← Chapters

အခန်း (၁၆၁-၁၆၉)

Vol. 5 Ch. 161-169

အခန်း (၁၆၁-၁၆၉)

Vol. 5 Ch. 161-169

Vol 5, အခန်း ၁၆၁။ အတိတ်က ဘန်တာမြို့တော်ကဲ့သို့

စစ်ဌာနချုပ်၏ လူများကဲ့သို့ လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းကို အသီးခါးခါးစားသလို ခံစားနေရခြင်းတော့မဟုတ်ပေ။

အနည်းဆုံးတော့ စခ်တိုင်းပြည်ရှိ လူအများစုက Frestech ကုန်သည်ကြီးများအသင်းကို ကြိုဆိုကြပါ၏။

Frestech ကုန်သည်ကြီးများအသင်းက တက်ခ်လင်မြို့၌ ဝန်ဆောင်မှုဌာနကို တည်ထောင်ပြီးနောက် ၎င်းက စခ်တိုင်းပြည်သားများကို Frestech တံဆိပ် အိမ်သုံးမှော်စက် အကောင်းဆုံးအရည်အသွေးကို ဝယ်ယူခွင့်ပြုလိုက်သည်။ ၎င်းတို့မှာ ကောလဟာလရ လူများ ရေချိုးသကဲ့သို့ သက်တောင့်သက်သာနိုင်သည့် အပြီးပြည့်စုံဆုံး အရောင်းဝန်ဆောင်မှုကိုလည်း ရစေနိုင်သည်။

၎င်းမှာ အခြားလုပ်ငန်းစုများထံမှ ရရန်ခက်ခဲ့သည့် ဝန်ဆောင်မှုတစ်ခုပါပင်။

တက်ခ်လင်မြို့သားများအတွက် Frestech ကုန်သည်ကြီးများအသင်း၏ ရောက်ရှိလာမှုမှာ အောင်ပွဲခံရန်ထိုက်တန်သော အရာပါပင်။

မြို့စားဖူယိုမှာ လမ်ပူရီတိုင်းပြည်မှ ကုန်သည်စုကို ကြိုဆိုရန် တက်ခ်လင်မြို့ကိုယ်စား ကျင်းပပေးသည့် ကြိုဆိုပွဲ အခမ်းအနားတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုကုန်သည်စု၏ ခေါင်းဆောင် မဟုတ်ပါလျှင်တောင် မြို့စားဖူယိုဖြစ်စေ ခေါင်းဆောင် အယ်လ်ဗင်ဖြစ်စေ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကို အရေးပါဆုံးအဖြစ် အမြဲမိတ်ဆက်ပေး၏။

အကြောင်းအရင်းက အင်မတန်ရိုးရှင်းပါ၏၊ Frestech ကုန်သည်ကြီးများအသင်းမှာ တက်ခ်လင်မြို၌ ဝန်ဆောင်မှုဌာနကို ဆောက်လုပ်ခဲ့ရုံသာမက ၎င်းတို့မှာ တက်ခ်လင်မြို့ အပြင်ဘက်၌ အိမ်သုံးမှော်စက်ထုတ်လုပ်ရေးအခြေစိုက်ရုံးတစ်ရုံးတည်ဆောက်ရန်ပင် ရွေးချယ်ခဲ့ကြသည်။

အစီစဉ်အရ ထုတ်လုပ်ရေးအခြေစိုက်ရုံးမှာ စတုရန်းမီတာ ငါးသောင်းကို လွှမ်းမိုးမည်ဖြစ်သည်။ ယခုတွင် ၎င်းတို့အနေဖြင့် မှော်ပန်ကာ စက်ရုံ၊ မှော်လေပေးစက် စက်ရုံ၊ မှော်ရေခဲသေတ္တာစက်ရုံနှင့် မှော်မီးအိမ်စက်ရုံတို့ကို တည်ဆောက်မည်ဖြစ်သည်။

ထိုသို့ဖြင့် အနှီ Frestech တံဆိပ် အိမ်သုံးမှော်စက်များကို စခ်တိုင်းပြည်ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်၏။ ၎င်းက စခ်ဘုရင့်၏ အကောက်ခွန်နှုန်းကို လျော့ကျစေပြီး လူများ ဝယ်ယူရန် ပိုမို အဆင်ပြေလာစေမည်ဖြစ်သည်။

သို့သော် တက်ခ်လင်မြို့က လူများ အတွက် စိုးရိမ်ပူပန်ရသည့်အရာမှာ ဒီအကြောင်းမဟုတ်ပဲ ထုတ်လုပ်ရေးအခြေစိုက်စခန်းကပေးတဲ့ အလုပ်အကိုင်များ ဖြစ်သည်။

ကြိုဆိုပွဲတွင် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရှုယီက ထုတ်ပြန်ဖော်ပြခဲ့သည့် အစီအစဉ်အရ ထုတ်လုပ်ရေးအခြေစိုက်စခန်းမှာ ဆောက်လုပ်မှုပြီးစီးသောအခါ ဒေသခံ လုပ်သားငါးထောင်နှင့်အနည်းဆုံး လက်ခံမည်ဖြစ်သည်။

ငါးထောင်!

တက်ခ်လင်မြို့တွင် လူအားလုံးကို တစ်စုတစ်ဝေးတည်း စုပြီးတွက်လိုက်ရင် သုံးထောင်လောက်ပဲရှိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံး စက်ရုံလေးရုံကို တက်ခ်လင်မြို့ရှိ လူတိုင်း လက်ခံနိုင်ပြီး ၎င်းက မလုံလောက်သေးပါချေ။

ထိုအရာက တက်ခ်လင်မြို့မှ လူများအတွက် အလုပ်အကိုင် စိုးရိမ်ပူပန်စရာ မလိုတော့ပဲ အနီးဝန်းကျင်ဒေသမှလူများကိုပါ အကျိုးကျေးဇူးရရှိစေမည်ဖြစ်သည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခြင်းဖြစ်သည်။

ဝန်းကျင်နိုင်ငံများတွင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခြင်းဟာ လူတိုင်း၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ရပါသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လစာများက အမြင့်မားဆုံးမဟုတ်ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများ ရရှိခဲ့သော အကျိုးအမြတ်များမှာ အခြားလုပ်ငန်းစုများ ယှဉ်နိုင်သည်မှ ဝေးကွာလွန်းသည်။

စခ်တိုင်းပြည်ရှိ လုပ်ငန်းစုများအတွက် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဖိနပ်များကိုပင် မသယ်နိုင်ကြပေ!

ထိုသတင်းပြန့်သွားချိန်တွင် တက်ခ်လင်မြို့တဝိုက် နယ်မြေမှ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ တက်ခ်လင်မြို့သို့ လာခဲ့သည့် လူပေါင်းများစွာရှိကာ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား ဝန်ဆောင်မှုဌာန၌ အလုပ်လုပ်လိုသော ဆန္ဒကို ဖော်ပြလာကြသည်။

သို့သော် ၎င်းတို့ ရရှိခဲ့သောအဖြေမှာ ပထမမှော်ပန်ကာစက်ရုံ တည်ဆောက်ပြီးသည်အထိ စောင့်ပြီးနောက် လူများစုဆောင်းမည်ဖြစ်ရာ လူတိုင်းစိတ်အလွန်ပူပန်မလိုကြဖို့ မျှော်လင့်ကြောင်း ကြေညာမည်ပင်။

မှန်ပါ၏ လူများက အင်မတန် စိတ်ရှုပ်နေဖို့ မလိုပေ။

Frestech ကုန်သည်ကြီးများအသင်းမှ လူများစတင်‌စုဆောင်းသည့် အချိန်အချို့ရှိသော်လည်း အခြားသောလုပ်ငန်းစုများက ၎င်းတို့ကို လာရောက်စုဆောင်းပြီးဖြစ်နေသောကြောင့်ပင်။

အမြန်ဆုံးမှာ အမ်ရစ်ကုန်သည်ကြီးများအသင်း ဖြစ်ပါ၏။

ဤအကြိမ်တွင် လမ်ပူရီတိုင်းပြည်၏ လုပ်ငန်းစုကြီးများအားလုံးမှာ ကုန်သည်စုနှင့်အတူ လာကြသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့်အတူ အလုပ်လုပ်သဖြင့် ၎င်းတို့ကလည်း ချွင်းချက်မဟုတ်ပါချေ။

ဤလုပ်ငန်းစုများအကြားတွင် စခ်တိုင်းပြည်အတွက် အရေးပါဆုံးမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းဖြစ်သည်။

သဘောတူညီမှုအရ အမ်ရစ်ကုန်သည်ကြီးများအသင်း မှာ စခ်တိုင်းပြည်ကို လမ်းများခင်းရန် ကူညီရမည်ပင်။ ပထမဆုံးတစ်ခုမှာ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းခရိုင် နယ်စပ်နှင့် အနီးဆုံးဖြစ်သော ပဲလ်လာမိုမြို့သို့ ချိတ်ဆက်မည်ဖြစ်ပြီး နောက်တွင် သေမင်းတောင်တန်းများမှ တက်ခ်လင်မြို့သို့ ချိတ်သွားပြီးနောက်ဆုံး၌ စခ်တိုင်းပြည်၏ မြို့တော် နော်ဒမ်မြို့တော်ထံ ချိတ်ဆက်မည်ဖြစ်၏။

ထိုလမ်းပြီးသွားသည်နှင့် လမ်ပူရီတိုင်းပြည်၊ စခ်တိုင်းပြည်တို့ ချိတ်ဆိတ်မည့် ပထမဆုံးအကြိမ်ဖြစ်လာလိမ့်မည်။ သင်္ကေတအဓိပ္ပာယ်ဖြစ်စေ လက်တွေ့ကျကျဆိုလိုရင်းဖြစ်စေ အားလုံး အရေးပါသည်။

ထို့ကြောင့် ဤလမ်းမမှာ စခ်တိုင်းပြည်အတွက် အင်မတန် အရေးပါ၏။ ခေါင်းဆောင် အယ်လ်ဗင်က ဥက္ကဌခရုစ်နှင့် တစ်လျှောက်လုံးရှိနေမည်ဖြစ်ရုံသာမက စခ်တိုင်းပြည်မှ သက်ဆိုင်ရာ ဝန်ထမ်းများစွာကိုလည်း ကူညီဖို့ စေလွှတ်ကာ ဤလမ်းမကို ချောချောမွေ့မွေ့ အပြီးသတ်နိုင်ရန် အာမခံထားသည်။

မှန်ပါ၏ ထိုလမ်းမကို အပြီးသတ်ရန် အလုပ်သမားအရေအတွက် ပမာဏကြီးတစ်ခုလိုအပ်သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ကျွမ်းကျင်အလုပ်သမားများစွာကို ခေါ်လာပါလျှင်တောင် ရိုးရှင်းသည့် အလုပ်က ၎င်းတို့စုဆောင်းထားသည့် ဒေသခံ စခ်တိုင်းပြည်အလုပ်သမားများအပေါ်မူတည်လိမ့်မည်။

အနည်းဆုံး နယ်စပ်မှ တက်ခ်လင်မြို့သို့ ပထမဆုံး နှစ်ရာ့တစ်ဆယ် ကီလိုမီတာလမ်းအတွက် အမ်ရစ်ကုန်သည်ကြီးများအသင်းက စခ်တိုင်းပြည်ထံမှ အလုပ်သမား တစ်ထောင့်ခုနစ်ရာကို စုဆောင်းခဲ့သည်။

ဤကြီးမားလှသော ပမာဏမှာ ခေါင်းဆောင် အယ်လ်ဗင်ကိုပင် အံ့အားသင့်စေခဲ့သည်။

ထို့အပြင် အမ်ရစ်ကုန်သည်ကြီးများအသင်း မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသောကြောင့် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအတိုင်း တူညီသည့် အကျိုးအမြတ်များ ပေးဖို့ ကြိုးစားခဲ့ကြသည်။ ထို ယာယီလုပ်သား တစ်ထောင့်ခုနစ်ရာအတွက် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ အလုပ်သမား အာမခံ၊ ကျန်းမာရေးအာမခံ၊ အပူကြေးနှင့် စခ်တိုင်းပြည်သားများ ယခင်က မကြားခဲ့ဖူးသော အခြားအရာများစွာကို ထောက်ပံ့ပေးခဲ့သည်။

ထို့ကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်းမှ လူစုဆောင်းနေကြောင်း သတင်းပြန့်သွားစဉ်တွင် လူများစွာက ၎င်းတို့ထံ သွားကြသည်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်း တို့နှင့် အတူလာကြသော အခြားလုပ်ငန်းစုများက တက်ခ်လင်မြို့ရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ စခ်တိုင်းပြည်၌ ထပ်မံ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"တက်ခ်လင်မြို့ကို!"

ဤစကားစုမှာ စခ်တိုင်းပြည်ရှိ လူတိုင်း သဘောတူနေကြသည့် အရာပင်။

အလုပ်ရှာရန် တက်ခ်လင်မြို့‌သို့ သွားခဲ့ကြသော သာမန် ပြည်သူများ၊ တက်ခ်လင်မြို့‌၌ ပိုကောင်းသော အခွင့်အရေးရှာချင်သည့် ကုန်သည်များနှင့် တက်ခ်လင်မြို့‌မှ ၎င်းတို့၏ကိုယ်ပိုင်နယ်မြေများထံ အနှီလုပ်ငန်းစုများကို ဆွဲဆောင်နိုင်မည်မလားမြင်လိုသည့် မျိုးရိူးမြင့်များဟူ၍ ရှိနေသည်။

စခ်တိုင်းပြည်၏ အထက်က လူများမှာမူ တက်ခ်လင်မြို့‌ကို ပို၍ပင် အာရုံစိုက်လာကြ၏။

ဤမြို့မှာ လမ်ပူရီတိုင်းပြည်အတွက် စမ်းသပ်ကြည့်ရုံသာဖြစ်သော်လည်း စခ်တိုင်းပြည်အတွက်မူ အင်မတန်ရှားပါးသည့် အခွင့်အရေးဖြစ်သည်။

လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ ဦးဆောင်သော မှော်စက်မှုနယ်ပယ်အ‌သစ်ကြောင့် ပြောင်းကာ နှစ်အနည်းစုအတွင်း၌ နိုင်ငံအင်အားက ဒရာမာဆန်ဆန်တိုးတက်ခဲ့သည်။

စခ်တိုင်းပြည်သာ ဤအခွင့်အရေးကိုရယူနိုင်လျှင် လမ်ပူရီတိုင်းပြည်ကို ပြန်ကျော်နိုင်လောက်သည်။

ထို့ကြောင့် လမ်ပူရီတိုင်းပြည်၏ ကုန်သည်စု တက်ခ်လင်မြို့‌သို့ ရောက်ရှိပြီးနောက် စခ်တိုင်းပြည်၌ ကျော်ကြားမှုမရှိဖူးသော ဤမြို့ငယ်လေးမှာ နိုင်ငံတစ်ခုလုံး၏ ဗဟို အာရုံစိုက်ရာဖြစ်လာတော့သည်။ လူပေါင်းများစွာက စခ်တိုင်းပြည်အနှံ့အပြားမှ‌လာရောက်ကြကာ လတစ်ဝက်မပြည့်ခင်တွင် မြို့ငယ်လေးက အနှိုင်းမဲ့ သက်ဝင်တက်ကြွနေတော့သည်။

"ဟေး ဆယ်ဗီနီ ဒီအခြေနေက အတိတ်တုန်းက ဘန်တာမြို့တော်အခြေနေနဲ့ တူတယ်လို့ မထင်ဘူးလား?" ရှုယီက လက်ထဲရှိ « လမ်ပူရီအပတ်စဉ် » ကို ချကာ ရေတစ်ငုံသောက်လိုက်သည့် ဆယ်ဗီနီကို မေးလာသည်။

နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နောက်၌ ဖြစ်သမျှကို « လမ်ပူရီအပတ်စဉ် » ၌ ရေးသားဖော်ပြထသည်။

တက်ခ်လင်မြို့‌ရှိ အပြောင်းအလဲအတွက် « လမ်ပူရီအပတ်စဉ် »က အသေးစိတ် ဖော်ပြထား၏။ ၎င်းတို့မှာ တက်ခ်လင်မြို့‌က အနာဂတ်၌ စခ်တိုင်းပြည် နယ်ပယ်နှင့် စီးပွားရေး ဗဟိုအချက်အချာဖြစ်လာကာ နော်ဒမ်မြို့တော်ထက်ပင် အားနည်းမည်မဟုတ်ဟု ရဲတင်းစွာ ကောက်ချက်ဆွဲထားကြ၏။

ဤခန့်မှန်းမှုက ယခုတွင် အင်မတန်ပိုလွန်းသည့်ပုံရသော်လည်း တက်ခ်လင်မြို့‌၏ တိုးတက်မှုကို သုံးသပ်ရသော် မဖြစ်နိုင်တာမဟုတ်ပေ။

ဤအခြေအနေက အတိတ်က ဘန်တာမြို့တော်နှင့် တူညီနေသောကြောင့်ပင်။

သို့သော်လည်း ရှုယီ၏ အပြောကိုကြားပြီးနောက် ဆယ်ဗီနီက သူမ၏ ခွက်ကို ချကာ ခေါင်းခါသည်။

"အပြင်ပန်းကပဲဆင်တူတာပါ ဒါပေမယ့် အတော်လိုနေသေးတယ်။ ဘန်တာမြို့တော်မှာက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း ရှိတယ် ဒါကြောင့်ပဲ နယ်မြေကြီးမှာ ပထမဆုံးသော မှော်စက်မှုနယ်ပယ်မြို့တော်ဖြစ်လာတာ။ တက်ခ်လင်မြို့‌ကျတော့... ရှင့်အနေနဲ့ သူတို့ကို မဏ္ဍိုင်နည်းပညာပေးမယ်မထင်မိဘူး။"

ရှုယီက ရယ်မောလိုက်သည်၊ "ဒါပေါ့"။ ထို့နောက် သူက ခေါင်းစဉ်ပြောင်းလိုက်သည်၊ "ဒါပေမယ့် မဏ္ဍိုင်နည်းပညာအကြောင်းပြောရရင် ဆယ်ဗီနီ ကျုပ် အခုလေးတင်ပြောခဲ့တာကို ဘယ်လိုထင်လဲ?"

ဆယ်ဗီနီက အသာမျက်မှောင်ကုပ်ကာ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ "ကျောင်းတချို့မှာ မှော်စက်မှုနယ်ပယ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေထည့်တာက အဆင်ပြေပေမယ့် ဒီသီအိုရီဆိုင်ရာအသိပညာကကျတော့ သင်ယူခြင်းနည်းပညာကျွမ်းကျင်မှုလိုမျိုး စွဲမက်ချင်စရာမဟုတ်ဘူး။ အဆုံးကျတော့ ကျွမ်းကျင်မှုလေ့လာခြင်းကြောင့် ကျွမ်းကျင်လုပ်သားတွေလိုမျိုး သူတို့အနေနဲ့ မှော်စက်လုပ်ငန်းစုတွေထဲ ဝင်ပြီး ငွေအတော်ရနိုင်တယ်လေ။ ဒါပေမယ့် သူတို့သာ သီအိုရီဆိုင်ရာ အသိပညာကို လေ့လာလိုက်ရင်.. ဘယ်လိုလုပ် တိုက်ရိုက်အကျိုးသက်ရောက်မှုကို မြင်နိုင်တော့မှာလဲ?"

"ဒါကတော့ မင်း ဘယ်လောက်ပြတ်သားတယ်ဆိုတာ အပေါ်မူတည်တာပေါ့" ရှုယီက အသာပြုံးကာ ပြောသည်၊ "အခုဆို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလွဲပြီး တခြားမှော်စက်လုပ်ငန်းစုတွေက မှော်စက်သုတေသနကို လုံးဝ ရင်းနှီးမြှုပ်နှံမှု မလုပ်ရသေးဘူး။ သူတို့က ဒီအပေါ်မှာ အရေးမထားတော့ တခြားသူတွေက‌လည်း အရေးမထားကြတော့ဘူး။ ကျုပ်တို့ လုပ်ငန်းစုက ဒါကို အလေးအနက်ထားတော့ ဒီလမ်းကြောင်းက လူတွေကို လစာမြင့်မြင့်ပေးပေမယ့် ကျုပ်တို့ လုပ်ငန်းစုတစ်ခုတည်းက လူတိုင်းရဲ့ စိတ်ကို ပြောင်းလဲပစ်ဖို့ မလုံလောက်ဘူး။ ကျုပ်တို့ လမ်ပူရီတိုင်းပြည်ကသာ ဒီအတွက် ရင်းနှီးမြှုပ်နှံမှုကို စတင်နိုင်ရင် လုံးဝ ကွဲပြားလိမ့်မယ်။"

"ဒါပေါ့ ကျွန်မအနေနဲ့ သုတေသနရဲ့ အရေးပါမှုကို နားလည်ပါတယ် ဒါပေမယ့် ပြသနာက... ရှင်က ဒီအတွက် ကျွန်မကို ဘယ်လို ချိတ်ဆက်ချင်နေတာလဲ? ကျောင်းမှာ ဒီအတန်းတွေဖွင့်ပြီး လူတွေကို ဆွဲဆောင်ဖို့ ဘာအကျိုးအမြတ်မှ မကမ်းလှမ်းရင်တော့ ဒါက အဓိပ္ပာယ်ရှိတယ်လို့မထင်ဘူး။"

"ဒါက ရှင်းပါတယ် မင်းဆန္ဒရှိနေသရွေ့ ပထမဆုံး တိကျတဲ့ သင်ကြားမှုကို စတင်နိုင်တယ်။ ဥပမာ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်က မှော်စက်သီအိုရီ လေ့လာမယ့် ကျောင်းသားတွေကို ရံပုံငွေထောက်ပံ့ပြီး သူတို့ ဘွဲ့ရရင် ကျုပ်တို့ လုပ်ငန်းစုမှာ အလုပ်လုပ်ဖို့ အခွင့်အရေးပေးမယ်။ ဒါဆိုရင် ဘယ်လိုသဘောရလဲ?"

ဆယ်ဗီနီက နှာမှုတ်သည်၊ "ရှင်က ကျွန်မတို့ ကျောင်းရဲ့ အရင်းမြစ်တွေနဲ့ ရှင်တို့လုပ်ငန်းစုအတွက် အရည်ချင်းရှိသူတွေရဖို့ အခွင့်ရေးယူနေတာပဲ ကျွန်မ ဒါကို ဖောက်မမြင်နိုင်ဘူးထင်လို့လား?"

ရှုယီက ရယ်သည်၊ "ဒါက ပူးတွဲအကျိုးအမြတ်အတွက်ပါ။ ဒီလူတွေ ဘွဲ့ရတာနဲ့ သူတို့ကို ကျုပ်တို့လုပ်ငန်းစုမှာပဲ ထားမှာမဟုတ်ဘူး။ လမ်ပူရီတိုင်းပြည်ရဲ့ တခြားလုပ်ငန်းစုတွေက သူတို့ကို အကျိုးမြတ်အလုံအလောက် ထောက်ပံ့နိုင်သရွေ့ လမ်ပူရီတိုင်းပြည်ဆီပြန်လာဖို့ မထူးဆန်းပါဘူး။"

ဆယ်ဗီနီမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာ ခေါင်းခါသည်၊ "ထားလိုက်တော့ ရှင်က ကျွန်မကို ဖျောင်းဖြဖို့ အကြောင်းပြချက်ပေါင်းစုံပေးနိုင်တာကို သိတာမို့ ရှင်နဲ့ ငြင်းခုံနေဖို့ မလိုတော့ဘူး။ ဟုတ်ပြီ ဆုံးဖြတ်လိုက်ပြီ ကျွန်မ ဒီအကြံပြုချက်ကို နိုင်ငံလွှတ်တော်မှာ ချပြပြီး ခွင့်ပြုချက်ရရင် နိုင်ငံက ကျောင်းတွေမှာ တတ်နိုင်သမျှ မြန်မြန် ဒီမူဝါဒချမှတ်ဖို့ နှိုးဆော်လိုက်မယ်။ ဒါပေမယ့် ရှုယီရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျွန်မတို့နဲ့ အလုပ်အတူလုပ်ဖို့ လိုအပ်တယ်။"

"ဒါက ကျုပ် တောင်းဆိုခဲ့တဲ့အရာမို့ ဘယ်လိုလုပ် အလုပ်တွဲမလုပ်ဘဲ နေနိုင်မှာလဲဗျာ?" ရှုယီက အပြုံးဖြင့် ဖြေပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၂။ အီဗီတာနှင့် တန်းတူရည်တူ

တော်ဝင်နန်းတော်၌ ဆယ်ဗီနီနှင့် ညစာစားပြီးနောက် ရှုယီမှာ မှော်ဆလွန်းကို မောင်းလာပြီး အန်ဗီးမာမြို့တော်မှ ထွက်ခွာသွားသည်။

သို့သော် သူဟာ ခပ်ဝေးဝေးသို့ မသွားဘဲ အန်ဗီမာမြို့တော်၏ အနောက်တောင် ဆင်ခြေဖုံးရှိ ကျတ်တီးမြေတောင်ကုန်းရှိရာထံလာ‌ခဲ့သည်။

တောင်ကုန်း၏ အခြေမှ မော့ကြည့်လိုက်သော် တောင်ကုန်းထပ်ရှိ နေရောင်အောက်၌ တစ်ဝက်ပြီးပြတ်ထား‌သော တောက်ပနေဟန်ကိုမြင်နေရသည်။ မော့ကြည့်နေရင်း ၎င်းက အတော်လေး ခမ်းနားပုံပေါ်ပါ၏။

သံတာဝါမှာ အနာဂတ်၌ Frestech ကုန်သည်ကြီးများအသင်း ချပြမည့် မှော်အချက်ပြတာဝါဖြစ်ပါ၏။

ဆယ်ဗီနီက စတက်တိန်းနယ်မြေနှင့် အန်ဗီမာမြို့တော်အကြားတွင် ဆက်သွယ်ရေးလိုင်းတစ်ခု တည်ထောင်ရန် တောင်းဆိုခဲ့ကတည်းက Frestech ကုန်သည်ကြီးများအသင်း မှာ ၎င်းကို ဖြေရှင်းရန် လူအင်အားများ လွှတ်ထားပြီးဖြစ်သည်။

မှန်ပါ၏၊ အန်‌ဗီမာမြို့တော်မှ Frestech ကုန်သည်ကြီးများအသင်း ၏ အဓိက အခြေစိုက်ရုံးသို့ တစ်ထောင်ကျော်ကီလိုမီတာရှိသဖြင့် ၎င်းဆက်သွယ်မှုကို ပြုလုပ်ရန် နှစ်များစွာ ကြာပေလိမ့်မည်။

ဤအခြေနေတွင် ဆယ်ဗီနီမှာ Frestech ကုန်သည်ကြီးများအသင်း အား အန်ဗီမာမြို့တော်၌ ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ထောင်ရန် ဦးဆုံးတောင်းဆိုခဲ့သည်။

အာကာလီ၏ မှော်ပဲ့တင်ထပ်ခြင်း သုတေသနအရ သူမဟာ အချက်ပြများအကြား၌ ခွဲခြားနေနိုင်ပြီဖြစ်သည်။ သူမဟာ လူများအား တူညီသည့် မှော်အချက်ပြတာဝါမှဆင့် မတူညီသည့် လူများကို မတူညီသည့် မှော်ဆက်သွယ်ရေးကိရိယာများဖြင့် ဆက်သွယ်ခွင့်ပြုထားသည်။

ဤလုပ်ဆောင်ချက်က ကမ္ဘာမြေရှိ ဆဲလ်ဖုန်းများကို မယှဉ်နိုင်သော်လည်း အနည်းဆုံး မှော်ဆက်သွယ်ရေးကိရိယာရှိသည့် လူနည်းစုတို့က အချင်းချင်း လွတ်လပ်စွာ ဆက်သွယ်နိုင်ပေသည်။

မှန်ပါ၏၊ အန်ဗီမာမြို့တော်ရှိ မှော်ဆက်သွယ်ရေးကွန်ရက် ရင်းနှီးမြှုပ်နှံမှုမှာ ရွှေဒင်္ဂါး ခုနစ်သိန်းခြောက်သောင်းအထိ ရောက်သော်လည်း ၎င်းကို ရယူနိုင်သူများမှာ ဆယ်ဗီနီအပါအဝင် လူအယောက် ငါးဆယ်အောက်သာရှိသည်။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးကို ကီလိုမီတာ တစ်ထောင်ကျော်သည့် အန်ဗီမာမြို့တော်နှင့် ချိတ်ဆက်ရန် ရွှေဒင်္ဂါး ဆယ့်သုံးသန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် ဤကွန်ရက်အား ရှုယီနှင့် ဆယ်ဗီနီအတွက်သာတည်ထောင်ခြင်းက အနည်းငယ် လွန်လွန်းသည်။

"ဟေး... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ရှုယီက တစ်ချက်ရယ်ကာ ခေါင်းခါ၏။

စတက်တိန်းနယ်မြေနှင့် အန်‌ဗီမာမြို့တော်ကို ချိတ်ဆက်ထားသည့် မှော် ဆက်သွယ်ရေးကွန်ရက်နှင့် ပတ်သက်လာလျှင် လမ်ပူရီတိုင်းပြည်၏ သတင်းစာမှာ တူညီသည့် အမြင်ရှိသည်။

အများစုမှာ ၎င်းကို အင်မတန်ရှင်းလင်းစွာ မဖော်ပြဝံ့သော်လည်း ဘုရင်မကြီးဆယ်ဗီနီက သူမ၏ ကိုယ်ပိုင်ဆန္ဒများအတွက် လူတို့၏ ရင်းမြစ်များကို ဖြုန်းတီးသည်ဟု စွပ်စွဲကြသည်မှာ ၎င်းတို့၏ ဆိုလိုရင်းဖြစ်သည်။

ဤမှော်ဆက်သွယ်ရေးကွန်ရက်ကို လူနှစ်ဦးသာ အသုံးပြုခြင်းက တကယ်ကို လွန်လွန်းပါ၏။

ဆယ်ဗီနီက ၎င်းကို မရှင်းပြခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ⟨ လမ်ပူရီ အပတ်စဉ် ⟩နှင့် အခြားသတင်းစာတို့မှတဆင့် မှော်ဆက်သွယ်ရေးကွန်ရက်ကို ရှင်းပြခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းထံမှ သတင်းအချက်အလက်များအရ ဤမှော်ဆက်သွယ်ရေးကွန်ရက်မှာ ထိုရည်ရွယ်ချက်သာရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းက ၎င်းနည်းပညာကို တိုးတက်မှုများ ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ၎င်းတို့အနေနှင့် နှစ်အနည်းငယ်အတွင်း မှော်ဆက်သွယ်ရေးကွန်ရက်မှာ လူတိုင်း အသုံးပြုနိုင်မည့် အရာ ဖြစ်လာလိမ့်မည်။

ထိုအချိန်ကျလာလျှင် လူတိုင်းက မှော်အချက်ပြကွန်ရက်နှင့် ဆက်သွယ်ထားသည့် အခြားသူများကို မည်သည့်အချိန်၌မဆို ဆက်သွယ်နိုင်သည်။

လူများစွာက သတင်းစာ၌ ဖော်ပြထားသည့် လှပသော မြင်ကွင်းကြောင့် ဆွဲဆောင်ခံရသော်လည်း သံသယဖြစ်နေသူ များစွာတော့ ရှိနေပါသေး၏။

ဆယ်ဗီနီ ထီးနန်းဆက်ခံကတည်းက လမ်ပူရီတိုင်းပြည်မှာ နှစ်တိုင်း ကောင်းကောင်းတိုးတက်နေသည်က ကောင်းသည့်အရာပင်။ သူမဟာ လမ်ပူရီတိုင်းပြည်၌ ဂုဏ်အသေရေမြင့်သဖြင့် လူများက မေးခွန်းထုတ်ကြပါလျှင်တောင် မည်သည်မှ မလုပ်နိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်လူများ၏ စိတ်တွင်အလွန်ကောင်းသောပုံရှိသည်။ နောက်တဖန် Frestech ကုန်သည်ကြီးများအသင်းသည် လူအများနားမလည်နိုင်သော ဆန်းသစ်သောအရာများကို အမြဲပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ဤမှော်အချက်ပြတာဝါနှင့် ဤမှော်ဆက်သွယ်ရေးကွန်ရက်ကို ဖယ်ထုတ်ပါလျှင်လည်း အရေးမကြီးပေ။

Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏နည်းပညာတွင် အောင်မြင်မှုများရရှိလာသောအခါ မရေမတွက်နိုင်သောလူများက ၎င်းကိုစောင့်မျှော်ခဲ့ကြသည်။ “လမ်ပူရီအပတ်စဉ်” တွင် ဖော်ပြထားသည့် မြင်ကွင်းကို ရနိုင်လျှင် ယင်းသည် လူများကို ရွှင်လန်းစေမည်ဖြစ်သည်။

"ဒါကိုပြောရရင်.....နောက်ဆုံးအကြိမ်တုန်းက ကောင့်ထ်စီယန် က ဆိုဝဲလ်မြို့တော် မှာ မှော်ဆက်သွယ်ရေးကွန်ရက်တစ်ခု လိုချင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဆိုဝဲလ်မြို့တော်မှာ ဒါက အများကြီး အသုံးမ၀င်ပါဘူး....."

၎င်းကို ရေရွတ်ရင်း ရှုယီက မျက်မှောင်ကုပ်သည်။ သူဟာ မှော်အချက်ပြတာဝါကို ပြန်ကြည့်ကာ မှော်ပညာကို အသုံးပြု၍ တောင်ခြေမှ ပျံတက်သွားသည်။

တောင်ထိပ်သို့ရောက်သောအခါ၊ အာကာလီက သူ့ကိုကြည့်နေသည်။

"ဟေ့ ဥက္ကဌ၊ ရှင် ဘုရင်မကြီးနဲ့ စကားပြောပြီးပြီလား"

"မပြီးသေးဘူး၊ စားလို့တော့ပြီးပြီ" ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာဆိုင်ရာ ဝန်ထမ်းများနှင့် အလုပ်လုပ်ဆောင်နေသည်ကို လှည့်ကြည့်ကာ မေးသည် ။ "မင်းနေ့လည်စာမစားရသေးပုံပဲ"

"နေ့လည်စာ?" အာကာလီက ကောင်းကင်ကို မော့ကြည့်ပြီး အံ့သြတဲ့အသံဖြင့်ပြောသည် “ဒါဆို အချိန်နောက်ကျနေပြီပေါ့! မနက်လင်းနေသေးတယ်ထင်တာ" ထိုသို့ပြောပြီးနောက် သူမဗိုက်ကို ပွတ်သပ်ကာ ခါးသီးသောဟန်ကို ထုတ်ပြလိုက်သည်၊ "ဥက္ကဌ၊ ဒါရှင့်အပြစ်ပဲ! ကျွန်မ အခုနက ဗိုက်ဆာတယ်လို့ မခံစားရပေမယ့် အခု ရှင်ပြောခဲ့သလို ဒီဆာလောင်မှုကို မခံနိုင်တော့ဘူး။"

ရှုယီက ခေါင်းယမ်းရင်းနေနိုင်စွာ ပြုံးသည်။ သူက အခြားသူများကို လှည့်ကြည့်ကာ လက်ခုပ်တီး၍ ပြောလိုက်၏ "ကောင်းပြီ၊ မင်းတို့ အခုပဲ အလုပ်တွေ ရပ်ပြီး နေ့လည်စာ စားဖို့ ပြင်ဆင်ကြတော့"

အမ်ရစ်ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများသည် သဘာဝအတိုင်း စိတ်မ၀င်စားသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ နည်းပညာဝန်ထမ်းများက အာကာလီကို ကြည့်ကြသည်။

အာကာလီသည် သူမလက်ကိုဝှေ့ယမ်း၍ ဗိုက်ကိုပွတ်သပ်လိုက်သည် "ကောင်းပြီ၊ ဥက္ကဌပြောပြီးပြီမို့ အားလုံးထမင်းသွားစားလို့ရပြီ"

Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ဝန်ထမ်းများအား ကောင်းစွာဆက်ဆံတတ်သောကြောင့် ဤမှော်အချက်ပြတာဝါကို မတည်ဆောက်မီတွင် ထောက်ပံ့ပို့ဆောင်ရေးအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။

ဤနေရာသည် အန်ဗီမာမြိုတော်နှင့် အနည်းငယ်ဝေးသော်လည်း အစားအသောက်ပြင်ဆင်ပြီးကာ နေထိုင်ရန်နေရာလည်း ရှိနှင့်ပြီးသားဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံး မှော်စက်များဖြင့် ဘဝသည် အတော်လေး အဆင်ပြေလှသည်။

သို့သော် အာကာလီက သူ့လက်အောက်ငယ်သားများနှင့်အတူ စားတော့မည်ကို ရှုယီမြင်သောကြောင့် သူမလက်ကို လှမ်းဆွဲလိုက်သည်။

“မင်း သွားစရာ မလိုဘူး။ ကျုပ်နဲ့လိုက်ခဲ့ ထမင်းစားဖို့ ဖိတ်တယ်။"

အာကာလီအံ့သြသွားပြီး "ရှင်စားပြီးပြီလို့ပြောတယ်မဟုတ်ဘူးလား။"

"ပြဿနာက ပြန်စားမှရမယ်" ရှုယီက ပခုံးတွန့်လိုက်သည်။ သူသည် အာကာလီကိုခေါ်ကာ တောင်ခြေရင်းသို့ ပျံသန်းသွားခဲ့သည်။

အာကာလီအနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူမသည် ထိုအကြောင်းကို စဉ်းစားပြီးနောက် သူ့နောက်သို့ လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက်ဟာ တောင်ခြေရင်းမှာ ရပ်ထားသည့် ရှုယီ၏ မှော်ဆလွန်းထံအရောက်၌ ရပ်လိုက်ကြသည်။ စက်နှိုးပြီးနောက် ရှုယီက အာကာလီကိုမေးသည် "အာကာလီ၊ မမျှော်လင့်ထားတဲ့အရာတွေဖြစ်မလာရင်၊ ငါတို့ကုမ္ပဏီဟာ လမ်ပူရီတိုင်းပြည်နဲ့ အန်ဗီမာမြို့တော်မှာရှိတဲ့ မှော်သုတေသနစက်ရုံကို တည်ထောင်သွားမှာ။ မင်း အကြီးအကဲဖြစ်ဖို့ စိတ်ဝင်စားလား"

အာကာလီက မှင်တက်စွာ မျက်တောင်ခတ်လိုက်သည် " ဥက္ကဌ ၊ ရှင် ဘာပြောနေတာလဲ "

"ကောင်းပြီ၊ မင်း ငါ့ပြောတာကို သိပါတယ်။ ပြောပါဦး စိတ်ဝင်စားလား"

အာကာလီသည် သူမ၏ မျက်နှာပေါ်တွင် ချီတုံချတုံဖြစ်မှု အနည်းငယ် ပေါ်လာကာ အတန်ငယ် မှင်တက်နေပြီး‌နောက် ဆိုလာသည် ၊ “ဥက္ကဌ၊ ရှင်က ကျွန်မကိုရုတ်တရက်ပြောလိုက်လို့ တကယ်စိတ်မ၀င်စားတော့ဘူး"

"ဒါကြောင့် မင်းစိတ်ကို ပြင်ဆင်နိုင်အောင် အခု ပြောနေတာ။" ရှုယီက ပြုံးလျက်ပြောသည် ။ “တကယ်တော့ ကိုယ့်ကိုကိုယ် ပြင်ဆင်စရာ မရှိပါဘူး။ Frestech ကုန်သည်ကြီးများအသင်းမှာ မင်းရဲ့လက်ရှိရာထူးနဲ့ဆို၊ ဒီမှော်သုတေသနဌာန အကြီးအကဲအတွက် အသင့်တော်ဆုံးက မင်းပဲ။ ပြီးတော့ မင်းက မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်တဲ့နေရာမှာလည်း လုပ်ဆောင်နိုင်တဲ့အတွက် အရမ်း ကောင်းတယ်။"

"ဒါပေမယ့် ကျွန်မ အလုပ်အတွက် လမ်ပူရီတိုင်းပြည်ကို သွားရမှာ မဟုတ်ဘူးလား"

"မမေ့နဲ့၊ မင်းက လမ်ပူရီတိုင်းပြည်ကလေ။" ရှုယီက ပြောသည်။

"အမ်? ကျွန်မ......တကယ်မေ့နေတာပဲ....."

အာကာလီနည်းတူ Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားသောအခါ လမ်ပူရီတိုင်းပြည်၏ ဒေသခံအများအပြားကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

ဤလူများသည် Frestech ကုန်သည်ကြီးများအသင်းအတွက် စတက်တိန်းနယ်မြေတွင် အလုပ်လုပ်ခဲ့ပြီး ၎င်းတို့သည် စတန်းတိုင်းနယ်မြေ၌ အချိန်အတော်ကြာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့အများစုသည် လမ်ပူရီတိုင်းပြည်မှဖြစ်ကြောင်း မေ့နေကြ၏။

ဘုရင်ကြီး အဲရစ် နန်းတက်ချိန်၌ ထိုလူများကို လမ်ပူရီတိုင်းပြည်၏ သစ္စာဖောက်တွေဟု ခေါ်ခဲ့ပြီး ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် သိမ်းယူခဲ့ပါ၏။

သို့သော် Seveni ထီးနန်းရယူပြီးနောက်၊ ဤဆုံးဖြတ်ချက်သည် အကျုံးမဝင်ကြောင်း သူမကြေညာခဲ့ပြီး ၎င်းတို့အား လမ်ပူရီနိုင်ငံသို့ အချိန်မရွေး ပြန်လည်ကြိုဆိုခဲ့သည်။

သို့ပေမယ့် ထိုလူတွေဟာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ဖူးကြသဖြင့် တော်တော်များများက ပြန်မလာကြပါချေ။

အာကာလီသည် မိမိက လမ်ပူရီတိုင်းပြည်မှဖြစ်ကြောင်းကိုလည်း မေ့သွားသောကြောင့် ရှုယီ၎င်းကိုပြောလာမှ သတိရသွားခဲ့သည်။

"ဒါပေမယ့် အရေးမကြီးပါဘူး။" အာကာလီက ဆိုသည်၊ “အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မက စတက်တိန်းနယ်‌ေမြမှာ နေထိုင်ခဲ့ပြီး အမေ၊ အဖေနဲ့ မောင်လေးတို့အားလုံး ဒီနေရာကို ပြောင်းရွေ့လာခဲ့တယ်။ ရှင်ကျွန်မကို အခုလမ်ပူရီတိုင်းပြည်ကို ပြန်သွားခိုင်းရင် ဒါက......"

"ဆိုလိုတာက မင်း အီဗီတာ ရဲ့ လက်အောက်ခံအဖြစ် အမြဲရှိနေဖို့ စီစဉ်နေတာလား။" ရှုယီရုတ်တရက်ပြောလိုက်၏။

အာကာလီအံ့အားသင့်သွားပြန်သည်။ ခေတ္တရပ်ပြီးနောက် သူမ၏မျက်လုံးများ ရုတ်တရက်တောက်ပလာကာ "ဥက္ကဌ၊ ရှင်ဆိုလိုတာက ဒီမှော်သုတေသနဌာနရဲ့ အကြီးအကဲရာထူးက အီဗီတာ နဲ့ အတူတူပဲပေါ့"

“အတိအကျပြောရရင် အဆင့်တစ်ဆင့်ရှိပါသေးတယ်၊ ဒါပေမယ့် ဒီမှော်သုတေသနဌာနက ပင်မစက်ရုံရဲ့ စီမံခန့်ခွဲမှုကို မလိုက်နာရဘူး။ ကျုပ်အမိန့်ဖြစ်တဲ့ ကုမ္ပဏီကို တိုက်ရိုက်အစီရင်ခံရမှာ ..... မင်းနားလည်ပါတယ်။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"တကယ်လား? အဲဒါအရမ်းကောင်းတယ်!" ခဏလောက်စဉ်းစားဖို့ ခေါင်းမငုံ့ခင် အာကာလီက စိတ်လှုပ်ရှားစွာ ရွှင်မြူးနေသည်။ ထို့နောက် သူမကရှုယီအား ပြုံးပြကာ ခေါင်းကို မော့၍ ဆိုသည်၊ "ကောင်းပြီ ဥက္ကဌ၊ ဒါကို စဉ်းစားဖို့ နှစ်ရက်လောက် အချိန်ပေးလို့ ရမလား။"

"ပြဿနာမရှိပါဘူး။"

ရှုယီက စတီယာရင်ဘီးကို ရုတ်တရက် လှည့်၍ မှော်ဆလွန်းကို အမြန်ကွေ့လိုက်သည် ။ သူတို့သည် အန်ဗီမာမြို့တော်သို့ ဦးတည်သော လမ်းမကြီးမှ ထွက်ခွာပြီး အန်ဗီမာမြို့တော်အပြင်ဘက် အခြား ဆင်ခြေဖုံးရပ်ကွက်သို့ ရောက်လာကြသည်။

" ဥက္ကဌ၊ ရှင်က ကျွန်မကို မြို့ထဲမှာ ထမင်းစားဖို့ ခေါ်သွားမလို့လား။" အာကာလီက ရှုပ်ထွေးနေသည့်အသံဖြင့် မေးသည်။

"ကျုပ် မင်းကို မြို့ကို လာဖို့ ဖိတ်ခဲ့ပေမယ့် ဒီမတိုင်ခင်မှာ ဧည့်သည်အနည်းငယ်နဲ့ အရင်တွေ့ရမယ်။" ရှုယီက ပြန်ပြောသည် ။

"ဧည့်သည်?"

အာကာလီက ပိုလို့တောင် ရှုပ်သွား၏။

သူတို့နဲ့တွေ့ဖို့ ရှုယီကိုယ်တိုင်လိုအပ်တာက ဘယ်သူလောက်အရေးကြီးတဲ့သူမို့လို့လဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၃။ လမ်းမပေါ်မှာ ကားပြိုင်မမောင်းရ

ရှုယီနှင့် အာကာလီတို့ကို သယ်ဆောင်ထားသည့် မှော်ဆလွန်းမှာ အန်ဗီမာမြို့တော်၏ တောင်ဘက်‌ဆင်ခြေဖုံးမှ ထွက်ခွာလာခဲ့သည်။ ၎င်းတို့က အန်ဗီမာမြို့တော်တောင်ပိုင်းကို လျှောက်သွားနေပြီး အရှေ့ဂိတ်မှ ငါးကီလိုမီတာ အဝေး မြစ်ဆုံတစ်ခု၌ ရပ်လိုက်သည်။

ဤမြစ်ဆုံ၌ အရှေ့ဘက်သို့သွားသည့် လမ်းမှာ မီရန်ဒိုနယ်မြေနှင့် ချိတ်ဆက်ထားသော ဒုတိယလမ်းဖြစ်ကာ မြောက်ဘက်သို့သွားသည့်လမ်းမမှာ ဒရိတ်ခ်နယ်မြေနှင့် ချိတ်ဆက်ထားသော လမ်းမဖြစ်သည်။

မီရန်ဒိုနယ်မြေသို့ပို့ဆောင်သောလမ်းသည် အကျယ်အဝန်း သို့မဟုတ် အခြေအနေအရ အသစ်တည်ဆောက်ထားသောကြောင့် ဒရိတ်ခ်နယ်မြေသို့သွားသောလမ်းထက် ပိုကောင်းပါသည်။

သို့သော် ရှုယီသည် ဒရိတ်ခ်နယ်မြေမြောက်ဘက်သို့သွားသောလမ်းကို ရှင်းရှင်းလင်းလင်း အာရုံစူးစိုက်ထားပြီး သူ့မျက်လုံးများတွင် မျှော်လင့်နေဟန်ရှိသည်။

အာကာလီက ရှုယီကိုကြည့်လာကာ "ဟေ့ ဥက္ကဌ၊ မင်းသမီး ကာရိုလိုင်း လာနေလို့လား"

"အမ်?" ရှုယီအံ့အားသင့်သွားသည့်ဟန်ပေါ်လာကာ အာကာလီကတိတ်တဆိတ် ရယ်မောနေသည်ကို မြင်လိုက်ရသော် သူ့ရည်ရွယ်ချက်ကို ချက်ခြင်းနားလည်လိုက်သည်။ သူက ရယ်မောရင်းဖြင့် “ဟုတ်တယ်၊ မင်းသမီး ကာရိုလိုင်း လာနေတာ၊ ဘာဖြစ်လို့လဲ”

အာကာလီသည် အစပိုင်းတွင် နောက်ပြောင်နေခဲ့သော်လည်း သူမကို အံ့အားသင့်စေသည်မှာ ၎င်းက အမှန်ဖြစ်လိမ့်မည်ဟု သူမတွေးခဲ့မိခြင်းပင်။

"ဟေ့ ဥက္ကဌ၊ ရှင် အခုချိန်ထိ မပြောဘဲ မင်းသမီး ကာရိုလိုင်းနဲ့ လျှို့ဝှက်တွေ့ဆုံနေတာလား။"

"မင်းခေါင်းထဲမှာ လျှို့ဝှက်တွေ့ဆုံနေတာပဲရှိတာလား!" ရှုယီက ပြောသည် "လျှို့ဝှက်နေရင် မင်းကို ဘာလို့ ခေါ်လာရမှာလဲ"

အာကာလီက ရယ်မောလိုက်သည် “ဒါကို လေ့လာရရင် အခုက နားလည်မှုမလွဲစေဖို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်လေ"

ရှုယီက သူမကိုကြည့်လိုက်သည် "ဒါဆို မင်းသမီး ကယ်ရိုလိုင်းကို လျှို့ဝှက်ပြီးတွေ့ခဲ့တယ်ဆိုတာကို တကယ်သိရင် ကျုပ်ကိုပြောစမ်းပါ"

စဉ်းစားပြီး‌ေနာက် အာကာလီက ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ၊ သူမ လုပ်မှာမဟုတ်ပါဘူး။ သူမက ရှင် မိန်းမဘယ်လောက်နဲ့ပဲ အဆက်အသွယ်ရပါစေ၊ သူက မပြောင်းလဲဘူး။နောက်ထပ် အမျိုးသမီးတချို့ ထပ်တွေ့မယ်လို့တောင် မျှော်လင့်နေလောက်တယ်၊ သူဘာတွေတွေးနေလဲ တကယ်မသိဘူး”

"သူမက ကျုပ်အတွက်ပဲ တွေးနေပေမယ့် သူမရဲ့ခံစားချက်တွေကို အမြဲတမ်း နှိမ့်ချနေတယ်။" ရှုယီသက်ပြင်းချလိုက်သည်။ ခေတ္တရပ်ပြီးနောက်၊ သူက အာကာလီအား လေးနက်သောအကြည့်ဖြင့် ကြည့်လာကာ "အာကာလီ၊ မင်းနဲ့ စတေးလ်က သူငယ်ချင်းကောင်းတွေပဲ၊ မင်းပြောဖို့က ပိုလွယ်တဲ့အရာတွေရှိတယ်။ သူမ...သူမအနေနဲ့ အနာဂတ်မှာ နည်းနည်းပို တစ်ကိုယ်ကောင်းဆန်ပြီး သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေကို တွေးတောနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပြပေးပါ။ သူက ငါ့အတွက်ပဲ မှားတယ်လို့ ခံစားနေဖို့ မလိုဘူးလို့ ဟုတ်ပြီလား?"

အာကာလီသည် သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများဖြင့် ရှုယီကို ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။

“ကျွန်မ ပြောချင်တာက ဥက္ကဋ္ဌ၊ ဒါက ရှင် သူ့ကို ပြောသင့်တာ တစ်ခုပဲ၊ ကျွန်မပြောတာက ပြောချင်တယ်။ ဘာတွေဖြစ်နေလဲ မသိတဲ့လူတွေကျတော့ ကျွန်မက ရှင်တို့ကို သွေးထိုးလှုံ့ဆော်နေတယ်လို့ ထင်လိမ့်မယ်။”

"ဒါက မင်းပြောစရာရှိပြောလိုက်ပါ ဘာတွေ စိတ်ပူနေတာလဲ" ရှုယီအံ့သြသွားသည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မမလုပ်ဘူး။ ပြောချင်ရင် ကိုယ်တိုင်ပြောပါ။” အာကာလီက တိုးညှင်းနှာမှုတ်သည်။ သူမက ရှုယီနှင့် စကားမပြောချင်တော့သဖြင့် ရှင်းရှင်းလင်းလင်း လှည့်ထွက်သွားသည်။

အာကာလီ၏တုံ့ပြန်မှုကြောင့် ရှုယီအနည်းငယ် စိတ်ရှုပ်သွားသည်။ မျက်မှောင်ကုပ်၍ တစ်ခုခု ပြောချင်သော်လည်း အာကာလီက မြောက်ဘက်ကို ညွှန်ပြလာသည်ကို တွေ့လိုက်ရသည်။

"သူတို့ ဒီမှာ!"

ရှုယီလှည့်ကြည့်လိုက်သော် မြောက်ဘက်လမ်းတစ်လမ်း၌ မှော်ကားအမြောက်အမြားနှင့် ရှားပါးရိုးရာမြင်းလှည်းတချို့အပြင် မှော်ဆလွန်း အများအပြားရှိနေသည်ကို တွေ့လိုက်၏။

ရှေ့တွင်ရှိသော မှော်ဆလွန်းနှစ်စီးက အလွန်တောက်ပသောအရောင်များရှိပြီး လူများအား ၎င်းတို့ကို အာရုံစိုက်စေသည်။

ရှေ့မျက်နှာစာသည် လုံးဝနီရဲနေပြီး မြေပြင်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်ကဲ့သို့ အမြန်လမ်းကို ဖြတ်ကျော်ပြေးနေ၏။

နောက်မှလိုက်လာသော မှော်ဆလွန်းကမူ နွေဦးနေရောင်အောက်တွင် အဝါရောင်တောက်ပနေသည်။ လမ်းကိုဖြတ်ပြီး ပြေးလာသည်နှင့်အမျှ မီးနီရောင် မှော်ဆလွန်းထက်ပင် ပိုပြီး မျက်စိကျစရာပင်။

မှော်ဆလွန်းကို ပထမဆုံးမြင်တွေ့လိုက်ရချိန်မှာတော့ လမ်းဆုံလမ်းခွနဲ့ အနည်းဆုံး နှစ်မီတာကနေ သုံးမီတာအထိ ဝေးကွာနေသေးသော်လည်း မကြာခင်မှာ သူတို့၏ လမ်းဆုံကနေ ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

လမ်းဆုံလမ်းခွသို့ ရောက်ခါနီးတွင် မီးနီရောင် မှော်ဆလွန်းသည် ရုတ်တရက် ဘရိတ်အုပ်လိုက်ပြီး ရှုယီ၏ မှော်ဆလွန်းမှ ငါးမီတာအကွာတွင် ရပ်တန့်သွားသည်။ ၎င်းက တော်တော်စိတ်လှုပ်ရှားစရာကောင်းပုံရ၏။

၎င်းနောက်မှလိုက်ပါလာသော အဝါရောင် မှော်ဆလွန်းက အချိန်မီမတုံ့ပြန်နိုင်ဘဲ လမ်းဆုံလမ်းခွသို့ရောက်သည်နှင့် ဘရိတ်အုပ်လိုက်ရာ လမ်းဘေး မီတာတစ်ရာနီးပါး လိမ့်သွားသည်။

“ထွက်ရအောင်။” ရှုယီက အာကာလီကိုပြောပြီး ကားတံခါးကိုဖွင့်လိုက်၏။

အရှေ့ဘက်ရှိ အနီရောင် မှော်ဆလွန်း၏ တံခါးပွင့်လာသည်နှင့် ပန်းပွင့်ကဲ့သို့ လှပသော မျက်နှာသည် နေရောင်ခြည်သွန်းဖြိုးထားသကဲ့သို့ ပို၍ပင် လှပနေသည်၊ သူ့ဘေးနားက မီးနီရောင် မှော်ဆလွန်းက ထွက်လာခြင်းထက် မျက်လုံးကို ပိုဖမ်းစားစေ၏။

၎င်းမှာ စောစောက အာကာလီပြောခဲ့ဖူးသော မင်းသမီး ကာရိုလိုင်းဖြစ်သည်။

"ဟေး အချစ်လေး ရှုယီဒီမှာ အကြာကြီးစောင့်နေတာလား" မင်းသမီး ကာရိုလိုင်းသည် ရှုယီအား တောက်ပသော အပြုံးဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ရုတ်တရက် လိုက်ပါလာသော အာကာလီကို တွေ့လိုက်သောအခါ သူမ၏ အမူအရာက အနည်းငယ် တင်းမာသွားခဲ့သည်။ ထို့နောက် သူမသည် ရုတ်တရက် နားလည်မှုရှိသော ဟန်ကို ထုတ်ဖော်လိုက်ကာ "ဒါက သခင်မလေး အာကာလီကို မဟုတ်လား? ဒီက သခင်မလေး အာကာလီတို့ကိုမှတ်မိသေးလား"

အာကာလီကမူ မျက်နှာ အမူရာသိပ်မကောင်းဘဲ တုံ့ပြန်မှုဟု ယူဆနိုင်သည့် 'အင်း'ဟုသာ အသံပြု၍ ခေါင်းညိတ်သည်။

မင်းသမီး ကာရိုလိုင်းသည် သူမ၏ သဘောထားကို လုံးဝ မမြင်ရသလို ပြုမူကာ ပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေသော ဟန်ဖြင့် ပြောလာသည်၊ "သခင်မလေး အာကာလီ၊ မင်းက မှော်ပဲ့တင်ထပ်ခြင်းကို အဓိက သုတေသန လုပ်ခဲ့တာ မှတ်မိသေးတာ ဟုတ်တယ်မို့လား။ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက မှော်အချက်ပြတာဝါကို မြှင့်တင်နေပြီး မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်နေတာ အဲ့မှာ မင်းက တာဝန်ခံမဟုတ်လား။ ဒါကို အရမ်းစိတ်ဝင်စားတာကြောင့်၊ အဲဒါကို ကျေးဇူးပြုပြီး မိတ်ဆက်ပေးလို့ရမလား”

မင်းသမီး ကာရိုလိုင်းက သူမ၏ အထူးကျွမ်းကျင်မှုအကြောင်း မေးမြန်းလာရာ Frestech ကုန်သည်ကြီးများအသင်း၏ အစီအစဉ်တွင် ဒရိတ်ခ်နယ်မြေသည် ဤမှော်ဆက်သွယ်ရေးကွန်ရက်အတွက် အရေးကြီးသော ဖောက်သည်ဖြစ်လာလိမ့်မည်၊ အာကာလီလည်း အေးစက်စက် မပြုတော့ဘဲ ခေါင်းညိတ်ကာ မင်းသမီး ကာရိုလိုင်းကို စတင်မိတ်ဆက်ပေးလိုက်သည်။

ဘေးက ရှုယီက ၎င်းကိုမြင်သော် မနေနိုင်ဘဲ ကြိတ်ရယ်မိသည်။

အာကာလီသည် မင်းသမီး ကာရိုလိုင်းအား ဤကဲ့သို့ ပြုမူခြင်းမှာ သူမ၏ သူငယ်ချင်း စတေးလ် အတွက် ဒေါသ ထွက်ခြင်းဖြစ်ကာ သူမက ရှုယီကို တွယ်ကပ်ထားသူတစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသောကြောင့်ပင်။

သို့သော်လည်း မင်းသမီး ကာရိုလိုင်းသည် လူများနှင့် ဆက်ဆံရာတွင် အလွန်ကောင်းမွန်ပြီး အာကာလီသည် သုတေသနကို အာရုံစိုက်သူတစ်ဦးဖြစ်သည်၊ ထို့ကြောင့် တစ်ယောက်တည်း လုပ်ဆောင်သော သုတေသနပညာရှင်သည် သူမနှင့် မည်သို့ လိုက်ဖက်နိုင်မည်နည်း။

ရှုယီက သူတို့ကို မနှောင့်ယှက်တော့ဘဲ အနီရောင်တောက်တောက် မှော်ဆလွန်း ဘက်သို့ လှည့်ကာ လမ်းပေါ်တက်၍ မောင်းထွက်လိုက်သည် ။ ရုတ်တရက် နောက်မဆုတ်မီ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပါ၏။

သို့သော် ဤရွေ့လျားမှုကား မြန်ဆန်လွန်းသဖြင့် မှော်ဆလွန်းသည် မြင်းရိုင်းတစ်ကောင်လို ခုန်ဆင်းကာ ဆယ်မီတာကျော်ကျော်အား တိုးသွားပြီး လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်ကာ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

ဤအသံသည် စကားပြောနေသော အာကာလီနှင့် မင်းသမီး ကာရိုလိုင်းကို ကြောက်လန့်သွားစေ၏။ နှစ်ယောက်သား အံ့အားသင့်စွာ ကြည့်လိုက်သော် အဝါရောင်တောက်တောက် မှော်ဆလွန်း၏ကားတံခါးဝမှ လူငယ်တစ်ဦး ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

မင်းသမီး ကာရိုလိုင်းသည် သူမ၏မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး တွေးတောပြီးနောက် စိတ်ပူသောဟန်ဖြင့် ဆိုလိုက်သည် "ဆီမောရ်၊ ရှင်အဆင်ပြေရဲ့လား"

ရုတ်တရက် မတော်တဆမှုကြောင့် မျက်နှာ အနည်းငယ် ဖြူဖျော့သွားသော ဤလူငယ်သည် နောက်ဆုံးအကြိမ် ရောက်လာသော မားကွစ္စ်ဆော့သ်ဂိတ်၏ သူငယ်ချင်းဖြစ်သူ၏သား ဆီမောရ် ဖြစ်သည်။

“ကောင်းပါပြီ……အဆင်ပြေပါတယ်……” မင်းသမီး ကာရိုလိုင်း၏ အသံကိုကြားတော့ စိတ်ဝိညာဉ် ခုန်ထွက်သွားပုံပေါ်သော ဆီမောရ် သည် ကြောက်လန့်တကြား မျက်နှာထားနှင့် ငိုသည်ထက် ပိုဆိုးသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

သို့သော် တောက်ပသော အဝါရောင် မှော်ဆလွန်းကို လှည့်ကြည့်လိုက်သောအခါတွင် သူ့အမူအရာ ပျက်ယွင်းသွားပြန်သည်။

"ဘုရားရေ! ဒီတစ်ခုကို လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ဝယ်ခဲ့တာ။ အခုတော့ ပျက်စီးနေပြီ!"

ဆီမောရ် က သူမကို မကြည့်တော့တဲ့အတွက် မင်းသမီး ကာရိုလိုင်း က အပြုံးနဲ့ မပြောခင် မျက်လုံးကို အမြန်မှိတ်လိုက်ပါတယ်။"စိတ်ပူစရာမလိုပါဘူး ဆီမောရ်၊ ဥက္ကဌ ရှု ကဒီမှာပါ။ မင်းကား ပျက်သွားရင် ကောင်းပြီ၊ မင်း သူ့ကို ပြင်ဖို့ တစ်ယောက်ယောက်ကို ဖိတ်ခိုင်းလို့ရတယ်။"

"ဥက္ကဌ ရှု?" နောက်ဆုံးမတုံ့ပြန်မီ ဆီမောရ် အံ့သြသွားသည်။ သူသည် ရှုယီကို လှည့်ကြည့်လိုက်ပြီး အဆင်မပြေသော အပြုံးကို ထုတ်ဖော်လိုက်သည်။ "အာ ဥက္ကဌရှု၊ မင်းကဒီမှာပဲ။ တောင်းပန်ပါတယ် မင်းသမီး ကာရိုလိုင်းနဲ့ ပြိုင်ပြီး ရော‌က်နေတဲ့ ခင်ဗျားကို သတိမထားမိဘူး။"

ရှုယီက မျက်မှောင်ကုပ်ပြီး မရေမတွက်နိုင်သော မှော်ကားများ၊ ရိုးရာမြင်းလှည်းများနှင့် လမ်းဘေးရှိ လမ်းသွားလမ်းလာများကို လေးနက်သော အသံဖြင့် ညွှန်ပြရင်း၊ “မင်းသမီး ကာရိုလိုင်း၊ အရှင် ဆီမောရ်၊ မင်းတို့ ကားတွေ ပြိုင်ချင်တယ်ဆိုရင်၊ ပရော်ဖက်ရှင်နယ် ပြိုင်ကွင်းကို သွားပါလို့ ကျုပ် တင်းတင်းကျပ်ကျပ် သတိပေးရမယ်။ လမ်ပူရီတိုင်းပြည်မှာဖြစ်ဖြစ် ကျုပ်တို့ စတက်တိန်းနယ်မြေမှာဖြစ်ဖြစ် အချိန်မရွေးအသုံးပြုလို့ရနိုင်တဲ့ နေရာတွေရှိပါတယ်။ ဒါပေမယ့် အများသူငှာ လမ်းတွေကျတော့ ပြိုင်ကားအတွက် မသင့်တော်ဘူး၊ မတော်တဆဖြစ်ရတာ အရမ်းလွယ်တယ်။”

မင်းသမီး ကာရိုလိုင်းသည် အနည်းငယ် အံ့ဩသွားပြီးနောက် ညစ်ကျယ်ကျယ်ဟန်က လျှာထုတ်ပြခဲ့သည်။ သူမက ပြုံးပြီးပြော၏ “ကောင်းပြီ၊ ကျွန်မ နားလည်ပါပြီ။ ဥက္ကဌ ရှု ရဲ့ သတိပေးချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။"

ဆီမောရ် သည် သူ့နှုတ်ခမ်းများကို တွန့်ကွေးကာ ရှုရီ၏ စကားကို နားမထောင်ဘဲ အထင်ကြီးစွာ ရှုတ်ချနေဟန်ရှိသည်။

ရှုယီက သူ့ကို ကြည့်ပြီး ဂရုစိုက်ဖို့ အရမ်းပျင်းနေသည်။ ထို့နောက် မြောက်ဘက်လမ်းအတိုင်း ဆင်းလာသော မှော်ဆလွန်းသုံးစီးကို ကြည့်လိုက်မိသည်။

ဆီမောရ် သည် တောက်ပသော အဝါရောင် မှော်ဆလွန်း၏ နောင်မြီးကို ကြည့်လိုက်ရာ သူ့ရင်ထဲတွင် နာကျင်ခြင်း အနည်းငယ် ခံစားရသည်။ သူသည် ရှုယီကို အကူအညီတောင်းတော့မည်ဖြစ်သော်လည်း ရှုယီ၏ ဆုံးမခြင်းကို ခံရပြီးနောက်တွင် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ရသည်။ တွေးကြည့်ပြီးနောက် သူက အေးစက်စက် နှာရှုံ့ကာသာ ဘာမှ မပြောတော့ပေ။

ခဏအကြာတွင် မှော်ဆလွန်းသုံးစင်းသည်လည်း လမ်းဆုံလမ်းခွတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။

အလယ်ရှိ မှော်ဆလွန်းသည် နောက်တံခါးကိုဖွင့်လိုက်ပြီး မားကွစ္စ်ဆော့သ်ဂိတ်သည် ဖော်ရွေသောအပြုံးဖြင့် ရှုယီဆီသို့ ဦးတည်သွားသည်။

"ဥက္ကဌ ရှု၊ မင်းကိုပြန်တွေ့ရတာ အရမ်းဝမ်းသာပါတယ်။" မားကွစ္စ်ဆော့သ်ဂိတ်သည် သူ၏လက်ကို ရှုယီထံ ဝှေ့ယမ်းလိုက်သည်။

"ဟားဟား၊ လော့ဒ် မားကွစ္စ် ကို ပြန်တွေ့ခွင့်ရလို့ ပိုလို့တောင် ဝမ်းသာမိပါတယ်။"

ရှုယီက ပြုံးပြီး ရှေ့ကို ထွက်လာသည်။ သူသည် မားကွစ္စ်ဆော့သ်ဂိတ်ကို လက်‌ ဝှေ့ယမ်းပြပြီးနောက်၊ သူ့ဘေးရှိ ကားထဲမှ ထွက်လာသော နီမြန်းသော မျက်နှာဖြင့် မီးခိုးရောင် ဆံပင်အဖိုးအိုထံ သူ့မျက်လုံးများ ကျရောက်သွားသည်။

ဤအဘိုးအိုသည် အပြာရောင်မှော်ပညာရှင်၏ ၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ၎င်းကို အဆင့်မြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားကာ ကောင်းမွန်သောလက်ရာဖြင့် ဖြစ်သည်။

သို့ပေမယ့် သူ့အဝတ်အစားတွေနှင့် ယှဉ်လျှင် လူတွေရဲ့ အာရုံစိုက်မှုကို ပိုဖမ်းစားနိုင်တာက သူ့ရင်ဘတ်ပေါ်က လှိုင်းလုံးသင်္ကေတပါပင်။

သေသေချာချာ ကြည့်လိုက်ပါက သက်မဲ့မဟုတ်မှန်း သိလာလိမ့်မည်။ နေရောင်ခြည်အောက်မှာ ရေမှုန်ရေမွှားတွေ ထွက်လာတာကို မြင်နိုင်တဲ့ လှိုင်းလုံးကြီးပုံစံကို ထုတ်ပေး၏။

သူ၏ရင်ဘတ်ပေါ်တွင် ဤသင်္ကေတကို ကိုင်ဆောင်နိုင်သည့် မှော်ပညာရှင်သည် မှော်ပညာရှင်များအဖွဲ့အစည်း၏ မဟာမှော်ပညာရှင် အသိအမှတ်ပြုလက်မှတ်ကို ရယူခဲ့သော မှော်ဆရာကြီးဖြစ်သည်။

ထို့အပြင်၊ ၎င်း၏အခြားအဆင့်အတန်းကိုပြသသည့် ဘေးတွင် အခြားပုံမှန်ပုံစံသင်္ကေတတစ်ခုရှိသည်။

ဤထူးချွန်သော မှော်ပညာရှင်ကြီးသည် တကယ်တော့ စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်မှဖြစ်ပြီး ကောင်းကင်မြို့တော်မှဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၄။ အခွင့်အရေးအရ တွေ့ဆုံခြင်း

မှော်ပညာရှင်အိုကြီးက ရှုယီကို ကြည့်လာပြီးနောက် အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။

"လေးစားစရာကောင်းတဲ့ ရှုယီခင်ဗျားကို ဥက္ကဌရှုလို့ ခေါ်သင့်လား? ဒါမှမဟုတ် ခင်ဗျားက မဟာမှော်ပညာရှင်လို့ပဲ ပြောရမလား?"

ရှုယီက တစ်ချက်ပြုံးကာ မှော်ပညာရှင်များကို နှုတ်ဆက်ပြီးနောက် မည်သည့်ကြောက်ရွံ့မှုမှ မပါဘဲ ပြောလေသည်၊ "ကျုပ်ကို ဥက္ကဌရှုလို့ ခေါ်တာက ပိုကောင်းပါတယ်။ လူတိုင်းက ဒီအထောက်အထားကို ပိုရင်းနှီးကြသလို ကျုပ်ကလည်း ဒီလိုခေါ်တာ ပိုသဘောကျတာမို့လို့။ လေးစားရပါတဲ့ ဖာဂူဆန် ဒီတစ်လျှောက်လုံး ဒီအထိရောက်အောင်လာခဲ့ရတာ ခက်ခဲခဲ့ရပြီ ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး။"

မှော်ဆရာကြီးသည် သက်ပြင်းတစ်ချက်ချကာ ပြုံးပြ၍ ခေါင်းခါလိုက်သည်။

“အရင်တုန်းက မြင်းလှည်းတွေစီးရတော့ ကောင်းကင်မြို့တော်ကနေ ကီလိုမီတာ သုံးထောင်ကို ရောက်လာဖို့ဆို နည်းနည်းတော့ ပင်ပန်းရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ဆလွန်းမှာထိုင်လိုက်ကတော့ ခရီးက ပိုတိုတောင်းသွားပြီး ပင်ပန်းလွန်းလှတာတော့ မဟုတ်ပါဘူး။”

“ဆရာကြီးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မားလိုအင်ပါယာနဲ့ ဖော့ခ်တိုင်းပြည်တို့သာ လမ်းတွေနဲ့ ချိတ်ဆက်နေရင် ခင်ဗျားရဲ့ ခရီးစဉ်က ပိုအဆင်ပြေပြီး သက်တောင့်သက်သာရှိမယ်လို့ ယုံကြည်ပါတယ်။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

ဘေးက မားကွစ္စ်ဆော့သ်ဂိတ်က ဝင်ပြောလာသည် "ဥက္ကဌ ရှု၊ မင်း ကျုပ်ကိုသတိပေးစရာမလိုဘူး။ စိတ်ချပါ၊ ကျုပ်ဒီကိုရောက်နေပြီဆိုတော့ ဆုံးဖြတ်ချက်တစ်ခုချပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ၊ ကျုပ်ရဲ့ဆုံးဖြတ်ချက်တွေကို မင်းကျေနပ်မယ်လို့ ထင်ပါတယ်"

"အိုး? ဒါဆိုရင်တော့ တကယ့်ကို ကောင်းပါတယ်။” ရှုယီက ရယ်မောလိုက်ပြီးနောက်သူတို့ နှစ်ယောက်ကို ဖိတ်ခေါ်တဲ့ အမူအရာ ပြလိုက်သည် ။ “ဒီလိုဆိုတော့ မြို့ထဲကိုဝင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးကြရအောင်။ လမ်းမှာ စကားပြောဖို့ မသင့်တော်ဘူး မဟုတ်လား။”

"အင်း၊ သွားကြတာပေါ့။"

မားကွစ္စ်ဆော့သ်ဂိတ်နှင့် မှော်ပညာရှင် ဖာဂူဆန် တို့ဟာ ခေါင်းတညိတ်ညိတ်ဖြင့် မှော်ဆလွန်းထဲကို ပြန်မဝင်ခင် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြသည်။

ရှုယီသည် အာကာလီနှင့် မင်းသမီးလေး ကာရိုလိုင်းအား လက်ဝှေ့ယမ်းပြလိုက်ရာ ၎င်းတို့က ၎င်းတို့၏ သီးသန့် မှော်ဆလွန်းထံသို့ ပြောင်းရွှေ့သွားခဲ့သည်။

ထိုနေရာမှာ ရပ်နေသည့် ဆီမောရ် က သူ့၏တောက်တောက်ပပ အဝါရောင် မှော်ဆလွန်းကို ကြောင်တက်တက်နဲ့ ကြည့်နေ၏။ သူက ရှုယီကိုကြည့်ရင်း ပြောဖို့ရာ တုံ့ဆိုင်းနေသည်။

"အရှင် ဆီမောရ်၊ ကားရဲ့ နောက်ကျောကိုပဲ တိုက်မိသွားလို့၊ အဲဒါက သူ့ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ ခင်ဗျား မြို့ထဲကို အရင်မောင်းလာလိုက်ပါ ကျုပ် ပြင်ပေးပါ့မယ်။"

"ဟမ်? အိုး.....ကောင်းပြီ.....ကောင်းပြီ"

ဆီမောရ် သည် အံ့သြဖွယ်ကောင်းသော ဟန်ကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပြီး‌နောက် နှိမ့်ချစွာ ဆိုလာသည်။ သူက သူ၏ မှော်ဆလွန်းထဲကို အမြန်ဝင်သွားပြီး စက် စစနှိုးချိန်၌ မည်သည့်ပြဿနာမှ မရှိခဲ့ဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် ချက်ချင်း မောင်းထွက်နိုင်သွားသည်။

တောက်ပသော အဝါရောင် မှော်ဆလွန်း အဝေးမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှုယီက မျက်ခုံးပင့်လိုက်သည်။ သူသည် ၎င်း၏ မှော်ဆလွန်းထဲသို့ ဝင်ရောက်ကာ စက်နှိုးလိုက်ပြီးနောက် အန်ဗီမာမြို့တော်သို့ ဦးတည်ခဲ့သည်။

သို့သော်၊ ရှုယီသည် ၎င်းတို့အား အန်ဗီမာမြို့တော်သို့မပို့ဆောင်ဘဲ တောင်ဘက်တံခါး၏အပြင်ဘက် နှစ်ကီလိုမီတာအကွာရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုသို့ ရောက်လာခဲ့သည်။

ဤနေရာသည် ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်သောအခါ အထပ်မြင့်အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရသည်။ ဤနေရာ၌ လူများစွာ ရှိကာ ၎င်းသည် အန်ဗီမာမြို့ထက် သက်ဝင်လှုပ်ရှားမှုမလျော့ပေ။

၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်က ဖွင့်လှစ်ခဲ့သော အသစ်တည်ဆောက်ထားသည့် မြို့သစ်ဖြစ်သည်။ အနောက်ဘက်ရှိ စက်မှုအခြေခံနယ်ပယ်နှင့် နှိုင်းယှဉ်ပါက ဤနေရာသည် စီးပွားရေးဇုန်အသစ်ဖြစ်သည်။ ၎င်းသည် အန်ဗီမာမြို့တော်ရှိ အကြီးဆုံးကုမ္ပဏီများ၏စတိုးဆိုင်များနှင့် စားသောက်ဆိုင်များစွာကို စုဆောင်းထားသည်။

အန်ဗီမာမြို့တော်ရှိ အခမ်းနားဆုံး ချန်နယ်ဇိမ်ခံ စားသောက်ဆိုင်သည် ဤနေရာတွင် ရုံးခွဲဖွင့်လှစ်ထားပြီး မြို့တွင်းကဲ့သို့ မြေနေရာအကန့်အသတ်မရှိသောကြောင့် ဤနေရာသည် ဆိုင်ဟောင်းထက် ဆယ်ဆပိုကြီးသည်။

အကြီးမားဆုံး ဧရိယာကို ကားရပ်နားရန်နေရာအဖြစ် အသုံးပြုထားသည်။

“ကားရပ်နားရန်နေရာ” သည် လွန်ခဲ့သော နှစ်နှစ်ခန့်က လမ်ပူရီတိုင်းပြည်တွင် ပေါ်ထွက်ခဲ့သော အယူအဆအသစ်ဖြစ်သည်။ ၎င်းက အန်ဗီမာမြို့တော်နှင့် ဘန်တာမြို့တော်တို့တွင် စတင်ခဲ့သော အယူအဆသစ်တစ်ခုဖြစ်၏။

စားသောက်ဆိုင်များ၏ရှေ့တွင် မြင်းလှည်းပါလာသော ဧည့်သည်များအတွက် ကားပါကင်၏ သေးငယ်သော နေရာကိုသာ ပြင်ဆင်ထားကာ၊ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းသည် လမ်ပူရီတိုင်းပြည်တွင် ရေပန်းစားလာသည်နှင့်အမျှ ကုန်သည်တိုင်းနှင့် မျိုးရိုးမြင့်တိုင်းနီးပါးထံ၌ရှိသဖြင့် ယခင်က ကားပါကင်အတွက် အသုံးပြုသည့် စားသောက်ဆိုင်များသည် လုံလောက်မှု မရှိသလောက် နည်းပါးသည်။

ရိုးရိုးသားသားပြောရလျှင် အန်ဗီမာမြို့တော် တောင်ဘက်တွင် ဤစီးပွားရေးမြေသစ်ဖွင့်လှစ်ရခြင်း၏ အကြောင်းရင်းအများစုမှာ ကားရပ်နားရန်နေရာများမရှိခြင်းကြောင့်ဖြစ်သည်။

ထို့အပြင်၊ ဤနေရာသည် အန်ဗီမာမြို့တော်နှင့် မဝေးလှသည့်အပြင် ပတ်ဝန်းကျင်လည်း ပိုကောင်းသည်။ မှော်ဆလွန်းဖြင့် ဤနေရာကို ဆယ်မိနစ်သာ ကားမောင်းရသောကြောင့် ဤဆိုင်ကိုဖွင့်ပြီးသည်နှင့် ၎င်းသည် အဓိက ချန်နယ် စားသောက်ဆိုင်ထက်ပင် ပို၍နာမည်ကြီးလာခဲ့သည်။

အကယ်၍ ရှုယီသည် အချိန်မီ ချိန်းဆိုထားခြင်းမရှိဘဲ လူများစွာနှင့်အတူ ရုတ်တရက်ရောက်လာပါက စားစရာနေရာပင် ရှာတွေ့မည် မဟုတ်ပါ။ ၎င်းတို့မှာ ကားရပ်စရာနေရာတောင် မရှိတော့ချေ။

ရှုယီ၏အဖွဲ့ကို ချတ်နယ် စားသောက်ဆိုင်တံခါးအပြင်ဘက်မှာ စောင့်နေသည့် ဝန်ထမ်းက ဦးဆောင်ပြီး သူတို့အတွက် သီးသန့်ထားတဲ့ ကားပါကင်နေရာလိုက်ပြကာ ကားပေါ်ကနေ ထွက်လာပြီးနောက်၌ သူတို့နောက်ကနေ ကျိန်ဆဲသံကြားလိုက်ရသည်။

"သောက်ခွေး၊ သူတို့ရောက်တာနဲ့ ဘာလို့ ကားရပ်နိုင်တာလဲ၊ ငါတို့ကျ မလုပ်နိုင်ဘူး။ မင်းတို့ရဲ့ ချန်နယ် စားသောက်ဆိုင်က ငါတို့ကို နှိမ့်ချနေတာလား။ ဟမ်? မင်းတို့ကိုပြောပါရစေ၊ ငါ့အဖေက ဖက်စ်တာလင် မိသားစုကကွ၊ မင်းရဲ့ ချန်နယ် စားသောက်ဆိုင်က ငါ့ကို နှိမ့်ချနိုင်ပေမယ့် ငါ့အဖိုးကို နှိမ့်ချနိုင်ပါ့မလား"

ရှုယီ၏ မျက်ခုံးများ တွန့်သွားသည်။ အရက်မူးနေသော လူငယ်သည် မောက်မာသော ဟန်ဖြင့် သူတို့ကို ညွှန်ပြနေ၏။

ရှုယီက အပေါ်ကို မော့ကြည့်လိုက်တော့ သူက ချက်ချင်းပဲ သူ့ကို ပြန်ကြည့်လာသည်။

"ဘာကြည့်နေတာလဲ မင်းက ဘယ်ကုန်သည် အသေးလေးမှန်း ငါမသိဘူး၊ မင်း ဒီလို မာနကြီး ဝံ့သလား။ ငါဘယ်သူလဲ မင်းသိလား ငါက......"

သူပြော၍ မပြီးခင်မှာ သူ့ဘေးနားကလူက ရုတ်တရက် သူ့ပါးစပ်ကို အုပ်ပြီး သူ့စကားတွေကို မျိုချစေလိုက်သည်။ သူသည် ဗလုံးပထွေး အသံများကိုသာ ပြောနိုင်ပြီး စကားတစ်လုံးမှ မထွက်နိုင်ပေ။

ရှုယီသည် သူ့ပါးစပ်ကို အုပ်ထားသည့် အန်ကဲအီရန် ကို ကြည့်ရင်း အနည်းငယ် ရယ်စရာကောင်းသလို ခံစားမိသွားသည် ။

"မင်းသူငယ်ချင်းလား?"

အန်ကဲ အီရန် က ရှုယီကို အဆင်မပြေစွာ အပြုံးဖြင့်ခေါင်းညိတ်ပြသည် "အွန်း.....သူက မြို့စား ဖက်စ်တာလင် ရဲ့ မြေးပါ..... သူအရမ်းမူးနေတာမို့ သူ့စကားကြောင့် စိတ်မပျက်ပါနဲ့"

"မင်းရဲ့ကုမ္ပဏီကိုဖွင့်ပြီးရင် မင်းဒီလိုကုမ္ပဏီကထွက်သွားလိမ့်မယ်လို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ မပြောင်းလဲသေးဘူးထင်တယ်" ရှုယီက မမေးခင် ခေါင်းခါပြကာ "မင်း သူ အရက်သောက်ထားတယ်လို့ ပြောတာလား"

"အင်း.....သူမူးနေတာ၊ မူးနေတော့ မင်းတကယ်ပဲ သူ့ပြောတဲ့ အဓိပ္ပာယ်တွေကို စိတ်ထဲမထားသင့်ဘူး"

အန်ကဲ အီရန် သည် အန်ကဲ ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် ကျော်ကြားမှုအချို့ဖြင့် သတ်မှတ်ခံခဲ့ရသည်။ သူသည် လမ်ပူရီတိုင်းပြည်၌ ရာထူးအနည်းငယ်ရှိသူဟု သတ်မှတ်ခံရသော်လည်း ရှုယီ၏ရှေ့တွင်မူ သူ့ကို လုံးဝအရိုအသေမတန်ဝံ့ဘဲ ဤနည်းဖြင့်သာ ပြုမူနိုင်သည်။

ရှုယီဟာ လောင်းကစားထောင်ချောက်မှာ ဒုက္ခရောက်ခဲ့ရသည့် စိတ်ဒဏ်ရာကို မှတ်မိနေသေးပြီး ရှုယီက သူ့အတွက် သစ်ရွက်သစ်တစ်ရွက်ကို လှည့်နိုင်သည့် အခွင့်အရေးကို ပေးခဲ့သည့်အတွက် လူများစွာ လေးစားခံနေရသူဖြစ်လာခြင်းကြောင့် တကယ်ကို ကျေးဇူးတင်မိခဲ့ပါသည်။

"သူ မူးနေတာလား...ဒါဆို သူက ဒီကားကို မောင်းလာတာလား" ရှုယီသည် ထိုမေးခွန်းကိုမေးရင် ထိုလူအနားရှိ အဖြူရောင် သန့်သန့် မှော်ဆလွန်းကို ညွှန်ပြလာသည်။

အန်ကဲအီရန်က တချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။

“အဲဒါ သူ့ကားပါ။ ငါတို့သူငယ်ချင်းတွေက တခြားတစ်နေရာမှာ စုခဲ့ကြပြီး အရမ်းကောင်းတယ်လို့ မခံစားမိတဲ့အတွက် ဒီကိုလာခဲ့တာ၊ ဒါပေမယ့် မင်းနဲ့တွေ့မယ်လို့ ငါတို့ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ဒီလူတွေက......"

"သူတို့က မင်းနဲ့မဆိုင်ဘူး" ရှုယီသည် အန်ကဲ အီရန် ၏ အမေးကို ဖြတ်လိုက်ပြီး ထိုလူကို ညွှန်ပြသည်၊ “မူးရင် ကားမောင်းရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိတယ်ဆိုတာ သိရမယ်။ သူ့ကို ပြည်သူ့လုံခြုံရေးကို ပို့ပေးပါ၊ တခြားအကြောင်း ဘာမှပြောစရာ မလိုဘူး"

အန်ကဲ အီရန်သည် အမူအရာပြောင်းလဲရင်း အံ့အားသင့်သွားခဲ့သည်။

ဒါကို သူ မေ့နေခဲ့တာ။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်တွင် မှော်ဆလွန်းကို ဆက်လက် အရောင်းမြှင့်တင်နေသော်လည်း မှော်ဆလွန်းမောင်းနှင်နိုင်သူများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

ယာဉ်မောင်းလိုင်စင်ကို လမ်ပူရီတိုင်းပြည်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ဥပဒေအသစ်များကို ဆက်လက်ထည့်သွင်းခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှ အဆိုပြုထားသည့် ဥပဒေများအားလုံးကို လမ်ပူရီတိုင်းပြည်လွှတ်တော်က လုံးဝ ငြင်းပယ်ခြင်း မရှိပေ။

ယင်းဥပဒေများထဲတွင် အရက်မူးပြီး မောင်းနှင်ပါက အလွန်ပြင်းထန်သော ပြစ်ဒဏ်များ ရှိသည်။

သူ၏ သူငယ်ချင်းဖြစ်သူမှာ ရှုယီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသောကြောင့် နောက်ထပ် သုံးလကြာအောင် နောက်ထပ် မှော်ဆလွန်းကို မမောင်းနှင်နိုင်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။

အန်ကဲ အီရန် က ခါးသီးစွာ ရယ်မောကာ တုံ့ပြန်တော့မည်ဖြစ်သော်လည်း ပါးစပ်ကို ဖုံးအုပ်ထားသည့် လူငယ်က ဖယ်ထွက်သွားကာ ရှုယီကို လက်ညှိုးထိုး၍ ကျိန်ဆဲလိုက်သည်။ “မင်းက ဘာကောင်လဲ။ မင်းအဖေရဲ့ကိစ္စတွေကို စွက်ဖက်ဝံ့တယ်၊ မင်းဒီမှာမနေချင်တော့ဘူးထင်တယ် ဟုတ်လား။ ငါလုပ်မယ်ဆိုတာ မင်းယုံလား....."

သူဟာ စကားတစ်ဝက်ကို အပြီးမသတ်နိုင်လိုက်ပေ။

ဒီတစ်ကြိမ်မှာတော့ အန်ကဲ အီရန် က သူ့ပါးစပ်ကို မဖုံးထားဘဲ သူ့ နောက်ကျောကို ရိုက်ခဲ့ပါ၏။ သူ့လက်တစ်ဝိုက်တွင် စိမ်းပြာရောင်မှော်အလင်းတစ်ခုရှိသည်။

သူအသုံးပြုသည့် မှော်ပညာကို မသိရသော်လည်း ထိုလူသည် ချက်ချင်းပင် မေ့လဲသွားသည်။

ရှုယီက အန်ကဲ အီရန် ကို အံ့အားသင့်စွာ ကြည့်ရင်း ဆို၏ "အာ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မင်းရဲ့ မှော်ပညာတွေ တိုးလာမယ်လို့ မထင်ခဲ့ဘူး"

အန်ကဲ အီရန် က “ငါက ပုံမှန်အားဖြင့် မှော်စက်တွေနဲ့ အလုပ်လုပ်တဲ့အတွက် မှော်ပညာကို သုတေသနလုပ်ဖို့ အချိန်ပိုရခဲ့တယ်။ ဟုတ်ပါတယ် မင်းက မဟာ...ဖြစ်နေပြီဆိုတော့ ငါမင်းကို နှိုင်းယှဉ်လို့ မရ...။"

ရှုယီက သူ့အား ဖြတ်ပြောဖို့ လက်ကို မြှောက်လိုက်သည်။

"ကောင်းပြီ၊ ဒီမှာ မင်းနဲ့ပတ်သက်တာ ဘာမှမရှိဘူးလို့ ငါပြောခဲ့တယ်၊ ဒါပေမယ့် အခု ငါစိတ်ပြောင်းသွားပြီ။သူ့ရို မင်းရဲ့ တခြားသူငယ်ချင်းတွေဆီ သယ်သွားပေးပြီး မင်း ငါနဲ့လိုက်ခဲ့။"

အန်ကဲ အီရန် သည် အဖြစ်အပျက်ကို ပြုံးလျက် စောင့်ကြည့်နေသော ရှုယီနောက်မှ လူများကို မကြည့်မီ အံ့အားသင့်သွားသည်။ တစ်ချိန်လုံး နှာမှုတ်နေသည့် သူ့ဘေးနားက သူငယ်ချင်းနဲ့ အသက်ရွယ်တူတဲ့ လူငယ်ကလွဲလျှင် တခြားသူတွေက ထူးထူးခြားခြား အသွင်အပြင်တွေ ရှိနေသည်ကို သူတွေ့ပါ၏။

လှပသည့် သခင်မလေးနှစ်ဦးအပြင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျိုးရိုးမြင့် မိသားစုမှဖြစ်ကာ သေချာပေါက် ထူးခြားသော အဆင့်အတန်းတစ်ခု ရှိသည်။

ထို့အပြင် ယင်း မှော်ပညာရှင်အိုကြီးက တကယ်တမ်း မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က မှော်ပညာရှင်ပါပင်။

အကယ်၍ ဤလူများသည် ရှုယီနှင့်လာပါက၊ သာမန်မဟုတ်သောအရာများကို သဘာဝကျကျ ဆွေးနွေးကြမည်ဖြစ်သည်။

အခု ရှုယီသူ့ကို လာခွင့်ပေးလိုက်တာက သူတို့ရဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ အခွင့်အရေးပေးလိုက်တာ မဟုတ်ဘူးလား ။

အန်ကဲ အီရန်က သူ့သူငယ်ချင်းကို တခြားသူငယ်ချင်းတွေဆီ မြန်မြန်ချန်မထားခင်မှာ သူ့နှလုံးခုန်သံတွေ မြန်မြန်ဆန်ဆန်ခုန်နေတာကို အကြိမ်ကြိမ် ခံစားခဲ့ရပါ၏။ သူက "တောင်းပန်ပါတယ် လောလောဆယ် ငါမင်းတို့ မတွေ့နိုင်သေးဘူး"ဟုဆိုကာ သူက အပြုံးဖြင့် ရှုယီနောက်သို့ လိုက်သွားသည်။

သူ့သူငယ်ချင်းတွေက သူတို့လက်ထဲ ပြုတ်ကျလာသည့်လူကို ကြောင်တက်တက်ဖြင့် ကြည့်လိုက် ပန်းတပွင့်လို ပြုံးနေသော အန်ကဲ အီရန်ကို ကြည့်လိုက်ဖြင့် အားလုံးက စိတ်ရှုပ်သွားကြသည်။

ဒီကောင်၊ သူ ဒီနေ့ ဆေးထိုးပြီးပြီလား။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၅။ ဘာကြောင့် ဌာနချုပ်က လူတစ်ယောက် ပို့မှာလဲ

"ဒီတော့ ဒါက ဥက္ကဌ အီရန်ရဲ့ သားပေါ့၊ ရုပ်ဆင်နေတာ မဆန်းတော့ပါဘူး။" ဖာဂူဆန်က အပြုံးဖြင့် အန်ကဲ အီရန်ကို ပြောလိုက်သည်၊ "ကျုပ်က ဥက္ကဌရှုနဲ့ တွေ့ပြီးရင် ဥက္ကဌ အီရန်နဲ့တွေ့ဖို့ စီစဉ်ထားပေမယ့်လည်း သူ့သားကို အရင်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ ဥက္ကဌ အီရန်ရော ဒီတလော အဆင်ပြေနေရဲ့လား?"

အန်ကဲ အီရန်က အမြန် ဦးညွတ်ကာ "ဂရုစိုက်မှုအတွက် ကျေးဇူးအထူးတင်ပါတယ်၊ အဖေက ဒီတလော အရမ်းခံစားချက်ကောင်းနေလို့ သူ့ရဲ့ မှော်စွမ်းအားက တိုးလာပြီး အဖွဲ့အစည်းကိစ္စမျိုးစုံကလည်း ချောချောမွေ့မွေ့ဖြစ်နေပါတယ်။ ဒါက ကျွန်တော့်ကို သားအနေနဲ့ အရမ်းစိတ်ချမိစေတယ်။"

"အိုး? ဥက္ကဌ အီရန် ရဲ့ မှော်စွမ်းအား တိုးလာတာလား။ သူ ရာထူးတက်သွားလား မသိဘူး” မှော်ပညာရှင် ဖာဂူဆန်က စိတ်ဝင်တစား အသံဖြင့် မေးသည်။

“ဒီအကြောင်းတော့ မသိဘူး။ အဖေက မကြာသေးခင်က မှော်စက်တွေကို လေ့လာနေတာကြောင့် သူ့ရဲ့ စွမ်းအားကို တိုးမြင့်စေတဲ့ မှော်သုတေသနမှာ အောင်မြင်မှုတချို့ ရခဲ့တယ်လို့ ပြောတယ်။ အသေးစိတ်ကိုတော့ သူက ဘာမှ မပြောသေးဘူး။”

"ဒါက မှော်စက်တွေနဲ့ ဆက်စပ်နေပြန်ပြီလား" မှော်ပညာရှင် ဖာဂူဆန် သည် သူနှင့် ဆန့်ကျင်ဘက် ၌ထိုင်နေသောရှုယီကို ကြည့်ကာ စိတ်လှုပ်ရှားသော အသံဖြင့် ပြောသည် ။ "ဥက္ကဋ္ဌ ရှု၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေက ဘဝတွေကို ပိုမိုလွယ်ကူစေတယ်ပဲလို့ ထင်ခဲ့မိတယ်၊ ဒါပေမယ့် မှော်ပညာရှင်တွေရဲ့ မှော်အစွမ်းကို တိုးမြင့်အောင် ကူညီပေးနိုင်တယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါက တကယ်ကို အံ့သြစရာပါပဲ။”

ရှုယီက ရယ်မောလိုက်ပြီး "ချီးကျူးလွန်းနေပါပြီ။ ဥက္ကဌ အီရန်က သူ့ရဲ့ သုတေသနအပေါ် အာရုံစူးစိုက်မှုကြောင့် သဘာဝအတိုင်း သူ့ခွန်အားကို တိုးစေခဲ့တာပါ။ ဘယ်လိုမှော်စက်တွေပဲဖြစ်ဖြစ်၊ အဲဒါက သူ့ကို လှုံ့ဆော်မှုနည်းနည်းပေးရုံပါပဲ။”

“မဟုတ်ဘူး၊ ကျုပ်တို့နယ်ပယ်က မှော်ပညာရှင်တွေအတွက်၊ ကျုပ်တို့ကို လှုံ့ဆော်မှုနည်းနည်းလောက် ပေးနိုင်တဲ့ အရာတွေက တကယ့်ကို ရှားပါတယ်။ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက နှစ်ဒါဇင်များစွာအတွင်း အောင်မြင်မှုရခဲ့လို့ ကျုပ် အရမ်းအံ့သြမိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူက လေးစားထိုက်တဲ့ ခေါင်းဆောင် မှော်ပညာရှင်ဖြစ်လာတာပဲ။ အခုစဉ်းစားကြည့်တော့ ခင်ဗျားရဲ့ကုမ္ပဏီက မှော်စက်တွေကို သုတေသနလုပ်ရာမှာ အထောက်အကူဖြစ်လောက်တယ်။”

"နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက်မှာမှ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ကောင်းကောင်းပြင်ဆင်ပြီး အောင်မြင်ခဲ့တာလို့ ကျုပ်ထင်ပါတယ်။"

ရှုယီသည် ဤပုံစံအတိုင်း နှိမ့်ချနေသည့် အဓိက အကြောင်းအရင်းမှာ မှော်ပညာရှင် ဖာဂူဆန်သည် ဤအချိန်၌ မည်သည့်အကြောင်းကြောင့် ရောက်လာသည်ကို မသိသေးသောကြောင့် ဖြစ်သည်။

မားကွစ္စ်ဆော့သ်ဂိတ်သည် Frestech ကုန်သည်ကြီးများအသင်းကို ထပ်မံစစ်ဆေးမည်ဟု သတင်းရရှိသောအခါ၊ Frestech ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေး ဆွေးနွေးလိုသော မားကွစ္စ်ဆော့သ်ဂိတ်က ၎င်း၏ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းကြောင့် ရှုယီပျော်ရွှင်ခဲ့သည်။

ဆိုလိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာတွင် ကောင်းမွန်သောဖွင့်လှစ်မှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် မားလိုအင်ပါယာတွင် ဖွံ့ဖြိုးဆဲ Frestech ကုန်သည်ကြီးများအသင်းအတွက် အုတ်မြစ်ချပေးမည်ဖြစ်သည်။

မားကွစ္စ်ဆော့သ်ဂိတ်သည် ကန်ဒရာအင်ပါယာ၏သဘောထားနှင့်မတူဘဲ Frestech ကုန်သည်ကြီးများအသင်းနှင့်မှော်စက်များအတွက် အမြဲတမ်းကောင်းမွန်သောသဘောထားရှိကြောင်းကိုဖော်ပြခဲ့သည့်မဟုတ်ပါလား?

မားကွစ္စ်ဆော့သ်ဂိတ်နှင့်အတူတွဲလုပ်ခြင်းဖြင့် မှော်စက်များအား မားလိုအင်ပါယာတွင် ချောမွေ့စွာဖြန့်ကျက်နိုင်မည်ဖြစ်သည်။

အင်ပါယာနှစ်ခုအတွင်း မှော်စက်များကို ဖြန့်ကျက်နိုင်သရွေ့၊ ဆိုလိုသည်မှာ ရှုယီသည် မှော်စက်များကို နယ်မြေကြီးတစ်ခွင်ဖြန့်ကျက်ရန် သူ့အိပ်မက်ဆီသို့ ခြေတစ်လှမ်းလှမ်းနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင်၊ မားလိုအင်ပါယာတွင် မှော်စက်များ ရေပန်းစားလာပါက ကန်ဒရာအင်ပါယာသည် ယင်းကြောင့် ထိခိုက်မည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ကန်‌ဒရာအင်ပါယာတွင် ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲစေသော ၎င်းတို့၏သဘောထားကို ပြောင်းလဲနိုင်ဖွယ်ရှိသည်။

သို့ပေမယ့် မားကွစ္စ်ဆော့သ်ဂိတ်က တစ်ယောက်ယောက်ကို စေလွှတ်ပြီးနောက်၊ လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များ အဖွဲ့အစည်းကလည်း တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပါ၏။ ကောင်းကင်မြို့တော်ရှိ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သည် ၎င်းတို့၏ ကောင်စီအဖွဲ့ဝင် ဆယ့်သုံးဦးထဲမှ တစ်ဦးဖြစ်သော မဟာမှော်ဆရာ ခရစ္စတိုဖာ ဖာဂူဆန်အား ရှုယီနှင့် တွေ့ဆုံရန် စေလွှတ်ခဲ့သည်။

မှော်ပညာရှင် ဖာဂူဆန် လိုချင်သည်ကို သူတို့ မရှင်းပြခဲ့သော်လည်း မှော်ပညာရှင်များအဖွဲ့အစည်းကိုယ်စား ရှုယီနှင့် ဆွေးနွေးညှိနှိုင်းမည်ကို ဖော်ပြပြီး တခြားဘာကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

၎င်းက နည်းနည်းတော့ ထူးဆန်းသည်မှာ ထင်ရှားပါ၏။

Frestech ကုန်သည်ကြီးများအသင်းတွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကဲ့သို့သော အရေးပါသည့် မှော်ပညာရှင်ရှိရာ၊ မှော်ပညာရှင်များအဖွဲ့အစည်းသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာအစား ရှုယီကိုတွေ့ရန် မှော်ပညာရှင်တစ်ဦးကို စေလွှတ်ခြင်းမပြုသင့်ပါ။ ၎င်းက တကယ်ကို အနည်းငယ်ရှုပ်ထွေးစေသည်။

လူတွေကို ပိုအံ့အားသင့်စေသည်ကတော့ ဤ မှော်ပညာရှင် ဖာဂူဆန်ဟာ မားကွစ္စ်ဆော့သ်ဂိတ်နှင့် အတူ ရောက်လာခြင်းပဲဖြစ်ပါ၏။

ရှုယီသည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို မသိသောကြောင့် သူတို့၏ပန်းတိုင်ကို နားမလည်မီတွင် သူသည် အနည်းငယ်သာ၍ ဆင်ခြင်တုံတရားရှိရန်က သဘာဝကျသည်။

"ပြောရရင် ဥက္ကဌရှု၊ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်း အတွက် လက်ရှိလုပ်နေတဲ့ မှော်ပညာရှင် ဘယ်နှစ်ယောက်ရှိလဲ။" မှော်ပညာရှင် ဖာဂူဆန်က ရုတ်တရက် အကြောင်းအရာပြောင်းလိုက်သည်။

ရှုယီက အနည်းငယ်တွန့်ဆုတ်သွားပြီး ရိုးရိုးသားသား ပြန်ဖြေ၏၊ "အခုချိန်ထိ ကျုပ်အပါအဝင် မှော်ပညာရှင် စုစုပေါင်း နှစ်ထောင့်ခုနစ်ရာသုံးဆယ့်ခြောက်ယောက်ရှိနေပါပြီ"

"နှစ်ထောင့် ခုနစ်ရာသုံးဆယ့်ခြောက်?" မှော်ပညာရှင် ဖာဂူဆန်က ဒီနံပါတ်ကြောင့် အံ့အားသင့်သွားဟန်ကို ထုတ်ဖော်ပြသလိုက်ပါ၏။ "ဥက္ကဌ ရှု၊ ကျုပ်အထင်.... နိုင်ငံပေါင်းစုံက စစ်တပ်တွေကလွဲရင် မင်းရဲ့ကုမ္ပဏီလို မှော်ဆရာတွေ အများကြီးရှိတဲ့ တခြားအဖွဲ့အစည်း မရှိဘူးမဟုတ်လား"

ရှုယီသည် သူ့စိတ်နှလုံးကို အနည်းငယ်သတိထားနေသဖြင့် မျက်ခုံး အနည်းငယ်တွန့်ချိုးမိလိုက်သည်။

မှော်ပညာရှင် ဖာဂူဆန်၏ စကားများသည် သတိပေးချက်တစ်ခု ဖြစ်နိုင်ပါသလား။

စစ်တပ်မှလွဲ၍ နယ်မြေကြီးတွင် မှော်ပညာရှင်အများဆုံးရှိသည့် အဖွဲ့အစည်း။

Frestech ကုန်သည်ကြီးများအသင်းကို လူအများသတိထားရန် လွယ်ကူသောကြောင့် ဤခေါင်းစဉ်သည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကောင်းမွန်သောအရာမဟုတ်ပေ။

"ခင်ဗျားရဲ့ ချီးကျူးစကားက လွန်လွန်းနေပါပြီ။" ရှုယီက ရယ်မောလိုက်သည် "ကျုပ်တို့ကုမ္ပဏီမှာ မှော်ပညာရှင်တွေ အများကြီးရှိပေမယ့် အများစုက တတိယတန်း ဒါမှမဟုတ် စတုတ္ထတန်း မှော်ပညာရှင်တွေပါပဲ၊ နယ်မြေကြီးရဲ့ စစ်တပ်တွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မှာလဲ။ နောက်ပြီး သူတို့က ကျုပ်တို့ကုမ္ပဏီအတွက်ပဲ အလုပ်လုပ်ကြပြီး စစ်တပ်မှာ အသက်မရောင်းကြပါဘူး။”

"ဟုတ်လား?" မှော်ပညာရှင် ဖာဂူဆန်က ပြုံးသည်။ ခေတ္တရပ်ပြီးနောက်၊ “ဥက္ကဋ္ဌ ရှု၊ တကယ်တော့ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် ကျုပ်တို့ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ် အကဲဖြတ်မှုက အမြဲတမ်း မြင့်မားတယ်။"

"အိုး? အဲဒါက တကယ်ကို ပျော်ရွှင်စေပေမယ့် ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောပြနိုင်မလား။” ရှုယီနှင့် စားပွဲရှိ အခြားလူများက စိတ်ဝင်စားပုံပေါ်လာသည်။

မှော်ပညာရှင်များအဖွဲ့အစည်းသည် နယ်မြေကြီးရှိ မှော်ပညာရှင်များအားလုံးကို စုစည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်းသည် နယ်မြေကြီးပေါ်တွင် ကြီးမားသော သြဇာလွှမ်းမိုးမှုရှိကာ ၎င်း၏စကားလုံးများသည် အင်ပါယာ နှစ်ခုထက်ပင် လေးလံသည့်အကြိမ်များစွာရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း သည် ပတ်ဝန်းကျင်နိုင်ငံများတွင် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သော်လည်း ၎င်းတို့ကို နယ်မြေကြီးတွင် ပထမတန်းစားအဖြစ် မသတ်မှတ်ထားပေ။ မှော်ပညာရှင်များအဖွဲ့အစည်းက ဘာကြောင့် သူတို့ကို ဂရုစိုက်တာလဲ။

မားကွစ္စ်ဆော့သ်ဂိတ်သာလျှင် မှော်ပညာရှင် ဖာဂူဆန်က နောက်ဘာပြောမယ်ဆိုတာ သိထားပြီးသားဟန်ဖြင့် ပြုံးနေခဲ့သည်။

"အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်၊ ခင်ဗျားပြောခဲ့တဲ့ မှော်ပညာရှင် နှစ်ထောင့်ခုနစ်ရာသုံးဆယ့်ခြောက်ယောက်ထဲက အများစုဟာ တတိယတန်း ဒါမှမဟုတ် စတုတ္ထတန်း မှော်ဆရာတွေဖြစ်တာကြောင့်ပါ။" မှော်ဆရာကြီး ဖာဂူဆန်က ပြုံးပြုံးလေး ပြောသည်။

"ကျေးဇူးပြု။ ရှင်းပြပါဦး။"

မှော်ပညာရှင် ဖာဂူဆန်က ခပ်ဖျော့ဖျော့ပြုံးကာ “ဥက္ကဌ အီရန် က ဒါနဲ့ပတ်သက်ပြီး မင်းကို တစ်ခုခုပြောသင့်တယ်လို့ ကျုပ်ထင်တယ်၊ ဒါပေမယ့် ကျုပ်ဒီကိုရောက်နေပြီဆိုတော့၊ ကျုပ်တို့ဌာနချုပ်ရဲ့ ရပ်တည်ချက်ကို ပြောပြဖို့ ဒီအခွင့်အရေးကို ယူလိုက်မယ်။"

ရှုယီသည် ခပ်မြန်မြန် မတ်မတ်ထိုင်ကာ အာရုံစူးစိုက်မှုရှိဟန်ကို ထုတ်ဖော်လိုက်သည်။

မှော်ပညာရှင် ဖာဂူဆန်သည် ပြောမီ မည်သို့ပြောရမည်ကို တွေးနေသကဲ့သို့ တစ်စက္ကန့်မျှ ခေတ္တရပ်လိုက်သည်။ “ဥက္ကဌ ရှု၊ နယ်မြေကြီးမှာ မှော်ပညာရှင်များအဖွဲ့အစည်း တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ သိလား။"

ရှုယီသည် သူ့တွင်ရှိသည့် မှော်ပညာရှင်များအဖွဲ့အစည်း နှင့်ပတ်သက်သော အထွေထွေဗဟုသုတကို လျင်မြန်စွာတွေးတောပြီး ဤအသေးစိတ်အသေးစိတ်အချက်ကို မေ့သွားသည်ကို တွေ့လိုက်ရသည်။

သို့သော် အဖြေမထုတ်မီ နယ်မြေကြီးပေါ်ရှိ အဖွဲ့အစည်းများ၏ လမ်းညွှန်မူများကို တွေးတောရင်း ဆိုလိုက်၏၊ "ကျုပ်အထင်....ဒါက နယ်မြေကြီးမှာရှိတဲ့ မှော်ဆရာတွေအားလုံးကို အဖွဲ့အစည်းတစ်ခု ပေးပြီးတော့ လူတိုင်းကို ပိုအကျိုးခံစားခွင့်နဲ့ ပံ့ပိုးမှုတွေပေးဖို့အတွက် စုစည်းထားတာ ဖြစ်လောက်တယ်"

"ဒါက ယေဘုယျအချက်ပဲ" မှော်ပညာရှင် ဖာဂူဆန်က ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်ပြသည် “ဒါပေမယ့် ပိုတိကျဖို့ ဒါမှမဟုတ် နည်းနည်းလက်တွေ့ဖြစ်ဖို့ဆိုရင် မှော်ပညာရှင်အားလုံးကို ပိုမိုကောင်းမွန်တဲ့ ဘဝမှာနေထိုင်နိုင်အောင် ကူညီပေးဖို့ပါပဲ။ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား"

ရှုယီက ခေါင်းညိတ်လိုက်သည် "ခင်ဗျားရဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်။ အဆင့်မြင့်မှော်ပညာရှင် ဒါမှမဟုတ် ခေါင်းဆောင်မှော်ပညာရှင်‌ေတွအတွက်၊ သဘာဝအတိုင်း ရှင်သန်ဖို့က စိတ်ပူစရာမလိုပေမယ့် အောက်အဆင့် မှော်ပညာရှင်အများစုအတွက်၊ သူတို့ကလည်း သာမန်လူတွေထက် ပိုကောင်းတာမဟုတ်သလို ပိုမိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်ဖို့လည်း မလွယ်ကူပါဘူး။”

“ဟုတ်တယ်။ ပြီးတော့ သာမန်လူတွေက သူတို့ရဲ့ ကျွမ်းကျင်မှုကို လေ့လာပြီး ဘဝတိုးတက်အောင် လုပ်ဆောင်ဖို့ စိုးရိမ်စရာမရှိနိုင်ပေမယ့်လည်း မှော်ပညာရှင်တွေက သူတို့မှာ မှော်ပညာစွမ်းရည်ရှိကြောင်း သိနေလို့၊ ဒီအရည်အချင်းကို ဘယ်သူကမှ စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူး။”

အခန်းထဲရှိလူများသာမက ရှုယီ၊ အာကာလီနှင့် အန်ကဲ အီရန် ကဲ့သို့သော မှော်ပညာရှင်များမှာ မဟာမှော်ပညာရှင် ဖာဂူဆန် ၏စကားများနှင့်စပ်လျဉ်း၍ သဘောတူညီချက်ကိုပြသရန် မနေနိုင်ဘဲခေါင်းညိတ်ပြမိသည်။ မှော်ပညာရှင်မဟုတ်သော တစ်ဖက်မှ မားကွစ္စ်ဆော့သ်ဂိတ်နှင့် မင်းသမီးလေးကာရိုလိုင်းပင်လျှင် မနေနိုင်ဘဲ ခေါင်းညိတ်သဘောတူမိသည်။

မှော်ပညာရှင်များသည် စိုင်စ်နယ်‌ေမြကြီးမှလူများအတွက်အထူးဖြစ်သည်။ သူတို့က မှော်ပညာမှာ အရည်အချင်းရှိပြီး မှော်ပညာရှင်ဖြစ်ဖို့ အခွင့်အလမ်းရှိတယ်ဆိုတာ သိလျက်နဲ့၊ ဘယ်သူကမှ ၎င်းကို စွန့်လွှတ်ဖို့ ဆန္ဒမရှိသလို ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ တတ်နိုင်သမျှ လုပ်ကြမည် မဟုတ်ဘူးလား။

ဆီမောရ်သာလျှင် သူ့နှုတ်ခမ်းကို တွန့်ကွေးပြီး ဤပြောဆိုမှုကို ရှုတ်ချခဲ့သည်။

သူသည် မျိုးရိုးမြင့်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူ့မိသားစု၏ အစောင့်အကြပ်များတွင် မှော်ပညာရှင်များစွာရှိသည်။ ဤမှော်ပညာရှင်များသည် မှော်ပညာရှင်များ၏ မောက်မာမှုဟု ပြသခြင်းမရှိဘဲ သူ့အပေါ် အမြဲရိုသေခဲ့ကြသည်။

ဤအရာကြောင့် မှော်ပညာရှင်‌များသည် မယုံနိုင်လောက်အောင် ဖြစ်နေသည်ကို သူဘယ်သောအခါမှ မခံစားရစေပ။ သူတစ်ခုခုပြောရမယ် ဆိုရင် မဟာမှော်ပညာရှင်တွေနဲ့ ခေါင်းဆောင်မှော်ပညာရှင်တွေပဲ သူ့မျက်လုံးထဲကို ဝင်သွားနိုင်၏။

သို့သော် ၎င်းကိုတွေးကာ ဆီမောရ် သည် ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌသာမကဘဲ အစွမ်းထက်သော မှော်ပညာရှင်လည်းဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဒီအချက်က သူ့ကို နည်းနည်း စိတ်ဓာတ်ကျစေ၏။

ရှုယီက သူ့ ဘယ်လိုမှ မယုံရင်တောင် သူက ရှုယီနှင့် ယှဉ်လို့မရပါချေ။

“ဘယ်မှော်ပညာရှင်မဆို မှော်ပညာကိုလက်မလွှတ်ဘဲ သူတို့ရဲ့အချိန်ကို ဂရုစိုက်တတ်တယ်။ ဒါပေမယ့် ဒီမှော်ပညာရှင်အများစုအတွက်တော့ သူတို့ရဲ့ လေ့လာမှုနဲ့ အောင်မြင်မှုတွေ ရအောင်လုပ်ဖို့ ခက်လိမ့်မယ်။ ဒီအတွက် အချိန်တွေ၊ အားထုတ်မှုတွေ၊ ပိုက်ဆံတွေ အများကြီး ဖြုန်းကြရလိမ့်မယ်"

မဟာမှော်ပညာရှင် ဖာဂူဆန်က ထိုသို့ဆိုပြီး သက်ပြင်းချဖို့ ရပ်လိုက်ပါ၏။

ရှုယီနှင့် အာကာလီနှစ်ယောက်လုံးမှာ လေးလံသောဟန်များရှိနေသည်။

အာကာလီသည် စိုင်စ်နယ်မြေကြီးတွင် မွေးဖွားခဲ့ပြီး အဆင့်နိမ့်မှော်ပညာတစ်ဦးဖြစ်ခဲ့လေရာ ကမ္ဘာမြေမှ ကူးပြောင်းလာသော ရှုယီကဲ့သို့လူကို ပြောရန်မလိုအပ်ပေ။

သူမလို မှော်ပညာရှင်တစ်ယောက်၏ လမ်းကြောင်းက တကယ်ကို ခက်ခဲလွန်းတယ်ဆိုတာ ဘယ်သူထက်မဆို ကောင်းကောင်းသိပါ၏။

ရှုယီနှင့်တွေ့ဆုံခဲ့ခြင်းကြောင့်သာမဟုတ်ပါက၊ သူမသည် ကန့်သတ်ချက်များကြောင့် အဆင့်နိမ့်သော မှော်ပညာရှင်အများစုကဲ့သို့ ဖြစ်နေပေမည်။ သူမသည် သာမာန်လူတစ်ဦးအဖြစ်သာ ကန့်သတ်ခံထားရပြီး အသက်မွေးဝမ်းကြောင်းပြုရန် အရောင်းအ၀ယ်ပညာကို သင်ယူနေသည့် အထက်တန်းမှော်ပညာရှင်များ သို့မဟုတ် မဟာမှော်ပညာရှင်များကဲ့သို့ မြတ်နိုးခံရမည်မဟုတ်ပေ။

ဒါကိုတွေးပြီး အာကာလီဟာ မျက်လုံးထဲမှာ ခါးသီးသည့်အရိပ်အယောင်တွေ မပေါ်ခင်မှာပင် ရှုယီကို ကျေးဇူးတင်စကားအနည်းငယ်‌ပြော၍ စူးရှစွာကြည့်ခဲ့ပါ၏။

စောစောတည်းက သူနဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ......

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၆။ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီကို သတ်မှတ်ခြင်း

မဟာမှော်ပညာရှင် ဖာဂူဆန်က ထိုသို့ပြောလာစဉ်၌ ရှုယီက သူ၏ဆိုလိုရင်းကို နားလည်နေပြီးသားဖြစ်သည်။

ဥက္ကဌ အီရန်အနေနှင့် ၎င်းကို ယခင်က သူ့ထံ ဖော်ပြခဲ့သည်မှာ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်၌ ရှိစဉ်အချိန်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း မှ တတိယတန်းနှင့် စတုတ္ထတန်း မှော်ပညာရှင် သုံးရာကို အောင်လက်မှတ်စာမေးပွဲတွင် ခေါ်ယူထားသောကြောင့်၊ ဥက္ကဌ အီရန်သည် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း ကို ချီးကျူးရန် လျှို့ဝှက်တွေ့ဆုံခဲ့သည်။

ဥက္ကဌ အီရန် သည် Frestech ကုန်သည်ကြီးများအသင်းမှ ဤအဆင့်နိမ့်မှော်ပညာရှင်များကို အလုပ်များပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့၏။ ၎င်းတို့သည် ထိုသူတို့အား တည်ငြိမ်သော ၀င်ငွေကို ပေးရုံသာမက မှော်ပညာ သုတေသနနှင့် ထိတွေ့ခွင့်ရရှိစေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း အတွက် မှော်စက်များကို လေ့လာခြင်းနှင့် တီထွင်ခြင်းသည် တကယ့်မှော်သုတေသနနှင့် မတူသော်လည်း၊ ဤအဆင့်နိမ့် မှော်ပညာရှင်များအတွက်၊ နေ့စဉ် မှော်ပစ္စည်းအမြောက်အမြားနှင့် ထိတွေ့နိုင်ပြီး မှော်အစီအရင်များကို စီစဉ်ပေးရခြင်းသည် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ ၎င်းသည် ၎င်းတို့အား မှော်အတွေ့ အကြုံများစွာကို ပေးစွမ်းနိုင်ပြီး ၎င်းတို့၏ မှော်ပညာအဆင့်ကို တိုးမြှင့်နိုင်သည်။

ဒါကိုလည်း အချက်အလက်တွေက သက်သေပြခဲ့၏။

Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်လာသောမှော်ပညာရှင်များသည် အချိန်အတန်ကြာပြီးနောက် မှော်ပညာအဆင့်ကိုအမြဲတမ်းတိုးလာလိမ့်မည်။ ထို့အပြင်၊ ၎င်းတို့ တိုးလာသော အရှိန်သည် Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်မလုပ်သော တူညီသည့် အဆင့်ရှိ မှော်ပညာရှင်များထက် များစွာ အားကောင်းပါသည်။

လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်းမှ ဤအချက်အလက်များကိုမြင်သောအခါ Frestech ကုန်သည်ကြီးများအသင်း ပါဝင်ထားသည့်အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်းသိသွားခဲ့သည်။

ထို့ကြောင့် ဥက္ကဌ အီရန်သည် ပထမက ရှုယီနှင့် မဆက်ဆံခဲ့လျှင်ပင် Frestech ကုန်သည်ကြီးများအသင်း ကို သူအမြဲထောက်ခံနေဆဲဖြစ်သည်။

ထို့နောက် အန်ကဲ အီရန် နှင့် ရှုယီအကြား ပဋိပက္ခကို ဖြေရှင်းပြီးနောက် အန်ကဲ အီရန် သည် ရှုယီနှင့် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့သည်။ ၎င်းက သူ့အတွက် သစ်ရွက်လှန်လိုက်ခြင်းနှင့် တူနေခြင်းကြောင့် ဥက္ကဌ အီရန်၏ ရှုယီအပေါ် အမြင်တွေ ပြောင်းလဲသွားပြီး သူ့ကို ပိုလို့တောင် ထောက်ခံခဲ့ပါ၏။

လမ်ပူရီတိုင်းပြည်မှာ မှတ်ပုံတင်ထားသည့် မှော်ပညာရှင်တစ်ယောက်ရှိနေသရွေ့ သူတို့ရဲ့ အရည်အချင်းစစ် စာမေးပွဲအတွက် မှော်စက်ကုမ္ပဏီတစ်ခုထဲကို ဝင်ဖို့ အကြံပြုချက်တွေကို ရရှိမည် ဖြစ်ပါ၏။

ဤမှော်စက်ကုမ္ပဏီတွေထဲတွင် Frestech ကုန်သည်ကြီးများအသင်းအား ဘယ်လုပ်ငန်းက နှိုင်းယှဉ်နိုင်မည်နည်း။

ထို့ကြောင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း Frestech ကုန်သည်ကြီးများအသင်း သည် လူများပိုမိုစုဆောင်းခဲ့သည်။ ဒီနှစ်ထဲတွင် မှော်ပညာရှင် ငါးရာကျော်တောင် စုဆောင်းပြီးဖြစ်၏။

ဤအရေအတွက်သည် များလှပုံမပေါ်သော်လည်း လမ်ပူရီတိုင်းပြည်တွင် မှော်ပညာရှင် တစ်သောင်းအောက်သာ ရှိသည်။ တတိယတန်းမှ ပဉ္စမတန်းအထိ မှော်ပညာရှင်က နှစ်ထောင်ခန့်သာ ရှိသောကြောင့် ဤအရေအတွက်သည် အံ့ဩစရာဖြစ်နေပြီဖြစ်သည်။

၎င်းကို အနည်းငယ်ပိုမို ချဲ့ကားရသော် Frestech ကုန်သည်ကြီးများအသင်းတွင် လမ်ပူရီတိုင်းပြည် ရှိ တတိယတန်းမှ ပဉ္စမတန်းမှော်ဆရာများ၏ 60% ကျော်ရှိနေပြီဖြစ်သည်။

ကျန်တဲ့ 40% တွင် 10% လောက်က မှော်ပညာကို သူတို့ဘာသာသူတို့ လေ့လာနိုင်လောက်အောင် ကြွယ်ဝမှုရှိသည်။ ကျန် 30% သည် လမ်ပူရီတိုင်းပြည် ရှိ အခြားသော မှော်စက်ကုမ္ပဏီများအတွက် အလုပ်လုပ်နေကြ၏။

Frestech ကုန်သည်ကြီးများအသင်း မှ ဖွင့်လှစ်ထားသော မှော်စက် စက်လုပ်ငန်းအသစ်ဖြင့်၊ ၎င်းသည် လမ်ပူရီတိုင်းပြည် ရှိ အဆင့်နိမ့် မှော်ပညာရှင်အများစုအတွက် အသက်ရှင်ကျန်ရစ်ခြင်းနှင့်အတူ ပြဿနာကို ဖြေရှင်းပေးခဲ့သည်ဟု ဆိုနိုင်သည်။

၎င်းက မှော်ပညာရှင်များ အဖွဲ့အစည်း၏ မှော်ပညာရှင်များအတွက် အကျိုးကျေးဇူးများကို ကာကွယ်ခြင်းရန် ကြီးကြီးမားမား အကုန်အကျမရှိဘဲ အကျိုးအမြတ်ရနေခြင်းပင်။

အခုတော့ မှော်ပညာရှင်များ အဖွဲ့အစည်းက တစ်ယောက်ယောက်ကို စေလွှတ်ပြီး မဟာမှော်ပညာရှင် ဖာဂူဆန်က ဒါကို စတင်လိုက်တဲ့အတွက် မှော်ပညာရှင်များ အဖွဲ့အစည်းဌာနချုပ်၏ အတွေးအမြင်တွေက ရှင်းရှင်းလင်းလင်း သိသာထင်ရှားလွန်းပါ၏။

မျှော်လင့်ထားသည့်အတိုင်း၊ မဟာမှော်ပညာရှင် ဖာဂူဆန်သည် ဤနယ်ပယ်တွင် Frestech ကုန်သည်ကြီးများအသင်းမှ ပံ့ပိုးကူညီမှုများကို စတင်ချီးမွမ်းခဲ့သည်။ သူသည် မှော်ပညာရှင်များ အဖွဲ့အစည်းဌာနချုပ်ကိုယ်စား ရှုယီကို ကိုယ်တိုင်ကိုယ်ကျ ချီးကျူးခဲ့ပြီး သူသည် မှော်ပညာရှင်များကြားတွင် ထူးချွန်သူများထဲမှ တစ်ဦးဖြစ်ကာ သူ့ရဲဘော်များကို အမှန်တကယ် ဂရုစိုက်နိုင်သူဖြစ်သည်ဟု ဆိုခဲ့သည်။

“ဟားဟား၊ မဟာမှော်ပညာရှင် ဖာဂူဆန်၊ ခင်ဗျားရဲ့ ချီးကျူးစကားက များလွန်းနေပါပြီ။ ကျုပ်ကုမ္ပဏီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဒီရဲဘော်တွေရဲ့ စွမ်းအားကို လိုအပ်နေရုံသာ၊ တကယ်ကို သိပ်ပြီးမတွေးခဲ့မိပါဘူး။ ဌာနချုပ်က ကျုပ်ကို ပေးခဲ့တဲ့ ချီးကျူးမှုကို တကယ် မခံယူနိုင်ပါဘူး”

ရှုယီသည် အလွန် ကျိုးနွံပြီး ဘာကိုမှ မတောင်းဆိုပါချေ။

တစ်စုံတစ်ခုကို မလိုချင်ဘဲ ဘယ်သူကမှ တစ်ခုခုပေးမည်မဟုတ်ဟု သူအမြဲ ယုံကြည်ခဲ့သည်။

မှော်ပညာရှင်များ အဖွဲ့အစည်း ဌာနချုပ်သည် ကောင်စီတွင်ပင်ရှိနေသည့် မဟာမှော်ပညာရှင် တစ်ဦးကို ရုတ်တရက် စေလွှတ်လိုက်သည်။ ဒီအရည်အချင်းက မနည်းလှ၊ ဒါကြောင့် သူလိုချင်တဲ့ပန်းတိုင်က မရိုးရှင်းပါပေ။

သူ့အနေနှင့်နားမလည်ခင်မှာ သဘောထားကို မပြပါချေ။

မဟာမှော်ပညာရှင် ဖာဂူဆန်သည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်ပြီး ရှုယီ၏ အပြုအမူနှင့် အတွေးအမြင်များကို မည်သို့မမြင်နိုင်ဘဲ ရှိမည်နည်း။ သူဟာ ဖျတ်လတ်သော အပြုံးကို ထုတ်ပြရင်း တစ်ချိန်လုံး ဂရုတစိုက် နားထောင်ပြီး အဓိက ခေါင်းစဉ်ထဲသို့ ဝင်ကာ အနားရှိ အန်ကဲ အီရန် ကို ကြည့်လိုက်သည်။

“ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း က ပံ့ပိုးကူညီမှုနှင့် မြှင့်တင်ရကျိုးနပ်ကြောင်း ဆွေးနွေးပြီးနောက်မှာ ဥက္ကဌ ရှု၊ ဌာနချုပ်မှ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်နေတဲ့ မှော်ပညာရှင်တွေရဲ့ အခြေအနေတွေအပြင်၊ Frestech ကုန်သည်ကြီးများအသင်း နဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။"

“ပူးပေါင်းဆောင်ရွက်မယ်?" ရှုယီက ဌာနချုပ်မှာ တော်တော်ယဉ်ကျေးတယ်လို့ ထင်မိသည်၊ "ရုံးချုပ်က ကျုပ်ကို သူတို့နဲ့ အလုပ်တွဲလုပ်ခိုင်းတာ အံ့သြမိတယ်"

ရှုယီက Frestech ကုန်သည်ကြီးများအသင်း မဟုတ်ဘဲ သူတို့နဲ့ လက်တွဲမယ်ဟုသာ ပြောခဲ့ပါ၏။

သူသည် မှော်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သူသည် မှော်ပညာရှင်များ အဖွဲ့အစည်းရုံးချုပ်တွင် နာမည်ရရန် လိုအပ်ရာ ယခုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းကို ချန်ထားရမည်။

မဟာမှော်ပညာရှင် ဖာဂူဆန်က ရှုယီ၏ အသံတွင်ပါရှိသည့် အကြံဉာဏ်ကို ကြားလိုက်ရသဖြင့် ရယ်မောကာ ဆက်ပြောသည်။ “တကယ်တော့၊ မှော်ပညာရှင်များ အဖွဲ့အစည်းက အဆင့်နိမ့် မှော်ပညာရှင်တွေရဲ့ ရှင်သန်မှုကိစ္စကို စိတ်ပူနေတာကြာပြီ၊ ဒါပေမယ့် အခု Frestech ကုန်သည်ကြီးများအသင်း နည်းလမ်းတွေကို လေ့လာသိရှိလာတဲ့အတွက် ဒါကို ထောက်ပံ့ချင်ပါတယ်။ အတိအကျပြောရရင်......ပထမဦးဆုံး၊ မှော်ပညာရှင်များ အဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းကို မှော်ပညာရှင်များ အဖွဲ့အစည်းနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဥက္ကဌ ရှု ခင်ဗျားဘယ်လိုထင်လဲ"

ထိုသို့ပြောသည့်အချိန်၌ အခန်းထဲကလူတိုင်းက ထိတ်လန့်တုန်လှုပ်နေဟန်ကို မနေနိုင်စွာ ထုတ်ပြလာသည်။

မှော်ပညာရှင်များ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခုလား။

ဤအသုံးအနှုန်းသည် အသစ်အဆန်းဟု မယူဆထားသော်လည်း မတိုင်ခင်က မှော်ပညာရှင်များ အဖွဲ့အစည်းသည် ကုမ္ပဏီအနည်းငယ်ကိုသာ ပူးပေါင်းလက်တွဲလုပ်ဆောင်သည့်ကုမ္ပဏီများအဖြစ် စာရင်းသွင်းထားသောကြောင့်ဖြစ်သည်။

သို့ပေမယ့် ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများမှာ နယ်မြေကြီးပေါ်တွင် ပထမတန်းစား ကုမ္ပဏီတွေများဖြစ်ကြောင်း အားလုံးက သိကြပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် ပထမတန်းစားကုမ္ပဏီတစ်ခုဖြစ်သော်လည်း နယ်မြေကြီးတွင် ထိုသို့ဖြစ်ရန် လုံလောက်မှုမရှိသေးပါချေ။

မှော်ပညာရှင်များ အဖွဲ့အစည်းဌာနချုပ်သည် Frestech ကုန်သည်ကြီးများအသင်းကို အမှန်တကယ် အံ့အားသင့်စရာကောင်းသည့် ပူးပေါင်းဆောင်ရွက်နိုင်သော ကုမ္ပဏီတစ်ခုအဖြစ် စာရင်းထည့်လိုနေသည်။

အခြားလူတွေအားလုံးက ရှုယီကို ကြည့်နေကြ၏။ Frestech ကုန်သည်ကြီးများအသင်းအတွက်၊ ဤသည်မှာ နယ်မြေကြီးတစ်ဝှမ်းတွင်ကျော်ကြားရန် အလွန်ကောင်းသောအခွင့်အလမ်းဖြစ်လိမ့်မည်ဟု လူတိုင်းယုံကြည်ကြသည်။

သို့သော်လည်း ရှုယီအနည်းငယ် အံ့သြသွားပြီးနောက် သူ နှုတ်ဆိတ်သွားကာ မေးလာသည်။ “မှော်ပညာရှင်များ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ပူးပေါင်းလုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့၊ ကျုပ်တို့ ကုမ္ပဏီက ဘာလုပ်ပေးရမှာများလဲ"

မဟာမှော်ပညာရှင် ဖာဂူဆန်က ခေါင်းတညိတ်ညိတ်နှင့် ချီးမွမ်းသည့် အပြုံးကို ထုတ်ဖော်ကာ ပြောသည်။ “မတူကွဲပြားတဲ့ ကုမ္ပဏီတွေမှာ ပူးတွဲ လုပ်ဆောင်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကျုပ်တို့ အခုအချိန်မှာ မည်သည့်အရာဖြစ်တယ်ဆိုတာကို မသတ်မှတ်နိုင်သေးပေမယ့်လည်း၊ မတိုင်ခင်က ကျုပ်တို့ဆွေးနွေးခဲ့သလို မှော်ပညာရှင်များ အဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အဆင့်နိမ့်မှော်ပညာရှင်တွေရဲ့ လူနေမှုဘဝအခြေအနေတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ။"

ဤရလဒ်သည် အံ့ဩစရာမဟုတ်ပါ၊ တစ်ချိန်လုံး မဟာမှော်ပညာရှင် ဖာဂူဆန်က ထိုကိစ္စကိုချည်း ပြောနေသည့်အရာမှာ အံ့သြစရာမဟုတ်ပေ။

“အဲဒီအခါမှာ ဘာထူးခြားချက်တွေ ရှိလဲ။” ရှုယီက မေးသည်။

မဟာမှော်ပညာရှင် ဖာဂူဆန်က ရယ်မောပြီး ခေါင်းယမ်းလိုက်သည်၊ “ကျုပ် အခုတော့မသိသေးဘူး။ ဒီတစ်ခါလာတာက Frestech ကုန်သည်ကြီးများအသင်းဟာ ဘယ်လိုလဲဆိုတာကို လေ့လာဖို့ လာတာပါ။ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲဆိုတာတော့ စစ်ဆေးမှုတွေအပြီးမှာ ဥက္ကဋ္ဌ ရှုနဲ့ ဆွေးနွေးမှုတွေအပေါ် မူတည်ပါတယ်။”

ရှုယီက သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။

မဟာမှော်ပညာရှင် ဖာဂူဆန်က ၎င်းကို ရှင်းရှင်းလင်းလင်း ပြောထားသည်၊ ဤတကြိမ်တွင် သူက ဌာနချုပ်၏ ကိုယ်စားလှယ်အဖြစ် ဤနေရာမှာ ရှိနေခြင်းပင်။ အသေးစိတ်အချက်အလတ်တွေကိုတော့ ချက်ချင်းသတ်မှတ်၍ မရပါချေ။

မှော်ပညာရှင်များ အဖွဲ့အစည်းရုံးချုပ်မှ Frestech ကုန်သည်ကြီးများအသင်းကို လျှို့ဝှက်ပူးပေါင်းလုပ်ဆောင်သည့်ကုမ္ပဏီအဖြစ် တောင်းဆိုလာခြင်း လက်ခံရန် ရှုယီသည် တချိန်လုံး သံသယစိတ်များရှိနေသော်လည်း ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မှော်ပညာရှင်များ အဖွဲ့အစည်းသည် နယ်မြေကြီးအပေါ်တွင် ပြင်းထန်သောသြဇာလွှမ်းမိုးမှုရှိသောကြောင့်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသော ကုမ္ပဏီတိုင်းကို နယ်မြေကြီးရှိ ပထမတန်းစားကုမ္ပဏီများအဖြစ် သတ်မှတ်ခဲ့ကြသည်။

ယခု Frestech ကုန်သည်ကြီးများအသင်း၏ခွင့်ပြုချက်ရရှိပြီးသည်နှင့် ဤသတင်းပျံ့နှံ့သွားသည့်အခါ Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးအပေါ်တွင် အာရုံစူးစိုက်မှုဗဟိုဖြစ်လာလိမ့်မည်။

ဟုတ်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏လက်ရှိအင်အားဖြင့်၊ ၎င်းတို့သည် နယ်မြေကြီး၏ပထမတန်းစားကုမ္ပဏီဖြစ်လာရန် ဝေးနေသေးသည်။

ရုံးချုပ်၏ဆုံးဖြတ်ချက်သည် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကြောင့်မဟုတ်ဘဲ အဆင့်နိမ့်မှော်ပညာရှင်များ၏ဘဝကို မြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်သည်။

ကျန်တာအားလုံးအတွက်.....ရှုယီက မသေချာပေမယ့်လည်း တုံ့ပြန်ဖို့ အလျင်စလိုမဖြစ်ခဲ့ပါချေ။

"ဆိုလိုတာက ခင်ဗျား ကျုပ်တို့နဲ့ စတက်တိန်းနယ်‌ေမြကို လာဖို့ စီစဉ်နေတာလား" ရှုယီက မေးသည်။

“အလျင်မလိုပါနဲ့။ ကျုပ် ဥက္ကဌ အီရန် ကို အရင်တွေ့ပြီး တချို့ကိစ္စတွေ ဆွေးနွေးဖို့ရှိပါသေးတယ်။ ရက်အနည်းငယ်အတွင်းမှာ စတက်တိန်းနယ်မြေကို လာမှာပါ" မဟာမှော်ပညာရှင် ဖာဂူဆန်ကဆိုသည် “ခင်ဗျားနဲ့ မားကွစ္စ်ဆော့သ်ဂိတ်က ကျုပ်ကို စိတ်ထဲမထားဖို့ မလိုပါဘူး၊ ခင်ဗျားတို့ကိုယ်တိုင် အရင်သွားလို့ရတယ်”

ရှုယီသည် မားကွစ္စ်ဆော့သ်ဂိတ်ကို လှည့်ကြည့်လိုက်သည်။ သူခေါင်းညိတ်တာကိုမြင်တော့ လမ်းမှာ မဟာမှော်ပညာရှင် ဖာဂူဆန်နှင့် စကားပြောဖြစ်ပြီး သူ့အစီအစဉ်တွေကို ကြားခဲ့ရခြင်း ဖြစ်နိုင်ပါ၏။

“ကောင်းပြီ၊ ကျုပ် ခင်ဗျား စတက်တိန်းနယ်‌ေမြဆီ ရောက်လာတာကို စောင့်နေပါ့မယ်။"

မဟာမှော်ပညာရှင် ဖာဂူဆန်က ခေါင်းငြိမ့်ပြီး သူ့ထိုင်ခုံပေါ် ပြန်မှီလိုက်သည်။ သူက ရှုယီစကားပြောပြီးသွားပြီဆိုသည်မှာ သိသာထင်ရှားစွာ အေးအေးဆေးဆေး ဟန်ပေါ်နေ၏။

အန်ကဲ အီရန် သည် ဤအခွင့်အရေးကို လျင်မြန်စွာရယူပြီး မဟာမှော်ပညာရှင် ဖာဂူဆန်နား ပိုမိုတိုးကပ်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရှုယီက မားကွစ္စ်ဆော့သ်ဂိတ်ကိုလှည့်ပြီး အာကာလီကို ဦးစွာမိတ်ဆက်ပေးလိုက်သည်။ “သခင် မားကွစ္စ်၊ ခင်ဗျား ရေစနစ်လို အခြေခံအဆောက်အအုံကို အရမ်းစိတ်ဝင်စားတယ်လို့ ပြီးခဲ့တဲ့ တစ်ကြိမ်က ပြောခဲ့တယ်မို့လား၊ ဒါဆို အာကာလီက တာဝန်ယူထားတဲ့ အဖွဲ့ကို နောက်ထပ် စီမံကိန်းတစ်ခုအနေနဲ့ အကြံပြုချင်တယ်။"

“အိုး?" မားကွစ္စ်ဆော့သ်ဂိတ်က အာကာလီကို အံ့သြတကြီးနှင့် ကြည့်လိုက်သည် "အခုပြောလိုက်တဲ့ သခင်မလေး အာကာလီက မှော်ဆက်သွယ်ရေးစနစ်ကို ဖန်တီးခဲ့တဲ့သူမဟုတ်လား"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၇။ မားကွစ္စ် ဆော့သ်ဂိတ်၏ ပူပန်သောကများ

သုံးရက်ကြာပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်နှင့် ရှုယီတို့ အဖွဲ့စတက်တိန်းနယ်မြေသို့ ပြန်ရောက်လာကြသည်။

သူ၏ ဤနေရာရှိ ပထမဆုံးအကြိမ်အတွက် မားကွစ္စ် ဆော့သ်ဂိတ်မှာ ဤနေရာသို့ တစ်ချက်ကြည့်ရန် ရောက်လာခြင်းဖြစ်သော်လည်း ဤအကြိမ်၌ သူဟာ စိတ်ထဲရှိ ပန်းတိုင်တစ်ခုကြောင့် ရောက်လာခြင်းပင်။

စတက်တိန်းနယ်မြေသို့ ပျံ့နှံ့ပြီးသား ရေစနစ်ကို အသေးစိတ် စူးစမ်းမှုပြီးနောက် သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စာချုပ်ချုပ်ရန် တုံ့ဆိုင်းမနေတော့ပေ။

စာချုပ်မှာ မားလိုအင်ပါယာတွင် Frestech ကုန်သည်ကြီးများအသင်း၏ ရေစနစ်အား မိတ်ဆက်ရန်အတွက်ဖြစ်သည်။

ဟုတ်ပါ၏၊ သူတို့၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ခြင်းကြောင့်၊ စာချုပ်၏ အတိုင်းအတာက ထိုလောက်ကြီး မဟုတ်ပါချေ။ မားကွစ္စ်ဆော့သ်ဂိတ်သည် ၎င်း၏နယ်မြေရှိ မြို့ငယ်လေးတစ်မြို့သို့ ရေစနစ်အား မိတ်ဆက်ပေးရုံသာဖြစ်ပြီး၊ ၎င်း၏ စုစုပေါင်း ဧရိယာသည် ငါးစတုရန်းကီလိုမီတာအောက်သာ ရှိသည်။

ခန့်မှန်းချက်များအရ Frestech ကုန်သည်ကြီးများအသင်းမှ မှော်ရေသန့်စက်ငါးလုံး၊ လိုအပ်သောပိုက်များနှင့်အဆို့ရှင်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ စုစုပေါင်း ရွှေဒင်္ဂါးပြားအား လေးသောင်းရှစ်ထောင်ဟု သတ်မှတ်ထားသည်။

အကယ်၍ ဤသဘောတူညီချက်ကို လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန် တိုင်းပြည်နှင့် လက်မှတ်ရေးထိုးခဲ့ပါက ရွှေဒင်္ဂါးနှစ်သောင်းမှ သုံးသောင်းအထိ စုစုပေါင်းပမာဏသည် နည်းပါးသွားမည်ဖြစ်သည်။ အကြောင်းရင်းမှာ မားလိုအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ဝေးကွာလှသောကြောင့်၊ ကုန်စည်ပို့ဆောင်ခြင်းနှင့် တပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်သည် လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်ထက် ပိုမိုမြင့်မားမည်ဖြစ်သည်။

ထို့ကြောင့် ဈေးနှုန်းက ပိုမြင့်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်တွေဟာ အနည်းငယ်တော့ ကျဆင်းသွားပါ၏။

သို့သော် ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း နှင့် မားကွစ္စ်ဆော့သ်ဂိတ်တို့ကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်သလို မားလိုအင်ပါယာနှင့် ၎င်းတို့၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်သောကြောင့်၊ ၎င်းသည် အလွန်အရေးကြီးပြီး ၎င်းတို့အား လျှော့စျေးအချို့ပေးခြင်းက ပုံမှန်ဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် အလိုအလျောက်ထုတ်လုပ်သည့် မှော်စက်များသည် Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများတွင် ပျံ့နှံ့နေပြီဖြစ်သည်။ သူတို့ထုတ်လုပ်သည့် မှော်စက်တွေအတွက် ကုန်ကျစရိတ်နှင့် အချိန်တွေလည်း လျော့သွားပြီဖြစ်၏။

ထို့ကြောင့် ၎င်းတို့သည် လျှော့စျေးအချို့ပေးသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့်နှစ်နှစ်ကထက် ၎င်းတို့ထံမှ ဝင်ငွေပိုမိုရရှိမည်ဖြစ်သည်။

ရေစနစ်သည် ရောက်လာစဉ်တည်းက မားကွစ္စ်ဆော့သ်ဂိတ်အနေဖြင့် ဆုံးဖြတ်ထားပြီးသားဖြစ်သောကြောင့် သဘာဝအတိုင်း စာချုပ်ကို အလွန်ချောမွေ့စွာ လက်မှတ် ရေးထိုးခဲ့ကြသည်။

မားကွစ္စ်ဆော့သ်ဂိတ်ဂရုစိုက်သောလမ်းများနှင့် ရှုယီအကြံပြုထားသည့် မှော်ဆက်သွယ်ရေးကွန်ရက်အတွက်မူ မားကွစ္စ်ဆော့သ်ဂိတ်မှာ ဆုံးဖြတ်ချက်မချမီ ၎င်းကို သေချာ စုံစမ်းစစ်ဆေးရန် လိုအပ်သည်။

မားကွစ္စ်ဆော့သ်ဂိတ်သည် ၎င်း၏ကိုယ်ပိုင်နယ်မြေကို ဆက်လက်စမ်းသပ်နေသောကြောင့် မှော်ဆက်သွယ်ရေးကွန်ရက်နှင့် ပတ်သက်လာသောအခါတွင် လွယ်ကူသည်။ ထို့ကြောင့် သူသည် မှော်ဆက်သွယ်ရေးကွန်ရက်တစ်ခုအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် ချောမွေ့စွာ ချုပ်ဆိုနိုင်ခဲ့သည်၊ ၎င်းက စုစုပေါင်း ရွှေဒင်္ဂါး ခုနစ်သောင်းခြောက်ထောင် ကုန်ကျခဲ့သည်။

လမ်းများနှင့်ပတ်သက်၍ မားကွစ္စ်ဆော့သ်ဂိတ်သည် သူ့နယ်မြေတွင် လမ်းများဖောက်လုပ်ရုံမျှဖြင့် အဓိပ္ပါယ်မရှိသည်ကို သိသည်။ ထို့ကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုသော ရှုယီနှင့် ဥက္ကဌ ခရုစ် တို့နှင့် ဆွေးနွေးပြီးနောက် ၎င်းတို့သည် ဤအရာကို ခဏဖယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ မားလိုအင်ပါယာသို့ ပြန်ရောက်သောအခါတွင်၊ သူသည် ဖော့ခ်တိုင်းပြည်ကိုဖြတ်၍ မားလိုအင်ပါယာ၏မြို့တော် အန်ဂျလိုမြို့တော်သို့ရောက်ရှိသည့်လမ်းကိုဖောက်လုပ်ရန် မားလိုအင်ပါယာ၏လွှတ်တော်ကိုစည်းရုံးဖို့ကြိုးစားရလိမ့်မည်။

အကယ်၍ မထင်မှတ်ထားသည့်အရာ ဘာမှမဖြစ်ခဲ့ပါက၊ ဤလမ်းကို ဖောက်လုပ်စဉ်တွင် အမ်ရစ်ကုန်သည်ကြီးများအသင်းသည် ဖော့ခ်တိုင်းပြည်၌ လမ်းဖောက်လုပ်ခြင်းကို အပြီးသတ်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဖော့ခ်တိုင်းပြည် နှင့် မားလိုအင်ပါယာကို နယ်မြေကြီး၏ အနောက်တောင်ဘက်ထောင့်ရှိ သယ်ယူပို့ဆောင်ရေးကွန်ရက်သို့ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ၎င်းက ဤနိုင်ငံတွေအကြား သယ်ယူပို့ ဆောင်ခြင်းကို ပိုလွယ်ကူစေလိမ့်မည်။

အန်ဂျလိုမြို့တော်သည် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်စခန်းမှ ကီလိုမီတာ သုံးထောင်ကျော် အကွာတွင် တည်ရှိရာ၏ တိုက်ရိုက် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မားကွစ္စ်ဆော့သ်ဂိတ်၏ ယခုအကြိမ် အန်ဂျလိုမြို့တော်မှ ဒရိတ်ခ်နယ်မြေ၏မြို့တော် ဖီလီအော့စ်မြို့တော်သို့ ကီလိုမီတာ တစ်ထောင်သုံးရာ ခရီးစဉ်သည် တစ်လခွဲနီးပါးကြာခဲ့သည်။

သူတို့သည် ဖီလီအော့စ် မြို့သို့ရောက်သောအခါ၊ လမ်ပူရီတိုင်းပြည်ရှိ အန်ဗီမာမြို့တော်သို့ရောက်ရန် ကီလိုမီတာ ရှစ်ရာခရီးကို တစ်ရက်သာ အချိန်ယူရသည်။

၎င်းက လမ်းရှိတာနှင့် လမ်းမရှိတာကြားက ကွာခြားချက်ပါပင်။

လမ်းတစ်လျှောက်လုံး သွားလာနိုင်လျှင် ၎င်းတို့သည် ရက်အနည်းငယ်အတွင်း အန်ဂျလိုမြို့တော်မှ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသို့ တိုက်ရိုက်သွားနိုင်မည်ဖြစ်သည်။

အခြေခံအဆောက်အဦများအပြင် မားကွစ္စ်ဆော့သ်ဂိတ်သည် အိမ်သုံးမှော်စက်အမျိုးမျိုး၏ အဆင်ပြေမှုကိုလည်း တွေ့ကြုံခဲ့ရသည်၊ ထို့ကြောင့် ၎င်းတို့ကို သူမည်ကဲ့သို့ စွန့်လွှတ်နိုင်မည်နည်း။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူသည် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ၎င်း၏ နယ်မြေပိုင်နက်တွင် အိမ်သုံးမှော်စက် စက်ရုံများစွာကို တည်ဆောက်ရန် စီစဉ်နေပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် စာချုပ်ချုပ်ခဲ့သည်။

သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် သတ္တုတွင်းထွက်ပစ္စည်းမျိုးစုံကို ခွဲဝေသုံးစွဲရန် ဆုံးဖြတ်ကာ မိုင်းနှစ်ခုကို စွန့်လွှတ်ရန်ပင် ဆန္ဒရှိခဲ့သည်။

သို့သော် သူသည် တွင်းထွက်သယံဇာတများကို မားလိုအင်ပါယာမှ မစီးဆင်းနိုင်စေရန် တောင်းဆိုထားသောကြောင့် ရှုယီသည် သူ့နယ်မြေတွင် သံမဏိစက်ရုံနှင့် သတ္တု‌ေပျာ့အရည်ကျိုစက်ရုံဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့ဟာ သတ္တုများကို သန့်စင်ပြီး အိမ်သုံး မှော်စက် စက်ရုံများသို့ ပေးပို့ကြသည်။

မားကွစ္စ်ဆော့သ်ဂိတ်အဆိုပြုထားသော အစီအစဉ်အရ၊ သူ၏ ရည်မှန်းချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ပုံစံကို သူ့နယ်မြေတွင် ကူးယူရန်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်း သို့မဟုတ် ဘန်တာမြို့တော်ကဲ့သို့ပင် သူ၏ကိုယ်ပိုင်နယ်မြေတွင် 'ခေတ်မီမှော်စက်လုပ်ငန်း' ကို ဖန်တီးမည်ဖြစ်သည်။

၎င်းကို ရှုယီက သင်ပေးခဲ့သည်။

"သခင် မားကွစ္စ်၊ ခင်ဗျားရဲ့အမြော်အမြင်ရှိမှုနဲ့ ရဲရင့်မှုကို ကျုပ်အရမ်းလေးစားတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး မားလိုအင်ပါယာအတွက် ခင်ဗျားဆန္ဒပြုနေတဲ့ သဘောထားက ကန်ဒရာအင်ပါယာထက် အတော်လေး ပိုပြီး ပေါ့ပါးတယ်လို့ ကျုပ်ထင်တယ်။ ခင်ဗျားနဲ့ မားလိုအင်ပါယာဟာ ဒီလိုပွင့်လင်းတဲ့သဘောထားကြောင့် အများကြီး ဝင်ငွေရနိုင်မယ်လို့ ယုံကြည်ပါတယ်။”

ရှုယီသည် မားကွစ္စ်ဆော့သ်ဂိတ်၏အမည်နှင့် စာချုပ်တွင် တံဆိပ်တုံးရိုက်ထားသည်ကို မြင်ပြီးနောက် ကျေနပ်သောအပြုံးကို ထုတ်ဖော်ခဲ့သည်။

သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က မားကွစ္စ်ဆော့သ်ဂိတ်နှင့် စေ့စပ်ညှိနှိုင်းနေစဉ်တွင်ပင် ပင်ပန်းလွန်းလှသည်။

အခုတော့ အရာအားလုံးကို အဆုံးအဖြတ်ပေးပြီးပြီမို့ သူ့ကို သက်ပြင်းချနိုင်စေ၏။

မားကွစ္စ်ဆော့သ်ဂိတ်ကလည်း အနည်းငယ် ပင်ပန်းနေသော်ငြား သူ့မျက်လုံးများက မတည်ငြိမ်ဘဲ ရှင်းရှင်းလင်းလင်း တောက်ပနေဆဲဖြစ်သည်။

"ဟား ဟား ဥက္ကဌ ရှု ကျုပ်တို့ရဲ့ မားလိုအင်ပါယာက အဲဒီ ပျက်စီးသွားတဲ့ ကန်ဒရာအင်ပါယာထက် သဘာဝကျကျပဲ ပိုအားကောင်းပါတယ်။ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက တစ်ယောက်ယောက်နဲ့ အလုပ်တွဲလုပ်ဖို့ ရှာနေတယ်ဆိုရင်၊ ကျုပ်တို့ရဲ့ မားလိုအင်ပါယာက ကန်ဒရာအင်ပါယာထက် အဆပေါင်းမရေမတွက်နိုင်အောင် ပိုကောင်းပါတယ်။"

မားကွစ္စ်ဆော့သ်ဂိတ်သည် အံ့သြစရာကောင်းသော အိမ်သုံးမှော်စက်များကြောင့် အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို သိချင်နေခဲ့သည်ဆိုလျှင်၊ ယခု Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို ကောင်းကောင်းနားလည်လာသောကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် ပုန်းအောင်းနေသော စွမ်းအားကို သူ ခန့်မှန်း၍မရတော့ဟုပင် ခံစားမိသည်။

Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီး၏ အနောက်တောင်ဘက်နိုင်ငံများကို နက်ရှိုင်းစွာ သက်ရောက်စေခဲ့ပြီး အနာဂတ်တွင် အခြားနိုင်ငံများကိုပါ လွှမ်းမိုးလာမည်ကို သူသေချာပေါက်သိသည်။

မားလိုအင်ပါယာက နောက်ကျနေခဲ့လျှင် မိမိကိုယ်ကိုမိမိစွန့်ပစ်သကဲ့သို့ဖြစ်နေမည်။

Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကိုအနက်ရှိုင်းဆုံး ခံစားနေရသော နိုင်ငံအသီးသီးကို ဖြတ်သန်းခဲ့သည့် ၎င်း၏ နောက်ဆုံးခရီးစဉ်အရ သူဟာ ၎င်းကို လေးနက်စွာ ယုံကြည်မိသည်။

သို့သော် အင်ပါယာရှိ ခေါင်းမာသော အပေါင်းအသင်းများကို ဆွဲဆောင်နိုင်မည်ဟု သူ မယုံကြည်သောကြောင့် သူတို့ကို စည်းရုံးရန် မကြံစည်ခဲ့ပေ။ လက်တွေ့သာ သူတို့ပြသလိုက်မည်။

Frestech ကုန်သည်ကြီးများအသင်းထံမှ အရာများကို မားလိုအင်ပါယာထဲသို့ ယူဆောင်လာသရွေ့ ဤမှော်စက်များ၏ အစွမ်းထက်သော ကျက်သရေကို မြင်နေရရာ၊ အင်ပါယာတွင် မရေမတွက်နိုင်သော လူများက ၎င်းတို့နောက်သို့ လိုက်လာကြလိမ့်မည်။

၎င်းကိုစဉ်းစားရင်း မားကွစ္စ်ဆော့သ်ဂိတ်က ရှုယီကိုကြည့်ရင်း လျှို့ဝှက်သက်ပြင်းတစ်ချက်ချလိုက်သည်။

တကယ်တော့ အခြေခံအဆောက်အအုံ၊ အိမ်သုံး မှော်စက်တွေနှင့် နှိုင်းစာရင် သူအမြဲတမ်းကြားသိခဲ့ရပြီး မမြင်ဖူးသည့် စစ်ဘက်သုံးမှော်စက်တွေကို သူပိုပြီး အလေးထားပါ၏။

သူကြားသိထားသည့်အရာတွေအရ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်တွေဟာ အနှိုင်းမဲ့ အစွမ်းထက်ပါ၏။ ၎င်းတို့နှင့်အတူ လက်နက်ကိုင်တပ်များ၏ တိုက်ပွဲအင်အားကို အဆပေါင်းများစွာ တိုးမြှင့်နိုင်ခဲ့သည်။

လမ်ပူရီ တိုင်းပြည်သည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ၎င်းတို့ကို ဖိနှိပ်ခဲ့သော စခ်တိုင်းပြည်ကို အလွယ်တကူ ချိုးနှိမ်နိုင်ခဲ့သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့အား စစ်ဘက်ဆိုင်ရာ မှော်စက်အမြောက်အမြား ထောက်ပံ့ပေးထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဤအရေးကြီးသောအချက်ကြောင့် မားကွစ္စ်ဆော့သ်ဂိတ်သည် အချိန်မှန်ရောက်သည့်အခါ ၎င်းကို မားလိုအင်ပါယာနှင့် မိတ်ဆက်ပေးလိုသည်မှာ သဘာဝကျကျဖြစ်သည်။

သို့ပေမယ့် ရှုယီကတော့ ဤကိစ္စကို အမြဲတမ်း ပါးစပ်ပိတ်ထားခဲ့ပါ၏။ မားကွစ္စ်ဆော့သ်ဂိတ်သည် ၎င်းကို အကြိမ်ပေါင်းများစွာ ပေါ့ပေါ့ပါးပါးပြောခဲ့လျှင်ပင် ရှုယီသည် ခေါင်းစဉ်ကို ချက်ချင်းပြောင်းလဲခဲ့သည်။

ရှုယီ၏ ရပ်တည်ချက်ကို အတည်ပြုပြီးနောက်၊ မားကွစ္စ်ဆော့သ်ဂိတ်သည် ဤအကြံအစည်ကို ယခုပင် စွန့်လွှတ်နိုင်ခဲ့သည်။

၎င်းက သူတို့နှစ်ယောက် ပထမဆုံး တွဲလုပ်ခြင်းဖြစ်သည့်အတွက် ရှုယီအနေနှင့် သတိထားနေလောက်သည်။

အချိန်ပိုကြာအောင် ပူးပေါင်းဆောင်ရွက်ပြီးနောက်တွင်မူ၊ မားကွစ္စ်ဆော့သ်ဂိတ်သည် ရှုယီနှင့် စစ်ဘက်သုံးမှော်စက်များကို ဆွေးနွေးရန် အခွင့်အရေးရှိလာမည်ဟု ယုံကြည်သည်။

ရှုယီပြောခဲ့သလိုပင် Frestech ကုန်သည်ကြီးများအသင်းဟာ နောက်ဆုံးမှာ ကုမ္ပဏီတစ်ခုဖြစ်သည်။ သူက မှော်ပညာရှင်တစ်ယောက်အနေနှင့် သူ့အဆင့်အတန်းထက် ကုန်သည်တစ်ယောက်အနေနှင့် သူ့အဆင့်အတန်းကို ပိုအာရုံစိုက်သည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ စစ်တပ်သုံး မှော်စက်တွေကို ကျိန်းသေရောင်းလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းက ရောင်းချဖို့ ဆန္ဒရှိနေသရွေ့ ဆွေးနွေးနိုင်ပါ၏။

ဤထည့်သွင်းစဉ်းစားမှုများတွင် မားကွစ္စ် ဆော့သ်ဂိတ်အား အနည်းငယ် စိတ်မသက်မသာဖြစ်စေသည့် ပြဿနာတစ်ခုရှိသည်။

သူနောက်ဆုံးအကြိမ် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းသို့ရောက်သောအခါက ကန်ဒရာအင်ပါယာ ရေတပ်၏ဒုတိယအကြီးအကဲ ရီမီတို ရူဆဲလ် နှင့်တွေ့ခဲ့ခြင်းပင်။

မားကွစ္စ်ဆော့သ်ဂိတ်သည် တစ်ချိန်က ဤလူအား စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ပြီး ထို၏သူသည် မားလိုအင်ပါယာ၏ စောင့်ကြည့်စာရင်းတွင် ပါဝင်သော လူတစ်ဦးဖြစ်သဖြင့် သူသည် ဘာအတွက်နဲ့မှ ပြေးလွှားနေမည့်သူမဟုတ်ကြောင်း သူသိသည်

သူ နောက်ဆုံးအကြိမ်လာခဲ့စဉ်က Frestech ကုန်သည်ကြီးများအသင်းပေါ်၌ ရည်မှန်းချက်အချို့ရှိနေလောက်သည်။

မားကွစ္စ်ဆော့သ်ဂိတ်သည် ထိုသူ၏ ရည်ရွယ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း မှ ထုတ်လုပ်သော စစ်တပ်သုံးမှော်စက်များ‌ဖြစ်နေမည်ကို စိုးရိမ်နေမိ၏။

စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်၍ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် လျှို့ဝှက်စွာ သဘောတူညီချက်တစ်ခု ပြုလုပ်နိုင်သည့် အခွင့်အရေးပင်။

ဒါသာ အမှန်ဆိုလျှင်တော့ အတော်ဆိုးသည်။

သို့သော်လည်း ရှုယီ၏ တူညီသောအပြုံးကို မြင်သောအခါ၊ မားကွစ္စ်ဆော့သ်ဂိတ်သည် ဤမေးခွန်းကို သူ့စိတ်ထဲတွင် အခိုင်အမာ ဖယ်ထားလိုက်သည်။

၎င်းအချိန်အတော်ကြာပြီဖြစ် အလျင်စလိုမဖြစ်နိုင်ချေ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၈။ ဒီနည်းလမ်းက အရမ်းကို ရူးသွပ်တာပဲ

မားကွစ္စ် ဆော့သ်ဂိတ်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ သံမဏိစက်ရုံအတွက် စာချုပ်လက်မှတ်ရေးထိုးပြီးသည့်နောက်နေ့တွင် မဟာမှော်ပညာရှင် ဖာဂူဆန်မှာ စတက်တိန်းနယ်မြေသို့ ရောက်လာခဲ့သည်။

သူဟာ တစ်ဦးတည်းပြန်မလာခဲ့ခြင်းမဟုတ်ဘဲ သူနှင့်အတူ လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်း ဥက္ကဌ အီရန်နှင့် အဆင့်မြင့်အဖွဲ့ဝင်များပါလာသည်။၎င်းတို့မှာ သိသိသာကိုပင် သူ၏ လက်အောက်ခံများဖြစ်ပါ၏။

ထို့အပြင်၊ ရှုယီအံ့သြမိသည်မှာ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းတွင် စာရင်းသွင်းထားသော အဆင့်နိမ့်မှော်ပညာရှင် အယောက်ငါးဆယ်လည်း ပါ၀င်လာခြင်းဖြစ်သည်။

ထိုလူတွေကို မြင်တော့ ရှုယီဟာ အရင်က မှော်မဟာမှော်ပညာရှင် ဖာဂူဆန် ပြောခဲ့သည့်အကြောင်းကို သဘာဝကျကျ တွေးလိုက်မိ၏။

"ဥက္ကဋ္ဌ ရှု၊ ဒီမှော်ဆရာငါးဆယ်ရဲ့ ရှင်သန်မှုကို ကူညီဖြေရှင်းပေးဖို့ တောင်းဆိုရင် ပြဿနာရှိမှာလား။" မဟာမှော်ပညာရှင် ဖာဂူဆန်သည် ရှုယီကို အပြုံးဖြင့် ကြည့်သည်။ သူပြောပုံက ရှုယီကို နေ့လယ်စာ ချက်ခိုင်းသလိုပင် ရိုးရှင်းပါ၏။

ရှုယီ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သူသည် အသွင်အပြင်အမျိုးမျိုးရှိသည့် မှော်ပညာရှင်ငါးဆယ်ကျော်ကို ကြည့်ရှုလိုက်သော် အငယ်ဆုံးမှာ နှစ်ဆယ်အောက်နှင့် အသက်အကြီးဆုံးမှာ ခြောက်ဆယ်ကျော်ဖြစ်သည်။ ၎င်းတို့ထံမှလာသော မတည်ငြိမ်သည့် မှော်အတက်အကျများကို အခြေခံ၍ ဤမှော်ပညာရှင်ငါးဆယ်သည် အလွန်အဆင့်နိမ့်လောက်သည်၊ ၎င်းတို့ထဲတွင် စတုတ္ထတန်းမှော်ပညာရှင်တစ်ယောက်မျှပင် မရှိပေ။

"ဒါက ခင်ဗျားလိုချင်တာအပေါ်မှာပဲ မူတည်တယ်၊ မဟာမှော်ပညာရှင် ဖာဂူဆန် "ရှုယီက ဆက်ပြောသည် "သူတို့အသက်ရှင်နိုင်တယ်ဆိုတာ အာမခံနေသရွေ့၊ ဒါက အရမ်းရိုးရှင်းပါတယ်"

"ဟုတ်တယ် အဲလောက် မရိုးရှင်းပါဘူး။" မဟာမှော်ပညာရှင် ဖာဂူဆန်က ခေါင်းခါသည် “သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြေရှင်းပေးပြီး၊ သူတို့ရဲ့ မှော်ပညာသုတေသနနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးမယ်လို့ မျှော်လင့်ပါတယ်”

ရှုယီက မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး "ဒီတောင်းဆိုချက်ကို ကျုပ်သဘောမတူနိုင်ပါဘူး"

မဟာမှော်ပညာရှင် ဖာဂူဆန်က ရှုယီ၏ တိုက်ရိုက်ငြင်းဆိုမှုကြောင့် အံ့အားသင့်သွားကာ မျက်လုံးမှိတ်၍ ပြောသည် "ဥက္ကဌ ရှု၊ နောက်ဆုံးအကြိမ်တွေ့တုန်းက ခင်ဗျားသဘောတူခဲ့တာကို ကျုပ်မှတ်မိပါတယ်......"

" မှော်ပညာရှင်များအဖွဲ့အစည်းက အဆင့်နိမ့်မှော်ပညာရှင်တွေရဲ့ ဘဝနေထိုင်မှု အခြေအနေတွေကို တိုးတက်ကောင်းမွန်အောင် ကူညီဖို့ပဲ ကျုပ်က သဘောတူခဲ့တာပါ၊ အားလုံးကို ကျုပ်ကိုယ်တိုင် ဖြေရှင်းမယ်လို့ ကတိမပေးခဲ့ဘူး ဟုတ်တယ်မလား" ရှုယီက ပြုံးပြီး ပြန်မေးလိုက်၏။

မဟာမှော်ပညာရှင် ဖာဂူဆန်က မျက်မှောင်ကုပ်သည်။ သူက ရှုယီ၏စကားလုံးများ အဓိပ္ပါယ်ကို စဉ်းစားနေသလိုမျိုး ရှုယီကို ကြည့်သည်။

“မဟာမှော်ပညာရှင် ဖာဂူဆန်၊ အဖွဲ့အစည်းက ကျွန်တော့်ကို ဒီလူငါးဆယ်ရဲ့ ပြဿနာတွေကို ဖြေရှင်းစေချင်ရင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားနဲ့၊ လူငါးဆယ်ကို ကျုပ်တို့ဆီက ကပ်မြှောင်စေဖို့က ဖိအားများစွာမရှိတာကို ကျုပ်သဘောတူပါတယ်။”

"ကပ်မြှောင်တယ်?" မဟာမှော်ပညာရှင် ဖာဂူဆန်သည် ဒေါသအရိပ်အယောင်ဖြင့် အသံကို အနည်းငယ် မြှင့်လိုက်သည် "ဥက္ကဌ ရှု၊ မင်းမှော်ပညာရှင်တွေကို ဒီလိုမျိုး ဘယ်လို ရှုံ့ချနိုင်ရတာလဲ"

ရှုယီက ခေါင်းယမ်းရင်း ရယ်မောကာ “မဟာမှော်ပညာရှင်ကြီး၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဟာ ပရဟိတ လုပ်ငန်းမဟုတ်ဘဲ ကုမ္ပဏီတစ်ခုပါ။ မှော်ပညာရှင်များအဖွဲ့အစည်းကိုယ်စား၊ ကျုပ်တို့က မှော်ပညာရှင်အယောက်ငါးဆယ်ကို အခမဲ့ကူညီပေးဖို့က ပြဿနာမရှိပါဘူး။ အကယ်၍ ဒီအရေအတွက်က ငါးရာ၊ ငါးထောင်၊ ဒါမှမဟုတ် ငါးသောင်းအထိဖြစ်လာမည်ဆိုလျှင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒါကို လုပ်နိုင်မယ်လို့ ထင်ရဲ့လား။"

မဟာမှော်ပညာရှင် ဖာဂူဆန်သည် ရုတ်တရက် တိတ်ဆိတ်သွားကာ ခဏအကြာတွင် သက်ပြင်းတစ်ချက်ချလိုက်သည် “ဟုတ်ပါတယ်။ တယ်လုချီ ပြောတာ သလိုပဲ၊ ခင်ဗျားက ဒီနည်းလမ်းကို သဘောတူမှာ မဟုတ်ဘူး။”

"မဟာမှော်ပညာရှင် တယ်လုချီ?" ရှုယီအံ့သြသွားသည် "ခင်ဗျား သူနဲ့တွေ့ခဲ့တာလား"

မဟာမှော်ပညာရှင် တယ်လုချီ သည် Frestech ကုန်သည်ကြီးများအသင်းတွင် အချိန်အတော်ကြာ ပါဝင်ခဲ့သော်လည်း၊ သူသည် လမ်ပူရီတိုင်းပြည်ရှိ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် အမြဲအလုပ်လုပ်နေသောကြောင့် ရှုယီသည် သူနှင့် သိပ်မတွေ့ဆုံဖြစ်ပေ။

“အင်း၊ ကျုပ် အထူးသွားတွေ့ဖို့ သွားခဲ့တာ၊ သူက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖူးတာကြောင့် သူ့အမြင်ကို မေးချင်လို့ပါ။ ကျုပ်ရဲ့ အစီအစဉ်ကို သူသိပြီးနောက်မှာ သူက ဒါကို ကန့်ကွက်ဖို့ တွန့်ဆုတ်မနေခဲ့ဘူး၊ ဒီနည်းလမ်းကို ခင်ဗျားသဘောတူမှာမဟုတ်ကြောင်း ပြောခဲ့တယ်။ သူက ခင်ဗျားကို ကျုပ်ထက် ပိုနားလည်ပုံရတယ်။"

ရှုယီက စိတ်ထဲ ကျိန်ဆဲကာမေးလိုက်၏ "ဒါဆို မဟာမှော်ပညာရှင် ဖာဂူဆန်က ကျုပ်တို့ ကုမ္ပဏီကို ပြဿနာတွေကို ဂရုစိုက်ခိုင်းဖို့ အတင်းအကြပ် လုပ်ဖို့ အစီအစဉ် ရှိတာလား"

မှော်ဆရာကြီး ဖာဂူဆန်က ရယ်မောသည်၊ “တကယ်တော့ ဒါက ဌာနချုပ်ရဲ့ ပဏာမအစီအစဥ်တစ်ခုပါပဲ၊ အဲဒါကို စမ်းကြည့်ချင်ရုံပါ။ ဥက္ကဋ္ဌ ရှု က သဘောမတူတဲ့အတွက် ဒါကို မေ့လိုက်ပါတော့။ ဒါပေမယ့် ဥက္ကဌ ရှု၊ ခင်ဗျားက ဒီထက်ကောင်းတဲ့ အစီအစဉ်ကို တွေးနိုင်မလား။"

ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်က ဤမျှ စကားပြောကောင်းမည်ဟု မထင်ခဲ့ပေ။ စဉ်းစားပြီးနောက် သူကပြော၏၊ “နောက်ဆုံးအကြိမ်တွေ့ဆုံတုန်းက၊ မှော်ပညာလေ့လာဖို့ ပတ်ဝန်းကျင်ကို ပေးတဲ့ ကျုပ်တို့ကုမ္ပဏီက ဦးဆောင်တဲ့ မှော်စက်လုပ်ငန်းကို ချီးမွမ်းခဲ့တယ်မို့လား။ ဒါကို ခင်ဗျားနားလည်တဲ့အတွက် ဒီနည်းလမ်းကို ဘာကြောင့် စမ်းကြည့်နေသေးတာလဲ။ ဒါက ကျိုးကြောင်းဆီလျော်မှုမရှိတာ ထင်ရှားပါတယ်။”

“ပထမအချက်က အဲဒါတွေက ကောင်စီရဲ့ အမိန့်မို့လို့ အဲဒါတွေကို လိုက်နာရမယ်။ ဒုတိယအနေနဲ့ကတော့ ခင်ဗျားသဘောတူလား မကြိုက်ဘူးလားဆိုတာ ကျုပ်ကြည့်ချင်လို့” မဟာမှော်ပညာရှင် ဖာဂူဆန်က ရှုယီကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီး ပြောသည်"ဒါပေမယ့် ကျုပ် မျှော်လင့်ထားသလို၊ တယ်လုချီ ပြောခဲ့သလိုပါပဲ။ ခင်ဗျားဟာ မှော်ပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ခင်ဗျားကိုယ်ခင်ဗျား အချိန်အများစုမှာ ကုန်သည်တစ်ယောက်အနေနဲ့ မြင်နေတာ။ ဒီအစီအစဥ်က ခင်ဗျားသဘောတူမယ့်အရာမဟုတ်ဘူး”

ရှုယီသည် ရှက်ကိုးရှက်ကန်းဖြင့် ပခုံးတွန့်ပြလိုက်သည်။

မှော်ပညာရှင်တစ်ယောက်အနေနှင့် သူ့အဆင့်အတန်းအား ဘယ်တော့မှ မပြောင်းလဲဘဲ ကုန်သည်တစ်ယောက်အနေနှင့် သူ့အဆင့်အတန်းက ပိုအရေးကြီးတယ်ဟု သူ အမြဲပြောခဲ့သည်။

၎င်းက မှော်ပညာရှင်အများစု မယုံကြည်နိုင်တဲ့အရာဖြစ်သော်လည်း အခုချိန်မှာတော့ သူဟာ မရေမတွက်နိုင်အောင် အစွမ်းထက်တဲ့ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ရုံသာမက၊ အောင်မြင်သော Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌလည်းဖြစ်သဖြင့် ယခင်ကကဲ့သို့ သူ့ကို မည်သူမှသံသယမ၀င်ခဲ့ပါ။

“အရင်တုန်းက ပြောခဲ့သလိုပဲ၊ ကျုပ်တို့ ကုမ္ပဏီက လူငါးဆယ်ကို ပျိုး‌ေထာင်ပေးနိုင်တယ်၊ ငါးရာဆိုလည်း ကျေကျေနပ်နပ် လုပ်နိုင်တယ်၊ ဒါပေမယ့် ငါးထောင် ဒါမှမဟုတ် ငါးသောင်းလောက်တော့ ကျုပ်တို့ ကုမ္ပဏီက ကူညီနိုင်တာ မရှိဘူး။ ဒါကို တစ်ဦးတည်း ဖြေရှင်းနိုင်တဲ့ ကုမ္ပဏီက နယ်မြေကြီးမှာ မရှိပါဘူး၊ ဒါကြောင့် ဒီနည်းလမ်းကို ကျုပ် လက်ခံမှာ မဟုတ်ပါဘူး ......"

ရှုယီအနည်းငယ် တုံ့ဆိုင်းသွားကာ ကျန်စကားများကို မပြောတော့ပေ။

သို့ပေမယ့် ဤအချိန်တွင် ထိုစကားလုံးတွေကို ဆက်ပြောလာသော နောက်ကွယ်က အသံတစ်ခု ထွက်ပေါ်လာပါ၏။

"ဒီနည်းလမ်းက မိုက်မဲလွန်းတယ်၊ ကောင်စီက ဘာတွေတွေးနေမှန်းမသိဘူး။"

အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီအသံကိုကြားတော့ မဟာမှော်ပညာရှင် ဖာဂူဆန်က လုံးဝစိတ်မဆိုးပါချေ၊ သူဟာ ဝင်လာသည့်လူကို လေးလေးစားစား ဦးညွှတ်ရင်း နေရခက်စွာ ပြုံးလိုက်သည်။

"ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၊ ဒီနည်းလမ်းကို Frestech ကုန်သည်ကြီးများအသင်းကို နားမလည်ဘဲနဲ့ လုပ်ခဲ့မိတာပါ။ ဥက္ကဋ္ဌ ရှု ကို အကောင်အထည် ဖော်ခိုင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အခု ကျုပ် ဒီမှာရှိနေ‌ေတာ့၊ ဥက္ကဋ္ဌ ရှု နဲ့ စကားပြောပြီး Frestech ကုန်သည်ကြီးများအသင်းက ယူဆောင်လာခဲ့တဲ့ လွှမ်းမိုးမှုအားလုံးကို တွေ့လိုက်ရပါတယ်။ ဒီအစီအစဉ်ကို ကျုပ် စွန့်လွှတ်ပြီးသားပါ။”

မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်၏ကောင်စီမှ မဟာမှော်ပညာရှင် တစ်ဦးအား ဤကဲ့သို့ လေးစားဖွယ်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ သဘာဝကျကျပင် ၎င်းက နယ်မြေကြီး၏ ထိပ်တန်း ခေါင်းဆောင်မှော်ပညာရှင်များအနက်မှ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဖြစ်သည်။

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရောက်လာပြီး ခေါင်းညိတ်ပြသည်၊ "ဒီလိုမှပေါ့၊ ဒါဆို မင်းအခုဘာလုပ်ဖို့ စိတ်ကူးထားလဲ"

မဟာမှော်ပညာရှင် ဖာဂူဆန်က ရှုယီထံ ပြန်လှည့်လာစဉ် မှုန်ကုပ်ကုပ် အပြုံးကို ထုတ်ပြလိုက်သည်"ဒါက ဥက္ကဌ ရှုရဲ့ စိတ်ကူးတွေကို ကြည့်ရမှာပါ။"

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကိုကြည့်ပြီး မေးသည် "ကောင်းပြီ ကောင်လေး၊ မင်းကြည့်ရတာ ဘယ်လောက်တောင် ယုံကြည်မှုရှိလဲ၊ နည်းလမ်းတစ်ခုကို ရှင်းရှင်းလင်းလင်း တွေးထားပြီးသားလား။ ဒါမှမဟုတ်ရင် ဖာဂူဆန်က ဘယ်တော့မှ သက်တောင့်သက်သာရှိတော့မှာမဟုတ်ဘူး”

မဟာမှော်ပညာရှင် ဖာဂူဆန်၏ မျက်လုံးများ တောက်ပလာပြီး "ဥက္ကဌ ရှု၊ ခင်ဗျား ပြီးပြည့်စုံတဲ့ နည်းလမ်းကို တွေးပြီးပြီလား"

“မပြည့်စုံပေမယ့် အတွေးတစ်ချို့တော့ ရှိပါတယ်။” ရှုယီသည် အပြုံးဖြင့် မပြောမီ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ “မဟာမှော်ပညာရှင် ဖာဂူဆန် မှော်ပညာရှင်များအဖွဲ့အစည်း ရဲ့ ပန်းတိုင်က ဒီအဆင့်နိမ့် မှော်ပညာရှင်တွေကို သင့်လျော်တဲ့ နေထိုင်မှု အခြေအနေတွေကို ရှာဖွေနိုင်စေဖို့‌ဆိုတော့ မှော်ပညာရဲ့ နက်နဲရာတွေကို စူးစမ်းလေ့လာခွင့် ပြုနေချိန်မှာ သူတို့ဘဝနဲ့ သူတို့နေထိုင်ခွင့်ကို ပေးမှာလား။ ဒီလိုတောင်းဆိုမှုဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အတွက် အရမ်းသင့်တော်တယ်။”

“ဟုတ်တယ်၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက လစာကောင်းကောင်းပေးရုံတင်မကဘဲ အမျိုးမျိုးသော အကျိုးခံစားခွင့်တွေလည်း ခံစားနိုင်ပါသေးတယ်။ အရေးအကြီးဆုံးကတော့ သူတို့ဟာ မှော်ပညာနဲ့ တစ်နေ့လုံး ထိတွေ့နိုင်တာကြောင့်၊ ဒါက အဆင့်နိမ့်မှော်ပညာရှင်တွေအတွက် အသင့်တော်ဆုံး အလုပ်ပဲ၊ အစားထိုးစရာ မရှိပါဘူး။” မဟာမှော်ပညာရှင် ဖာဂူဆန်က စိတ်လှုပ်ရှားဟန်နှင့် ပြောလိုက်ပါ၏။

"ဒါပေမယ့် ခင်ဗျားပြဿနာတစ်ခုစဉ်းစားမိလား။ ဒီအဆင့်နိမ့် မှော်ပညာရှင်ငါးဆယ်က ကျုပ်တို့ကုမ္ပဏီမှာ အလုပ်လာလုပ်ရင်တောင် အရည်အချင်းပြည့်မီမှာလား။” ရှုယီက မေးသည်။

မဟာမှော်ပညာရှင် ဖာဂူဆန်မှည အံ့အားသင့်သွားသည် “ဘာအရည်အချင်းတွေလိုတာလဲ။ အဆင့်နိမ့် မှော်အစီရင် တစ်ချို့ကို စီစဉ်ပေးရမှာမဟုတ်ဘူးလား၊ မှော်ပညာရှင်တစ်ယောက်က ဒီအတွက်တော့ အရည်အချင်းပြည့်မီရမယ်လို့ထင်တာပဲ မဟုတ်ဘူးလား?"

ရှုယီသည် မည်သည်ကိုမှ မဆိုဘဲ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဘက်သို့ လှည့်၍ ပြုံးလိုက်သည်။

"ဟာသပဲ!" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် မှန်ကန်သောအခိုက်အတန့်တွင် အလွန်ပြင်းထန်စွာ နှာမှုတ်လိုက်သည်၊ "တကယ်သာ ရိုးရှင်းတယ်ဆိုရင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတွင် မှော်ပညာရှင် နှစ်ထောင်ပဲရှိမယ်လို့ ထင်လား။ ပြောပြပါရစေ၊ မှော်စက်တွေက အလွန်တိကျတဲ့ အရာတွေဖြစ်လို့ မှော်အစီအရင်တွေရဲ့ တိကျမှုအတွက် မြင့်မားတဲ့ တောင်းဆိုမှုရှိတယ်။ သာမာန် မှော်ဆရာတွေက ဒါကိုလုပ်ဖို့ အရည်အချင်းမရှိဘူး၊ ကျုပ်ဆိုလိုတာကို မင်းနားလည်လား"

“ဒါက......” မဟာမှော်ပညာရှင် ဖာဂူဆန်သည် အနိမ့်ပိုင်း မှော်ပညာရှင် အယောက်ငါးဆယ်ကို လှည့်ကြည့်လိုက်တော့ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ မယုံနိုင်လောက်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ ပြောသလို သူတို့အားလုံး စိတ်ပျက်လက်ပျက် အသွင်အပြင်တွေ ရှိနေ၏။

ဤအခြေအနေသည် မဟာမှော်ပညာရှင် ဖာဂူဆန်ကို အလွန်စိတ်ရှုပ်စေသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သော မှော်စက်များကို ဤအချိန်အတောအတွင်း သူနားလည်သဘောပေါက်ခဲ့ပါသည်။ ၎င်းတို့ရှိ မှော်အစီအရင်များသည် အဆင့်နိမ့် မှော်အစီအရင်များသာဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ သူ့မျက်လုံးထဲတွင် သာမန်အဆင့်နိမ့် မှော်ဆရာတိုင်းက ဒါတွေကို အလွယ်တကူ စီစဉ်နိုင်ပါလိမ့်မည်။

ဤအဆင့်နိမ့် မှော်ပညာရှင် အယောက်ငါးဆယ်သည် ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း၊ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာပင်လျှင် ဤကဲ့သို့ လေးနက်သော အသွင်အပြင်ကို အဘယ်ကြောင့် ဖော်ပြသနည်း။

“မဟာမှော်ပညာရှင် ဖာဂူဆန်၊ သူတို့ကို ဒီနည်းလမ်းနဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ ပူးပေါင်းခွင့်ပေးလိုက်တာက ပြဿနာကို ပိုကောင်းအောင် လုပ်ပေးနိုင်ပေမယ့် အပြီးတိုင် မပြုပြင်နိုင်ပါဘူး။ အဆင့်နိမ့် မှော်ပညာရှင်အများစုရဲ့ နေထိုင်မှု အခြေအနေ တိုးတက်စေပြီး ပန်းတိုင်ရောက်ဖို့က၊ သူတို့ရဲ့ အဆင့်အတန်းကို တိုးမြင့်လာစေမယ့် အခြေခံအကျဆုံးနေရာကနေ စတင်ရပါမယ်။” ရှုယီက လေးနက်သော အကြည့်ဖြင့် ပြောလိုက်သည်။

မဟာမှော်ပညာရှင် ဖာဂူဆန်က မျက်ခုံးကိုတွန့်ချိုးလိုက်သည်၊ "လူတစ်ယောက်ချင်းစီရဲ့ မှော်ပညာစွမ်းရည်က မတူပါဘူး၊ မှော်စွမ်းအားကို တိုးအောင်လုပ်ဖို့ ဘယ်လိုလုပ်လွယ်နိုင်မှာလဲ"

"မဟုတ်ဘူး၊ သူတို့ရဲ့ မှော်စွမ်းအားကို တိုးမြှင့်ဖို့ ပြောနေတာမဟုတ်ပါဘူး၊ ဒါပေမယ့် မှော်စက်လုပ်ငန်းရဲ့ စွမ်းရည်တွေကို ပြောနေတာပါ။"

မဟာမှော်ပညာရှင် ဖာဂူဆန်သည် ရှုယီကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။

သူတို့ရဲ့ မှော်စက်လုပ်ငန်း စွမ်းရည်တွေက ဘာတွေလဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆၉။ နယ်မြေကြီး၌ အခြေချခြင်း

တစ်ပါတ်ကြာပြီးသည့်နောက် မားကွစ္စ်ဆော့သ်ဂိတ်လမ်ပူရီတိုင်းပြည်မှ ထွက်သွားချိန်တွင် မဟာမှော်ပညာရှင်ဖာဂူဆန်ကလည်း ရှုယီကိုယ်တိုင် မှော်ပညာရှင်အဖွဲ့အစည်း ရုံးချုပ်အတွက် ရေးပေးထားသည့် အဆိုပြုချက်ကို ကိုင်ကာထွက်သွားသည်။

မဟာမှော်ပညာရှင် ဖာဂူဆန်နှင့် ရှုယီတို့မှာ ဤအဆိုပြုချက်အတွက် ရက်များစွာ ဆွေးနွေးခဲ့ကြပြီး အများစုမှာ ရှုယီထံမှ လာကာ မဟာမှော်ပညာရှင်ဖာဂူဆန်ကမူ နားထောင်ရုံသာရှိသည်။

ရှုယီနှင့် ရက်အနည်းငယ်ကြာ အတူရှိနေပြီးနောက် မဟာမှော်ပညာရှင် ဖာဂူဆန်သည် စီမံကိန်းရေးဆွဲခြင်း အထူးသဖြင့် စက်မှုစီမံကိန်းရေးဆွဲခြင်းသို့ ရောက်သောအခါ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရှုယီနှင့် နှိုင်းယှဉ်ရန် ဝေးကွာနေသေးကြောင်း ဝန်ခံရပေမည်။ ရှုယီက သူ့စိတ်ကူးတွေကို လွယ်လွယ်နဲ့ ချုပ်ကိုင်ထားနိုင်ခဲ့ပြီး သူ့အတွေးတွေက ရိုးရှင်းလွန်းတယ်လို့ ထင်ရရာ သဘောတူဖို့ လိုပါ၏။

အဆုံးတွင်၊ ဤအဆိုပြုချက်သည် စိုင်စ်နယ်မြေကြီး ရှိ အဆင့်နိမ့်‌ေမှာ်ပညာရှင် အမျိုးမျိုးတို့၏ ရှင်သန်မှုကို မည်သို့ဖြေရှင်းရမည်အား အဓိကအားဖြင့် အဆိုပြုခြင်းဖြစ်သည်။

ရှုယီ၏ ဖြေရှင်းချက်မှာ မှော်ပညာရှင်များအဖွဲ့အစည်းမှ မှော်စက်လုပ်ငန်း၏ အကျိုးကျေးဇူးများကို လူသိရှင်ကြား ထုတ်ဖော်နိုင်ရန်နှင့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့သော မှော်စက်များ ဖန်တီးသည့် ကုမ္ပဏီတစ်ခုအတွက် မှော်ပညာရှင်များကို လက်ခံခွင့်ပြုရမည်ဖြစ်ကြောင်း မျှော်လင့်သည်။ သူတို့သည် မှော်ပညာရှင်များဖြစ်ခြင်း၏ ကန့်သတ်ချုပ်ချယ်မှုကို လျှော့ချပြီး မှော်စက်ကုမ္ပဏီများတွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။

ထိုနည်းအားဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ပြီး အဆင့်နိမ့်မှော်ပညာရှင်များကို ပိုမိုခွင့်ပြုနိုင်သည့် နယ်မြေကြီးရှိ မှော်စက်ကုမ္ပဏီများ ပိုများလာမည်ဖြစ်သည်။

ဟုတ်ပါ၏၊ ၎င်းက အကန့်အသတ်မရှိသည်တော့မဟုတ်။

Frestech ကုန်သည်ကြီးများအသင်းကို ဥပမာယူပါ၊ မှော် အစီရင်ရေးဆွဲရသည့် မှော်ပညာရှင်အများစုသည် တတိယတန်းမှ ပဉ္စမတန်းမှော်ပညာရှင်များဖြစ်ကြသော်လည်း၊ တတိယတန်းမှ ပဉ္စမတန်းမှော်ပညာရှင် မည်သူမဆို ဤအလုပ်ကို လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပါ။

ယင်းအစား Frestech ကုန်သည်ကြီးများအသင်း သည် သုတေသနများ ပိုများလာသည်နှင့်အမျှ၊ ထုတ်ကုန်အသစ်များသည် ပို၍ပို၍ သန့်စင်လာသည်။ မှော်အစီအရင်ကို ချမှတ်ပေးသော မှော်ပညာရှင်များ၏ လိုအပ်ချက်ကလည်း ပိုများလာ၏။

Frestech ကုန်သည်ကြီးများအသင်း အတွက် မှော်အစီအရင်များကို စီစဉ်ပေးနိုင်သော အဆင့်နိမ့်မှော်ပညာရှင်များအား မှော်အစီအရင်များ တွင် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရနိုင်ပြီး အဆင့်မြင့် မှော်ပညာရှင် အများစုကိုပင် ကျော်လွန်နေသည်ဟု၊ ရှုယီသေချာပါသည်။

ထို့ကြောင့် ရှုယီက မှော်ပညာရှင်များအဖွဲ့အစည်းအား မှော်စက်လုပ်ငန်းကို မြှင့်တင်ရန် အဆိုပြုခဲ့သော်လည်း၊ ဤအချက်ကိုလည်း ပိုအာရုံစိုက်စေချင်တာကြောင့် နယ်မြေကြီး၏ အဆင့်နိမ့် မှော်ပညာရှင်များကို သူတို့ရဲ့ ကံကိုသာ စမ်းစေချင်ရုံထက်မက ပိုစေလိူသည်။

ရိုးရိုးသားသားပြောရလျှင် မှော်ပညာသုတေသနသည် အာရုံစူးစိုက်မှုနှင့် ကြိုးစားအားထုတ်မှု လိုအပ်သည်၊ ထို့ကြောင့် သဘာဝအားဖြင့် မှော်စက်ဆိုင်ရာအလုပ်သည် ဤအရာများကို လစ်ဟင်း၍မရပါ။

ရှုယီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ၊ မှော်စက်လုပ်ငန်းသည် စိုင်စ်နယ်မြေကြီးတွင် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေသရွေ့၊ ဤအဆင့်နိမ့် မှော်ပညာရှင်များအတွက် လိုအပ်ချက် မြင့်မားနေမည်ဖြစ်ပါသည်။

ဒါက သူတို့ကို ဝင်ငွေကောင်းစေရုံသာမက၊ သူတို့ရဲ့ စားဝတ်နေရေး အတွက် စိတ်မပူရသည့်အပြင်၊ ၎င်းတို့သည် လုပ်ငန်းခွင်မှတဆင့် မှော်အစီအရင်များနှင့်လည်း ထိတွေ့နိုင်ပြီး အဆိုပါ မှော်အစီအရင်များ၏ မြင့်မားသောလိုအပ်ချက်များမှတစ်ဆင့် မှော်ပညာကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်မည်ဖြစ်ရ ၎င်းတို့၏ မှော်ပညာအဆင့်ကို မြှင့်တင်နိုင်စေသည်။

၎င်းသည် Frestech ကုန်သည်ကြီးများအသင်းတွင်အလုပ်လုပ်သော မှော်ပညာရှင်နှစ်ထောင်ကျော်မှသက်သေပြနိုင်သည့်အရာဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း ၏ မှော်ပညာရှင် နှစ်ထောင်ကျော်ကို စံပြအဖြစ် အသုံးမပြုနိုင်သော်လည်း လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည် နှင့် ပတ်ဝန်းကျင်နိုင်ငံများရှိ မှော်ပညာရှင်ရှစ်ထောင်ကျော်ရှိသော မှော်စက်ကုမ္ပဏီပေါင်း နှစ်ရာသုံးဆယ့်ခုနစ်ခု ပေါင်းထည့်ခြင်းဖြင့် သက်သေပြနိုင်မည်ဖြစ်သည်။

ဟုတ်ပါ၏၊ အဆင့်နိမ့် မှော်ပညာရှင် တွေဟာ တတိယမှ ပဉ္စမအဆင့်ကိုသာ ရည်ညွှန်းခြင်းမဟုတ်ပါချေ။ အကြိုတန်းနှင့် ဒုတိယတန်းမှော်ဆရာများဖြစ်သည့် နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံး၏ အခြေခံအုတ်မြစ်လည်း ပါရှိသည်။

အနိမ့်ဆုံးအဆင့် မှော်ပညာရှင်များအနေနှင့် ၎င်းတို့မှာ မှော်ပညာရှင်များအဖွဲ့အစည်းမှ အလွန်အာရုံစိုက်နေသော မှော်ပညာရှင်များဖြစ်သည်။

မှော်ပညာရှင်သည် တတိယအဆင့်သို့ ရောက်ပြီးနောက်၊ သူတို့တွင် အနည်းဆုံးတော့ မှော်အစွမ်းရှိပါ၏။ သူတို့သည် မှော်စက်ကုမ္ပဏီတစ်ခုတွင် အလုပ်မ

ဖြစ်ခဲ့လျှင်တောင် ကုမ္ပဏီအစောင့်အဖြစ် သို့မဟုတ် မျိုးရိုးမြင့်တစ်ဦးအတွက် အစောင့်အဖြစ် လုပ်ကိုင်နိုင်သည်။

သို့ပေမယ့် အကြိုအဆင့်နှင့် ဒုတိယအဆင့် မှော်ပညာရှင်တွေအတွက်တော့ ၎င်းတို့ဟာ သာမန်လူတွေထက် များစွာ အားပိုကောင်းမနေချေ။ အခြေအနေအများစုတွင်၊ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် မှော်စွမ်းအားဖြင့် မည်သည့်အလုပ်ကိုမျှ ရှာမတွေ့ပါ။

သူတို့သည် မှော်စက်ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ခဲ့လျှင်ပင် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်ကြပေ။

ရှုယီသည် ယခင်က ဤကိစ္စကို ဂရုမစိုက်ခဲ့သော်လည်း မဟာမှော်ပညာရှင်ဖာဂူဆန်က မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်ကိုယ်စား ရောက်လာပြီးကတည်းက ၎င်းကို ဂရုစိုက်လာခဲ့သည်။

မှန်ပါ၏၊ တတိယအဆင့်မှ ပဉ္စမအဆင့် မှော်ပညာရှင်များသည် မှော်စက်လုပ်ငန်း၏ အခြေခံအုတ်မြစ်ဖြစ်သော မှော်စက်ကုမ္ပဏီများ၏ အမာခံများဖြစ်သည်။ ယခုအချိန်တွင် အဆင့်မြင့် မဟာမှော်ပညာရှင်များ နှင့် ခေါင်းဆောင်မှော်ပညာရှင်ကို အလုပ်ခန့်ထားသည်မှာ Frestech ကုန်သည်ကြီးများအသင်းသာ ရှိတော့သည်။ ထို့ကြောင့် ဤကိစ္စသည် လူအများစုအတွက် အထိမခံနိုင်စရာပင်။ သို့သော် အကြိုအဆင့် သို့မဟုတ် ဒုတိယအဆင့် မှော်ပညာရှင်များအကြောင်း တွေးလိုက်သောအခါတွင် သူတို့သည် ချောက်ချားစရာတစ်ခုကို တွေ့လိမ့်မည်။

လက်ရှိအခြေအနေသည် အကြိုအဆင့်နှင့် ဒုတိယအဆင့် မှော်ပညာရှင်များကို တတိယအဆင့်မှော်ပညာရှင် အမြန်ဆုံးဖြစ်လာအောင် သုတေသနပြုခိုင်းရန် ကြိုးစားအားထုတ်ခဲ့လိုက်ပြီး၊ အလုပ်အတွက် မှော်စက်ကုမ္ပဏီတစ်ခုသို့ ဝင်ခွင့်ပြုလိုက်ပါက ရှုယီအတွက် အချိန်အနည်းငယ်ကုန်သွားလိမ့်မည်။

တတိယအဆင့် မှော်ဆရာတစ်ယောက်ဖြစ်လာကာ မှော်စက်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နိုင်လာမည်သော်လည်း မှော်စက်များနှင့်ပတ်သက်သည့် အသိပညာများကို အစ‌ကနေ သင်ယူရမည်ဖြစ်သည်။ ၎င်းကို ကျွမ်းကျင်အောင်လုပ်ဖို့ အချိန်နှင့် အားထုတ်မှု အများကြီး ဖြုန်းတီးနေသလိုဖြစ်လိမ့်မည်သာ။

ထို့ကြောင့် ၎င်းတို့အား ဤအချိန်နှင့် ကြိုးစားအားထုတ်မှုအားလုံးကို ဖြုန်းတီးနေမည့်အစား၊ ဤလမ်းကြောင်းကို စတင်ရန် ကြိုးစားအားထုတ်ခြင်းသည် ၎င်းတို့အတွက် ပိုကောင်းပါသည်။

မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်အတွက် ဤအစီအစဥ်တွင်၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များအဖွဲ့နှင့်အတူ မှော်စက်ဆိုင်ရာစွမ်းရည်များကို သင်ကြားပို့ချပေးသည့် ကျောင်းတစ်ကျောင်း၌ ရင်းနှီးမြှုပ်နှံရန် အဆိုပြုခဲ့သည်။ ၎င်းတို့သည် မှော်စက်ကုမ္ပဏီများနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုဆိုင်ရာများကို အနိမ့်တန်း မှော်ပညာရှင်များကို သင်ကြားပေးမည်ဖြစ်သည်၊ သို့မှသာ ၎င်းတို့၏ လုပ်ငန်း မစတင်မီ မှော်စက်များအကြောင်း သေချာနားလည်နိုင်မည်ဖြစ်သည်။ မှော်စက်များအကြောင်း သေချာနားလည်လာသောအခါတွင် ၎င်းတို့သည် ၎င်းတို့၏လုပ်ငန်းကို စတင်နိုင်ကြမည်ဖြစ်သည်။

စာမေးပွဲတစ်ခုအနေဖြင့် Frestech ကုန်သည်ကြီးများအသင်း နှင့် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပထမဆုံး ပို့ချမှုအတန်းကို အန်ဗီမာမြို့တော်တွင် ကျင်းပမည်ဖြစ်သည်။.

လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းသည် လမ်ပူရီတိုင်းပြည်ရှိ အဆင့်နိမ့် မှော်ပညာရှင် အားလုံးကို ရှင်းပြပြီး ဤအတန်းကို ကြော်ငြာရန် တာဝန်ယူမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ရန်ပုံငွေ၊ တည်နေရာနှင့် သင်တန်းဝန်ထမ်းများကို ပံ့ပိုးပေးမည်ဖြစ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် မှော်ပညာရှင်များအဖွဲ့အစည်းသည် ၎င်းကို ၎င်းတို့၏အမည်ဖြင့် ထောက်ခံမည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းကမူ ၎င်းကို ကုန်ပစ္စည်းများဖြင့် ပံ့ပိုးပေးမည်ဖြစ်သည်။

ရှုယီက ဒီဖြေရှင်းချက်ကို အဆိုပြုစဉ်က မဟာမှော်ပညာရှင်ဖာဂူဆန်မှာ မူလကသဘောမတူခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် မျိုးရိုးမြင့်မှော်ပညာရှင်များကို Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်လုပ်ငန်းအတွက် ကိရိယာများအဖြစ် ၎င်းတို့၏လွတ်လပ်ခွင့်ကို ချိုးဖောက်ကာ လေ့ကျင့်သင်ကြားရမည်ဟု ဆိုလိုခြင်းဖြစ်နေသောကြောင့်ပင်။

သို့သော်၊ ရှုယီက ၎င်းသည် အဆင့်နိမ့်မှော်ပညာရှင်များကို အချိန်များစွာ သက်သာစေပြီး အရေးအကြီးဆုံးမှာ ငွေကို သက်သာစေမည်ဖြစ်သောကြောင့် မဟာမှော်ပညာရှင်ဖာဂူဆန်က သဘောတူလိုက်ခြင်းပင်။

ဤအစီအစဥ်အား မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်မှ သဘာဝအတိုင်း ဦးစွာကြည့်ရှုရန် လိုအပ်သော်လည်း မဟာမှော်ပညာရှင်ဖာဂူဆန် ထွက်ခွာသွားစဉ်က ပြင်ဆင်ထားသင့်သည်ဟု ရှုယီအား ပြောခဲ့သည်။

ထို့ကြောင့် ရှုယီနှင့် မဟာမှော်ပညာရှင်ဖာဂူဆန် နှင့်အတူ လိုက်ပါလာသော ဥက္ကဌ အီရန် သည် ၎င်းကို သီးသန့် ဆွေးနွေးခဲ့ပြီး သူ့ရှေ့တွင် နှုတ်အားဖြင့် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။

ယခုနှစ်နွေဦးရာသီတွင်၊ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသော Frestech ကုန်သည်ကြီးများအသင်းသည် ဤမှော်စက်ဆွေးနွေးပွဲကို ပံ့ပိုးပေးမည်ဖြစ်သည်။

အချို့သော မှော်စက်ကုမ္ပဏီများ၏ မှော်ပညာရှင်များကို ဟောပြောပို့ချရန် ဖိတ်ကြားခြင်းအပြင် ၎င်းတို့သည် လမ်ပူရီတိုင်းပြည်၏ အဆင့်နိမ့်မှော်ဆရာများအားလုံးကို ပါဝင်ရန် ဖိတ်ကြားခဲ့သည်။

ယင်းအဆိုပြုချက်တွင် ဖော်ပြထားသည်မှာ သင်တန်းများ၏ မူကွဲတစ်ခုဖြစ်သော်လည်း ရုံးချုပ်မှ အတည်ပြုခြင်းမပြုမီတွင် လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ရိုက်အလုပ်မလုပ်နိုင်သောကြောင့် ၎င်းတို့သည် ဤအပေးအယူကို ချမှတ်ခဲ့သည်။

မဟာမှော်ပညာရှင်ဖာဂူဆန် က အကျိုးသက်ရောက်မှုများ ကောင်းမွန်ပါက၊ ယင်းအဆိုပြုချက်ကို သဘောတူလက်ခံသည့် ဌာနချုပ်အတွက် သက်သေဖြစ်လိမ့်မည်၊ ထို့ကြောင့် သူက ရှုယီနှင့် ဥက္ကဌ အီရန် ကို မထွက်ခွာမီ ဤအခွင့်အရေးကို ဆုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။

ရှုယီနှင့် ဥက္ကဌ အီရန် တို့သည် သဘာဝကျကျ နားလည်သောကြောင့် သဘောတူခဲ့ကြသည်။

အကယ်၍ ဤကိစ္စအောင်မြင်ခဲ့ပါက၊ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းမှ ခေါင်းကိုက်နေသည့် အဆင့်နိမ့်မှော်ပညာရှင်များ၏ ပြဿနာကို ကူညီပေးနိုင်မည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းသည် အလုပ်သမားများအဖြစ် ထူးချွန်သော မှော်ပညာရှင်အုပ်စုကို ရရှိနိုင်မည်ဖြစ်သဖြင့် သဘာဝအတိုင်း ၎င်းတို့မှာ ထပ်မံမလိုချင်တော့ပေ။

သို့သော်လည်း မဟာမှော်ပညာရှင်ဖာဂူဆန် ထွက်ခွာသွားပြီးနောက် ဥက္ကဌ အီရန် မှ ရှုယီကို လာရှာပြီး ဌာနချုပ်သည် ဤအဆိုပြုချက်ကို အတည်ပြုနိုင်ဖွယ်မရှိဟု ပြောကြားခဲ့သည်။

“ကောင်စီအဖွဲ့ဝင်တွေ အားလုံးက ခေါင်းမာကြတယ်၊ ဖာဂူဆန်က ဉာဏ်အမြော်အမြင် အရှိဆုံးသူလို့ ယူဆနိုင်ပေမယ့်လည်း သူ့ကို စည်းရုံးသိမ်းသွင်းဖို့ ရှိသမျှ အားစိုက်ထုတ်မှုနဲ့ အချိန်တွေကို သုံးစွဲနေရတုန်းပဲလေ။ မှော်စက်လုပ်ငန်းရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုကို သူတို့ကိုမြင်ချင်ရင်တော့ ခက်လိမ့်မယ် ထင်တယ်။”

ဥက္ကဌ အီရန် သည် ယခုအထိဆယ်စုနှစ်များစွာကြာ ဥက္ကဌ ဖြစ်လာခဲ့သောကြောင့် ဌာနချုပ်ကို ရှုယီထက် ပို၍နားလည်သည်။ သူဒီလိုစိုးရိမ်နေဖို့က အခြေအမြစ်မရှိတာမဟုတ်သည်ကတော့ သေချာ၏။

သို့သော်လည်း ရှုယီသည် ထိုစကားကိုကြားပြီးနောက်တွင် လုံးဝစိုးရိမ်ပုံမပေါ်ပေ။ ထိုအစား အေးတေးသော အပြုံးဖြင့် ပြောသည်၊ “အဲဒါအတွက် အောင်မြင်တာ မအောင်မြင်တာက အရေးမကြီးပါဘူး၊ အရေးကြီးတာက ရုံးချုပ်က နောက်ဆုံးမှာ မှော်စက်လုပ်ငန်းကို ရင်ဆိုင်ဖို့ ဆန္ဒရှိပြီးလက်ခံနိုင်လိုက်တာကပဲ လုံလောက်နေပါပြီ၊"

"အိုး?" ဥက္ကဌ အီရန် က ရှုယီကို အံ့အားသင့်စွာ ကြည့်သည် "မင်းရဲ့ ပန်းတိုင်က ဒီလောက်သေးငယ်မယ်လို့ ဘယ်တုန်းကမှ မထင်ထားဘူး"

“မဟုတ်ပါဘူး၊ ကျွန်တော့်ပန်းတိုင်က အရမ်းကြီးပါတယ်၊ ဒါပေမယ့် အလျင်စလိုလုပ်ရင် ပျက်စီးဖို့လွယ်တဲ့အတွက် ဒီပန်းတိုင်ကိုရောက်ဖို့ အလျင်စလိုမဖြစ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်ကိုယ်စားပြု မဟာမှော်ပညာရှင်ဖာဂူဆန်ပဲ ဖြစ်ဖြစ် မားကွစ္စ်ဆော့သ်ဂိတ်ဒါပဲဖြစ်ဖြစ်၊ ထူးခြားချက်တစ်ခုရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက နယ်မြေကြီးပေါ်ကို ပထမဆုံး အရေးကြီးတဲ့ ခြေလှမ်းအမှန်ကို လှမ်းနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"

***

Vol 5 ပြီးပါပြီ။

All Chapters