အားလုံးအခကြေးငွေပေးရမည်ဟု ဘယ်သူမှမပြောရဲ! ၂
Vol. 58 Ch. 866
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုအေးအေးဆေးဆေးကြည့်နေသည်။ သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်သွားပြီး အထူးအဆန်းရှိမရှိကြည့်စေသည်။
ဒီနေ့ နတ်ဘုရားမတောင်ပေါ်တွင် သစ်ပင်အသစ်များစွာရှိပြီး အထူးအဆန်းတချို့လည်းရှိသည်။
(ဂုဏ်ယူပါတယ်... အဝါရောင်သစ်မွှေးရပါတယ်... ခုတ်လှဲနိုင်ပါပြီ!)
ဒီနေ့ နတ်ဘုရားမတောင်ပေါ် အဝါရောင်သစ်မွှေးတွေ့သည်။ သို့သော် သူမမျှော်တော့။
မွေးမြူရေးခြံတင်းကုပ်ထဲတွင် အရည်အသွေး ၁ နှင့် ၂ အဝါရောင်သစ်မွှေးအများကြီးရှိနေပြီ။
သက်တမ်းရင့်သစ်မွှေးက အပြင်မှာအလွန်ရှားသည်။ သူသာအချိန်နည်းနည်းပေးလိုက်ရင် အိမ်တစ်လုံးတောင်ဆောက်နိုင်သည်။
သစ်ပင်များခုတ်ပြီးနောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားတောင်ပေါ်ရှိတောင်တန်းထွက်ကုန်များအသစ်ထွက်သောနေရာသွားစေသည်။ ထိုနေရာတွင် တောင်တန်းထွက်ကုန်အသစ်များ အမှန်ပင်ရှိနေသည်။
(ဂုဏ်ယူပါတယ်... သဘာဝအူလုံလက်ဖက်ခြောက်ကတ်တီ ၃၀ ရပါတယ်!)
(ဂုဏ်ယူပါတယ်... )
…
နောက်ထပ် သဘာဝလက်ဖက်ခြောက်ရသည်။
သိုလှောင်ခန်းထဲတွင် သဘာဝအူလုံလက်ဖက်ခြောက်တွေအများကြီးလှောင်ထားသော်လည်း အပြင်ထုတ်ပြီးမလှော်ရသေး။

နောက်ပြီး အခုထုတ်ဖို့ရည်ရွယ်မထား။ အပြင်မှာလှော်ထားတာတွေကုန်မှ အလောသုံးဆယ်ထုတ်မည်။
သူကသူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံထဲလက်ဖက်ခြောက်ပြန်ပို့စေသည်။ သူအာရုံပြန်ရုတ်လိုက်ချိန်တွင် တန့်ကွမ်းကပစ္စည်းထုပ်များနှင့်ရောက်လာ၏။
"ဥက္ကဌချင်... ဒါတွေကိုကြည့်ပါဦး''
သူကဝင်ဝင်ချင်း ချင်လင်ကိုပြောသည်။
ပြောပြောဆိုဆိုပင် စားပွဲပေါ်ပစ္စည်းထုပ်များတင်လိုက်သည်။
ထိုအထုပ်ထဲတွင် အထုပ်သေးများဆင့်ကဲပါသည်။ အထုပ်သေးထဲ၌ အခြောက်ခံထားသောရှည်မျောမျောအရွက်လိုလို...
သူကကြည့်ပြီး ဘာမှန်းသိလိုက်သည်။
"ကြက်သွန်မြိတ်?''
ကြက်သွန်မြိတ်ရပြီးနောက် တန့်ကွမ်းကိုပေးကာ ကြက်သွန်မြိတ်စိုက်ဖို့မြေစာချုပ်ချုပ်ရန်၊ စိုက်ပြီးလျှင်ရောင်းရန်မှာခဲ့သည်။
နောက်ပြီး ကြက်သွန်မြိတ်အထွက်နှုန်းက အလွန်မြန်သည်။ အခုပထမအသုတ်ရနေပြီ။ တန့်ကွမ်းကပြုံးပြီး_
"ဥက္ကဌချင် မှန်တယ်... အရက်မူးပြေတဲ့ကြက်သွန်မြိတ်ပဲ... ဥက္ကဌပြောတဲ့အတိုင်း ထုတ်လုပ်ရေးလိုင်းနဲ့အခြောက်လုပ်တာ... အကြာကြီးထားနိုင်လို့အဆင်ပြေတယ်... အိတ်ထဲထည့်ထားပြီး အချိန်မရွေးဖွင့်စားရုံပဲ... ဥက္ကဌချင် စားကြည့်''
ချင်လင်ကခေါင်းညိမ့်ပြီး ကြက်သွန်မြိတ်အိတ်သေးကိုဖွင့်လိုက်သည်။ သူကနည်းနည်းထုတ်ကာ မြည်းကြည့်သည်။
တခဏချင်း စားကောင်းသောအရသာပါးစပ်ထဲပေါ်လာပြီး အထိအတွေ့ကအလွန်ကောင်းသည်။
အမူးပြေကြက်သွန်မြိတ်ကို ကြက်သွန်မြိတ်ခြောက်အဖြစ်ပြောင်းပြီးနောက် အရသာနှင့်အထိအတွေ့ပျက်စီးခြင်းမရှိပေ။ အရသာခံပြီး အရည်အသွေး ၂ ရှိသေးမှန်းသိလိုက်သည်။
"အရက်မူးပြေတဲ့အာနိသင်ကရော?''
ချင်လင်က ထပ်မေးသည်။

တန့်ကွမ်းကရှင်းပြသည်_
"မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော်စမ်းကြည့်ခိုင်းပြီးပါပြီ... ကြက်သွန်မြိတ်ခြောက်လုပ်ပြီး အရက်မူးပြေတဲ့အာနိသင်ကို လုံးဝမထိခိုက်ပါဘူး''
"စျေးနှုန်းက?''
ချင်လင်ကမေးပြန်သည်။
"စုစုပေါင်းကုန်ကျစရိတ်က တစ်ထုပ် ၁.၅ ယွမ်ပါ... စက်ရုံစျေး ၂၅ ယွမ်နဲ့ရောင်းစျေးက ယွမ် ၃၀ ပါ''
တန့်ကွမ်းကပြောသည်။
"ကျွတ် ကျွတ်''
စျေးနှုန်းကြားပြီး ချင်လင်ဆွံ့အသွားသည်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး_
"စုစုပေါင်းကုန်ကျစရိတ်က ၁.၅ ယွမ်တည်း... စျေးနှုန်းမှာပြဿနာရှိလို့လား?''
"မပူပါနဲ့ ဥက္ကဌချင်... တခြားကုမ္ပဏီတွေအားလုံးက သုတေသနနဲ့ထုတ်လုပ်မှုကုန်ကျစရိတ်ကိုအလေးပေးကြတယ်... ကျွန်တော်တို့ထုတ်ကုန်က သုတေသနနဲ့ထုတ်လုပ်မှုကုန်ကျစရိတ်မရှိဘူးမလား? ပြီးတော့ သောက်ဖို့စားဖို့လာတဲ့သူက ၂၅ ယွမ်ဖြစ်ဖြစ် ယွမ် ၃၀ ဖြစ်ဖြစ် ဂရုစိုက်မနေပါဘူး''
"အထူးသဖြင့် နိုက်ကလပ်တက်တဲ့သူတွေပေါ့... ထိုက်ရန်သုံးခါဖွင့်ဖို့ ယွမ်သုံးလေးထောင်.. အလှလေးတစ်ယောက် ယွမ်တစ်သောင်း.. တစ်ခါက ယွမ် ၂၀၀.. ပန်းဖိုးက ယွမ် ၅၀၀ ကနေ ၁၀၀၀.. ရွှေခြုံလွှာက ယွမ် ၂၀၀၀.. ဟဲ ဟဲ''
"ဒီလူတွေက အရမ်းရက်ရောကြတာ... ဝိုင်သောက်တဲ့သူတွေကပိုဆိုး... သူတို့ဧည့်သည်နဲ့လာသောက်ရင် ပန်း ၅၀၀ ကနေ ၁၀၀၀ ယူနိုင်တယ်... ဝိုင်ကုန်သွားရင် ဆက်သောက်နိုင်သေးတယ်... ပြီးတော့ ပန်းထပ်ယူနိုင်တယ်''
"အနိမ့်ဆုံးဂိမ်းဆော့တဲ့သူတွေ ဆိုင်မှာတစ်ခါသောက်ရင် ယွမ်သုံးလေးရာကျမှာပဲမလား? ဝိုင်သောက်ဖို့ယွမ်သုံးလေးရာသုံးမှတော့ ယွမ် ၃၀ ကိုဂရုစိုက်နေဦးမလား?''
ချင်လင်ကနားထောင်ရင်း ခေါင်းညိမ့်လိုက်သည်။
အထူးသဖြင့် တန့်ကွမ်းပြောသော ဘားမှပန်း ယွမ် ၅၀၀ ဖိုး၊ ၁၀၀၀ ဖိုးနှင့် ရွှေခြုံလွှာအကြောင်းပါသည်။ ဘားအတွက် အထူးပုံစံလုပ်ပြီး ယွမ် ၅၀၊ ၁၀၀ နှင့်ရောင်းရမလားဟုတွေးမိသည်။
သူအရင်က ဘားမရောက်ဖူး၍ ဘာမှမသိ။ လောင်တန့်သာမပြောရင် အကခေါ်ခြင်း၊ ပန်းပေးခြင်း၊ ဒါမှမဟုတ် ရွှေခြုံလွှာဆိုတာတွေ သိမည်မဟုတ်။
ဖြူစင်လိုက်တာ!
တန့်ကွမ်းကထပ်ပြီး_
"ဥက္ကဌချင်... အရက်မူးပြေတဲ့ကြက်သွန်မြိတ်ကို ချင်းလင်အမူးပြေမြက်လို့ခေါ်ပါတယ်... ထုတ်ကုန်ကိုစမ်းသပ်အောင်မြင်ပြီးပါပြီ... ဥက္ကဌချင်မကန့်ကွက်ဘူးဆိုရင် အစားအသောက်ကုမ္ပဏီရဲ့ကိုယ်စားလှယ်တွေကိုအသိပေးဖို့စီစဉ်ထားပါတယ်... အဲဒီကိုယ်စားလှယ်တွေက ကြက်သွန်မြိတ်ခြောက်ရောင်းဖို့စိတ်ဝင်စားကြပါတယ်''
"အင်း... ခင်ဗျားသင့်တော်သလိုလုပ်ပါ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူလုံးဝကန့်ကွက်စရာမရှိ။ စာဖိုင်တွင်လက်မှတ်ထိုးပေးပြီး တန့်ကွမ်းကိုသွားခွင့်ပြုလိုက်သည်။
ကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ်အနည်းငယ်သာရှိသော်လည်း ကိုယ်စားလှယ်ဦးရေနှင့်လုံလောက်၍ ထုတ်ကုန်တိုင်းအတွက်ကိုယ်စားလှယ်ထပ်ရှာဖို့မဖြစ်နိုင်။
နောက်ပိုင်း ကုမ္ပဏီ၏ထုတ်ကုန်အသစ်များကို ကိုယ်စားလှယ်အားလုံးဝယ်ယူနိုင်သောစနစ်ဖြစ်သွားသည်။
ဒီကိုယ်စားလှယ်တွေတစ်ခုခုဖြစ်ရင် အစားထိုးသင့်ထိုးရမည်။ လိုအပ်ရင် ကိုယ်စားလှယ်အသစ်များရှာရမည်။
တန့်ကွမ်းထွက်သွားပြီးနောက် ချင်လင်ကရုံးခန်းတံခါးသော့ခတ်ပြီး အမူးပြေမြက်နှင့်ဂိမ်းထဲဝင်ကာ မှတ်ချက်ကိုဖတ်လိုက်သည်: