ဝက်ကောင်း!
Vol. 58 Ch. 868
ကျန်းပင်းမှာ ဒီနှစ် ၂၈ နှစ်ရှိပြီဖြစ်ပြီး လစာယွမ် ၂၀၀၀၀ ကျော်ရသောရုံးအလုပ်သမားတစ်ဦးဖြစ်သည်။ အခွန်ဆောင်၊ ကားချေးငွေ၊ အိမ်ချေးငွေ၊ စုစုပေါင်း ယွမ် ၁၅၀၀၀ သွင်းရသည်။ ကျန်သောယွမ် ၅၀၀၀ နှင့် ဒီနိုင်ငံတကာမြို့တော်မှာနေထိုင်ရန် သူ့အဖို့အလွန်ခက်ခဲသည်။ ကောင်မလေးတောင်မရှာရဲ။
ထို့ကြောင့် မလိုအပ်ရင် အပြင်ထွက်မစားရဲ။ အိမ်မှာခေါက်ဆွဲပြုတ်သာစားရသည်။
ချင်းလင်ဆော့နှင့် အရသာရှိရှိလုပ်စားနိုင်၍သာ သူ့ဘဝကသိပ်ခက်ခဲသည်ဟုမထင်ရ။
ဒါကြောင့်လည်း ချင်းလင်ကုမ္ပဏီ၏အမာခံပရိသတ်ဖြစ်လာသည်။
ချင်းလင်စံအိမ်ကို သူအမြဲသွားချင်ခဲ့သည်။ တစ်နေ့တော့ ချင်းလင်ကုမ္ပဏီအစပျိုးခဲ့သောနေရာကို တစ်ချက်သွားကြည့်မည်။
အင်တာနက်ပေါ်တွင် ချင်းလင်စံအိမ်၏မူလစံအိမ်အကြောင်းရေးတင်ထားကြသည်။
မူလက ချင်းလင်စံအိမ်မှာ ဒေဝါလီခံရတော့မည့်စံအိမ်ငယ်လေးဖြစ်ပြီး တာဝန်ယူပေးမည့်ပုဂ္ဂိုလ်ရောက်လာခဲ့ကြောင်း အားလုံးသိကြသည်။ ထိုပုဂ္ဂိုလ်မှာ စံအိမ်ငယ်လေးကိုမျက်စိကျပြီး ယွမ် ၁.၂ သန်းနှင့်လေလံဆွဲခဲ့သော ချင်းလင်ကုမ္ပဏီသူဌေးပင်။ သူကဆက်တိုက်အားစိုက်ထုတ်လာရာ ချင်းလင်စံအိမ်က လက်ရှိအခြေအနေအထိဖွံ့ဖြိုးလာခဲ့သည်။
ထို့နောက် အစားအသောက်ကုမ္ပဏီတည်ထောင်ခဲ့သည်။ ထိုအချိန်က ကုမ္ပဏီသေးသေးလေးပင်။ ကုမ္ပဏီ၏မူလပိုင်ရှင်က သူ့သားအကြွေးများဆပ်ရသောကြောင့် ဒုက္ခပင်လယ်ဝေနေသည်။ ချင်းလင်ကုမ္ပဏီသူဌေးက ယွမ်တစ်သန်းကျော်နှင့်ကုမ္ပဏီကိုဝယ်ကာ လက်ရှိချင်းလင်အစားအသောက်ကုမ္ပဏီဖြစ်အောင် ဖြည်းဖြည်းချင်းထူထောင်လာခဲ့သည်။
ထို့နောက် ချင်းလင်ကုမ္ပဏီသူဌေးက ပါမောက္ခလီခိုင်နှင့်တွေ့ပြီး ချင်းလင်ဓာတ်ခွဲခန်းဆောက်ခဲ့သည်။
ဤသည်က ကျောက်မိုချင်း၏အာဘော်ကို မာတီမီဒီယာဌာနနှင့် လင်းလန်ဇီကသတင်းဖြန့်ထားခြင်းပင်။ မဟုတ်ရင် အပြင်လူတွေဒီအကြောင်းသိဖို့ ခက်လေစွ။
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်အောင်မြင်လာရင် သူ့အခြေခံကိုအရောင်တင်ပြီး အတ္ထုပ္ပတ္တိရေးရမည်။
မဟုတ်ရင် သူ့အောင်မြင်မှုတွေကိုဘယ်သူ့ပြမလဲ?
ဒါ အရေးပါအရာရောက်သူတိုင်းလုပ်ကြသောအရာပင်။

သူဌေးကြီးမာ အောက်ခြေကဘယ်လိုစခဲ့တာ၊ သူဌေးကြီးမာက သာမန်လူလိုရုပ်ဖျက်ပြီး လူတွေနဲ့ဘယ်လိုစကားပြောတာ၊ သူဌေးကြီးသုန့်က ဘယ်လိုသိမ့်သိမ့်တုန်အောင်...
ချင်လင်က ဒါတွေလုံးဝဂရုမစိုက်။ သို့ရာတွင် ကျောက်မိုချင်းက ချင်းလင်ကုမ္ပဏီအတွက်၊ ချင်လင်၏ဂုဏ်သတင်းအတွက်ကောင်းသည်ဟုတွေးပြီး လင်းလန်ဇီကိုတိတ်တဆိတ်လုပ်ခိုင်းထားခြင်းပင်။
ပြီးတော့ အားလုံးကအမှန်တွေ။
အကြောင်းကြောင်းကြောင့် ချင်းလင်စံအိမ်မှာ တက္ကစီကုမ္ပဏီများပေါက်ဖွားရာနေရာဖြစ်လာသည်။
ကျန်းပင်းက ချင်းလင်ကုမ္ပဏီအကြောင်းတွေးရင်း နောက်ဆုံးသက်ပြင်းချကာ ချင်းလင်ဆော့နှင့်နယ်ထားသောခေါက်ဆွဲလက်ကျန်ကိုတစ်လုတ်တည်းအပြီးသတ်လိုက်သည်။ ချင်းလင်စံအိမ်ကိုသွားလည်ရင် စုငွေမရှိတော့။ သူအားလပ်ရက်ဘယ်အချိန်ရမလဲတောင်မသိပေ။
ထို့နောက် ဖောက်သည်များနှင့်ညစာစားပွဲတွင် သူဌေးကိုသူအဖော်လိုက်ပေးရပုံ၊ သူဌေးအတွက်အရက်သောက်ပေးရပုံတို့ကိုတွေးမိသည်။ နောက်ပြီး ကိုယ်စားအရက်သောက်ပေးသောကြောင့် ဒဏ်ပေးသည့်အနေနှင့် သုံးခွက်သောက်ရသည်။
ဒီည ပထမတစ်ပိုင်းနဲ့ပြန်လာနိုင်ပါ့မလားမသိ။
ကျန်းပင်းမှာသူ့လက်ရှိဘဝအကြောင်းစဉ်းစားပြီး အားယုတ်သွားသည်။
သူထွက်ပြေးချင်သော်လည်း အိမ်ချေးငွေ၊ကားချေးငွေများက ချိန်းကြိုးများလို သူ့ကိုတင်းတင်းကြပ်ကြပ်ရစ်ပတ်ထားလေသည်။
သူ့တိုက်ခန်းမှထွက်လာပြီးနောက် အောက်ထပ်စူပါမားကတ်သွားကာ အလုပ်မှာသောက်ရန်ချင်းလင်အားဖြည့်လက်ဖက်ရည်တစ်ပုလင်းဝယ်ဖို့ပြင်လိုက်သည်။
စူပါမားကတ်ထဲဝင်လာပြီး 'ချင်းလင်'ဟုရေးထားသောသီးသန့်နေရာကိုသွားသည်။
ချင်းလင်ကုမ္ပဏီထုတ်ကုန်များက ဝက်ဝက်ကွဲရောင်းရသည်။ ချင်းလင်ဆော့ဖြစ်စေ၊ ချင်းလင်အားဖြည့်လက်ဖက်ရည်၊ ချင်းလင်အားဆေး၊ ချင်းလင်ဖရဲသီး၊ ဒါမှမဟုတ် ချင်းလင်ရေပူစမ်းဆေးမှုန့်ဖြစ်စေ၊ အားလုံးက ရောင်းအားအကောင်းဆုံးထုတ်ကုန်များဖြစ်သည်။

တကယ်တော့ ချင်းလင်ဆော့၊ချင်းလင်အားဖြည့်လက်ဖက်ရည်မရှိရင် ဝယ်သူများကလှည့်ပြန်သွားကြလိမ့်မည်။
ထို့ကြောင့် ထိုပစ္စည်းအရောင်းဆိုင်များ၊စူပါမားကတ်များက ပါးနပ်ရသည်။ ချင်းလင်ထုတ်ကုန်များအတွက်သီးသန့်နေရာထားကြ၏။ တချို့က တံခါးဝမှာတောင် ဆိုင်းဘုတ်ထောင်ထားသည်:
'ဤဆိုင်တွင် ချင်းလင်ထုတ်ကုန်များရှိသည်'
ကျန်းပင်းက ချင်းလင်ဆော့၊ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်ချင်းလင်အားဆေးများအပြည့်ဖြည့်ထားသော ချင်းလင်ထုတ်ကုန်နေရာသို့လျှောက်လာသည်။
ထိုနေရာတွင် ထုတ်ကုန်အသစ်တွေ့ရသောကြောင့် ကျန်းပင်းအံ့ဩသွားသည်။ ဆင့် ၅၀ တန်ဆော့ထုပ်အရွယ်အစားရှိသော အထုပ်သေးသေးလေးပင်။
အထဲတွင် ရှည်ရှည်မျောမျောနှင့်အပင်လိုလိုအရွက်ခြောက်များပါပြီး အထုပ်ပေါ်တွင် 'ချင်းလင်အမူးပြေမြက်'ဟု တံဆိပ်တပ်ထားသည်!
"ဆိုင်ရှင်... ချင်းလင်ကုမ္ပဏီက ထုတ်ကုန်အသစ်ထွက်တာလား?''
ကျန်းပင်းက သိချင်စိတ်နှင့်မေးလိုက်သည်။
ထုတ်ကုန်အသစ်ထွက်ရင် ချင်းလင်ကုမ္ပဏီကကြော်ငြာခြင်း အလျဉ်းမရှိ။ တခြားကုမ္ပဏီသာဆိုရင် ထုတ်ကုန်အသစ်အကြောင်း တစ်ကမ္ဘာလုံးက TV တွေမှာကြော်ငြာပြီး လိုင်းပေါ်ဗီဒီယိုများတင်လိမ့်မည်။
သို့ရာတွင် ချင်းလင်ကုမ္ပဏီကထုတ်ကုန်များကိုကြော်ငြာခြင်းမရှိဘဲ စျေးကွက်ထဲပို့ရဲသည်။ ပို့တိုင်းလည်း ချင်းလင်စံအိမ်ထုတ်ကုန်များကပေါက်ပြီး ပစ္စည်းပြတ်သည်အထိရောင်းရသည်။ ဤသည်က ချင်းလင်ကုမ္ပဏီကိုယုံကြည်ရင်းစွဲရှိခြင်းကြောင့်ဖြစ်မည်!
ထိုအချိန်တွင် ဆိုင်ရှင်ကလည်းလျှောက်လာပြီးမိတ်ဆက်ပေးသည်_
"ဒါချင်းလင်ကုမ္ပဏီကအမူးပြေမြက်လေ... ပါမောက္ခလီခိုင်ပျိုးထောင်ထားတဲ့ကြက်သွန်မြိတ်မျိုးအသစ်ပဲ''
"ဒီပစ္စည်းက ရောဂါကုနိုင်တဲ့ဟင်းသီးဟင်းရွက်အသစ်တွေနဲ့တူလောက်မယ်... ဒီကြက်သွန်မြိတ်က အရက်မူးသက်သာပြီး နေလို့ထိုင်လို့ကောင်းတာပဲကွာမယ်''
"ငါကိုယ်တိုင်စမ်းကြည့်ပြီးပြီ... ခေါင်းတွေမူးပြီး တဒိန်းဒိန်းဖြစ်တဲ့အထိသောက်ခဲ့တာ... အရက်မူးနေပေမဲ့ ဒီအမူးပြေမြက်တစ်ထုပ်စားပြီး ခဏလေးနဲ့ပြေသွားတာ... ပြီးတော့ ခေါင်းလည်းမကိုက်ဘူး... မူးဝေတာလည်းမရှိတော့ဘူး''
ကျန်းပင်းကနားထောင်ရင်း မျက်လုံးပြူးသွားသည်။ သူ့မှာ အရက်ကြောင့်ဒုက္ခရောက်ရောက်နေသော်လည်း မဖြစ်မနေသောက်ရသည်။
ဘားကညတွေကိုတွေးမိပြီး အထုပ်သုံးလေးထုပ်နှင့်အားဖြည့်လက်ဖက်ရည်တစ်ပုလင်းတန်းယူကာ ပိုက်ဆံရှင်းလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ထဲ အမူးပြေမြက်ထုပ်ဆောင်ထားလိုက်သည်။
နေ့ပိုင်းမြန်မြန်ဆန်ဆန်ကုန်လွန်သွားပြီး ညရောက်သောအခါ ကျန်းပင်းကိုသူဌေးကရုံးခန်းထဲခေါ်သည်။
ရုံးခန်းထဲတွင် OL ယူနီဖောင်းနှင့်မိန်းကလေးတစ်ယောက်ရှိသည်။ ထိုမိန်းကလေးမှာ ကိုယ်လုံးကိုယ်ပေါက်လှပြီး ကြည့်ပျော်ရှုပျော်ရှိသည်။
သူမကိုလည်း သူဌေးက ညစာစားပွဲခေါ်ထားသည်။ သူမက ကုမ္ပဏီတွင်အချောဆုံးပြည်သူ့ဆက်ဆံရေးအရာရှိဖြစ်ပေသည်။