အားလုံးအခကြေးငွေပေးရမည်ဟု ဘယ်သူမှမပြောရဲ! ၃
Vol. 58 Ch. 867
(အမူးပြေမြက်: အရည်အသွေး ၂)
(ချင်းလင်ကုမ္ပဏီမှထုတ်သော အထူးတရုတ်ကြက်သွန်မြိတ်ထုတ်ကုန်ဖြစ်သည်။ တရုတ်ကြက်သွန်မြိတ်၏ဝိသေသလက္ခဏာများ:
အပင်ဖြစ်အလွန်မြန်ပြီး အဖြတ်အတောက်ခံနိုင်သည်။
ထူးခြားသောအာနိသင်များ:
အရသာ +၂၊ စားကောင်းခြင်း +၂၊ အရက်မူးပြေစေခြင်း +၂!)
မှတ်ချက်ဖတ်ပြီး တစ်ခုခုမှားနေသလို ချင်လင်ခံစားရသည်။
ခဏကြာမှ ယန်ဓာတ်တိုးမြှင့်ပေးခြင်း +၂ မပါမှန်းသိသည်။
ကြက်သွန်မြိတ်ခြောက်လုပ်ထားသော်လည်း အာနိသင်ရှိနေဆဲ။
ဒါပေမဲ့ ယန်ဓာတ်တိုးမြှင့်ပေးခြင်း +၂ က ဘယ်ရောက်သွားတာလဲ?
အရက်မူးပြေဖို့အဓိကသုံးတဲ့ အမူးပြေမြက်ဖြစ်နေလို့သာ တော်တော့သည်။ အရက်မူးပြေစေခြင်း +၂ အာနိသင်ပါရင် ရပြီ။
တန့်ကွမ်းက ချင်းလင်စံအိမ်မှထွက်ပြီး အစားအသောက်ကုမ္ပဏီပြန်လာသည်။ ပထမဆုံးသူလုပ်သည်က အစားအသောက်ကုမ္ပဏီမှကိုယ်စားလှယ်များအားလုံးကိုစုပြီး အမူးပြေမြက်အကြောင်းမိတ်ဆက်ပေးသည်။
အမူးပြေကြက်သွန်မြိတ်ကအပင်ဖြစ်မြန်သောကြောင့် ဖြတ်လိုက်သည်နှင့်မြန်မြန်ဆန်ဆန်ပြန်ထွက်လာမည်။ ထုတ်လုပ်ရလွယ်ကူ၍ အစကတည်းကကျယ်ကျယ်ပြန့်ပြန့်ဖြန့်နိုင်သည်။

ချန်ဟယ်(ခရမ်းချဉ်ဆော့)၊ ဝမ်ရန်(ချင်းလင်အားဖြည့်လက်ဖက်ရည်)နှင့်တခြားကိုယ်စားလှယ်များက ချင်းလင်အမူးပြေမြက်အာနိသင်အကြောင်းသိပြီး ကိုယ်တိုင်အရသာခံကြည့်သည်။ သူတို့မယုံနိုင်ကြ။
အထူးသဖြင့်က ဝမ်ရန်က အရောင်းအဆက်အသွယ်အတော်များများကို ချက်ချင်းတွေးမိသည်။ ဒီအဆက်အသွယ်တွေနဲ့တင် ဥက္ကဌတန့်ပေးတဲ့ထုတ်လုပ်ရေးအားလုံး ရောင်းကုန်နိုင်သည်။
နောက်ပြီး အလွန်စိတ်ဝင်စားစရာကောင်းသောပုံရိပ်များကိုမြင်ယောင်လာသည်။
နိုက်ကလပ်တွင် 'ဒီည ငါရှင်းမယ်'ဆိုသော ဟန်တလုံးပန်တလုံးတွေရှိသည်။ ကောင်မလေးတိုင်းကိုအမူးပြေမြက်နှစ်အိတ်စီပေးထားပြီး ဟိုငနဲတွေသွေးအန်တဲ့အထိသောက်ခိုင်းမည်။
ချန်ဟယ်တောင် ဝမ်ရန်လိုအဆက်အသွယ်များမရှိ။ အမူးပြေမြက်စျေးကွက်ဘယ်လောက်ကြီးလဲ သူသိသည်။ စိတ်လှုပ်ရှားနေသည့်မျက်နှာထားများနှင့်ထွက်သွားသောကိုယ်စားလှယ်များကိုကြည့်ရုံနှင့်တင် သူသိလိုက်သည်။ ဘယ်သူမှငတုံးမဟုတ်။
ထို့ကြောင့် ကိုယ်စားလှယ်များတစ်ယောက်ပြီးတစ်ယောက်ထွက်သွားချိန်တွင် ချန်ဟယ်လည်းချက်ချင်းထွက်လာသည်။ သူ့မြို့ပြန်ရောက်သောအခါ သူ့သားချန်ရှီကိုတန်းခေါ်သည်။
"အဖေ... ဒီတစ်ခါ ဥက္ကဌတန့်က ဘာလို့ခေါ်တာလဲ?''
ချန်ရှီက ဝင်ဝင်ချင်းမေးသည်။

ချန်ဟယ်ကရှင်းပြသည်_
"ကုမ္ပဏီက ထုတ်ကုန်အသစ်ထုတ်ထားတယ်... ပထမအသုတ် မကြာခင်ရောက်လာလိမ့်မယ်... လူတွေခေါ်ပြီး ဆိုင်ရှင်တွေနဲ့ကြော်ငြာပါ... ဒီထုတ်ကုန်ကိုအမြန်ဆုံးကြော်ငြာရမယ်... ဒီထုတ်ကုန်စျေးကွက်က ချင်းလင်ဆော့လိုတော့မကောင်းဘူး''
"အဖေ... ဘာထုတ်ကုန်လဲ?''
ချန်ရှီနည်းနည်းအံ့ဩသွားသည်။ ဆော့စျေးကွက်အများစုကိုသိမ်းပိုက်ထားသော ချင်းလင်ဆော့စျေးကွက်အကြောင်း သူသိသည်။
ချန်မိသားစုက ဒီဆော့ကိုဖြန့်ဝေပြီး အသက်မွေးနေတာမလား?
"အဲဒါ ချင်းလင်အမူးပြေမြက်ပဲ''
ချန်ဟယ်က သူယူလာသောထုတ်ကုန်ကို ချန်ရှီအားပေးပြီး ချင်းလင်အမူးပြေမြက်၏အာနိသင်များကိုပြောပြသည်။
ချန်ရှီက ချင်းလင်အမူးပြေမြက်အကြောင်းနားထောင်ရင်း အံ့ဩသွားသည်။
ဒါမျိုးတကယ်ရှိလား? ချင်းလင်ကုမ္ပဏီကတော့ ချင်းလင်ကုမ္ပဏီပါပဲ။ ထုတ်သမျှထုတ်ကုန်တိုင်း နှယ်နှယ်ရရမဟုတ်။
တစ်ဖက်တွင် ဝမ်ရန်ကလည်း မင်စီရင်စုပြန်လာပြီး ကျန်းလင်းလင်းတို့ကိုခေါ်ကာ ချင်းလင်အမူးပြေမြက်အကြောင်းပြောပြသည်။
ကျန်းလင်းလင်းတို့အမျိုးသမီးတသိုက်က ချင်းလင်အမူးပြေမြက်၏အာနိသင်ကိုကြားပြီး ဝမ်ရန်ဘာမှမပြောရပါဘဲ နိုက်ကလပ်တွင်ဘယ်လောက်ရေပန်းစားမည်ဖြစ်ကြောင်းသိကြသည်။
ထို့အတူပင် တခြားကိုယ်စားလှယ်များကလည်း ပြန်ရောက်ရောက်ချင်း အစီအစဉ်ဆွဲကြသည်။
မကြာမီ ချင်းလင်အမူးပြေမြက်ကို စျေးဆိုင်များ၊စူပါမားကတ်များအားလုံးတွင်တွေ့ရလေသည်။
များမကြာမီပင် ဝိုင်ကုန်သည်များအားလုံးစိတ်ရှုပ်ရသောအရာဖြစ်လာပေတော့မည်။