← Chapters

အခန်း (၁၅၁-၁၆၀)

Vol. 5 Ch. 151-160

အခန်း (၁၅၁-၁၆၀)

Vol. 5 Ch. 151-160

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၁။ အထူးသက်ရောက်မှုများ ပေါင်းထည့်ခြင်း

အကြီးအကဲ အွန်ဒင်းထံမှ ဖိတ်ကြားချက်ရခြင်းအပြင် ရှုယီမှာ စတေးလ်နှင့် ဆုံတွေ့ရန် အဇ်ရှာရာမျိုးနွယ်စုသို့ လာခဲ့သည်။

စတန်တိုင်းနယ်မြေမှ ထွက်ခွာကတည်းက စတေးလ်မှာ အဇ်ရှာရာ မျိုးနွယ်စုထံတွင် လတစ်ဝက်တာလောက် ရုပ်ရှင်ရိုက်နေခဲ့ရသည်။ ထို့နောက် ရှုယီက ကန်ဒရာအင်ပါယာအတွက် ထွက်ခွာပြီး တောင်ပင်လယ်ပြင်ရှိ ကျွန်းထံသွားခဲ့ရာ နောက် လတစ်ဝက်ရောက်နေပြီဖြစ်၏။

၎င်းကို ရေတွက်လျှင် သူဟာ စတေးလ်နှင့် မတွေ့ဖြစ်သည်မှာ တစ်လကျော်နေပြီဖြစ်သဖြင့် သဘာဝအလျောက် သူမကို လွမ်းဆွတ်နေမိသည်။

စတေးလ် ကိုယ်ဝန် ခုနစ်လရှိနေပြီဖြစ်ရာ ရှုယီက သူ့အတွက် နည်းနည်း စိတ်ပူနေသေး၏။

သို့သော် ရှုယီကိုမြင်သောအခါ၊ ရှုယီသည် သူမက အလွန်ကြည့်ကောင်းသည်ကို တွေ့လိုက်ရသည်။ သူမသည် အလွန်စိတ်အားထက်သန်နေပြီး သူမ၏အသားအရေက နှစ်အတော်လေးငယ်ရွယ်သွားသည့်အတိုင်း ချောမွေ့လာခဲ့သည်။

ရှုယီသည် သိချင်စိတ်များပိုများလာရာ စိုးရိမ်ပူပန်မှုက လျော့ကျသွားသည်။

စတေးလ်က အလုပ်များနေလို့များလား ကိုယ်ဝန်ခုနစ်လရှိတာတောင် မမောမပန်းဘဲနဲ့ တောက်ပတဲ့ပုံတောင် ပေါ်လာနေသေးတယ်လေ?

ဒါက ပုံမှန် စည်းမျဉ်းကို မလိုက်ဘူးပဲ။

"ကျွန်မ ရှင့်စကားကို နားထောင်နေခဲ့တာပါ ဟုတ်ပြီလား? ကျွန်မ အနားယူဖို့ကို အာရုံစိုက်နေခဲ့ပြီး တစ်နေကုန် အလုပ်မလုပ်နေပါဘူး ဟုတ်ပြီလား?"

စတေးလ်က မျက်လုံးများလှိမ့်လိုက်ပြီးနောက် ရှုယီဘေးသို့ ရောက်သွားကာ မျက်လုံးများထဲ ကျီစယ်လိုဟန်ဖြင့် ညစ်ကျယ်ကျယ်ဟန်ပြလိုက်သည်။

"ဘယ်လိုလဲ? ကျွန်မ အသားအရေက ပိုကောင်းလာတာ ခံစားမိတယ်မို့လား? ပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ မထင်ဘူးလား?"

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "မင်းက တစ်ချိန်လုံး အရမ်းကြည့်ကောင်းနေပါတယ်။ ပြောပါဦး အကြောင်းအရင်းက ဘာများလဲ?"

"ရှင်တကယ်ပဲ နားမလည်ဘူးပဲ...." စတေးလ်က ရေရွတ်လိုက်ပြီးနောက် ဖြေသည်၊ "ဒါက အကြီးအကဲ အွန်ဒင်းရဲ့ အထူးဂရုစိုက်ပေးတာကြောင့်လေ။ နတ်သူငယ်တွေမှာ သူတို့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ ထူးကဲတဲ့ နည်းစနစ်တွေရှိတာ ကျွန်မလည်း အကြီးအကဲ အွန်ဒင်းဆီက အတော်လေး လေ့လာထားတယ်။ အကြီးအကဲ အွန်ဒင်းက သူမတို့ မျိုးနွယ်စုက လရောင်ရေကန်ကိုတောင် ကျွန်မအတွက် ဖွင့်ပေးပြီး နေ့တိုင်း စိမ်ခွင့်ပေးတာက ကျွန်မရဲ့ ခန္ဓာကိုယ်ကို အတော်လေး အကူအညီဖြစ်စေတယ်လေ။"

"အိုး? သူမက မင်းအတွက် လရောင်ရေကန်ကိုတောင် ဖွင့်ပေးတယ်လား?" ရှုယီက အနည်းငယ် အံ့ဩသွားသည်။

လရောင်ရေကန်မှာ နတ်သူငယ်များအတွက် အသက်ရေကန်ပင်။ ၎င်းက နတ်သူငယ်များအတွက် အသက်ရင်းမြစ်ရှိရာဖြစ်ရာ ၎င်းနေရာက နတ်သူငယ်မျိုးနွယ်စုတိုင်းအတွက် အရေးပါသည်ဟု ဆိုနိုင်သည်။

အကြီးအကဲ အွန်ဒင်းမှာ သူမအတွက် လရောင်ရေကန်ကို ဖွင့်လှစ်ပေးခဲ့ရုံသာမက နေ့စဉ်နေတိုင်း စိမ်ခွင့်ပေးလေရာ ၎င်းက သူမအပေါ် အကြီးအကဲ အွန်ဒင်း၏ ဂရုစိုက်မှုကို ပြသနေသည်။

"အင်း ကျွန်မက ရှင်နဲ့ ပတ်သက်တာကနေ အကျိုးအမြတ်ရနေတာလေ။" စတေးလ်က အပြုံးဖြင့်ဆိုသည်၊ "အကြီးအကဲ အွန်ဒင်းက လူသားတစ်ယောက်အတွက် သူတို့မျိုးနွယ်ရဲ့လရောင်ရေကန်ကို ဖွင့်ပေးတာ ဒါဟာ ပထမဆုံးအကြိမ်ပဲလို့ ပြောခဲ့တယ်။ ဟုတ်သားပဲ ပြောနေရင်း အကြီးအကဲ အွန်ဒင်းက ရှင့်ကို မေးခိုင်းချင်နေတာ၊ ရှင်ရော လရောင်ရေကန်မှာ တစ်ခါလောက်စိမ်ဖို့ စိတ်ဝင်စားလား?"

ရှုယီက အံ့ဩသွားသည်၊ "ကိုယ်လား? ဘယ်လိုလုပ် ကိုယ့်လို ယောက်ျားကြီးတစ်ယောက်က ရေစိမ်ပြီး ကိုယ့်အသားအရေကို ကောင်းလာအောင်လုပ်ဖို့ လိုအပ်မှာလဲ?"

စတေးလ်က တစ်ချက်ရယ်လိုက်သည်၊ "ရှင်က တကယ်ကို အသားဖြူပြီး ဒါကို လုံးဝမလိုအပ်ပါဘူး။ အကြီးအကဲ အွန်ဒင်းက ဒါကို ပြောချင်တာမဟုတ်ဘူးလေ၊ လရောင်ရေကန်ထဲမှာ ရေချိုးတဲ့ လူသားတွေက သူတို့ ပတ်ဝန်းကျင်အပေါ် အာရုံခံနိုင်စွမ်းတိုးလာတယ်လို့ ပြောခဲ့တာ။ မှော်ပညာရှင်တစ်ယောက်အတွက် မှော်ပညာကို တိုးမြှင့်တဲ့နေရာမှာ အထောက်အကူဖြစ်မယ့် သူတို့ရဲ့ အာရုံခံနိုင်စွမ်းကို တိုးမြှင့်ပေးလိမ့်မယ်။ ကျွန်မ ဒီမှာ ခဏလောက် စိမ်ပြီးတော့ ကျွန်ရဲ့ မှော်ဒြပ်စပ်စွမ်းအင် ထိန်းချုပ်မှုက အများကြီးပိုကောင်းလာတာကိုတွေ့လိုက်ရတယ်။ ဘယ်လိုလဲ? ရှင်စိတ်ဝင်စားလား?"

"အိုး? ဒီလိုလား..." ရှုယီရ သူ၏ မေးကို‌သပ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ "သက်ရောက်မှုကောင်းရင် စဉ်းစားလို့ရပါတယ်။ ဟေး ကိုယ်တို့ ဒီညအတူ သွားစိမ်ကြရင်ရော?"

စတေးလ်က ရှုယီ၏ ထူးဆန်းသောအပြုံးကို မြင်ရာ သူ့ထံ မျက်လုံးလှန်ပြလိုက်သည်၊ "ရှင့် စိတ်တွေက ဘယ်ကိုရောက်နေတာလဲ? ရှင် သွားချင်ရင် ခဏနေ ကျွန်မ အကြီးအကဲ အွန်ဒင်းကို ပြောထားလိုက်မယ်။"

"အခုတော့ မလိုသေးပါဘူး ဒီမှာ တစ်ညပဲ နေလို့ရသေးတော့ အချိန်များများစားစားမရှိဘူး။ လာဦး မင်းရဲ့ ရုပ်ရှင်ကို ကြည့်ရအောင် ကိုယ့်ကို အကြံနည်းနည်းပေးခွင့်ပေး။"

"ဟုတ်ပြီလေ"

စတေးလ်က မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ထုတ်ကာ ပုံရိပ်ယောင်အခွေ(cd)လေးတစ်ခု ထည့်လိုက်ပါ၏။ မှော်ပုံရိပ်ယောင် ပရိုဂျက်တာက အပြာရောင်အလင်းထုတ်လွှတ်လာပြီးနောက် လေထဲ၌ ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်သည်။

ဤ ယာယီအားဖြင့် « လွင့်မျောခြင်း » ဟု ခေါ်သော ရုပ်ရှင်မှာ စတေးလ်နှင့် သူမ၏ ဆန်းသစ်လ ကုန်သည်ကြီးများအသင်းတို့ မကြာသေးမီက အာရုံစိုက်ထားကြသော ရုပ်ရှင်ဖြစ်သည်။ ၎င်းက နတ်သူငယ်များ နယ်မြေကြီးကို အုပ်စိုးစဉ် လွန်ခဲ့သည့် နှစ်သုံးထောင်အကြာက ဖြစ်ရပ်များနှင့် နတ်သူငယ်မ‌ေလးနှင့် လူသားကောင်လေးတို့အကြား ရင်နင့်ဖွယ်ချစ်ခြင်းဇာတ်လမ်းလေးကို ပြသထား၏။

၎င်းက စတေးလ်ရေးတဲ့စာကနေ လာသည်မှာ ထင်ရှားသည်။

ရှုယီ၏အကြံပြုချက်အရ ဆန်းသစ်လကုန်သည်ကြီးများအသင်း "ဆန်းသစ်လအဖွဲ့၏နေ့စဉ်ဘဝများ" က အလွန်ရေပန်းစားခဲ့သည်။ လမ်ပူရီဘုရင့်နိုင်ငံ နှင့် စတန်တိုင်းနယ်မြေ၌ ရှိသည့် နေရာတော်တော်များများတွင် ပြသခဲ့ပြီး ကြည့်ရှုသူ တစ်သန်းကျော်သွားပြီပင်။

ဆန်းသစ်လကုန်သည်ကြီးများအသင်းသည် လက်မှတ်ရောင်းရငွေတွင် ရွှေဒင်္ဂါး ခုနစ်သောင်း ရရှိခဲ့ရာ အတော်လေး ဝင်ငွေရှိသည်ဟု ဆိုနိုင်သည်။

ရှုယီသည် ဆန်းသစ်လကုန်သည်ကြီးများအသင်းနှင့် စတေးလ်အတွက် အလွန်ရေပန်းစားခဲ့သော ဇာတ်ညွှန်းကိုရေးသားခဲ့သည်။

ဤအောင်မြင်မှုနှစ်ခုပြီးနောက်၊ မှော်ပုံရိပ်ယောင် ရုပ်ရှင်များနှင့်ပတ်သက်၍ ရှုယီ၏ခွဲခြမ်းစိတ်ဖြာမှုကို အခိုင်အမာယုံကြည်ဆဲဖြစ်သည်။ ရှုယီက ဖော်ပြခဲ့သည့်အတိုင်း ဆန်းသစ်လကုန်သည်ကြီးများအသင်းကို "ဖျော်ဖြေရေးကုမ္ပဏီ" အဖြစ်ပြုလုပ်ဖို့အတွက် အတော်လေးရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

ဤ “လွင့်မျောခြင်း” သည် ရှုယီ၏ အကြံပြုချက်မှ ထွက်ပေါ်လာသော်လည်း ၎င်းကို ရုပ်ရှင်တစ်ခုကဲ့သို့ ရိုက်ကူးရန် အဆိုပြုခဲ့ပြီး အခြားကဏ္ဍများတွင် ပါဝင်ခြင်းမရှိပေ။

ဆန်းသစ်လကုန်သည်ကြီးများအသင်း၏ အချောထုတ်လုပ်မှုကို မြင်လိုက်ရတော့ ရှုယီ၏ နှလုံးသားသည် ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်သွားသည်။

ဤ မှော်ပုံရိပ်ယောင်ရုပ်ရှင်သည် ကမ္ဘာမြေမှ ရုပ်ရှင်များထက် အားသာချက်များရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းသည် 3D ဖြင့်ပြသခြင်း၏အကျိုးသက်ရောက်မှုရှိပြီး ၎င်းကိုပိုမိုလက်တွေ့ကျစေသည်။

ဤရုပ်ရှင်ကို ပုံရိပ်ယောင်မှော်အစီအရင်ဖြင့်ရိုက်ကူးထားပြီး မှော်ပုံရိပ်ယောင် ပရိုဂျက်ဖြင့်ထုတ်လွှင့်မည်ဖြစ်သောကြောင့်၊ ၎င်းသည် ပထမအကြိမ်ထုတ်ဝေခြင်းဖြစ်သော်ငြား အလွန်လက်တွေ့ကျသည်။

သို့ပေမယ့် ဒါကလည်း ပြဿနာတစ်ခုရှိခဲ့သည်။ လက်တွေ့ဆန်လွန်းသောကြောင့် ၎င်းတို့နှင့် ကမ္ဘာ မြေကြီးပေါ်ရှိ ရုပ်ရှင်များကဲ့သို့ အထူးeffectsများကို ထည့်သွင်း၍မရပေ။

ဤပြဿနာကို တွေးတောရင်း ရှုယီည် အနည်းငယ် နှုတ်ဆိတ်သွားသည်။ သူဟာ ရှု‌ေထာင့်၊ ဇာတ်ကွက် တိုးတက်မှုနဲ့ ရုပ်ရှင်ရဲ့ အခြားအသေးစိတ် အကြောင်းတွေကို စတေးလ် နဲ့ ဆွေးနွေးခဲ့ပါ၏။

ဤကမ္ဘာ‌ေမြကြီးမှ အသေးစိတ်အချက်အလက်များကို လေ့လာပြီးနောက် စတေးလ်မှာ စိတ်ကူးစိတ်သန်းအနည်းငယ်ရရှိခဲ့သည်။

“တကယ်ကို နှမျောစရာပဲ။ ရှုယီ ရှင်သာ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ မဟုတ်ရင် ကောင်းလိမ့်မယ်။ ရှင့်ကို ကျွန်မကုမ္ပဏီထဲ ဆွဲသွင်းပြီး မှော်ပုံရိပ်ယောင် ရုပ်ရှင်တွေ ဖန်တီးဖို့ခိုင်းလိုက်ချင်တာ။” စတေးလ်က နောင်တရသော ဟန်ဖြင့် ပြောသည်။

ရှုယီက ဆိုလာ၏“ Frestech ကုန်သည်ကြီးများအသင်းကနေ အနားယူချိန်ကျရင် စဉ်းစားပေးမယ်လေ။ ဒါပေမယ့် ဒီမတိုင်ခင်မှာ ဒီ မှော်ပုံရိပ်ယောင် ရုပ်ရှင်တွေကို ပြသမယ့် စနစ်တစ်ခု ဖန်တီးဖို့ ကျန်နေသေးတယ်။ ဒီတော့ မင်းရဲ့ရိုက်ကူးရေးအရှိန်ကို မြှင့်တင်ပြီးတာမို့ ကိုယ်တို့ရဲ့ အစီအစဉ်ကို အရင်ပြောင်းသင့်တယ်လို့ ထင်တယ်။”

"အိုး? ဘယ်လိုနည်းနဲ့လဲ" စပ်စုသော အသံဖြင့် မေးလိုက်သေးသည်။

သူမနှင့် ရှုယီတို့သည် ယခင်က အစီအစဉ်တစ်ခု ချမှတ်ခဲ့ကြပြီး၊ ယင်းဇာတ်ကားများကို ပြသရန်အတွက် လမ်ပူရီဘုရင့်နိုင်ငံနှင့် စတန်တိုင်းနယ်‌ေမြတို့တွင် ရုပ်ရှင်ရုံများစွာကို စီစဉ်ကြမည်ဖြစ်သည်။ ၎င်းရုပ်ရှင်ရုံများမှာ ကမ္ဘာမြေကြီးကကဲ့သို့ပင်။

၎င်းကို လူများ ကျင့်သုံးပြီးသည်နှင့် သူတို့၏ ဖြန့်ဖြူးမှုများကို ပြောင်းလဲပစ်မည်ပင်။

သို့ပေမယ့် အခုအချိန်မှာတော့ ဆန်းသစ်လကုန်သည်ကြီးများအသင်းကို ဦးဆောင်နေသည့် မှော်ပုံရိပ်ယောင်မှာ သူ့မျှော်လင့်ချက်တွေကို ကျော်လွန်သွားတဲ့အတွက် ရှုယီက သူတို့ရဲ့ တိုးတက်မှုကို မြှင့်တင်နိုင်ခဲ့သည်လို့ ခံစားခဲ့ရပါ၏။

“ကိုယ်တို့ မြို့တိုင်းမှာ လူထု မှော်ပုံရိပ်ယောင် ပရိုဂျက်တာတွေ တပ်ဆင်ပြီး ဒီဇာတ်ကားကို မိတ်ဆက်ဖို့ အတိုချုံးပြီး ကြော်ငြာလို့ ယူဆရမယ့် အပိုင်းတစ်ပိုင်း ဖန်တီးနိုင်မယ်လို့ ထင်တယ်။ တစ်ချိန်တည်းမှာပဲ၊ မင်းရဲ့ ဆန်းသစ်လ ကုန်သည်ကြီးများအသင်းက မှော်ပုံရိယောင်ပရိုဂျက်တာတွေကို မင်းတို့ကိုယ်တိုင်အတွက် ဝင်ငွေအရင်းအမြစ်အသစ်ရှာဖွေဖို့ အသုံးပြုလို့ရတယ်။

“၀င်ငွေ အရင်းအမြစ် အသစ်လား " စတေးလ်က မျက်မှောင်ကုပ်ကာ ၊ "ဘယ်လိုများလဲ?"

“ကြည့်ကြည့်၊ ဒီ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတွေမှာ မှော်သလင်းကျောက်တွေ အလုံအလောက်ရှိသရွေ့တော့ သူတို့က တစ်နေ့လုံး ပရောဂျက်လုပ်နိုင်ပါတယ်။ ပြီးတော့ မင်းရဲ့ရုပ်ရှင်တွေအတွက် မိတ်ဆက်မယ့် အတိုချုံးအပြင် တခြား ကြော်ငြာတွေလည်း ပြသနိုင်တယ်။”

"ကြော်ငြာတွေ?" စတေးလ် ရုတ်တရက် အံ့သြမိသွားသည်၊ “ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီကြော်ငြာတွေကို အရင်က ကူညီပေးခဲ့တဲ့အတိုင်း တခြားကုမ္ပဏီတွေက ကြော်ငြာတွေကိုပါ ရိုက်ခွင့်ပေးရမှာလား။"

"မှန်တယ်၊ ဒါပေမယ့် မင်းအရင်ကလုပ်ခဲ့တဲ့ ကြော်ငြာတွေက ရိုးရှင်းပါတယ်။ အခုလုပ်မယ့် ကြော်ငြာတွေက လက်တွေ့ဆန်ပြီး ပြီးပြည့်စုံတဲ့ ရုပ်ရှင်တွေပဲ။ အဲဒါကို အရင်က ကြော်ငြာဖို့ ကူညီခဲ့တုန်းက မင်းရဲ့ ဆွဲဆောင်မှုကို ပြခဲ့တယ် မဟုတ်လား"

ရှုယီ၏စကားကြားသော် ၎င်းတို့မှာသက်တမ်းကြာစုံတွဲဟောင်းများဖြစ်သည့်တိုင် စတေးလ်၏မျက်နှာက အနည်းငယ်နီရဲသွားပုံပင်။ ထို့နောက် သူမက စိတ်လှုပ်ရှားလာပြီး ခေါင်းညိတ်၏ “အင်း၊ ရှင် ဘာကိုဆိုလိုတယ်ဆိုတာ နားလည်ပါတယ်။ ဒါက အရမ်းကောင်းတဲ့ အကြံဥာဏ်ပဲ၊ ကျွန်မ လေးလေးနက်နက် စဉ်းစားလိုက်ပါ့မယ်။"

"ကောင်းပြီ ကိုယ်ဒီလောက်ပဲပြောမယ်။ ဒီကြော်ငြာတွေကို ဘယ်လိုရိုက်ကူးရမလဲဆိုတာနဲ့ ဘယ်သူ့အတွက် ရိုက်ကူးရမလဲဆိုတာကတော့ ဆန်းသစ်လကုန်သည်ကြီးများအသင်းရဲ့ကိစ္စပဲ။ လူထု မှော်ပုံရိက်ယောင်ပရိုဂျက်တာတွေကို တပ်ဆင်တဲ့နေရာမှာတော့ ကူညီပေးနိုင်ပါတယ်။" ရှုယီက ပြုံးပြီးပြောသည် ။

"ဟုတ်ပြီ ဒီအတွက် ရှင်အကူအညီလိုဦးမလား" စတေးလ်က ရှုယီကို မျက်စောင်းထိုးလိုက်သည်။ သူမသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ဘေးဘက်သို့ လျှောက်သွားကာ သူမခေါ်လာသော ဆန်းသစ်လကုန်သည်ကြီးများအသင်း ဝန်ထမ်းများနှင့် စကားပြောနေလိုက်သည်။

ရှုယီက ရယ်မောလိုက်ပါ၏။ အသက်နှစ်ဆယ်ကျော် မိန်းမငယ်လေး မဟုတ်တော့သော်လည်း သူမသည် အလွန်လှပနေသေးသည်မို့ လူအများက သူမကိုကြည့်ဖို့ ဘယ်သောအခါမှ မငြီးငွေ့နိုင်ဟု သူထင်မိသည်။

ကျေနပ်စွာပြုံးပြီးနောက် ရှုယီသည် သူအရင်က စဉ်းစားခဲ့ဖူးသော ပြဿနာကို တွေးကာ အကြီးအကဲ အွန်ဒင်း ကို လိုက်ရှာသည်။

"ရိုက်ကူးထားတဲ့ ပုံရိပ်ယောင်တွေကို ပြောင်းလဲပြီး effectsတွေ ထပ်ထည့်ချင်လား" အကြီးအကဲ အွန်ဒင်း သည် ရှုယီ၏မေးခွန်းကြောင့် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရှုယီကိုကြည့်လာသည်။

ရှုယီရှင်းပြပြီးနောက်၊ အကြီးအကဲ အွန်ဒင်းသည် “effects” ၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

"အင်း......အရင်က မလေ့လာဖူးပေမယ့်၊ ပုံရိပ်ယောင် အစီအရင်ဆိုတာက ထင်ယောင်ထင်မှားဖြစ်စေနိုင်တယ်၊ ဒါကြောင့် ရှင်ဖော်ပြခဲ့တဲ့ effectsကို ကျွန်မတို့ ထည့်နိုင်မယ်ထင်တယ်။"

“ဒါက ပြဿနာ မရှိပါဘူး။” ရှုယီက သက်ပြင်းချရင်းဆိုသည် "အကြီးအကဲ အွန်ဒင်း၊ ဖြစ်နိုင်ရင် ပုံရိပ်ယောင်အစီအရင်အတွက် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပင်မနည်းပညာအချို့ကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ရှင်ဖော်ပြခဲ့တဲ့ အထူးအကျိုးသက်ရောက်မှုတွေအတွက်လား?" အကြီးအကဲအွန်ဒင်း က ပြုံးကာဆိုသော်လည်း ခေါင်းခါပြသည် “မလိုအပ်ဘူးလို့ ကျွန်မထင်ပါတယ်။ ပုံရိ‌ပ်ယောင် မှော်ပညာက ကျွန်မတို့ နတ်သူငယ်တွေအတွက် ခက်ခဲတဲ့ မှော်အမျိုးအစားတစ်ခုလို့ သတ်မှတ်ခံထားရလို့ ကျွန်မတို့အနေနဲ့ ရှင်တို့ကိုပေးလိုက်ရင်တောင် အချိန်တိုအတွင်း နားလည်နိုင်မှာမဟုတ်ဘူး။"

"အဲ့လိုလား?" ရှုယီက မျက်မှောင်ကုပ်လိုက်သည်။

ပုံရိပ်ယောင် မှော်ပညာကို နားမလည်နိုင်ဟု သူ မခံစားရသော်လည်း အကြီးအကဲ အွန်ဒင်း က သူ့အား တိုက်ရိုက် ငြင်းပယ်ခဲ့သည်ကို အနည်းငယ် အံ့သြမိပါ၏။

"တကယ်တော့ ဥက္ကဌ ရှု၊ ရှင် ပုံရိပ်ယောင်နည်းပညာကို နားလည်ထားဖို့ မလိုဘူး မဟုတ်လား" အကြီးအကဲအွန်ဒင်းက ပြောသည်။

"အမ်?" ရှုယီက အကြီးအကဲအွန်ဒင်းကို အံ့သြစွာ ကြည့်လိုက်သည်။

"ရှင်တို့ လူသားတွေက နယ်မြေကြီးကို အုပ်စိုးရာမှာ နတ်သူငယ်တွေကို အစားထိုးနိုင်ရတဲ့ အဓိကအကြောင်းရင်းက ရှင်တို့လူသားတွေ စည်းစည်းလုံးလုံးနဲ့ လက်တွဲလုပ်ဆောင်ခြင်းရဲ့ ကောင်းကျိုးတွေကို နားလည်တာကြောင့်လို့ ရှင်အမြဲပြောခဲ့တာမဟုတ်လား။ ဒါကြောင့် ရှင် ဒီလောက်တောင် မယုံကြည်နိုင်လောက်တဲ့ ခွန်အားကို ပြသနိုင်ခဲ့တာဟာ ဘာကြောင့်များလဲ။"

"ခင်ဗျားဆိုလိုတာက......"

အကြီးအကဲအွန်ဒင်းက အပြုံးမပျက်‌ပေ၊ "ပုံရိပ်ယောင် မှော်အစီအရင် ကို နားလည်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်၊ ဒါကြောင့် ပုံရိပ်ယောင်မှော်အစီအရင်ကို ကိုင်စွဲထားတဲ့ ကျွန်မတို့ရဲ့ မျိုးနွယ်စုတွေက ရှင်နဲ့ ပူးပေါင်းပြီး ဒီပရောဂျက်အတွက် ရှင့်ကို ကူညီပေးခဲ့တာ မဟုတ်လား။"

ရှုယီသည် အကြီးအကဲအွန်ဒင်း၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်လိုက်သည်။ အကြီးအကဲ အွန်ဒင်းသည် သူတွေ့ဖူးသမျှတွင် စီးပွားရေးအကျွမ်းကျင်နိုင်ဆုံး နတ်သူငယ် ဖြစ်သည်ကို ထပ်မံအတည်ပြုနိုင်လိုက်၏။

သူမအား ယှဉ်နိုင်တဲ့သူ မရှိ‌ပေ။

Vol 5, အခန်း ၁၅၂။ ကြီးကြီးမားမား တစ်စုံတစ်ရာဖြစ်ပွားခဲ့သည်

သူ၏ စတေးလ်နှင့် ပျော်ရွှင်ဖွယ်အချိန်က အင်မတန်တိုတောင်းလှသည်။ အဇ်ရှာရာမျိုးနွယ်စု၌ တစ်ရက်တာလောက် နေပြီးနောက်တွင် ရှုယီမှာ နီရှီဆိပ်ကမ်းသို့ ပြန်ဦးတည်လာခဲ့သည်။

မှော်လေသင်္ဘောဆင်းသက်ချိန်တွင် အဝေးမှ ငွေရောင်မှော်ဆလွန်းတစ်စင်းက အမြန်ဆင်းလာပြီး မှော်လေသင်္ဘောရှေ့၌ ရပ်တန့်သွားသည်။

ကောင့်ထ် ကွန်ပန်နီက နောက်ခုံမှ ထွက်လာပြီး လေသင်္ဘောအခန်းတံခါးထံ ပြေးလာသည်။ တံခါးက တဖြည်းဖြည်းပွင့်လာသည်ကို စောင့်ဆိုင်းရင်း ရှုယီပေါ်လာသည်ကို မြင်ချိန်တွင် သူဟာ သက်ပြင်းချလိုက်မိသည်။

"ဥက္ကဌ ရှု၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။"

ရှုယီက မနေနိုင်စွာ ပြုံး၍ "ဘာလဲ? မြိုစားအရှင် ကျုပ်ထွက်ပြေးမှာ ကြောက်လို့လား”

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ဘူး၊ အဲဒါမျိုး မရှိပါဘူးကွာ။" ကောင့်ထ် ကွန်ပန်နီသည် နဖူးမှချွေးများကိုသုတ်ကာ ရှုယီအား ဖိတ်ခေါ်သောအမူအရာဖြင့် "ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ။ အခုမှရထားတဲ့ အချက်အလက်တွေအရ၊ အရှင်မင်းကြီးက ကီလိုမီတာ နှစ်ဆယ်တောင် ဝေးသေးတယ်။ ဥက္ကဌ ရှုကိုကြိုဖို့ အရှင်မင်းကြီး ကျုပ်ကို မြို့ပြင်ထွက်ခိုင်းထားတာပါ။”

“ကောင်းပါပြီ။”

ရှုယီက ပြန်ပြောသည် ။ သူသည် ကောင့်ထ် ကွန်ပန်နီ နှင့်အတူ မှော်ဆလွန်းပေါ်ကိုမတက်မီ မှော်သင်္ဘောထက်မှလူများအား တစ်ခုခုပြောရန် လှည့်လိုက်သည်။

မှော်ဆလွန်းသည် လျင်မြန်စွာ စက်နှိုးပြီး နီရှီမြို့တော် ၏ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

နီရှီမြို့တော်က သူတို့နောက်ကွယ် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရှုယီက သူ့အနားရှိ ကောင့်ထ် ကွန်ပန်နီကို လှည့်ပြီး မေးသည်။ "မြို့စားအရှင် အရှင်မင်းကြီးပေးပို့ထားတဲ့ နောက်ဆုံးသတင်းအရဆို ဘာလို့ ကျွန်တော်နဲ့ တွေ့ဖို့ အလျင်စလိုဖြစ်နေရတာလဲ"

“ဒီဟာက အတိအကျတော့မသိပါဘူး။ ဒါပေမယ့် ဒါက အရှင်မင်းကြီးအတွက် အရေးကြီးတာမို့ ဥက္ကဌ ရှု နဲ့တွေ့ဖို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖို့ လိုအပ်တာကြောင့် ဒါဟာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။"

“ဒါကိုလည်း ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က စဉ်းစားပြီးတဲ့အခါမှာတော့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ခင်ဗျားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ မထင်မှတ်ထားတာ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ သေးငယ်တဲ့ အမှားလေးတွေ ရှိရင်တောင် အရှင်မင်းကြီး ကိုယ်တိုင် လာရောက်ဖို့ လိုမယ်လို့ မထင်ပါဘူး။” ရှုယီက မျက်မှောင်ကုပ်ပြီး ပြောလိုက်သည်။

“ဒါတော့ ကျုပ် သိပ်မသိဘူး၊ ဒါပေမယ့် ဥက္ကဋ္ဌ ရှု၊ ကဖုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အခုအချိန်မှာ ချောမွေ့နေချိန်ပေမယ့် အမြဲတမ်း ချောမွေ့နေမယ်လို့ မဆိုလိုပါဘူး။ အရှင်မင်းကြီးက ဥက္ကဋ္ဌ ရှု နဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေကို ဆွေးနွေးချင်တာဖြစ်ကောင်းဖြစ်နိုင်သလို သူ့ရဲ့ရိုးသားမှုကိုပြသဖို့အတွက် သူကိုယ်တိုင်က မင်းကိုလာတွေ့ဖို့ ရှိနေပါတယ်။"

"အမ်?" ရှုယီသည် ဖော်ရွေသောအပြုံးနှင့် ကောင့်ထ် ကွန်ပန်နီကို မျက်လုံးမှေးစင်း၍ ကြည့်လိုက်သည်။

ကောင့်ထ် ကွန်ပန်နီ၏စကားများမှ အချက်အလက်အနည်းငယ်ရှိကြောင်း သူပြောပြနိုင်သည်။

ဘုရင်ကြီးတဲရုစ် သည် သူနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ဆွေးနွေးချင်‌ေန‌ေလာက်သည်။

လမ်ပူရီတိုင်းပြည်နှင့် နှိုင်းစာပါရင် ၎င်းက အံ့သြစရာတော့ မဟုတ်ပါချေ။ ရူဒ်ဆန်တိုင်းပြည် နှင့် Frestech ကုန်သည်ကြီးများအသင်းအကြား ပူးပေါင်းဆောင်ရွက်မှုသည် အချို့သော အရာများ လိုအပ်နေပါသည်။

ဥပမာအားဖြင့်၊ လမ်ပူရီတိုင်းပြည်၌ Frestech ကုန်သည်ကြီးများအသင်း ဆောက်လုပ်ရေးမှော်စက် စက်ရုံများအပြင် သံမဏိစက်ရုံအများအပြားရှိကာ ရူဒ်ဆန်တိုင်းပြည်တွင်မရှိသော်လည်း၊ အရေးကြီးဆုံးအချက်မှာ လမ်ပူရီတိုင်းပြည်သည် စစ်ဘက်မှော်စက်များတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားခဲ့ပြီး ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ မှော်စက် ပူးပေါင်းဆောင်ရွက်မှုမှာ ရပ်တန့်သွားသော်လည်း၊ လမ်ပူရီဘုရင့်နိုင်ငံသည် အခြားနိုင်ငံများနှင့် ကွာဟမှုကို ချဲ့ထွင်နိုင်စေသည့် ဤကဏ္ဍတွင် အခြေခံအုတ်မြစ်ရှိခဲ့သည်။

ဥပမာအားဖြင့်၊ Frestech ကုန်သည်ကြီးများအသင်းမှ ဦးစွာပြုလုပ်ခဲ့သော အရိုးရှင်းဆုံးသော မှော်ထပ်ဆင့်လေးသည် ယခုအခါ လမ်ပူရီတိုင်းပြည် စစ်တပ်အတွက် စံပြပြဿနာဖြစ်လာခဲ့သည်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းမှ ကျန်ရစ်ခဲ့သော လက်နက်စက်ရုံများဖြင့်၊ လမ်ပူရီဘုရင့်နိုင့်၏စစ်တပ်သည် ပတ်ဝန်းကျင်နိုင်ငံများတွင် အကောင်းဆုံးတပ်ဆင်ထားသောစစ်တပ်ဖြစ်သောကြောင့် နှိုင်းယှဉ်ရန်နည်းလမ်းမရှိပေ။

ဒါကို ပတ်ဝန်းကျင်နိုင်ငံတွေက သတိထားမိသည်။

ရူဒ်ဆန်တိုင်းပြည်သည် လမ်ပူရီဘုရင့်နိုင်ငံနှင့် တူညီသော အတိုင်းအတာဖြင့် နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းတို့အတွက် ယင်းကို ဂရုစိုက်ရန်မှာ ပုံမှန်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဘုရင်ကြီးတဲရုစ် သည် သူ၏ရိုးသားမှုကိုပြသခဲ့ပြီး စစ်ဘက်မှော်စက်များနှင့်ပတ်သက်၍ ရှုယီနှင့် ညှိနှိုင်းနိုင်ဖွယ်ရှိသည်။

“တကယ်လို့ သူသာ ဒီတောင်းဆိုချက်ကို လုပ်လာရင် ငါ ဘယ်လို တုံ့ပြန်ရမလဲ” ရှုယီတွေးတောရင်း မျက်မှောင်ကုပ်လိုက်သည်။

သူ၏ မူလရည်ရွယ်ချက်ကို အခြေခံ၍ နယ်မြေကြီးတွင် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် အိမ်သုံးမှော်စက်များကို အဆင့် မြှင့်တင်လိုသည်။

သို့သော် စစ်တပ်မှော်စက်များကို တီထွင်ထားရာ ၎င်းတို့၏ စွမ်းအားကြောင့် အခြားနိုင်ငံများ၏ အာရုံစိုက်မှုမှ မလွတ်နိုင်ပေ။

ရှုယီသည် ဤအရာအတွက် သဘာဝအတိုင်း ပြင်ဆင်ထားသော်လည်း သူ့အစီအစဉ်အရ စစ်တပ်မှော်စက်များကို သတိထားရမည်ဖြစ်သည်။

အခြေခံအကျဆုံးတောင်းဆိုချက်မှာ Frestech ကုန်သည်ကြီးများအသင်းသည် စစ်တပ်မှော်စက်များနှင့် ပတ်သက်လာသောအခါတွင် အခြားသောတပ်ဖွဲ့များကို ဖိနှိပ်နိုင်သည်။ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာမှော်စက်များကို ရောင်းချသောကြောင့် Frestech ကုန်သည်ကြီးများအသင်းအား ခြိမ်းခြောက်ခြင်းကို ခွင့်မပြုနိုင်ပေ။

ဒါကရှုယီအမြဲတမ်း ကောင်းကောင်း ထိန်းချုပ်ထားတဲ့ အရာပင်။ စစ်ဘက်မှော်စက်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ အခြားနိုင်ငံများသို့ ရောင်းချခဲ့ပြီး အဓိကအစိတ်အပိုင်းများကို Frestech ကုန်သည်ကြီးများအသင်းမှ ထိန်းချုပ်ထားသည်။ ၎င်းက ၎င်းတို့၏ အစောင့်များအား တိုက်ပွဲတွင် အသာစီးရစေသည် ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်မှော်စက်များအကြောင်း သုတေသနပြုမှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ရှုယီသည် နောက်ထပ် စစ်တပ်မှော်စက်များကို အများပြည်သူသို့ စတင်ဖြန့်ချိနေပြီဖြစ်သည်။

ဥပမာအားဖြင့်၊ အစောင့်သင်္ဘောသုံးစင်းကို ကန်ဒရာ အင်ပါယာရေတပ်ထံ ရောင်းချပြီး ၎င်းတွင် မှော်အမြောက်များနှင့် မှော်ဒုံးပျံ အများအပြားကို တပ်ဆင်ပေးထားသည်။ ၎င်းကို Frestech ကုန်သည်ကြီးများအသင်း မှ လက်ရှိရောင်းချနေသည့် အဆင့်မြင့် စစ်ဘက်မှော်စက်ဟု ယူဆနိုင်သည်။

လမ်ပူရီနိုင်ငံတော်သည် ပင်လယ်ကမ်းစပ်ရှိနိုင်ငံမဟုတ်သောကြောင့် ၎င်းတို့တွင်ထိုကဲ့သို့သောတောင်းဆိုမှုများမရှိပေ။ သို့သော် ရူဒ်ဆန်တိုင်းပြည် တောင်ဘက်တွင် ပင်လယ်တစ်ခုရှိသောကြောင့် ဘုရင်ကြီးတဲလုစ်သည် ဉာဏ်ကစားရန် အစောင့်သင်္ဘောအနည်းငယ်ကို ဝယ်ယူလိုခြင်းဖြစ်နိုင်သည်။

ဤသံသယမျိုးဖြင့် မှော်ဆလွန်းသည် ရှုယီကို နီရှီ မြို့မြောက်ဘက်ရှိ အနားယူရန်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

သူနှင့် ကောင့်ထ်ကွန်ပန်နီ တို့သည် မြောက်ဘက်လမ်းပေါ်တွင် ဖုန်မှုန့်များတွေ့သောအခါတွင် သူ့နောက်လိုက်အုပ်စုနှင့်အတူ မိနစ်နှစ်ဆယ်အောက်သာ ထွက်လာခဲ့သည်။ ခဏအကြာတွင် မှော်ဆလွန်းမော်တော်ယာဉ်တန်းသည် လျင်မြန်စွာ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။

ဤမော်တော်ယာဉ်တန်းကို မြင်လိုက်ရသဖြင့် ရှုယီအံ့အားသင့်သွားသည် ။

မှော်ဆလွန်းသည် ရူဒ်ဆန်တိုင်းပြည် တွင် ရေပန်းစားနေပြီဖြစ်သော်လည်း ဘုရင်ကြီးတဲရုစ် သည် အစဉ်အလာကို အမြဲထိန်းသိမ်းထားပြီး ရိုးရာမြင်းလှည်းဖြင့် အမြဲ အပြင်သွားခဲ့သည်။

ဟုတ်ပါ၏၊ သူ့ရဲ့ ဇိမ်ခံမြင်းလှည်းအတွက် နက်နဲတဲ့ အဓိပ္ပါယ်ရှိပါ၏။

ဘုရင်ကြီးတဲရုစ်သည် ကာရာကာမြို့တော်မှ ထွက်ခွာခဲ့ပြီး ၎င်းက ခရီးတိုသာဖြစ်ခသည်။ သက်တောင့်သက်သာရှိစေရန် တည်ဆောက်ထားသော သူ၏မြင်းလှည်းကို စီးရခြင်းသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် အလွန်ဇိမ်ကျကျနှင့် အလွန်လုံခြုံသော မှော်ဆလွန်းများကို တီထွင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ရှုယီက သူ့အား ပြောပြခဲ့သည်။ ဘုရင်ကြီးတဲရုစ် ကဲ့သို့ အရေးပါသူများအတွက် တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်းက လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ဘုရင်ကြီးတဲရုစ် သည် ၎င်းကို အလွန်စိတ်ဝင်စားခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်သောအခါတွင် သူစိတ်ကြိုက်မှာယူမည်ဟု ပြောခဲ့ပါသည်။

Frestech ကုန်သည်ကြီးများအသင်းမှ မှော်ဆလွန်းအမျိုးအစားသစ်ကို မတီထွင်ခင်တွင် ဘုရင်ကြီးတဲရုစ် သည် ယခုတစ်ကြိမ် ဤနေရာ၌ မှော်ဆလွန်း စီးနင်းရန် အစပျိုးလုပ်ဆောင်ခဲ့သည်။

အမြန်နှုန်းကအပြင် ရှုယီအား သူ့ရဲ့စိတ်ရင်းကို ပြသဖို့ပါပင်။

သို့သော် ရှုယီသည် မည်သည့်အရာကိုမျှ အလကားမရဟု လေးနက်စွာ ယုံကြည်ခဲ့သည်။

ဘုရင်ကြီးတဲရုစ်က ဤကဲ့သို့သော စိတ်ရင်း ပြသနေရာ၊ သူတောင်းဆိုနေသည့်အရာမှာ လွယ်ကူသောအရာမဟုတ်ကြောင်း ထင်ရှားသည်။

ရှုယီသည် မော်တော်ယာဉ်တန်း ချဉ်းကပ်လာသည်ကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကုပ်လိုက်သည်။ ပထမဆုံးကားသည် မှတ်တိုင်အပြင်ဘက်တွင် ရပ်လိုက်ရာ သူနှင့် ကောင့်ထ်ကွန်ပန်နီ တို့က အပြုံးများဖြင့် ရှေ့တက်သွားသည်။

"ဥက္ကဌ ရှု မတွေ့တာကြာပြီ။" ဘုရင်ကြီးတဲရုစ်သည် မှော်ကားနောက်ခန်းမှ ထွက်လာပြီး ရှုယီအပြုံးဖြင့် ကြည့်လိုက်သည်။

ရှုယီလည်း အလျင်အမြန်ရောက်လာပြီး ဘုရင်ကြီးတဲရုစ် ကို တလေးတစားဖြင့် “အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်။ အရှင်ကိုယ်တိုင်လာမှာမို့ ကျုပ်နည်းနည်းတော့ စိတ်ပူသွားတယ်။"

ဘုရင်ကြီးတဲရုစ် က ရှုယီကို ပုခုံးပုတ်ကာ ရယ်မောလိုက်သည် "ဥက္ကဌ ရှု၊ မင်းက ငါတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့နိုင်ငံသားမဟုတ်တော့၊ မင်း ငါ့ရှေ့မှာ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ လာ၊ သွားပြောရအောင်။"

ရှုယီသည် ဘုရင်ကြီးတဲရုစ် ၏ အနားယူစခန်းသို့ သံသယဖြင့် လိုက်ပါသွားခဲ့သည်။

ဘုရင်ကြီးတဲရုစ် သည် ပြင်ဆင်ထားပြီးသား စားပွဲတစ်ခုတွင် ထိုင်ကာ ရှုယီအား သူ့ရှေ့တွင် ထိုင်ရန် ညွှန်ပြသည်။

ရှုယီသည် အစပိုင်းတွင် ယဉ်ကျေးသိမ်မွေ့စွာ ငြင်းဆိုခဲ့သော်လည်း ထိုင်လိုက်ပါ၏။

ဘုရင်ကြီးတဲရုစ် က ဘေးကို ကြည့်လိုက်တော့ သူ့အစောင့်တွေက နားလည်ပြီး အားလုံးကို ရပ်တန့်ကာ ထွက်သွားသည်။ ကောင့်ထ်ကွန်ပန်နီသည်လည်း ချွင်းချက်မဟုတ်ပါချေ။

ဤရပ်နားရာ၌ ဘုရင်ကြီးတဲရုစ်နှင့် ရှုယီသာကျန်တော့သည်။

အားလုံးထွက်သွားပြီးနောက် ဘုရင်ကြီးတဲရုစ် သည် ရှုယီကို ပြုံးပြသည် "ဥက္ကဌ ရှု၊ မင်း ကန်ဒရာ အင်ပါယာကို ခရီးထွက်တာ အဆင်ပြေရဲ့လား?"

ရှုယီက ပြန်ဖြေလိုက်၏ "အရှင်မင်းကြီး ဂရုစိုက်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ချောမွေ့တယ်လို့ ပြောရမှာပေါ့"

"အိုး? အဲဒါကောင်းတယ်။" ဘုရင်ကြီးတဲရုစ် သည် ရယ်မောလိုက်ပြီး‌နောက် တိတ်ဆိတ်သွားသည်။ ထို့နောက် စားပွဲကို ရုတ်တရက် ပုတ်ချလိုက်ကာ သက်ပြင်းချရင်း ဆိုလာသည် "ဥက္ကဌ ရှု၊ ဒီတစ်ခေါက် မင်းကို မဆက်သွယ်နိုင်တာက ငါ့ကို အရေးကြီးတဲ့ပြဿနာတစ်ခုကို သတိပြုမိသွားစေတယ်။"

"အဲဒါဘာများလဲ?"

"မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက စတန်တိုင်းနယ်‌ေမြမှာ မှော်အချက်ပြတာဝါတိုင်တွေအားလုံးကို တည်ဆောက်ပြီး လမ်ပူရီတိုင်းပြည်မှာလည်း ဒီလိုပဲလုပ်နေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီမှော်အချက်ပြတာဝါတိုင်တွေနဲ့ဆို မိုင်ထောင်ချီခြားနေတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောနိုင်တယ်ဆို၊ အရင်ကနဲ့ ယှဉ်ရင် အဆပေါင်း မရေမတွက်နိုင်အောင် ကောင်းလာပြီလို့လည်းကြားတယ်။ အကယ်၍ ငါတို့ ရူဒ်ဆန်တိုင်းပြည်မှာလည်း မှော်အချက်ပြတာဝါတိုင်တွေရှိရင် မင်းကိုဒီမှာတွေ့ဖို့ ငါအလျင်စလိုနေစရာ မလိုဘဲ အနည်းဆုံးတော့ ဆက်သွယ်ရတာ ပိုလွယ်မယ်ထင်တယ်။"

ရှုယီသည် ဘုရင်ကြီးတဲရုစ်က မှော်အချက်ပြတာဝါများကို ဦးစွာပြောမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ရာ အံ့သြသွားခဲ့သည်။

"ဒါက.....အရှင်မင်းကြီးဆန္ဒရှိတယ်ဆိုရင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်အချက်ပြတာဝါတိုင်တွေတည်ဆောက်ပြီး မှော်ဆက်သွယ်ရေးကွန်ရက်ကို ထူထောင်ဖို့အတွက် ရူဒ်ဆန်တိုင်းပြည် နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို ပျော်ရွှင်ပါတယ်။"

"ဟုတ်လား? ကောင်းပြီ ဥက္ကဌ ရှု ဆုံးဖြတ်လိုက်ပြီ။ ကျုပ်တို့ နိုင်ငံတစ်ဝှမ်းမှာ မှော်အချက်ပြတာဝါတိုင်များ တည်ဆောက်ခြင်းကိစ္စ ဆွေးနွေးဖို့အတွက် ရက်အနည်းငယ်အတွင်း ခင်ဗျားကုမ္ပဏီကို လူတွေလွှတ်လိုက်မယ်။ ခင်ဗျား သူတို့နဲ့ အလုပ်တွဲလုပ်မယ်လို့ မျှော်လင့်ပါတယ်။" ဘုရင်ကြီးတဲရုစ်သည် ဤအရာကို လေးနက်သောဟန်ဖြင့်ပြောပြီး စားပွဲကိုရိုက်ချလိုက်ပြန်သည်။

ရှုယီလည်း အံ့သြသွားသည်၊ ဘုရင်ကြီးတဲရုစ်က ဤကဲ့သို့ ပြတ်ပြတ်သားသား ဖြေရှင်းလာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ဒါပေမယ့် ၎င်းကို တွေးကြည့်တော့ ပြဿနာရှိတယ်လို့ မထင်ရာ၊ “ကောင်းပါပြီ၊ ကျုပ်တို့ ကုမ္ပဏီက ဒီဟာကို လောလောဆယ် ပရိုမိုးရှင်း လုပ်နေတယ်ဆိုတော့ အရှင်တို့နဲ့ သေချာပေါက် အလုပ်တွဲလုပ်ပါမယ်” ဟု ခေါင်းညိတ်ကာပြောလိုက်၏။

ဘုရင်ကြီးတဲရုစ် သည် မှော်အချက်ပြမျှော်စင်များကို စိုးရိမ်သောကြောင့် လမ်ပူရီ တိုင်းပြည်မှ မျိုးရိုးမြင့်များနှင့် ကွဲပြားသည်။ ထုံးစံအတိုင်း ရှုယီကလည်း ဒီကိစ္စကို မမေးပေ။

၎င်းကိုအခြေခံပြီး Frestech ကုန်သည်ကြီးများအသင်းက မှော်အချက်ပြတာဝါတိုင်တွေအတွက် ထုတ်ပြန်လိုက်တဲ့ ကြော်ငြာဟာ အကျိုးသက်ရောက်မှုရှိပုံရပါ၏။

ဟုတ်ပါ၏၊ ဘုရင်ကြီးတဲရုစ်လည်း ဒီကိစ္စကို စုံစမ်းပြီးလောက်သည်၊ မဟုတ်ပါက သူဟာ ဒါကို လွယ်လွယ်နဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါချေ။.

ရှုယီသဘောတူသည်ကိုမြင်တော့ ဘုရင်ကြီးတဲရုစ် ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ ခေတ္တရပ်ပြီးနောက် သူက ဆက်ပြောလိုက်၏ " မှော်အချက်ပြတာဝါတိုင်တွေက အသေးအမွှားလေးပဲ၊ ဒီတစ်ခေါက် ထပ်ပြီး ဆွေးနွေးစရာတွေ ကျန်သေးတယ်"

ရှုယီလုံးဝမအံ့သြပါ‌ေချ။ သူက ဘုရင်ကြီးတဲရုစ် ကို တိတ်တဆိတ် ကြည့်နေပြီး သူစကားပြောသည်ကို စောင့်နေ၏။

ဘုရင်ကြီးတဲရုစ်သည် အနည်းငယ် တိတ်ဆိတ်နေကာ အနောက်မြောက်ဘက်သို့ ရုတ်တရက် ကြည့်လိုက်ပြီးနောက် ဆိုလာသည် "ဥက္ကဋ္ဌ ရှု၊ မင်း ဒီအချိန်အတောအတွင်း အဝေးရောက်နေလို့ မကြာသေးမီက အရေးကြီးတဲ့ တစ်ခုခုဖြစ်ခဲ့တာကို မင်းမသိလိုက်ရဘူး"

"အိုး? အရှင်မင်းကြီး၊ ကျွန်တော့်ကိုပြောပါ”

ဘုရင်ကြီးတဲရုစ် က ရှုယီဘက်လှည့်ပြီး သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ကာ လေးနက်သည့်ဟန်ကို ထုတ်ဖော်လိုက်ပါ၏။

“လွန်ခဲ့တဲ့လတစ်ဝက်လောက်က လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို စစ်ကြေညာခဲ့တယ်။ အခုအချိန်မှာ သူတို့က စခ်တိုင်းပြည်တောင်ပိုင်းမှာရှိတဲ့ မြို့သုံးမြို့ကို သိမ်းပိုက်ထားပြီး စခ်တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားနိုင်ပြီ"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၃။ စစ်ပွဲအကြောင်းအရင်း

"ဘာ!"

ရှုယီမှာ ရုတ်တရတ် ထရပ်လိုက်မိသည်။ သူဟာ မြန်မြန် ထရပ်လိုက်မိသောကြောင့် စားပွဲနှင့် တိုက်မိသွားပြီး အသံကျယ်ကျယ်ထွက်လာသည်။

ဘုရင်ကြီးတဲရုစ်ကမူ ထိုအသံကြောင့် ရှေ့တိုးလာကြသော သူ၏အစောင့်များကို အဆင်ပြေကြောင်းပြရန် လက်ယမ်းပြလိုက်ပြီး တစ်ဖန် ထွက်သွားခိုင်းလိုက်ပါ၏။ ထို့နောက် ရှုယီဘက်လှည့်လာကာ သူ၏ နောက်တုံ့ပြန်မှုကို စောင့်နေလိုက်သည်။

ရှုယီမှာ ခဏတာ ငေးကြောင်နေပြီးနောက် အမူအရာက တဖြည်းဖြည်း တည်ငြိမ်လာပြီး တစ်ဖန်ထိုင်ချလိုက်ပြန်သည်။

အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ရှုယီက ဆိုလာသည် "အရှင်မင်းကြီး ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဆိုတာ ပြောပြနိုင်မလား။"

ရှုယီအမြန်ပြန်ကောင်းလာသည်ကိုမြင်သော် ဘုရင်ကြီး တဲရုစ်က ချီးမွမ်းသည့်ဟန်ဖြင့် ဖြေလိုက်သည် "အကြောင်းပြချက်ကတော့..... အပြင်ပန်းကနေဆိုမှောင်ခိုကိစ္စကြောင့်ပဲ"

"မှောင်ခိုမှုလား?" ရှုယီက မျက်မှောင်ကုပ်လိုက်သည်။

လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့သည် ဤနှစ်များတစ်လျှောက်လုံး ရန်လိုနေခဲ့သောကြောင့်၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုများသည် ယခင်ကတည်းက မှောင်ခိုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

သို့သော် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု နယ်မြေကို ထူထောင်ပြီး လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ ရှိသောကြောင့် မှောင်ခို ရောင်းဝယ်မှု နည်းပါးလာခဲ့သည်။

အကယ်၍ ၎င်းတို့လုပ်ခဲ့ပါလျှင်တောင် ၎င်းက အကောက်ခွန်နည်းနည်းရှောင်ရန်သာဖြစ်ပြီး အကျိုးသက်ရောက်မှုမရှိပါချေ။ နှစ်ဖက်စလုံးအတွက် အရေးမကြီးသလို နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ရန်လည်း မဖြစ်နိုင်ပေ။

ဤသြဇာလွှမ်းမိုးမှုကြီးမားသော မှောင်ခိုအမှုများသည် သာ ထိုအပိုင်းနှင့် သက်ဆိုင်သည်။

မျှော်လင့်ထားသည့်အတိုင်းဘုရင်ကြီး တဲရုစ်က ခေါင်းညိတ်ကာ ဆက်ပြောသည်။ "ဟုတ်တယ်၊ လမ်ပူရီတိုင်းပြည်ရဲ့ တရားဝင်ကြေညာချက်အရ လမ်ပူရီတိုင်းပြည်က လူအချို့က စခ်တိုင်းပြည်ကို စစ်ဘက်ဆိုင်ရာမှော်စက်တွေမှောင်ခိုသွင်းနေတာပဲ။"

ဤသို့ပြောပြီးသောအခါ ဘုရင်ကြီး တဲရုစ်သည် ရှုယီကိုကြည့်လာရာ သူက လုံးဝမအံ့သြကြောင်းတွေ့လိုက်ရသည်။ရှုယီက ၎င်းကို သိနေသဖြင့် သူ မျက်မှောင်ကုပ်မိသည်။

“လမ်ပူရီတိုင်းပြည်ဘက်က ဒါကို ရှာဖွေတွေ့ရှိပြီးနောက်မှာ သူတို့တွေ ဒီမှောင်ခိုအမှုကိစ္စကို စုံစမ်းစစ်ဆေးခဲ့တယ်၊ နောက်ဆုံးမှာတော့ စခ်တိုင်းပြည် ကို ခြေရာခံနိုင်ခဲ့တယ်။ အစပိုင်းတွင်၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို ရာဇ၀တ်ကောင်များကို လွှဲပြောင်းပေးဖို့ပဲ တောင်းဆိုခဲ့ပေမယ့်လည်း စခ်တိုင်းပြည်က အဲဒီ့တောင်းဆိုမှုကို ပယ်ချခဲ့တယ်။ နောက်ဆုံးမှာ နှစ်ဘက်ကြား ပဋိပက္ခဖြစ်ခဲ့တယ်လေ။ ပဋိပက္ခမှာ လမ်ပူရီတိုင်းပြည်က စစ်သားခုနစ်ဦး ဆုံးရှုံးခဲ့ပြီး စခ်တိုင်းပြည်က နယ်ခြားစောင့်တပ် ဒါဇင်ချီ ဆုံးရှုံးခဲ့ရတဲ့အပြင် နိုင်ငံသားအတော်များများကိုလည်း ထိခိုက်စေခဲ့တယ်။"

"ပြီးတော့ရော? သူတို့ တိုက်ရိုက် စစ်ကြေညာခဲ့တာလား။” ရှုယီက အံ့သြသောဟန်ဖြင့် မေးလိုက်သည်။

ရှုယီက လေးလေးနက်နက် မျက်မှောင်ကုပ်ထား၏။

ဘုရင်ကြီး တဲရုစ်က ဒီအကြောင်းကို လိမ်ပြောနေစရာ မလိုပါချေ၊ သို့ပေမယ့် သူ ဘယ်လိုပဲ တွေးနေပါစေ ဒီကိစ္စက ထူးဆန်းတယ်ဟု သူခံစားမိနေသည်။

လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့သည် နှစ်ပေါင်းရာနှင့်ချီပြီး ရန်လိုနေခဲ့သည့်တိုင် နှစ်နိုင်ငံစလုံးအတွက် စစ်ကြေညာခြင်းသည် လွယ်ကူသောကိစ္စမဟုတ်ပေ။

နောက်ဆုံးတွင် ၎င်းတို့ကြားတွင် အခမဲ့ကုန်သွယ်မှုဇုန်တစ်ခုကို ဖန်တီးခဲ့သည်ကို မဆိုထားနှင့်။ ဒါဟာ သူတို့ကြားက ကုန်သွယ်မှုကို နှစ်ရာပေါင်းများစွာကြာအောင် ပွင့်ပွင့်လင်းလင်း လုပ်ခဲ့သည် ပထမဦးဆုံး အကြိမ်ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှု များစွာရှိပြီး၊ လမ်ပူရီတိုင်းပြည်သည် မှော်စက်များနှင့် အခြားထုတ်ကုန်များစွာကို စခ်တိုင်းပြည်သို့ ရောင်းချနိုင်ခဲ့ကာ ၎င်းတို့ထံမှ ငွေပမာဏများစွာကို ရရှိခဲ့သည်။

ဤအခြေအနေတွင်၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို ရုတ်တရက် စစ်ကြေညာခဲ့ပြီး စခ်တိုင်းပြည်၏ တောင်ပိုင်းနယ်မြေ၏ သုံးပုံတစ်ပုံကို ချက်ချင်းပင် သိမ်းပိုက်နိုင်ခဲ့သည်။

စခ်တိုင်းပြည်ထံမှ နှစ်ရာပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့် လမ်ပူရီတိုင်းပြည်သားများအတွက် ဤကိစ္စက ဂုဏ်ယူစရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှုယီအတွက် လုံးဝကို ရှုပ်ထွေးသွားစေခဲ့သည်။

စစ်ပွဲစတင်ရန် မည်သူဆုံးဖြတ်ခဲ့သနည်း။ ဘုရင်မကြီးဆယ်ဗီနီကလား

ရှုယီက ခေါင်းခါလိုက်သည်။

ဆယ်ဗီနီသည် ဤကဲ့သို့ ဦးနှောက်မဲ့သူမဟုတ်ကြောင်း သူသိသည်။ ထို့အပြင်၊ စခ်တိုင်းပြည်နှင့် လွတ်လပ်သောကုန်သွယ်မှုဇုန်ဖန်တီးရန် လက်မှတ် ရေးထိုးခဲ့စဉ်က ရှုယီနှင့် ဆွေးနွေးပြီးနောက် ဆုံးဖြတ်ခဲ့သည်။

ဆယ်ဗီနီသည် ဤလွတ်လပ်သောကုန်သွယ်မှုဇုန်မှ လမ်ပူရီတိုင်းပြည် အနေနှင်ပ မည်မျှအကျိုးရှိမည်ကို ရှင်းရှင်းလင်းလင်း သိထားပြီး၊ ယခုနှစ်နှင့် မနှစ်က အချက်အလက်များသည် ယင်းကို သက်သေပြခဲ့သည်။

ဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်အတွက် ဤအခြေအနေကို ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများကို နားမလည်ဟု ရှုယီမယုံကြည်ပေ။ ထို့ကြောင့် သူမသည် ဤအခြေအနေကောင်းကို ဖျက်ဆီးမည့် စစ်ကြေညာမှုကို အစပျိုးလုပ်ဆောင်ရန် မဖြစ်နိုင်သည်မှာ သိသာထင်ရှားပါသည်။

ဒါပေမယ့် ဆယ်ဗီနီမှ မဟုတ်လျှင်၊ ဒီဆုံးဖြတ်ချက်ချတဲ့သူတွေဟာ လမ်ပူရီတိုင်းပြည်ကဖြစ်လောက်သည်။

သို့သော်၊ ဤကဲ့သို့ဖြစ်ခဲ့သည်သာ၊ ၎င်းက ကြောက်မက်ဖွယ်ဖြစ်နိုင်ချေကို သက်သေပြနေသည်။ ဆယ်ဗီနီသည် စခ်တိုင်းပြည်နှင့် စစ်ပွဲကို ရပ်တန့်နိုင်ခြင်း အပါအဝင် လမ်ပူရီတိုင်းပြည်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤဖြစ်နိုင်ခြေသည် ဆယ်ဗီနီထက် ရှုယီကို ပို၍ ထိတ်လန့်စေမည်ဖြစ်သည်။

လမ်ပူရီ တိုင်းပြည်မှ နှစ်အတော်ကြာ ပြောင်းရွှေ့နေထိုင်ပြီးနောက် ထင်ရှားသော်လည်း၊ Frestech ကုန်သည်ကြီးများအသင်းသည် ထိုနေရာတွင် စတင်ခဲ့သည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြထားသောကြောင့် သူသည် လမ်ပူရီတိုင်းပြည်တွင် အထူးခံစားမှုတစ်ခုရရှိခဲ့သည်။

လမ်ပူရီတိုင်းပြည်ကို ထောက်ပံ့ရသည့်အကြောင်းရင်းမှာ သူနှင့် ဆယ်ဗီနီကြား ကောင်းမွန်သောဆက်ဆံရေးကြောင့်ဖြစ်သည်။

ဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်အတွက် ကောင်းမွန်သော အုပ်ချုပ်သူတစ်ဦးဖြစ်သည် ၊ သူမအား ထောက်ခံအားပေးခြင်းဖြင့် မှော်စက်များသည် လူတို့၏ဘဝကို ပြောင်းလဲစေသည်ဟူသော အယူအဆကို ထူထောင်နိုင်စေမည်ဟု သူယုံကြည်ခဲ့သည်။

သို့သော် လမ်ပူရီတိုင်းပြည်ကို ဆယ်ဗီနီမှ မချုပ်ကိုင်ထားပါက၊ လမ်ပူရီတိုင်းပြည်ရှိ ရင်းနှီးမြှုပ်နှံမှုများသည် အခြေခံအုတ်မြစ်မရှိသည့်အပြင် ၎င်း၏ထိန်းချုပ်မှုမှ လွတ်ကင်းမည်ဟု ဆိုလိုသည်။

ရှုယီ၏နှလုံးသားတွင်၊ ဆယ်ဗီနီနှင့် လမ်ပူရီတိုင်းပြည်သည် တစ်သားတည်းဖြစ်သည်။ အကယ်၍ ဆယ်ဗီနီသာ လမ်ပူရီတိုင်းပြည်ကို မထိန်းချုပ်နိုင်ခဲ့ပါက လမ်ပူရီတိုင်းပြည်က သူ့အား အများနှင့်မတူအောင် ဆက်ဆံမည်မဟုတ်ပါချေ။

ထို့ကြောင့် ဤထင်မြင်ချက်သည် မှန်ပါက၊ ၎င်းသည် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် ပြင်းထန်သော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။

၎င်းကိုတွေးတောရင်း ရှုယီက ဘုရင်ကြီး တဲရုစ် ကို လေးနက်စွာမေး၏ "အရှင်မင်းကြီး လမ်ပူရီတိုင်းပြည်ကနေ စခ်တိုင်းပြည်ကို စစ်ကြေညာလိုက်တာက ဘယ်သူများလဲ"

ဘုရင်ကြီး တဲရုစ်သည် ဤမေးခွန်းကို ရှုယီမေးလာသည့်အတွက် မအံ့သြပါ။ သူက ခပ်ဖျော့ဖျော့ပြုံး၍ ဖြစ်သည် “ဒါက ဘုရင်မဆယ်ဗီနီရဲ့ နာမည်ကိုရေးထားတယ်။ ဘုရင်မ ဆယ်ဗီနီက စစ်ပွဲမစတင်ခင်မှာ “လမ်ပူရီအပတ်စဉ်” ကနေ တစ်ဆင့် စစ်ကြေညာချက်ကို ကြေညာခဲ့တယ်။ "လမ်ပူရီအပတ်စဉ်" က သတင်းစာကို ထုတ်ဝေပြီးပြီ၊ မင်းကြည့်ချင်လား"

ရှုယီက ခေါင်းညိတ်ပြပြီး ခဏလောက် ငြိမ်ကျသွားဩ်။ သူသည် ဘုရင်ကြီး တဲရုစ်၏လက်မှ "လမ်ပူရီအပတ်စဉ်" ကိုယူလိုက်သည်။

ဆယ်ဗီနီ၏ စစ်ကြေညာချက်ကို "လမ်ပူရီအပတ်စဉ်" ၏ ရှေ့စာမျက်နှာတွင် ထင်ရှားပေါ်လွင်စေရန် ခေါင်းစီးအဖြစ် စာလုံးကြီးများဖြင့် ရိုက်နှိပ်ထားသည်။

ဤကြေညာချက်သည် စာလုံးပေါင်း သုံးထောင်ခန့်အထိ ရောက်ရှိခဲ့ပြီး «လမ်ပူရီအပတ်စဉ်» ၏ ရှေ့စာမျက်နှာမှ ဒုတိယစာမျက်နှာအထိ ရှိသည်။

ရှုယီသည် ဤကြေညာချက်ကို ဂရုတစိုက်ဖတ်သော်လည်း အကြောင်းအရာကို မကြည့်ဘဲ ကြေညာချက်၏ ပြောဆိုပုံကိုသာ အာရုံစိုက်ခဲ့သည်။

ဤဆောင်းပါးမှ အပြောအဆို၊ လေသံနှင့် အခြားအရာအားလုံးသည် ရှုယီနှင့် ရင်းနှီးသော ဆယ်ဗီနှင့် ကိုက်ညီသောကြောင့် ၎င်းကို ဆယ်ဗီနီမှ အမှန်တကယ် ရေးထားသည်ဟု ခံစားမိသည်။ ၎င်းကို သူမကိုယ်တိုင်ရေးခဲ့ပုံရပါ၏။

သို့သော် ၎င်းကိုဖတ်ပြီးနောက် ရှုယီသည် ကောက်ချက်ဆွဲရန် အလျင်စလိုမဖြစ်ခဲ့ပေ။ ခဏလောက်စဉ်းစားပြီးမှ စာရွက်ကိုချပြီး ဘုရင်ကြီး တဲရုစ်ကိုပြန်ကြည့်လိုက်သည်။

ဆယ်ဗီနီကို ပထမဆုံးတွေ့ပြီး သူမထံမှ အတည်ပြုချက်မရခင် ရှုယီသည် ဤထင်ကြေးများကို သူ့နှလုံးသားထဲတွင်သာ သိမ်းဆည်းထားနိုင်ခဲ့သည်။ သူ့ရှေ့က ပြဿနာက ဘုရင်ကြီး တဲရုစ်မှာ သူ့အား ဒီသတင်းကို ပြောပြပြီး အင်မတန် အလျင်စလိုဖြစ်နေခြင်းပင်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ အစီအစဉ်တွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိမှာ ဖြစ်တဲ့အတွက် အဲဒါကို ကြိုတင်သိရှိခြင်းက ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်စေမှာပါ။” ရှုယီသည် ဘုရင်ကြီး တဲရုစ်ကို ဦးစွာကျေးဇူးတင်လိုက်ပြီး ခဏခေတ္တရပ်ပြီးနောက် ဆိုလာ၏ “ဒါပေမယ့် အရှင်မင်းကြီး ကျွန်တော့်ကို ဒီလိုခေါ်လာတာက ဒီကိစ္စကို ပြောပြဖို့ပဲလား”

ဘုရင်ကြီး တဲရုစ်က ရယ်မောလိုက်ပြီး သူပြန်ထောင်ထားသည့် ကုလားထိုင်ပေါ်ကနေ ထလိုက်သည်။ သူကရှုယီကို ခဏလောက်မျက်လုံးများမှေးကြည့်ရင်း ခေါင်းကို ဖြည်းညှင်းစွာခါလိုက်ပါ၏။

"ဟုတ်ပါတယ် ဥက္ကဌ ရှု။ တကယ်တော့ ပြောစရာ မလိုဘဲ၊ မင်းနဲ့ ငါ ဆွေးနွေးချင်တဲ့အရာကို ခန့်မှန်းနိုင်လောက်မယ် မဟုတ်လား"

ရှုယီက ခဏမျှ ငြိမ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်၊ ကျွန်တော့်ရဲ့ ခန့်မှန်းချက်တွေသာ မမှားဘူးဆိုရင်အရှင်မင်းကြီးက စစ်တပ်မှော်စက်တွေအကြောင်း ဆွေးနွေးချင်တာပဲ။ ဒီကိစ္စကို ပြောပြနေတာက လမ်ပူရီတိုင်းပြည်ဟာ ထင်ထားသလောက် စိတ်မချရဘူးဆိုတာကို သတိပေးနေတာပဲမဟုတ်လား"

“ပထမပိုင်းကတော့ မှန်ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းကတော့.....” ဘုရင်ကြီး တဲရုစ်က ရယ်မောပြီး ဆိုလာသည် “စစ်တပ်မှော်စက်တွေအတွက်၊ ဥက္ကဌ ရှု ကို အကြိမ်များစွာ ပြောဖူးပေမယ့်အမြဲတမ်း ငြင်းပယ်ခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ စောင့်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အခု လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို စစ်ကြေညာလိုက်တော့ စောင့်ရတာ ခက်တယ်လို့ ခံစားရတယ်။”

"အိုး?" ရှုယီသည် ဘုရင်ကြီး တဲရုစ်ကိုကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

“သံသယတွေနဲ့ ငါ့ကို မကြည့်နဲ့။ ဥက္ကဌ ရှု ၊ ဒီတစ်ခါ မင်းကိုတွေ့ဖို့ ဆုံးဖြတ်ချက်ကြီးကြီးချခဲ့တာ။ ငါ ကာရာကာမြို့ကနေ ထွက်သွားပြီး မင်းကိုတွေ့ဖို့ ဒီကို အရောက်လာခဲ့တယ်၊ ဒါက ငါ့ရဲ့စိတ်ရင်း ပြသဖို့ပဲ။ ဒါဆို ဥက္ကဌ ရှု ၊ မင်းလည်း စိတ်ရင်းကို မပြသင့်ဘူးလား "

ရှုယီက ခေါင်းညိတ်ပြပြီး “ကောင်းပါပြီ၊ အရှင်မင်းကြီး နည်းနည်း တည့်တည့်ပြောရအောင်။ အရှင်မင်းကြီးက ကျွန်တော်တို့ကုမ္ပဏီကနေ စစ်ဘက်ဆိုင်ရာ မှော်စက်တွေ ဝယ်ချင်တာလား။"

"မင်းသာ စစ်ဘက်ဆိုင်ရာ မှော်စက်နည်းပညာကို ငါတို့ ရူဒ်ဆန်တိုင်းပြည် ကို လွှဲပြောင်းပေးမယ်လို့ ငါမျှော်လင့်တယ်ဆိုရင် မင်းသဘောတူမှာလား။"

“ဟင့်အင်း” ရှုယီက မဆိုင်းမတွ ခေါင်းခါလိုက်သည်။

ဘုရင်ကြီး တဲရုစ်သည် ခေါင်းမယမ်းမီ သက်ပြင်းတစ်ချက်ချလိုက်သည်၊ “ဒါကြောင့် လတ်တလောတော့ ဒီအဆိုပြုဖို့ မစီစဉ်ထားဘူး။ အခုအချိန်မှာ မင်းရဲ့ကုမ္ပဏီကနေ ငါလိုအပ်တဲ့ စစ်တပ်မှော်စက်တွေအားလုံးကို ဝယ်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ရှုယီသည် "လတ်တလော" ဟူသော စကားလုံးကို အာရုံစိုက်ခဲ့သည်။ သူက ပြုံးပြပြီး မေးတာကို စိတ်မ၀င်စားပုံဖြင့် "ဒါဆို အရှင်မင်းကြီး ဘယ်လောက်ဝယ်ဖို့စီစဉ်ထားလဲ၊ ဘယ်လိုစစ်တပ်မှော်စက်တွေလိုအပ်တာလဲ"

ဘုရင်ကြီး တဲရုစ်မှ မျက်လုံးများကို မှိတ်ထားကာ "ဥက္ကဌ ရှု၊ ဒါကို အဖြေအဖြစ် သတ်မှတ်လိုက်လို့ရလား?"

"ရူဒ်ဆန်တိုင်းပြည်ကို စစ်ဘက်မှော်စက်တွေ ရောင်းချဖို့ ကျွန်တော် ငြင်းဆိုခဲ့ဖူးပေမယ့် အတိအကျတော့ ဆွေးနွေးဖို့တော့ လိုအပ်သေးတယ်မဟုတ်လား?"

"ကောင်းပြီ၊ အတိအကျ ဆွေးနွေးကြရအောင်။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၄။ လုပ်ငန်းကြီးတစ်ခု

သုံးရက်ကြာပြီးနောက် မှော်လေသင်္ဘောမှာ နီရှီမြို့တော်မှ တစ်ဖန်ထွက်ခွာသွားသည်။

ဤအကြိမ်၌ အဇ်ရှာရာမျိုးနွယ်စုထံ ဦးတည်မသွားသလို စတက်တိန်းနယ်မြေထံလည်း မသွားဘဲ အနောက်မြောက်ဘက်သို့ ဦးတည်သွားသည်။ ၎င်းက လမ်ပူရီတိုင်းပြည်၏ မြို့တော် အန်ဗီမာမြို့တော်ထံ တည့်တည့်ဦးတည်သွားခြင်းပင်။

နီရှီမြို့တော်၌ သုံးရက်ကြာနေပြီးသည့်နောက် ရှုယီနှင့် ဘုရင်ကြီးတဲရုစ်တို့မှာ သီးသန့် ဆွေးနွေးမှုများစွာ လုပ်ဆောင်ခဲ့ကြပါ၏။

ရလာဒ်မှာ မည်သည့် တိုးတက်မှုမှ မရှိသလို ၎င်းတို့မှာ စာချုပ်လက်မှတ်ပင် မရေးထိုးထားကြပေ။

သို့သော် သူနှင့် ဘုရင်ကြီးတဲရုစ်တို့၏ ဆွေးနွေးမှုအရ ရှုယီနှင့် ရူဒ်ဆန်တိုင်းပြည်တို့မှာ သီးသန့် သဘောတူညီမှု တချို့ ရှိခဲ့သည်။

ဥပမာဆိုရလျှင် အစပိုင်း၌ ဘုရင်ကြီးတဲရုစ် ဖော်ပြခဲ့သော မှော်အချက်ပြတာဝါများကို ရှုယီက လက်ခံသလို အပြည့်အဝလည်း ထောက်ခံသည်။

နှစ်ဘက်စလုံး သဘောတူညီပြီး တစ်လအတွင်း ရူဒ်ဆန်တိုင်းပြည်ဘက်က စတက်တိန်းနယ်မြေထံသို့ မှော်အချက်ပြတာဝါများ၏ လုပ်ဆောင်ချက်ကို စစ်ဆေးရန် လူများလွှတ်ပေးမည်ဖြစ်သည်။

မျှော်လင့်မထားသည့် အရာများသာ ဖြစ်မလာပါလျှင် ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအား ရူဒ်ဆန်တိုင်းပြည်၌ မှော်အချက်ပြတာဝါများတည်ဆောက်ပြီး မှော်ဆက်သွယ်ရေးကွန်ရက်တစ်ခု ဖန်တီးရန် ဖိတ်ခေါ်မည်ဖြစ်သည်။

သို့သော် ဘုရင်ကြီး တဲရုစ်မှာလည်း ဤမှော်အချက်ပြတာဝါကို အသေအချာစူးစမ်းထားရာ ရူဒ်ဆန်တိုင်းပြည်အနေနှင့် ၎င်းတို့၏ ကိုယ်ပိုင်လက်တွင်း၌ ဤဆက်သွယ်ရေးကွန်ရက်အူတိုင်ကို ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ရှုယီကို ပြောကြားခဲ့သည်။

သူက 'မှော်အချက်ပြတာဝါ၏ ကြိမ်နှုန်း'ဟု ပြောလာသည်ကို ကြားလျှင် ရှုယီအံ့ဩသွားမိသည်။

ရှုယီမှာ ဘုရင်ကြီး တဲရုစ်၏ တောင်းဆိုချက်ကို မဆန့်ကျင်ခဲ့ပေ။ သူဟာ Frestech ကုန်သည်ကြီးများအသင်း က ရူဒ်ဆန်တိုင်းပြည်အား ၎င်းတို့၏ မှော်ဆက်သွယ်ရေးကွန်ရက်တည်ထောင်ရန် ကူညီပြီးနောက်တွင် ရူဒ်ဆန်တိုင်းပြည်ထံ အူတိုင်နည်းပညာတစ်စိတ်တစ်ပိုင်းကို လွှဲပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့မှာ မှော်ဆက်သွယ်ရေးကွန်ရက်ကို ရူဒ်ဆန်တိုင်းပြည်က အပြည့်အဝထိန်းချုပ်ရမည်ဟု အာမခံမည်ဖြစ်၏။

ရှုယီထံရှိသည့် တစ်ခုတည်းသော တောင်းဆိုချက်မှာ ရူဒ်ဆန်တိုင်းပြည်က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကိုဆောက်လုပ်ပြီးနောက် ၎င်းတို့အား လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေ၏ ဆက်သွယ်ရေးကွန်ရက်တို့နှင့်ပါ ချိတ်ဆက်မည့်အကြောင်းပင်။ ထိုနည်းလမ်းဖြင့် နိုင်ငံသုံးနိုင်ငံမှာ အချင်းချင်း လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်မည်ပင်။

ဘုရင်ကြီး တဲရုစ်မှာ ရှုယီ၏ တောင်းဆိုမှုကို သဘောတူညီလိုက်သဖြင့် ညှိနှိုင်းရေးက နှစ်ဘက်စလုံးအတွက် ချောချောမွေ့မွေ့ဖြစ်သွားခဲ့သည်။

၎င်းအပြင် ဘုရင်ကြီး တဲရုစ်မှာ Frestech ကုန်သည်ကြီးများအသင်းက သံမဏိစက်ရုံများနှင့် အပျော့စားသတ္တုအရည်ကျိုစက်ရုံများစွာကိုလည်း တည်ဆောက်နိုင်မည်ဟု မျှော်လင့်နေသည်။ သူဟာ ထိုစက်ရုံများသို့ထောက်ပံ့မည့် သတ္တုရိုင်းများက Frestech ကုန်သည်ကြီးများအသင်း၏ ဝေစုမှမလာဘဲ အရည်ကျိုရန် သတ္တုရိုင်းအလုံအလောက်ထောက်ပံ့မည်ဟုပါ အာမခံထားသည်။

ရှုယီလည်း ၎င်းကို သဘောတူသော်ငြား ပူးတွဲရင်းနှီးမြှုပ်နှံမှုကို မည်သို့ ခွဲခြမ်းရမည့်အပေါ် မတူညီသည့် အမြင်ရှိသည်။

ဘုရင်ကြီး တဲရုစ်မှာ ရူဒ်ဆန်တိုင်းပြည်ရှိ စက်ရုံများကို ထိန်းချုပ်လိုသော်လည်း ရှုယီက ၎င်းကို အခိုင်အမာ ငြင်းဆိုခဲ့သည်။

နောက်ဆုံးတွင် သူဟာ နောက်ဆုတ်ကာ Frestech ကုန်သည်ကြီးများအသင်း က ထိုစက်ရုံများကို ထိန်းချုပ်ရမည်ဟု သဘောတူသော်လည်း ရူဒ်ဆန်တိုင်းပြည်က ၎င်း၏ ဝေစုတစ်ခုကို ရယူလိုကာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် အရည်ကျိုခြင်းနည်းပညာကို လေ့လာရန် မတားဆီးဖို့ တောင်းဆိုခဲ့သည်။

ရှုယီမှာ ၎င်းကို သဘောတူသော်လည်း Frestech ကုန်သည်ကြီးများအသင်း လုံးဝ မျှဝေပေးမည်မဟုတ်သလို ရူဒ်ဆန်တိုင်းပြည်လည်း ဝင်မစွက်ဖက်သင့်သည့် သတ္တုစပ်စာရင်းကို ပြသခဲ့သည်။

အကြိမ်ရေအချို့ ညှိနှိုင်းပြီးနောက်၌ ၎င်းတို့မှာ အကြိုသဘောတူညီမှုရသွားသည်။

အရည်ကျိုစက်ရုံများအား နောက်နှစ် နွေဦး၌ တည်ဆောက်မည်ဖြစ်ပြီး‌ မျှော်လင့်မထားသည့်အရာများဖြစ်မလာပါလျှင် ၎င်းတို့မှာ နောက်နှစ်ကုန်၌ ထုတ်လုပ်ရေးစတင်နိုင်မည်ဖြစ်သည်။

ဘုရင်ကြီး တဲရုစ်ကလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့ ပူးပေါင်းမှုမှာ အိမ်သုံးမှော်စက်များနှင့် မကန့်သတ်ထားဖို့ မျှော်လင့်နေသည်။

၎င်းကို ဆွေးနွေးပြီးနောက် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ရူဒ်ဆန်တိုင်းပြည်၌ စက်ဘီးစက်ရုံနှင့် တာယာစက်ရုံတစ်ရုံ တည်ဆောက်ဖို့ သဘောတူခဲ့သည်။

အိမ်သုံးမှော်စက်များ၌ ၎င်းတို့၏ ပူးပေါင်းရေးမှ လေ့လာရသော် စက်ဘီးစက်ရုံနှင့် တာယာစက်ရုံများအား ကာရာကာမြို့တော်အပြင်၌ တည်ဆောက်မည်ဖြစ်သည်။ ၎င်းတို့မှာ ကာရာကာမြို့တော်၌ စက်ဘီးပြိုင်ပွဲတစ်ခုကျင်းပမည်ဖြစ်ရာ ၎င်းအား ရူဒ်ဆန်တိုင်းပြည်ရှိ စက်ဘီးများကို အရောင်းမြှင့်တင်ရန် အသုံးပြုမည်ပင်။

အခြားနေရာများတွင် ၎င်းတို့မှာ အုတ်မြစ်သာခင်းပြီး ညှိနှိုင်းခြင်းမပြုရသေးသဖြင့် ၎င်းကို ထည့်မပြောကြပေ။

အနှီဆွေးနွေးမှုများတွင် အရေးပါဆုံးသောအရာမှာ သဘာဝကျစွာပင် စစ်ဘက်သုံးမှော်စက်များဖြစ်သည်။

ဘုရင်ကြီး တဲရုစ်၏ သဘောတူညီမှုအရ Frestech ကုန်သည်ကြီးများအသင်း မှာ ရူဒ်ဆန်တိုင်းပြည်သို့ ၎င်းတို့၏ စစ်ဘက်သုံးမှော်စက်များအားလုံးကို ရောင်းချပေးမည်ဟု မျှော်လင့်သည်။

သို‌့သော် ၎င်းက ရှုယီဘယ်တုန်းကမှသဘောမတူသောအရာဖြစ်သဖြင့် အကြိမ်များစွာ ဆွေးနွေးပြီးနောက် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းက မှော်ထပ်ဆင့်လေးများ၊ မှော်ဒုံးပျံလောင်ချာ၊ မှော်အမြောက်များနှင့် အခြားသော သာမန်စစ်ဘက်သုံးမှော်စက်ပမာဏများစွာကို ရောင်းချမည်ဟု သဘောတူညီခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ ရူဒ်ဆန်တိုင်းပြည်ကို မှော်သံချပ်ကာယာဉ် အစင်းသုံးရာ၊ မှော်အမြောက်စာအသေး တစ်ရာနှင့် သက်ဆိုင်ရာပစ္စည်းများပါသည့် အစောင့်သင်္ဘောလေးစင်းကို ရောင်းချမည်ဖြစ်၏။

ဤသဘောတူညီမှုကို လက်မှတ်ရေးထိုးလိုက်လျှင် ပမာဏမှာ ရွှေဒင်္ဂါးနှစ်ဆယ့်ခုနစ်သန်းကျော်သွားပြီဖြစ်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း ချိန်းဆိုထားသည့် အကြီးမားဆုံး သဘောတူညီချက်ဟု ဆိုနိုင်ပါ၏။

မှန်ပါ၏၊ ၎င်းအား တစ်ရက် နှစ်ရက်နှင့် အပြီးသတ်နိုင်မည်မဟုတ်ပေ။ တွက်ချက်မှုများအရ ရှုယီမှာ ဤသဘောတူညီမှု ပြီးမြောက်ရန် သုံးနှစ်တာ အချိန်ကို ပေးရမည်ဖြစ်သည်။

ဘုရင်ကြီး တဲရုစ်မှာ ၎င်းက အင်မတန်ရှည်ကြာသည်ဟု ခံစားရပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိကြောင်း ပြောခဲ့၏။ ၎င်းသည် ဤအမှာစာကို ဖြည့်ဆည်းပေးနိုင်သည့် အမြန်ဆုံးအချိန်ဖြစ်သဖြင့် ဘုရင်ကြီး တဲရုစ်မှာ လက်ခံရုံသာ တတ်နိုင်သည်။

သို့သော် မည်သို့ဆိုစေ ရှုယီနှင့် ထိုသဘောတူညီချက်ပြုပြီးနောက် ဘုရင်ကြီး တဲရုစ်မှာ အင်မတန် ပျော်ရွှင်နေသည်။

ရှုယီက လမ်ပူရီတိုင်းပြည်သို့ ဦးတည်မည့်အကြောင်း ပြောခြင်းကြောင့်မဟုတ်ပါလျှင် သူဟာ ဤသဘောတူညီချက်ကို ချက်ချင်း ရနိုင်ရန် စတက်တိန်းနယ်မြေသို့ လူများလွှတ်လိုက်ပြီပင်။

မှန်ပါ၏ ဘုရင်ကြီး တဲရုစ်မှာ ရှုယီ၏ လမ်ပူရီတိုင်းပြည်ခရီးကို နားလည်သည်...

"သူ နားမလည်မှသာ ထူးဆန်းနေလိမ့်မယ်။" ရှုယီမှာ နှုတ်ဆက်စဉ်က ဘုရင်ကြီး တဲရုစ်ထံရှိ အပြုံး၏ အဓိပ္ပာယ်ကို စဉ်းစားမိသော် မနေနိုင်ဘဲ စိတ်ထဲ ဆဲရေးမိသည်။

လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်ကို စစ်ကြေညာသည့်ကိစ္စမှာ ဘုရင်ကြီး တဲရုစ်က သူ့ကိုပြောရန် တစ်လျှောက်လုံးမလာခဲ့လျှင်တောင် စတက်တိန်းနယ်မြေကိုပြန်သည်နှင့် သိရှိသွားလိမ့်မည်သာ။

သို့သော် သူဟာ ရှုယီယခင်က ခန့်မှန်းထားသကဲ့သို့ ဤနေရာအထိရောက်လာကာ လမ်ပူရီတိုင်းပြည်က ယုံကြည်ရသည့် တွဲဖက်မဟုတ်ကြောင်း ပြောချင်နေသည်။ သို့သော် ရူဒ်ဆန်တိုင်းပြည်၏ စိတ်ရင်းပြပုံအရ ၎င်းတို့မှာ ရှုယီစဉ်းစားထားသည့် လူတစ်ယောက်ဖြစ်လာနိုင်သည်။

ရှုယီက ထိုအကြံမရှိဟု ပြောပါလျှင် မဖြစ်နိုင်ပေ။ သိူ့သော် စစ်ဘက်သုံးမှော်စက်များနှင့်ပတ်သက်၍ ရူဒ်ဆန်တိုင်းပြည်နှင့် ပူးပေါင်းရမည့်အချိန်က လုံးဝကို မဆိုင်ချေ။

တကယ်တမ်းတွင် ဘုရင်ကြီး တဲရုစ်မလာပါလျှင်တောင် ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်များရောင်းချဖို့ စီစဉ်ထားပါ၏။

ယခုတွင် ဘုရင်ကြီး တဲရုစ်က သူ့ဘာသာ တံခါးသို့ရောက်လာသဖြင့် သူ၏ အားစိုက်ထုတ်မှုကို သက်သာစေကာ ဈေးနှုန်းကို တိုးနိုင်သည်။

နောက်ဆုံးဈေးနှုန်းမှာ သူလိုချင်ခဲ့သည့်အရာထက် ပို၍ပင် မြင့်နေသဖြင့် ကျေနပ်အားရဖွယ်ဟု ယူဆနိုင်သည်။

ရှင်းရှင်းဆိုရလျှင် စစ်ဘက်သုံးမှော်စက်များဖြစ်စေ အိမ်သုံးမှော်စက်များဖြစ်စေ ၎င်းတို့မှာ ထုတ်ကုန်များသက်သက်သာဖြစ်သည်။

ခြားနားချက်မှာ စစ်ဘက်သုံးမှော်စက်များက လွှမ်းမိုးမှုပိုရှိသဖြင့် ရှုယီမှာ ၎င်းတို့နှင့်ပတ်သက်၍ ပိုဂရုစိုက်ရမည်။

သူကိုယ်တိုင်အတွက် စစ်ဘက်သုံးမှော်စက်များကို ထာဝရ သိမ်းထားခြင်းက မမှန်ကန်ချေ။ အခြားနိုင်ငံများနှင့် အင်အားများမှာ ၎င်းကြောင့် Frestech ကုန်သည်ကြီးများအသင်းကို မကြည်မလင်ဖြစ်ကာ ပြဿနာများစွာ ဖန်တီးနေကြသည်။

ထို့အပြင် ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ထံသို့သာ စစ်ဘက်သူံးမှော်စက်များရောင်းချနိုင်ခြင်းမဟုတ်ပေ။ ၎င်းက အခြားနိုင်ငံများကို Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အား သတိထားလာစေပြီး Frestech ကုန်သည်ကြီးများအသင်း၏ အခြားပူးပေါင်းရေးများကို ကြီးကြီးမားမားထိခိုက်စေသည်။

ထို့ကြောင့် ရှုယီမှာ အနီးဝန်းကျင်နိုင်ငံများထံသို့ စစ်ဘက်သုံးမှော်စက်များ ရောင်းချလိုနေပြီးသားပင်။

ရူဒ်ဆန်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ပြီးလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယရွေးချယ်မှုဖြစ်သည်။ ဤသဘောတူညီမှုက နှစ်ဘက်စလုံးအတွက် ရွေးချယ်မှုကောင်းဖြစ်ပါ၏။

ထို့အပြင် ရှုယီမှာ စခ်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်များပင် ရောင်းချခဲ့သဖြင့် မည်သို့များ ရူဒ်ဆန်တိုင်းပြည်၏ တောင်းဆိုချက်ကို ငြင်းပယ်မည်နည်း?

စခ်တိုင်းပြည်ကိုစဉ်းစားမိသော် ရှုယီမှာ ခေါင်းကိုက်လာသည်။

စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့မှာ အချင်းချင်း ရန်မလိုကြသလို Frestech ကုန်သည်ကြီးများအသင်းကိုလည်း မတိုက်ခိုက်ခဲ့လျှင် အရာအားလုံးကိုင်တွယ်ရလွယ်ကူပေမည်။

သို့သော် ထိုပြဿနာကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ စခ်တိုင်းပြည်နှင့် ဆက်ဆံရေးတည်ဆောက်ရန် အင်မတန်ခက်ခဲကြောင်းတွေ့ခဲ့ရ၏။

ရှုယီမှာ လမ်ပူရီတိုင်းပြည်က အဘယ့်ကြောင့် စခ်တိုင်းပြည်ကို ရုတ်တရတ် စစ်ကြေညာကြောင်း သေချာမသိသော်လည်း ရက်များစွာစဉ်းစားပြီးနောက် ၎င်းမှာ စခ်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်များ ရောင်းချဖို့ သူ သဘောတူလိုက်ခြင်းနှင့် ဆက်စပ်နေမည်ဟု ခံစားရသည်။

"ဥက္ကဌ ကျွန်တော်တို့ ခေါင်းဆောင်အီဗီတာဆီ ချိတ်ဆက်ပြီးပါပြီ" လက်အောက်ငယ်သားတစ်ဦးက မှော်ဆက်သွယ်ရေးကိရိယာတစ်ခုနှင့် ရောက်လာသည်။

ရှုယီက ခေါင်းငြိမ့်ကာ ယူလိုက်ပြီး မှော်လေသင်္ဘောထောင့်တစ်ထောင့်ထံသွားပြီးနောက် အသံတိုးတိုးဖြင့် ဆိုလိုက်၏၊ "ဟယ်လို? အီဗီတာလား?"

"ကျွန်မပါ ဥက္ကဌ ရှင်ပြန်လာပြီလား?" အီဗီတာ၏ အသံက မှော်ဆက်သွယ်ရေးကိရိယာမှ ထွက်လာ၏။

"အင်း ကျုပ်တကယ်တော့ စတက်တိန်းနယ်မြေနဲ့ လမ်ပူရီတိုင်းပြည်ကြားနယ်စပ်မှာ။ လမ်ပူရီတိုင်းပြည်ကို ခရီးထွက်ဖို့ပြင်နေတာ။" ရှုယီမှာ သာမန်ကာလျှံကာ ဖြေလိုက်သည် "အီဗီတာ စခ်တိုင်းပြည်ကလူတွေလာသေးလား?"

"သူတို့လာတယ် လွန်ခဲ့တဲ့ တစ်ပါတ်ကပဲ"

"ဒါဆို... သူတို့တွေ စခ်တိုင်းပြည်ကို လမ်ပူရီတိုင်းပြည်က စစ်ကြေညာလိုက်တာ သိကြမှာပေါ့? သူတို့တုံ့ပြန်ချက်ဘယ်လိုရှိလဲ?"

"ဥက္ကဌလည်း သိချင်တာလား?" အီဗီတာက အနည်းငယ်အံ့ဩနေသံဖြင့် ဖြေလာသည်၊ "သူတို့ အတော်လေး အံ့ဩနေပေမယ့် ညှိနှိုင်းမှုဆက်လုပ်ခဲ့ကြတယ်။"

"နောက်ဆုံးရလာဒ်ကရော?"

"ရှင်မှာထားသလိုပဲ သူတို့ရဲ့ တောင်းဆိုမှုအများစုကို လက်ခံထားပေမယ့် ရှင်ပြန်လာပြီး အသေးစိတ်တချို့ ဆုံးဖြတ်ပေးဖို့လိုတယ်။ စခ်တိုင်းပြည်က ဒီမှာ လူနှစ်ယောက်ထားခဲ့ပြီး သူတို့က အရင်ဆုံးရှင့်ကို ပြန်လာစေချင်နေကြတယ် ပြီးမှ ညှိနှိုင်းမှုဆက်မယ်လို့ပြောတယ်။"

"ဟုတ်ပြီလေ ခုတော့ သူတို့ကို ဆက်ခေါ်ထားဦး ဓါပေမယ့် နောက်ထပ် ဘာတောင်းဆိုမှုမှ လက်မခံနဲ့တော့။ ကျုပ် လမ်ပူရီတိုင်းပြည်က ပြန်လာတာကို စောင့်ဦး"

"ဟုတ်" အီဗီတာက ပြန်ဖြေပြီးနောက် ခဏမျှ တိတ်ကျသွားသည်။ ခဏကြာပြီးသည့်နောက် သူမက တုံ့ဆိုင်းစွာ ဆိုလာ၏၊ "ဥက္ကဌ ရှင်သာအခု လမ်ပူရီတိုင်းပြည်ကိုသွားလိုက်ရင် ပြဿနာရှိလာလောက်မလား?"

အီဗီတာ၏ စိုးရိမ်နေသံကိုကြားသော် ရှုယီ၏ နှုတ်ခမ်းများက အပြုံးပါးပါးအဖြစ် ကွေးသွားကာ ပြန်ဖြေသည်၊ "မဖြစ်ပါဘူး လမ်ပူရီတိုင်းပြည်က ကျုပ်ကို ဒီတိုင်း မထားခဲ့နိုင်ဘူး။"

အီဗီတာမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သဘောတူ၏၊ "ဟုတ်ပါပြီ ဥက္ကဌရဲ့ ခရီးက အဆင်ပြေချောမွေ့ဖို့ မျှော်လင့်ပါတယ်။"

"ဟုတ်ပါပြီ"

ရှုယီမှာ မှော်ဆက်သွယ်ရေးကိရိယာကို ပိတ်ကာ အသက်မျင်းမျင်းရှူထုတ်လိုက်သည်။

အီဗီတာသည်ပင် တစ်စုံတရာကိုဆိုနိုင်လေသဖြင့် လူများစွာက ၎င်းကိုသတိထားနိုင်သည်။

ထိုသို့သောအရာကိုမြင်နိုင်ကတည်းက လမ်ပူရီတိုင်းပြည် သို့မဟုတ် ဆယ်ဗီနီက မည်သည်ကို စဉ်းစားနေပါသနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၅။ လေပိုင်နက်

စတက်တိန်းနယ်မြေနှင့် လမ်ပူရီတိုင်းပြည်အကြား နယ်စပ်မှာ အန်ဗီမာမြို့တော်မှ နေ၍ ရှစ်ရာကီလိုမီတာဝေးကွာသည်။ မှော်လေသင်္ဘော၏ အမြန်နှုန်းကြောင့် သူဟာ ရှစ်နာရီအတွင်းရောက်နိုင်ပါ၏။

ရှုယီမှာ မနက်ခင်း၌ ထွက်ခွာ၍ နေ့လည်ခင်း၌ အန်ဗီးမာမြို့တော်ကို ရောက်ရန် စီစဉ်ထားသည်။ မျှော်လင့်မထားသည့်အရာများသာ ဖြစ်မလာလျှင် သူဟာ ဆယ်ဗီနီနှင့် ညစာစား၍ စခ်တိုင်းပြည်နှင့် ပတ်သက်သော စစ်ပွဲအကြောင်း ဆွေးနွေးနိုင်မည်ဖြစ်သည်။

သို့သော် နောက်နေ့၌ ချောမွေ့စွာ ထွက်ခွာခဲ့ခြင်းမှလွဲ၍ မှော်လေသင်္ဘောက အန်ဗီမာမြို့တော်မှ နှစ်ထောင်ကီလိုမီတာအဝေးရှိ ခရာမာမြို့တော်ကို ဖြတ်ကာ ပျံသန်းစဉ်တွင် အဖြစ်အပျက်တစ်ခုရှိခဲ့သည်။

"ဥက္ကဌ ကြည့်ရတာ... လူတွေအများကြီး ပျံသန်းနေကြသလိုပဲ။" မှော်လေသင်္ဘော၏ လေယာဉ်မှူးက ရှုယီကို ထိတ်လန့်ဟန်ဖြင့် တင်ပြလာသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ယခုအချိန်ထိ တိုးတက်မှုကာလထဲရောက်နေပြီး ၂နှစ်နီးနီးကြာနေပြီဖြစ်သလို နေရာများစွာသို့လည်း ပျံသန်းခဲ့ဖူးသော်လည်း ဤသည်က လေထဲ၌ တစ်စုံတစ်ဦးကို တွေ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ရှုယီမှာ ပြတင်းအပြင်ဘက်ကိုကြည့်လိုက်ရာ အနက်ရောင်အစက်ကလေးများ အမြန်ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

အနှီ ကောင်းကင်၌ ပျံသန်းနေသူများမှာ မှော်ပညာရှင်များဖြစ်သည်မှာ ထင်ရှားသည်။

သို့သော် အဘယ့်ကြောင့် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များက ရုတ်တရတ် မှော်လေသင်္ဘောကို ပိတ်ဆို့ထားကြသနည်း?

Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်ရှိ ကျော်ကြားမှုကြောင့် ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောဖြစ်ကြောင်းကို သတိမထားမိရန် မဖြစ်နိုင်ချေ။

ရှုယီမှာ မျက်မှောင်ကုပ်ကာ စဉ်းစားလိုက်ပြီးနောက် လေယာဉ်မှူးကို ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက် တံခါးဖွင့်၍ ၎င်းတို့ထံ ပျံသန်းသွား၏။

"ဥက္ကဌရှု မတွေ့တာကြာပြီ"

၎င်းတို့ကို ဦးဆောင်လာသူမှာ ရှုယီသတိထားမိသည့် မှော်ပညာရှင်ပါပင်။ ၎င်းမှာ လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်း၏ ဒုဥက္ကဌဖြစ်သော နဝမအဆင့်မှော်ပညာရှင် လော့ဒ်စတိန်းဖြစ်သည်။

ရှုယီအရည်အချင်းစစ်စာမေးပွဲသွားကာ ဥက္ကဌ အီရန်နှင့် ဆုံစဉ်က ထိုသူအားလည်း အကြိမ်များစွာ တွေ့ခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ အဆင့်အတန်းမပါဘဲနှင့်တောင် ရှုယီမှာ ထူးချွန်သည့် မှော်ပညာရှင်ဖြစ်သည်။ သူဟာ သူ၏အသက်သုံးဆယ်အရွယ်၌ပင် စွမ်းအားကြီး မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာသဖြင့် လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအကြားကျော်ကြားပေသည်။

လော့ဒ်စတိန်းမှာ မျိုးရိုးမြင့်မှော်ပညာရှင်များအဖွဲ့စည်းဒုဥက္ကဌဖြစ်သဖြင့် ရှုယီကို မြင်ချိန်တွင် သူဟာ မှော်ပညာရှင်များ၏ ထုံးတမ်းကို လိုက်နာကာ မဟာမှော်ပညာရှင်ဖြစ်သည့် ရှုယီကို ခါးကိုင်းနှုတ်ဆက်ရပေသည်။

ရှုယီမှာလည်း ပြန်လည်နှုတ်ဆက်ပြီးနောက် မှော်ပညာရှင်များကိုကြည့်လိုက်၏။ အနှီမှော်ပညာရှင်များမှာ အဆင့်မြင့်မှော်ပညာရှင် ဝတ်ရုံများဝတ်ဆင်ထားသဖြင့် သိသိသာသာကိုပင် အားမနည်းပေ။

၎င်းတို့အတူတကွ ပေါင်းစည်းနေခြင်းက ရှုယီကဲ့သို့ မဟာမှော်ပညာရှင်တစ်ဦးကို ခြိမ်းခြောက်မှု မဖြစ်စေသော်လည်း အနှီ စွမ်းအားကြီးအဆင့်မြင့်မှော်ပညာရှင်များကို တပြိုင်နက်တည်း ပို့ခြင်းက ရှားပါးသည်။

"ဒုဥက္ကဌ လော့ဒ်စတိန်း ဒါက...."

ရှုယီမျက်နှာထက်ရှိ စူးစန်းလိုဟန်ကိုမြင်သော် လာ့ခ်စိတိန်းမှာ အမြန်ပင် အပြုံးဖြင့်ဖြေလိုက်သည်၊ "ဥက္ကဌရှု ကျုပ်တို့ ခင်ဗျားကို ပိတ်... အဟမ်း ခင်ဗျားကို နှုတ်ဆက်ဖို့ ရောက်လာတာပါ။"

"နှုတ်ဆက်ဖို့?" ရှုယီမှာ မျက်မှောင်ကုပ်၍ အနည်းငယ် စိတ်မချနိုင်ဖြစ်သွားသည်။

ပထမဆုံး လမ်ပူရီတိုင်းပြည်မှာ ထူးထူးဆန်းဆန်း စခ်ဘုရင်နိုင်ငံကို စစ်ကြေညာခဲ့ပြီး နောက်တွင် လော့ဒ်စတိန်းဦးဆောင်သည့် အဆင့်မြင့်မှော်ပညာရှင်များကို ကြိုဆို... မဟုတ်၊ ၎င်းမှာ သေချာပေါက် သူ့အား အနှောင့်အယှက်ပြုဖို့ ရောက်လာခြင်းပင်။

ဤထူးဆန်းသည့် အခြေအနေက ရှုယီစိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုဖန်တီးစေရာ သူလည်း စိတ်မပူဘဲ မနေနိုင်တော့ပေ။

ဆယ်ဗီနီများတစ်ခုခုဖြစ်ပြီး လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားတာလား? အဲဒါက အရမ်းဆိုးလွန်းလို့ လူတွေတောင် သူ့ကိုတားဖို့ ရောက်လာတာလား?

"ခင်ဗျားတို့ ဒီကိုလာဖို့ ကျုပ်ကိုကြိုဆိုဖို့အထိ ဘာတွေများဖြစ်နေလို့လဲ?" ရှုယီက အလေးအနက်ဖြင့်မေးလိုက်သည်။

"ဒါက..." လော့ဒ်စတိန်းမှာ နေရခက်နေပြီးနောက် ချောင်းတစ်ချက်ဟန့်ကာ ရှုယီနှင့် အနီးကို ပျံသန်းလာသည်။

ရှုယီလည်း မျက်မှောင်ကုပ်၍ ရှောင်ဖယ်လိုက်ချင်သော်လည်း စဉ်းစားလိုက်ပြီးနောက် ထိုနေရာ၌သာ နေလိုက်သည်။ သူဟာ လော့ဒ်စတိန်းကို သူ့ဘေးသို့လာခွင့်ပေးကာ မည်သည့်အချိန်၌မဆို ပစ်လွှတ်နိုင်ရန် မှော်စွမ်းအားကို စုစည်းထားလိုက်ပါ၏။

"ဥက္ကဌရှု နိုင်ငံလွှတ်တော်က လမ်ပူရီတိုင်းပြည် လေကြောင်းထိန်းချုပ်ရေးဥပဒေကို အရင်အပါတ်ကမှ ပြဌာန်းထားပြီး လမ်ပူရီတိုင်းပြည် လေကြောင်းမှာဘယ်မှော်ပညာရှင် အရာဝတ္ထုကိုမဆို ပျံသန်းဖို့ တားမြစ်ထားတာပါ။ ခင်ဗျား... နဲ့ ခင်ဗျားရဲ့ မှော်လေသင်္ဘောက ဒါကို ကျူးလွန်လိုက်တာမို့... အဟမ်း ခင်ဗျားကို နယ်စပ်မှာ ရပ်စေချင်ပေမယ့် ခင်ဗျားက အရမ်းမြန်နေတာကြောင့် ဒီအထိ လိုက်လာပြီး တားရတာပါ"

"လမ်ပူရီတိုင်းပြည် လေကြောင်းထိန်းချုပ်ရေးဥပ‌ဒေ?" ရှုယီမှာ လော့ဒ်စတိန်းကို တအံ့တဩကြည့်လိုက်သည်။

ဘယ်အချိန်ကများ လမ်ပူရီတိုင်းပြည်ရဲ့ လွှတ်တော်က သူတို့ရဲ့ ကိုယ်ပိုင်လေကြောင်းကို စပြီးကာကွယ်ဖို့ အကွက်ကြိုမြင်သွားရတာလဲ!

ပြောရလျှင် လေကြောင်းဟူသည့် စကားလုံးမှာ ရှုယီနှင့် ဆယ်ဗီနီတို့ကြား တိတ်တဆိတ်ထုတ်ပြောဖူးသည့် အရာပင်။ မှော်လေသင်္ဘောများမှာ အစုအပြုံလိုက်မထုတ်လုပ်ရသေးသောကြောင့် ဆယ်ဗီနီက ထိုအကြောင်း ဂရုမစိုက်ခဲ့ပေ။ ရှုယီမှာ လမ်ပူရီု့ရင့်နိုင်ငံလွှတ်တော်က တကယ်ကြီး ၎င်းကို ထိန်းချုပ်ရန် ဥပဒေထုတ်ပြန်မည်ဟု မတွေးဖူးချေ။

သို့သော် ဤဥပဒေမှာ ယခင်က မအောင်မြင်ခဲ့ရာ ဤအရေးကြီးသည့်အချိန်မှ ပေါ်လာသဖြင့် ရှုယီစိတ်ထဲ သံသယတို့ ပိုမိုပွားလာစေသည်။

"လွှတ်တော်က ဒါကို သူတို့ဘာသာ ပြဌာန်းခဲ့တာလား? ဘုရင်မကြီးမှာ ဒါနဲ့ပတ်သက်ပြီး ဘာအမြင်တွေရှိလဲ?" ရှုယီက မေးသည်။

လော့ဒ်စတိန်းမှာ ထိုမေးခွန်းကို မျှော်မှန်းထားပုံရကာ အပြုံးဖြင့် ဖြေလာသည်၊ "ဒါကို ဘုရင်မကြီးက အဆိုပြုထားပြီး လွှတ်တော်က ဆွေးနွေးပြီးနောက်မှာ ကန့်ကွက်ခြင်းမရှိဘဲ ခွင့်ပြုခဲ့ပါတယ်။"

"အိုး?"

ထိုအဖြေက ရှုယီသိပ်မမျှော်မှန်းထားသော အရာပင်။

သူဟာ ဆယ်ဗီနီက တစ်စုံတရာဖြစ်ပွားခဲ့ကာ လမ်ပူရီတိုင်းပြည်အပေါ် ထိန်းချုပ်မှု ပျက်သုဉ်းသွားသဖြင့် လမ်ပူရီတိုင်းပြည်မှ ထိုကျိုးကြောင်းမဆီလျော်သည်အရာများ လုပ်လာခဲ့သည်ဟု ထင်ခဲ့မိသည်။

သို့သော် လော့ဒ်စတိန်း၏ အဖြေကြောင့် ဆယ်ဗီနီမှာ ပုလ္လင်ထက် မြဲမြံစွာ ထိုင်နေဆဲဖြစ်ပြီး မည်သည့်မှ မဖြစ်ပွားခဲ့ကြောင်း ပြသနေသည်။

မှန်ပါ၏၊ လော့ဒ်စတိန်း လိမ်ညာနေသည့် ဖြစ်နိုင်ချေလည်း ရှိပါသေးသည်။

ရှုယီမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လော့ဒ်စတိန်းကို မေးလာသည်၊ "ဆိုလိုရင်းက ကျုပ်တို့ ဒီကောင်းကင်ကိုဖြတ်ပြီး ဘယ်တော့မှပျံလို့ မရတော့ဘူးပေါ့?"

လော့ဒ်စတိန်းမှာ တောင်းပန်ဟန်ပြုံးပြကာ၊ "အနည်းဆုံးတော့ နိုင်ငံလွှတ်တော် ဒါမှမဟုတ် ဘုရင်မကြီးရဲ့ လုပ်ပိုင်ခွင့်ကို ရပြီးတဲ့နောက်ကျမှပါပဲ၊ ဥက္ကဌရှု ခင်ဗျားနဲ့ ခင်ဗျားရဲ့ မှော်လေသင်္ဘောတွေက ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ လေကြောင်းမှာ ဆက်ပျံလို့မရတော့ပါဘူး။ မဟုတ်ရင် ဒါက လွှတ်တော်ရဲ့ ဥပဒေကို ချိုးဖောက်နေတာမို့ ကျုပ်တို့ ခင်ဗျားကို တားရပါလိမ့်မယ်။"

လော့ဒ်စတိန်းက နောက်ဆုံး၌ 'တားမြစ်'ဟူသည့် စကားလုံး ပြောလာသည်ကို ကြားသော် ရှုယီမှာ ခေါင်းခါ၍ သက်ပြင်းချသည်။ သူဟာ လော့ဒ်စတိန်းကို စောင့်ခိုင်းကာ မှော်လေသင်္ဘောထံသို့ ပြန်လှည့်သွား၏။

"ဥက္ကဌ ဘာဖြစ်နေတာလဲ?" အခန်းထဲ၌ အချက်အလက်များ မှတ်တမ်းတင်နေသည့် အာကာလီက ရှေ့ထွက်ကာ မေးလာသည်။

"အခု ရှင်းမပြနိုင်သေးဘူး။ အာကာလီမှော်လေသင်္ဘောကို အရင်ဆုံး ကုမ္ပဏီဆီ ပြန်ယူသွားလိုက် ရက်နည်းနည်းကြာရင် ကျုပ်ပြန်လာခဲ့မယ်။"

အာကာလီက အံ့ဩသွားသည်၊ "ဥက္ကဌ ရှင်တစ်ယောက်တည်းသွားမှာလား? ဒါပေမယ့် ရှင်ပြောတော့...."

"ရပါတယ် မင်းအရင်ပြန်လို့ရပြီ" အာကာလီ၏ စိုးရိမ်နေပုံကိုမြင်သော် ရှုယီက ပခုံးပုတ်ကာ ပြုံး၍ ပြောလိုက်၏၊ "မမေ့ပါနဲ့ဦး ငါက မဟာမှော်ပညာရှင်လေ"

အာကာလီမှာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်သည်၊ "ဒါဆို... ဥက္ကဌ ရှင့်ကိုယ်ရှင် ဂရုစိုက်ရမယ်နော်"

ရှုယီမှာ သူမထံ အပြုံးဖြင့်လက်ယမ်းပြပြီးနောက် အခန်းထဲမှ ပျံထွက်လာသည်။

ခဏ စောင့်နေပြီးနောက် လေထဲရှိ မှော်လေသင်္ဘောက အနောက်တောင်ဘက်သို့ ဦးတည်ကာ ပြန်လှည့်သွားသည်။

"ဥက္ကဌရှု ဒါက..." လော့ဒ်စတိန်းမှာ အဝေးသို့ပျံသန်းသွားသော မှော်လေသင်္ဘောကို ညွှန်ပြကာ ရှုယီကို သံသယဖြင့် မေးလာသည်။

"စိတ်ပူဖို့မလိုပါဘူး သူတို့က အမြန်ဆုံးနှုန်းနဲ့ လမ်ပူရီတိုင်းပြည်ကနေ ထွက်ပြီး စတက်တိန်းနယ်မြေကို ပြန်နေတာပါ။" ရှုယီက လော့ဒ်စတိန်းနောက်မှ ပြဿနာရှာဖို့ ပြင်နေသည်ကို ရပ်လိုက်ပြီး ရှုယီထံ အာရုံစိုက်လာသည့် မှော်ပညာရှင်များကို ကြည့်လိုက်သည်။

"အာ... ဟုတ်သားပဲ ဥက္ကဌရှု ဒါဆို ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါ။ ကျုပ်တို့ အန်ဗီမာမြို့တော်က ထွက်လာတုန်းက တော်ဝင်နန်းတော်က ဘုရင်မကြီးရဲ့ အမိန့်ကို ပို့ခဲ့တယ်။ သူတို့က မှော်လေသင်္ဘောကိုတားပြီးရင် ခင်ဗျားကို ဘုရင်မကြီးဆီ ခေါ်သွားပေးဖို့ ပြောထားတယ်။" လော့ဒ်စတိန်းက ရှုယီကို ဖိတ်ခေါ်ဟန်ပြလာသည်။

"တကယ်ပဲ ဆယ်ဗီနီဆီက အမိန့်စာလား?" ရှုယီက လော့ဒ်စတိန်းကိုကြည့်လိုက်သော်လည်း တကယ်တမ်း ထိုမေးခွန်းကို မမေးပါချေ။ သူဟာ ၎င်းတို့နှင့်အတူ ခရာမာမြို့တော်ထံ ပျံဆင်းသွားသည်။

လော့ဒ်စတိန်း၏ အဖွဲ့မှာ အစောပိုင်းက ရှုယီကို တားရန် ခရာမာမြို့တော်သို့ လာခဲ့သည်မှာ ထင်ရှားသည်။ ၎င်းတို့ ခရာမာမြို့တော်သို့ ရောက်ပြီးနောက် မှော်ဆလွန်းနှစ်စင်းပြင်ဆင်ထားသည့် မြို့စားအိမ်တော်သို့ တည့်တည့်သွားကြ၏။ မှော်ပညာရှင်များမှာ ပထမတစ်စီးထံကို ဦးတည်သွားပြီး လော့ဒ်စတိန်းက ရှုယီနှင့်အတူ ဒုတိယတစ်စင်းထဲ ဝင်ထိုင်လိုက်သည်။

မှော်ဆလွန်းနှစ်စင်းမှာ မြို့စားအိမ်တော်၌ မရပ်တန့်ဘဲ ရှေ့ဆက်ဦးတည်သွားကာ အန်ဗီမာမြို့တော် ဦးတည်ရာသို့ အမြန် ဦးတည်သွားကြ၏။

ရှုယီမှာ ပြတင်းမှတဆင့် ခရာမာမြို့တော်၏ အလြေနေကို လေ့လာလိုက်ရာ ခရာမာမြို့တော်က ယခင်က သူလာခဲ့သည့် အခေါက်များနှင့် မခြားနားကြောင်းတွေ့လိုက်ရသည်။ ၎င်းက ယခင်ကအတိုင်း ကြွယ်ဝပြီး လမ်းရှိ လူများက အင်မတန်ပုံမှန်ဆန်သည့် အမူအရာမျိုး‌ရှိနေရာ အပြင်လောက၏ လွှမ်းမို့းမှုကို လုံးဝမခံထားရပုံပေါ်နေသည်။

မှန်ပါ၏၊ မီဒီယာကွန်ရက်များက ဤလောက၌ မဖွံ့ဖြိုးသေးသဖြင့် ခရာမာမြို့တော်ရှိ လူများမှာ ကီလိုမီတာ ရာချီအဝေးရှိ အရာများအကြောင်းကို သိပင်သိမည်မဟုတ်ပေ။ အနှီမြို့သူမြို့သားများအနေနှင့် လမ်ပူရီတိုင်းပြည် အထက်ပိုင်းရှိ ပြောင်းလဲမှုများအကြောင်းသိရှိခြင်းကို တွက်ကြည့်ခြင်းက ၎င်းတို့ကို အထင်ကြီးနေခြင်းပါပင်။

သို့သော် အနည်းဆုံးသူဟာ လမ်ပူရီတိုင်းပြည်က တည်ငြိမ်နေသည်ဟူသော လက်ရှိအခြေအနေကို မြင်နိုင်ရာ အောက်ခြေလူတန်းစားများကို သက်ရောက်‌နိုင်မည့် အထိတော့ မဟုတ်သေးပေ။

၎င်းက ရှုယီအား များစွာပိုမို စိတ်ချစေသည်။

အနည်းဆုံးတော့ လော့ဒ်စတိန်း၏ စကားလုံးများကြောင့် ဆယ်ဗီနီဘာမှ မဖြစ်သည်ကို သိခဲ့ရသည်။

ထို့နောက် ဆယ်ဗီနီကို ဆုံရသည်နှင့် သူမက ပြဿနာတစ်ခုခုကြုံနေရပါလျှင်တောင် ရှုယီမှာ သူမကိုကူညီရန် ယုံကြည်ချက်ရှိသည်။

အဲရစ် ထီးနန်းတက်စဉ်က ဆယ်ဗီနီမှာ သူမ၏ အန္တရာယ်အများဆုံးအခြေနေ၌ ရှိခဲ့သည်ဟုပင် ဆိုနိုင်၏။ ရှုယီဟာ ဆယ်ဗီနီအား Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အထောက်အပံ့ပေးကာ အဲရစ်အား ဖြုတ်ချ၍ လမ်ပူရီတိုင်းပြည်၏ ထိန်းချုပ်မှုကို ရရန် ခွင့်ပြုပေးခဲ့သည်။

ယခု နှစ်များစွာ ကုန်လွန်သွားရာ ဆယ်ဗီနီရော Frestech ကုန်သည်ကြီးများအသင်းရော နှစ်ဦးစလုံးက များစွာ ပိုမို အားကောင်းလာသဖြင့် ၎င်းတို့ကို ဒုက္ခ‌ဖြစ်စေမည့် အရာများများစားစားမရှိပေ။

၎င်းကိုစဉ်းစားရင်း ရှုယီ၏ ခံစားချက်က တဖြည်းဖြည်းပို၍ကောင်းလာသည်။ သူဟာ လမ်းမှ လှည့်ကာ လော့ဒ်စတိန်းကို ကြည့်၍ မေးလိုက်သည်၊ "ဒုဥက္ကဌ လော့ဒ်စတိန်း စခ်တိုင်းပြည်နဲ့ စစ်ရေး လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၆။ နှစ်ဘက်စလုံးရှိ ခြေကုပ်

ခရာမာမြို့တော်မှာ အန်ဗီးမာမြို့တော်မှ နှစ်ရာကီလို‌မီတာ ဝေးကွာသဖြင့် မှော်ဆလွန်းများကိုသာ ယူဆောင်သွားလျှင် ရောက်ရန် အနည်းဆုံး လေးနာရီကြာလိမ့်မည်။

နေက မိုးကုပ်စက်ဝိုင်း၌ ပေါ်ထွက်လာသည်နှင့် ရှုယီမှာ အန်ဗီးမာမြို့တော်ရှိ မြို့ဂိတ်များကို မြင်နေရသည်။

"ဥက္ကဌရှု ကျုပ် ခင်ဗျားကို အခု တော်ဝင်နန်းတော်ရဲ့ ဂိတ်တွေဆီခေါ်သွားပေးမယ်ဆိုပေမယ့် ဒီနောက်ပိုင်းကိစ္စတွေကတော့ ကျုပ်တို့နဲ့ မဆိုင်ဘူးနော်။" လော့ဒ်စတိန်းက မြို့ဂိတ်ကို ကြည့်လိုက်ပြီးနောက် ရှုယီထံ ထိုသို့ ပြောလာလေသည်။

ရှုယီလည်း ခေါင်းသာငြိမ့်ပြီး ဘာမှ ပြန်မပြောလိုက်ပေ။

ဤတစ်ခေါက်ကိစ္စမှာ အစမှ အဆုံးထိ ထူးဆန်းနေသည်။

ဥပမာ လော့ဒ်စတိန်း၏ အဖွဲ့က « လမ်ပူရီတိုင်းပြည် လေကြောင်း ထိန်းချုပ်ရေးဥပဒေ » ကြောင့် တားမြစ်သည်ဟု ပြောကာ ရှုယီကို တားရန် ရောက်နေပြီး ခရာမာမြို့တော်မှ အန်ဗီမာမြို့တော်သို့ သူ့အားခေါ်ဆောင်လာခဲ့သော်လည်း ၎င်းတို့မှာ ရှုယီထွက်ပြေးမည်ကို စိုးရိမ်နေကြသလိုပင်။

သို့သော်လည်း ထိုတုံ့ပြန်မှုက ရှုယီကို ပို၍ပင် ရှုပ်ထွေးသွားစေသည်။

တစ်စုံတရာသာ အမှန်တကယ်ဖြစ်ပွားခဲ့ပြီး လမ်ပူရီတိုင်းပြည်သားများက သူ့ကို ထိခိုက်စေလိုလျှင် ၎င်းတို့မှာ လော့ဒ်စတိန်းနှင့် အဆင့်မြင့် မှော်ပညာရှင်များကိုသာ စေလွှတ်လိမ့်မည်မဟုတ်ပေ။

အနီးဝန်းကျင်နိုင်ငံများတွင် ရှုယီက မဟာမှော်ပညာရှင်ဖြစ်သည်မှာ ကျော်ကြားသဖြင့် ရှုယီနှင့်အတူ တကယ်ရင်ဆိုင်ရန် လော့ဒ်စတိန်း၏ အဖွဲ့ကိုသာ မှီခိုခြင်းက လုံလောက်ရန် ဝေးနေသေးသည်။

သို့သော် ရှုယီကို ရင်ဆိုင်ရန်မဟုတ်ပါလျှင် အနှီအဆင့်မြင့်မှော်ပညာရှင်များအား စေလွှတ်လိုက်သည်မှာ ရှုယီကို ခေါ်သွားဖို့ပဲလား... ဒါမှ မဟုတ် ရှုယီကို လမ်ပူရီတိုင်းပြည် တော်ဝင်နန်းတော်ထဲပဲ ပို့ပေးရုံလား?

၎င်းက အတော်လေး ဖြုန်းတီးရာကျသည်။

ရှုယီမှာ လော့ဒ်စတိန်းအား ဖုံးကွယ်ထားသည့် မေးခွန်းများ အကြိမ်များစွာ မေးခဲ့သော်လည်း လော့ဒ်စတိန်း၏ အဖြေမှာ ဘုရင်မကြီး၏ အမိန့်ဟုသာ ဖြစ်ပြီး သူက လိုက်နာရုံဟုသာ ဆိုခဲ့သည်ပင်။

ရှုယီမှာ အချက်အလက်များပိုမို မရနိုင်သဖြင့် အကဲမဖြတ်နိုင်သလို အပြောင်းအလဲများကိုသာ လေ့လာနိုင်သည်။

အာကာလီက မထွက်ခွာခင် ရှုယီ၏ လုံခြုံရေးကိုစိတ်ပူခဲ့သော်လည်း ရှုယီက မပူပေ။

ပထမဆုံး သူဟာ စွမ်းအားကြီးမဟာမှော်ပညာရှင် ဖြစ်နေပြီးသားပင်။ အကြီးအကဲ အီလူရှာ၊ အကြီးအကဲ လီဆန်းယာနှင့် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာတို့က သူ့အား သူ၏ မှော်စွမ်းအား တိုးတက်ခြင်း၌ အေးဆေးမနေဖို့ တိုက်တွန်းခဲ့သဖြင့် ယခင်နှစ်ကုန်က သူဟာ ဒုတိယအဆင့် မဟာမှော်ပညာရှင်အဖြစ် အဆင့်တက်သွားခဲ့သည်။

သူ၏ ခွန်အားနှင့်ဆိုလျှင် လမ်ပူရီတိုင်းပြည်၏ ကျန် မဟာမှော်ပညာရှင်သုံးဦး အတူတွဲတိုက်မှသာလျှင် သူ့အား ခြိမ်းခြောက်ဖို့ ဖြစ်နိုင်မည်။

၎င်းက တကယ်ပဲ အလုပ်မဖြစ်လျှင် သူဟာ ထွက်ပြေးနိုင်သေးပါ၏။

နောက်တွင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်နေသည်။ သူ၏ Frestech ကုန်သည်ကြီးများအသင်း၌ လွှမ်းမိုးမှုနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့အကြား ပူးပေါင်းမှုများစွာကြောင့် သူဟာ လမ်ပူရီတိုင်းပြည်အား မည်သူ ထိန်းချုက်သည်ဖြစ်စေ သူဟာ ၎င်းကို ကောင်းကောင်းဆက်ဆံမည်ဖြစ်သလို သူ့အား အလွယ်လေးဒေါသမဖြစ်စေနိုင်ပေ။

အထူးသဖြင့် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အကြား စစ်ပွဲကဲ့သို့ သိသာသည့်အချိန်အတွင်းတွင်ဖြစ်သည်။ ၎င်းတို့သာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ထိခိုက်လျှင် လမ်ပူရီတိုင်းပြည်ကို လုံးဝ အကျိုးရှိစေလိမိ့မည်မဟုတ်ပေ။

ရှုယီမှာ အန်ဗီမာမြို့‌တော်ထဲသို့ ဆယ်ဗီနီ၏ လက်ရှိအခြေအနေကို သုံးသပ်ရန် နာနာခံခံဖြင့် လာ့ခ်ကန်စတိန်းနှင့်အတူ လိုက်ခဲ့သည်။

သူဟာ မတိုင်ခင်က အတန်ငယ် စိုးရိမ်နေခဲ့ပါလျှင် ယခုတွင် ဆယ်ဗီနီအတွက် မည်သည့် ပြဿနာမှ ရှိမည်မဟုတ်သလို အခြားမည်သည့်ပြဿနာကြီးများမှ မရှိပါလျှင် စိတ်ချရမည်ဟု စဉ်းစားမိသည်။

မကြာမီတွင် အန်ဗီမာမြို့တော်သို့ ဝင်ရောက်တော့မည်ကို မြင်သော် ရှုယီမှာ မျှော်လင့်စောင့်စားချက်အချို့ကို ခံစားမိလာသည်။

သူ ဆယ်ဗီနီကို နောက်ဆုံးမြင်တွေ့ခဲ့သည်က နှစ်လသာ ရှိသေးသော်လည်း ဤအတောအတွင်း လမ်ပူရီတိုင်းပြည်၌ ထူးဆန်းသည့်အရာများစွာ ဖြစ်ပွားသွားသောကြောင့် ဆယ်ဗီနီကို အတန်ငယ်စိုးရိမ်က ပို၍ လွမ်းဆွတ်လာရသည်။

ထိုသို့ စဉ်းစားမိချိန်တွင် သူဟာ နောင်တအနည်းငယ် ရသွား၏။

သူသာ ဆယ်ဗီနီနှင့် စောစောတွေ့ကာ လမ်ပူရီတိုင်းပြည်၌ မှော်အချက်ပြတာဝါများ ထားရှိမည်ကို ဆုံးဖြတ်လိုက်လျှင် အန်ဗီမာမြို့တော်သို့ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးနှင့် ဆက်သွယ်ပြီးဖြစ်ပေမည်။ သူ့အနေနှင့် ဆယ်ဗီနီကို စစ်ဆေးရန် အန်ဗီမာမြို့အထိ တောက်လျှောက်လာရန်ပင် မလိုပေ။

Frestech ကုန်သည်ကြီးများအသင်းသည် လက်တလောတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့်အတူ မှော်အချက်ပြတာဝါများ နေရာချထားရေးအတွက် ကြိုးစားနေသောလည်း ၎င်းမှာ ဤသို့သော နေရာကြီးတစ်ခုကို ဖူံးအုပ်ခြင်း ပထမဆုံးအကြိမ်ဖြစ်သဖြင့် ၎င်းတို့၏ အစီစဉ်အရ နောက်နှစ်ဆုံးသည့်တိုင် ကြာဦးမည်ပင်။ ၎င်းက အချင်းချင်းစကားမပြောနိုင်ခင် အချိန်ကြာဦးမည်။

"ဥက္ကဌရှု ဘုရင်မကြီးကို တွေ့ပြီးတဲ့နောက်အချိန်ရှိရင် ဥက္ကဌ အီရန်ကလည်း ခင်ဗျားကို တွေ့ချင်နေတယ်။"

မှော်ဆလွန်းက တော်ဝင်နန်းတော် အရှေ့ဂိတ်သို့ ဆိုက်ရောက်လာပြီး ရှုယီထွက်လာချိန်တွင် လော့ဒ်စတိန်းက ရုတ်တရတ် ရှုယီကို အသံတိုးတိုးဖြင့် ပြောလေသည်။

ရှုယီက ၎င်းကို မတိုင်ခင်က စဉ်းစားထားပြီးဖြစ်ရာ ခေါင်းအသာငြိမ့်၍ နားလည်ကြောင်းပြလိုက်၏။

ထိုမှသာ လော့ဒ်စတိန်းက တစ်ချက်ပြုံးပြပြီး မှော်ဆလွန်းထဲ ပြန်ထိုင်၍ သူ၏ လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာသွားသည်။

လော့ဒ်စတိန်းထွက်ခွာသွားသည်နှင့် တော်ဝင်နန်းတော်၏ ဂိတ်မှ တော်ဝင်အပျိုတော် နှစ်ဦးထွက်လာသည်။ ၎င်းတို့က ရှုယီရှေ့ရောက်လာကာ ဦးညွှတ်လိုက်ကြ၏။

"ဥက္ကဌရှု ဘုရင်မကြီးက ရှင့်ကိုစောင့်နေပါတယ်။"

ရှုယီမှာ အပျိုတော်နှစ်ဦးကိုကြည့်လိုက်ပြီးနောက် စတက်တိန်းနယ်မြေရှိ သူ၏ ကိုယ်ပိုင်အိမ်တော်မှ ဘက်တီနဲ့ ကာရိုးကို သတိရသွားသည်။

ထိုနှစ်ဦးမှာ ယခင်က ဆယ်ဗီနီ၏ အပျိုတော်များဖြစ်ခဲ့‌ဖူးသော်လည်း ဆယ်ဗီနီက သူ့ထံပေးအပ်ခဲ့သည်။ ကြည့်ရသည်မှာ ဆယ်ဗီနီက သူမကိုယ်တိုင်အတွက် အပျိုတော်နှစ်ဦး ထပ်ရှာထားပုံပင်။

"ဟုတ်ပါပြီ ဘုရင်မကြီးကို တွေ့ဖို့ ခေါ်သွားပေးပါဦး"

အပျိုတော်နှစ်ဦးက ရှုယီကို နောက်တစ်ခါ ထပ်၍ ဦးညွှတ်လိုက်ပြီးနောက် အကြည့်တစ်ချက်ဖြင့် ရှုယီကို ခြုံငုံကြည့်ကာ ရှုယီကို အထဲဝင်ဖို့ ဦးဆောင်လိုက်သည်။

ဆယ်ဗီနီ ထီးနန်းရယူစဉ်ကတည်းက ရှုယီမှာ လမ်ပူရီတိုင်းပြည်ကို အကြိမ်များစွာ မလာရောက်ခဲ့သော်လည်း သူဟာ တော်ဝင်နန်းတော်၌ လွတ်လွတ်လပ်လပ်သွားလာနိုင်သူ တစ်ဦး ဖြစ်နေဆဲဖြစ်ခဲ့သည်။ ၎င်းက အရေးပါသည့် ဝန်ကြီးများစွာပင် မရနိုင်သည့် ဆက်ဆံပုံဖြစ်၏။

ဥပမာဆိုရသော် အပျိုတော်နှစ်ဦး ရှုယီကို တော်ဝင်နန်းတော်ထဲသို့ ခေါ်ဆောင်လာပြီးနောက်တွင် ၎င်းတို့မှာ သူ့အား နေထိုင်ရာ‌အဆောင်များရှိသည့် တော်ဝင်နန်းတော် အနောက်ပိုင်းသို့ ဦးဆောင်လာခဲ့သည်။

ပုံမှန်အားဖြင့်ပြောရလျှင် ၎င်းက အင်မတန် သီးသန့်ကျသည့်နေရာဖြစ်ပြီး အုပ်ချုပ်သူနှင့် အရင်းနှီးဆုံးလူများသာ ဝင်နိုင်သည်။

ရှုယီက ၎င်းတို့အနက်တစ်ဦးဖြစ်သည်မှာ ရှင်းလင်းလှပါ၏။

ရှုယီက အတန်ငယ်အံ့အားသင့်သွားသော်လည်း အနောက်ဥယျာဉ်ရှိ ရှုခင်းသာကြည့်ဆောင်တွင် ထိုင်နေသော ဆယ်ဗီနီကို မြင်ချိန်၌ မအံ့ဩတော့ပေ။

ဆယ်ဗီနီကို တွေ့ပြီးနောက် ရှုယီမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဆယ်ဗီနီ၏ မျက်နှာထက်၌ ကျန်းမာသည့်အသွေးအရောင်ရှိကာ သူမ၏ အမူအရာက ပုံမှန်ဖြစ်ပြီး အပြုံးက လုံးဝ အတင်းအကြပ်ပြုထားဟန်မပေါ်ချေ။ မည်သို့ကြည့်ကြည့် တစ်ခုခုမှားနေပုံလည်းမရပါချေ။

သူမဟာ ရှုယီစိုးရိမ်နေခဲ့သည့် မတော်တဆတစ်ခုခုမဖြစ်ပွားခဲ့သည်မှာ သိသာကာ မကြာသေးမီက ကောင်းကောင်း အနားယူခဲ့သည့်နှယ် အတော်လေးကြည့်ကောင်းနေသည်။

"ထိုင်ပါ" ဆယ်ဗီနီက သူမရှေ့ရှိ ခုံတစ်ခုံကို ညွှန်ပြရင်း ပြောလာသည်။

ရှုယီလည်း တွန့်ဆုတ်မနေဘဲ ထိုင်ချကာ မျက်တောင်ပင်မခတ်ဘဲ ဆယ်ဗီနီကိုကြည့်လိုက်၏။

ဆယ်ဗီနီမှာ ရှုယီ၏ အကြည့်ကြောင့် အနည်းငယ် ရှက်ရွံ့ကာ မျက်နှာထက် ရှက်သွေးဖြန်းသွားသည်။ သူမက ရှုယီကိုကြည့်၍ ဆို၏၊ "ဘာလို့ကြည့်နေတာလဲ?"

"မင်း ဘာမှ မဖြစ်တာ သေချာအောင် အတည်ပြုနေတာလေ" ရှုယီက အလေးအနက်ဟန်ဖြင့် ဆိုသည်၊ "မတိုင်ခင်က ကျုပ် အတော်လေး စိုးရိမ်နေခဲ့ပေမယ့် အခု မင်းကို တွေ့တော့ စိတ်ချပါပြီ"

"စိတ်ပူတယ်? ဘာကို စိတ်ပူတာလဲ?" ဆယ်ဗီနီက တအံ့တဩမေးလာသည်။

ရှုယီက ဘေးဘီကိုဝေ့ကြည့်လိုက်ရာ ဆယ်ဗီနီ နားလည်လိုက်၏။ သူမက လက်ယမ်း၍ ဘေးနားရှိ အပျိုတော်များကို ထွက်ခွာစေလိုက်သည်။

ရှုယီမှာ စိတ်မချသေးသဖြင့် လက်မြှောက်ကာ ရှုခင်းသာကြည့်ဆောင်တဝိုက် မှော်အကာအရံကိုဖန်တီး၍ အသံအဝင်အထွက်ကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူက ဆယ်ဗီနီကို အလေးအနက်ကြည့်၍ မေးပါ၏၊ "ပြောပါဦး တကယ်ပဲ မင်း ဘာမှ မဖြစ်ဘူးလား?"

ဆယ်ဗီနီက တစ်ချက်ပြုံးသည်၊ "ဘာဖြစ်ရမှာလဲ? ရှုယီရှင်ဒီနေ့ အတော်ကို ထူးဆန်းနေတာပဲ"

"ဟင့်အင်း ကျုပ် မထူးဆန်းဘူး ထူးဆန်းနေတာ မင်းပဲ။ ဘာမှသာမဖြစ်ရင် ဘာလို့ စခ်တိုင်းပြည်ကို မင်းက စစ်ကြေညာမှာလဲ?" ရှုယီက မျက်မှောင်ကုပ်၍ မေးသည်။

ထိုမေးခွန်းကိုကြားသော် ဆယ်ဗီနီ၏ အပြုံးက ပျောက်ကွယ်၍ ခေါင်းငုံ့လိုက်သည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူမက သက်ပြင်းချ၍ အသံတိုးဖွဖွဖြင့် ဆိုလာ၏၊ "ရှုယီကျွန်မကသာ ရှင့်ကို ဒီမေးခွန်းမေးရမှာပါ"

ရှုယီက အံ့ဩသွားကာ "ကျုပ်ကို မေးမယ်? ဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့ ရှင်က အဆိုင်ဆုံးလူပဲ" ဆယ်ဗီနီက ရှုယီကို မော့ကြည့်ကာ နှုတ်ခမ်းများကို ခပ်ဖွဖွ ဖိကိုက်လိုက်ပြီး မျက်လုံးများထဲ ထူးဆန်းသည့် ဝမ်းပန်းတနည်းဟန်ပေါ်လာသည်၊ "ရှင်သာ ရုတ်တရတ်ကြီး စခ်တိုင်းပြည်ကို စစ်ဘက်သုံးမှော်စက်တွေရောင်းဖို့ မဆုံးဖြတ်ရင် ကျွန်မက ကျွန်မတို့ လမ်ပူရီတိုင်းပြည်ရဲ့ အကျိုးအမြတ်တွေကို ရင်းပြီး စခ်တိုင်းပြည်ကို စစ်ကြေညာမယ်ထင်လို့လား?"

ရှုယီမှာ အံ့ဩသွားပြီးနောက် မျက်မှောင်ကုပ်လိုက်ပါ၏။ သူဟာ ခဏမျှ စဉ်းစားပြီးနောက် မေးလေသည်၊ "မင်း ပြောချင်တာက... စခ်တိုင်းပြည်ကို စစ်ကြေညာပြီး မင်းရဲ့ ဆန္ဒကိုဆန့်ကျင်တာဟာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အနေနဲ့ စခ်တိုင်းပြည်ကို စစ်ဘက်သုံးမှော်စက်တွေရောင်းတာကြောင့် မို့လို့ပေါ့?"

"ဟုတ်တယ်" ဆယ်ဗီနီက တုံ့ဆိုင်းမှုမရှိ ခေါင်းငြိမ့်သည်။

ရှုယီမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

ဆယ်ဗီနီကို ခဏမျှ ကြည့်ပြီးနောက် ရှုယီက သက်ပြင်းချ၍ ခါးသက်သက်အပြုံးဖြင့်ဆိုလာ၏၊ "ကျုပ်က ဒီကိုလာတဲ့တစ်လျှောက်လုံး ဖြစ်နိုင်ချေအတော်များများစဉ်းစားထားပြီး ဒါက အရမ်း ရယ်စရာကောင်းလွန်းလို့ ဖြစ်နိုင်ချေအနည်းဆုံးလို့ ထင်ခဲ့ပေမယ့် တကယ်ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး။ ဆယ်ဗီနီ ခင်ဗျားရဲ့ အကျင့်စရိုက်ကိုကျုပ် နားလည်ပြီး ခင်ဗျားက ကိုယ်ပိုင်ခံစားချက်ကြောင့်နဲ့ ပြုမူတတ်တဲ့လူမဟုတ်တာကို သိတယ်။ ဒါပေမယ့် ဒီကိစ္စကတော့ အရမ်းကို ကျိုးကြောင်းမသင့်ရာကျသွားပြီ၊ ဘာလို့ ဒီလိုလုပ်ခဲ့တယ်ဆိုတာ ပြောပြလို့ရမလား?"

ဆယ်ဗီနီက ရှုယီကို အလေးအနက်ကြည့်ပြီးနောက် ညင်သာစွာဆိုလာသည်၊ "ရှင် အကြောင်းအရင်းကို မခန့်မှန်းမိဘူးလား?"

ရှုယီ၏ အပြုံးက ပို၍ပင် ခါးသက်လာပါ၏။

"နည်းနည်း ခန့်မှန်းမိပေမယ့် မယုံကြည်ဘူး။ ခင်ဗျားဒီလိုလုပ်တာက... ကျုပ်ကို သတိပေးတာပေါ့လေ?"

"ဒါကို သတိပေးချက်လို့တော့ သတ်မှတ်လို့မရပေမယ့် ကျွန်မရဲ့ သဘောထားကိုပြဖို့ပါပဲ" ဆယ်ဗီနီက ခေါင်းခါသည်၊ "ရှုယီလုပ်ငန်းစုတစ်ခုအနေနဲ့ ရှင်က ဖောက်သည်တွေပိုရချင်ပြီး ထုတ်ကုန်တွေပိုရောင်းချင်တာတော့ ကျွန်မသိပါတယ်။ ဒါက ကျွန်မ နားလည်ထားတဲ့ အရာဆိုပေမယ့် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက သာမန်လုပ်ငန်းစုလေးတစ်ခုပဲ မဟုတ်တော့တာကို ရှင် မစဉ်းစားမိဘူးလား?"

"မင်းပြောတာက ကျုပ်အနေနဲ့ ဘယ်ဘက်မှာ ရပ်ရမယ်ဆိုတာကို ရွေးရမယ်ပေါ့လေ?" ရှုယီက ပြန်မေးသည်။

"ဟုတ်တယ်" ဆယ်ဗီနီက ရိုးသားစွာ ဆိုသည်၊ "ကျွန်မတို့ လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်နဲ့ နှစ်ပေါင်းရာချီကြာအောင် ရန်သူတွေဖြစ်ခဲ့ပြီး ပြန်လည်ခုခံနိုင်ဖို့ အခွင့်အရေးမရှိခဲ့ဘူး။ ရှင်သာ လမ်ပူရီတိုင်းပြည်ကို ထောက်ပံ့ဖို့ ရွေးချယ်ရင် စခ်တိုင်းပြည်ကို မထောက်ပံ့ဖို့ပါ ရွေးချယ်တာက အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျွန်မအတွက် ဒါက လှေနံနှစ်ဘက်နင်းသလိုမျိုးပဲ ဒါမှမဟုတ် ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကို သစ္စာဖောက်တယ်လို့ ယူဆလို့ရနိုင်တယ်...."

"နေပါဦး" ရှုယီက ဆယ်ဗီနီကို ဖြတ်ပြောသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်က မပိုင်တာကြောင့် သစ္စာဖောက်တယ်လို့ မသတ်မှတ်နိုင်ဘူး။"

"ကျွန်မအတွက်တော့ ပိုင်တယ်" ဆယ်ဗီနီက ရှားရှားပါးပါး အသံမာမာကို သုံးလာသည်၊ "ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက စခ်တိုင်းပြည်ဆီကို စစ်ဘက်သုံးမှော်စက်တွေရောင်းမယ့်သတင်းကြားတော့ ကျွန်မ ဘယ်လိုခံစားရတယ်ဆိုတာ ရှင်သိလား?"

ဆယ်ဗီနီ၏ မျက်လုံးနီနီများကိုမြင်သော် ရှုယီမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခါးသက်သက်ပြုံး၍ ဆိုလာသည်၊ "ဆယ်ဗီနီ ခင်ဗျားရဲ့ နိုင်ငံရေးကိစ္စနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ရောပစ်လို့မရဘူး။ ဒါက ခင်ဗျားရဲ့ အကဲဖြတ်နိုင်စွမ်းကို ထိခိုက်လိမ့်မယ်။"

"ဒါပေမယ့် နိုင်ငံရေးအရလည်း ရှင်က ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကို အကြီးအကျယ်ဖျက်စီးနေတာပဲ။" ဆယ်ဗီနီက အသံကိုမြှင့်လိုက်သည်၊ "ရှုယီလမ်ပူရီတိုင်းပြည်က ရှင့်ကိုအရင်က နာကျင်စေခဲ့ပေမယ့်လည်း ဒါက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုးတက်စေအောင် ကူညီခဲ့တဲ့ နေရာပါပဲ။ ပြီးတော့ ကျွန်မက အမြဲတမ်း ရှင့်ကိုအခိုင်အမာ ထောက်ခံ့ခဲ့ပြီး ရှင့်အပေါ် ဘာအမှားမှ မလုပ်ဖူးဘူး။ ဒါပေမယ့် အခု ရှင်က ဒီလိုလုပ်တော့ ကျွန်မနဲ့ လမ်ပူရီတိုင်းပြည်ကို တကယ်ပဲ နာကျင်စေမယ်လို့ မထင်ဘူးလား?"

ဆယ်ဗီနီ၏ အမူအရာကိုကြည့်ရင်း ရှုယီက ထူးဆန်းဟန်ဖြင့် ခေါင်းခါသည်၊ "ဆယ်ဗီနီ မင်းအထင်လွဲနေ...."

"ဒါဆို ပြောပါဦး ဘာကို အထင်လွဲနေတာလဲ? ရှင် မရှင်းပြနိုင်ရင် ကျွန်မ ခွင့်လွှတ်မှာမဟုတ်ဘူး။"

"ခွင့်လွှတ်တယ်?" ရှုယီမှာ ဆယ်ဗီနီ၏ စကားလုံးများကိုစဉ်းစားရင်း ၎င်းက နည်းနည်းကျွံနေပြီဟု ခံစားမိသည်။

သို့သော် သူဟာ ဤအခြေအနေ၌ စဉ်းစားဖို့ အချိန်မရှိရာ အရင်ဦးစွာ နားလည်မှုလွဲခြင်းကို ရှင်းပြရပေမည်။

"တကယ်တော့ ဒီလိုပါ...."

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၇။ ပစ္စည်းများ လျှောက်ပတ်ကြည့်ခြင်း

တစ်အောင့်ကြာပြီးနောက် ရှုခင်းကြည့် အဆောက်အဦထဲမှ ဆယ်ဗီနီက နူးညံ့ ရှည်လျားစွာ အသက်ရှူရှိုက်လိုက်သည်။

"ရှုယီရှင်ဘာလို့ ဒီလို အရေးကြီးကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို ကြိုပြောတာတွေ ဆွေးနွေးတာတွေ မလုပ်ရတာလဲ?" ဆယ်ဗီနီက ရှုယီကို ခါးသီးစွာ ကြည့်လိုက်သော်လည်း အဓိကအားဖြင့် ပျော်ရွှင်မှုတို့ ပြည့်နေသည်သာ၊ "တကယ်တမ်း ရှင်ပြော‌သ‌ရွေ့ ကျွန်မလည်း သေချာပေါက်နားလည်ပေးပြီး ရှင့်ရဲ့ ချဉ်းကပ်မှုကို ထောက်ခံမှာပါ။ အခုလို နားလည်မှုလွဲတာမျိုးလည်း ရှိမှာမဟုတ်ဘူး။”

ရှုယီက ခါးသက်သက်ပြုံး၍ လက်များဖြန့်ကာ ကူရာမဲ့ဟန် သက်ပြင်းချလျက်ဆိုသည်၊ "ဘာလို့လဲဆိုတော့ ခင်ဗျားကို လွန်ခဲ့တဲ့ နှစ်လက မတွေ့ခင်အထိ ဒီအကြောင်း နည်းနည်းပဲစဉ်းစားရသေးပြီး မပြင်ဆင်ရသေးလို့လေ။ ဒါကို စာထဲကနေတဆင့်ပြောလို့လည်းမရတော့ ဒါက ဘယ်လောက်အဆင်မပြေဖြစ်တယ်ဆိုတာကို မင်း သိလောက်မှာပါ"

ဆယ်ဗီနီက သဘောတူကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်၊ "ဒီကိစ္စက အရေးပါတယ်ဆိုတာကို ရှင်သိနေမှတော့ ဘာလို့... ကျွန်မကို တွေ့ဖို့ အချိန်နည်းနည်းလောက် မယူလိုက်ရတာလဲ?"

ရှုယီက မျက်မှောင်ကုပ်သည်၊ "ဆယ်ဗီနီ ကျုပ်ကသာ ခင်ဗျားကိုမေးရမှာပါ။ ဒီကိစ္စက အရမ်းအရေးကြီးပေမယ့်လည်း ကျုပ်က ခင်ဗျားဒီလောက်စိတ်လိုက်မာန်ပါလုပ်မယ်မှန်းမစဉ်းစားမိတော့ မစိုးရိမ်ခဲ့ဘူး။ ခင်ဗျားက စစ်ဘက်သုံးမှော်စက်‌တွေရောင်းပေးမယ့်အကြောင်း သိတာနဲ့ စခ်တိုင်းပြည်ကို တိုက်ရိုက်ကြီးစစ်ကြေညာလိုက်တော့ ခင်ဗျား အရမ်းအလျင်လိုနေတယ်လို့ပဲ ပြောရမယ် ခင်ဗျားနဲ့ကို မတူနေဘူး"

ဆယ်ဗီနီက မျက်နှာထက် နောင်တတချို့တွဲခိုလာကာ နှုတ်ခမ်းအသာဖိကိုက်လိုက်သော်လည်း အမူအရာက ခေါင်းမာနေဟန်ပြဆဲပင်။ ရှုယီ၏ စွပ်စွဲမှုကို မတုံ့ပြန်ပါချေ။

ဆယ်ဗီနီ၏တုံ့ပြန်မှုကြောင့် ရှုယီအံ့သြသွားသည်။

ဆယ်ဗီနီသည် နူးညံ့သိမ်မွေ့ပြီး ခိုင်မာသော စရိုက်လက္ခဏာရှိနေသည်ဟု အမြဲတွေးထင်ကာ သူမသည် သူ့ကိုယ်ပိုင်စိတ်ကူးများ အတွက် အမြဲကြိုးစားသော်လည်း မောက်မာစွာ ပြုမူမည်မဟုတ်ပေ။

သို့သော် စခ်တိုင်းပြည်ကို စစ်ကြေညာခြင်းမှာ သူမ ပုံမှန်ပြုမူသည့်ပုံစံကို အမှန်တကယ် ဆန့်ကျင်သွားခဲ့ရာ ရှုယီသည် အနည်းငယ် မယုံနိုင် ဖြစ်နေသည်။

ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် သူမအား သြဇာလွှမ်းမိုးနိုင်သည့် လမ်ပူရီတိုင်းပြည် လူများရှိနေခြင်း ဖြစ်နိုင်လား။

သို့ပေမယ့် ဆယ်ဗီနီ က သြဇာလွှမ်းမိုးဖို့ လွယ်တဲ့သူတော့ မဟုတ်ပါပေ။ ဤရာထူးကြောင့် သူမသည် ထီးနန်းဆက်ခံနေသည်မှာ အချိန်အတော်ကြာသွားသောကြောင့် ဖြစ်မည်လော။

ရှုယီသည် သူပထမဆုံးစတွေ့စဉ်ကကဲ့သို့ မရင့်ကျက်ဟန် မပေါ်တော့သော ဆယ်ဗီနီ၏မျက်နှာကိုကြည့်ကာ အနည်းငယ်စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။

အကယ်၍ ဤအရာသာ အမှန်တကယ်ဖြစ်ခဲ့ပါက ၎င်းက ရှုယီလက်မခံချင်ဆုံးသော ရလဒ်ဖြစ်သည်။

ဆယ်ဗီနီမှ ရှုယီကို ကြည့်သည့်ပုံစံအား ပြောင်းလဲဖို့ ဆန္ဒမရှိပါလျှင် အနာဂတ် သူတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ နည်းလမ်းရှိမှာ မဟုတ်ပေ။

ပုဂ္ဂိုလ်ရေးအမြင်အရ ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်း အမြင်အရပဲဖြစ်ဖြစ်၊ ဒါက ရှုယီမြင်ချင်တဲ့အရာ မဟုတ်ပေ။

ဆယ်ဗီနီက ရုတ်တရက် မတ်တပ်ထရပ်ပြီး ခဏလောက် ငြိမ်သွားသည်။

"ရှုယီကျွန်မနဲ့ လမ်းလျှောက်ပေးလို့ရမလား?"

ရှုယီသည် နေဝင်ချိန်ကြောင့် အနည်းငယ် မှိန်ဖျော့နေသော ကောင်းကင်ကို မော့ကြည့်ရင်း အံ့အားသင့်သွားကာ ယခု နောက်ကျချိန်မှ သူတို့ ဘယ်ကို လျှောက်သွားရမည်ကို တွေးနေမိသည်။

ထို့အပြင်၊ ဆယ်ဗီနီ၏အဆင့်အတန်းနှင့်သူမဘယ်ကိုသွားနိုင်မည်နည်း။

သို့သော် ဆယ်ဗီနီ၏မျက်နှာပေါ်ရှိအမူအရာကိုမြင်တော့ ရှုယီက ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်သည် ။

ရှုယီက မှော်အကာအရံကို ပြန်ရုတ်လိုက်ပြီး နှစ်ယောက်သား ရှုခင်းသာကြည့်ဆောင်မှ ထွက်လာခဲ့သည်။ ဆယ်ဗီနီက အပျိုတော်နှစ်ယောက်ကို လက်ပြကာ ဆို‌လိုက်သည် "နောက်လိုက်စရာမလိုပါဘူး၊ ငါ ဥက္ကဌ ရှု နဲ့ လမ်းလျှောက်သွားမလို့။"

ရှုယီအနည်းငယ် အံ့သြသွားသည်၊ အပျိုတော်နှစ်ယောက်က ဘာမှ မပြောဘဲ ထွက်ခွာသွားသည့် ရှုယီကို တစ်ချက်သာ ကြည့်လိုက်ကြ၏။

ရှုယီအနည်းငယ် စိတ်ရှုပ်သွားသည်။ ဆယ်ဗီနီသည် တိုင်းပြည်၏ ဘုရင်မဖြစ်ပြီး၊ ယခု သူမသည် အပြင်လူတစ်ဦးတည်းနှင့် လျှောက်လှမ်းချင်နေရာ သူမကို တားမှာ မဟုတ်ဘူးလား?

ဆယ်ဗီနီက လမ်းကို ဦးဆောင်ကာ ရှုယီအား တော်ဝင်နန်းတော် အနောက်ဥယျာဉ်တော်ရှိ ထောင့်ကျကျနေရာကို ခေါ်လာသည်။ ထို့နောက် သူမက ရှုယီကို ခဏစောင့်ခိုင်းပြီးနောက် အနီးနားရှိ အခန်းငယ်လေးထဲ ဝင်သွား၏။

ဆယ်မိနစ်ပတ်လည်လောက်ကြာပြီးနောက် ဆယ်ဗီနီ ထွက်လာကာ အဝတ်များလဲထားသည်။

ရိုးရှင်းသည့်အဝတ်များနှင့် ဆယ်ဗီနီက သာမန်ကောင်မလေးများနှင့် မခြားပုံပေါ်နေသည်ကိုမြင်သော် ရှုယီနှုတ်ခမ်းများ တွန့်တက်သွားသည်။

"ကျုပ်ပြောမယ်... ပုံမှန်အားဖြင့်ရော မင်းဒီလိုလုပ်တတ်တာလား?"

ဆယ်ဗီနီ၏ နှုတ်ခမ်းများတွန့်ကွေးကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။

"တော်ဝင်နန်းတော်မှာပဲ တစ်နေကုန်နေရမှာက ပျင်းဖို့ မကောင်းလွန်းနေဘူးလား?"

ရှုယီခေါင်းခါလိုက်သည်။ သူဟာ အနောက်ဥယျာဉ် ခြံစည်းရိူးရှိ လျှို့ဝှက်တံခါးမှတဆင့် ဆယ်ဗီနီနှင့်အတူ တော်ဝင်နန်းတော်ကိုဖြတ်၍ ထွက်လာသည်။

ခြံစည်းရိုးနောက်၌ အင်မတန်ဆိတ်ညံသော လမ်းကြားလေးတစ်ခုရှိသည်။ ဆယ်ဗီနီက ရှုယီကို လမ်းကြားတဝိုက် အကြိမ်ရေအချို့ ပတ်ခေါ်သွားပြီး အင်မတန် သာမန်ကျသည့် မိသားစုဖြစ်ပုံရသော ခြံဝန်းထဲဝင်ရောက်လိုက်သည်။

ထိုခြံဝန်းထဲ၌ စုံတွဲတစ်တွဲက ညစာစားနေကြသော်လည်း ဆယ်ဗီနီနှင့် ရှုယီတို့ ဝင်လာချိန်တွင် ၎င်းတို့ကို မမြင်သည့်နှယ် ပြုမူနေကြသည်။ နှစ်ဦးသားက ခြံဝန်းတံခါးကိုဖြတ်ကာ ရှေ့တံခါးမှ ထွက်ခဲ့၏။

ရှုယီမှာ အစားအသောက်ကိုသာ အာရုံစိုက်ထားကြသော ထို သာမန်‌ယောက်ျားနှင့် မိန်းမကိုပြန်လှည့်ကြည့်ကာ ဆယ်ဗီနီက ဒီအတွက် အတော်များများသုံးထားလောက်သည်ဟု စဉ်းစားမိသည်။

ရှေ့တံခါးမှ ထွက်လာသော် အခြားလမ်းကြားရှိသေးသော်လည်း တော်ဝင်ဥယျာဉ်နောက်ဘက်မှ လမ်းကြားထက် များစွာပိုမူ ဆူညံနေသည်။ သူနားထောင်ကြည့်လျှင် မနီးမဝေးရှိ လမ်းမှ ဆူညံသံကိုပင် ကြားနိုင်သည်။

ဆယ်ဗီနီမှာ သူမ၏ အင်္ကျီခေါင်းစွပ်ကို မြှောက်ကာ ခေါင်းကိုအုပ်လိုက်ပြီး တစ်ဝက်ကို မျက်နှာအားအုပ်လိုက်ပါ၏။ သူမဟာ လည်စည်းပဝါကိုလည်း ဝတ်ဆင်ကာ ပါးစပ်နှင့် နှာခေါင်းသာဖော်ထားသည်။

ယခုတွင် ဆောင်းရာသီရောက်နေပြီဖြစ်ရာ လူများစွာက ဤသို့ ဝတ်စားတတ်ကြသဖြင့် ထင်းထွက်မနေပါချေ။ သူမနှင့် ရင်းနှီးသူများကသာလျှင် သူမကို မှတ်မိနိုင်မည် မဟုတ်ပါက မည်သူမှန်းသိရန် ခဲယဉ်း၏။

ရှုယီက သူမကိုကြည့်၍ ရုတ်တရတ် မေးလိုက်သည်၊ "ဆယ်ဗီနီ, ဆောင်းရာသီမှာက ပြဿနာမရှိပေမယ့် နွေရာသီမှာဆိုရင် ဘယ်လိုလုပ်လဲ?"

ဆယ်ဗီနီက သူမ၏ ခေါင်းစွပ်အောက်မှ ကြည့်လာကာ အသာပြုံး၍ ပြောလိုက်သည်၊ "နွေရာသီမှာကတော့ တခြားနည်းလမ်းတွေရှိတာပေါ့။ ကျွန်မ ဒီနှစ်တွေတလျှောက်လုံးလုပ်လာတာ ပြဿနာမရှိသေးပါဘူး"

၎င်းတို့မှာ တော်ဝင်နန်းတော်မှ ထွက်လာကြပြီဖြစ်ရာ ဆယ်ဗီနီ၏ အသံက များစွာပိုမို ပေါ့ပါးနေသည်။ သူမက သာမန် မိန်းကလေးတစ်ဦးနှင့် မခြားရာ ဘုရင်မတစ်ပါး၏ ဂုဏ်ဝင့်သော အသံအနေထားမျိုးရှိမနေပေ။

"မင်း အမြဲ ဒီလိုလုပ်နေတာပေါ့...." ရှုယီက မျက်လုံးများ လှန်လိုက်သည်။ သူဟာ ရှေ့ရှိ ပျားပန်းခတ်သွားလာနေကြသော လမ်းကိုလှည့်ကြည့်ပြီးနောက် မေးလိုက်သည်၊ "ဟုတ်ပြီလေ ဘယ်ကိုသွားချင်လဲ?"

"ကျွန်မတို့ ဒီတိုင်းလျှောက်လည်လိုက်လို့လည်းရပါတယ်။" ဆယ်ဗီနီမှာ ပြန်ဖြေလိုက်ပြီးနောက် တကယ်ကို လျှောက်လည်နေသည့်အတိုင်း လမ်းတလျှောက် သာမန်ကာလျှံကာသွားနေတော့သည်။

လမ်းနှစ်ဘက်နှစ်ချက်ရှိ ဆိုင်များကိုကြည့်ရင်း ဆယ်ဗီနီမှာ ရှုယီနှင့် စကားဆက်တိုက်ပြောနေသည်။ ၎င်းမှာ ကောင်လေးတစ်ဦးနှင့် လမ်းအတူလျှောက်နေသော အခြားမိန်းကလေးတစ်ဦးနှင့်ပင်တူနေ၏။

ဆယ်ဗီနီ၏ အသံမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကိုကြားသော် ရှုယီမှာ စိတ်ထဲ သက်ပြင်းချလိုက်သည်။

ဆယ်ဗီနီမှာ ရှုယီအား သူမအနေနှင့် ထီးနန်းကြောင့် အင်မတန်ကန့်သတ်ခံထားရသလို ခံစားရသဖြင့် ထီးနန်းကို စိတ်မဝင်စားကြောင်း ဝန်ခံခဲ့ဖူးသည်။ သူမ၏ ဘဝကို သူမအလိုရှိသလို လွတ်လွတ်လပ်လပ်နေထိုင်ရန် ခက်ခဲ၏။

သို့သော် အခြေနေပြောင်းလဲ၍ သူမဟာ ထီးနန်းယူဖို့ အတင်းအကြပ်ဖြစ်ခဲ့ရသည်။ သူမ မျှော်လင့်ထားသလိုပင် သူမ၏ ဘုရင်မဟူသော အဆင့်အတန်းကြောင့် သူမဘဝ၌ ထားရှိရသော အကန့်အသတ်များစွာရှိသည်။

ဤသို့ လမ်းထက်လျှောက်သွားသည်ကပင် ဇိမ်ကျစရာ‌ဖြစ်နေပြီဖြစ်သည်။

ရှုယီမှာ သူမအနေနှင့် ယခင်က တော်ဝင်နန်းတော်မှ လျှောက်သွားပါလျှင်တောင် သူမ၏ လုံခြုံရေးကြောင့် သူမနောက်လိုက်နေမည့် အစောင့်များစွာရှိသဖြင့် တကယ်တမ်း လျှောက်လည်နေခြင်း ဖြစ်မည်မဟုတ်သည်ကို သေချာပါ၏။

သို့သော် သူ့ကဲ့သို့ မဟာမှော်ပညာရှင်တစ်ဦးက ဘေးမှာရှိနေရာ သူမ၏ လုံခြုံရေးကို ထိန်းသိမ်းရန် ပြဿနာမရှိပေ။

အရေးကြီးဆုံးအရာမှာ ရှုယီက ဆယ်ဗီနီကို အမြဲ ထပ်တူညီမျှဆက်ဆံပြီး သူမ၏ အဆင့်အတန်းကြောင့် နောက်တွန့်ရသည်လည်းမရှိပေ။

"ရှုယီရှင်သာ မကြာခဏ ကျွန်မနဲ့အတူ လျှောက်လည်ဖို့ လာနိုင်ရင် ကောင်းမှာပဲ။" နာရီဝက်လောက် လျှောက်သွားပြီးနောက် ဆယ်ဗီနီက ရုတ်တရတ်သက်ပြင်းချ၏။

ရှုယီက ခါးသက်သက်ရယ်ကာ ဤတောင်းဆိုမှုက များလွန်းလှသည်ဟု တွေးမိသည်။

ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်နှင့်စပ်လျဉ်းသည့် သူမ၏ အရေးကိစ္စများကို ချထားနိုင်ပါလျှင်တောင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အရေးကိစ္စများကို လျစ်လျူရှုဖို့ အချိန်များရှိနေနိုင်မှာတဲ့လား?

သူတို့နှစ်ဦး ဆုံဖို့ရန်ပင် ခက်ခဲနေပြီဖြစ်ရာ မကြာခဏ အတူလျှောက်လည်ဖို့က မည်သို့ ဖြစ်နိုင်ပါမည်နည်း?

သို့သော် ရှုယီမှာ ဆယ်ဗီနီက သူမ၏ ခံစားချက်အား ဖော်ပြရုံဖြစ်ကြောင်း သိသဖြင့် သူမ၏ စိတ်အားထက်သန်မှုအပေါ် ရေအေးပုံးလိုက်လောင်းချခြင်း‌မျိုး ပြုမနေတော့ပေ။ သူက အပြုံးဖြင့်သာ ဆိုလိုက်၏၊ "ဟုတ်ပါပြီ စတေးလ်စိတ်မကွက်သရွေ့ မင်းနဲ့ နေ့တိုင်း လျှောက်လည်ပေးနိုင်ပါတယ်။"

ဆယ်ဗီနီက ရယ်မောသည်၊ "ရှုယီကျွန်မ အရင်က ပြောဖူးတယ်နော် ကျွန်မဘဝမှာ မိန်းမကြောက်တဲ့ ရှင့်လိုယောက်ျားမျိုးကို ဒီတစ်ခါပဲ တွေ့ဖူးတယ်။"

ရှုယီက အသာနှာမှုတ်သည်၊ "ကျုပ်တစ်ယောက်တည်းလို့တော့ မယုံပါဘူး။ ကျန်တာမပြောနဲ့ မင်း ရှေ့လျှောက် လက်ထပ်တဲ့အခါ မင်းရဲ့ အမျိုးသားက တခြားမိန်းမတွေကို သွားတွေ့ရဲလောက်မယ်လို့မထင်ဘူး။ မင်းစိတ်မကွက်ရင်ဆောင် လမ်ပူရီတိုင်းပြည်သားတွေက သူ့ခြေထောက်ကို သေချာပေါက် ချိုးလိမ့်မယ်။"

"ကျွန်မ အမျိုးသား?" ဆယ်ဗီနီက သက်ပြင်းချလိုက်ပြီးနောက် ကြယ်များကို မေ့ာကြည့်လိုက်သည်။ ထို့နောက် ရှုယီထံ ပြန်လှည့်လာ၏၊ "မျှော်လင့်မထားတာသာဖြစ်မလာရင် ကျွန်မ ဒီဘဝမှာ ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး"

ရှုယီမှာ အံ့ဩသွားပြီးနောက် ဆယ်ဗီနီက လက်မထပ်ခင် ကိုယ်ဝန်ရထားဖူးကာ မင်းသားလေးတစ်ပါးမွေးဖွားပေးခဲ့သည်ကိုပင် သတိရသွားသည်။

ယခုထိတိုင် မည်သူကမှ မင်းသားလေး၏ ဖခင်ဖြစ်သူကို မသိသဖြင့် ဆယ်ဗီနီက ဤအကြောင်းကို ပြောလာသည်မှာ ရှားသည်။

ရုတ်တရတ် ထိုအကြောင်းပြောခြင်းက ဆယ်ဗီနီ၏ နှလုံးသားကို နာကျင်စေလိမ့်မည်။

ရှုယီမှာ တောင်းပန်လိုသော်လည်း အတွေးတစ်ခုရကာ မျက်မှောင်ကုပ်လိုက်သည်၊ "ဆယ်ဗီနီ မင်းသာ ကျုပ်ကို တကယ်ပဲ မိတ်ဆွေလိုသဘောထားရင် အဲ့လူက ဘယ်သူလဲ ပြောပြစမ်းပါ။ ကျုပ် သူ့ကို သင်ခန်းစာပေးပြီး ယောက်ျားတစ်ယောက် ထမ်းဆောင်သင့်တဲ့ တာဝန်က ဘာဆိုတာ ကူပြီး သင်ပြပေးလိုက်မယ်။"

ဆယ်ဗီနီက ရှုယီကို ကြည့်ကာ နှုတ်ခမ်းများက အံ့အားသင့်သည့်နှယ် အသာပွင့်ဟသွားသည်။

တအောင့်ကြာပြီးနောက် သူမက ဖြည့်းဖြည်းချင်းခေါင်းခါပါ၏။

"ဟင့်အင်း သူ မရှိသလိုသာ သဘောထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မမှာ အခုကလေးရှိနေပြီပဲ ဘာကမှ အရေးမကြီးတော့ပါဘူး။"

"ဘာကမှ အရေးမကြီးဘူး?" ရှုယီမှာ အတန်ငယ် ဒေါသဖြစ်သွားသည်၊ "ဆယ်ဗီနီ မင်းကဘုရင်မဖြစ်နေရင်တောင်.... အဟမ်း မင်းကဘာပဲဖြစ်နေနေ အဆုံးမှာ မိန်းကလေးတစ်ဦးပဲလေ။ ကလေးတစ်ယောက်ရဲ့အဖေက တကယ်အရေးမပါဘူးလား? ကျုပ်တော့ မယုံဘူး! ပြောပါ သူက ဘယ်သူလဲ? အဲ့လူက ကန်ဒရာအင်ပါယာ ဒါမှမဟုတ် မားလိုအင်ပါယာက အရေးကြီးပုဂ္ဂိုလ်ဖြစ်နေရင်တောင် ကျုပ်က သေချာပေါက် ဒီကိစ္စကို ရှင်းလင်းဖို့ သူ့ကို ကူပြီး ဒီကို ခေါ်ပေးမယ်!"

ဆယ်ဗီနီ၏ နှုတ်ခမ်းများ တွန့်သွားကာ မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်သည်။

"ဟင့်အင်း... ကျွန်မ သူ့ကိုတွေ့တုန်းက သူက အရမ်းကိုသာမန်ဆန်တဲ့လူပါပဲ။ ဒါပေမယ့် အစဉ်အလာကိုဆန့်ကျင်တဲ့ ထူးထူးဆန်းဆန်း အကြံတွေ ရှိနေတတ်တယ်။"

"ဒီအဓိပ္ပာယ်က အခု သူ့ရဲ့ အဆင့်အတန်းက သာမန်မဟုတ်လို့လား? ဒါက ပိုလို့တောင် မခွင့်လွှတ်နိုင်စရာပဲ! ကျုပ်...." ရှုယီမှာ အံ့ဩသွားပြီးနောက် တစ်ခု စဉ်းစားမိသွားသည်၊ "ကျုပ်နားလည်ပြီ ဆယ်ဗီနီ, သူ့ရဲ့ အဆင့်အတန်းက အခု သာမန်မဟုတ်လို့ မင်း တစ်ခုခုကို စိုးရိမ်နေတာမဟုတ်လား?"

"အင်း" ဆယ်ဗီနီက ခေါင်းငြိမ့်သည်။ သူမက လက်မြှောက်၍ ရှုယီ၏ လာမည့် မေးခွန်းများကို ဖြတ်တောက်လိုက်၏၊ "ထပ်မမေးနဲ့တော့။ ရှင်တကယ်ပဲ ကျွန်မကို မိတ်ဆွေအဖြစ်သတ်မှတ်တယ်ဆိုရင် ဒီအကြောင်းမမေးပါနဲ့။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရတဲ့အပြင် အရမ်းပျော်မိတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ ယောက်ျားတစ်ယောက်ကို တွေ့ဆုံနိုင်တာကတင် ကျွန်မရဲ့ ဘဝကို ဒီလောက်ကြီးကျယ်ခမ်းနားအောင်လုပ်ပေးနိုင်တယ်။ ဒါပေမယ့်... အားလုံးက ပြီးသွားပါပြီ။ ရှုယီဒီအကြောင်း ရှေ့လျှောက်ထပ်မမေးပါနဲ့တော့ ဟုတ်ပြီလား?"

ဆယ်ဗီနီ၏ မျက်လုံးများက စိတ်ပိုင်းထားဟန်ကိုမြင်သော် ရှုယီသက်ပြင်းချ၍ အကြည့်လွှဲလိုက်သည်။

"အဲ့လို တာဝန်မသိတတ်ဘဲ မင်းကို သူ့အတွက် ဂရုစိုက်စေနိုင်တဲ့ယောက်ျားကို ရိုးရိုးသားသားပြောရရင် အရမ်း အံ့ဩပြီး နည်းနည်း... မနာလိုတောင်ဖြစ်မိတယ်။"

ဆယ်ဗီနီက ရှုယီမျက်နှာထက်ရှိ ဒေါသဖြင့် ဝမ်းနည်းမှု အရိပ်တို့ ရောထွေးနေပုံကိုမြင်ပြီး ခက်ခဲသည့် အပြုံးတစ်ခု ထုတ်ပြလာသည်။

"မနာလိုတယ်? ဒီလောကက‌လူတွေ သူ့ကို မနာလိုလို့ရပေမယ့် ရှင်ကတော့ မလိုပါဘူး...."

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၈။ အတိုက်အခိုက်ရပ်စဲခြင်း

ရှုယီဖြစ်စေ ဆယ်ဗီနီဖြစ်စေ အားလပ်ချိန်မှာ ၎င်းတို့အတွက် ဇိမ်ကျစရာဖြစ်ပါ၏။ နှစ်ဦးသားမှာ လမ်း၌ တစ်နာရီလောက်ကြာအောင် လျှောက်သွားပြီးနောက် တူညီသည့် လမ်းကြောင်းရှိရာ တော်ဝင်နန်းတော်သို့ ပြန်ဦးတည်လိုက်ကြသည်။

မည်သူကမှ ၎င်းတို့ တော်ဝင်နန်းတော်သို့ ပြန်သည့်နောက် ၎င်းတို့၏စကားဝိုင်းကို မနှောင့်ယှက်ကြသလို မည်သူကမှလည်း ၎င်းတို့ မည်သည့်အကြောင်း ပြောဆိုနေသည်မှန်း မသိကြပေ။

သို့သော် ရှုယီအန်ဗီမာမြို့တော်မှ ထွက်ခွာပြီး လတစ်ဝက်အကြာ၌ လမ်ပူရီတိုင်းပြည်မှာ ရုတ်တရတ် စခ်တိုင်းပြည်ထံသို့ အပစ်အခတ်ရပ်ရန် အဆိုပြုလာသည်။

စခ်တိုင်းပြည်မှ လမ်ပူရီတိုင်းပြည်သည် ဤအဆိုပြုချက်ဖြင့် သူတို့ကို အရှက်ခွဲသည်ဟု ခံစားမိသော်လည်း၊ သူတို့သည် လမ်ပူရီတိုင်းပြည်၏တိုက်ခိုက်မှုကို လုံးလုံးလျားလျား ခုခံနိုင်စွမ်းမရှိသောကြောင့်၊ အဆုံးတွင် ယင်းကိုလက်ခံရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရသည်။

စခ်တိုင်းပြည်မှလူများစွာအတွက်၊ လမ်ပူရီတိုင်းပြည်သည် ၎င်းတို့အား ဤအပစ်အခတ်ရပ်စဲရေးကမ်းလှမ်းလာခြင်းက ဂုဏ်ပြုထိုက်သည့်အရာတစ်ခုဖြစ်သည်။

လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်ကို သိမ်းပိုက်မည်အား ထိပ်တန်း မျိုးရိူးမြင့်များက စိုးရိမ်ခဲ့ကြပြီး အောက်ခြေ နိုင်ငံသား များက ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်မည်ကို စိုးရိမ်ကြသည်။

နိုင်ငံသားများထဲတွင် ထိခိုက်မှုအများဆုံးမှာ ယခင်လွတ်လပ်သောကုန်သွယ်မှုဇုန်ရှိ တက်ခ်လင်မြို့လေး တွင်နေထိုင်သူများဖြစ်သည်။

တက်ခ်လင်မြို့လေးကို နိုင်ငံများကြား လွတ်လပ်စွာ ကုန်သွယ်မှုဇုန်အဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် ဤမြို့ငယ်လေးသည် နှစ်နိုင်ငံစလုံးမှ ကုန်သည်များနှင့် ရုတ်တရက် ပြည့်လာပြီး ရုတ်တရက် ဖောင်းကားလာသည်။

တစ်ချိန်တည်းမှာပင် ဤနေရာတွင် နှစ်နိုင်ငံမှ ကုန်သည်များ ရောင်းဝယ်ဖောက်ကားမှုကြောင့် မြို့ကြီးသဖွယ် သာယာဝပြောလာခဲ့သည်ပင်။

မြို့သူမြို့သားများသည် ယခင်က ဆင်းရဲသော်လည်း လွတ်လပ်သော ကုန်သွယ်မှုဇုန် ဖွင့်လှစ်လိုက်သည်နှင့်အမျှ သူတို့၏ဘဝသည် လုံးဝပြောင်းလဲသွားခဲ့သည်။

မြို့မှာ အလုပ်တွေ ရုတ်တရက် များလာပြီး ခြေလက်အင်္ဂါ စုံနေသရွေ့ ဝင်ငွေ သင့်တင့်တဲ့ အလုပ်ကို ဘယ်သူမဆို ရှာတွေ့နိုင်မှာဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များကိုပင် စတင်နိုင်ခဲ့ပြီး သေးငယ်သော ကြွယ်ဝမှုတစ်ခုကို ရရှိရန် မခက်ခဲပေ။

သို့ပေမယ့် နှစ်နိုင်ငံ စစ်ပွဲတွေ စတင်ပြီးနောက် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ကို ထိခိုက်ခဲ့ပါ၏။ ကုန်သည်တွေမရှိတော့ဘဲ တစ်ညတည်းနဲ့ တစ်မြို့လုံးတိတ်ဆိတ်သွားခဲ့သည်။

မြို့တွင်းရှိ လုပ်ငန်းအားလုံး ရပ်တန့်သွားကာ လူတိုင်းသည် ၎င်းတို့၏ တက်ကြွမှု ဆုံးရှုံးသွားကြသည်။

လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို စစ်ကြေညာပြီးသည်နှင့် ဤလွတ်လပ်သော ကုန်သွယ်မှုဇုန် မရှိတော့ဘူးဆိုသည်ကို လူတိုင်းနားလည်ကြသည်။ ၎င်းတို့အတွက် နွေဦးရာသီလို ဖြစ်ခဲ့သည့် ကောင်းမွန်သော ဘဝတွေဟာ ထာဝရ ပျောက်ကွယ်သွားလိမ့်မည်သာ။

သို့သော် လူတိုင်း စိတ်ပျက်အားငယ်နေချိန်တွင် သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပါ၏။

၎င်းမှာ လမ်ပူရီတိုင်းပြည်က အပစ်အခတ်ရပ်စဲရေး အဆိုပြုခဲ့ခြင်းပင်။

ဤသတင်းကိုကြားသိရပြီးနောက် တက်ခ်လင်မြို့နေပြည်သူများသည် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ သို့သော် နိုင်ငံတော်၏ အထက်တန်းလွှာများက အပစ်အခတ်ရပ်စဲရေးကို လက်မခံမည်ကို စိုးရိမ်သောကြောင့် နေ့တိုင်း တုန်လှုပ်နေခဲ့ကြသည်။

စစ်ပွဲတွေ ဆက်ဖြစ်နေသရွေ့ သူတို့ဟာ သူတို့ရဲ့ မျှော်လင့်ချက်မဲ့ ဘဝတွေကိုသာ ရှင်သန်နိုင်ကြမှာ ဖြစ်ပါ၏။

ကံကောင်းသည်မှာ တစ်ပတ်အကြာတွင် လမ်ပူရီတိုင်းပြည်သည် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့ရာ၊ စခ်တိုင်းပြည်သည် နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ၎င်းတို့က လမ်ပူရီတိုင်းပြည်နှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို စတင်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံက ဒုက္ခရောက်မည်ကို လူအများက စိုးရိမ်နေကြသော်လည်း တက်ခ်လင်မြို့က ပြည်သူတွေအတွက်ကတော့ အရေးမပါပေ။

သူတို့ အလေးထားတာသည်က တက်ခ်လင်မြို့ ကိုယ်စားပြု လွတ်လပ်သော ကုန်သွယ်ရေးဇုန် ပြန်ဖွင့်မလားဆိုသည့်အရာပင်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ပြီး သုံးရက်အကြာတွင် တက်ခ်လင်မြို့မှ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို သက်သာရာရစေမည့် နောက်ထပ် သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဆွေးနွေးပွဲတွင် လမ်ပူရီတိုင်းပြည်မှ ပထမဆုံးထည့်သွင်းခဲ့သည့်အချက်မှာ နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ပြန်လည်ဖွင့်လှစ်ရန်ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင်၊ လမ်ပူရီတိုင်းပြည်သည် တက်ခ်လင်မြို့သာမက အခြားမြို့များကိုလည်း လွတ်လပ်သောကုန်သွယ်မှုဇုန်အဖြစ်ထားရန် တောင်းဆိုခဲ့သည်။ နှစ်နိုင်ငံနယ်စပ်ရှိ တက်ခ်လင်မြို့အပါအဝင် ပတ်ဝန်းကျင် မြို့သုံးမြို့မှာ လွတ်လပ်သောကုန်သွယ်မှုဇုန် ဖြစ်လာမည်ဖြစ်သည်။

မြေပုံတစ်ခုကနေကြည့်လျှင် ထိုမြို့သုံးမြို့နှင့် တက်ခ်လင်မြို့ဟာ နယ်စပ်မှာ မျဉ်းကြောင်းတစ်ကြောင်း ဖွဲ့ထားတာကို တွေ့ရပါလိမ့်မည်။ ၎င်းသည် လမ်ပူရီတိုင်းပြည် နှင့် စခ်တိုင်းပြည် အကြား လမ်းဆုံဒေသအားလုံးကို လွှမ်းခြုံထားသည်။

ဟုတ်ပါ၏၊ ဒါက တက်ခ်လင်မြို့ အတွက် အရေးမကြီးပါပေ။

လွတ်လပ်သော ကုန်သွယ်ရေးဇုန် ပြန်ဖွင့်ပြီးသည်နှင့် ယခင်ကထက် ကောင်းမွန်သော နေ့ရက်များကို ပြန်လည်ရရှိလာမည်ကိုသာ မြို့သူမြို့သားများ သိကြသည်။

နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုဇုန် သဘောတူညီချက်သစ်ကို လက်မှတ်ရေးထိုးပြီးနောက် နှစ်ပတ်အကြာ၊ တက်ခ်လင်မြို့မှလူများသည် လမ်ပူရီတိုင်းပြည်မှ ပထမအသုတ် ကုန်သည်များ တက်ခ်လင်မြို့သို့ ရောက်ရှိလာမည်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း သယ်ယူပို့ဆောင်ရေး သင်္ဘောစုကြီးမှ အလံများ လွှင့်တင်နေသည်ကို တွေ့လိုက်ရသောအခါ အားလုံး အံ့ဩသွားကြသည်။

အလံများသည် လေထဲတွင် လွင့်နေသော်လည်း ၎င်းတို့တွင် ရှိသော တောင်ပံတစ်ဝက်ပုံစံ ဒီဇိုင်းဖြစ်သည်။ အလံက လေထဲမှာ တလူလူလွင့်က အတောင်ပံတခြမ်းက လွင့်ပျံသွားတော့မလိုမျိုး ဆက်ပြီး လှုပ်ယမ်းနေ၏။

အမှားအယွင်းမရှိ သေချာပါ၏။

ဤအလံသည် Frestech ကုန်သည်ကြီးများအသင်းအား ကိုယ်စားပြုသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ စခ်တိုင်းပြည်အတွင်းသို့ တင်သွင်းသည့် အိမ်သုံးမှော်စက်အမျိုးမျိုးကြောင့် လူတိုင်းသည် ဤအရာအသစ်များ၏ အကျိုးကျေးဇူးများကို ခံစားခဲ့ကြရသည်။

၎င်းအိမ်သုံး မှော်စက်တွေ ဝယ်ယူသည့်အခါတိုင်း လူတွေက တစ်ခုကိုသိရှိခဲ့ကြသည်။ အိမ်သုံး မှော်စက်များ ရောက်ရှိလာသောအခါ အကောင်းဆုံးမှာ Frestech အမှတ်တံဆိပ် အိမ်သုံး မှော်စက်များ ဖြစ်သည်။

သို့သော် မရေမတွက်နိုင်သော ဥပမာများကို သက်သေပြခဲ့လျှင်ပင် Frestech တံဆိပ် အိမ်သုံး မှော်စက်ကို တက်ခ်လင်မြို့သို့ ဘယ်တုန်းမှ ယူဆောင်လာခဲ့ခြင်းမရှိ။ လမ်ပူရီတိုင်းပြည်ကုန်သည်များက မယူလာသလို Frestech ကုန်သည်ကြီးများအသင်းကလည်း ဘယ်တုန်းကမှ ပေါ်မလာခဲ့ပါ။

သို့သော် ယခုတစ်ကြိမ်၊ Frestech ကုန်သည်ကြီးများအသင်း၏ အလံသည် တက်ခ်လင်မြို့ တွင် ပထမဆုံးအကြိမ် ပေါ်လာသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ယခင်က တက်ခ်လင်မြို့ တွင် အဘယ်ကြောင့် တစ်ခါမျှ မပေါ်လာသေးသော အကြောင်းအရင်းကို မြို့သူမြို့သားများက ဝိုင်းမေးနေကြပြီဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်ကုမ္ပဏီမဟုတ်သောကြောင့် ၎င်းတို့သည် လမ်ပူရီတိုင်းပြည် ကိုယ်စားပြုသည့် လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် ပေါ်လာမည်မဟုတ်ကြောင်း ၎င်းတို့သိရှိခဲ့ကြသည်။

သို့ပေမယ့် ဤလွတ်လပ်သော ကုန်သွယ်မှုဇုန်ကို ဖွင့်လှစ်ပြီးသည်နှင့် Frestech ကုန်သည်ကြီးများအသင်းက အဘယ့်ကြောင့် ပေါ်ထွက်လာရသနည်း?

ထို့အပြင်၊ Frestech ကုန်သည်ကြီးများအသင်း၏အလံသည် ယာဉ်တန်းကို ဦးဆောင်နေကာ ရှေ့တွင် အလွန်ထင်ရှားနေသည်က အဘယ်ကြောင့်နည်း။

Frestech ကုန်သည်ကြီးများအသင်းက အံ့သြစရာကောင်းသည့် ကုန်သည်စုကို ဦးဆောင်လာကာ ကုန်သည်စု ကိုယ်တိုင်ကလည်း အံ့သြစရာပါပဲ။

ရှေးယခင်က လမ်ပူရီ တိုင်းပြည်မှ ရောက်ရှိလာသော ကုန်သည်တန်း၌ သယ်ယူပို့ဆောင်ရေး မှော်ကားများ အများအပြားပါရှိသော်လည်း ၎င်းတို့ကြားတွင် ရိုးရာမြင်းလှည်းအချို့လည်း ပါရှိသေးသည်။

အဓိက အကြောင်းအရင်းမှာ ေမှာ်ကားများက သယ်ယူစရိတ် အလွန်အကျွံ ကုန်ကျပြီး ကုမ္ပဏီငယ်တစ်ခုအနေနှင့် မတတ်နိုင်သောကြောင့် ရိုးရာမြင်းလှည်းများကိုသာ သုံးနိုင်ခြင်းကြောင့် ဖြစ်သည်။

သို့သော် ဤယာဉ်တန်း၌ ခေါင်းအစခြေအဆုံး ရိုးရာမြင်းလှည်းတစ်စီးမှ မပါပေ။

ရှေ့မှနောက်အထိ မရေမတွက်နိုင်သော သယ်ယူပို့ဆောင်ရေး မှော်ကားကြီးများကြောင့် ကြီးမားသော ယာဉ်တန်း ဖြစ်ပေါ်လာသည်။ သူတို့ဟာ မကြီးမားလှသည့် တက်ခ်လင်မြို့၏ ကျောက်တုံးထူထပ်သည့်လမ်းနှင့် ဖုန်အပြည့်လမ်းများကို ဖြတ်သန်းလာခဲ့ကြသည်။

ဤယာဉ်တန်းသည် ယခင်က လမ်ပူရီတိုင်းပြည်မှလာသော အခြား ယာဉ်တန်း များထက်ပင် ပို၍ ခံ့ညားလှသည်။

Frestech ကုန်သည်ကြီးများအသင်းက ဒီအချိန်မှာ သူတို့ကို ဦးဆောင်လာတာကြောင့်လား။

ထိုယာဉ်တန်းကြီး ချဉ်းကပ်လာချိန်မှာ လူတိုင်းက မျက်လုံးပြူးကာဖြင့် ကြည့်နေကြသည်။ Frestech ကုန်သည်ကြီးများအသင်း၏အလံသည် တစ်ကီလိုမီတာထက်မနည်းအကွာတွင် နေရောင်အောက်တွင်တောက်ပနေပုံရသော အဖြူရောင် မှော်ဆလွန်းရှေ့၌ လျင်မြန်စွာထွက်ပေါ်လာသည်။

ဖုန်မှုန့်ထဲမှာ အချိန်အတော်ကြာအောင် မောင်းနှင်နေခဲ့သည်မှာ ထင်ရှားသော်လည်း ဤမှော်ဆလွန်းဟာ ဖုန်မှုန့်အမှုန်အမွှားတစ်ခုနှင့်မှ မစွန်းထင်းသလို တောက်ပနေဆဲပင်။

အလွန်ချောမွေ့ပြီး လှပသော မှော်ဆလွန်းသည် လေထဲတွင် ဖုန်မှုန့်များကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ ကြည့်လိုက်ရုံနှင့် လူများ အံ့အားသင့်သွား၏။

ထို မှော်ဆလွန်းကိုမြင်လိုက်ရသည်က တက်ခ်လင်မြို့ မြို့စားဖူယိုက သူ့ဘေးနားက အရေးကြီးတဲ့လူတွေကို ကြည့်ဖို့ မြို့ပြင်မှာ အချိန်အတော်ကြာ စောင့်နေခဲ့ခြင်းကြောင့်ပင်။

"သွားနှုတ်ဆက်၊ မရိုင်းစေနဲ့" လေးနက်သောအမူအရာဖြင့် လူလတ်ပိုင်းတစ်ဦးသည် အတော်လေး တင်းကြပ်ဟန်ဖြင့်ဆိုလာသည်။

“ဟုတ်ကဲ့။” ဖူယိုက အမြန်သဘောတူပြီး ကြိုဆိုပွဲအတွက် ပြင်ဆင်ထားပြီးဖြစ်သော သံစုံတီးဝိုင်းကို စတင်ရန် သူ့လက်ကို မြှောက်၍ အချက်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် လမ်းဘေးရှိ ကလေးများ သည် ပန်းများကို လက်ထဲတွင် ဝှေ့ယမ်းလာကြသည်။

နောက်တော့ လူတစ်စု ရှေ့ကို ရောက်လာ၏။

ရှုယီ၏ ကိုယ်ပိုင် မှော်ဆလွန်းဟာ တဖြည်းဖြည်းနှင့် ရပ်တန့်သွားပြီး နှစ်ဘက်လုံးက ကလေးတွေနဲ့ သံစုံတီးဝိုင်းကို ကြည့်ရင်း အပြင်ကို ထွက်လာသော် မနေနိုင်အောင် ပြုံးပြမိသည်။

ဤမြင်ကွင်းက ကမ္ဘာမြေပြင်ရှိ TV၌ မြင်ဖူးသော မြင်ကွင်းကို မနေနိုင်အောင် တွေးမိသွားစေသည်။

"ဥက္ကဌ ရှု ကြိုဆိုပါတယ် ကြိုဆိုပါတယ်......"

မြို့စားဖူယိုမှ တင်းကြပ်သော အသွင်အပြင်ရှိသော လူလတ်ပိုင်းအရွယ် ရှုယီကို မြင်သောအခါတွင် သူ့မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လာသည်။ သူသည် လျင်မြန်စွာ ရှေ့သို့ ထွက်လာပြီး သူ့လက်များကို ဆန့်တတန်းပေးလိုက်သည်။

ရှုယီက သူ့လက်ကို ပြုံးပြပြီး လက်ကိုဆွဲကာ "အယ်လ်ဗင်၊ ကိုယ်တိုင်ကိုယ်ကျ လာရမှာဆိုတော့ နည်းနည်းတော့ ရှက်မိပါတယ်"

ဤလူလတ်ပိုင်းအရွယ်အမျိုးသားသည် စခ်တိုင်းပြည် ၏စီးပွားရေးဌာနအကြီးအကဲ ပေါလာ အယ်လ်ဗင် ဖြစ်သည်။

လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ထပ်မံဖွင့်လှစ်လိုက်သဖြင့် Frestech ကုန်သည်ကြီးများအသင်းမှ လမ်ပူရီတိုင်းပြည် ယာဉ်တန်းကို တက်ခ်လင်မြို့ သို့ပို့ဆောင်ရာတွင် အရေးပါအရာရောက်ခဲ့သည်။ စခ်တိုင်းပြည်က ဒါကို အရမ်းအာရုံစိုက်တဲ့အတွက် သူတို့တတ်နိုင်သမျှ အရေးကြီးဆုံးလူကို စေလွှတ်လိုက်ပါ၏။

အကယ်၍ ၎င်းသည် အပြင်ပန်းရှိ စီးပွားရေးအတွက်သာ မဟုတ်ပါက၊ စခ်တိုင်းပြည်သည် စီးပွားရေးဌာန၏ အကြီးအကဲ ပေါလာ အယ်လ်ဗင် ကို ယခုမှ စေလွှတ်မည်မဟုတ်သည်မှာ သေချာပါသည်။

ရှုယီ၏စကားကိုကြားတော့ အကြီးအကဲ အယ်လ်ဗင်က ရယ်သည် "ဥက္ကဌ ရှု က ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျားကိုယ်တိုင်လာမှာကို သိရှိပြီးနောက်မှာ ခင်ဗျားနဲ့ တွေ့ဆုံလိုတဲ့ နိုင်ငံသားများစွာ ရှိနေတာပါ။ ဒီနေရာမှာ ရပ်တည်နိုင်ဖို့ ကျုပ်တို့ရဲ့ အဆင့်အတန်းကနေ အကျိုးကျေးဇူးရရှိခဲ့ပါတယ်၊ မဟုတ်ရင် ဒါကို ရဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။”

ရှုယီသည် ဤအကြီးအကဲ အယ်လ်ဗင် က လူတို့ကို မြှောက်ပင့်ပြောဆိုနည်းကို အမှန်တကယ် သိသည်ဟု ထင်မှတ်ကာ ဖျတ်ခနဲ ပြုံးပြလိုက်သည်။

သို့ပေမယ့် ဒီလူက စီးပွားရေးဌာနရဲ့ အကြီးအကဲဖြစ်လို့ ကုန်သည်တွေနဲ့ မကြာခဏ အဆက်အသွယ်ရသည့်အတွက် သူတို့လို စကားပြောနည်းကို သဘာဝကျကျ သင်ယူခဲ့ပါ၏။ သူသည် စခ်တိုင်းပြည်၏ စစ်မှန် ထင်ရှားကျော်ကြားသော ဧည့်သည်တစ်ဦးဖြစ်သောကြောင့် သူ့အကြောင်းကို လွန်စွာတွေးတောတတ်သည်မှာ သာမန်ဖြစ်သည်။

"ကျွန်တော်က အလှပြစရာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုတွေ့တာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုတွေ့ချင်လို့ရှိရင် လမ်းခင်းတာက ပိုအဆင်ပြေမှာမဟုတ်ဘူးလား"

အယ်လ်ဗင်သည် ရှုယီအနောက်တွင် ရပ်နေသော လမ်ပူရီတိုင်းပြည် ယာဉ်တန်းကို ကြည့်သော် ဖုန်မှုန့်များဖြင့် ပြည့်နေသော ကောင်းကင်ကြီးကို မြင်လိုက်ရကာ အဆင်မပြေသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၉။ လစ်လပ်နေရာများ ဖြည့်စွက်ခြင်း။

Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုက စိုင်စ်နယ်မြေကြီး အနောက်တောင်ထောင့်ဘက် နိုင်ငံများရှိ မှော်စက်တို့၏ တိုးတက်မှုကို မြင့်တက်လာစေရာ အနီးဝန်းကျင်နိုင်ငံများကို အကြီးအကျယ် သက်ရောက်မှုရှိ၏။

သို့သော် မှော်စက်များကို ဘေးဖယ်ထားလျှင် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် အနှီနိုင်ငံများထံ ယူဆောင်လာသော အကြီးမားဆုံးပြောင်းလဲမှုမှာ ပို့ဆောင်ဆက်သွယ်ရေးပြောင်းလဲမှုပင်ဖြစ်သည်။

အများပြည်သူလမ်းများဖြစ်ကြသော အနှီလမ်းသစ်များက ဘန်တာမြို့တော်၌ ဦးစွာ ပေါ်ထွက်လာပြီး လူများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။

လမ်ပူရီတိုင်းပြည်ရှိ မြို့တိုင်းကို ချိတ်ဆက်ထားသော လမ်းများ ပြည့်သွားသောအခါ၊ ဤလမ်းများထံမှ အကျိုးကျေးဇူးများ ရရှိလာသည်ကို သတိပြုမိလာကြသည်။

Frestech ကုန်သည်ကြီးများအသင်းမှတီထွင်ခဲ့သော မှော်ကားများနှင့်အတူ၊ လမ်ပူရီတိုင်းပြည်တွင် သယ်ယူပို့ဆောင်ရေးကွန်ရက်အသစ်တစ်ခု ရှိလာခဲ့သည်။

ရှေးယခင်က မြေသားလမ်းများပေါ်ရှိ မြင်းလှည်းများနှင့် နှိုင်းယှဉ်ပါက အဆိုပါချောမွေ့သောလမ်းများပေါ်ရှိ မှော်ကားများသည် ခရီးသွားလာမှု အရှိန်နှင့် သွားလာရေး အဆင်ပြေမှု နှစ်ခုစလုံးကို တိုးမြင့်လာစေခဲ့သည်။ ရိုးရာမြင်းလှည်းများကို လူတိုင်းကနောက်သို့ တွန်းပို့ခဲ့သည်။

ထို့ကြောင့် လမ်းများမှ ရရှိသော အကျိုးကျေးဇူးများကို မြင်ပြီးနောက်၊ လမ်ပူရီတိုင်းပြည်တဝှမ်းရှိ နိုင်ငံများက ၎င်းတို့ထံမှ သိရှိလာကာ အမ်ရစ်ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏နိုင်ငံများတွင် လမ်းများဖောက်လုပ်ရန် ဖိတ်ကြားလာကြသည်။

ယနေ့အထိ၊ လမ်ပူရီတိုင်းပြည်တွင်၏ လမ်းပေါင်း ကီလိုမီတာ နှစ်သောင်းကျော်ရှိသည်။ မြို့တော်တိုင်းကို ချိတ်ဆက်ထားရုံသာမက၊ မြို့လေးအားလုံးနီးပါးကိုပါ ချိတ်ဆက်ထားပါ၏။

ဒုတိယနေရာမှာတော့ လမ်ပူရီတိုင်းပြည်ထက် ပိုကြီးသော ရူဒ်ဆန်တိုင်းပြည် မဟုတ်ဘဲ စတက်တိန်းနယ်မြေဖြစ်ပါ၏။

ယခုနှစ်အစတွင် ရူဒ်ဆန်တိုင်းပြည်၏ စုစုပေါင်းလမ်းများသည် ကီလိုမီတာ တစ်သောင်းကျော်သာ ရှိသေးသည်။ သို့သော် စတက်တိန်းနယ်မြေ၏လမ်းများသည် ယမန်နှစ်လယ်တွင် ကီလိုမီတာတစ်သောင်းငါးထောင်သို့ရောက်ရှိနေပြီဖြစ်သည်။

တစ်စုံတစ်ယောက်သည် ၎င်းကို ဝေဟင်မှ လှမ်းကြည့်လိုက်လျှင်၊ စတက်တိန်းနယ်မြေ၏လမ်းများသည် ပင့်ကူအိမ်ကဲ့သို့ဖြစ်ပြီး မတူညီသောလမ်းများစွာက တစ်ခုနှင့်တစ်ခုဖြတ်ကျော်နေကြသည်။ ယခင်က လမ်း မရှိသောနေရာများပင်၊ ယခုအခါ စတက်တိန်းနယ်မြေ၏ အစိတ်အပိုင်းတိုင်းနှင့် ဆက်သွယ်ထားသည့် လမ်းတစ်ခုရှိနေပြီဖြစ်သည်။

၎င်းတို့ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက် စခန်းသည် စတက်တိန်းနယ်မြေ တွင် ရှိသောကြောင့်ပင်။

၎င်းအပြင်၊ ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေ၊ နော်တွန်နယ်မြေနှင့် အခြားနိုင်ငံများတွင် ၎င်းတို့၏ အဓိကလမ်းတွေအားလုံးကို အစားထိုးဖို့ သေချာစေမယ့် လမ်းပေါင်းများစွာကို ဖောက်လုပ်ခဲ့ပါ၏။

မနှစ်က လမ်ပူရီတိုင်းပြည်ကို ဆက်သွယ်ခဲ့သော ဖော့ခ်တိုင်းပြည်တောင်မှ သူတို့နိုင်ငံကို ဖြတ်သွားသည့် လမ်းသုံးလမ်းကို ဖောက်လုပ်ခဲ့ပြီး နောက်ထပ် ဆယ့်တစ်လမ်းကို မှာယူထားသည်။ ခင်းမည့်လမ်းမှာ ကီလိုမီတာ နှစ်ထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အစီရင်ခံစာအရ “လမ်ပူရီ အပတ်စဉ်” သည် အဆိုပါနိုင်ငံများတွင် လမ်းခင်းခြင်းကို ငါးနှစ်အတွင်း အပြီးသတ်နိုင်မည်ဟု ခန့်မှန်းရပြီး အဆိုပါနိုင်ငံများ၏ လမ်းအားလုံးကို ချိတ်ဆက်ပေးမည်ဟု ဖော်ပြထားသည်။

ယင်းကို အောင်မြင်ပြီးသည်နှင့် အနောက်တောင်ဘက်အဝေးဆုံးရှိ စတက်တိန်းနယ်မြေမှ အရှေ့မြောက်အဝေးဆုံးရှိ ဖော့ခ်တိုင်းပြည်သို့ ထွက်ခွာပါက၊ ကီလိုမီတာ နှစ်ထောင့်ငါးရာ ကွာဝေးသော လမ်းတစ်ခုလုံးကို ဆက်သွယ်ပေးမည့် လမ်းတစ်ခု ရှိလာမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ အဆင့်မြှင့်ထားသော အမြန်ဆုံး မှော်ဆလွန်းဖြင့်ဆိုလျှင် ဤအကွာအဝေးကို သွားလာရန် တစ်ရက်ခွဲသာ ကြာမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဤနေရာသည် လူတိုင်းနီးပါး ဖြတ်ကျော်ရန် မဖြစ်နိုင်ဟု ထင်ခဲ့သော အကွာအဝေးတစ်ခုဖြစ်သည်။

လမ်းများ၏ ပုံစံအားဖြင့် နိုင်ငံတစ်ခုနှင့်တစ်ခုကြား အကွာအဝေးသည် အလွန်နည်းပါးသွားသည်ဟု ဆိုနိုင်သည်။ ၎င်းသည် စိုင်စ်နယ်မြေကြီး၏ အနောက်တောင်ဘက်ရှိ နိုင်ငံများကို အချင်းချင်း ပိုမိုနီးကပ်စေခဲ့သည်။

၎င်းတို့အားလုံးဟာ စခ်တိုင်းပြည်နှင့် မဆိုင်ပါချေ။

အလွန်ရိုးရှင်းပါ၏၊ စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်နှင့် အမြဲတမ်းရန်သူဖြစ်ခဲ့ပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်ကုမ္ပဏီဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း နှင့် စခ်တိုင်းပြည် အကြား ဆက်စပ်မှုကြောင့်လည်း အမ်ရစ်ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်တွင် လမ်းများခင်းရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အခြားနိုင်ငံများသည် လမ်းများပေါ်တွင် ရင်းနှီးမြုပ်နှံကာ ၎င်းတို့၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်အသစ်များ ဖန်တီးနေချိန်တွင် စခ်တိုင်းပြည်က စောင့်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ သူတို့လိုချင်ပါလျှင်တောင် ဘာမှလုပ်လို့မရပေ။

လမ်ပူရီတိုင်းပြည် နှင့် စခ်တိုင်းပြည် အကြား လွတ်လပ်စွာ ကုန်သွယ်မှုဇုန် တည်ထောင်ပြီးနောက်၊ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြေလျော့လာသည်နှင့်အမျှ စခ်တိုင်းပြည်မှာ မျှော်လင့်ချက် အနည်းငယ် ရလာခဲ့ကြသည်။

သို့သော် စခ်တိုင်းပြည်မှ လမ်ပူရီတိုင်းပြည်အား ရှင်းရှင်းလင်းလင်းဖြစ်စေ လျှို့ဝှက်စွာဖြစ်စေ ဖော်ပြသည့်အနေဖြင့်အမ်ရစ်ကုန်သည်ကြီးများအသင်းသို့ လျှို့ဝှက်ဆက်သွယ်ရန် လူများစေလွှတ်ခြင်းပင်လျှင် ပယ်ချခံခဲ့ရသည်။ ယင်းကြောင့် စခ်တိုင်းပြည် ဘက်မှ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရသည်။

ဤတစ်ကြိမ်မှာတော့ လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကို ရုတ်တရက် စစ်ကြေညာခဲ့ရာ စခ်တိုင်းပြည်မှလူများသည် လမ်းများခင်းရန် မျှော်လင့်ချက်ကို ပို၍ပင်စွန့်လွှတ်စေခဲ့သည်။

သူတို့ကြားက ဆက်ဆံရေးက ဆိုးရွားနေပြီဖြစ်သဖြင့် လမ်ပူရီတိုင်းပြည်က အမ်ရစ်ကုန်သည်ကြီးများအသင်းကို စခ်တိုင်းပြည်၌ လမ်းတွေဖောက်ဖို့ မည်သို့ခွင့်ပြုနိုင်ပါမည်နည်း။

သို့သော်၊ လမ်ပူရီတိုင်းပြည်၏သဘောထားသည် တစ်ရာ့ရှစ်ဆယ်ဒီဂရီ အပြောင်းအလဲကို ရုတ်တရက်ကြုံတွေ့ရမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

စခ်တိုင်းပြည်အား အပစ်အခတ်ရပ်စဲရေး အဆိုပြုပြီးနောက်၊ လမ်ပူရီတိုင်းပြည်သည် ဤလွတ်လပ်သောကုန်သွယ်မှုဇုန်ကို ထပ်မံတည်ထောင်ရုံသာမက အခြားကဏ္ဍများတွင်လည်း ပိုမိုဖြေလျှော့လာခဲ့သည်။

လမ်းများဖောက်လုပ်ခြင်းသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်အောက်တွင် မရှိခဲ့ပေ။ သို့ပေမယ့် သူတို့က လမ်ပူရီတိုင်းပြည်အတွက် ယာဉ်တန်းကို ဤနေရာ၌ ဦးဆောင်ပေးလာသည်။ သူတို့နောက်ရှိ ယာဉ်တန်းတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ကိုယ်စားလှယ်တစ်ယောက်ရှိ၏။

အကြီးအကဲ အယ်လ်ဗင် သည် လမ်းများကိုပြောပြီးနောက် ရှုယီက သူ့နောက်အား လက်ကိုဝှေ့ယမ်းလိုက်ရာ ဘေးမှကြည့်နေသော ဥက္ကဋ္ဌ ခရုစ် သည် ပြုံးလျက် ရောက်ရှိလာသည်။

"အကြီးအကဲ အယ်လ်ဗင်၊ ဒါက အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌ ခရုစ် ပါ။ ခရုစ်၊ ဒါက စခ်တိုင်းပြည် စီးပွားရေးဌာနရဲ့ အကြီးအကဲ အယ်လ်ဗင် ပါ။" ရှုယီက သူတို့နှစ်ဦးအား တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပေးလိုက်၏။

ဥက္ကဋ္ဌ ခရုစ်က ပြုံးပြပြီး သူ့လက်ကို ကမ်းပေးလာသည်။ လမ်းတစ်ဝက်အရောက် အကြီးအကဲ အယ်လ်ဗင် က ၎င်းကိုပြန်ကမ်းကာ စိတ်လှုပ်ရှားသောအသံဖြင့် ပြောသည် ။ "ဥက္ကဌ ခရုစ်၊ ခင်ဗျားကိုတွေ့ရတာ တကယ်ဝမ်းသာပါတယ်။ ကျုပ်တို့ စခ်တိုင်းပြည်က ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို အချိန်အကြာကြီးတည်းက ရောက်လာဖို့ မျှော်လင့်နေခဲ့တာ။"

ဥက္ကဋ္ဌ ခရုစ်က ရယ်မောလိုက်၏ “အကြီးအကဲ အယ်လ်ဗင်၊ ယဉ်ကျေးလွန်းနေပါပြီ။ တကယ်တော့ ကျုပ်တို့လည်း စောစောလာချင်ခဲ့တာပါ။ ကျုပ်တို့ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်အစီအစဉ်မှာ၊ ကျုပ်တို့က စခ်တိုင်းပြည်ထဲမပါတာကြောင့် စိတ်ပူနေခဲ့ရတာပါ"

အကြီးအကဲ အယ်လ်ဗင် က ရယ်မောလိုက်ပြီး‌နောက် ဥက္ကဋ္ဌ ခရုစ် ၏လက်ကို ပိုမိုတင်းကြပ်စွာ ကိုင်လာခဲ့သည်။

"ဒီကိုရောက်လာမှတော့ ဘာလို့ဒီကွာဟချက်ကို အတူတူဖြည့်ရမှာလဲ၊ ခင်ဗျားရောဘယ်လိုသဘောရလဲ"

"ဒါပေါ့ ဒီတစ်ခါလာတာကလည်း ဒါကို ဖြည့်ဖို့သပ်သပ်ပါပဲ" ဥက္ကဋ္ဌ ခရုစ်က လေးနက်သော အသံဖြင့် ပြောသည်။

ရှုယီက ပြုံးကာ အကြီးအကဲ အယ်လ်ဗင် ၏ နောက်က လူတွေကို ကြည့်၍ မေးလာသည် “ခင်ဗျားတို့ထဲက ဘယ်သူက မြို့စား ဖူယို လဲဆိုတာ မေးလို့ရမလား”

တလျှောက်လုံး ပြုံးနေသော မြို့စား ဖူယို သည် သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားဟန်ဖြင့် ထွက်လာသည်။

"ဥက္ကဋ္ဌ ရှု၊ ဘာအမိန့်ပေးချင်လို့များလဲ?"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းပြလာသည် "ဒါက အမိန့်မဟုတ်ပါဘူး၊ ဒါပေမယ့် မြို့စား ဖူယို၊ မော်တော်ယာဉ်တန်းကလူတွေ ရောက်နေပြီဆိုတော့ အချိန်မဖြုန်းဘဲ စလိုက်ကြရအောင်"

မြို့စား ဖူယိုက အကြီးအကဲ အယ်လ်ဗင် ကို ကြည့်လိုက်သည်။

အကြီးအကဲ အယ်လ်ဗင် က လေးလေးနက်နက် ကြည့်လိုက်၏ "မင်း ငါ့ကို ဘာလို့ကြည့်နေတာလဲ၊ ဘာလုပ်ရမှန်း မင်းပါသိတယ်၊ ဥက္ကဋ္ဌ ရှု ပြောတာသာ နားထောင်" ထိုသို့ပြောပြီးနောက် သူက ရှုယီဘက်လှည့်၍ ဖော်ရွေသည့်အပြုံး ပြန်ပြောင်းသွားသည် "ဥက္ကဌ ရှု ပြောပါ"

ရှုယီက ခေါင်းခါလိုက်ပြီး "အကြီးအကဲအယ်လ်ဗင်၊ မှားနေပြီ။ ဒီတခေါက် ကျုပ်က ဦးဆောင်မှာမဟုတ်ဘူး၊ သူတို့က ဦးဆောင်သူပဲ”

ရှုယီက သူ့နောက်က လမ်ပူရီတိုင်းပြည် ယာဉ်တန်းကို ညွှန်ပြလာတာကိုတွေ့တော့ အကြီးအကဲ အယ်လ်ဗင်မှာ အံ့သြသွားပြီး ခေါင်းညိတ်ပြ၍ နားလည်ဟန်ကို ထုတ်ပြလာသည်။

"မှန်တယ်၊ မှန်တယ်၊ မှန်တယ်၊ ကျုပ်ကိုကြည့်ပါ။ ဒါဆို..... ဥက္ကဌ ခရုစ်၊ ခင်ဗျားနဲ့အတူပါလာတဲ့ တခြားကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေ သွားတွေ့ရင်ရော။"

ဥက္ကဌ ခရုစ်သည် ရှုယီကိုကြည့်၍ ခေါင်းတညိတ်ညိတ်လုပ်ကာ အကြီးအကဲ အယ်လ်ဗင် နှင့်အတူ ယာဉ်တန်းဆီသို့ သွားခဲ့သည်။

လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ လမ်ပူရီတိုင်းပြည်မှ စခ်တိုင်းပြည်သို့ ယနေ့ ပေးပို့သော သင်္ဘောသည် လွတ်လပ်သော ကုန်သွယ်မှုဇုန်ကို တစ်ဖန်ပြန်လည်ဖွင့်လှစ်ရန် ရည်ရွယ်သည်။

ရှုယီသည် အရေးကြီးဆုံး ကုမ္ပဏီ ကိုယ်စားလှယ်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း သည် အဆုံးတွင် လမ်ပူရီတိုင်းပြည်ကုမ္ပဏီမဟုတ်ပေ။ လွတ်လပ်သော ကုန်သွယ်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး တရားဝင်ကြေညာမည့် အခမ်းအနားတွင် ၎င်းတို့သည် လမ်ပူရီတိုင်းပြည်ကို ကိုယ်စားမပြုနိုင်ပေ။

စခ်တိုင်းပြည် ခရီးစဉ်သည် ဤတစ်ကြိမ်တွင် သူ၏ရပ်တည်ချက်ကို ပြသရန်သာဖြစ်သည်။ သူဟာ စခ်တိုင်းပြည် နှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို စတင်ရာတွင် Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုကို ကိုယ်စားပြုထားပြီး ယခုတစ်ကြိမ် စခ်တိုင်းပြည်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လမ်ပူရီတိုင်းပြည်၏ ရိုးသားမှုကိုလည်း ပြသနေခြင်းဖြစ်သည်။

ထို့ကြောင့် နောက်ပိုင်းအခမ်းအနားများတွင် ရှုယီက သူသည် ကြည့်ရှုသူသာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အကြီးအကဲ အယ်လ်ဗင် သို့မဟုတ် မြို့စား ဖူယို တို့မှာ အားလပ်ချိန်တိုင်း သူ့ကို လာရောက်တွေ့ဆုံကြသည်။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် ဤပူးပေါင်းဆောင်ရွက်မှု၏ စစ်မှန်သော ဦးဆောင်သူဖြစ်‌သည်။

သို့ပေမယ့် စခ်တိုင်းပြည် အစိုးရိမ်ဆုံးအပိုင်းက ဒီမှာတင်မဟုတ်ပါချေ။

အခမ်းအနားအပြီးတွင်၊ လမ်ပူရီတိုင်းပြည် ကားဂိတ်သည် တက်ခ်လင်မြို့ သို့ ဦးတည်ကာ အချိန်မီ ပြင်ဆင်ပြီးသော စတိုးဆိုင်များဆီသို့ ဦးတည်သွားခဲ့သည်။

တက်ခ်လင်မြို့လေး တွင် ခြေကုပ်ယူထားသည့် ကုမ္ပဏီများစွာရှိသည်။ အရင်က ဒီနေရာကို မရောက်ဖူးသူတွေလည်း အများအပြားရှိပေမယ့် နှစ်နိုင်ငံကြား လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် ပြန်ဖွင့်နေတာကြောင့်၊ လွတ်လပ်သော ကုန်သွယ်မှုဇုန်သို့ ချဲ့ထွင်လိုပြီး တစ်ဦးတည်း လိုက်ပါဆောင်ရွက်ခဲ့သည်။

ဤကုမ္ပဏီများအတွက် စခ်တိုင်းပြည် နှင့် တက်ခ်လင်မြို့ သည် စတိုးဆိုင်အသစ်များစွာကို တည်ဆောက်ခဲ့ပြီး၊ ဤလွတ်လပ်သောကုန်သွယ်မှုဇုန်ရှိ အဆောက်အအုံအရေအတွက်ကို နှစ်ဆ တိုးချဲ့ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးစတိုးဆိုင်ဖြစ်လာမည့် ကြီးမားသောစတိုးဆိုင်ကိုလည်း လက်ခံရရှိခဲ့ပါ၏။

ဟုတ်ပါတယ်၊ ဒီစတိုးမှာရောင်းနေတဲ့အရာကတော့ Frestech ကုန်သည်ကြီးများအသင်း၏အိမ်သုံးမှော်စက်အမျိုးမျိုးပါပင်။

စခ်တိုင်းပြည်က အများဆုံး ဂရုစိုက်ခံခဲ့ရခဲ့တဲ့ စစ်တပ်မှော်စက်နဲ့ ပက်သက်ပြီး သူတို့ ဘယ်လိုရောင်းစားနိုင်မှာတဲ့လဲ။

အခမ်းအနားတွင်ပါဝင်ခဲ့သည့် ရှုယီသည် လူတိုင်းအတွက် မြို့စား ဖူယို ပြင်ဆင်ပေးသော ပွဲကို မပါဝင်ခဲ့ပေ။ သူသည် အကြီးအကဲ အယ်လ်ဗင် နှင့်အတူ လိုက်ပါလာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြို့စား ဖူယို ၏ ကိုယ်ပိုင်အိမ်သို့ နောက်မှ လိုက်သွားခဲ့သည်။

ခြံထဲသို့ သူရောက်သွားသောအခါရှုယီသည် သူ့ရှေ့မှ ပြင်းထန်သော သတ်ဖြတ်‌ေငွ့ကို ခံစားလိုက်ရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၀။ မောက်မာခွင့်ရှိသည်

ရှုယီမှာ ခန်းမကို လှမ်းကြည့်လိုက်ရာ သန်မာသည့် စစ်ဘက်ဆိုင်ရာပုံစံနှင့် မျက်နှာများစွာကို တွေ့လိုက်ရသည်။

မှန်ပါ၏ ၊ ထိုနေရာ၌ မျက်နှာ ခပ်ဝိုင်းဝိုင်းနှင့် အတော် ဖော်ရွေပုံရသော လူတစ်ဦးလည်းရှိသည်။

သို့သော် အနှီ စစ်သားနှင့်တူသော လူကြီးများကြောင့် ထိုသူ၏ ဘေးပတ်လည်၌ပင် သတ်ဖြတ်လိုရိပ်က ရှိနေ၏။

သတ်ဖြတ်ရိပ် စွန်းထင်းနေသော မျက်လုံးများကို ခံစားမိသော် ရှုယီက ပြုံးရင်း ကုန်သည်နှင့်တူသော လူလတ်ပိုင်းတစ်ဦးထံ လျှောက်လာသည်။

"ဗိုလ်ချုပ်ကြီး တော့ဖ်ခ်၊ ပြန်တွေ့ရတာဝမ်းသာပါတယ်။"

စစ်ဗိုလ်ချုပ်ကြီး တော့ဖ်ခ် ဟုခေါ်သော ကုန်သည်နှင့်ဆင်တူသူ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်လုံးများရှိ ဖော်ထုတ်ရန် ခက်ခဲသော သတ်ပစ်လိုရိပ်များကို ဖယ်ရှားလိုက်ပြီး ရှုယီဆီသို့ ပြုံးလျက် လက်ကို ကမ်းပေးလာသည်။

"ဥက္ကဌ ရှု၊ ခင်ဗျားကိုဒီမှာတွေ့ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။"

ရှုယီသည် အနီးနားရှိ လူများကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ပြီးဆိုလာသည် "သူတို့တွေက ခင်ဗျားတို့ တော်ဝင်စစ်တပ်ရဲ့ စစ်သားတွေများလား?"

ရှုယီ၏အမေးကိုကြားသော် အသက်လေးဆယ်ကျော်အရွယ်ရှိ ဤနေရာတွင် အငယ်ဆုံးဖြစ်ပုံရသော လူလတ်ပိုင်းတစ်ဦးသည် အေးစက်စက် နှာမှုတ်လိုက်သည်။

"ရှုယီဆိုတာဟာ မယုံနိုင်လောက်စရာ လူတစ်ယောက်လို့ ထင်ခဲ့တယ်၊ ဒါပေမယ့် မင်းလိုသာမန်ကောင်လေးဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

ရှုယီသည် ထိုသူ့ကိုကြည့်ကာ ဒေါသကို လျစ်လျူရှုလျက် ဗိုလ်ချုပ်ကြီး တော့ဖ်ခ် ထံ ပြန်လှည့်လာသည် "တော်ဝင်စစ်တပ်က ရိုးသားပုံမပေါ်ဘူး၊ ဒါဆို ဒီခရီးက အလဟသဖြစ်သွားပြီပဲ။ နှုတ်ဆက်ပါတယ်"

ရှုယီက တကယ်ကြီး လှည့်ထွက်သွားတော့မည်ကိုမြင်သော် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ ကြောက်ရွံ့ကာ ရှုယီကို အမြန်ဆွဲထားလိုက်သည်။ သူက ယခုနကမှ ပြောလာသည့် သက်လတ်ပိုင်းလူကို လှည့်၍ မျက်လုံးဖြင့်အချက်ပြပြီးနောက် ရှုယီထံ အပြုံးဖြင့် ဆိုလာသည်၊ "ဥက္ကဌရှု ခင်ဗျား နားမလည်လောက်ဘူး။ ကျုပ်တို့က ဒီပူးပေါင်းမှုအတွက် စိတ်ရင်းအပြည့်ပါပဲ မုသား နည်းနည်းလေးတောင်မပါ,ပါဘူး။ မဟုတ်ရင် ခင်ဗျားနဲ့ တွေ့ရုံအတွက် ဒီလူတွေအားလုံးလွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူးလို့ မထင်ဘူးလား?"

ရှုယီက သူ၏ လက်ကိုကိုင်ထားသော ဗိုလ်ချုပ်ကြီး တော့ဖ်ခ်ကို ခေါင်းငုံ့ကာကြည့်လိုက်ပြီးနောက် အခုနက စကားပြောလိုက်သော သက်လတ်ပိုင်းလူကို မော့ကြည့်သည်။ သူက တည်ငြိမ်စွာ ဆိုပါ၏၊ "ခင်ဗျားတို့သာ တကယ်ပဲ ပူးပေါင်းရေးမှာ စိတ်ရင်းပါရင် အဲ့လို အသုံးမဝင်တဲ့စကားတွေနဲ့ အချိန်မဖြုန်းပါနဲ့"

"ဒါပေါ့ ဒါပေါ့" ၎င်းတို့မှာ ရှုယီက သရုပ်ဆောင်နေရုံဖြစ်သည်ကို သိသော်လည်း ရှုယီ၏ အသံက ပေါ့ပါးသွားသည်ကို ကြားသော် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ မနေနိုင်ဘဲ မိမိ‌နဖူးထက်ရှိ ချွေးအေးများကို သုတ်မိရသည်။

ရှုယီကို ဤတစ်ကြိမ် တွေ့နိုင်ခြင်းမှာ စခ်တိုင်းပြည်က တန်ကြေးကြီးကြီးပေးခဲ့ရသည်ဟုပင် ဆိုနိုင်သည်။ ၎င်းက ရှုယီကို စကားလုံးလေးအနည်းငယ်ကြောင့် ထွက်သွားအောင် လုပ်မိပါလျှင် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ မည်သည်ဖြစ်ပွားမည်ကို စိတ်ပင်မကူးကြည့်နိုင်ချေ။

တကယ်တမ်းတွင် သူဟာ ဤလူများကို ညှိနှိုင်းရေးအတွက် လွှတ်ခြင်းနှင့် စပ်လျဉ်း၍ စစ်ဌာနချုပ်ကို သဘောမတူခဲ့သော်လည်း စစ်ဌာနချုပ်မှာ ၎င်းတို့က ရှေ့တန်းက တပ်မှူးများဖြစ်ကြောင်း ပြောလာသဖြင့် စစ်သည်များက မည်သည့် စစ်ဘက်သုံးမှော်စက်ကို တကယ်လိုအပ်ပြီး ၎င်းတို့ကို ယူဆောင်ရန် တွန်းအားပေးမည်ကို သိကြပါ၏။

သူ မျှော်လင့်ထားသလိုပင် ၎င်းတို့မှာ ရှုယီကို မြင်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များတပ်ဆင်ထားသော လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်လက်ထဲ၌ ကျရှုံးခဲ့ရသည့် အနှီစီနီယာ တပ်မှူးများမှာ သေခြင်းနှင့်ရှင်ခြင်းရန်သူကို ဆုံတွေ့ဖူးသကဲ့သို့ ရှုယီအပေါ် ရန်လိုမှုအား မဖုံးကွယ်ထားနိုင်တော့ပေ။

၎င်းတို့သာ သာမန် ညှိနှိုင်းမှုဆိုလျှင် ၎င်းတို့၏ ညှိနှိုင်းရေးအတွက် အုတ်မြစ်ကောင်းကောင်းတည်ဆောက်မည့် ရှုယီအပေါ် ခြိမ်းခြောက်မှုအချို့ပြုလုပ်ရန် စဉ်းစားမိနိုင်သည်။

သို့သော် ဤညှိနှိုင်းရေး၌ စခ်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းကို တစ်ဖက်သတ်တောင်းဆိုမှု ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ၎င်းတို့မှာ လုံးဝမတူကွဲပြားသည့်အဆင့်၌ ရှိနေသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကို လုံးဝလျစ်လျူရှုနိုင်ရာ စခ်တိုင်းပြည်က တစ်ဘက်ကို မည်သို့လုပ်နိုင်ပါမည်နည်း?

မှန်ပါ၏၊ ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ ရှုယီ၏ ဒေါသက ဤမျှ ဆိုးဝါးမည်ကာ ၎င်းတို့ ညှိနှိုင်း မနှိုင်းကို ဂရုမစိုက်သည့်၌ အားကောင်းသော ရပ်တည်ချက် ပြလာမည်ဟု ထင်မထားခဲ့ဖူးပါချေ။

ရှုယီက ဂရုမစိုက်နေချိန်တွင် ဤညှိနှိုင်းမှု၌ စခ်တိုင်းပြည်မှာ ညှိနှိုင်းရမည်ဖြစ်သလို သူတို့ကလည်း ရှုယီကို စိတ်တိုင်းကျစေရမည်မှာ တကယ်ကို သနားဖွယ်ပင်။

၎င်းကို စဉ်းစားရင်း ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ စိတ်ထဲ၌ ခါးသက်သက်ရယ်မော၍ စစ်ဌာနချုပ်မှ သူ့ထံပေးလာသည့် ဤတာဝန်မှာ တကယ်တမ်း မလွယ်လှဟု စဉ်းစားလိုက်မိသည်။

ရှုယီအား ထိုင်ခုံရှိရာဆီ ဆွဲခေါ်လာပြီးနောက်တွင် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှုယီ၏ စကားလုံးများကို လိုက်နာပြီး အချိန်မဖြုန်းဖို့ ဆုံးဖြတ်လိုက်သည်။ သူဟာ စစ်ဌာနချုပ်မှ ပြင်ဆင်ထားပြီးသား စာရွက်စာတမ်းကို ထုတ်ကာ ရှုယီထံ လွှဲပေးလိုက်၏။

"ဥက္ကဌရှု ဒါက ဒီအကြိမ် ကျုပ်တို့ မှာယူထားတဲ့ တောင်းဆိုပြီးသား စစ်ဘက်သုံးမှော်စက်တွေပါ ကြည့်ပါဦး" ဗိုလ်ချုပ်ကြီး တော့ဖ်ခ်က ရှုယီကို ထိုစာရွက်စာတမ်းပေးပြီး ဂရုတစိုက်ပင် ရှုယီ၏ အမူအရာကို အကဲခတ်လိုက်သည်။

ရှုယီမှာ စာရင်းကိုယူ၍ သေချာကြည့်ရှုလိုက်ပြီး သူ၏ အမူအရာ၌ မည်သည့်အပြောင်းအလဲကိုမှ မပြပေ။

သို့သော် အနှီစာရင်းကို ဖတ်ပြီးနောက်၌ တစ်စက္ကန့်မျှ ခေတ္တရပ်တန့်သွားပြီး ခေါင်းခါသည်။

"ဗိုလ်ချုပ်ကြီး တော့ဖ်ခ် ဒါက အရင်က ကျုပ်တို့ ဆွေးနွေးထားတာနဲ့ ခြားနားနေတယ်။ အဝေးပစ်မှော်အမြောက်စာတွေကို လတ်တ‌လောမှာ ကျုပ်တို့ရောင်းတာမဟုတ်လို့ ခင်ဗျားတို့ဆီ ဘာမှ မထောက်ပံ့နိုင်ဘူးရယ်။"

ဗိုလ်ချုပ်ကြီး တော့ဖ်ခ်က တစ်ချက်ရယ်၍ ဆိုသည်၊ "ဒါကို ဆွေးနွေးလို့ရပါတယ်။ အရင်တစ်ခေါက် ကြားခံလူနဲ့ တဆင့်ဆက်သွယ်တာမို့ နည်းနည်းအဆင်မပြေဖြစ်သွားခဲ့ရုံပါ။ ဒီတစ်ခေါက်တော့ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ပြီမို့လို့ ဆွေးနွေးဖို့က ပိုလွယ်မယ်လို့ မထင်ဘူးလား ဥက္ကဌရှု?"

"ဟင့်အင်း ကျုပ်တို့ အရင်တစ်ခေါက်က ဆုံးဖြတ်ထားပြီးသားပါ ပြောင်းလဲဖို့မလွယ်ဘူး။ ဗိုလ်ချုပ်ကြီး တော့ဖ်ခ် ခင်ဗျားတို့ဘက် ဒီလိုလုပ်ဖို့က ခင်ဗျားတို့ စကားကို တည်ဖို့ အတွေးမရှိဘူးလို့ ကျုပ်ကို တွေးမိစေတယ်။" ရှုယီက အေးစက်စက်အသံဖြင့် ဆိုသည်။

ဗိုလ်ချုပ်ကြီး တော့ဖ်ခ်၏ အမူအရာက အေးခဲကာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။

သူဟာ တော်ဝင်စစ်တပ်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ကာ ပုံမှန်အားဖြင့် ထောက်ပံ့ကုန်ပစ္စည်းများကို ကိုင်တွယ်ရပြီး အခြားကုန်သည်များနှင့် ရင်ဆိုင်ရကာ ခက်ခဲသည့် လူပေါင်းစုံကို ဆုံခဲ့ဖူးသော်လည်း ရှုယီကဲ့သို့လူကို ဆုံရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

"ဥက္ကဌရှု ဆွေးနွေးမှုအတွက် နေရာကလုံးဝကို မရှိတော့တာလား?" ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ မျက်မှောင်ကုပ်၍မေးသည်။

ရှုယီမှာ စာရင်းကိုချ၍ ဗိုလ်ချုပ်ကြီး တော့ဖ်ခ်ကို ကြည့်ကာ အနည်းငယ် အံ့ဩဟန်ပြလာသည်။

"ကျုပ်မှတ်မိတာသာမှန်ရင် ဒီကိုမလာခင်က ကျုပ်တို့ဒါကို ဆုံးဖြတ်ပြီးနေပါပြီ။ ဒီတစ်ကြိမ်မှာ ကျုပ်က သဘောတူညီမှုကို လက်မှတ်ထိုးဖို့ပဲ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုထားတာပါ ဘယ်နေရာမှာမှ ပါဝင်မနေဘူး ဟုတ်ပြီလား?"

ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ ပြောစရာမဲ့သွားသည်။

၎င်းတို့မှာ မတိုင်ခင်က ၎င်းကို ဆုံးဖြတ်ခဲ့ပြီးဖြစ်သလို ၎င်းတို့၏ လျှို့ဝှက် ညှိနှိုင်းမှုကြောင့် စာချုပ်ကို အတော်များများ ဆုံးဖြတ်ပြီးဖြစ်သည်။

သို့သော် မတိုင်ခင်က ၎င်းကို ဆုံးဖြတ်ခဲ့ပြီးပါလျှင်တောင် ယခု ၎င်းကို ပြောင်းလဲ၍ မရနိုင်ဘူးလား?

သူဟာ ရှုယီက Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌအနေနှင့် ၎င်းကို နားလည်လောက်မည်မဟုတ်ဟု မယုံကြည်ပေ။

သူဟာ ဗိုလ်ချုပ်ကြီး တော့ဖ်ခ်၏ အတွေးကိုမြင်နိုင်သည့်နှယ် ရှုယီက ဆက်ပြောသည်၊ "ခင်ဗျားတို့ဘက်က အတွေးကို နားလည်ပါတယ် ဒါပေမယ့် အနည်းဆုံး အခုတော့ ကျုပ်တို့တွေ ဒီပူးပေါင်းရေးကို နက်ရှိုင်းအောင်လုပ်ဖို့ မစီစဉ်ထားဘူး။ ဗိုလ်ချုပ်ကြီး တော့ဖ်ခ် ခင်ဗျား ကျုပ်ပြောတာကို နားလည်ရဲ့လား?"

ရှုယီ၏ စကားလုံးများကိုကြားသော် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ စိတ်မပျက်သွားသော်လည်း မျက်လုံးများ တောက်ပသွား၏။

အနည်းဆုံး အခုတော့? ဒါဆို အနာဂတ်ကျရင်ရော?

"ဟား ဟား ဥက္ကဌရှုက အခိုင်အမာဖြစ်နေမှတော့ ကျုပ်လည်း စကားမဖြုန်းတီးတော့ပါဘူး။" ဗိုလ်ချုပ်ကြီး တော့ဖ်ခ်က ရှုယီ၏ လက်ထဲမှ စာရင်းကိုယူ၍ အကွာအဝေးရှည်မှော်အမြောက်စာလိုင်းကို ကြတ်ခြေခတ်လုပ်လိုက်သည်။

စစ်ဌာနချုပ်မှာ ၎င်းကို စူးစမ်းမှုအဖြစ်သာ သတ်မှတ်ထားရာ ရှုယီသဘောမတူလည်း ကိစ္စမရှိပေ။

ဤသည်မှာ ၎င်းတို့၏ ပထမ‌ဆုံး အလုပ်တွဲလုပ်ခြင်းဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်း ဖြစ်စေ စခ်တိုင်းပြည်ဖြစ်စေ အချင်းချင်းစူးစမ်းနေကြသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းသည်မှာ စခ်တိုင်းပြည်တော်ဝင်စစ်တပ်သို့ စစ်ဘက်သုံးမှော်စက်များရောင်းချရန် ဆန္ဒရှိသည်ကပင် ၎င်းတို့အား ပျော်ရွှင်မှု ပြည့်နှက်စေသည့် အရာဟု ဆိုနိုင်ပေသည်။

ပြောရလျှင် ၎င်းတို့အနေနှင့် စတက်တိန်းနယ်မြေနှင့် လမ်ပူရီတိုင်းပြည်တို့ထံမှ စစ်ဘက်သုံးမှော်စက်အချို့ရရန် အင်မတန်ခက်ခဲသော မှောင်ခိုလမ်းကြောင်းများစွာကို အသုံးပြုဖို့ လိုအပ်သည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ထံ စစ်ဘက်သုံးမှော်စက်များ တိုက်ရိုက်ရောင်းချဖို့ ဆန္ဒရှိနေသဖြင့် ၎င်းက သူတို့အတွက် များစွာ ကောင်းမွန်ပေလိမ့်မည်။

ရှုယီမှာ စာရင်းကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး ဗိုလ်ချုပ်ကြီး တော့ဖ်ခ်ထံမှ စာချုပ်ကို တောင်းလိုက်သည်။ သူဟာ စာချုပ်နှင့်စပ်လျဉ်းသည့် ပြဿနာ အသေးအမွှားအချို့ကို ထုတ်ပြပြီးနောက်မှ လက်မှတ်ရေးထိုးလိုက်တော့သည်။

အပြင်ပန်းတွင် ဤစာချုပ်မှာ အင်မတန်ရိုးရှင်းလှပုံရသော်လည်း ဤစာချုပ်မှာ တကယ်တမ်း ကြီးမားသည့် လွှဲပြောင်းမှုတစ်ခုပါရှိသည်။

စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ စခ်တိုင်းပြည်ထံသို့ ရွှေဒင်္ဂါးငါးသန်းတန်သည့် စစ်ဘက်သုံးမှော်စက်များ ရောင်းချမည်ဖြစ်သည်။

၎င်းတို့မှာ အဆင့်နိမ့် စစ်ဘက်သုံးမှော်စက်များသာဖြစ်သော်လည်း ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် စခ်တိုင်းပြည်တို့အကြား ပထမဆုံး‌လွှဲပြောင်းမှုဖြစ်သဖြင့် ရွှေဒင်္ဂါးငါးသန်းကို အသေးအမွှားဟု မယူဆနိုင်ပေ။

စာချုပ်လက်မှတ်ရေးထိုးပြီးနောက် ရှုယီမှာ လုံးဝနေရန် မစီစဉ်ထားဘဲ ဗိုလ်ချုပ်ကြီး တော့ဖ်ခ်ကို နှုတ်ဆက်လိုက်သည်။

ရှုယီမြို့စားဖူယို၏ အိမ်တော်မှ ထွက်လာပြီးနောက် ခန်းမထဲရှိ ဖိနှိပ်ထားသည့်လေထုက ပျောက်ကွယ်သွားသည်။

ရှုယီကို ရန်စခဲ့သည့် သက်လတ်ပိုင်း အရာရှိမှာ သူထွက်သွားသည့် ဦးတည်ရာကို တံတွေးထွေး၍ ပြင်းထန်စွာ ဆိုလာသည်၊ "ဖီ! ဒီအယုတ်တမာကောင်ကတော့! နည်းနည်းဆန်းပြားတဲ့အရာလေးတွေပဲကို ဒီလို မာနကြီးဝံ့သေးတယ်ပေါ့"

အခြားသော သက်လတ်ပိုင်းအရာရှိများက အချင်းချင်းကြည့်လိုက်ပြီးနောက် တစ်ပြိုင်နက်တည်း ခါးသက်သက်အပြုံးများထုတ်ပြလိုက်ကြ၏။

၎င်း ရှုယီထံ၌ ဆန်းဆန်းပြားပြား အရာလေးတချို့ရှိရုံဟူသည့် အဆိုမှာ အင်မတန်ရိုးရှင်းလှဟန်ပေါ်သော်လည်း ထိုဆန်းပြားသည့်အရာလေးများကြောင့် စခ်တိုင်းပြည်က ကြောက်မက်ဖွယ်အခြေအနေသို့ ဆိုက်ရောက်ပြီး ၎င်းတို့၏ နိုင်ငံကလည်း ကျဉ်းထဲကြပ်ထဲပင် ရောက်နေရသည်။

မာနကြီးသည်ဟုပြောရသော် ရှုယီမှာ မာနကြီးရန် အရည်အချင်းမီပါ၏။

အခြားနည်းလမ်းမရှိပေ စစ်ဘက်သုံးမှော်စက်များမှာ ပြိုင်ဘက်ကင်းသည်။ လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အကြား မရေတွက်နိုင်သော တိုက်ပွဲများက ၎င်းကို သက်သေထူထား၏။

ယခုတွင် စခ်တိုင်းပြည်၏ တော်ဝင်စစ်တပ်မှာ ထိုအခိက်ကို လုံးဝလက်ခံထားသည်ဖြစ်ရာ စခ်တိုင်းပြည်၏ တော်ဝင်စစ်တပ်က အနှီစစ်ဘက်သုံးမှော်စက်များကို မရခဲ့ပါလျှင် ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်၏ တိုက်ခိုက်မှုများကို ဆန့်ကျင်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

ဤပြဿနာမှာ ၎င်းတို့စစ်သည်များအားလုံးကို လွှတ်လိုက်ရုံနှင့် ဖြေရှင်းနိုင်မည့်အရာမဟုတ်‌။

ထို့ကြောင့် စစ်ဌာချုပ်မှာ ရှုယီက စခ်တိုင်းပြည်ကို ရောင်းရန် ဆန္ဒရှိသော သတင်းများကို လက်ခံရချိန်တွင် စစ်ဌာနချုပ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ ၎င်းတို့မှာ ချက်ချင်း Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းမှုများစတင်ခဲ့သည်။

လမ်ပူရီတိုင်းပြည်က စစ်ကြေညာပြီး ထိုအစီစဉ်ကို နှောင့်ယှက်ခဲ့ခြင်းကြောင့်မဟုတ်လျှင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် စာချုပ်ချုပ်ပြီးသားဖြစ်လောက်သည်။

၎င်းတို့၏ စစ်သည်များကို ၎င်းတို့စောင့်စားနေခဲ့ရသော စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပေးနိုင်သရွေ့ ရှုယီက မာနထားပါလျှင်ရော ဘာအရေးနည်း။

"ဒါပေမယ့် တစ်ခုခုမှားနေသလိုခံစားရတယ်" ဆံပင်တစ်ဝက်ဖြူနေသည့် သက်လတ်ပိုင်းလူက ရှုယီထွက်သွားသည့် ဦးတည်ဘက်ကိုကြည့်၍ သံသယဖြင့်ဆိုလာသည်၊ "Frestech ကုန်သည်ကြီးများအသင်းက စစ်ဘက်သုံးမှော်စက်တွေလိုမျိုး အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တဲ့ အရာတစ်ခုကို တကယ်ပဲ ရောင်းဖို့ ဆန္ဒရှိတယ်လား? ရှုယီက ဒါဟာငါတို့ စခ်တိုင်းပြည်ရဲ့တော်ဝင်စစ်တပ်ကို အားကောင်းလာစေပြီး လမ်ပူရီတိုင်းပြည်အတွက် ပိုခက်ခဲစေမှာကို မသိလို့များလား?"

"အင်း ဒါကို ထောင်ချောက်ဖြစ်မယ်လို့ အမြဲ စဉ်းစားနေခဲ့မိတာ" အခြားလူလတ်ပိုင်းကဆိုသည်၊ "Frestech ကုန်သည်ကြီးများအသင်းက ဒီစစ်ဘက်သုံးမှော်စက်တွေကို ရောင်းချတဲ့နေရာမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ‌ရှိနေပြီး ငါတို့ကို အမှိုက်တွေရောင်းပေးတာတောင် ဖြစ်နိုင်သေးတယ်"

"ဟုတ်တယ် ငါလည်းအတူတူပဲ"

"အင်း ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုလုပ်တယ်ဆိုတာ နားမလည်နိုင်ဘူး။"

......

ထိုစကားများကိုကြားသော် ဗိုလ်ချုပ်ကြီး တော့ဖ်ခ်မှာ သူ့လက်ထဲရှိ ရှုယီအမည်နှင့်စာချုပ်ကိုကြည့်ကာ ဂရုတစိုက်ချထားလိုက်သည်။ ထို့နောက် ထိုသူ‌တို့အားကြည့်၍ ခါးသက်သက်ပြုံးကာဆို၏၊ "ကျုပ်ပြောမယ် အားလုံးပဲ ခင်ဗျားတို့ နားမလည်တာများလား? Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ကို အမှိုက်တွေရောင်းရင်တောင် လက်ခံဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒါက ထောင်ချောက်မှန်း ကျုပ်တို့သိနေရင်တောင် ခုန်ဝင်ဖို့ပဲတတ်နိုင်တယ်။ ခင်ဗျားတို့ သိထားရမှာက ကျုပ်တို့တွေ စစ်ဘက်သုံးမှော်စက်အကြောင်း တစ်ခုခုရနေသရွေ့ စစ်ဌာနချုပ်က ဘယ်လောက်မဆိုပေးနိုင်တယ် ဘာလို့ဆို... ကျုပ်တို့မှာ ရွေးချယ်စရာမရှိလို့ပဲ"

ခန်းမမှာ တမုဟုတ်ချင်း တိတ်ကျသွားပါ၏။

အားလုံးက ဆွေးနွေးမှုကိုရပ်တန့်ကာ အချင်းချင်းကြည့်လိုက်ပြီး မျက်နှာထက် ကူရာမဲ့ဟန်များ ပေါ်လာသည်။

All Chapters