလည်း ဒီလောကအကြောင်းသိနိုင်တယ်''

“……”

အင်တာနက်ပေါ်ကလူများ မခံမရပ်နိုင်ဖြစ်လာကြသည်။

အနောက်တိုင်းဆေးမှာ ဆရာဝန်ကောင်းမရှိတာမဟုတ်။ ဆရာဝန်ကောင်းများကို နေရာတကာတွေ့နိုင်သည်။ သို့သော် ဒီယေဘူယျသဘောကို ဆေးရုံတက်ဖူးသူတိုင်းသိကြသည်။

အင်တာနက်ပေါ်မှရုတ်တရက်ကြေညာချက်နှစ်ခုကြောင့် ဖူရှင်းမင်နှင့်ဆေးဝါးထိန်းချုပ်ရေးဥက္ကဌချူချန်ဟယ်ကြောင်သွားသည်။

ဖူရှင်းမင်က စာရပြီး သူ့ Tiktok အကောင့်ကိုကြည့်လိုက်သေးသည်။ သူကိုယ်တိုင် ချင်းလင်စံအိမ်ကိုရှုတ်ချသောဗီဒီယိုတောင်တင်ထားသည်။

ဗီဒီယိုတင်ပြီးနောက်ပိုင်း like နှင့်ကြည့်သူများဆက်တက်နေ၏။ ဒီလိုရေပန်းစားခြင်းကြောင့် သူ့ကိုစောင့်ကြည့်နေသူများရှိလာသည်။

သူအလွန်ဝမ်းသာမိသည်။

ဒီလိုအခြေအနေမျိုးနှင့်ကြုံရသောအခါ အင်တာနက်ဆယ်လီဖြစ်ချင်သောဆေးပညာပါမောက္ခတစ်ဦး၏ဆန္ဒက သာမန်လူနှင့်မခြားတော့။

သို့ရာတွင် သူ့ဆီပို့သောစာများ၊ဗီဒီယိုမှတ်ချက်များမှာ ဒေါသနှင့်ပြစ်တင်ပြောဆိုကြခြင်းဖြစ်ကြောင်း၊ အရေအတွက်တိုးလာနေကြောင်း ဖူရှင်းမင်ရုတ်တရက်သတိထားမိသည်။

"ဒီတော့ လူကိုဘယ်လိုနာမည်ဖျက်ရမလဲဆိုတာပဲသိတဲ့ ခွေးအိုကြီးပေါ့!''

"ငါသုတေသနလုပ်နေတဲ့ဆေးက သူများဟင်းသီးဟင်းရွက်ကိုမမီလို့ နာမည်ဖျက်ချင်တာ''

"ပြောရတာ အားနာပါတယ်... ဒါပေမဲ့ ခင်ဗျားဒုက္ခရောက်ပြီ... အရင်ချင်းလင်စံအိမ်ကိုနာမည်ဖျက်ခဲ့တဲ့သူ တရားရုံးစွဲခံရတာဆိုးဆိုးဝါးဝါးပဲ''

"တကယ်ကြီး... ချင်းလင်စံအိမ်ကိုတရားစွဲမယ်ပေါ့... ထွီ"

“……”

ရုတ်တရက်အဆဲခံနေရသောကြောင့် ဖူရှင်းမင်ကြက်သေသေသွားသည်။

သူတပည့်ချန်ချွမ်းကျားက ဖုန်းကိုင်ပြီးအလန့်တကြားနှင့်_

"ဆရာ... မကောင်းတော့ဘူး... အင်တာနက်ပေါ်က နောက်ဆုံးသတင်းတွေကြည့်ပါဦး... မင်မြို့တော်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ကကြေညာထားတယ်... ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေမှာ ဒီအာနိသင်တွေရှိကြောင်းသက်သေပြထားတယ်... သူတို့စမ်းသပ်ပြီးထောက်ခံပေးထားတာ... ဒီဟင်းသီးဟင်းရွက်အသစ်တွေက ဟင်းသီးဟင်းရွက်ပဲမဟုတ်ဘူးတဲ့... ဆေးပင်အဖြစ်လည်းသုံးလို့ရတယ်တဲ့''

"ဘာ?''

ထိုသတင်းကြားပြီး ဖူရှင်းမင်မျက်နှာထားချက်ချင်းပြောင်းသွားသည်။

သူက သူတပည့်ချန်ချွမ်းကျားဖုန်းကိုအမြန်ယူပြီး ​ကြေညာချက်နှစ်ခုကိုကြည့်လိုက်သည်။ ကြေညာချက်ကြည့်ပြီး သူမှင်တက်သွား၏။

ဘယ်လိုဖြစ်ရတာလဲ?

ထိုအချိန်တွင် သူ့ဖုန်းမြည်လာသည်။ ပူးပေါင်းတရားစွဲသော နာမည်ကြီးဆေးပညာပါမောက္ခတစ်ဦးပင်။

သူကဖုန်းမြန်မြန်ကိုင်လိုက်ရာ တစ်ဖက်ကဒေါသတကြီးဆူပူသံကိုကြားရသည်_

"ဖူရှင်းမင်... မင်းဘာတွေလုပ်နေတာလဲ? မင်းပြောတော့ ပြဿနာမရှိပါဘူးဆို? ဘာလို့ဒီလိုဖြစ်ရတာလဲ?''

ဖုန်းထဲမှဆဲသံတသီကြီးထွက်လာပြီး အလုပ်များနေသံနှင့်ဖုန်းချသွားသည်။

သို့သော် ဖုန်းချသည်နှင့် နောက်ဖုန်းကဆက်ဝင်လာ၏။ ပူးပေါင်းတရားစွဲသောပါမောက္ခနောက်တစ်ဦးဖြစ်သည်။

ဖုန်းဝင်သွားသောအခါ ဒေါသနှင့်ပေါက်ကွဲသံကြားရပြန်သည်_

"ဖူရှင်းမင်... မင်းငါ့ကိုကတိသုံးခါမပေးဘူးလား? ငါမင်းကိုမိတ်ဆွေလိုသဘောထားလို့ ယုံကြည်ခဲ့တာကို အလွဲသုံးစားလုပ်တာလား?''

ထိုကြေညာချက်နှစ်ခုကြောင့် ဖူရှင်းမင်ဒုက္ခရောက်ရုံသာမက ပူးပေါင်းတရားစွဲဆိုသူများလည်းပါဝင်ငြိစွန်းလာသည်။

အထူးသဖြင့် သူတို့ထုတ်သောဆေးက ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်လောက်မကောင်းသောကြောင့် အရင်စလှုပ်ရှားသည်ဆိုသောစကားက သူတို့ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေသည်။

ဖူရှင်းမင်လိုနာမည်ကြီးပါမောက္ခက ဒီလိုမိုက်မဲသောလုပ်ရပ်မျိုးလုပ်မည်ဟု သူတို့လုံးဝမထင်မိပေ။ အထူးသဖြင့် ဖူရှင်းမင်နှင့်မိတ်ကောင်းဆွေကောင်းများဖြစ်နေသောကြောင့်ပင်။ သုတေသနကိစ္စများကိုအတူတူဆွေးနွေးလေ့ရှိ၍ မိတ်ဆွေထက်ပိုပြီးယုံကြည်ထားခဲ့ကြသည်။

ဒီကောင်က သူတို့ကိုဒီလိုလှည့်စားမယ်လို့ဘယ်ထင်မလဲ?

သို့သော် လက်တွေ့ဖြစ်လာပြီ။ တစ်ခါတလေ ဒုက္ခအပေးဆုံးသူက ကိုယ်အယုံကြည်ရဆုံးလူဖြစ်တတ်သည်။

ထိုအခိုက်တွင် ဖူရှင်းမင်လည်း အခြေအနေမကောင်းတော့မှန်းသိလာသည်။ သူကနောက်ဗီဒီယိုတစ်ပုဒ်ဆွဲကြည့်ရာ ရုံချန်း၏တရားဝင်ကြေညာချက်ကိုတွေ့ရသည်:

"ပါမောက္ခတစ်ဦးအနေနဲ့ အခြေခံလူ့ကျင့်ဝတ်ရှိဖို့လိုနေတယ်... အနည်းဆုံးတော့ ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်... ကိုယ့်သုတေသနထုတ်ကုန်က သူများလောက်မကောင်းတာနဲ့ အမှန်အတိုင်းမပြောဘဲ သူများကိုအပုပ်ချရတယ်လို့''

ရုံချန်းက ပါမောက္ခဖူရှင်းမင်ကိုရှုတ်ချထားခြင်းပင်။ သဘောကရှင်းသည်။ ဒီလူ ပါမောက္ခမဖြစ်ထိုက်။

နယ်အစိုးရ၏အရေးကြီးသောမှတ်ချက်ဖြစ်ပြီး လူတစ်ယောက်အပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိသည်။

သူ့ပါမောက္ခဘွဲ့အတွက်ပြဿနာတောင်ရှိနိုင်သည်။

ကြောက်ခမန်းလိလိပင်!

ထိုအတွေးနှင့် ဖူရှင်းမင်မျက်နှာဖြူဖျော့သွားသည်။

ထိုအခိုက်တွင် ရေခဲရေနှင့်ဆက်တိုက်လောင်းချလိုက်သလို လန့်နိုးလာတော့သည်။ အသိတရားဝင်သည်နှင့် အရင်ကသူလုပ်ခဲ့သည်များကို တည်တည်ငြိမ်ငြိမ်တွေးတောနိုင်လာသည်။

ထို့နောက် သူ့မျက်နှာပိုပျက်လာ၏။ သူအရင်ကဘယ်လောက်မိုက်ခဲ့လဲ ရှင်းရှင်းလင်းလင်းသိလာသည်။

ထို့အတူပင်၊ အင်တာနက်ပေါ်မှရုတ်တရက်အလှည့်အပြောင်းများကြောင့် ဆေးဝါးအဖွဲ့ဥက္ကဌချူရှန်ဟယ်လည်း ကြက်သေသေနေသည်။

ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေကို အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးက သက်သေပြမည်ဟုမထင်မိ။

ပါမောက္ခလီခိုင်က ဒီလောက်စွမ်းလား?

တစ်ချိန်တည်းမှာ ဒီအလှည့်အပြောင်းများကြောင့် သူတို့အဖွဲ့အစည်းကို အင်တာနက်ပေါ်တွင်ဆဲကြဆိုကြ၊ဝေဖန်နေကြသည်။

ချူရှန်ဟယ်က သူ့ဆုံးဖြတ်ချက်ကိုနောင်တရမိသည်။

သူဘာလို့ ဖူရှင်းမင်ကိုယုံကြည်မိပါလိမ့်?

ဒါပေမဲ့ ဖူရှင်းမင်ကိုမယုံခင် သူဘာလို့မစုံစမ်းခဲ့တာလဲလို့ တွေးမိရဲ့လား?

လူတွေကအမှားလုပ်သောအခါ အမှတ်တမဲ့သူတို့တာဝန်ကိုရှောင်လွှဲပြီး တရားခံရှာတတ်ကြသည်။ အခုအချိန်မှာအကောင်းဆုံးတရားခံက ဖူရှင်းမင်ပင်။

နောက်ပြီး ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းက ပညာရပ်ဆိုင်ရာလူမှုရေးအဖွဲ့တစ်ဖွဲ့သာဖြစ်သည်။ ဒီလိုဦးနှောက်မရှိတဲ့ဥက္ကဌမျိုးရှိတာမထူးဆန်း။

ချူရှန်ဟယ်က ဦးနှောက်မရှိလုပ်ခဲ့သော်လည်း ဒီအခြေအနေကိုပြန်လည်ဖာထေးရမည်မှန်း သူသိသည်။ သူက သူ့အတွင်းရေးမှူးအား ချင်းလင်စံအိမ်ကိုအနှောင့်အယှက်ပေးထားသောစာကိုအမြန်ရုတ်သိမ်းခိုင်းသည်။

သို့သော် အတွင်းရေးမှူးက မျက်စိမျက်နှာပျက်ပျက်နှင့်ဝင်လာပြီး_

"ဥက္ကဌ.. မကောင်းတော့ဘူး... အထက်လူတွေကကျွန်တော်တို့ကိုစာပို့တယ်''

"ဘာစာလဲ?''

အတွင်းရေးမှူးမျက်နှာကို ချူရှန်ဟယ်သတိထားမိပြီး အခြေအနေမကောင်းမှန်းသိသည်။

"နောက်ခံအီမေးလ်ထဲရောက်နေပါပြီ''

အတွင်းရေးမှူးကအမြန်ပြောသည်။

ချူရှန်ဟယ်က ချက်ချင်းနောက်ခံအီးမေးလ်ကိုဖွင့်လိုက်သည်။ အီမေးလ်ဖတ်ပြီး သူ့မျက်နှာထားက လုံးဝပြောင်းသွား၏။

ပြုပြင်ရေးစာ!

စာပါအကြောင်းအရာက အလွန်ရှင်းသည်။ သူတို့အဖွဲ့အစည်းက အချက်အလက်ကိုအခြေခံပြီးအလုပ်မလုပ်ကြောင်း၊ အကြီးအကျယ်ပုံရိပ်ထိခိုက်ကြောင်း၊ ပြုပြင်ရေးလုပ်ဖို့လိုအပ်ကြောင်း စသည်တို့ကိုပြောထားသည်။

ချူရှန်ဟယ်ကြောင်နေသည်။ သူကပါးစပ်အဟောင်းသားနှင့်၊ ဘာပြောရမှန်းမသိတော့။

သူများကိုပြုပြင်ရေးစာပို့ခဲ့ပေမဲ့ မအောင်မြင်။ သူတို့အဖွဲ့အစည်းကိုပြုပြင်ဖို့စာပို့ခံရမယ်လို့ ဘယ်ထင်မလဲ?

နောက်ပြီး ပြုပြင်ရန်လိုအပ်ချက်များကို အထက်လူများကထုတ်ပြန်ထားသဖြင့် သူတို့ပြုပြင်ပြောင်းလဲရတော့မည်။

သက်ဆိုင်ရာအစိုးရအဖွဲ့များကလည်း ပြုပြင်ရေးစာထုတ်သည်။ အချိန်တစ်ခုအထိ အင်တာနက်မှာ ဝမ်းသာအားရမှတ်ချက်များပြည့်သွားတော့သည်။

အရင်တစ်ခါ လျိုမိသားစုနှင့်ဦးနှောက်သွေးကြောပေါက်ကုသဆေးဖြစ်ရပ်မှာ ဆေးဝါးထိန်းသိမ်းရေးအဖွဲ့က ဘာမှမလုပ်ခဲ့သောကြောင့် မေးခွန်းထုတ်ခံရသည်။

ဒီဖြစ်ရပ်ကြောင့်လည်း သူတို့အဖွဲ့အစည်းကိုဘယ်သူမှအာရုံမစိုက်တော့။ သူတို့အဆင့်အတန်းက ရစ်ငှက်ပစ်သောအဖွဲ့များနှင့်မခြားပေ။

သို့ရာတွင် ချင်းလင်စံအိမ်၌ ချင်လင်တစ်ယောက် အင်တာနက်ပေါ်မှသတင်းများကြည့်ပြီး ကြောင်နေသည်။

သူတောင်ဘာမှမလုပ်ရသေးခင် သူ့ရန်သူအားလုံး စီရင်ကွင်းထဲရောက်သွားမှန်း သိလိုက်ရသော​ကြောင့်ပင်။

ဒါ!!!

All Chapters