← Chapters

ထင်ထားတာထက်စွမ်း!

Vol. 58 Ch. 862

ထင်ထားတာထက်စွမ်း!

Vol. 58 Ch. 862

ချင်းလင်စံအိမ်က အပြောင်းအလဲတချို့လုပ်ထားသော်လည်း စံအိမ်အပေါ်မည်သို့မျှထိခိုက်မှုမရှိ။ ဟင်းသီးဟင်းရွက်အသစ်ကြော်ငြာစဉ်က မိတ်ဆက်ကြော်ငြာဆိုင်းဘုတ်တွင် ဆေးစစ်ချက်၊ထောက်ခံချက်အကြောင်းထည့်သွင်းဖော်ပြဖို့သာလိုအပ်ချက်ရှိသည်။

ကိစ္စကြီးမဟုတ်သောကြောင့် မာတီမီဒီယာဌာနအင်တာနက်ဝန်ထမ်းနှင့်သာ ပစ်ထားလိုက်၏။

သို့ရာတွင် ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်အသစ်မှာ ဒီလိုအာနိသင်များသက်သေပြပြီးနောက် ဟင်းသီးဟင်းရွက်အသစ်များ၏ရေပန်းစားမှုက နောက်တစ်ဆင့်တက်သွားပြန်သည်။

တချို့က ထိုဟင်းသီးဟင်းရွက်များ၏အာနိသင်ကိုစာရင်းတောင်ပြုစုထားပြီး စျေးကွက်ထဲမှဆေးများနှင့်နှိုင်းယှဉ်ကြသည်။

ထိုစာရင်းအရ ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်အသစ်များတွင်ပါဝင်သောဓာတ်များက ထိုဆေးများထက်အာနိသင်ပိုကောင်းနေသည်။

ထိုအထဲတွင် ဖူရှင်းမင်ထုတ်ထားသောသွေးတွင်းအဆီကျဆေးနှင့်ခရမ်းသီးအသစ်က နာမည်အကြီးဆုံးဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မီးစမွှေးသူဖူရှင်းမင်က အလွန်နာမည်ကြီးသော်လည်း အားလုံးအဆိုးမြင်နေသည်။

ဒီဖြစ်ရပ်က အနောက်တိုင်းဆေးအပေါ်လည်း အတိုင်းအတာတစ်ခုအထိသက်ရောက်မှုရှိသည်။

ဖူရှင်းမင်တို့အားလုံးက အနောက်တိုင်းဆေးပါမောက္ခများဖြစ်ပြီး အနောက်တိုင်းဆေးကိုသုတေသနလည်းလုပ်နေကြသည်။

ထိုအချိန်တွင် တရုတ်တိုင်းရင်းဆေးမိသားစုများက ဒီလိုအခွင့်ကောင်းကိုလက်လွှတ်မခံဘဲ ရုတ်တရက်စကြော်ငြာကြတော့သည်။

အထူးသဖြင့် တရုတ်သိပ္ပံအကယ်ဒမီမှတရုတ်တိုင်းရင်းဆေးသုတေသနဌာနက တရုတ်တိုင်းရင်းဆေးများစွာကိုတထိုင်တည်းကြော်ငြာတော့သည်။

ထိုတရုတ်တိုင်းရင်းဆေးများကို ရှေးဟောင်းဆေးနည်းများမှ တရုတ်တိုင်းရင်းဆေးဆရာကြီးများဖော်စပ်ထားခြင်းဖြစ်သည်။ အာနိသင်က အနောက်တိုင်းဆေးထက်မညံ့၊ တချို့ကပိုတောင်ထက်သည်။

အထူးသဖြင့် တရုတ်တိုင်းရင်းဆေးများက အနောက်တိုင်းဆေးထက်အများကြီးသက်သာသည်။

တရုတ်တိုင်းရင်းဆေးကိုအများကြီးအာရုံစိုက်ခံရသည်။

တရုတ်တိုင်းရင်းဆေးက ပြည်သူများ၏မျက်စိထဲ တဖန်ရောက်လာပြန်သည်။

အလှည့်အပြောင်းများက အနောက်တိုင်းဆေးရော တရုတ်တိုင်းရင်းဆေးကိုပါ အကြီးအကျယ်သက်ရောက်မှုရှိသည်။

သက်ရောက်မှုကဘယ်လောက်ပဲရှိရှိ အာရုံစိုက်ခံရသည်က ချင်းလင်စံအိမ်လောက်မဟုတ်။

ဟင်းသီးဟင်းရွက်အသစ်များ၏ဆေးဖက်ဝင်အာနိသင်များကိုသိပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အရောင်းစင်တာလာဝယ်ကြသည်။ အများစုက အပျော်ဝင်ယောင်ကြခြင်းပင်။

ထို့ကြောင့် ချင်းလင်စံအိမ်ကလည်း ကြေညာလိုက်သည်:

"ဟင်းသီးဟင်းရွက်အသစ်များကို သီးသန့်နေရာထားရှိပါတယ်... အရောင်းစင်တာရဲ့သီးသန့်နေရာမှာ ဟင်းသီးဟင်းရွက်အသစ်ဝယ်ယူသူတိုင်း ရောဂါရှိကြောင်းလက်မှတ်ပြဖို့လိုပါမယ်!''

ရှင်းရှင်းလေးပါ။ ဟင်းသီးဟင်းရွက်တချို့ကိုသီးသန့်ထားထားသည်။ ဒီဟင်းသီးဟင်းရွက်အသစ်များကို မကျန်းမာလျှင်ဝယ်ယူနိုင်သည်။ ရောဂါမရှိပါက အပျော်မဝယ်ရ။

ဟင်းသီးဟင်းရွက်အသစ်များကိုအပျော်ဝင်ဝယ်သူများရန်မှကာကွယ်နိုင်သော်လည်း တကယ်ဖြစ်နေသူများမဝယ်နိုင်ရင် ဟင်းသီးဟင်းရွက်အသစ်များ၏တကယ့်အာနိသင်ကိုထင်ဟပ်နိုင်မည်လည်းမဟုတ်ပေ။

ချင်းလင်စံအိမ်ကားပါကင်_

မနက်အစောကြီး စွန်းရှီကသူမအဘိုးကိုတက္ကစီနှင့်အပြင်ခေါ်လာသည်။ စံအိမ်ရောက်ရောက်ချင်း ထူးခြားသောလေကိုခံစားမိသည်။

"အဘိုး... ဒီကလေ တကယ်ကောင်းတယ်... ဒီမှာပဲနေပြီး သုံးလေးရက်လောက်လည်ရအောင်... ပြီးရင် ဟင်းသီးဟင်းရွက်အသစ်တွေစားကြည့်ဖို့လိုက်ပို့မယ်''

စွန်းရှီက အိတ်ကိုတစ်ဖက်ကကိုင်၊ ကျန်တစ်ဖက်နှင့်သူမအဘိုးကိုထိန်းပြီး စံအိမ်ထဲလျှောက်လာကြသည်။

သူမအဘိုးက သွေးတိုးရှိပြီး သွေးတိုးကအချိန်မရွေးဒုက္ခပေးနိုင်သည်။



ဆေးသောက်ရတာ သိပ်မကုန်။ ဆေးကောင်းမှ ၁၀ ယွမ်ကျော်သာကျပြီး တစ်လ ယွမ် ၇၀၀ ၊ ၈၀၀ သာရှိမည်။

သို့ရာတွင် အသက်ကြီးသူများကသွေးကျဆေးသောက်ရမှာမကြောက်၊ ဆေးရုံတက်ရမှာကြောက်ကြသည်။

သွေးတိုးကြောင့် သူ့အဘိုးဆေးရုံတက်ရန် အနည်းဆုံး ၂၀၀၀ မှ ၃၀၀၀ ပေးရသည်။

သွေးတိုးကိုကုသနိုင်သည့်နည်းမရှိ။ နောက်ပြီး ဆေးကြောင့်လား၊ဘာကြောင့်လား မသိသော်လည်း ထိန်းချုပ်နိုင်သည့်အာနိသင်သိပ်မကောင်းသောကြောင့် အဘိုးမှာမကြာခဏဆေးရုံတက်ရသည်။

ဆရာဝန်က အဘိုးအတွက်ဖြစ်နိုင်ချေ ၈ မျိုးတောင်စာရင်းလုပ်ထားသည်။ ထိုအခြေအနေ ၈ မျိုးနှင့်ကြုံလျှင် ဆေးရုံလာပြီးဆေးစစ်ရသည်။ ဆေးရုံလာတိုင်း အကြာကြီးတန်းစီရသည်က သူ့ကိုညှင်းဆဲနေသလိုပင်။

သွေးတိုးရှိသောလူကြီးများ ဆေးရုံလာပြီးအကြာကြီးတန်းစီရသည်ကိုမြင်တိုင်း အလုပ်သမားများကိုတန်းစီပြီးဂုတ်သွေးစုပ်ယူသောအရင်းရှင်များကိုစဉ်းစားမိသည်။

ဖော်ပြချက်က နည်းနည်းလွဲသော်လည်း အယူအဆကအတူတူပင်။

အဘိုးဖြစ်သူက သူ့မြေးမကိုစီစဉ်ခိုင်းပြီး_

"ရှောင်ရှီ... အဲဒီဟင်းသီးဟင်းရွက်အသစ်တွေက ငါ့သွေးတိုးရောဂါကိုတကယ်ကုနိုင်မယ်ထင်လား?''

စွန်းရှီကပြုံးပြီး_

"အင်တာနက်ပေါ်က အချက်အလက်တွေတွေ့တယ်မလား? အာနိသင်က သွေးကျဆေးတွေထက်ပိုကောင်းတယ်... ဘာပဲဖြစ်ဖြစ် ဆေးရုံမှာလက်ဆောင်လောက်ပဲလေ... စမ်းကြည့်လို့အန္တရာယ်မရှိပါဘူး... ပြီးတော့ ချင်းလင်စံအိမ်မှာလျှောက်သွားပြီး အပန်းဖြေလို့ရတယ်... အနည်းဆုံးတော့ ဒီကရှုခင်းတွေက တကယ်ကောင်းတာ''

အဘိုးက မငြင်း။

လမ်းတလျှောက်လုံး သူဗီဒီယိုတွေကြည့်လာသည်။ ဗီဒီယိုနှင့်တင် ရှုခင်းတွေမဆိုးကြောင်းသိပြီး တောင့်တလာခဲ့သည်။

စွန်းရှီကအဘိုးနှင့်စံအိမ်ထဲဝင်ပြီး အရောင်းစင်တာဆီအရင်ဆုံးသွားကာ ဟင်းသီးဟင်းရွက်အသစ်များဝယ်ရန်ပြင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် အဘိုးကိုဒီခေါ်လာတာ ဒါကြောင့်ပဲမလား။

အရောင်းစင်တာ_

စွန်းရှီတို့မြေးအဘိုးက နည်းနည်းနောက်ကျနေသေးသည်။ သူတို့နှစ်ဦး ဟင်းသီးဟင်းရွက်အသစ်နေရာရောက်သောအခါ ဟင်းသီးဟင်းရွက်အသစ်များအားလုံးကိုယူသွားကြလေပြီ။

ကံကောင်းချင်တော့ ချင်းလင်စံအိမ်က အမှန်တကယ်လိုအပ်နေသောလူနာများအတွက် တချို့တလေသီးသန့်ချန်ပေးထားသည်။

နောက်ပြီး ထိုနေရာတွင် ရောဂါရှိမရှိစစ်ဆေးသောအထူးဝန်ထမ်းများရှိသည်။ အမှန်တကယ်ရောဂါရှိကြောင်းသက်သေပြနိုင်မှသာ ရောဂါနှင့်သက်ဆိုင်သောဟင်းသီးဟင်းရွက်အသစ်ကိုဝယ်နိုင်သည်။

စွန်းရှီက သူမအဘိုးက ထိုနေရာခေါ်လာသည်။ စည်းကမ်းအတိုင်း သူမအဘိုးသွေးတိုးရှိကြောင်းသက်သေကိုထုတ်ပြီး ဝန်ထမ်းဆီပေးလိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်အသစ်အရောင်းကောင်တာသွား၍ ဟင်းသီးဟင်းရွက်အသစ်များ၏မိတ်ဆက်ကိုဖတ်လိုက်သည်။

(အမျိုးအစား: မုန်လာဥဖြူ)

(ထုတ်ကုန်မိတ်ဆက်: ချင်းလင်ဓာတ်ခွဲခန်းမှထုတ်လုပ်သောထုတ်ကုန်အသစ်၊ အထူးဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည်။)

(ဆေးဖက်ဝင်အာနိသင်: အပူနှင့်အဆိပ်ပြေစေပြီး အစာအိမ်ရောင်ခြင်း၊သွေးတိုးခြင်းကိုကုသရာတွင် အလွန်အကျိုးရှိသည်။)

လိုင်းပေါ်တင်ထားသောမိတ်ဆက်နှင့်မတူ။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှဆေးစစ်ချက်၊ထောက်ခံချက်မိတ္တူများကိုပါ ပူးတွဲကပ်ထားသည်။

ဒီတော့ အကုန်ပါးစပ်ပိတ်သွားလိမ့်မည်။

စွန်းရှီက မုန်လာဥဖြူလေးငါးကတ်တီကိုတန်းဝယ်လိုက်သည်။

ချင်းလင်စံအိမ်ကလုပ်ဆောင်ချက်ကောင်းသည်ဟု သူမထင်သည်။



ဟင်းသီးဟင်းရွက်အသစ်တွေသာတကယ်အာနိသင်ရှိရင် အပျော်ဝင်ပါသူတွေကဘာမှမဖြစ်။ ထို့အတူ တကယ်လိုအပ်သူတွေကမဝယ်နိုင်ဖြစ်လိမ့်မည်။

အခု သီးသန့်သတ်မှတ်လိုက်သောကြောင့် သာမန်ခရီးသည်များမကျေနပ်ကြသော်လည်း တကယ်လိုအပ်နေသောခရီးသည်များဝယ်ခွင့်ရသည်။

စွန်းရှီက အရောင်းစင်တာထဲတွင် တခြားဟင်းသီးဟင်းရွက်များ၊အသားများဝယ်ရန် သူမအဘိုးကိုခေါ်သွားသည်။ ပြီးတော့မှ ဘေလ်ရှင်းပြီးအရောင်းစင်တာမှထွက်လာသည်။

ဝယ်ယူထားသောဟင်းသီးဟင်းရွက်များကို စားသောက်ဆိုင်တွင် စာရင်းသွင်းသိမ်းဆည်းနိုင်ပြီး စားသောက်ဆိုင်စားဖိုဆောင်က ချက်ပြုတ်တည်ခင်းပေးသည်။ ဝန်ဆောင်မှုပေးသောနေရာမှ မီးဖိုနှင့်အသားကင်စက်လည်းငှားရမ်းနိုင်သည်။

မီးဖိုငှားလျှင် မီးဖိုဘေးတွင် သေတ္တာသေးသေးလေးထည့်ပေးသည်။ ဟင်းသီးဟင်းရွက်များကိုသေတ္တာထဲလည်း သိမ်းဆည်းထားနိုင်သည်။ ထို့နောက် အပြင်ထွက်လည်ပတ်ပြီး ပြန်လာမှချက်ပြုတ်နိုင်သည်။

စွန်းရှီက ဟင်းသီးဟင်းရွက်၊အသားများများဝယ်ပြီး ဘူဖေးနေရာတွင်မီးဖိုငှားကာ ကိုယ်တိုင်ချက်ပြုတ်စားရန်စီစဉ်ထားသည်။

သူမဝယ်လာသော ဟင်းသီးဟင်းရွက်၊အသားငါးများကို စားဖိုဆောင်နှင့်လတ်လတ်ဆတ်ဆတ်ထားနိုင်သောသေတ္တာထဲသိမ်းပြီး အဘိုးကိုချင်းလင်စံအိမ်ထဲလိုက်ပို့သည်။

အပန်းဖြေအနားယူသောနေရာ၊ ရေပေါ်တံတားရှုခင်း၊ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်နှင့် ပန်းပင်လယ်အကျယ်တို့ကို မဖြစ်မနေသွားရမည်။ တစ်နေရာမှလွတ်၍မရ။

ချင်းလင်မွေးမြူရေးခြံကို မနက်ဖြန်မှသွားရမည်။

စွန်းရှီက ပစ္စည်းများနေရာချပြီး အဘိုးနှင့်ချင်းလင်စံအိမ်ထဲလျှောက်လည်သည်။ နေ့လယ်မှ ဘူဖေးနေရာပြန်ရောက်ပြီး စတင်ချက်ပြုတ်သည်။

သူမလက်ရာက မဆိုး။ အသားနှင့်ဟင်းပွဲများကိုမြန်မြန်ဆန်ဆန်ပြင်ဆင်လိုက်သည်။

မုန်လာဥဖြူချက်သောအခါ ပိုပြီးဂရုစိုက်ရသည်။ သူမအဘိုးအတွက်ဖြစ်ပြီး ရောင်းပေးသောပမာဏက နေ့လယ်စာနှင့်ညစာစားလောက်သာရှိသည်။ မနက်ဖြန်မှထပ်ဝယ်ရမည်။

အသင့်ဖြစ်သောအခါ စွန်းရှီကမုန်လာဥဖြူကိုအဘိုးရှေ့ချပြီး_

"အဘိုး... စားကြည့်... အာနိသင်ဘယ်လိုနေမလဲလို့''

အဘိုးကခေါင်းညိမ့်ပြီး စစားသည်။

"အဘိုး... ဘယ်လိုလဲ?''

စွန်းရှီက တန်းမေးသည်။

"အခုမှစားလိုက်တာလေ... ဘယ်လိုလုပ် ဒီလောက်မြန်မြန်အာနိသင်ပြနိုင်မှာလဲ?''

အဘိုးကခေါင်းခါပြီးပြောသည်။

"ဟုတ်သားပဲ!''

စွန်းရှီခေါင်းညိမ့်လိုက်သည်။

အမှန်ပင်။ အရည်အသွေး ၁ မုန်လာဥဖြူက သွေးတိုးအတွက်အာနိသင်ရှိရင်တောင် ဒီလောက်မြန်ဖို့မဖြစ်နိုင်။

စားပြီးနောက် စွန်းရှီလည်း အဘိုးကိုခေါ်ပြီး ရေပေါ်တံတားရှုခင်းဆီသွားသည်။

အဘိုးကနှေးနှေးသာလျှောက်နိုင်သောကြောင့် ဖြည်းဖြည်းချင်းလည်ပတ်ရသည်။ ဒီအရှိန်နှင့်ဆို ဒီနေ့ရေပေါ်တံတားလည်ပြီးရင် ပန်းပင်လယ်အကျယ်ကိုဆက်နိုင်မည်မထင်တော့။

သို့ရာတွင် လျှောက်သွားနေရင်း အဘိုးအခြေအနေကပိုကောင်းလာကြောင်း စွန်းရှီသတိထားမိသည်။ မနက်ကလို မောပန်းနေပုံမပေါက်။

"အဘိုး... အခုရော ဘယ်လိုလဲ?''

စွန်းရှီကအမှတ်တမဲ့မေးလိုက်သည်။

အဘိုးကခဏကြောင်သွားပြီးမှ နည်းနည်းအံ့ဩပုံဖြစ်သွားသည်။ သွေးတိုးရှိပြီးနောက်ပိုင်း လမ်းများများလျှောက်လျှင် မူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ ​ခြေကုန်လက်ပမ်းကျခြင်းများဖြစ်လာသည်။

သို့သော် အခုအကြာကြီးလျှောက်သွားပြီး ဒါတွေလုံးဝမဖြစ်။



ထို့ကြောင့် မယုံနိုင်သလိုဖြစ်သွားပြီး_

"အများကြီးပိုကောင်းလာတယ်... မအီမသာမရှိဘူး''

စွန်းရှီက အံ့ဩသွားကာ_

"အဘိုး... အဲဒါမုန်လာဥဖြူအစွမ်းဖြစ်မယ်... တစ်နေရာသွားပြီး သွေးပေါင်တိုင်းကြည့်ရအောင်''

"အင်း!''

အဘိုးကခေါင်းညိမ့်သည်။

စွန်းရှီက ရေပေါ်တံတားပေါ်မှရှုခင်းကြည့်နေရာခေါ်လာပြီး ထိုင်လိုက်ကြသည်။ ထို့နောက် အိတ်ဖွင့်၍ သွေးပေါင်ချိန်စက်ထုတ်လိုက်သည်။

ပြီးလျှင် စက်ဖွင့်ပြီး လက်ပတ်ကိုအဘိုးလက်မောင်းတွင်ပတ်လိုက်သည်။

တခဏချင်း စက်ပေါ်တွင်တန်ဖိုးတက်လာ၏။ 75 mmHg သို့အမြန်ဆုံးရောက်သွားပြီး 75 mmHg ရောက်သောအခါရပ်သွားသည်။

ထိုနံပါတ်ကြောင့် စွန်းရှီအံ့ဩသွားသည်။ လူတစ်ယောက်ရဲ့ပုံမှန်သွေးဖိအားက 60 mmHg မှ 90 mmHg ဖြစ်သောကြောင့်ပင်။

ဒါပုံမှန်သွေးဖိအားပဲ။

ဒါပေမဲ့ အဘိုးကသွေးတိုးရှိပြီးနောက်ပိုင်း ဆေးသောက်ထားရင်တောင် ဒီပမာဏကိုထိန်းထားဖို့ခက်သည်။

စွန်းရှီက သေချာအောင်နှစ်ကြိမ်စမ်းသပ်လိုက်ရာ နှစ်ကြိမ်လုံး 75 mmHg နှင့် 80 mmHg အတွင်းရှိသည်။

နောက်ပြီး ဒါလမ်းအကြာကြီးလျှောက်ပြီးမှစမ်းသပ်ထားတဲ့အဖြေ။

အဘိုးရဲ့သွေးတိုးက လမ်းများများလျှောက်ပြီးရင်တက်လာတတ်သောကြောင့် ဆေးသောက်ရသည်။ အဘိုးကလမ်းလည်းလျှောက်ပေးရသည်။ ထို့​ကြောင့် ဆေးကိုတပါတည်းဆောင်ထားရ၏။

ဒီလောက်အကြာကြီးလျှောက်ပြီးတာတောင် ပုံမှန်ဖြစ်နေတဲ့အဘိုးရဲ့သွေးဖိအားက လန့်လောက်စရာ။

အဲဒါထက် မုန်လာဥဖြူက တကယ်အာနိသင်ရှိသည်ဟုဆိုရမည်။

နောက်ပြီး ချင်းလင်စံအိမ်မုန်လာဥဖြူရဲ့အာနိသင်က သွေးကျဆေးထက်ပိုကောင်းနေသည်။ အနည်းဆုံးတော့ သွေးကျဆေးတွေက သူမအဘိုးအပေါ် ဒီလိုအာနိသင်မျိုးမရှိ။

ထိုအဖြေကြောင့် စွန်းရှီလည်းသက်ပြင်းချလိုက်သည်။ သူမကအဘိုးကိုခေါ်ပြီး ရေပေါ်တံတားရှုခင်းကိုနောက်တစ်ပတ်ထပ်ပတ်သည်။

ညနေပိုင်းတွင် ဘူဖေးနေရာပြန်ကာချက်ပြုတ်ပြီး အဘိုးအတွက်မုန်လာဥဖြူလည်းချက်ပေးသည်။

အခန်းပြန်ရောက်သောအခါ အဘိုးမအိပ်ခင် သွေးပေါင်ချိန်ကြည့်သည်။ 70 mmHg သာရှိ၍ လုံးဝစိတ်ချရသောအနေအထားဖြစ်နေပြီ။

နောက်တစ်နေ့_

စွန်းရှီမျက်နှာသစ်သန့်စင်ပြီး အရင်ဆုံးလုပ်သည်က အဘိုးအခန်းထဲသွားပြီး သွေးပေါင်ချိန်တိုင်းခြင်းပင်။

အဘိုးက မနက်ပိုင်း ၆-၁၀ နှင့် ညနေ ၄-၈ တွင် သွေးပေါင်တက်တတ်သည်။ အသက်အန္တရာယ်ရှိနိုင်၍ ဆေးသောက်ဖို့လိုသည်။

ထိုနှစ်ချိန်မှာ သွေးတိုးလူနာများ သွေးပေါင်အတက်ဆုံးအချိန်လည်းဖြစ်သည်။

စွန်းရှီကစက်ထုတ်ပြီး အဘိုးကိုတိုင်းလိုက်သည်။ မြန်မြန်ဆန်ဆန်ပင် စက်ပေါ်နံပါတ်တစ်ခုပေါ်လာ၏: 75 mmHg!

ထိုနံပါတ်ကြောင့် စွန်းရှီအံ့အားသင့်သွားသည်။

ဒီနံပါတ်မဖြစ်လောက်။

အရင်က ညမအိပ်ခင်သွေးကျဆေးသောက်ထားရင်တောင် နောက်တစ်နေ့အဘိုးအိပ်ရာနိုးလာတဲ့အခါ သွေးပေါင်ကနှစ်ဆလောက်တက်နေတတ်သည်။

ဆေးဘယ်လောက်သောက်သောက် ဒီရောဂါကိုမကုနိုင်။

အဘိုးသွေးပေါင်ကလုံးဝမတက်တော့ဘူးဆိုတော့ စိတ်ချရပြီပေါ့။

ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်က သွေးတိုးကိုကုနိုင်တာလား?

ဒါအင်္ဂလိပ်ဆေးတွေတောင် မတတ်နိုင်တာ!

All Chapters