← Chapters

အထူးပါဝင်ပစ္စည်း! ဒီလိုမဟုတ်လား?

Vol. 58 Ch. 863

အထူးပါဝင်ပစ္စည်း! ဒီလိုမဟုတ်လား?

Vol. 58 Ch. 863

သွေးတိုးမှာ လောလောဆယ်တွင်တွေ့ရအများဆုံးနာတာရှည်ရောဂါတစ်ခုဖြစ်နေသည်။ နိုင်ငံအတွင်း သွေးတိုးရှိသူ သန်း ၃၃၀ ခန့်ရှိသည်။ လက်ရှိကုသမှုပုံစံမှာ ရေရှည်ကုသမှုဖြစ်ပြီး အပျောက်ကုသနိုင်ရန်ခက်ခဲသည်။ တချို့က ဆေးသောက်ခြင်း၊ဆေးစွဲသောက်ခြင်းဖြင့် သွေးဖိအားကိုပုံမှန်အတိုင်းထိန်းထားနိုင်သည်။

အင်္ဂလိပ်ဆေးတောင် ဒီရောဂါကိုမတတ်နိုင်။ ထို့ကြောင့် စျေးကွက်ထဲတွင်သွေးကျဆေးများသာရှိသည်။

အခု ချင်းလင်စံအိမ်ရဲ့မုန်လာဥဖြူက တစ်ခုခုမှားနေသလို စွန်းရှီခံစားရသည်။

မနေ့ကမုန်လာဥဖြူစားပြီး ဒီနေ့အဘိုးရဲ့သွေးပေါင်ချိန်ကပုံမှန်ဖြစ်နေသည်။

"ရှောင်ရှီ... ဒီမနက်ပုံမှန်ဖြစ်နေတယ်ထင်တယ်''

အဘိုးက မယုံနိုင်ပုံနှင့်ပြောသည်။

"ဟုတ်တယ်... တကယ်ပဲ''

စွန်းရှီကခန့်မှန်းကြည့်ပြီး အဘိုးအား_

"အဘိုး... ဒီနေ့ သွေးကျဆေးရော မုန်လာဥဖြူပါမစားဘဲ သွေးပေါင်တိုင်းကြည့်ရအောင်''

စွန်းရှီက အဘိုးကိုအပြင်ခေါ်ပြီး ချင်းလင်မွေးမြူရေးခြံဘက်ဦးတည်လိုက်သည်။ ဒီနေ့ အဘိုးနှင့် ချင်းလင်မွေးမြူရေးခြံသွားလည်မည်။

ချင်းလင်မွေးမြူရေးခြံမှာ အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကွင်းပြင်ကျယ်ကြီးရှိသောကြောင့် အလှအပရှုခင်းက ချင်းလင်စံအိမ်မှတစ်ခုချင်းစီထက်ပိုလှသည်။

စွန်းရှီကအဘိုးကိုချင်းလင်မွေးမြူရေးခြံခေါ်သွားရာ သူ့ဂုဏ်သတင်းအတိုင်းကောင်းကောင်းထိန်းသိမ်းထားသည်ကိုမြင်သောကြောင့် ကြည့်ရင်းရှုရင်းသက်ပြင်းချလိုက်သည်။

ထင်တဲ့အတိုင်းပဲ။ ဒီနေရာကိုလူတွေဝင်ဝင်ချင်း သဘောကျသွားမှာ။

ချင်းလင်မွေးမြူရေးခြံတွင် အဘိုးနှင့်နေ့ဝက်လောက်အချိန်ဖြုန်းပြီး သွေးပေါင်တိုင်းကြည့်သည်။

ဒီတစ်ခါလည်း အဘိုးရဲ့သွေးဖိအားက စိတ်ချရသောအတိုင်းအတာအတွင်းရှိနေသည်။

နေ့လယ်တွင် အဘိုးကိုသွေးပေါင်တိုင်းပြန်သည်။ စိတ်ချရနေဆဲ။

ဒါ အဘိုးတစ်မနက်လုံးလမ်းလျှောက်ပြီး အခြေအနေဖြစ်သည်။ နောက်ပြီး ဆေးလည်းမသောက်ထား၍ အရင်ကဆိုမဖြစ်နိုင်။

တစ်နည်းပြောရရင် မနေ့ကမုန်လာဥဖြူရဲ့အာနိသင်က အခုထိထိန်းထားနိုင်တာလား?

စွန်းရှီက အဘိုးနှင့်ချင်းလင်မွေးမြူရေးခြံကိုထပ်ပတ်သည်။ ညနေတွင် အဘိုးကိုသွေးပေါင်ချိန်ကြည့်ပြန်သည်။

ဒီတစ်ကြိမ်တွင် အဘိုး၏သွေးဖိအားက 90 mmHg လောက်တက်သွားပြီး သွေးတိုးမည့်အခြေအနေဖြစ်နေသည်။

အရင်ကဆို သေချာပေါက်အလွန်တက်နေမည်။ ချက်ချင်းဆေးသောက်ပြီး အနားယူဖို့လိုသည်။

ချင်းလင်စံအိမ်မုန်လာဥဖြူရဲ့သွေးကျစေတဲ့အာနိသင်က သွေးကျဆေးထက်ကောင်းရုံသာမဟုတ်။ တစ်ဆင့်လည်းပိုမြင့်သည်။

ညပိုင်း ...

စွန်းရှီက အဘိုးအတွက်မုန်လာဥဖြူချက်နေသည်။ လက်ရှိအခြေအနေကြောင့် ချင်းလင်စံအိမ်မုန်လာဥဖြူက အဘိုးရဲ့သွေးတိုးရောဂါကိုလုံးဝကုနိုင်မည်ဟုခံစားရသည်။

ထိုသို့တွေးမိ၍ စွန်းရှီက ရုံချန်းတွင်အဘိုးနှင့်သုံးလေးရက်ဆက်နေရန်စီစဉ်ပြီး ဟိုတယ်အခန်းဆက်ယူရန်ချက်ချင်းဖုန်းဆက်လိုက်သည်။

အဘိုးကိုမုန်လာဥဖြူသုံးလေးရက်ဆက်ကျွေးပြီးနောက် စွန်းရှီကရပ်လိုက်သည်။

တစ်ရက်အကြာ အဘိုးကိုသွေးပေါင်ချိန်တိုင်းပြန်သည်။ ဒီတစ်ကြိမ်တွင် သွေးဖိအားက 80 mmHg သာရှိပြီး အရင်စိုးရိမ်ရသော 90 mmHg ထက်ကျသွားသည်။

နောက်ပြီး အဘိုးရဲ့သွေးပေါင်ချိန်က နှစ်ရက်ဆက်တိုက် 80 mmHg မှ 82 mmHg အထိသာတက်သည်။

လုံးဝအံ့ဩစရာ!

ဒီနှုန်းအတိုင်းဆို ချင်းလင်စံအိမ်မုန်လာဥဖြူက သွေးတိုးလုံးဝပျောက်နိုင်မည်ဖြစ်၍ မကုနိုင်သောရောဂါမဟုတ်တော့။

ဒါပေမဲ့ အံ့ဩစရာကြီး!



ဘာပဲဖြစ်ဖြစ် သွေးတိုးကိုနှစ်တွေအကြာကြီးသုတေသနလုပ်လာပြီး အင်္ဂလိပ်ဆေးကမကုနိုင်သေး။

ဂိမ်းစနစ်ထုတ်ကုန်ရဲ့ သွေးကျခြင်း +၁ အာနိသင်ကို အပြင်လူတွေသိဖို့မဖြစ်နိုင်ပေ။

'ပျောက်'ဆိုမှ 'ပျောက်'ပဲ။

စွန်းရှီက သူမစမ်းသပ်ချက်ကိုဗီဒီယိုရိုက်ပြီး Tiktok ပေါ်တွင် သူများကိုမျှဝေပေးရန်ပြင်လိုက်သည်။

သို့ရာတွင် Tiktok ဖွင့်ပြီးဗီဒီယိုမရိုက်ရသေးခင် ပထမဆုံးဗီဒီယိုက မုန်လာဥဖြူအကြောင်းဖြစ်နေသည်ကိုတွေ့ရသည်။

လူငယ်တစ်ယောက်ရိုက်ထားသောဗီဒီယိုဖြစ်ပြီး ချင်းလင်စံအိမ်မှာဖြစ်ပုံရသည်။ ဗီဒီယိုထဲတွင် လူငယ်ကအားတက်သရောနှင့်_

"ပြောရင်ယုံမှာမဟုတ်ဘူး... ဒါပေမဲ့ အဘွားကသွေးတိုးနေတာကြာပြီ... အဲဒီအတွက်ခဏခဏဆေးသောက်ရတယ်... ဒါပေမဲ့ သွေးတိုးက အနောက်တိုင်းဆေးအတွက်ခက်ခဲတဲ့ပြဿနာပဲ... ကုရခက်တယ်''

"အဲဒါကြောင့် အဘွားရဲ့သွေးတိုးကိုထိန်းဖို့ နှစ်တိုင်းဆေးပဲအားကိုးနေရတယ်... ခဏခဏဆေးရုံတက်ရတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ချင်းလင်စံအိမ်ရဲ့မုန်လာဥဖြူစားပြီး ထူးခြားလာတာ''

"မုန်လာဥဖြူက သွေးတိုးကိုလုံးဝကုနိုင်တာပဲ... လုံးဝအံ့ဩစရာကောင်းတယ်... အခု စဉ်းစားနေတာ... ချင်းလင်စံအိမ်ရဲ့မုန်လာဥဖြူကဖြေရှင်းနိုင်တဲ့ပြဿနာကို အင်္ဂလိပ်ဆေးကဘာလို့မဖြေရှင်းနိုင်တာလဲလို့?''

ဒီမေးခွန်းကိုမေးလာသူရှိသောကြောင့် စွန်းရှီစိတ်မပါတော့။

ပထမဆုံးတင်သူမှသာ ပြီးမြောက်အောင်မြင်သည်ဆိုသောခံစားချက်မျိုးရမည်။

စွန်းရှီကသုံးလေးပုဒ်ဆက်ကြည့်ရာ မုန်လာဥဖြူတင်မဟုတ်။ လူနာအတော်များများက ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်များမှာ သူတို့ရောဂါကိုကုသနိုင်ကြောင်းသိရှိပြီး ဝဘ်ဆိုဒ်တချို့တွင်ဗီဒီယိုများတင်ထားကြသည်။

"လုံးဝယုံနိုင်မှာမဟုတ်ဘူးနော်... ငါကအမြဲတမ်းဆီးတစက်စက်ကျနေတာ... ဒါပေမဲ့ မုန်လာဥစားပြီးမှ မြန်မြန်ဆန်ဆန်သက်သာလာတာ... ဟဲ ဟဲ''

"ချင်းလင်စံအိမ်ရဲ့ခရမ်းသီးက အံ့ဩစရာပဲ... အဖေက အဆီဓာတ်တွေမြင့်နေတာ... ချင်းလင်စံအိမ်ခေါ်သွားပြီး ခရမ်းသီးကျွေးလိုက်မှ အဆီဓာတ်တွေကျသွားတယ်... ပြီးတော့ ဆေးရုံသွားစစ်လိုက်တာ လုံးဝကောင်းသွားပြီတဲ့''

“……”

ချင်းလင်ဟင်းသီးဟင်းရွက်အကြောင်းဗီဒီယိုများအင်တာနက်ပေါ်တက်လာလေလေ၊ ဟင်းသီးဟင်းရွက်အသစ်များက ပိုပြီးလှုပ်လှုပ်ရွရွဖြစ်လာလေပင်။

ချင်းလင်စံအိမ်မှဟင်းသီးဟင်းရွက်က အင်္ဂလိပ်ဆေးတောင်မကုနိုင်သောရောဂါတချို့ကိုကုသနိုင်ကြောင်း လူတိုင်းသိသွားကြလေသည်။

All Chapters