← Chapters

အထူးပါဝင်ပစ္စည်း! ဒီလိုမဟုတ်လား? ၂

Vol. 58 Ch. 864

အထူးပါဝင်ပစ္စည်း! ဒီလိုမဟုတ်လား? ၂

Vol. 58 Ch. 864

ဒါအနောက်တိုင်းဆေးဌာနတစ်ခုလုံးကိုဖြတ်ရိုက်လိုက်တာနဲ့မတူဘူးလား?

သို့သော် တချို့ကမယုံ။

မယုံသူများတွင် ဆေးပညာပါမောက္ခဖူရှင်းမင်တို့ပါသည်။

အနောက်တိုင်းဆေးပါမောက္ခတစ်ဦးက လိုင်းပေါ်ဗီဒီယိုတင်ထားသည်:

"အင်တာနက်ပေါ်မှာပြောကြတဲ့ ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်က သွေးတိုးကုနိုင်တယ်ဆိုတဲ့အကြောင်းကို ဝေခွဲမရဖြစ်နေတာ''

"ဒါမှမဟုတ် ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်ကပဲ ဒီရောဂါတွေအတွက်ထိရောက်နေလို့လား? ဒါတော့ ချဲ့ကားတာပဲ''

ဆေးဝါးစစ်ဆေးရေးဌာနမှတင်ပြချက်အရ ဟင်းသီးဟင်းရွက်မှာအာနိသင်ရှိသော်လည်း အမြစ်ပြတ်ကုသနိုင်သည်ဟုပြောရန်မဖြစ်နိုင်။

ဖူရှင်းမင်လည်း မဖြစ်နိုင်ဟုခံစားရသည်။ အစားအသောက်နှင့်ဆေးဝါးအဖွဲ့အစည်းမှအချက်အလက်များအရ ဒီဟင်းသီးဟင်းရွက်များက အမှန်ပင်ရောဂါများအတွက်အာနိသင်ရှိပြီး ခရမ်းသီးအသစ်က သူတို့လေ့လာနေသောဆေးထက်တောင်ကောင်းနေသည်။

သို့ရာတွင် စမ်းသပ်ထားသောအချက်အလက်များအရ အဆီဓာတ်မြင့်ခြင်းကိုကုသရန်မဖြစ်နိုင်။

ဟာသကြီးပဲ!

အင်တာနက်ပေါ်မှလူများကို ချင်းလင်စံအိမ်ကငှားထားတာဖြစ်မည်။ သူ့ကိုဆိုးဆိုးဝါးဝါးထိုးနှက်ခဲ့ပုံကိုစဉ်းစားမိသောအခါ ချက်ချင်းအကောင့်သစ်ဖွင့်ပြီး ဗီဒီယိုများထဲဝင်ကာ သူများမှတ်ချက်ကိုကန့်လန့်လိုက်တိုက်သည်။

အဲဒီဟင်းသီးဟင်းရွက်တွေက ရောဂါတွေကိုမကုနိုင်ဘူး!

နောက်ပြီး အချက်အလက်ကိုအသေးစိတ်ဓာတ်ခွဲကြည့်ရင် ဘာကြောင့်အမြစ်ပြတ်မကုနိုင်လဲ အားလုံးသိနိုင်လိမ့်မည်။

ဒါသိပ္ပံစည်းမျဉ်းနဲ့မညီ။

ဘာပဲဖြစ်ဖြစ် ဓာတ်တွေပေါင်းထည့်ထားရင် ဆေးက ၃၀% အဆိပ်ရှိကြောင်း၊ပြဿနာများရှိကြောင်း စိုးရိမ်စရာရှိလာသည်။

ထို့နောက် သူကမှတ်ချက်ကိုကူးယူကာ ဆက်စပ်ရာဗီဒီယိုတိုင်းတွင် မှတ်ချက်ပေးလိုက်သည်။

သူဘာကြောင့်ဒီလိုလုပ်မှန်းမသိသော်လည်း မလုပ်လိုက်ရရင် စိတ်ကမပျော်ရွှင်။ ချင်းလင်စံအိမ်ကိုဖော်ထုတ်ပစ်မည်။



သို့ရာတွင် ဗီဒီယိုများကိုတစ်ပုဒ်ချင်းဆွဲကြည့်ရာ ဗီဒီယိုတစ်ပုဒ်ကြောင့် ရုတ်တရက်သူတန့်သွားသည်။

ထိုဗီဒီယိုကို အရင်ကသူအထင်သေးခဲ့သော အင်တာနက်ဆယ်လီပါမောက္ခဝူဟွားက တင်ထားခြင်းပင်။ ဝူဟွား၏လုပ်ရည်ကိုင်ရည်နှင့်ဘွဲ့ယူခဲ့သောကျောင်းကို သူအထင်မကြီး။

အခု ဒီကောင်က ချင်းလင်စံအိမ်အကြောင်းဗီဒီယိုတင်ထားပြီ။

ဗီဒီယိုထဲတွင် အင်တာနက်ဆယ်လီပါမောက္ခဝူဟွားက_

"အခု ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေက အရမ်းနာမည်ကြီးနေတာ... ကျွန်တော်စမ်းကြည့်ဖို့ ဟင်းသီးဟင်းရွက်တွေဝယ်ခိုင်းထားတယ်... အနောက်တိုင်းဆေးပါမောက္ခတချို့က ဒီဟင်းသီးဟင်းရွက်တွေကိုမေးခွန်းထုတ်နေတာလည်းတွေ့တယ်... ဆေးဝါးစစ်ဆေးရေးဌာနက ဒီရောဂါတွေကိုမကုနိုင်ဘူးဆိုတဲ့အချက်အလက်ကိုပြောထားတယ်''

"ဒီအချက်နဲ့ပတ်သက်ပြီး အချက်အလက်ကြည့်ရုံသက်သက်နဲ့ ရောဂါကုဖို့မဖြစ်နိုင်တာကိုလည်း ဝန်ခံပါတယ်... ဒါပေမဲ့ ပါမောက္ခတွေကိုယ်တိုင် ဒီဟင်းသီးဟင်းရွက်တွေကိုစမ်းကြည့်ရင် အထူးဓာတ်တွေပါကြောင်းသိမှာပါ''

"ဒီဓာတ်တွေမှာ မူလအာနိသင်ထက်ပိုထက်တဲ့အစွမ်းရှိပါတယ်... ဒီဓာတ်တွေကြောင့် ဟင်းသီးဟင်းရွက်တွေက ဒီလိုရောဂါတွေကိုကုနိုင်တာပါ''

"ဆေးဝါးစစ်ဆေးရေးဌာနက သက်ဆိုင်ရာရောဂါအတွက် ပါဝင်ပစ္စည်းတွေကိုပဲစမ်းသပ်မှာပါ... ထပ်တိုးပါဝင်ပစ္စည်းတွေကိုစမ်းသပ်မှာမဟုတ်ပါဘူး... အဲဒီအထူးထပ်တိုးဓာတ်တွေကို ကျွန်တော်တို့သုတေသနသမားတွေစူးစမ်းသင့်ပါတယ်''

"အဲဒီအထူးဓာတ်ကဘာလဲ ကျွန်တော်ဓာတ်မခွဲနိုင်ပေမဲ့ သုတေသနသမားတွေအားလုံးကိုမှတ်ချက်မပေးခင် သတိထားဖို့ ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ မေတ္တာရပ်ခံလိုပါတယ်... မစမ်းသပ်ဘဲ အခြေအနေကိုနားမလည်ဘဲပြောတဲ့ ပါမောက္ခဖူရှင်းမင်လိုမဖြစ်စေချင်ပါဘူး... ရှက်စရာကောင်းပါလိမ့်မယ်''

ဖူရှင်းမင်က ဗီဒီယိုကြည့်ပြီး ဒေါသတလိပ်လိပ်တက်လာသည်။

သူကတော့ အကြာကြီးမှတ်ချက်ပေးပြီး ရှင်းပြနေခဲ့တာ။ အခုဟိုက ဒီဟင်းသီးဟင်းရွက်တွေမှာ အထူးဓာတ်ပါကြောင်းပြောနေပြီ။ အဲဒီအထူးဓာတ်ကြောင့် ဒီဟင်းသီးဟင်းရွက်တွေက သွေးတိုးနဲ့တခြားရောဂါတွေကိုအမြစ်ပြတ်ကုနိုင်တာလား?

စောစောက မှတ်ချက်တွေကူးနေတဲ့သူ့ကို လူပျက်ဖြစ်အောင်လုပ်လိုက်တာလား?

အထူးသဖြင့် သူအထင်သေးတဲ့ဒီကောင်က သူ့နာမည်ကိုထည့်ပြောပြီး သိက္ခာကျအောင်လုပ်တယ်ပေါ့?

နောက်ဆုံးစကားကိုကြားပြီး သူ့သွေးကြောများဖောင်းလာသည်။ ဒေါသထွက်လွန်း၍ လက်ထဲမှဖုန်းကိုကြမ်းပေါ်ပေါက်ခွဲလိုက်ရာ အစိတ်စိတ်အမွှာမွှာကွဲသွားသည်။

သူဖြစ်ချင်သလို ဘာမှမဖြစ်။

အင်တာနက်ဆယ်လီပါမောက္ခဝူဟွား၏ဗီဒီယိုထွက်လာသောကြောင့် ဟင်းသီးဟင်းရွက်လက်ဝယ်ရှိသူများက အမြန်စမ်းသပ်ကြည့်ကြသည်။ ထင်တဲ့အတိုင်း ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်အသစ်တွင် အထူးဓာတ်တစ်မျိုးစမ်းသပ်တွေ့ကြသည်။

ထိုအထူးဓာတ်က ဂျိုကာနှင့်တူသည်။ ဟင်းသီးဟင်းရွက်များ၏ဆေးဖက်ဝင်ဓာတ်အသီးသီးကိုမြှင့်တင်ပေးနိုင်သည်။



တချို့က ထိုအထူးဓာတ်ကိုထုတ်ယူပြီး ဆေးဖက်ဝင်ဓာတ်တချို့နှင့်ပေါင်းစပ်ရန်ကြိုးစားသော်လည်း အာနိသင်မရှိတော့ကြောင်းတွေ့ရပြန်သည်။ ကြည့်ရတာ ဟင်းသီးဟင်းရွက်မှာပါသောဆေးဖက်ဝင်ဓာတ်အတွက်သာ အသုံးဝင်ပုံရသည်။

ထို့ကြောင့် စမ်းသပ်ကြည့်သူများ မယုံနိုင်ဖြစ်နေကြသည်။

နောက်ပြီး အတော်များများက ထိုအထူးဖွဲ့စည်းထားမှုကိုဓာတ်ခွဲဖို့ကြိုးစားသော်လည်းမရ။ ထိုအထူးဖွဲ့စည်းမှုကို ရှုပ်ထွေးသောမော်လီကျူးများနှင့်တည်ဆောက်ထားပြီး ဓာတ်ခွဲလိုက်သောအခါ မော်လီကျူးများကျိုးပဲ့ပျက်စီး၍ အထူးဖွဲ့စည်းမှုအာနိသင်ကိုဆုံးရှုံးသွားသည်။

ထို့ကြောင့် ဓာတ်ခွဲကြည့်သူများလည်း နည်းနည်းကြောင်ကုန်သည်။

ချင်လင်က ဒီအကြောင်းမသိ။ သိရင် 'ဒါတွေကဂိမ်းထဲကထွက်လာတာ။ ဒီလောက်မရိုးရှင်းဘူး'ဟု ပြောပစ်လိုက်မည်။

သို့ရာတွင် အင်တာနက်ဆယ်လီပါမောက္ခဝူဟွားက သူ့ကိုအတော်လေးအထင်ကြီးနေသည်။

အမှန်အတိုင်းပြောရရင် အရည်အသွေး ၁ ဟင်းသီးဟင်းရွက်ကို သူသိပ်ဂရုမစိုက်။ ဂိမ်းထဲတွင် အရည်အသွေး ၁ ဟင်းသီးဟင်းရွက်က အမှိုက်သာသာရှိသည်။

ချင်းလင်ဓာတ်ခွဲခန်းက ထိုအထူးဓာတ်ကိုဖော်ပြထားသည်။ ဒါကိုအရင်ဆုံးသတိထားမိသူက အင်တာနက်ဆယ်လီပါမောက္ခဝူဟွားဖြစ်မည်ဟုမထင်မိ။ မေးခွန်းထုတ်သူတခြားပါမောက္ခများတောင် ဒါကိုသတိမထားမိကြ။

ထို့ကြောင့် အင်တာနက်ဆယ်လီပါမောက္ခဖြစ်လာခြင်းမှာ အကြောင်းအရင်းမရှိမဟုတ်ပေ။

ချင်လင်လည်း ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်အကြောင်းဗီဒီယိုများကိုဆက်ကြည့်လိုက်သည်။ သုံးလေးပုဒ်ကြည့်ပြီးနောက် စိတ်ဝင်စားစရာဗီဒီယိုတစ်ပုဒ်ကိုတွေ့သည်။

ထိုဗီဒီယိုကို အနောက်တိုင်းဆေးအဖွဲ့အစည်းမှတင်ထားခြင်းဖြစ်သည်။

ဗီဒီယိုထဲကပုဂ္ဂိုလ်မှာ အနောက်တိုင်းဆေးအဖွဲ့အစည်းတွင်ရာထူးမြင့်သူမှန်းသိသာသည်။ အရင်ဆုံး သူက အံ့ဩစရာဟင်းသီးဟင်းရွက်မျိုးထုတ်နိုင်သည့်အတွက် ချင်းလင်စံအိမ်ကိုဂုဏ်ပြုထားသည်။

"ကျုပ်တို့နိုင်ငံမှာ ဆေးလောကကို တရုတ်တိုင်းရင်းဆေးနဲ့အနောက်တိုင်းဆေးဆိုပြီးခွဲထားပါတယ်... တရုတ်တိုင်းရင်းဆေးက ရိုးရာဓလေ့ကိုအခြေခံပြီး အနောက်တိုင်းဆေးကသိပ္ပံသုတေသနကိုအဓိကထားပါတယ်... ဒီချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်က သိပ္ပံသုတေသနရဲ့တစ်စိတ်တပိုင်းဖြစ်ပါတယ်''

"ဒီဟင်းသီးဟင်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်ကို အနောက်တိုင်းဆေးရဲ့တိုးတက်မှုကြီးအဖြစ်သတ်မှတ်နိုင်ပါတယ်''

"အဲဒါကြောင့် ကျုပ်တို့အနောက်တိုင်းဆရာဝန်တွေနဲ့ချင်းလင်စံအိမ်က ဂုဏ်ရှိသလိုခံစားရပါတယ်!''

ချင်လင်နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

ဘယ်လိုဖြစ်ပြီး သူ့ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်က အနောက်တိုင်းဆေးဖြစ်သွားတာလဲ? အင်္ဂလိပ်ဆေးသုံးဖို့ သူတိုက်တွန်းမိလို့လား?

သို့ရာတွင် အနောက်တိုင်းဆေးအဖွဲ့အစည်းကထပ်ပြောသောစကားကြောင့် သူပိုကြောင်သွားသည်။

"ဒါပေမဲ့ အနောက်တိုင်းဆေးအဖွဲ့အစည်းကပြောစရာရှိပါတယ်... ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်အတွက် သုတေသနရံပုံငွေနဲ့တန်ဖိုးက အတော်များမှာပါ''

"ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်စျေးက နည်းသေးတယ်... ခြုံကြည့်ရင် ပြည်တွင်းဆေးစျေးကွက်အတွက်မကောင်းဘူး... စျေးကွက်ထဲတန်ဖိုးနည်းအဖျက်ဝင်ရောက်မှုပဲ''

"ကျုပ်အကြံပြုချင်တာကတော့ ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်တွေရဲ့တန်ဖိုးထဲမှာ သုတေသနနဲ့ဖွံ့ဖြိုးအောင်လုပ်တဲ့တန်ဖိုးတွေ ထည့်စဉ်းစားဖို့လိုတယ်... ဆေးစျေးကွက်ကိုဖျက်ဆီးလိုက်တာနဲ့ ဆေးတန်ဖိုးတွေတက်လာအောင် လှုံ့ဆော်လိုက်သလိုဖြစ်မယ်... ဒါကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး!''

“???”

သူ့လောကအမြင်ပျက်စီးသွားသလို ချင်လင်ခံစားလိုက်ရသည်။

အနောက်တိုင်းဆေးအဖွဲ့အစည်းက လူစကားပြောနေတာလား? သူ့ဟင်းသီးဟင်းရွက်တွေကိုစျေးမတင်ရင် သူ့မှာအပြစ်ရှိသလိုပြောနေတာပဲ။

အထူးသဖြင့် ကြီးကြီးကျယ်ကျယ်တွေဖြစ်အောင် ပြောနေတာ။ လူငယ်တွေအိမ်မဝယ်နိုင်ဘူးဆိုတာနဲ့ အိုးအိမ်တန်ဖိုးတက်သင့်တယ်လို့အကြံပေးတဲ့အိမ်ခြံမြေကျွမ်းကျင်တွေအတိုင်းပဲမလား?

ဒါကြောင့်လည်း ဆေးရုံတွေနဲ့ဆေးဝါးကုမ္ပဏီတွေကို မယုံသင်္ကာဖြစ်ခံရတာ။

ဒီမြေမှာ အနောက်တိုင်းဆေးအဓွန့်ရှည်လေလေ၊ အရင်းရှင်နိုင်ငံတွေလုပ်တဲ့ပုံအတိုင်းဖြစ်ဖို့ နီးစပ်လာလေလေပင်။

ဗီဒီယိုကြည့်ပြီးကြောင်နေတာ ချင်လင်တစ်ယောက်တည်းမဟုတ်။ မြင်သူတိုင်းကလည်း အရူးလုပ်ခံရသလိုဖြစ်နေကြသည်။ ထို့ကြောင့် ဗီဒီယိုမှတ်ချက်နေရာတွင်ပြောကြဆိုကြသည့်အပြင် ထပ်တလဲလဲစာကြောင်းတစ်ကြောင်းရှိသည်:

"ဆေးဖိုးလုံးဝမတတ်နိုင်ပါဘူး!''

"ဆေးဖိုးလုံးဝမတတ်နိုင်ပါဘူး +၁!''

“……”

"ဆေးဖိုးလုံးဝမတတ်နိုင်ပါဘူး +၁၂၆၄၅၇၆၅!''

သို့ရာတွင် ချင်လင်ပိုအံ့ဩရသည်က နောက်တစ်နေ့တက်လာသောသတင်းပင်။

သွေးကျဆေးအဓိကကိုင်သောဆေးဝါးကုမ္ပဏီတစ်ခု_

သူ့သွေးကျဆေးအာနိသင်က စျေးကွက်ထဲမှသွေးကျဆေးအာနိသင်နှင့်အတူတူလောက်သာရှိသော်လည်း သူကနည်းနည်းဦးဆောင်နေသည်။

သို့သော် ယခု ကုမ္ပဏီကသတင်းထုတ်ပြန်ထားသည်:

"ကျွန်တော်တို့ကုမ္ပဏီရဲ့နောက်ဆုံးပေါ်သွေးကျဆေးထုတ်ပါတော့မယ်... ဒါသွေးတိုးကိုလုံးဝကုသနိုင်တဲ့နောက်ဆုံးပေါ်ထုတ်ကုန်ပါ!''

“???”

သတင်းဖတ်ပြီး ချင်လင်ကြောင်သွားသည်။

ဒီအချိန်ကြီးမှာ ထုတ်ကုန်အသစ်ထွက််မယ်?

ဒီသော*က်ထုတ်ကုန်က အရင်ကတည်းကထွက်ဖို့လုပ်ထားတာလား၊ ဒါမှမဟုတ် အခုမှထုတ်လိုက်တဲ့ထုတ်ကုန်အသစ်လား?



All Chapters