အခန်း (၁-၁၀)
Vol. 6 Ch. 1-10
Vol 6, အခန်း ၁။ အင်ပါယာကို သန့်စင်အောင်ပြုလုပ်နည်း - ပိတ်မိနေသော မော်တော်ယာဉ်တန်း
မုန်တိုင်းတစ်ခု ပြီးနောက် နွေရာသီအစနှင့် အတူလာသော အပူရှိန်တစ်ခုရှိနေသော်ငြား ပုံမှန်ထက်စာလျှင် များစွာပို၍ စိုစွတ်နေသည်။ ခပ်ဟဟဖွင့်ထားသော ပြတင်းပေါက်မှ လေဝင်လာချိန်တွင် ၎င်းက အပူရှိန်ကို ပျောက်ကွယ်ကာ အနည်းငယ်သက်တောင့်သက်သာ ဖြစ်လာစေသည်။
ဖရီးမန်းက သက်ပြင်းရှည်ချကာ အဝေးကိုကြည့်ရင်း ယာဉ်မောင်းကို အနည်းငယ် အရှိန်လျှော့ဖို့ ပြောလိုက်သည်။
"ကျုပ်တို့ရဲ့ ယာဉ်မှာ တိကျတဲ့ အရာတွေများစွာရှိတာကြောင့် လှုပ်ယမ်းမနေဖို့ ဂရုစိုက်ပါ။ ဆိုးဆိုးရွားရွား တစ်ခါ နှစ်ခါ လှုပ်ယမ်းနေရင် ပြန်ဝယ်ဖို့ စတက်တိန်းနယ်မြေကို ပြန်ပြေးနေရလိမ့်မယ်။"
Ireland ကုန်သည်ကြီးများအသင်း၏ သီးသန့် ပို့ဆောင်ရေးယာဉ်မောင်းက ခေါင်းငြိမ့်သည်။ ၎င်းတို့ ရှိနေသည့် အကြီးစားပို့ဆောင်ရေးမှော်ကားမှာ တစ်နာရီ လေးဆယ်ကီလိုမီတာရှိနေပြီဖြစ်ရာ အရှိန်များစွာ လျော့ကျသွား၏။
သို့သော်လည်း ဘာဘစ်က မတိုင်ခင်ကနှင့် စာလျှင် များစွာ ပိုမို အာရုံစိုက်လာပြီး ရန်သူတစ်ဦးကို ရင်ဆိုင်ရတော့မည်နှယ် စိတ်လှုပ်ရှားပုံပေါ်နေသည်။
သို့သော် ၎င်းမှာ ဖရီးမန်းက သူ့အား တိကျမှုမြင့်မားသည့် ထုတ်လုပ်ရေးမှော်စက်များအပြည့်ဖြင့် ပို့ဆောင်ရေးမှော်ကားကို ပြန်ဆုတ်ရလောက်ကြောင်း သတိပေးခြင်းကြောင့်တင်မကဘဲ ၎င်းတို့ရှေ့ရှိ လမ်းက ဆိုးရွားနေသောကြောင့်ပင်။
"ကျုပ်ပြောမယ် ဥက္ကဌ မားလိုအင်ပါယာက အင်ပါယာ နှစ်ခုတည်းက တစ်ခုပဲ။ ကျုပ်အမြဲတမ်း သူတို့က အံ့မခန်းဖွယ်ကောင်းတယ် ထင်ခဲ့ပေမယ့် အခု ကြည့်တော့ လမ်ပူရီတိုင်းပြည်နဲ့ သူတို့ရဲ့ လမ်းတွေကို မယှဉ်ကြည့်ရင်တောင် အနည်းဆုံးတော့ သူတို့ရဲ့လမ်းတွေက ဖော့ခ်တိုင်းပြည်ထက်တောင် အများကြီးဆိုးသေးတယ်။"
ဖရီးမန်းက မျက်လုံးလှန်ပြလိုက်သည်၊ "ပေါက်ကရတွေ ကျုပ်တို့ အခုပဲဖြတ်လာခဲ့တဲ့ လမ်းမက မားလိုအင်ပါယာမှာ ပထမဆုံးလမ်းမပဲ။ ဒါကို လမ်းတွေပြည့်နေတဲ့ ကျုပ်တို့ လမ်ပူရီတိုင်းပြည်နဲ့ ယှဉ်လို့ရနိုင်ပါ့မလား?"
"ဒါဆို ဒီအဓိပ္ပာယ်က..." ဘာဘစ်က တစ်ချက်ရယ်လိုက်သည်၊ "ကျုပ်တို့ လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာထက် အများကြီးပိုသေးရင်တောင် လမ်းတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့က ပိုပြီးအားကောင်းမယ်လို့ ထင်မထားဖူးဘူး။"
"တော်ပြီ လမ်းကိုကြည့် စကားများမနေနဲ့တော့။" ဖရီးမန်းက စကားဖြတ်လိုက်သည်။
ဘာဘစ်လည်း သဘောတူက သူ၏လက်၌ အားပိုစိုက်၍ စတီယာရင်ဘီးကို ကိုင်ထားသည်။
"ဘုန်း!"
၎င်းတို့နှစ်ဦးရှိနေသည့် အကြီးစားပို့ဆောင်ရေးမှော်ကားမှာ အသံကျယ်ကြီးထွက်လာသည်။ ကားတစ်စီးလုံးမှာ ယမ်းခါသွားပြီး နှစ်ဦးမှာ ၎င်းတို့ထိုင်ခုံရှေ့သို့ ငိုက်သွားကြ၏။
ဖရီးမန်း၏ အမူအရာက ပြောင်းလဲ၍ အသံစူးစူးဖြင့် ဆိုလာလေ၏၊ "ဖြည်းဖြည်းမောင်းစမ်းပါ!"
ဘာဘစ်မှာ မှော်ကား၏ အမြန်နှုန်းကို တဖန်လျှော့ချ၍ တစ်နာရီ သုံးဆယ်ကီလိုမီတာ အမြန်နှုန်းကို ထိန်းထားလိုက်သည်။ ထိုမှသာ သူဟာ ပို့ဆောင်ရေးမှော်ကားအား တည်မြဲသော နှုန်းဖြင့် ထိန်းသိမ်းနိုင်သွားသည်။
အနောက်ကနေထွက်လာသည့် အသံတွေကိုကြားသော် ဘာဘစ် က သူ့မျက်ခုံးကိုတွန့်လိုက်ပြီး မေး၏ "ဥက္ကဌ၊ နောက်ကျောကပစ္စည်းတွေ အဆင်ပြေပါ့မလား"
ဖရီးမန်းသည် သူ၏မျက်ခုံးများကို ပို၍ပင် ကုပ်ကာ သူ့ထက် ပို၍ပင် စိုးရိမ်ကြောင်း ပြသနေပါသည်။ သို့သော် စဉ်းစားပြီးနောက် လက်ကိုဝှေ့ယမ်းကာ “အခြားနည်းလမ်းမရှိဘူး၊ ဒီတိုင်းထားလိုက်ပါ။ ထုတ်လုပ်ရေးမှော်စက်တွေကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားတာကြောင့် ပြဿနာ သိပ်မရှိလောက်ဘူးလို့ ထင်တယ်။ အဲဒါက အလုပ်မဖြစ်ရင်တောင် နောက်ပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုအတွက် Frestech ကုန်သည်ကြီးများအသင်းကို ရှာလို့ရပါတယ်။”
"ဒါကိုပြောရရင် ...... Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ ထုတ်လုပ်ရေး မှော်စက်တွေ အားလုံးကို ဘယ်လို သယ်ယူသွားတာလဲ။" ဘာဘစ်က မေး၏။
"ငါတို့က Frestech ကုန်သည်ကြီးများအသင်းနဲ့နှိုင်းယှဉ်နိုင်မလား။ ဖရီးမန်း သည် ဘာဘစ် ကို လျှပ်တပြက်ကြည့်လိုက်ကာ "သူတို့ရဲ့ ပထမအသုတ်ကို သယ်ယူတဲ့အချိန်က မှော်လေသင်္ဘောနဲ့ တိုက်ရိုက်ပို့ပေးတယ်လို့ ကြားတယ်။ မှော်လေသင်္ဘောတွေဟာ ကောင်းကင်မှာ ပျံသန်းနိုင်တော့ လမ်းတွေအတွက် စိတ်ပူစရာ မလိုပဘူး။”
“မှော်လေသင်္ဘော ......” ဘာဘစ်သည် ကောင်းကင်ကို မော့ကြည့်ကာ အံ့သြသွားသည့်ဟန်ကို ထုတ်ဖော်လိုက်သည်။ " Frestech ကုန်သည်ကြီးများအသင်းမှာပဲ ဒီလိုဇိမ်ခံနိုင်တယ်။ ဥက္ကဌ၊ ကျုပ်တို့ အိုင်ယာလန်ကုန်သည်ကြီးများအသင်းက မှော်လေသင်္ဘောကို ဘယ်အချိန်မှ ဝယ်မှာလဲ?"
ဖရီးမန်းက သူ့မျက်လုံးများကို လှိမ့်လိုက်ပြန်သည်။
“ ဟာသပဲ! မှော်လေသင်္ဘောက ရွှေဒင်္ဂါးတစ်သန်းသုံးသိန်းကုန်ကျပြီး ငါတို့ကုမ္ပဏီက တစ်နှစ်မှ ရွှေဒင်္ဂါးငါးသိန်းပဲရဖို့တောင် အရမ်းကြိုးစားအားထုတ်ရတယ်လေ။ မှော်လေသင်္ဘော တစ်စီးဝယ်ချင်တယ်လား။ ဒါက ရိုးရှင်းတဲ့ စိတ်ကူးယဉ်အတွေးသပ်သပ်ပဲ!”
ဘာဘစ် က သူ့လျှာကို တစ်လစ်ထုတ်လိုက်သည် "ကျုပ်က စကားအဖြစ်ပဲ ပြောနေတာပါ။ ဒါပေမယ့်..... ဥက္ကဌ၊ ကျုပ်တို့ မှော်လေသင်္ဘောကို မဝယ်နိုင်ရင်တောင်မှ သယ်ယူပို့ဆောင်ရေး မှော်ကားအသစ်တွေကို လေကျုံ့ဆန့်စပရင်နဲ့အသစ်ထုတ်ထားတာတော့ တတ်နိုင်တယ်မဟုတ်လား?"
ဖရီးမန်းသည် ဘာဘစ် ကို အံ့အားသင့်စွာကြည့်ကာ ရယ်စရာတွေ့သွားပုံရသည်။
“ကောင်းပြီ၊ ဒီကောင်လေးကတော့၊ မင်းငါ့ကို ကားပြောင်းခိုင်းဖို့ ဒီအတိုင်း ဝေ့လည်ကြောင်ပတ်ပြောနေတာပဲ။"
ဘာဘစ် က ပြောသည် “လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့မိုင်းတွင်းကို ကျွန်တော်သွားတော့ သူတို့ယူလာတဲ့ လေကျုံ့ဆန့်စပရိန်သယ်ယူပို့ဆောင်ရေး မှော်ကားအသစ်ကို စမ်းကြည့်ခဲ့တယ်။ ဥက္ကဌ၊ ဒီအရာတွေက ပြင်းထန်လွန်းတယ်လို့ ပြောရမယ်။ မိုင်းတွင်းရဲ့ ကြမ်းတမ်းတဲ့လမ်းတွေပေါ်မှာ တနေကုန် မောင်းတာတောင် ဆောင့်တာမျိုး လုံးဝ မခံစားရဘူး။ ကြည့်လိုက်၊ ကျွန်တော်တို့မှာသာ ဒီကားရှိရင်၊ ဒီလိုညံ့ဖျင်းတဲ့ လမ်းအခြေအနေတွေကြောင့် ပစ္စည်းတွေ ပျက်စီးမှာကို စိုးရိမ်နေစရာ မလိုဘူး မဟုတ်လား”
"ဒါက...." ဖရီးမန်းမှာ သူ့ရှေ့ရှိချိုင့်ခွက်များဖြင့် ပြည့်နေသော လမ်းမကို ကြည့်၍ မျက်မှောင်ကုပ်ကာ စဉ်းစားလိုက်သည်။ ခဏကြာပြီးနောက် သူဟာ မနေနိုင်စွာ ခေါင်းငြိမ့်၏ "မင်း ပြောတာက အခြေအမြစ်မရှိတာတော့ မဟုတ်ဘူးပဲ။ သူတို့တွေ ဒီပျက်စီးနေတဲ့လမ်းတွေကို ဘယ်တော့ပြင်မယ်ဆိုတာ မသိရသလို နောက်ရက်တွေမှာလည်း ငါတို့အနေနဲ့ ပစ္စည်းတွေဆက်ပို့ရဦးမှာဆိုတော့ လမ်းမှာ တစ်ခုခုဖြစ်ရင် အရမ်းကို ဒုက္ခများလိမ့်မယ်...."
"ဟုတ်တယ်မို့လား? ဒီတော့ ဥက္ကဌ ဒီတစ်ခါတော့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ လေကျုံ့ဆန့်စပရင်ပို့ဆောင်ရေးမှော်ကားနှစ်စီးလောက်ဝယ်သင့်တယ်။ ဒီကားနဲ့ဆိုရင် အနည်းဆုံး ဒီလမ်းတွေပေါ်မှာ ပျက်စီးမှာကို ဂရုစိုက်ဖို့မလိုဘဲ အနည်းဆုံး ငါးဆယ်လောက်မောင်းလို့ရတယ်။" ဘာဘစ်က ထိုကိစ္စကို ဆက်ပြောနေသည်။
ဖရီးမန်းလည်း လက်ယမ်းလိုက်ကာ၊ "ဟုတ်ပြီ ငါတို့ ပြန်ရောက်ရင် ဒီအကြောင်းကိုပြောကြမယ်။ အရင်ဆုံး ဒီကုန်စည်အသုတ်ကို ပို့ကြတာပေါ့။"
ဘာဘစ်မှာ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားသည်ကို မြင်သဖြင့် အပြုံးနှင့်ထပ်၍ ကားမောင်းသည့်နေရာ၌ အာရုံစိုက်လိုက်သည်။
လမ်းက ခုန်နေသော်လည်း သူ၏ခံစားချက်မှာ ကွဲပြားသဖြင့် အနှီခလုတ်ကန်သင်းများက ယခင်ကလို သည်းခံစရာမဟုတ်ဟု မခံစားရတော့ပေ။
ဖရီးမန်းကမူ မျက်နှာထက် တောက်တောက်ပပအပြုံး ချိန်ဆွဲထားသူ ဘာဘစ်ကို အာရုံမစိုက်ဘဲ ခေါင်းငုံ့၍ မြေပုံကိုကြည့်လိုက်သည်။
၎င်းတို့၏ အစီစဉ်အရ ၎င်းတို့မှာ ယနေ့ညတွင် နှစ်ရာကီလိုမီတာ ဝန်းကျင် အဝေးရှိ မြို့ငယ်လေးတစ်မြို့၌ နားကြမည်ဖြစ်သည်။ ၎င်းတို့မှာ နောက်နေ့ နေ့လည်ခင်း၌ ၎င်းတို့ပန်းတိုင်ဖြစ်ရာ မားလိုအင်ပါယာရှိ မားကွစ္စ်ဆော့သ်ဂိတ်၏ ကိုယ်ပိုင်နယ်မြေသို့ ရောက်လာကြမည်ဖြစ်သည်။
သို့သော် ၎င်းတို့ရှေ့ရှိ လမ်းများကို သုံးသပ်ရသော် ၎င်းတို့၏ ပို့ဆောင်ရေးမှော်ကားများမှာ ရွေးစရာမရှိဘဲ နှေးလိုက်ရသည်။
၎င်းတို့၏ လက်ရှိ အမြန်နှုန်းအရ မမှောင်ခင် မြို့ငယ်လေးကို ရောက်ရန် မဖြစ်နိုင်ပေ။
သင့်တော်သည့် လမ်းများကို မဆိုထားနှင် မားလိုအင်ပါယာ၌ လမ်းမီးတိုင်များပင် မရှိပေ။ ၎င်းတို့အနေနှင့် ဤလမ်းများပေါ်၌ ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် တတ်နိုင်သမျှမြန်မြန် ညအတွက် နားစရာတစ်ခု ရှာရပေမည်။
မြေပုံကို သုံးသပ်ရသော် တစ်ရာကီလိုမီတာ အဝေး၌ နောက်ထပ် မြို့လေးတစ်မြို့ရှိသည်။ မျှော်လင့်မထားသည်များ ဖြစ်မလာပါလျှင် ၎င်းတို့မှာ မမှောင်ခင် ရောက်လောက်သဖြင့် ဖရီးမန်းက လက်ရှိတွင် ၎င်းမြို့လေးကို ၎င်းတို့၏ ခဏရပ်နားရာအဖြစ်သတ်မှတ်လိုက်သည်။
သို့သော်လည်း မတော်တဆများက လူများ အနည်းဆုံးမျှော်မှန်းထားချိန်၌ ဖြစ်ပွားတတ်သည်။
၂နာရီကြာပြီးနောက် ဖရီးမန်းနှင့် ဘာဘစ်ကို သယ်ဆောင်ထားသည့် အကြီးစားပို့ဆောင်ရေးမှော်ကားမှာ ရွံ့ထူသော လမ်းကို ဖြတ်လာခဲ့ပြီး ၎င်းတို့ရှေ့ရှိ မှော်ကား ခုနစ်စီးရှစ်စီးရှိနေသည်ကို တွေ့ခဲ့သည်။ ၎င်းတို့နံဘေး၌ လူများစွာကလည်း ရပ်နေကြကာ လူများစကားပြောသံလည်းကြားရသည်။
"ဘာဖြစ်တာလဲ?"
ဖရီးမန်းနှင့် ဘာဘစ်တို့က အချင်းချင်းရှုပ်ထွေးစွာကြည့်ပြီးနောက် ၎င်းတို့၏ ကားကို ချဉ်းကပ်လာကြသည်။
၎င်းတို့ နီးကပ်လာချိန်တွင် ဖရီးမန်းမှာ ရှေ့ရှိလမ်းတွင် ချောင်းငယ်လေးတစ်ခု ဖြတ်သွားကြောင်း တွေ့လိုက်ရသည်။ မှော်ကားများအားလုံး ထိုချောင်းနား၌ ရပ်တန့်နေကြပြီး မဖြတ်သွားနိုင်ကြပေ။
ဖရီးမန်းမှာ ဘာဘစ်အား ကားရပ်ခိုင်းလိုက်ပြီးနောက် ထွက်လာခိုက်သည်။
အနီးသို့သွားချိန်၌ ဖရီးမန်းမှာ ထိုမှော်ကားများ၏ ပိုင်ရှင်များက သူသိသည့် လူများဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့မှာလည်း သူ့လိုပင် မာလိုအင်ပါရှိ၌ ရင်းနှီးမြှုပ်နှံရန် Frestech ကုန်သည်ကြီးများအသင်းက ဖိတ်ကြားထားသော လုပ်ငန်းစုများစွာတို့၏ အဖွဲ့ဝင်များဖြစ်ကြ၏။
၎င်းတို့ ဤနေရာ၌ ပိတ်မိနေကြသည်မှာ ချောင်းကို ဖြတ်၍ တည်ဆောက်ထားသည့် တံတားက မုန်တိုင်းကြောင့် ကျိုးသွားသဖြင့် ဤချောင်းကို ဖြတ်သွားရမည့် ၎င်းတို့၏ တစ်ခုတည်းသော လမ်းကို ဆုံးရှုံးလိုက်ရတော့သည်။
"ဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲဗျ?" ဖရီးမန်းမေးလိုက်ပါ၏။
"ကျုပ်က အစောဆုံးပဲ တစ်နာရီလောက်ရှိပြီ" မျက်နှာထက် ခါးသီးဟန်ဖြင့် ယာဉ်မောင်းတစ်ဦးက ခေါင်းခါလိုက်ပြီးနောက် သက်ပြင်းချကာ ဆိုသည်၊ "မိုးရပ်သွားတာနဲ့ ရေစီးကြောင်းက ပိုသေးသွားမှာ မို့ အပေါ်ကနေ မောင်းသွားလို့ရမယ်ထင်ခဲ့တာ။ ဒါပေမယ့် ဒီလောက်အကြာကြီးတောင် မသေးသွားဘူး။"
ဖရီးမန်းမှာ အခြားသူများကိုကြည့်လိုက်ရာ ၎င်းတို့ကလည်း ခေါင်းခါရင်းသက်ပြင်းချနေသည်ကို မြင်လိုက်ရသည်။
"ဒါဆို လမ်းလွှဲရော တွေ့ကြလား?" ဖရီးမန်းက မေးသည်။
"ဘာလမ်းလွှဲလဲဗျာ? ကျုပ်တို့ မားလိုအင်ပါယာကို လာတာ ပထမဆုံးအကြိမ်မို့ ဒီကလူတွေ နေရာတွေနဲ့ မရင်းနှီးဘူးလေ။ မြေပုံအရ အနီးဆုံးတံတားက ဒီကနေဆို တစ်ရာကီလိုမီတာဝေးပြီး သူနဲ့ ချိတ်ဆက်ထားနဲ့ ဘယ်လမ်းမှလည်းမရှိဘူး။ ကျုပ်တို့သာ အဲ့ကို သွားချင်ရင် သုံးရာကီလိုမီတာကျော် လမ်းလွှဲကို ယူရလိမ့်မှာမို့ မနက်ဖြန်ပြီးနောက်နေ့မှာတောင် ရောက်နိုင်မှာမဟုတ်ဘူး။"
"ဟုတ်တယ် မားလိုအင်ပါယာက လမ်းတွေ ဒီလောက်ထိ ဆိုးမယ်လို့ ထင်မထားခဲ့ဘူး ကျုပ်တို့ လမ်ပူရီတိုင်းပြည်က လမ်းတွေလိုတောင် မလွယ်ကူဘူး။"
"အမှန်ပဲ လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ လမ်းကောင်းတွေနဲ့ ခိုင်ခံ့တဲ့တံတားတွေရှိတာ သူတို့ကို ဘယ်လိုလုပ် ရေနဲ့ ဖျက်စီးနိုင်မှာလဲ?"
"မားလိုအင်ပါယာက လမ်ပူရီတိုင်းပြည်နဲ့စာရင် ပိုပြီး နောက်ကျကျန်နေခဲ့တယ်လို့ ဘာလို့ ခံစားမိနေရပါလိမ့်? ကြည့်ပါဦး လမ်းတွေက ဒီလောက်ဆိုးပြီး လမ်းမီးလည်းမရှိလို့ မှော်ကားတစ်စီးမှတောင်မတွေ့ရဘူး အဲဒီ မြင်းလှည်းအစုတ်တွေပဲရှိတယ်...."
......
ဘေးပတ်လည်ရှိ လူများ၏ ညည်းတွားသံကို ကြားသော် ဖရီးမန်းမှာ အသာမျက်မှောင်ကုပ်လိုက်သော်လည်း ဝင်တော့မပြောပေ။
သူဟာ မြစ်ကြောင့် ကျိုးသွားသော ကျောက်တံတားထံသွားလိုက်သော် ထိုမျှဆိုးမနေသည်ကို တွေ့လိုက်ရသည်။ အလယ်ပိုင်း၌ ကျိုးနေသည့်အပိုင်းတစ်ခုသာ ရှိရာ ပြင်လိုက်သည်နှင့် မဖြတ်သွားနိုင်သည်တော့မဟုတ်ပါချေ။
မြစ်နံဘေး၌ ရပ်ထားသော အကြီးစားပို့ဆောင်ရေးမှော်ကားများကို လှည့်ကြည့်၍ ဖရီးမန်းမှာ တွက်ချက်မှုတချို့လုပ်လိုက်ပြီးနောက် ယာဉ်မောင်းတစ်ဦးထံ သွားလိုက်သည်။
"ဟေး ကျုပ်သာမမှားရင် ခင်ဗျားရဲ့ကားထဲမှာ မှော် မြေတူးစက်ပါတယ်မို့လား?"
ယာဉ်မောင်းက အံ့ဩသွားသည်၊ "ပါ,ပါတယ် ဘာလို့များလဲ?"
ဖရီးမန်းက တစ်ချက်ရယ်လိုက်ပြီးနောက် လက်ခုပ်တီးကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူဟာ အသံကိုမြှင့်ကာပြောလိုက်၏၊ "မားလိုအင်ပါယာကသူတွေ လာပြီး ဒီတံတားကို ပြင်ခိုင်းဖို့ စောင့်နေဖို့က မဖုစ်နိုင်ဘူး ကျုပ်တို့လည်း ဒီမှာ ဆက်စောင့်မနေနိုင်ဘူး။ ဥက္ကဌရှုကလည်း အလုပ်စဖို့ အချိန်မှီကုန်စည်တွေ ပို့ပေးမယ့် ကျုပ်တို့ကို စောင့်နေတယ်။"
လူများက အချင်းချင်း ဗလာသက်သက်စိုက်ကြည့်လိုက်သည်။
"ဒါပေမယ့် ဘယ်လိုလုပ်ရမှာလဲ? လမ်းမှမရှိတာ။"
"ဥက္ကဌရှု အရင်က ပြောတာ မေ့သွားပြီလား? ဒီလောကက လမ်းတွေအားလုံးကို လူတွေလုပ်တာမို့ ရှေ့က ပျက်စီးနေတဲ့လမ်းကို ကျုပ်တို့ ပြင်ရုံပေါ့!"
"ပြင်မယ်? ဘယ်လိုပြင်ရမှာလဲ?" အားလုံးက ပိုလို့ပင် ရှုပ်ထွေးသွားသည်။
ဖရီးမန်းမှာ အကြီးစားပို့ဆောင်ရေးမှော်ကားများကို ညွှန်ပြ၍ ပြုံးကာ ဆိုလိုက်၏၊ "ဒီလူတွေနဲ့ ပဲပေါ့။"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၂။ ထူးချွန်သော ဆက်ခံသူ
ဖရီးမန်းမှ ဤတံတားကို ပြင်ရန် ထိုလူများကိုဦးဆောင် နည်းလမ်းရှာပေးစဉ်တွင် သုံးရာကီလိုမီတာအဝေးရှိ မားကွစ္စ် ဆော့သ်ဂိတ်၏ ကိုယ်ပိုင်နယ်မြေ၌ စည်ကားသိုက်မြိုက်သည့် မြင်ကွင်းတစ်ခုရှိနေသည်။
တစ်ပြိုင်နက်တည်း အလုပ်လုပ်နေသော မှော်မြေတူးစက် အကြီးအသေး ဆယ့်ခုနစ်ခုရှိကာ မှော်စက်မှုအခြေစိုက်ဌာနအတွက် မားကွစ္စ်ဆော့သ်ဂိတ်မှ ဘေးပို့ထားသော မြေ၌ တွင်းများတူးနေသည်။ ထို့နောက် မှော်မြေတူးစက်က မချောမွေ့သည့် မြေပြင်အစိတ်အပိုင်းများကို မွစာကြဲစေကာ အသုံးပြု၍ရသော ဆောက်လုပ်ရေးမြေအဖြစ် အမြန်ပြောင်းလဲလိုက်သည်။
ဥက္ကဌခရုစ်က ဆောက်လုပ်ရေးဆိုက်များ၌ ရပ်ကာ ဆောက်လုပ်ရေး တိူးတက်ပုံကို အာရုံစိုက်ထား၏။
အချက်ကျကျဆိုရသော် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဤအလုပ်ကို Frestech ကုန်သည်ကြီးများအသင်းနှင့်အတူပူးပေါင်း၍ အကြိမ်များစွာ လုပ်ခဲ့ဖူးသဖြင့် ကျင့်သားရနေပြီးသားဖြစ်သည်။
ဥက္ကဌအနေနှင့် သူ ဤနေရာ၌ မရှိလျှင်တောင် သူ့လက်အောက်ရှိ အတွေ့အကြုံပြည့် ဆောက်လုပ်ရေးအသင်းမှာ ပြဿနာမရှိဘဲ ၎င်းကို အပြီးသတ်နိုင်လိမ့်မည်။
သို့သော် ဥက္ကဌခရုစ်မှာ နေ့တိုင်း ၎င်းတို့၏ ဆောက်လုပ်ရေးကို လာကြည့်နေဆဲပင်။
မုန်တိုင်းရှိပါလျှင်တောင် သူဟာ ဆောက်လုပ်ရေးဆိုက်မှ မထွက်သွားပေ။ သူ၏လက်အောက်ငယ်သားများနှင့်အတူ မုန်တိုင်းပြီးသည်ကို စောင့်နေကာ ပြီးသည့်နောက်၌ ချက်ချင်း စီမံကိန်းကို စတတ်ရာ ဤစီမံကိန်းက သူ့အတွက် မည်မျှ အရေးပါကြောင်း ပြသနေပါ၏။
မှန်ပါ၏ ၎င်းမှာ မားလိုအင်ပါယာတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဒုတိယ အကြီးဆုံးစီမံကိန်းဖြစ်သဖြင့် နားလည်နိုင်သည်၊ ဖော့ခ်တိုင်းပြည်ရှိ လမ်းမကို ချိတ်ဆက်မည့် လမ်းဖောက်လုပ်မည်ဖြစ်သောကြောင့် ၎င်းက သဘာဝကျကျပင် အရေးကြီးပါ၏။
ထို့အပြင် ဤစီမံကိန်းမှာ လမ်းခင်းခြင်းနှင့်လည်း ကွဲပြားသေးသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားကုမ္ပဏီများကို လူနေ အဆောက်အဦများနှင့် စက်ရုံများ တည်ဆောက်ရန် မားလိုအင်ပါယာ၌ ရင်းနှီးမြှုပ်နှံဖို့ရာ ဖိတ်ထားသောကြောင့် ၎င်းက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ စီးပွားရေးဟောင်းဖြစ်သော ဆောက်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်နေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ သဘာဝကျကျပင် လမ်းနှင့်ပတ်သက်၍ ပေါ့ဆမနေဘဲ မားကွစ္စ် ဆော့သ်ဂိတ်၏ အတည်ပြုချက်ကို လက်ခံခဲ့သည်။ ယခုတွင် ၎င်းတို့က ဆောက်လုပ်ရေးလုပ်နေကြရာ ဥက္ကဌခရုစ်က သဘာဝကျကျပင် မားလိုအင်ပါယာ၏ ဆောက်လုပ်ရေးဈေးကွက်သို့ ချောမွေ့စွာဝင်ရောက်ရန် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အားကောင်းမှုကို ကြွားဝါလိုသည်။
မားလိုအင်ပါယာမှာ နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက်တစ်ခုပင်။ နိုင်ငံအရွယ်အစားဖြစ်စေ လူဦးရေဖြစ်စေ ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံတို့ထက် အဆပေါင်းများစွာ ကြီးမားရာ လူများ အိပ်မက်မက်နေရသည့် ဈေးကွက်ကြီးဖြစ်သည်။
၎င်းတို့သာ ဤဈေးကွက်ကို ဝင်ရောက်က ဆုပ်ကိုင်ထားနိုင်လျှင် အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် နယ်မြေကြီး၏ ပထမတန်းကုမ္ပဏီဖြစ်လာရန် မျှော်လင့်ချက်ရှိပေလိမ့်မည်။
၎င်းကိုစဉ်းစားရင်း ဥက္ကဌ ခရုစ်၏ နှလုံးသား၌ ရှုယီအပေါ် ကျေးဇူးတင်မှုဖြင့် ပြည့်သွားသည်။
ရှုယီက မားကွစ္စ်ဆော့သ်ဂိတ်နှင့် ပူးပေါင်းဖို့ အခွင့်အရေးတွေ့ကာ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် ဘယ်အချိန် ဝင်ရောက်နိုင်မှန်းမသိသည့် ဈေးကွက်ထံ အမ်ရစ်ကုန်သည်ကြီးများအသင်းကိုပါ ခေါ်ဆောင်လာခဲ့သည်။
မှန်ပါ၏ ရှုယီအား ကျေးဇူးတင်သင့်သည်မှာ အထူးသဖြင့် ရှုယီခေါ်ဆောင်လာခဲ့သည့် လုပ်ငန်းစုများနှင့် အသေးစားမှော်စက်စက်ရုံများပင်။
Frestech ကုန်သည်ကြီးများအသင်း၏ အင်အားနှင့် ၎င်းတို့မှာ မားကွစ္စ် ဆော့သ်ဂိတ်၏ မြေမှ လုပ်ငန်းအားလုံးကို သေချာပေါက်ရယူနိုင်သော်လည်း ရှုယီက လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန် တိုင်းပြည်ရှိ လုပ်ငန်းစုအားလုံးကို ဖိတ်ကြားရန် လက်ဦးမှုရယူခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းထက် များစွာပိုမို အားနည်းသည့် လုပ်ငန်းစုများကို မားလိုအင်ပါယာသို့ ရင်းနှီးမြှုပ်နှံရန်ဆွဲခေါ်လာသည်မှာ သူ၏ ကိုယ်ပိုင်ပန်းကန်ထဲမှ အသားကို ၎င်းတို့ထံ ပေးခြင်းဟု ယူဆနိုင်၏။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင် လုပ်ငန်းစုများက Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ရပ်များကို သံသယဖြစ်နေ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းက မားလိုအင်ပါယာ၌ ရင်းနှီးမြှုပ်နှံခြင်းကို ယုံကြည်မှုမရှိသောကြောင့် အခြားလုပ်ငန်းစုများကိုပါ အခက်အခဲမျှဝေဖို့ လိုအပ်ခြင်းဖြစ်သည်ဟု ခံစားနေကြသည်။
သို့သော် ၎င်းအား မှော်စက်ကုမ္ပဏီများက ချက်ချင်းငြင်းပယ်ခဲ့ရာ ရယ်စရာသံသယဖြစ်ဖွယ်ဖြစ်ခဲ့ရသည်။ Frestech ကုန်သည်ကြီးများအသင်းထံ လျှောက်လွှာတင်ခဲ့ကြသော မှော်စက်ကုမ္ပဏီ တစ်ရာကျော်ရှိကာ ၎င်းတို့အား အတူခေါ်သွားရန် မျှော်လင့်နေကြသည်။
အဆုံးတွင် ရှုယီမှာ သူနှင့်အတူ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေကို လိုက်စစ်ဆေးမည့် ကုမ္ပဏီနှစ်ဆယ့်သုံးခုကို ရွေးချယ်ခဲ့သည်။ လက်ရှိ၌ နုတ်ထွက်သွားသော ကုမ္ပဏီတစ်ခုမှလွဲ ကျန်သော ကုမ္ပဏီနှစ်ဆယ့်နှစ်ခုတို့မှာ ၎င်းတို့ရင်းနှီးမြှုပ်နှံလိုသည့် ဆန္ဒကို ပြသခဲ့ကြ၏။
လက်ရှိ၌ နုတ်ထွက်သွားသော ကုမ္ပဏီအတွက်မူ......
ဥက္ကဌ ခရုစ်က မိုးကြောင့် အင်မတန်ကြမ်းတမ်းသွားသည့် အနောက်တောင်ဘက်ရှိ လမ်းဆိုးကိုကြည့်လိုက်ပြီး မနေနိုင်အောင်သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံများရှိ လမ်းများမှာ အတော်ကောင်းနေပြီဖြစ်သောကြောင့် ၎င်းတို့သာ ထိုသို့ ဆိုးရွားသည့် လမ်းအခြေအနေများနှင့် နေရာတစ်ခုကို ရုတ်တရတ်ကြုံရလျှင် ကျင့်သားရဖို့ ခက်ခဲသည်။ လုပ်ငန်းစု၏ ကိုယ်စားလှယ်မှာ ဤနေရာရှိ လမ်းကို ယုံကြည်ချက်မရှိရာ နောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်က အံ့ဩဖွယ်မရှိပေ။
၎င်းကိုစဉ်းစားရင်း ဥက္ကဌ ခရုစ်မှာ ခဏတာ တိတ်ဆိတ်သွားသည်။ သူဟာ ခဏမျှ လမ်းလျှောက်နေပြီး အလုပ်ရှိ မှော်မြေတူးစက်ကို ကြည့်နေသည့် လူရွယ်လေး၏ ဘေးသို့ လာလိုက်သည်။
"ဟေး အရှင်ဘာရွန် ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးချင်တာရှိတယ်။"
လူရွယ်က ချက်ချင်းပင်လှည့်လာကာ ပြုံး၍ ပြောသည်၊ "ဥက္ကဌခရုစ် ကျုပ်အကြိမ်များစွာ ပြောပြီးပြီ ကျုပ်ကို ဖရန့်ခ်လင်းလို့ပဲ ခေါ်လို့ရပါတယ်။ ပြောပါဦး ဘာများလဲ?"
ထိုလူရွယ်မှာ မားကွစ္စ် ဆော့သ်ဂိတ်၏ အကြီးဆုံးမြေး ဖရန်ကလင် ဆော့သ်ဂိတ်ဖြစ်သည်။ သူဟာ အသက်ဆယ့်ကိုးနှစ်ပင် မရှိသေးသော်လည်း ဘာရွန် ခေါင်းစဉ်ကို ရနေပြီဖြစ်သည်။ သူ့အား တတိယမျိုးဆက်၏ မိသားစုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကာ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခံခဲ့သည်။
ဤအကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့အကြားရှိ ပူးပေါင်းမှု၌ ကြီးမားသည့် ရည်ရွယ်ချက်ရှိနေပြီဖြစ်သဖြင့် မားကွစ္စ် ဆော့သ်ဂိတ်မှာ သူဂရုအစိုက်ဆုံး မြေးအား ဤစီမံကိန်းအတွက် ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်။
ဥက္ကဌခရုစ်မှာ သူနှင့်အတူ လဝက်ကြာလောက်အတူ ရှိနေခဲ့ကာ သူနှင့် များစွာ ဆက်သွယ်ခဲ့ဖူးသည်။ ဘာရွန် ဖရန်ကလင်က အသက်ဆယ့်ကိုးပင် မရှိသေးသော်လည်း အင်မတန်တည်ငြိမ်ကာ မားကွစ္စ် ဆော့သ်ဂိတ်ကိုယ်စား ဆုံးဖြတ်ချက်များချနိုင်သောကြောင့် လူတိုင်းက သူ့အား မည်သည့်ပြဿနာရှိရှိ လာပြောကြသည်။
"ကြည့်ပါဦး မုန်တိုင်းလေးတစ်ခုပဲ ဆိုပေမယ့် အနီးအနားက လမ်းမတွေ ဒီလိုဖြစ်လာတာက ကျုပ်တို့ အလုပ်ကို အများကြီး နှောင့်နှေးစေပြီးတော့ တခြားလုပ်ငန်းစုတွေ ရောက်လာဖို့ကို အများကြီး ထိခိုက်စေတယ်။ ဒီတော့ ဒီလမ်းတွေရဲ့ အခြေနေကို အရင်ဆုံး တိုးတက်အောင်လုပ်ဖို့က အကောင်းဆုံးဖြစ်မယ်ထင်တယ်။"
ဘာရွန် ဖရန်ကလင်မှာ အသာမျက်မှောင်ကုပ်လိုက်သည်၊ "ဒါပေမယ့် ဥက္ကဌခရုစ် လမ်းတစ်လမ်းကို ခင်းရင် သူ့ရဲ့ အရည်အသွေးကို စိတ်ချရစေဖို့က အချိန်အတော်လိုတယ်လို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား? အခု အချိန်တိုလေးနဲ့ လမ်းတစ်လမ်းခင်းဖို့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား?"
"မဟုတ်ပါဘူး လမ်းအသစ်ခင်းဖို့က မဖြစ်နိုင်ပေမယ့် အချိန်တိုအတွင်းမှာ အဆင့်မြှင့်လို့ရတယ်။" ဥက္ကဌခရုစ်က ခေါင်းခါ၍ ပြောသည်။
"အိုး? ဘာလုပ်ဖို့လိုတာလဲ?"
ဥက္ကဌခရုစ်က ဘေးဘီကိုကြည့်လိုက်ပြီးနောက် အကြည့်များက မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေရှိ တောင်ကုန်းလေးများထံ ကျရောက်သွားကာ မေးလာသည်၊ "ကျုပ်သာ မမှားရင် ဒီတောင်ကုန်းတွေကို ကျောက်တုံးတွေနဲ့ လုပ်ထားတာ ဖြစ်ရမယ် ဟုတ်တယ်မို့လား?"
ဘာရွန် ဖရန်ကလင်က ကြည့်ကာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ "အင်း သူတို့ကို ကျောက်တုံးနဲ့လုပ်ထားပေမယ့် ဒါက ခင်ဗျားပြောထားတာနဲ့ ဘာများဆိုင်လို့လဲ?"
"ကျောက်တုံးတောင်ကုန်းတွေဆို ကောင်းတာပေါ့" ဥက္ကဌခရုစ်က တစ်ချက်ရယ်လိုက်သည်၊ "ကျုပ်အကြံက အရမ်းကို ရိုးရှင်းပါတယ်။ အဲ့တောင်ကုန်းက ကျိုးပဲ့နေတဲ့ ကျောက်တုံးတွေယူပြီး သဲနဲ့ အုပ်ပြီး လမ်းကို အများကြီးပိုကောင်းအောင်လုပ်လို့ရတယ်။ အခုထက်တော့ ပိုကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ရှေ့လျှောက် လမ်းခင်းဖို့လိုသေးတယ် ဒါပေမယ့် လမ်းကို အခု ဖြည့်လိုက်ရင်လည်း အခြေခိုင်အောင်လုပ်တယ်လို့ ယူဆလို့ရတာမို့ ဖြုန်းတီးတယ်လို့ မသတ်မှတ်နိုင်ဘူး။ ဘယ်လိုသဘောရလဲ?"
ဘာရွန် ဖရန်ကလင်မှာ အတန်ငယ် ရှုပ်ထွေးသွားသည်၊ "လမ်းတွေအကြောင်း များများစားစားမသိပေမယ့် ဥက္ကဌခရုစ်က ဒီလိုပြောလာမှတော့ ပြဿနာရှိမယ်မထင်ပါဘူး။ ဒါပေမယ့် ဥက္ကဌခရုစ် ဒီတောင်ကုန်းတွေကို လုံးဝကျောက်တုံးနဲ့လုပ်ထားတာမို့ ဘယ်လိုလုပ် ကျောက်ဆောင်အပိုင်းအစတွေကို ယူလို့ရမလဲ?"
"အင်း ဒါက ပြဿနာလုံးဝမဟုတ်ပါဘူး။ ဒီမှာ ဆောက်လုပ်ရေးမှော်စက်တွေ အများကြီးရှိတော့ ကျောက်တုံးတောင်ကုန်းလေးတစ်ခုမပြောနဲ့ ပိုကြီးရင်တောင် ရက်အနည်းငယ်အတွင်းမှာ ဖယ်နိုင်တယ်။"
ဘာရွန် ဖရန်ကလင်မှာ တစ်ရာမီတာ ပတ်လည်ရှိသည့် ေတာင်ကုန်းကိုကြည့်လိုက်ပြီး မျက်လုံးများက ကြောင်အသည့်နှယ် မနေနိုင်စွာ ပြူးကျယ်သွားသည်။
၎င်းမှာ လုံးဝကျောက်တုံးဖြင့် ပြုလုပ်ထားသော တောင်ကုန်းဖြစ်သည်။ သူ၏ ယခင်နားလည်မှုများကို အခြေခံရလျှင် ၎င်းကို ဖြိုရန် လူတစ်ထောင်လောက်လိုပြီး အလုပ်ချိန် လများချီကာကြာမည်သာ။
ယခု ဥက္ကဌခရုစ်က သူ့အား ရက်အနည်းငယ်အတွင်း လုပ်နိုင်ကြောင်းပြောလာရာ ၎င်းက အံ့ဩဖွယ်ပင်။
သို့သော် ဘာရွန်ဖရန်ကလင်မှာ အမ်ရစ်ကုန်သည်ကြီးများအသင်း ယူလာသည့် ဆောက်လုပ်ရေးမှော်စက်များ၏ အင်အားကို မြင်ခဲ့သဖြင့် သူ၏ အတွေးကို ပြောင်းလဲ ပြီးသားဖြစ်ရာ အစတည်းက ၎င်းကို လက်ခံရန် မခဲယဉ်းချေ။
စဉ်းစားကြည့်ပြီးနောက် ဘာရွန် ဖရန်ကလင်မှာ ခေါင်းငြိမ့်ကာ သဘောတူညီကြောင်း ပြလာသည်။
"ဟုတ်သားပဲ ဒီကိစ္စကို နှောင့်နှေးနေလို့မဖြစ်ဘူး။ ဥက္ကဌခရုစ် ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန် လူတွေကို စီစဉ်ပေးပါ။ ရာသီဥတုက ဒီတလော မတည်ငြိမ်ဘူးဆိုတော့ မိုးက ထပ်ရွာလောက်တယ်။ ဒီလမ်းပြဿနာကို မြန်မြန်ဖြေရှင်းနိုင်လေ အားစိုက်ထုတ်မှု ပိုသက်သာလေပဲ။"
"ဒီတောင်ကုန်းတွေကို တူးဖို့က သခင် မားကွစ္စ် ရဲ့ သဘောတူညီမှုကို မလိုဘူးလား?" ဥက္ကဌခရုစ်က တုန့်ဆိုင်းစွာ မေးလိုက်သည်။
"မလိုပါဘူး" ဘာရွန် ဖရန်ကလင်မှာ ခေါင်းခါကာ၊ "အဘိုးက ဒီကိစ္စကို ကျုပ်ဆီ အကုန်လွှဲထားပြီးသားပါ။ ဥက္ကဌခရုစ်ရဲ့ အကဲဖြတ်မှုကို ကျုပ်ယုံကြည်တာမို့ လူတွေကို တတ်နိုင်သလောက်မြန်မြန်စီစဉ်လိုက်ပါ။ အကူအညီလိုရင် ပြောသာပြောပါ။"
ဥက္ကဌခရုစ်က အသက်ပြင်းပြင်းရှူက ဘာရွန် ဖရန်ကလင်ကို ချီးကျူးလိုဟန်ဖြင့်ကြည့်လိုက်ပါ၏။
"လေးစားရတဲ့ ဘာရွန်၊ဆော့သ်ဂိတ်မိသားစုမှာ ခင်ဗျားလို ထူးချွန်တဲ့ ဆက်ခံသူမျိုးရှိနေတာက တကယ်ကို ကောင်းချီးပါပဲ။ ကျုပ်အထင် သခင် မားကွစ္စ် က ခင်ဗျားကို ဂုဏ်ယူနေလောက်တယ် ဒီမှာ ဆောက်လုပ်ရေးကို စီစဉ်ဖို့ ခင်ဗျားကို ပို့လိုက်တာ မအံ့ဩတော့ပါဘူး။"
ဘာရွန် ဖရန်ကလင်က အသာပြုံးပြသည်၊ "ဥက္ကဌခရုစ် ခင်ဗျားက ချီးကျူးလွန်းနေပါပြီ။ အဘိုးက ကျုပ်ကို စမ်းသပ်ဖို့ လုပ်တာပါ။ ကျုပ်သာ တစ်ခုခု မှားယွင်းတာရှိရင် ထိန်းမထားဘဲ ပြောပါ။ ပြီးတော့လည်း ကျုပ်ကို နာမည်သာခေါ်ပါဗျာ။"
ဥက္ကဌခရုစ်က တစ်ချက်ရယ်ပါ၏၊ "ဟုတ်ပါပြီ ဖရန်ကလင်, သခင် မားကွစ္စ် နဲ့ ဥက္ကဌရှုတို့က ဒီ တည်ဆောက်ရေးစီမံကိမ်းကို အရေးထားကြတာမို့ သေချာပေါက် လိုအပ်ချက်ကို မြင့်မြင့်ထားရမှာပေါ့။ ကျုပ် ခင်ဗျားကို နှောင့်ယှက်ရမယ့်နေရာတွေ အများကြီးရှိလာလိမ့်မှာမို့ ကျေးဇူးပြုပြီး ခင်ဗျားကို လာရှာတဲ့အခါ အပြစ်မတင်ပါနဲ့။"
ဘာရွန် ဖရန်ကလင်က အပြုံးကြီးကြီးပြုံးကာ သွားများ ဖြီးပြလာ၏။
"ဘယ်လို အပြစ်တင်ရမှာလဲဗျာ?"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၃။ အင်ပါယာမှာရှိတဲ့ အရာအတော်များများက မသင့်တင့်ဘူး
ဖရီးမန်းနှင့် သူ၏အပေါင်းအပါများက မြစ်ကြောင့် ကျိုးသွားသော တံတားကို ပြင်နေကြပြီး ဥက္ကဌခရုစ်ကမူ ဖရန်ကလင်နှင့်အတူ ရွှံ့မြေလမ်းအားဖြေရှင်းမည့် နည်းလမ်းကို စဉ်းစားဖို့ ကြိုးစားနေရရှာသည်။
သို့သော်လည်း ဤပူးပေါင်းမှု၏ အဓိက ဇာတ်ကောင်များဖြစ်ကြသော ရှုယီနှင့် မားကွစ္စ်ဆော့သ်ဂိတ်တို့မှာ လက်ရှိတွင် လက်ထဲ၌ သစ်သီဖျော်ရည်အေးများကိုကိုင်လျက် အလင်းခန်းထဲထိုင်နေကြသည်။ ၎င်းတို့မှာ ပြတင်းပေါက်ပေါ်ရှိ မိုးစက်များကို ကြည့်ရင်း ဖျော်ရည်များသောက်ကာ အင်မတန် စိတ်အေးချမ်းပုံပေါ်နေသည်။
ဤသည်မှာ ဆော့သ်ဂိတ်မိသားစု၏ ကိုယ်ပိုင်အိမ်တော်ဖြစ်ပြီး ဆော့သ်ဂိတ်မိသားစုပိုင်နယ်မြေ၏ အလယ်ဗဟို၌ ရှိပါ၏။ဤသည်မှာ မှော်စက်မှုနယ်ပယ်အခြေစိုက်ဌာန၏ ဆောက်လုပ်ရေးဆိုက်မှ နှစ်ဆယ်ကီလိုမီတာကျော်ဝေးကွာသည်။
ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့မှာ ဤနေရာ၌ ထိုင်နေပြီး မြင်နေရသလို စိတ်အေးနေဟန်မရဘဲ လေးနက်သော ညှိနှိုင်းရေးတစ်ခု လုပ်နေကြသည်။
မားကွစ္စ်ဆော့သ်ဂိတ်မားလိုအင်ပါယာ၏ ထိပ်တန်းမျိုးရိုးမြင့်များအနက်တစ်ဦးမဟုတ်သလိုဆော့သ်ဂိတ်မိသားစုအား ထိပ်တန်းမိသားစုဟု မသတ်မှတ်နိုင်သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်မှာမှာ ရုတ်တရတ် ရှုယီသူ့နယ်မြေထံ ခေါ်လာသည့် လုပ်ငန်းစုများကို ဖိတ်ကြား၍ မှော်စက်မှုနယ်ပယ် အခြေစိုက်ဌာနကြီးကိုပါ တည်ထောင်ခဲ့သည်က မားလိုအင်ပါယာရှိ လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။
မားကွစ္စ် ဆော့သ်ဂိတ်နှင့် ရင်းနှီးသူများကမူ ဤ သခင် မားကွစ္စ် က အသစ်အဆန်းများကို လက်ခံရခြင်းအား အင်မတန်သဘောခွေ့ကြောင်း သိကြ၏။ သူဟာ အမြဲလိုထူးဆန်းဟန်ပေါ်နေသော်လည်း သူလုပ်သမျှ အရာတိုင်း၌ တိကျသည့် ပန်းတိုင်ရှိကာ ပြဿနာဖြစ်မည့် အရာများကို မလုပ်ချေ။
မူလ၌ ပြဿနာရှိသည်ဟုထင်ရသော ကိစ္စအများအပြားက အခြားလူများကို သူမှန်ကြောင်း ပြသနေသောကြောင့်ပင်။ ထို့ကြောင့် အချိန်များစွာ ကြာပြီးနောက် သူမည်သည်ကိုလုပ်ဆောင်သည်ဖြစ်စေ လူများစွာက ၎င်း၏ အဓိပ္ပာယ်ကို ဆန်းစစ်ဖို့ ဆန္ဒရှိကြသည်။
ဤအကြိမ်တွင် မားကွစ္စ် ဆော့သ်ဂိတ်မှာ မားလိုအင်ပါယာ၏ကီလိုမီတာ ထောင်ချီအဝေးမှ အမည်မသိနယ်မြေလေးတစ်ခုရှိ အမည်မသိကုမ္ပဏီတစ်ခုကို ဖိတ်ကြားခဲ့သည်။ ထို့အပြင် သူဟာ ထိုကုမ္ပဏီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်းပင် ကြေညာကာ သူ၏ နယ်မြေ၌ "မှော်စက်မှုနယ်ပယ်အခြေစိုက်ဌာန"ဟူခေါ်သည့်အရာကို တည်ဆောက်ကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
မားကွစ္စ်ဆော့သ်ဂိတ်ယခင်က ပြုလုပ်ခဲ့သော အရာများကြောင့် လူများမှာ သူ့အားချက်ချင်းတော့ မလှောင်ရယ်ကြသော်လည်း ထိုကိစ္စကို သံသယဖြစ်နေသူများရှိနေဆဲပင်။
ထို နယ်မြေလေးတစ်ခုမှ ကုမ္ပဏီလေးတစ်ခုမှာ မားလိုအင်ပါယာ၏ မားကွစ္စ် တစ်ဦးနှင့် ပူးပေါင်းရန် မည်မျှ အရည်အချင်းရှိပါသနည်း?
ပုံမှန်အားဖြင့်ဆိုရသော် ၎င်းတို့မှာ မားကွစ္စ် ဆော့သ်ဂိတ်က အာရုံစိုက်လာခြင်းအပေါ် ကျေးဇူးတင်စိတ်ဖြင့် ပြည့်နေရမည်မဟုတ်ပါလား?
သို့သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်ပြသခဲ့သည့် သဘောထားက လူတိုင်းကို ရှုပ်ထွေးသွားစေသည်။
လူထုရှေ့၌ဖြစ်စေ သီးသန့်ဖြစ်စေ မားကွစ္စ် ဆော့သ်ဂိတ်မှာ ထို Frestech ကုန်သည်ကြီးများအသင်း ဟု ခေါ်တွင်သည့် လုပ်ငန်းစုငယ်လေးကို ချီးကျူးမှုအပြည့်ဖြစ်နေသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းက မားလိုအင်ပါယာကို ပြောင်းလဲကာ အဆင့်မြင့်သည့် အပြောင်းအလဲတစ်ခု ယူဆောင်လာမည်ဟုပင် ဆိုသေး၏။
ဤသုံးသပ်ချက်က တစ်နည်းနည်းဖြင့် အံ့ဩစရာကောင်းသဖြင့် မည်သည့်အချိန်၌ ဖြစ်ဖြစ် သူ့အား ယုံကြည်ခဲ့သည့် မားကွစ္စ် ဆော့သ်ဂိတ်၏ မိတ်ဆွေဟောင်း ဒုခ် မာကာရိုစ် သည်ပင် ရှုယီကို ဆုံချိန်၌ သံသယဖြစ်ဟန်ကို မနေနိုင်စွာ ပြသလာသည်။
"ဥက္ကဌရှု ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို သုံးခြင်းက ကျုပ်တို့ရဲ့ ဆောင်းဦးကောက်ရိတ်ပွဲအထွက်နှုန်းကို တိုးစေနိုင်ပြီး ကောက်ရိတ်သိမ်းချိန်က တစ်ပါတ်ပဲကြာတယ်လို့ ပြောတာလား? လာနောက်နေတာလား?" ဒုခ် မာကာရိုစ်က မျက်မှောင်ကုပ်၍ သံသယဖြင့် မေးလိုက်သည်။
တကယ်တမ်း သူ၏ မိတ်ဆွေဟောင်း မားကွစ္စ် ဆော့သ်ဂိတ်ကြောင့်သာမဟုတ်လျှင် သူဟာ သေချာပေါက်အနှီ ရှုယီကို ရဲတင်းလွန်းလှသည့် အပြောကြောင့် မောင်းထုတ်လိုက်ပြီးသားဖြစ်သည်။
ဟာသပဲ! ဆောင်းဦးကောက်ရိတ်သိမ်းပွဲက အရမ်းကို အရေးကြီးပြီး အလုပ်ရှုပ်တဲ့ ကိစ္စလေ၊ အခု အသက်သုံးဆယ် အစောပိုင်းမှာပဲ ရှိလောက်သေးတဲ့ ကောင်လေးက တစ်ပါတ်တည်းနဲ့ ပြီးတယ်လို့ ပြောနေတာလား! ၎င်းက သူ၏ ထက်မြတ်မှုကို သရော်နေခြင်းပင်!
"မဟုတ်ပါဘူး ကျွန်တော် တကယ်ပြောတာပါ" ရှုယီက အသာပြုံးသည်၊ "တကယ်တော့ လုံလောက်တဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်တဲ့သူရှိရင် သုံးရက်အထိတောင် အချိန်ကို လျှော့ချလို့ရတယ်။"
"သုံးရက်?" ဒုခ် မာကာရိုစ်၏ မျက်လုံးများ ပြူးကျယ်က မယုံကြည်ဟန်ပြလာသည်၊ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ! မင်း သုံးရက်အတွင်း ငါ့ နယ်မြေက ဂျုံခင်းထဲတောင် လမ်းလျှောက်လို့ပြီးမှာ မဟုတ်တာ ဘယ်လိုလုပ် အားလုံးကို ရိတ်သိမ်းပြီးမှာလဲ? ဟေး ဒိုင်အိုလန် ဒီကောင်ကို ငါ့ကို ကျီစားဖို့ ဘယ်နားကများ ရှာခဲ့တာလဲ?"
မားကွစ္စ် ဆော့သ်ဂိတ်က သူ့လက်ထဲရှိ အသီးဖျော်ရည်ကို ချကာ အသာပြုံးရင်း ဆိုလာသည်၊ "တကယ်တမ်း ကျုပ်က ဒီနှစ်ရဲ့ ကျုပ်နယ်မြေက ဆောင်းဦးကောက်ရိတ်သိမ်းတာဝန်ကို ဥက္ကဌရှုနဲ့ အတူပါလာတဲ့ လုပ်ငန်းစုဆီ ပေးဖို့ ဆုံးဖြတ်ထားတယ်လေ..."
"ကန်တိုနာ ကုန်သည်ကြီးများအသင်းပါ" ရှုယီက သတိပေးလိုက်၏။
"အိုး ဟုတ်သားပဲ၊ ကန်တိုနာ ကုန်သည်ကြီးများအသင်းကို အားလုံးပေးမှာလေ။ သူတို့ရဲ့ ဥက္ကဌ ကန်တိုနာက လတစ်ဝက်အတွင်းမှာ ကျုပ်မြေက ဂျုံခင်းအားလုံးကို ရိတ်သိမ်းနိုင်တယ်လို့ ကတိပေးထားတယ်။"
"လတစ်ဝက်? ဥက္ကဌရှုပြောတော့ တစ်ပါတ်ပဲကြာမယ်ဆို?" ဒုခ် မာကာရိုစ်က အံ့ဩစွာ ပြောသည်။
"ဒါက ဥက္ကဌကန်တိုနာရဲ့ လုံခြုံတဲ့ ခန့်မှန်းခြေပါ။" ရှုယီက အပြုံးဖြင့် ရှင်းပြလိုက်သည်၊ "တကယ်တော့ ကျုပ်တို့ စတက်တိန်းနယ်မြေနဲ့ အနီးဝန်းကျင်နိုင်ငံတွေရဲ့ ခန့်မှန်းခြေနဲ့ဆို တစ်ပတ်က အတော်လေးကြာတယ်လို့ သတ်မှတ်လို့ရတယ်။ ဥက္ကဌကန်တိုနာ အနေနဲ့ လတစ်ဝက်တာ ခန့်မှန်းခြေကိုပေးတာက ဒီက မြေနဲ့ မရင်းနှီးရုံတင်မကဘဲ အရမ်းအရေးကြီးတဲ့ အကြောင်းအရင်းက...."
ထိုသို့ပြောပြီးနောက် ရှုယီက အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် တစ်စက္ကန့်လောက် ရပ်တန့်လိုက်သည်။
မားကွစ္စ် ဆော့သ်ဂိတ်က တစ်ချက်ရယ်၍ လက်ယမ်းလိုက်သည်၊ "ဥက္ကဌရှု ခင်ဗျားပြောလို့မရတာ မရှိပါဘူး။ ခင်ဗျား ပြောနေတဲ့ အကြောင်းအရင်းက ကျုပ်မြေပေါ်က လမ်းတွေက အရမ်းကို စုတ်စုတ်ပြတ်ပြတ် ဖောက်ထားတယ်လို့ပဲ ဟုတ်တယ်မို့လား?"
ရှုယီက ကူရာမဲ့စွာ သက်ပြင်းချသည်၊ "ဟုတ်ပါတယ် အရှင် မားကွစ္စ်, ခင်ဗျားရဲ့နယ်မြေက လမ်းတွေအားလုံးက ကျုပ်အမြင်အရ လက်မခံနိုင်လောက်အောင်ရှိတယ်။ စိုက်ပျိုးရေးသုံးမှော်စက်တွေကို သူတို့ပေါ်ကနေဖြတ်ခိုင်းပြီး ကောက်ရိတ်သိမ်းခိုင်းဖို့က အချိန်အတော်လေး ဖြုန်းတီးရာကျတယ်။"
"အင်း ကျုပ်လည်း ဒါကို သိပါတယ် ဒါပေမယ့် တခြားနည်းလမ်းမရှိဘူး။ ဥက္ကဌခရုစ်ကလည်း ကျုပ် နယ်မြေက လမ်းကွန်ရက်ကို ဖြည့်ဆည်းဖို့ အနည်းဆုံး ၂နှစ် ၃နှစ်ကြာမယ်ပြောတယ်။ ပြီးတော့ သူတို့အနေနဲ့ ဖော့ခ်တိုင်းပြည်နံ့ ချိတ်ဆက်ထားတဲ့ လမ်းမကို အရင်ဆုံးအပြီးသတ်ဖို့လိုတယ်။"
ဒုခ် မာကာရိုစ်မှာ ၎င်းတို့နှစ်ဦးအကြားရှိ စကားဝိုင်းကြောင့် ရှုပ်ထွေးသွားသည်။ ၎င်းကိုကြားသော် သူဟာ မနေနိုင်စွာ ဖြတ်ပြောလိုက်၏။
"ဟေး ဒိုင်အိုလန် ဒီလို.. အများပြည်သူသုံးလမ်းကို ဘာလို့ အဲ့လောက် အရေးထားနေရတာလဲ? အဲ့ဟာတွေက အရေးပါလို့လား?"
မားကွစ္စ် ဆော့သ်ဂိတ်က သူ့အား ကြည့်လာ၏၊ "အနောက်တောင်ခရိုင်မှာ ဖော့ခ်တိုင်းပြည်ကို ဦးတည်နေတဲ့ ကီလိုမီတာ တစ်ရာလမ်းမကို ဆောက်ပြီးပြီ မင်းမြင်ပြီးပြီမို့လား?"
"ဟင့်အင်း အဲ့အတွက် ငါ့မှာ ဘယ်အချိန်ရှိမလဲ?"
"ကောင်းတယ် မင်းကိုယ်တိုင်မမြင်ရသေးဘူးပေါ့။ အဲ့ကောင်လေး ဆီမောရ် က ပြန်လာတော့ မပြောပြဘူးလား? ပြန်ရောက်ပြီးနောက်မှာ ငါတို့မားလိုအင်ပါယာက လမ်းအခြေနေ ဘယ်လောက်ဆိုးနေကြောင်း သူက မင်းကို မပြောဘူးလို့ မယုံနိုင်ဘူး။"
"အဲ့ကောင်လေးကို ငါ့ရှေ့မှာ မပြောစမ်းပါနဲ့!" "ဆီမောရ်"ဟူသည့် စကားလုံးကိုကြားသော် ဒုခ် မာကာရိုစ်မှာ ချက်ချင်း ဒေါသထွက်ဟန်ပြလာပါ၏၊ "အဲ့ကောင်လေးက ပြန်လာပြီးနောက် အဲ့ဒီ ဟိုဟာဒီဟာ အဆင်မပြေတဲ့ အကြောင်းတွေပဲ ဆက်တိုက် ညည်းတွားနေတာ။ သူက အညည်းဆုံးက ငါတို့နယ်မြေက လမ်းတွေ စုတ်ပြတ်လွန်းလို့ သူ့တန်ဖိုးထားရတဲ့ မှော်ဆလွန်းကို နေရာတိုင်းမှာ မောင်းမရဘူးလို့ ပြောတာပဲ။ သူ့ကို မင်းနဲ့အတူ အပြင်ထွက်ခွင့်ပေးလိုက်တာကို နောင်တရတယ် အခုဆို သူက အရမ်းအရိုင်းဆန်နေပြီး တစ်နေကုန် အိမ်မှာ မနေချင်တော့ဘူးလေ။"
မားကွစ္စ် ဆော့သ်ဂိတ်က ခပ်ကျယ်ကျယ်ရယ်မောလိုက်သည်၊ "ငါ့ကို လာမညည်းနဲ့လေ။ မင်းသာ ညည်းချင်ရင် ဥက္ကဌရှုကို ဘာလို့ စတက်တိန်းနယ်မြေက အရမ်းကို ကောင်းကောင်းလည်ပတ်နေရကြောင်း ညည်းလို့ရတယ်။ ရိုးသားရရင် ဆီမောရ် တင်မဟုတ်ဘူး ငါတောင် ပြန်လာပြီးနောက်ကျ ကျင့်သားမရတော့ဘူး။ ငါ စတက်တိန်းနယ်မြေမှာ ရှိခဲ့တုန်းနဲ့ယှဉ်ရင် မားလိုအင်ပါယာမှာ တော်တော်အဆင်မပြေတာတွေ များတာပဲ။"
ဒုခ် မာကာရိုစ်က သံသယတကြီးဖြင့် သူ့ကိုကြည့်လိုက်ပြီးနောက် ရှုယီဘက် လှည့်လာသည်။
"စတက်တိန်းနယ်မြေက မင်းပြောသလို တကယ်ပဲကောင်းတာလား? ဒါက မြေပုံပေါ်မှာတောင် ရှာလို့မရနိုင်တဲ့ နယ်မြေလေးတစ်ခုပဲလေ ဘယ်လိုလုပ် ငါတို့ မားလိုအင်ပါယာကို ယှဉ်နိုင်မှာလဲ?
ဒုခ် မာကာရိုစ်မှာ နံရံထက် တွဲလောင်းကျနေသော မှော်လေပေးစက်ကို လှည့်ကြည့်လိုက်သည်။ ၎င်းထံမှ လေအေး ထွက်လာတာကို ခံစားရတယ်ဆိုရာ သူဟာ ခဏမျှ တိတ်ဆိတ်ပြီးနောက် ခေါင်းငြိမ့်သည်။
"ဒီလိုအရာမျိုးက ဒီလောကမှာ ရှိလာမယ်လို့ မထင်ဖူးဘူး။ အတိုင်းအတာကြီးရေခဲအစီအရင်ကို ထည့်သွင်းတာထက်စာရင် ဒီမှော်လေပေးစက်က ပိုအဆင်ပြေရုံတင်ကဘူး အများကြီး သက်တောင့်သက်သာဖြစ်တယ်။ ဒါက ပစ္စည်းကောင်းဆိုတာ ဝန်ခံပါတယ်။"
"မှော်လေပေးစက်က ပစ္စည်းကောင်းလို့ ပြောတယ်နော်။ ဒါဆို မှော်ရေခဲသေတ္တာကကျတော့ရော?"
မားကွစ္စ် ဆော့သ်ဂိတ်က မတ်တပ်ထရပ်ကာ သူ့နောက်ရှိ နံရံနားမှ မှော်ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ သူဟာ သစ်သီးဖျော်ရည်ဘူးနှင့် ဝိုင်နီပုလင်းကို ထုတ်လိုက်ကာ စားပွဲပေါ်တင်လိုက်၏။
ပုလင်းမှ လာသောလေအေးကို မြင်သော် ဒုခ် မာကာရိုစ်မှာ ခဏတာ တိတ်ဆိတ်သွားသည်။
"အင်း ဒါကလည်း ပစ္စည်းကောင်းပဲ"
"ပြောပါရစေ ဒီအရာ နှစ်ခုတည်းရှိတာ မဟုတ်ဘူး။ ငါ့ရဲ့ စတက်တိန်းနယ်မြေခရီးနှစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းက ပစ္စည်းကောင်းတွေအများကြီးမြင်ခဲ့ရတယ်။ ဖီးလစ် မင်းသာ ဒီအရာတွေကို မြင်ရရင် သေချာပေါက် မင်းပါးစပ်တောင် မပိတ်နိုင်အောင် အံ့ဩလောက်တယ်!" မားကွစ္စ် ဆော့သ်ဂိတ်က ထိုသို့ပြောရန် အသံကိုမြှင့်လိုက်၏။
"ဒါတွေအားလုံးကို ပြောဖို့ မလိုပါဘူး အဲ့ကောင်လေး ဆီမောရ်က ဒီအကြောင်းကို အကြိမ်များစွာ ပြောပြီးနေပြီ။" ဒုခ် မာကာရိုစ် က ရှုယီဘက်လှည့်လာကာ၊ "ဒါပေမယ့် ခင်ဗျားပြောတဲ့ အရာတွေနဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေဆိုတာ မတူညီတဲ့အရာနှစ်ခုပဲ။ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုထူးကဲတဲ့အရာတွေကို လုပ်ထားတာတော့ ယုံကြည်နိုင်ပေမယ့် ဥက္ကဌရှု ဖော်ပြခဲ့တဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကိုတော့ အလွယ်လေး မယုံနိုင်ပါဘူး။"
ဒုခ် မာကာရိုစ် ၏ စူးရှနေဟန်ကို မြင်သော် ရှုယီက လုံးဝစိတ်မပူပေ။ သူက အပြုံးတုဖြင့် ဆိုသည် "အရှင် ဒုခ်, ခင်ဗျား တကယ်ပဲ မယုံရင် ဆုံးဖြတ်ချက်ချဖို့ကို အရှင် မားကွစ္စ် ရဲ့ နယ်မြေ ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးတဲ့အထိ လနည်းနည်းလောက်စောင့်ဖို့ တိုက်တွန်းပါတယ်။"
ဒုခ် မာကာရိုစ် နှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့ နှစ်ဦးစလုံး အံ့ဩသွားကြသည်။
"ဥက္ကဌရှု ခင်ဗျား လက်လျှော့နေတာလား?" မားကွစ္စ် ဆော့သ်ဂိတ်က မျက်မှောင်ကုပ်သည်၊ "ဖီးလစ်ကို ဒီလာပြီး မင်းနဲ့ ဆုံအောင်လုပ်ရတာက ခက်ခဲနေပြီကို ဘယ်လိုလုပ် အလွယ်လေး လက်လျှော့နိုင်ရတာလဲ?"
"မဟုတ်ပါဘူး ကျုပ်က လူတွေကို တွန်းအားမပေးရုံပါ။ ပြီးတော့လည်း ကျုပ်က ကျုပ်တို့ လုပ်ငန်းစုရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေနဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းကို အရမ်း ယုံကြည်မှုရှိတယ်။ သခင် မားကွစ္စ် ရဲ့ နယ်မြေ ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးရင် အရှင် ဒုခ်ကသေချာပေါက် စိုက်ပျိုးရေးသုံးမှော်စက်တွေရဲ့ အကျိုးကျေးဇူးကို မြင်မှာပဲ။"
ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ရှုယီဆက်ပြောသည်၊ "ဒါပေမယ့် ကျုပ် အချိန်ကျလာရင် သခင် ဒုခ်ကို သတိပေးရလိမ့်မယ် ဒါကို မြင်နိုင်မယ့်သူက ခင်ဗျားပဲ ဖြစ်မှာမဟုတ်ဘူး။ ကျုပ်တို့ လုပ်ငန်းစုရဲ့ မားလိုအင်ပါယာမှာ စိုက်ပျိုးရေးသုံးမှော်စက် ထုတ်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိလို့ ခင်ဗျားကို အရင်ဆုံးနည်းနည်းပေးထားဖို့ မလုံလောက်နိုင်ဘူး။"
ဒုခ် မာကာရိုစ် ၏ အမူအရာက ပြောင်းလဲသွားကာ၊
"လူငယ်လေး မင်းခြိမ်းခြောက်နေတာလား?"
ရှုယီက အသာပြုံးသည်၊ "မဟုတ်ပါဘူး ကျုပ်က အမှန်တရားကို ပြောနေရုံပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၄။ အလုပ်သမားတို့၏ အခွင့်အရေးကို စီမံခြင်း
ဒုခ် မာကာရိုစ်မှာ အဆုံး၌ ဆုံးဖြတ်ချက်မချရသေးပေ။
သိုသော် သူ့အနေနှင့် စိုက်ပျိုးရေးသုံးမှော်စက်များ ဝယ်ယူရန် ဆုံးဖြတ်ချက်မချရသေးသော်လည်း အိမ်သုံးမှော်စက်များမဝယ်မည့် အဓိပ္ပာယ်တော့မဟုတ်ပေ။
မည်သို့ဖြစ်ဖြစ် သူဟာ မားကွစ္စ် ဆော့သ်ဂိတ်၏ အိမ်တော်သို့ ရောက်လာပြီးနောက် ရှုယီယူလာခဲ့သော အိမ်သုံးမှော်စက်များစွာ၏ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများကို မြင်တွေ့ခဲ့ရသဖြင့် သူ မည်မျှ ခေါင်းမာနေပါစေ ဤအရာများက အင်မတန်သုံးရလွယ်သည်ဟု ဝန်ခံရပေမည်။
သူ့ဘဝ ပိုအဆင်ပြေဖို့ ငွေနည်းနည်းပဲသုံးဖို့ လိုတာကြောင့် ဘာကြောင့် ဒီလိုမလုပ်တာလဲ။
ဟုတ်ပါတယ်၊ ဤ "ငွေနည်းနည်း" သည် ဒုခ် မာကာရိုစ် အတွက်သာဖြစ်သည်။
သူသည် Frestech ကုန်သည်ကြီးများအသင်းထံမှ ရွှေဒင်္ဂါးသုံးထောင်ခြောက်ရာဖြင့် အိမ်သုံး မှော်စက် ခုနစ်စုံကို ဝယ်ယူခဲ့သည်။
မားလိုအင်ပါယာ၏ ပြည်သူများအတွက် ၎င်းပမာဏမှာ သူတို့၏ တစ်ဘဝလုံး ဘယ်တော့မှ မဝင်နိုင်မည့် ပမာဏကြီးတစ်ခုဖြစ်၏။
"သခင် မားကွစ္စ်, ခင်ဗျားရဲ့ နယ်မြေမှာ ရှိတဲ့ လူတွေရဲ့ နှစ်စဉ် ပျမ်းမျှ ဝင်ငွေက ဘယ်လောက်ရှိလဲဆိုတာမေးလို့ရမလား?" ဒုခ် မာကာရိုစ်ထွက်သွားသည့်နောက် ရှုယီက မားကွစ္စ် ဆော့သ်ဂိတ်ကို ရုတ်တရတ် မေးလိုက်သည်။
မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီက အနည်းငယ်ထူးဆန်းဟန်ဖြင့် ကြည့်လာ၏။
"ဥက္ကဌရှု ကျုပ် ခင်ဗျားကို စိတ်ပျက်စေရလိမ့်မယ်။ ရိုးသားရရင် ကျုပ်နယ်မြေကို အတော်လေးကောင်းနေပြီလို့ ယူဆနိုင်ပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းလက်အောက်က လူတွေနဲ့စာရင် ခြားနားမှုအကြီးကြီးရှိတယ်။ ကျုပ်အနေနဲ့ ဒါကို ဖော်ပြဖို့ ရှက်ရွံ့ပေမယ့် သူတို့ သခင်အနေနဲ့ သူတို့ရဲ့ ပုံမှန်နေထိုင်ရေးအခြေအနေကို ထိန်းသိမ်းထားနိုင်ရုံပဲ တတ်နိုင်ပြီး သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်းကို မမြှင့်တင်နိုင်ဘူး။"
ရှုယီက အသာပြုံး၍ ခေါင်းခါသည်၊ "သခင် မားကွစ္စ် ဒါက ခင်ဗျားအမှားမဟုတ်ပါဘူး။ ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီခေါ်လာတာမို့ ကျုပ်တို့က သေချာပေါက် သူတို့ကို ပိုကောင်းတဲ့ ဘဝပေးမှာပါ။"
"သေချာပေါက်?" မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီကို အလေးအနက်ကြည့်လာသည်၊ "ဥက္ကဌရှု ခင်ဗျားက တကယ်ကို ယုံကြည်မှုရှိတာပဲ။"
"ဒါပေါ့ ကျုပ်သာ ယုံကြည်မှုမရှိရင် ဒီကို လာမှာကိုမဟုတ်ဘူးလေ နော်?" ရှုယီက တစ်ချက်ပြုံးရင်းဆက်ပြောသည်၊ " သခင် မားကွစ္စ် ပျမ်းမျှ နှစ်စဉ်ဝင်ငွေကို သိရဖို့က ကျုပ်ရဲ့ အနာဂတ် အစီစဉ်အတွက် အရမ်းအရပါတာမို့ ကျုပ်ကို ပြောပြပါ။"
"ဒီလိုလား?" မားကွစ္စ် ဆော့သ်ဂိတ်က စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချ၍ ခေါင်းခါသည်၊ "တကယ်တော့ ခင်ဗျားရဲ့ မေးခွန်းအတွက်... ကျုပ်လည်း ဘယ်လိုဖြေရမယ်မှန်းမသိဘူး။ ကျုပ် အခုနက ပြောခဲ့သလိုပဲ ပြည်သူတွေက သူတို့ရဲ့ ပုံမှန်ဘဝအခြေအနေကိုပဲ ထိန်းထားနိုင်ရုံဆိုတော့ ဝင်ငွေအကြောင်းပြောချင်ရင်... သူတို့မှာ တကယ်ကို ဘာဝင်ငွေမှ မရှိပါဘူး။"
"ဒီလိုလား... ကျုပ်မှာ ဘာလုပ်ရမယ်ဆိုတဲ့ ယေဘုယျအကြံဉာဏ်တစ်ခုရှိတယ်။" ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ရုတ်တရတ် မားကွစ္စ် ဆော့သ်ဂိတ်ကို အလေးအနက်ကြည့်လာသည်။ "သခင် မားကွစ္စ်, အခု ကျုပ်တို့အနေနဲ့ မှော်စက်မှုနယ်ပယ်အခြေစိုက်ရုံးရဲ့ စက်ရုံမျိုးစုံအတွက် ဝန်ထမ်းတွေ ခန့်အပ်ရမယ့် အကြောင်းကို ဆွေးနွေးလို့ရတယ်။"
"ကျုပ်နယ်မြေက လူတွေက အဓိက အလုပ်သမားအင်အားဖြစ်ရမယ် ဒီအတွက် ဘာမှ ဆွေးနွေးဖို့ မလိုတော့ဘူး။" မားကွစ္စ် ဆော့သ်ဂိတ်က တုံ့ဆိုင်းမှုမရှိပြန်ဖြေသည်။
"မှန်ပါတယ် ကျုပ်တို့ ဒါကို သဘောတူထားပြီးပြီ၊ အဓိပ္ပာယ်က ကျုပ်တို့မှာ ပြောင်းလဲစရာအကြောင်းမရှိဘူး။ ကျုပ် အခု ဆွေးနွေးနေတာက သူတို့ရဲ့ လစာအကြောင်းပါ, သခင် မားကွစ္စ် က ဒါကို ဘယ်လိုလုပ်ချင်လဲ?"
မားကွစ္စ် ဆော့သ်ဂိတ်က အံ့ဩသွားသည်၊ "ဘာအဓိပ္ပာယ်လဲ?"
"အဓိပ္ပာယ်က သခင်အနေနဲ့ ခင်ဗျားရဲ့ လူတွေကို ကျုပ်တို့ စက်ရုံတွေမှာအလုပ်လုပ်ခိုင်းဖို့ အခွင့်အရေးရှိတယ်၊ ခင်ဗျားနယ်မြေမှာ ခြံစိုက်တဲ့လူတွေလိုပေါ့။ ကျုပ်တို့ လုပ်ငန်းစုက သူတို့က လစာပေးဖို့မလိုသလို သခင်အနေနဲ့ လစာကို ခင်ဗျားဆီပဲပေးရမှာမို့လား?" ရှုယီက ဆိုသည်။
မားကွစ္စ် ဆော့သ်ဂိတ်မှာ မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် မေးသည်၊ "ဥက္ကဌရှု ခင်ဗျားရဲ့ Frestech ဖြစ်ဖြစ် တခြားလုပ်ငန်းစုတွေဖြစ်ဖြစ် သူတို့အားလုံးကို လုပ်ခလစာ လွတ်လွတ်လပ်လပ်ပေးတယ်မို့လား?"
"ဒါပေါ့ ဒါပေမယ့် ဒီမတိုင်ခင်က မျိုးရိုးမြင့်တွေတည်ထောင်ထားတဲ့ မှော်စက်လုပ်ငန်းစုတွေရှိတယ်။ သူတို့က သူတို့ရဲ့ ပြည်သူတွေကိုပဲ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ အမိန့်ပေးထားပြီးတော့ သူတို့အလုပ်သမားတွေမတွက် ပိုက်ဆံမပေးဘူးလေ။"
"ဘာလို့ အဲ့လိုလုပ်ငန်းစုတွေ ထပ်မရှိတော့တာလဲ?"
"ဘာလို့လဲဆိုတော့ သူတို့အားလုံးကို ထုတ်ပယ်လိုက်လို့လေ။" ရှုယီက အသာပြုံး၍ ပြန်ဖြေသည်၊ " အချက်အလက်တွေက ဝန်ထမ်းတွေအကြား အလုပ်အတွက် စိတ်အားထက်သန်မှုကို လှုံ့ဆော်ဖို့ ခက်ခဲတဲ့အတွက်ကြောင့် မှော်စက်တွေရဲ့ အရည်အသွေးတွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြဿနာတချို့ရှိလာနိုင်တာကို သက်သေပြထားလို့ပါ။ ဒါကြောင့် အားလုံးကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ တခြားမှော်စက်လုပ်ငန်းစုတွေက နောက်ဆုံးတော့ ဖယ်ထုတ်လိုက်တာ။"
"အလုပ်အတွက် စိတ်အားထက်သန်မှု..." မားကွစ္စ် ဆော့သ်ဂိတ်က ခဏမျှ စဉ်းစားရန် မေးကိုသပ်လိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ "ခင်ဗျားပြောတာကို ကျုပ်နားလည်ပါတယ်။ ဥက္ကဌရှု ကျုပ်သာ ဒီပြည်သူတွေကို စက်ရုံတွေမှာ သီးခြားစီ အလုပ်ပေးမယ်ဆိုရင် ဘယ်လိုထင်လဲ?"
(*ဒီက ပြည်သူဆိုတာ မျိုးရိုးမြင့်သခင်တွေရဲ့ နယ်မြေက လက်ပါးစေတွေကို ပြောတာပါ)
"ရှင်းပါတယ် လမ်ပူရီတိုင်းပြည်နဲ့ စတက်တိန်းနယ်မြေလိုဖြစ်လာမှာပေါ့။ သူတို့က ကျုပ်တို့ ဝန်ထမ်းဖြစ်လာပြီး ကျုပ်တို့ကသူတို့ကို လစာထောက်ပံ့သလို တချို့ အကျိုးအမြတ်တွေလည်း ထောက်ပံ့မှာ ဒါပေမယ့်..."
ထိုသို့ ပြောပြီးနောက် ရှုယီက ခေတ္တရပ်တန့်လိုက်၏။
"သူတို့က ဒီလိုမျိုး ကျုပ်တို့ ဝန်ထမ်းဖြစ်လာပြီး ကျုပ်တို့ လုပ်ငန်းစုတွေရဲ့ အလုပ်သမားဖြစ်လာလောက်မှာဆိုတော့ ကျုပ်တို့လုပ်ငန်းစုက စီမံခန့်ခွဲလိမ့်မယ်။ ခင်ဗျားက သူတို့သခင်ဆိုရင်တောင် သူတို့ထဲ ကြားဝင်စွက်ဖက်ခွင့်မရှိဘဲ တစ်ခုခုလိုအပ်တဲ့အခါ ကျုပ်တို့ လုပ်ငန်းစုရဲ့သဘောတူညီမှုကို လိုအပ်တယ်။"
ရှုယီမျက်နှာထက်ရှိ လေးနက်နေဟန်ကိုမြင်သော် မားကွစ္စ် ဆော့သ်ဂိတ်မှာ မျက်မှောင်တင်းတင်းကုပ်လိုက်မိသည်။
ရှုယီ၏ စကားလုံးများက အတော်လေး လွန်ကျူးသည်။ ထိုသည်မှာ ရှုယီအဆိုပြုထားသည့် နည်းလမ်းအရ ထိုအလုပ်သမားများမှာ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများနှင့် စက်ရုံအမျိုးမျိုးတို့ထံသို့ သွားရမည်ဖြစ်ပြီး မားကွစ္စ် ဆော့သ်ဂိတ်ကမူ အချိန်အများစု၌ ဝင်စွက်ဖက်ခွင့်မရှိပါချေ။
ရှင်းရှင်းပြောရသော် ရှုယီက Frestech ကုန်သည်ကြီးများအသင်းနှင့် ဤနေရာသို့ ရင်းနှီးမြှုပ်နှံရန် လာရောက်ကြသော အခြားလုပ်ငန်းစုများအတွက် အခွင့်အရေးတချို့ကို ရယူနေခြင်းပင်။
မားကွစ္စ် ဆော့သ်ဂိတ်သာ သဘောမတူပါလျှင် ရှုယီကလည်း အလုပ်သမားများကို သက်ရောက်စေရန်အတွက် အလုပ်အပေါ်စိတ်အားထက်သန်မှု၏ အကျိုးဆက်များကို ပေးလိုက်မည်။ ၎င်းက မှော်စက်များ၏ အရည်အသွေးနှင့် လုပ်ဆောင်မှုကို ထိခိုက်စေလိမ့်မည်။
ရှုယီမှာ မားကွစ္စ် ဆော့သ်ဂိတ်က ခဏကြာစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းခေါင်းခါသည်ကို စောင့်ကြည့်နေခဲ့သည်။
"ဥက္ကဌရှု ကျုပ်အနေနဲ့ ဒီတောင်းဆိုမှုကို သဘောမတူနိုင်ဘူး။ ဒီလူတွေကို အုပ်ချုပ်တာက ကျုပ်ရဲ့ သခင်အနေနဲ့ တာဝန်ဖြစ်ပြီး သူတို့ကို လမ်းညွှန်ဖို့ တာဝန်ရှိတယ်။ ဘာပဲဖြစ်ဖြစ် တခြားသူတွေကို စီစဉ်ခွင့်မပြုနိုင်ဘူး။"
ရှုယီ၏ အမူအရာက မပြောင်းလဲသွားသော်လည်း သက်ပြင်းချလာသည်။
သူဟာ ထိုအဖြေကို အင်မတန် စိတ်ပျက်မိပါ၏။
မားကွစ္စ် ဆော့သ်ဂိတ်မှာ ဤကိစ္စကိုဖောက်ထွင်းမြင်နိုင်လောက်သည်အထိ ထက်မြတ်မည်ဟု ထင်ခဲ့သော်လည်း သူဟာ ဤလောကရှိ သခင်အများစုအတိုင်းသူ၏ ကိုယ်ပိုင်နယ်မြေအပေါ် ထိန်းချုပ်ခြင်းကို လက်မလျှော့နိုင်ဖြစ်မည်ဟု ထင်မထားခဲ့ပေ။
မှန်ပါ၏ ရှုယီမှာ ထိုအဖြေကြောင့် မအံ့ဩပေ။
Frestech ကုန်သည်ကြီးများအသင်းသည်၏ နှစ်များတလျှောက် တိုးတက်မှုတွင် ရှုယီမှာ သခင်များစွာနှင့် ဆက်သွယ်မှုရှိခဲ့သည်။ သူဟာ ထိုသခင်များ၏ အတွေးများကို နားလည်ရာ မည်သည့်အကျိုးအမြတ်မှ မရဘဲ ၎င်းတို့၏ အတွေးကို ပြောင်းလဲဖို့မလွယ်ကြောင်း သိပါ၏။
ဤသည်မှာ လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံများ၌ ၎င်းတို့ တည်ထောင်ထားသည့် မှော်စက်မှုနယ်ပယ်နှင့်အတူ ပြောင်းလဲနိုင်ခဲ့သည့် အကြံဖြစ်သော်လည်း အင်ပါယာနှစ်ခုအနက်ရှိ မားလိုအင်ပါယာမှာ ၎င်းတို့၏အတွေးကို ပြောင်းဖို့မလွယ်ပေ။
ရှုယီမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလာသည်၊ "သခင် မားကွစ္စ် သာ ဒီရွေးချယ်မှုကို လုပ်ခဲ့ရင် ဒါလည်းအဆင်ပြေပါတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ တခြားလုပ်ငန်းစုတွေက ခင်ဗျားဆီကနေ အလုပ်သမားတချို့ ခန့်အပ်ပြီး တိုက်ရိုက်ပိုက်ဆံပေးမှာပါ ဒါပေမယ့် အလုပ်သမားတွေကို သူတို့ကိုယ်တိုင် တိုက်ရိုက် အလုပ်သမားစာချုပ်ချုပ်ခိုင်းဖို့တော့ မလိုပါဘူး။ ဘယ်လိုထင်လဲ?"
မားကွစ္စ် ဆော့သ်ဂိတ်က ခေါင်းငြိမ့်သည်၊ "အင်း ကျုပ်တို့ ဒါကိုလုပ်မယ်။ ဒါပေမယ့် အခကြေးငွေပေးဖို့တော့ မလိုပါဘူး ဒီလူတွေ သာမန်ဘဝမှာ နေနိုင်သရွေ့ပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ စက်ရုံတွေက ကျုပ်ကို အခွန်တွေပေးမှာပဲ မဟုတ်လား?"
ရှုယီက အသာပြုံး၏၊ "မားကွစ္စ် ဆော့သ်ဂိတ်မှာ သူ၏ အခကြေးငွေပေးမည့် အကြံပြုချက်ကို ငြင်းဆန်ကာ ရှုယီ၏ အစီစဉ်ကို ဆန့်ကျင်လိုက်သည်။
"မဟုတ်ပါဘူး သခင် မားကွစ္စ်, အခွန်က အခွန်၊ အခကြေးငွေက အခကြေးငွေလေ သူတို့ကို ရောလိုက်လို့မရဘူး။ ခင်ဗျားရဲ့ နယ်မြေမှာ စက်ရုံတစ်ရုံတည်ဆောက်နိုင်တာကတင် အခွန်ကို လျှော့ချပြီးသားဖြစ်နေပြီဆိုတော့ အခကြေးငွေမရှိရင် အရမ်းကိုနစ်နာရလိမ့်မယ်။"
မားကွစ္စ် ဆော့သ်ဂိတ်က ရယ်မောလိုက်ပါ၏၊ "ဆုံးရှုံးမှု နည်းနည်းလောက် ခံစားလိုက်ရရင်တောင် အဆင်ပြေပါတယ်။ အရေးကြီးဆုံးအရာက ခင်ဗျားအနေနဲ့ ကျုပ် ပိုင်နက်မြေတိုးတက်ဖို့ ကျုပ်နဲ့ အလုပ်တွဲလုပ်ဖို့ပဲ။ ဘန်တာမြို့တော် ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဌာနချုပ်လိုဖြစ်လာမယ်ဆိုရင် ကျုပ်အနေနဲ့ ခင်ဗျားကို အခွန်တွေအားလုံးကနေ လွတ်ငြိမ်းခွင့်ပေးဖို့ ဆန္ဒရှိတယ်။"
"ဒီလိုဟာသလုပ်လို့မရပါဘူး သခင် မားကွစ္စ် ရေ။ ဒါကိုသာ ကျုပ်က အတည်သတ်မှတ်လိုက်ရင် နှစ်စဉ် ဆုံးရှုံးမှုကို ခင်ဗျား နောင်တတကယ်ရနေမှာ။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "အတိုချုံးပြောရရင် ကျုပ်လိုကုန်သည်တစ်ယောက်ရဲ့ ရှုထောင့်ကဆို ပူးပေါင်းမှုတွေနဲ့ လွှဲပြောင်းမှု အားလုံး ညီမျှသင့်တယ်၊ မဟုတ်ရင် ဒါတွေက ရှည်ကြာမှာ မဟုတ်ဘူး။ အနာဂတ်မှာ ရေရှည်တွဲဖက်ကြဖို့အတွက် သင့်တော်တဲ့ သဘောတူညီမှုကို စတင်ဖို့က အကောင်းဆုံးပဲ မဟုတ်ဘူးလား?"
မားကွစ္စ် ဆော့သ်ဂိတ်က ခါးသက်သက်ပြုံးကာခေါင်းခါသည်၊ "ဟုတ်ပါပြီ ဥက္ကဌရှုက အခိုင်အမာဆိုနေမှတော့ ကျုပ် အခကြေးငွေယူလိုက်ပါမယ်။ အင်း... ဒါကို ကျုပ်လုပ်တာ ပထမဆုံးအကြိမ်မို့ အစပိုင်းတန်ဖိုးကို မသိဘူး။ ဥက္ကဌရှု ခင်ဗျားဆုံးဖြတ်ပါ ခင်ဗျားကျုပ်ကိုသင့်တင့်တဲ့ တန်ကြေးပေးသရွေ့ အဆင်ပြေတယ်။"
"ဟုတ်ပြီလေ ဒါဆို အလုပ်သမားတစ်ယောက်အတွက်..." ရှုယီက လက်သုံးချောင်းထောင်ပြကာ၊ "တစ်နှစ်ကို ရွှေဒင်္ဂါးသုံးဆယ် ဘယ်လိုလဲ?"
မားကွစ္စ် ဆော့သ်ဂိတ်မှာ Frestech ကုန်သည်ကြီးများအသင်းကို နှစ်ကြိမ်စစ်ဆေးကာ တစ်လနီးနီး နေခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းက တစ်နှစ်ကို ဝန်ထမ်းများထံ ရွှေဒင်္ဂါးတစ်ရာကျော်ပေးကြောင်း သိပါ၏။
၎င်းနှင့်ယှဉ်သော် တစ်နှစ်လျှင် ရွှေဒင်္ဂါးသုံးဆယ်မှာ ခြားနားမှုများလှသည်။
သို့သော် နှစ်ဦးသားက ယခုမှ ၎င်းကို သေချာ ဆွေးနွေးခဲ့သည်ပင်။ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများမှာ မားကွစ္စ် ဆော့သ်ဂိတ်ထံမှ အလုပ်သမားများကိုသာ ခန့်အပ်ထားပြီး ၎င်းတို့ကို စီမံခန့်ခွဲခွင့်ရှိမည်မဟုတ်သဖြင့် ၎င်းတို့အား သီးခြားအနေဖြင့် ခန့်အပ်ခြင်းနှင့် များစွာ ကွာခြားလွန်းလှသည်။
ခြားနားမှုကြီးတစ်ခုရှိသော်လည်း ၎င်းကို သင့်တင်သည်ဟု ယူဆ၍ရ၏။
မားကွစ္စ် ဆော့သ်ဂိတ်မှာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ တုံ့ပြန်လာသည်။
"ကောင်းပြီ ဒီတန်ဖိုးကို သတ်မှတ်လိုက်မယ် ဒါပေမယ့် ပြဿနာတစ်ခုတော့ ရှိသေးတယ်။ ဥက္ကဌရှု ခင်ဗျားရဲ့ ခန့်မှန်းခြေအရ အလုပ်သမားဘယ်နှယောက်လောက် ခန့်အပ်ဖို့လိုလဲ?"
ရှုယီမှာ စဉ်းလဲစွာ ပြုံးလိုက်ရင်း လက်တစ်ချောင်းထောင်ပြပါ၏။
"မများလှပါဘူး အစပိုင်းမှာ တစ်သောင်းပတ်လည်ပဲရှိတယ်။"
"တစ်သောင်း?!"
မားကွစ္စ် ဆော့သ်ဂိတ်မှာ ရှုယီကို မျက်လုံးပြူးကြည့်လိုက်ပြီး ထိတ်လန့်နေရခြင်းကြောင့် ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၅။ လူအင်အားပြဿနာ
မားလိုအင်ပါယာမှာ အင်မတန်ကြီးမားလှသည်။
နယ်မြေကြီး၏ အင်ပါယာနှစ်ခုအနက် တစ်ခုအနေနှင့် မားလိုအင်ပါယာ၏ မြေပုံထက်ရှိ ပိုင်နက်မှာ လမ်ပူရီတိုင်းပြည်လေးထက် အဆပေါင်းဒါဇင်ချီ ပိုကြီးမားသည်။
လမ်ပူရီတိုင်းပြည်ထက် အဆများစွာပိုသေးသည့် စတက်တိန်းနယ်မြေအတွက်မူ မားလိုအင်ပါယာကို နှိုင်းယှဉ်၍ မရနိုင်ပေ။
ရှုယီအနေနှင့် တိကျသည့် ပမာဏမရနိုင်လျှင်တောင် သူ၏ လမ်ပူရီတိုင်းပြည်၌ နေထိုင်ခြင်းအတွေ့အကြုံကို အခြေခံရသော် လမ်ပူရီတိုင်းပြည်မှာ ကမ္ဘာမြေမှ တရုတ်နိုင်ငံ၏ အလတ်စား ခရိုင်တစ်ခုနှင့် ရွယ်တူဖြစ်သည်ကို ပြောနိုင်သည်။
ထိုတွက်ချက်မှုအရ မားလိုအင်ပါယာမှာ ကမ္ဘာမြေရှိ တရုတ်နိုင်ငံလောက်ကြီးသဖြင့် သေချာပေါက် ဧရာမအင်ပါယာဟုခေါ်တွင်နိုင်ပါ၏။
သို့သော်လည်း ရှုယီ မျှော်လင့်မထားခဲ့သည်မှာ ဤဧရာမအင်ပါယာတွင် လူဦးရေမှာ လမ်ပူရီတိုင်းပြည်ထက် အဆပေါင်းဒါဇင်ချီ မပိုနိုင်ချေ။
မားကွစ္စ် ဆော့သ်ဂိတ် ထောက်ပံ့လာသည့် အချက်အလက်အရ မားလိုအင်ပါယာ၏ လူဦးရေမှာ သန်းငါးဆယ်ပတ်လည်သာရှိပြီး လမ်ပူရီတိုင်းပြည် လူဦးရေထက် ဆယ်ဆသာ ပိုမိုကြီးမားသည်။
ရေတွက်မရနိုင်သည့် လူဦးရေကိုပါထည့်ပေါင်းလျှင်တောင် ခြားနားချက်က ထိုမျှ မကြီးမားပါချေ။
ဤသို့သော ကြီးမားသည့်နိုင်ငံ၌ လူပေါင်းသန်းငါးဆယ်သာ ရှိရာ ၎င်းက မားလိုအင်ပါယာရှိ လူဦးရေသိပ်သည်းဆကို အင်မတန် နိမ့်ပါးစေပြီး ရှုယီလို ကမ္ဘာမြေမှ ကူးပြောင်းလာသူ ကျင့်သားမရနိုင်သည့် အရာပင်။
မားကွစ္စ် ဆော့သ်ဂိတ်၏ ကိုယ်ပိုင်နယ်မြေကို ဥပမာယူကြည့်ပါ၊ ၎င်းကသာ လမ်ပူရီတိုင်းပြည်ဆိုလျှင် သူ၏ မားကွစ္စ် ဟူသော အဆင့်အတန်းအရ ငါးဆယ်စတုရန်းကီလိုမီတာရှိမည့် မြေအပိုင်းကို ရလိမ့်မည်။
သို့သော် မားလိုအင်ပါယာတွင် သူ၏ ကိုယ်ပိုင်နယ်မြေမှာ အံ့အားသင့်ဖွယ် တစ်ထောင်စတုရန်းကီလိုမီတာရှိရာ ၎င်းက ရှုယီအတွက် ကမ္ဘာမြေရှိ မြို့တော်လေးအချို့ကဲ့သို့ ဖြစ်နေတော့သည်။
သို့သော်လည်း ဤသို့သော ကြီးမားသည့်နယ်မြေက မားကွစ္စ် ဆော့သ်ဂိတ်၏ လွန်ခဲ့သော ၂နှစ်မှ စာရင်းများအရ လူသုံးသောင်းသာရှိသည်!
အနှီလူသုံးသောင်းသာ ဝေစုပါရမည်ဆိုလျှင် တစ်ယောက်ကို မြေဟက်တာ(*အတိုင်းအတာ)များစွာ ရပေမည်! သို့သော် ၎င်းနှင့် ပတ်သက်သည့် ပြဿနာတစ်ခုရှိပါ၏။
မားကွစ္စ် ဆော့သ်ဂိတ်၏ မိသားစု၊ အစောင့်များနှင့် ၎င်းတို့၏ အစေခံများ၊ ကျန်ရှိသည့် လူပေါင်း နှစ်ထောင့်ခုနှစ်ရာအနက် ကလေးနှင့် လုံးဝအလုပ်မလုပ်နိုင်သည့် သက်ကြီးရွယ်အိုများကို ဖယ်ထားလိုက်ပါလျှင် အလုပ်သမားအင်အားဟု ယူဆနိုင်သူမှာ လူတစ်သောင်းငါးထောင်ဝန်းကျင်သာရှိသည်။
အနှီလူတစ်သောင်းငါးထောင်အကြားရှိ ကိုယ်ကာယမတောင့်တင်းသော အမျိုးသမီးရှစ်ထောင်ကို ဖယ်လိုက်သော် လူရွယ်များမှာ ခုနစ်ထောင်အောက်သာ ရှိ၏။
အနှီလူခုနစ်တောင်မှာ မားကွစ္စ် ဆော့သ်ဂိတ်၏ ကိုယ်ပိုင်နယ်မြေ၏ အဓိက အလုပ်သမားအင်အားဖြစ်ရာ အုတ်မြစ်ဟု ယူဆနိုင်သလို ဆော့သ်ဂိတ် မိသားစု၏ မဏ္ဍိုင်အင်အားဟုလည်း ယူဆနိုင်သည်။
ယခုတွင် ရှုယီမှာ လူတစ်သောင်းကို ရုတ်တရတ်တောင်းလာရာ မားကွစ္စ် ဆော့သ်ဂိတ်က သဘာဝကျကျပင် အံ့အားသင့်သွား၏။
သူ့အတွက် အနှီလူခုနစ်ထောင်ကို ရှုယီအတွက် ခန့်ပေးရန် မဖြစ်နိုင်ရုံသာမက လုပ်ခဲ့ပါလျှင်တောင် လူသုံးထောင်က လိုနေသေးသည်။
"ဥက္ကဌရှု.. ကျုပ် မှတ်မိတာသာ မှန်ရင် ခင်ဗျားက အစပိုင်းမှာ စက်ရုံ ဆယ့်ခုနစ်ရုံပဲ တည်ဆောက်ဖို့ စီစဉ်ထားတယ်မဟုတ်လား?" မားကွစ္စ် ဆော့သ်ဂိတ်က ရှုပ်ထွေးစွာမေး၏။
"များတာလား?" ရှုယီက ထူးဆန်းဟန်နှင့် အလွန်အကျူးတုံ့ပြန်လာသည့် မားကွစ္စ် ဆော့သ်ဂိတ်ကိုကြည့်ကာ စဉ်းစားပြီးနောက် နားလည်သွားသည်။
သူဟာ မှော်စက်မှုနယ်ပယ်နှင့် ပတ်သက်လာလျှင် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံတို့ရှိလူများနှင့် ဆက်ဆံခြင်းကို ကျင့်သားရနေပြီဖြစ်ရာ ၎င်းတို့က အနှီနိုင်ငံများ၌ ယေဘုယျအကြောင်းအရာဖြစ်သော်လည်း ယခုက မားလိုအင်ပါယာနှင့် မားကွစ္စ် ဆော့သ်ဂိတ်အတွက်မူ ၎င်းက သူတို့၏ ယေဘုယျနားလည်နိုင်စွမ်းကိုကျော်လွန်နေသည်။
ထိုသို့စဉ်းစားရင်း ရှုယီမှာ ဘန်တာမြို့တော်၌ စက်ရုံများစွာ ဆောက်တည်ခဲ့စဉ်က မြို့စားဖြစ်သူ ကောင့်ထ် စီယန် ကို အလုပ်သမားသုံးထောင် တောင်းဆိုခဲ့ခြင်းအား စဉ်းစားမိသည်။
ကောင့်ထ်စီယန်မှာ သူ၏ အဆိုပြုချက်ကိုကြားချိန်၌ လက်ရှိ မားကွစ္စ် ဆော့သ်ဂိတ်ကဲ့သို့ပင် အံ့ဩနေခဲ့သည်။ သို့သော် ရှုယီရှင်းပြလိုက်ပြီးနောက်၌ ကောင့်ထ် စီယန်မှာ အင်မတန်ပျော်ရွှင်ကာ ရှုယီ၏ အတွေးကိုပင် ထောက်ခံခဲ့၏။
၎င်းကြောင့် ထိုသည်က ဘန်တာမြို့တော်အား လူသုံးထောင်၏ အလုပ်ပြဿနာကို ကူညီဖြေရှင်းကာ သူ့အား မြို့စားအဖြစ်အကူအညီရစေသည်။
မားကွစ္စ် ဆော့သ်ဂိတ်မှာ အနည်းငယ် အံ့ဩမိသော်လည်း သူဟာ ဤအခွင့်အလမ်းကို ငြင်းပယ်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ရှုယီမှ စက်ရုံများအတွက် အလုပ်သမားပမာဏကြီးတစ်ခုလိုအပ်ကြောင်းကို ရှင်းပြလိုက်ပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်က ခဏမျှ မျက်မှောင်ကုပ်၍ စဉ်းစားကာ ခေါင်းခါသည်။
"ဥက္ကဌရှု ကျုပ်နားမလည်တာကို စိုးရွံ့မိတယ်။ အလုပ်သမားအင်အားရဲ့ အဓိက ဦးစားပေးက အစားအစာတိုးဖို့ပဲ၊ ခင်ဗျားသာ အခြေခံအကျဆုံးလိုအပ်ချက်ကိုတောင် သဘောမတူနိုင်ရင် ဘာမှ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ကျုပ်နယ်မြေက လူတစ်သောင်းနဲ့ ဒါကို ထိန်းထားရုံပဲ တတ်နိုင်ပေမယ့် ကျုပ်နယ်မြေမှာ လယ်မြေတွေထပ်ဖွင့်ဖို့ နည်းလမ်းမရှိတော့ဘူး။ ခင်ဗျားကိုသာ လူတစ်သောင်းပေးလိုက်ရင် မိန်းမသားတွေလည်း အလုပ်လုပ်ရမယ်လို့ ပြောရင်တောင်... ကျုပ် လက်မခံနိုင်ဘူး။"
ရှုယီ အတန်ငယ် ရှုပ်ထွေးသွားပါ၏။
မားကွစ္စ် ဆော့သ်ဂိတ်မှာ လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ ထိုသို့လုပ်ဆောင်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရရာ သူ့အနေနှင့် စိုက်ပျိုးရေးသုံးမှော်စက်များ၏ အကူအညီကြောင့် လူအများကြီးလယ်လုပ်ဖို့မလိုတာကို နားမလည်လို့များလား?"
သူဟာ မားကွစ္စ် ဆော့သ်ဂိတ်ထံ ထိုမေးခွန်းကို မေးပြီးနောက် အနေရခက်သည့် တုံ့ပြန်မှုကို ရရှိခဲ့သည်။
"ဒါက ...ကျုပ်အနေနဲ့ အိမ်သုံးမှော်စက်တွေရယ် အဆောက်အဦတွေရဲ့ လွှမ်းမိူးမှုရယ်ကိုပဲ အာရုံစိုက်ထားတာ။ စိုက်ပျိုးရေးသုံးမှော်စက်တွေကို အဲ့လောက်များများစားစား အာရုံစိုက်မထားဘူး။ ခင်ဗျားက ကောက်ရိတ်သိမ်းဖို့အတွက် ကန်တိုနာကုန်သည်ကြီးများအသင်းကို အဆိုပြုတာကြောင့်သာမဟုတ်ရင် စိုက်ပျိုးရေးသူံးမှော်စက်က ဘာဆိုတာတောင် ကျုပ် သိမှာမဟုတ်ဘူး။"
ရှုယီမှာ ၎င်းကြောင့် မျက်လုံးသာ လှန်လိုက်နိုင်သည်။ မားကွစ္စ် ဆော့သ်ဂိတ်မှာ စိုက်ပျိုးရေးသုံးမှော်စက်အချို့ ဝယ်ယူခြင်းအကြောင်း ထုတ်ပြောခဲ့သော်လည်း စိုက်ပျိုးရေးသုံးမှော်စက်များ၏ အသုံးဝင်မှုက မည်သို့ရှိကြောင်း နားလည်မည်မဟုတ်ဟု ထင်မထားပေ။
သူဟာ စိုက်ပျိုးရေးသုံးမှော်စက်များ၏ ထွက်ပေါ်လာမှုကြောင့် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံတို့၏ လယ်ယာလုပ်ငန်းက ကြီးမားစွာ ပြောင်းလဲသွားခဲ့သည့် အကြောင်းကိုသာ မားကွစ္စ် ဆော့သ်ဂိတ်ကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်ရသည်။
အပြီးသတ်လိုက်ပြီးနောက်တွင် မားကွစ္စ် ဆော့သ်ဂိတ်က စိတ်လှုပ်ရှားဟန်ပေါ်နေ၏။
"ဒီတော့ အဲ့လိုပေါ့လေ! ကန်တိုနာကုန်သည်ကြီးများအသင်းက ကျုပ်နယ်မြေရဲ့ လယ်ယာပြဿနာအားလုံးကို ကူညီ ဖြေရှင်းပေးမယ် ပြောတာ အံ့ဩစရာမရှိတော့ဘူး မတိုင်ခင်က ဟာသလုပ်နေတယ်ပဲ ထင်ထားခဲ့တာ!"
ရှုယီမှာ တစ်ဖန် မျက်လုံးလှန်လိုက်ချင်စိတ်ကို ထိန်းကာ ဆက်ပြော၏၊ "ဒီတော့ အဓိပ္ပာယ်က သခင် မားကွစ္စ်, လယ်ယာနဲ့ပတ်သက်လာရင် လူအင်အားကို ဘာမှ စိတ်ပူနေဖို့မလိုတော့ဘူး။ ဘာလို့ဆို ဒီနှစ်ရဲ့ ဆောင်းဦးကောက်ရိတ်သိမ်းပွဲက အရမ်းကြပ်လို့ ဆောင်းဦးကောက်ရိတ်သိမ်းပွဲနဲ့ ပတ်သက်ပြီးပဲ ကူညီနိုင်တယ်။ ပြီးသွားတာနဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းကို ခင်ဗျားနယ်မြေက လယ်အားလုံးကို သိမ်းပြီး သီးနှံတွေစိုက်ဖို့လည်း ကူညီခိုင်းလို့ရတယ်။ လူနည်းနည်းလောက်ကိုပဲ လုပ်ခိုင်းပြီး နောက်နှစ်မှာ လွယ်လွယ် ကောက်ရိတ်သိမ်းလို့ရတယ်။"
မားကွစ္စ် ဆော့သ်ဂိတ်မှာ ၎င်းကိုစဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကုပ်ကာ ဆိုလာသည်၊ "ဒါပေမယ့် ကန်တိုနာကုန်သည်ကြီးများအသင်းအတွက် ဒီမှာ ကျန်နေဖို့ မဖြစ်နိုင်ဘူးပဲ။"
"ကန်တိုနာကုန်သည်ကြီးများအသင်းက မားလိုအင်ပါယာမှာ ရုံးခွဲတစ်ခု ဆောက်မှာပါ။ ခင်ဗျားဆန္ဒရှိသရွေ့ ကောက်ရိတ်သိမ်းဖို့နဲ့ အပင်ပျိုးဖို့ အချိန်ကျလာတာနဲ့ သူတို့ဆီက အကူညီယူလို့ရတယ်။ ဒါပေါ့ ခင်ဗျားဘာသာ လုပ်ချင်ရင်လည်း ရှင်းရှင်းလေးပါ။ ကျုပ်တို့လုပ်ငန်းစုဆီကနေ စိုက်ပျိုးရေးသုံးမှော်စက်တွေအလုံအလောက်ဝယ်ပြီး ဘယ်လိုသုံးရမယ်ဆိုတာ သင်ဖို့ လူအချို့ကိုလွှတ်လိုက်ရင် ပြဿနာကို ဖြေရှင်းလို့ရမယ်။" ရှုယီက စိတ်ရှည်စွာပြောသည်။
"ကန်တိုနာ ကုန်သည်ကြီးများအသင်းက ဒီနည်းစနစ်ကို သင်ပေးဖို့ ဆန္ဒရှိမှာလား?" မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီကို သံသယဖြင့်မေးလိုက်သည်။
ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ ၎င်းက ထူးထူးခြားခြားနည်းလမ်းမဟုတ်ရာ မဖြန့်ဝေစရာ မည်သည့်အကြောင်းပြချက်ရှိပါမည်နည်း?
သို့သော် စဉ်းစားကြည့်လိုက်ရင်း ရှုယီက တစ်ခုစဉ်းစားမိကာ အပြုံးဖြင့်ဆိုလိုက်သည်၊ "ဒါကို ဥက္ကဌ ကန်တိုနာနဲ့ ဆွေးနွေးလို့ရပါတယ်၊ သူက ဒီအကြောင်းကို ခင်ဗျားနဲ့ အရမ်းဆွေးနွေးဖို့ ဆန္ဒရှိနေမယ်ထင်တယ်။"
"ကောင်းပြီလေ လုပ်လိုက်မယ်။" မားကွစ္စ် ဆော့သ်ဂိတ်က ခေါင်းငြိမ့်လိုက်ပြီးနောက် တစ်ဖန်မျက်မှောင်ကုပ်သည်၊ "ဒါပေမယ့် ဒီလိုဆိုရင်တောင် ခင်ဗျားအတွက် လူအလုံအလောက်ရှိမှာကို မဟုတ်ဘူး။ ကွာခြားချက်က အရမ်းများတယ်။"
"ဒုခ် မာကာရိုစ်ပဲ အလုပ်တွဲလုပ်လိုက်လို့ရတယ်။ ဒါက အလုပ်မဖြစ်သေးရင်လည်း ကျုပ်တို့နဲ့ အလုပ်အတူလုပ်မယ့် အင်ပါယာက တခြားမျိုးရိုးမြင့်တွေကို ရှာလို့ရပါတယ်။ တစ်နှစ်ကို အလုပ်သမားတစ်ယောက် ရွှေဒင်္ဂါးသုံးဆယ် အခကြေးငွေက ခင်ဗျားလို မျိုးရိုးမြင့်အတော်များများကို စိတ်လှုပ်ရှားစေမယ်ထင်တယ်။" ရှုယီက အကြုံပြု၏။
တကယ်တမ်းတွင် ရှုယီလိုချင်သည်မှာ လုပ်ငန်းစုများအနေနှင့် မားလိုအင်ပါယာ၌ လွတ်လွတ်လပ်လပ် လူစုဆောင်းခြင်းပင်၊ ထိုအရာက ကိစ္စမျိုးကို ပိုမို အဆင်ပြေစေပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများကို ပို၍ လက်ဦးမှုရစေမည်။
သို့သော် ၎င်းတို့မှာ မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆက်နွယ်မှုကြောင့် မားလိုအင်ပါယာသို့ရောက်လာကြသဖြင့် ၎င်းကို မားကွစ္စ် ဆော့သ်ဂိတ်ထံမှတဆင့် ဖြေရှင်းဖို့ လိုအပ်သည်။
ရှုယီ၏ အကြံပြုချက်ကိုကြားပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်မှာ အတွေးထဲနစ်သွားကာ မျက်နှာထက် တုံ့ဆိုင်းမှု အနည်းငယ်ပေါ်လာသည်။
ရှုယီမှာ ၎င်းက သူ့ပါးစပ်ထဲရှိ အသားတုံးကို အခြားသူများထံ မျှဝေခြင်းဖြစ်သည်နှင့် ညီမျှသောကြောင့် မည်သူကမှ ဆန္ဒမရှိနိုင်သဖြင့် သူ၏ တုံ့ဆိုင်းမှုကို နားလည်နိုင်သည်။
တစ်အောင့်ကြာပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်က အသက်ပြင်းပြင်းရှူထုတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည့်နှယ် အမူအရာက ပြတ်သားနေသည်။
"ဥက္ကဌရှု ခင်ဗျားစိုးရိမ်ဖို့မလိုပါဘူး ကျုပ် ဂရုစိုက်လိုက်ပါ့မယ်။"
"အမ်?" မားကွစ္စ် ဆော့သ်ဂိတ်က သူ့အား မည်သည့်နည်းလမ်းဖြစ်ကြောင်းမပြောရာ ရှုယီမှာ မနေနိုင်စွာ အတန်ငယ် စိုးရိမ်မိသည်။
သို့သော် ဤအခြေအနေ၌ သူသာ မားကွစ္စ် ဆော့သ်ဂိတ်ကို မယုံကြည်ကြောင်းပြသနိုင်ရာ မဖြစ်နိုင်သဖြင့် သဘောတူညီသည့်အနေနှင့် ခေါင်းသာငြိမ့်ပြလိုက်၏။
နှစ်ဦးသားမှာ အနာဂတ် အစီစဉ်အချို့ကို ထပ်ဆွေးနွေးပြီးနောက် ရှုယီက မှော်စက်မှုအခြေစိုက်ရုံး၏ အခြေနေကို မြင်လိုကြောင်းပြောသဖြင့် မားကွစ္စ် ဆော့သ်ဂိတ်၏ အိမ်တော်မှ ထွက်သွားတော့သည်။
အိမ်တော် ရှေ့ဂိတ်မှ ကားမောင်းထွက်လာပြီးနောက် ရှုယီမှာ ထိုအိမ်တော်ကြီးကိုကြည့်ရန် နောက်ကိုမှီ၍ သက်ပြင်းချသည်။
မားလိုအင်ပါယာသို့ မလာခင်က သူဟာ မားကွစ္စ် ဆော့သ်ဂိတ်၏ ပြုမူပုံမှာ ပွင့်လင်းသဖြင့် ဤရင်းနှီးမြှုပ်နှံမှုက အင်မတန်ချောချောမွေ့မွေ့ ဖြစ်သွားမည်ဟု ထင်ခဲ့သည်။
သို့သော် ဤနေရာသို့ ရောက်လာချိန်၌ မားကွစ္စ် ဆော့သ်ဂိတ်က မည်မျှ ပွင့်လင်းပြီး အသစ်အဆန်းများကို လက်ခံဖို့ မည်မျှ ဆန္ဒရှိသည်ဖြစ်စေ သူဟာ ထိုလောက၏ အခြားမျိုးရိုးမြင့်များအားလုံးကဲ့သို့ တူညီသည့် ပြဿနာများကြောင့် ကန့်သတ်ခံထားရဆဲပင်။
ဤအကန့်အသတ်များကြောင့် ရှုယီမှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ အစီစဉ်များကို ပြောင်းလဲရန် တွန်းအားပေးခံထားရရာ မားကွစ္စ် ဆော့သ်ဂိတ်နှင့်အတူ ပူးပေါင်းရန် ကြိုးစားနေခဲ့ရသည်။
၎င်းက အခြေခံအစီစဉ်ကို မထိခိုက်သော်လည်း ရှုယီအား ကူရာမဲ့ဖြစ်စေသည်။
စတက်တိန်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်နှင့် အခြားနိုင်ငံလေးများတွင် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကြောင့် ရှုယီအတွက် ၎င်းတို့ကိုပြောင်းလဲရန် များစွာ ပိုလွယ်ကူသည်။ သို့သော် ယခုတွင် သူဟာ မားလိုအင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်ကို ပြောင်းလဲချင်ရာ စတင်ရန် ခက်ခဲကြောင်း တွေ့လိုက်ရသည်။
"တခြားနည်းလမ်းမရှိဘူး ဒါက ရွေးကိုရွေးချယ်ရမယ့် လမ်းပဲ။"
ရှုယီမှာ ခါးသက်သက်ရယ်မောလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ မားလိုအင်ပါယာမှတဆင့် နယ်မြေကြီးထံ ခြေလှမ်းခဲ့သော်လည်း သူသာ ဤလမ်းကို ချောချောမွေ့မွေ့လျှောက်လိုလျှင် သူ၏ အားစိုက်ထုတ်မှုကို နှစ်ဆဖြစ်အောင်လုပ်ရမည်။
ထိုသို့စဉ်းစားရင်း ရှုယီမှာ တောင်ဘက်သို့ လှည့်လိုက်၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မားလိုအင်ပါယာထံ ခြေလှမ်းခဲ့ရာ အခြားအင်ပါယာဖြစ်သည့် ကန်ဒရာအင်ပါယာထဲသို့ တကယ့်ခြေလှမ်းကို မည်သည့်အချိန်၌လှမ်းနိုင်မည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၆။ ပိုမိုကြီးမားသောတည်နေရာ
နွေရာသီအစ မွန်းလွဲပိုင်း၌ ရာသီဥတုမှာ ပူနွေးခြောက်သွေ့က လူများကို လှုပ်ရှားဖို့ ဆန္ဒမရှိလောက်အောင်ဖြစ်စေသည်။
ထိုအချိန်၌ လူတစ်ဦးမှာ အိမ်၌ နေနိုင်ပြီး မှော်လေပေးစက်၏ လေပြေအေးအေးလေးများထဲ ထိုင်ကာ တစ်ရေးအိပ်ခြင်းက လူများစွာ စိတ်ကျေနပ်မည့်အရာပင်။
သို့သော်လည်း ဘယ်လီသည် ယနေ့ပုံမှန်ကဲ့သို့ ပျင်းရိနေရန် အချိန်မရှိပေ။ ယခုအချိန်တွင် သူသည် ပြင်းထန်သော နေရောင်ခြည်မှ ထွက်လာသည့် ပြင်းထန်သော အပူဒဏ်ကို သည်းခံခဲ့ရုံသာမက သူ့ရှေ့မှ မှော်ဆလွန်းဆယ်စီးကျော်၏ ဟိန်းဟောက်သံကိုလည်း နားထောင်ခဲ့ရရာ ၎င်းက သူ့အားသေချာပေါက် မပျော်စေနိုင်ပေ။
"ဟင့်အင်း၊ ဒီလူယုတ်မာ ရှုယီကတော့ သူက ဒီအသံစနစ်ကို ဖယ်ထုတ်ရမှာ၊ ဒါက တကယ်ပဲဆွံ့အနားမကြားတစ်ယောက် ဖြစ်စေတော့မယ်။" မှော်ပြိုင်ကားထံမှထွက်လာသော အသံကိုကြားလိုက်ရသော ဘယ်လီသည် သူ့စိတ်ထဲတွင် ကျိန်ဆဲလိုက်ရုံသာတတ်နိုင်၏။
မီးစွမ်းအားအင်ဂျင်မှော်ဆလွန်းများသည် လေစွမ်းအားအင်ဂျင်မှော်ဆလွန်းများထက် ပိုမိုကျယ်လောင်သော်လည်း၊ ဤလောက်တော့ မဆိုးလှပါချေ။
သို့ပေမယ့် ရှုယီက ပြိုင်ကားဟာ သာမန် မှော်ဆလွန်း များနှင့် မတူဟုလို့ ပြောခဲ့ခြင်းကြောင့် ပြိုင်ကားအသစ်အတွက် ဤ “ပြိုင်ကားအသံစနစ်” အသစ်ကို ပြုလုပ်ခဲ့ပါ၏။
တကယ်တမ်း ဤအရာက လုံးဝ အသုံးမဝင်ပါချေ၊ ၎င်းက ပြိုင်ကားကို စက်နှိုးလိုက်လျှင် သာမန် မှော်ဆလွန်းများနှင့် ယှဉ်လိုက်လျှင် ပို၍ကျယ်လောင်သွားစေပါ၏။
ဟုတ်ပါ၏၊ ဘယ်လီက ဤပြိုင်ကား၏ အသံစနစ်ကို နားထောင်ရသည်က သွေးဆူစေကြောင်း ဝန်ခံရပါမည်။. ကားပြိုင်ပွဲတစ်ခု၌ မောင်းနှင်နေချိန်နှင့် သင့်တော်သည့် စိတ်လှုပ်ရှားမှုများအား ပြည့်နှက်လာစေသည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း က ဤကားကို ထုတ်လိုက်ကတည်းက ပြိုင်ကားတွေ၏ ဈေးနှုန်းမှာ သာမန် မှော်ဆလွန်းများနှင့် ယှဉ်ပါလျှင် ပိုတောင် မြင့်လာသော်လည်း၊ ဤပြိုင်ကားများကို နှစ်သက်သော မျိုးရိုးမြင့်များစွာ ရှိသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ဤမော်ဒယ်ကို လွန်ခဲ့သည့် သုံးလခန့်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဘယ်လီသိခဲ့သည့်အရာများကို အခြေခံရလျှင် ဝင်ဘဲလ်ဒန်မြို့တော်၌ရှိသည့် သူ့ဆိုင်တွင် ကားအစီးရေ နှစ်သိန်းခုနစ်ဆယ့်သုံးစီး ရောင်းချထားပြီးဖြစ်ပါ၏။
ဤအရေအတွက်က သိပ်မများသည်ဟု ထင်ရသော်လည်း ပြိုင်ကားတစ်စီးလျှင် ရွှေဒင်္ဂါးသုံးထောင့်ရှစ်ရာဝန်းကျင် စျေးနှုန်းရှိရာ ဆိုလိုသည်မှာ သုံးလအတွင်း ဘယ်လီ၏ မှော်ကားအရောင်းဆိုင်သည် ထိတ်လန့်စရာကောင်းလောက်အောင် ရွှေဒင်္ဂါးတစ်သန်းနှင့်သုံးသောင်းကို ရရှိနေပြီဖြစ်သည်။
ဘယ်လီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ ချုပ်ဆိုထားသော သဘောတူညီချက်အရ မှော်ဆလွန်း ကို ရောင်းချသည့်အခါတိုင်း အမြတ်၏ 5% ရရှိမည်ဖြစ်သည်။ ဆိုလိုသည်က မှော်ပြိုင်ကားများကို ရောင်းချပြီး သုံးလအတွင်းတည်းနှင့် ရွှေဒင်္ဂါးငါးသောင်းကျော် အမြတ်ရရှိခဲ့သည်ပင်။
ပင်ပန်းနေသော်လည်း ဘယ်လီသည် အလွန်စိတ်အားထက်သန်နေသေး၏။ သူသည် ဝင်ဘဲလ်ဒန်မြို့တော်၏ မျိုးရိုးမြင့်များကြားတွင် အတော်လေး ရေပန်းစားနေပြီး မှော်ဆလွန်းပြိုင်ပွဲကို တက်ကြွစွာ စီစဉ်ခဲ့သည်။
ယနေ့သည် လွန်ခဲ့သော တစ်လခွဲခန့်က စီစဉ်ထားသော ပြိုင်ပွဲဖြစ်ပြီး ပါဝင်သူများသည် ပြိုင်ပွဲများ ဆက်တိုက်မှ ဘယ်လီရွေးချယ်ထားသည့် ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့် ၎င်းကို လက်ရွေးစင်ပြိုင်ပွဲဟု ယူဆနိုင်သည်။ ထို့ကြောင့် ယှဉ်ပြိုင်သူမျိုးရိုးမြင့်ကြီး ဆယ့်သုံးဦးအပြင် အခြားသော မျိုးရိုးမြင့်ငယ်များနှင့် ကုန်သည်ငယ်များစွာလည်း ဤပွဲကို လာရောက်ခဲ့ကြသည်။
"ဟေ့ ညီကိုတို့ အားလုံး အဆင်သင့်ဖြစ်ပြီလား" ဘယ်လီက ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည် ။
ပြိုင်ပွဲလမ်းကြောင်းနှစ်ဘက်ရှိ လူအုပ်ကြီးက ဆူညံစွာ အားပေးလာကြပြီး ပြင်ဆင်ထားသည့် မှော်ပြိုင်ကား ဆယ့်သုံးစီးကလည်း ကြွေးကြော်ဟန် အသံပေးလာသည်၊"အရမ်းကောင်းတယ် ဒါဆို လူတိုင်း ဒီပြိုင်ပွဲကို ပျော်ပျော်ပါးပါး ကစားကြရအောင်။"
ဘယ်လီမှာ အချက်ပေးသံနှင့်အတူ ပြိုင်ပွဲကို ကြေညာရန် တာဝန်ရှိသော ပြိုင်ပွဲလမ်းကြောင်းမှ အလှလေးကို ခေါင်းညိတ်ပြပြီး ဘေးဘက်သို့ ရွှေ့ခိုင်းလိုက်သည်။
ခဏအကြာတွင် အလှလေးသည် သူမ၏အလံကို ဝှေ့ယမ်းလိုက်ရာ မှော်ပြိုင်ကားဆယ့်သုံးစီးသည် မြှားများကဲ့သို့ ပြေးထွက်ကာ မျက်လုံးတစ်မှိတ်အတွင်း ထောင့်စွန်းတစ်ဝိုက်တွင် ပြေးလွှားပျောက်ကွယ်သွားခဲ့သည်။
ဘယ်လီသည် ခပ်ဝေးဝေးထောင့်ကို ကြည့်လိုက်ပြီး ချောမွေ့သည်ဟု မယူဆနိုင်သော လမ်းကို ငုံ့ကြည့်၍ နင်းလိုက်သည်။ ထို့နောက် မျက်မှောင်ကုပ်၏။
သူသည် ဤပြိုင်ပွဲများကိုကျင်းပရန် ဝင်ဘဲလ်ဒန်မြို့တော် ရှိ မျိုးရိုးမြင့်အချို့၏ ကိုယ်ပိုင်နယ်မြေကို အသုံးပြုခဲ့သည်။ ဤနေရာသည် ဝင်ဘဲလ်ဒန်မြို့တော်မှ ကီလိုမီတာတစ်ရာရှိသောကြောင့် ထိုမျှ မသင့်တော်ပေ။
သို့ပေမယ့် ဝင်ဘဲလ်ဒန်မြို့တော်၏အဓိက မျိုးရိုးမြင့်များက ကားပြိုင်ပွဲကို လက်မခံခဲ့ဘဲ ပါဝင်ခဲ့သူအများစုမှာ မျိုးရိုးမြင့်မိသားစုများ၏ အငယ်ဖြစ်သူများ သို့မဟုတ် ကုန်သည်များ၏ သားစဉ်မြေးဆက်များပင်။
ဤလူတွေတွင် ပိုက်ဆံရှိသော်လည်း အာဏာမရှိရာ အများကြီး မဆုံးဖြတ်နိုင်ပေ။
ဤနေရာလွတ်ကို ရှာတွေ့ပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဤနေရာသို့ လျှို့ဝှက်၍ဆွဲခေါ်လာရသည်ကပင် ၎င်းတို့တွေ လုပ်နိုင်သည့် ကန့်သတ်ချက် ဖြစ်နေပြီပင်။ ဘယ်လီလုပ်ခဲ့သည်မှာ မှော်ကားများကို ကန်ဒရာ အင်ပါယာအနှံ့ဖြန့်ကျက်ရန် ရှုယီပေးခဲ့သည့် ပန်းတိုင်နှင့် ဝေးသေး၏။
ဘယ်လီသည် ရှုယီထံမှ ဤတာဝန်ကို လက်ခံရရှိသောအခါတွင် ထိုအရာကို ကြိုးစားချင်ခဲ့သည်။ သို့သော် ကန်ဒရာအင်ပါယာတွင် တစ်နှစ်ကြာနေထိုင်ပြီးနောက်၊ ခိုင်မာသောအခြေခံအုတ်မြစ်ကိုတည်ဆောက်ပြီးသော်က ဝင်ငွေအနည်းငယ်ရရှိပြီးနောက်၊ သူသည် မိမိ၏၏စစ်မှန်သောစီးပွားရေးကိုပြုလုပ်ရန် လျှို့ဝှက်ဆုံးဖြတ်ထားပြီးဖြစ်သည်။
ထို့အပြင်၊ ဝင်ဘဲလ်ဒန်မြို့တော်မှ မျိုးရိုးမြင့်များ၏ လေ့လာတွေ့ရှိချက်များအရ မှော်ပြိုင်ကားများ၊ မှော်ဆလွန်းများနှင့် မှော်ကားများသည် ကန်ဒရာ အင်ပါယာတွင် အကန့်အသတ်မရှိသော အနာဂတ်ရှိကြောင်း သူသေချာပေါက်သိသည်။
သူသာ ကောင်းကောင်းလုပ်နိုင်ပြီး ကားပြိုင်ပွဲများ ကျင်းပနိုင်ရင် သြဇာရှိတဲ့သူတစ်ယောက် ဖြစ်လာမှာပင်။ ဘာပဲဖြစ်ဖြစ်၊ လမ်ပူရီတိုင်းပြည်၌ မျိုးရိုးမြင့်လေးတစ်ဦးဖြစ်သည်ထက် ပိုကောင်းပါ၏။
"မင်းသားလေး ဖရန့်ခ် နဲ့တွေ့ဖို့ အချိန်တစ်ခုရှာသင့်တယ်" ဘယ်လီသည် ပြိုင်ပွဲလမ်းကြောင်းမှ အရိပ်ထဲသို့ ပြန်လာစဉ် စိတ်ထဲတွင် တွေးလိုက်မိသည်။
ခဏအကြာတွင် မှော်ဆလွန်းဆယ့်သုံးစီးသည် လမ်းတစ်ပတ်ပြီးသွားကာ အစမှနေ၍ ဘယ်လီကိုဖြတ်ကာ မောင်းသွားခဲ့သည်။
ဤ မှော်ဆလွန်းဆယ့်သုံးစီး၏ ယာဉ်မောင်းများသည် လမ်းဘေးရှိ လူအုပ်ကို လက်ဝှေ့ယမ်းကာ အနမ်းများ ပြိ့လွှတ်ရန်ပင် အချိန်ရှိသည်ကို တွေ့လိုက်ရသဖြင့် ဘယ်လီက အနည်းငယ် အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
လမ်ပူရီတိုင်းပြည် နှင့် စတက်တိန်းနယ်မြေတို့၌ Frestech ကုန်သည်ကြီးများအသင်း ကျင်းပသောပြိုင်ပွဲများစွာကို မြင်ဖူးသူတစ်ဉီးအနေဖြင့် ၎င်းတို့နှင့်နှိုင်းယှဉ်ပါက ဤပြိုင်ပွဲဝင်များ၏ ဖျော်ဖြေပွဲများသည်ဘာမှ မဟုတ်နေပေ....
၎င်းတို့မှာ သာမန်နားလည်မှုထက်သာလွန်နေသည့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့်နှင့် အကြီးအကဲလီဆန်းယာတို့ကဲ့သို့ ပြိုင်ပွဲများနှင့် နှိုင်းယှဉ်ဖော်ပြရန် မဆိုထားနှင့် သားရဲမျိုးနွယ်၊ နတ်သူငယ်များ၊ နှင့် လူပုများတို့နှင့် နှိုင်းယှဉ်ပါလျှင်ပင် Frestech ကုန်သည်ကြီးများအသင်းမှကျင်းပသည့် ပြိုင်ပွဲများရှိ လူသားယာဉ်မောင်းများနှင့်တောင် နှိုင်းယှဉ်၍မရနိုင်ပေ။
လူစုလူဝေးထံကို လက်ဝှေ့ယမ်းဖို့ရန် အားလပ်ချိန်ရသလိုမျိုး Frestech ကုန်သည်ကြီးများအသင်း၏ ပြိုင်ပွဲတွင် ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ပါချေ။
ဟုတ်ပါ၏၊ ဤပြိုင်ပွဲက အခုမှစသည်ဖြစ်ရာ သုံးနှစ်နီးပါးကြာနေပြီဖြစ်သော Frestech ကုန်သည်ကြီးများအသင်း၏ ပြိုင်ပွဲကို မယှဉ်နိုင်တာက ပုံမှန်ပါပင်။
ဤ မှော်ဆလွန်းများ ဖြတ်ကျော်သွားသည့် သူ့ေဘးပတ်ဝန်းကျင်မှာ ဖုန်မှုန့်များ ထူသွားရာပြီး ဘယ်လီက သူ၏နောက်က အရိပ်ထဲကို ပိုဝင်သွားလိုက်သည်။
ခြေလှမ်းနှစ်လှမ်းကို နောက်ပြန်ဆုတ်လိုက်သည့်အခါ၌ ရုတ်တရက် သူ့ပခုံးကို လက်နဲ့လာပုတ်သလို ခံစားလိုက်ရသည်။
ဘယ်လီလှည့်ကြည့်လိုက်သော် အံ့သြသွား၏။
"မန်နေဂျာ လွန်စ်၊ ခင်ဗျားဘာလို့ဒီကိုရောက်နေတာလဲ"
ဘယ်လောက်ပဲကြည့်ကြည့် အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပုံပေါ်ကာ အိမ်တော်ထိန်းတစ်ယောက်လည်း အမှန်တကယ်ဖြစ်သည့် လွန်စ်ဟာ လေးနက်သည့်ဟန်ဖြင့် ဘယ်လီကို သူ့နောက်ကို တိတ်တဆိတ်လိုက်ဖို့ အမူအရာပြလာသည်။
ဘယ်လီမှာ လွန်စ် နှင့် ပြိုင်ပွဲလမ်းကြောင်းနောက်ကွယ်မှ တိတ်တဆိတ်ထွက်မလာမီ မိမိ၏လက်အောက်ငယ်သားများအား နားလည်အောင် စကားအနည်းငယ်ပြောခဲ့သည်။ ထို့နောက် သူတို့သည် ၎င်းနှင့် အနည်းငယ်ဝေးကွာသောနေရာသို့ ရောက်လာကြသော်လည်း ၎င်း၏မြင့်မားသောအနေအထားကြောင့် ပြိုင်ပွဲလမ်းကြောင်းတစ်ခုလုံးကို လွယ်လွယ်ကူကူမြင်နိုင်သည်။
"မင်းသားလေး ဖရန့်ခ်၊ ဒီကိုလာဖြို အားလပ်ချိန်ဘယ်လိုရတာလဲ"
မင်းသားဖရန့်ခ်၏ အယုံကြည်ရဆုံး အိမ်ထိန်း လွန်စ် ကို သူမြင်ပြီးကတည်းက ဘယ်လီသည် မင်းသား ဖရန့်ခ်ကို ယခုလိုမြင်ရသည်အား မအံ့သြပါချေ။
သို့ပေမယ့် မင်းသား ဖရန့်ခ်က ယနေ့ ဤနေရာကို ရုတ်တရက် ရောက်လာခြင်းကြောင့် အံ့သြသွားမိသည်။
သူသည် မင်းသားဖရန့်ခ်ထံသို့ မရေမတွက်နိုင်သော ဖိတ်စာများကို ယခင်က ပေးပို့ခဲ့ဖူးသော်လည်း မည်သည့်အခါမှ အကြောင်းပြန်ခြင်းမရရှိခဲ့ပေ။
သူသည် တူညီသော ဖိတ်ခေါ်မှုကို အလေ့အထအတိုင်းပို့ခဲ့သော်လည်း လာရန် မျှော်လင့်မထားရာ အမှန်တကယ် လာမည်ဟု မထင်ခဲ့ပေ။
"ဟေး ဘယ်လီ၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဆိုတော့ မင်းအရင်ကထက်စာရင် ပိုမည်းသွားတာကို တွေ့လိုက်ရတယ်။" မင်းသားဖရန့်ခ်သည် ဘယ်လီအား ဖော်ရွေသော အပြုံးဖြင့် ကြည့်၍ ပြောလာသည် "မင်း ဒီပြိုင်ပွဲတွေကို စီစဉ်ပေးရတော့ နေလောင်သွားတာလား?"
ဘယ်လီက ရယ်သည်။ သူဟာ ထုံးစံအတိုင်း မင်းသားဖရန့်ကို ဦးညွှတ်ကာ နဖူးပေါ်ရှိ ချွေးများကို သုတ်၍ နံဘေးတွင် ယဉ်ကျေးသိမ်မွေ့စွာ ထိုင်လိုက်သည်။
"အင်း၊ ကျွန်တော် ဒီပြိုင်ပွဲကို အရမ်းအာရုံစိုက်ထားတော့ အလုပ်ရှုပ်နေလို့"
မင်းသားဖရန့်ခ်သည် ခပ်လှမ်းလှမ်းရှိ နောက်တစ်ပတ်ပြီးသွားေသာ ပြိုင်ပွဲဝင်ကားများအား လှမ်းကြည့်ကာ ပြုံးလိုက်သည်၊ "တကယ်တော့ ဒီပြိုင်ပွဲတွေက အဓိပ္ပါယ်မရှိဘူးလို့ မထင်ဘူးလား"
ဘယ်လီအံ့သြသွားပြီး "ဘာလို့ဒီလိုပြောရတာများလဲ။"
မင်းသားဖရန့်ခ်က မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် ခေါင်းခါလိုက်ပြီး “ဒီအလုံပိတ်ဧရိယာမှာဆို အဓိပ္ပာယ်မရှိဘူး။ ငါကတော့ ပိုကျယ်တဲ့ ဧရိယာရှိတဲ့ အပြင်ဘက်မှာ မောင်းရမှာကို ပိုကြိုက်တယ်။ ပိုကျယ်ရုံတင်မကဘဲ လမ်းအခြေအနေကလည်း ပိုကွဲပြားတာမို့ ပိုစိတ်ဝင်စားဖို့ကောင်းမှာ သေချာတယ်။”
ဘယ်လီက ခါးသီးသည့် အပြုံးဖြင့်ဆိုသည် "ဒါကို မင်းသားမပြောလည်း ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒီ မှော်ဆလွန်းတွေက အဲဒီ ညံ့ဖျင်းတဲ့ ဖုန်လမ်းတွေပေါ်မှာ လုံးဝ မပြေးနိုင်တော့၊ သူတို့ မောင်းဖို့ နေရာမရှိဘူး" ၎င်းကိုပြောပြီးနောက် ဘယ်လီက သက်ပြင်းတစ်ချက်ချလိုက်သည် "ဒီအကြောင်းပြောရရင် အရှင် ဖရန့်ခ်၊ အနောက်တောင်ပြည်နယ်မှာရှိတဲ့ လမ်းတွေ ပြီးဖို့ ဘယ်လောက်ကြာဦးမလဲ။ တစ်နှစ်တောင်ရှိနေပြီ၊ မပြီးသေးဘူးလား”
“အနောက်တောင် ပြည်နယ် အစိုးရရဲ့ ကိစ္စ ကို ငါ ဂရုမစိုက်ဘူး၊ ဒါကို ဝင်စွက်ဖက်လို့လည်း မရဘူး။” မင်းသားဖရန့်က ပေါ့ပေါ့ပါးပါး ပြောလာသည်။
"ကျွန်တော်လည်းသိပါတယ်၊ ဒါပေမယ့်......" ဘာရွန် ဘယ်လီက တစ်ခုခုပြောချင်သော်လည်း ခေတ္တရပ်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်း၍ ခါးသီးစွာရယ်မောသည် "မေ့လိုက်ပါ၊ အခုပြောစရာမရှိတော့ပါဘူး"
“မဟုတ်ဘူး၊ ရှိတယ်။” မင်းသားဖရန့်ခ်သည် ရုတ်တရက် နူးညံ့စွာ ရယ်မောလိုက်ပြီး ဘယ်လီကို လှည့်ကြည့်ကာ လေးနက်သော ဟန်ဖြင့် ပြောလာသည်၊ "ဘယ်လီ၊ ငါ့ကိုပြော.... မင်းသာ ငါ့ရဲ့ကိုယ်ပိုင်နယ်မြေမှာရှိတဲ့ လမ်းအားလုံးကို ပြောင်းလဲနိုင်ရင် ဒီလူတွေ ပြိုင်ဖို့ ပိုကြီးတဲ့ နေရာဖြစ်မလာဘူးလား"
မင်းသားဖရန့်ခ်ကို အံ့သြစွာကြည့်ရင်း ဘယ်လီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
မင်းသားဖရန့်ခ်က နောက်ဆုံးတော့ ဒီအရာကြောင့် စိတ်လှုပ်ရှားသွားတာများလား။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၇။ မှော်စက်မှုဆိုင်ရာကျောင်းတော်
ဖရီးမန်းနှင့်ကျန်သူများမှာ လမ်းအခြေအနေဆိုးဝါးခြင်းနှင့် တံတားကျိုးခြင်းကြောင့် ရက်များစွာနောက်ကျပြီးမှ မားကွစ္စ် ဆော့သ်ဂိတ်၏ နယ်မြေသို့ရောက်လာသည်။ ရှုယီ ၎င်းတို့နှင့် ဆုံချိန်၌ စကားအနည်းငယ်ပြောပြီးနောက် စတက်တိန်းနယ်မြေသို့ ပြန်လည်ဦးတည်ခဲ့သည်။
သူ့အနေနှင့် ဤတစ်ကြိမ်၌ မားလိုအင်ပါယာတွင် သူ၏ ရည်ရွယ်ချက်ကို မအောင်မြင်ခဲ့သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်နှင့် စာချုပ်အတော်များများလက်မှတ်ထိုးခဲ့ရုံမက မားကွစ္စ် ဆော့သ်ဂိတ် ထံမှတဆင့် မားလိုအင်ပါယာ၏ အထက်တန်းပိုင်းနှင့်လည်း စာချုပ်ချုပ်ခဲ့သလို ၎င်းတို့နှင့်ပတ်သက်သည့် စာချုပ်အနည်းအကျဉ်းမျှ လက်မှတ်ထိုးခဲ့လေသည်။
မားကွစ္စ် ဆော့သ်ဂိတ် ၏သူငယ်ချင်းဟောင်း ဒုခ် မာကာရိုစ် သည် Frestech ကုန်သည်ကြီးများအသင်း ၏ စိုက်ပျိုးရေးသုံးမှော်စက်များကို သံသယဖြစ်လျှင်ပင်၊ ရှုယီမသွားခင် လူတစ်ယောက်ကို ရုတ်တရက် စေလွှတ်လိုက်သည် ။ သူက ကန်တိုနာ ကုန်သည်ကြီးများအသင်းအား သူ့နယ်မြေ၏ သုံးပုံတစ်ပုံကို ရိတ်သိမ်းစေလိုကြောင်း ရှုယီကို ပြောလာပါ၏။
သူဟာ ရှုယီအနေဖြင့် သူ့ကို အရင်က ပြောခဲ့ဖူးသည့် စိုက်ပျိုးရေးသုံးမှော်စက်များ၏ အကျိုးသက်ရောက်မှုကို အတည်ပြုဖို့ ဤစမ်းသပ်ချက်ကို အသုံးပြုချင်သည်ပင်။
ခေါင်းမာသော ဒုခ် မာကာရိုစ် မှလွဲ၍ အခြား မားကွစ္စ် ဆော့သ်ဂိတ် မိတ်ဆက်ခဲ့သော မားလိုအင်ပါယာမျိုးရိုးမြင့်များသည် ၎င်းအား စမ်းသပ်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။
ထို့ကြောင့် ယခုဆောင်းရာသီတွင် ရိတ်သိမ်းရန်အတွက် ကန်တိုနာကုန်သည်ကြီးများအသင်းသည် ကြီးမားသောသဘောတူညီချက်ဟု ယူဆနိုင်သည့် မြေဟက်တာသုံးသိန်းကျော်အတွက် စီးပွားရေးလုပ်ငန်းကို လက်ခံရရှိခဲ့သည်။
ထို့အပြင်၊ ဆောင်းဦးရာသီတွင် ရှုယီပြောခဲ့သည့်အတိုင်း ကန်တိုနာ ကုန်သည်ကြီးများကလည်း လုပ်ဆောင်နိုင်မည်ဟု မျိုးရိုးမြင့်များကို ကတိပေးခဲ့သည်။ ၎င်းတို့မှာ စိုက်ပျိုးခြင်းနှင့် လယ်ယာမြေများ ပိုမိုဖွင့်လှစ်ပေးခြင်းတို့ကို ကန်တိုနာကုန်သည်ကြီးများအသင်းသို့ ပေးအပ်ရန် စဉ်းစားမည်ဖြစ်သည်။
ရိတ်သိမ်းခြင်းနှင့် ယှဉ်လျှင် ၎င်းက တကယ့်လုပ်ငန်းကြီးပါပင်။
ဥက္ကဌအဖြစ် ကန်တိုနာသည် မားလိုအင်ပါယာ၏ စိုက်ပျိုးရေးဈေးကွက်သို့ ချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ သူသည် မားကွစ္စ် ဆော့သ်ဂိတ် ၏နယ်မြေတွင် နေ့တိုင်းနီးပါးနေခဲ့ပြီး ၎င်း၏လက်အောက်ငယ်သားများသည် နယ်မြေရှိ လယ်မြေများကို ဂရုတစိုက်စစ်ဆေးရန် ဦးဆောင်ခဲ့သည်။ ၎င်းတို့အနေဖြင့် ဆောင်းဦးရာသီအတွက် ပြီးပြည့်စုံသော စွမ်းဆောင်ရည်ကို ပေးဆောင်ရမည်ဖြစ်သည်။
ထို့ကြောင့် ကန်တိုနာက ရှုယီကို ဆက်သွယ်ခဲ့၏၊ Frestech ကုန်သည်ကြီးများအသင်းသည် ကန်တိုနာကုန်သည်ကြီးများအသင်းထံတွင် စိုက်ပျိုးရေးမှော်စက်များနှင့် ဆောက်လုပ်ရေးမှော်စက်များ အလုံအလောက်ရှိမည်ဟု အာမခံနိုင်မည်ဟု မျှော်လင့်ကြောင်းဆိုသည် ထိုမှသာ သူတို့အေနဖြင့် ဤအလုပ်ကို ချောချောမွေ့မွေ့ ပြီးမြောက်နိုင်မည်ပင်။
ဟုတ်ပါ၏ ရှုယီက ၎င်းတို့ကို ထောက်ခံခဲ့သည်။ တိုင်ပင်ပြီးနောက်၊ ရှုယီသည် ဒရိတ်ခ်နယ်မြေတွင်ပြုလုပ်သော စိုက်ပျိုးရေးမှော်စက်များ၏ အပိုင်းတစ်ခုကို ကန်တိုနာ ကုန်သည်ကြီးများအသင်းသို့ ထောက်ပံ့ပေးခဲ့သည်။
ထို့ကြောင့်၊ ကန်တိုနာ ကုန်သည်ကြီးများအသင်းသည် ဒရိတ်ခ်နယ်မြေအား လာမည့်နှစ်နှစ်အတွင်း ၎င်းတို့၏လယ်ယာမြေများ တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးရမည်ဖြစ်သည်။
ဟုတ်ပါ၏၊ ရှုယီဟာ ၎င်းတို့ စေ့စပ်ညှိနှိုင်းမှုအသေးစိတ်ကို ဂရုမစိုက်ပါချေ။ သူပထမဆုံးလုပ်ရမည့်အရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးသို့ ပြန်သွားပြီး မားလိုအင်ပါယာ၏ ကြီးမားသည့်လိုအပ်ချက်အတွက် ပြင်ဆင်ဖို့ပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုစွမ်းရည်သည် ရှုယီအတွက် အမြဲတမ်း ပြဿနာတစ်ခုဖြစ်ခဲ့သည်။ စန်ချယ်လီသည် စက်ရုံများ၏ ကုန်ထုတ်စွမ်းအားကို များစွာတိုးတက်စေသည့် အလိုအလျောက်ထုတ်လုပ်သည့် မှော်စက်များကို ဖန်တီးခဲ့လျှင်ပင်၊ ရှုယီ ကျေနပ်သည့်အဆင့်ကို ရောက်အောင်မသွားနိုင်ခြင်းအတွက် ကန့်သတ်ချက်တွေရှိနေတုန်းပါပင်။
အဓိက အကြောင်းအရင်းမှာ အလုပ်သမား နည်းပါးခြင်းကြောင့် ဖြစ်သည်။
လုပ်သားပြဿနာသည် လူနည်းပါးရုံသာမက၊ အဆိုးဆုံးအချက်မှာ ကျွမ်းကျင်လုပ်သား နည်းပါးခြင်းပင်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း သည် မှော်စက်လုပ်ငန်းကျွမ်းကျင်မှုကို လေ့ကျင့်ပေးခြင်း၏ စိတ်ကူးကို အခိုင်အမာ မြှင့်တင်ခဲ့သည်ဟု ဆိုရမည်။ ယခုအခါ မှော်စက်များကို အသုံးပြုနိုင်သူများ ပိုများလာသဖြင့် ဤပြဿနာသည် ကြီးလေးသောကိစ္စမဟုတ်ပေ။
သို့သော် မှော်ပညာရှင်များနှင့်ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မှန်ကန်သောအဖြေကို ရှာဖွေရန်ခက်ခဲသည်။
Frestech ကုန်သည်ကြီးများအသင်းသည် သာမန်မှော်ပညာရှင်များအား မလိုအပ်ဘဲ မှော်စက်များအကြောင်း နားလည်မှုအချို့ရှိရမည်။ သူတို့သည် မှော်အစီအရင် အမျိုးမျိုးကို မည်ကဲ့သို့ ခင်းကျင်းရမည်အား သိရှိခဲ့ကြပြီး မှော်အစီအရင်တွင် အလွန်ကျွမ်းကျင်သော မှော်ပညာရှင်များဖြစ်လာခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏အစောပိုင်းကာလများတွင်၊ ဤကဏ္ဍအတွက်လိုအပ်ချက်များသည်မမြင့်မားပေ။ ကုမ္ပဏီအတွက် မှော်ပညာရှင်တွေ အလုပ်လာလုပ်ရုံဖြင့် ရှုယီကျေနပ်ဖို့ လုံလောက်နေပြီပင်၊ သူဟာ မည်သို့များ ဇီဇာကြောင်နေသေးသနည်း။
သို့သော် Frestech ကုန်သည်ကြီးများအသင်း ပိုကြီးမားလာသောအခါ၊ ရှုယီသည် မှော်စက် စက်မှုလုပ်ငန်းကြီးတစ်ခုလုံးကို ဖော်ဆောင်ရန် အလွန်အရေးကြီးပါ၏။ အရင်က ရှိသည်ပအရာတွေက ရှုယီကို မကျေနပ်နိုင်စေတော့သလို အမျိုးမျိုးသော မှော်စက်တွေအတွက် တိကျသောလိုအပ်ချက်တွေကို စတင်လိုအပ်လာသည်။
Frestech ကုန်သည်ကြီးများအသင်း သည် အခြားကုမ္ပဏီများသို့ စံသတ်မှတ်ခြင်းဆိုင်ရာ အယူအဆကို ဖြန့်ကျက်လိုက်သောအခါ ၎င်းတို့ အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်ပိုင်စံနှုန်းများကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
ဤကဲ့သို့ပင်၊ ဤ မှော်အစီအရင်များကို စီစဉ်ပေးသော အဆင့်နိမ့်မှော်ပညာရှင်များ၏ ပြင်းထန်သောလိုအပ်ချက်များ ရှိပါ၏။
နောက်ဆုံးအကြိမ်၌ မဟာမှော်ပညာရှင် ဖာဂူဆန်သည် Frestech ကုန်သည်ကြီးများအသင်း၏အကူအညီဖြင့် ၎င်းတို့၏ နေထိုင်မှုအခြေအနေများကို ဖြေရှင်းရန် မှော်ပညာရှင်ငါးဆယ်ကို ခေါ်ဆောင်လာခဲ့သည်။ ရှုယီက ဤမှော်ပညာများက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရန် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းက ၎င်းကြောင့် ဖြစ်သည်။
အကယ်၍ ၎င်းတို့တွင် လေ့ကျင့်ရေး သို့မဟုတ် လုပ်ငန်းအတွေ့အကြုံမရှိပါက Frestech ကုန်သည်ကြီးများအသင်းတွင် ဤမှော်ပညာရှင်များသည် ၎င်းတို့၏အလုပ်ကို လွယ်ကူစွာရှာဖွေရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် သြဇာကြီးမားလာပြီး၊ ပတ်ဝန်းကျင်နိုင်ငံမှ မှော်ပညာရှင်များသည် ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ခြင်းကို ဆန့်ကျင်ခြင်းမရှိတော့ဘဲ၊ သူတို့အတွက် အလုပ်လုပ်ဖို့ အလျင်စလိုဖြစ်လာကြရာ Frestech ကုန်သည်ကြီးများအသင်းက ဇီဇာကြောင်လာပြီး ထိုမှော်ပညာများကို စတင်စစ်ဆေးလာသည်။
ထို့ကြောင့် ရှုယီသည် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို အမြဲမြှင့်တင်လိုသော်လည်း မှော်ပညာရှင်အရေအတွက် ကန့်သတ်ထားသောကြောင့် ၎င်းတို့၏ အတိုင်းအတာကို အမှန်တကယ် မတိုးနိုင်ပေ။
ထို့ကြောင့် မဟာမှော်ပညာရှင် ဖာဂူဆန်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် တွဲဖက်လုပ်ကိုင်ရန် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကိုယ်စား ရုတ်တရက်ရောက်လာသည်။ ရှုယီ အနည်းငယ် စိတ်ပူနေခဲ့သော်လည်း သူသည် အလွန်မျှော်လင့်ထားဆဲဖြစ်သည်။ သူသည် ဤပြဿနာကို အမှန်တကယ်ပြောင်းလဲရန် မှော်ပညာရှင်များ အဖွဲ့အစည်း ဌာနချုပ်ကို အသုံးပြုလိုခဲ့သည်။
မဟာမှော်ပညာရှင် ဖာဂူဆန် မရှိတော့သည့်လများတွင်၊ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းသည် မှော်စက်လုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ချောမွေ့စွာ လုပ်ဆောင်နေ၏။
အစပိုင်းတွင် လဝက်တိုင်း၌ တစ်ကြိမ်သာ ကျင်းပခဲ့သော်လည်း လမ်ပူရီတိုင်းပြည်ရှိရှိ အဆင့်နိမ့်မှော်ပညာရှင်အများစုကြားတွင် အံ့အားသင့်ဖွယ် ရေပန်းစားခဲ့သောကြောင့် အကြိမ်ရေကို တိုးမြှင့်ခဲ့ရသည်။ ယခုအခါ တစ်ပတ်လျှင် တစ်ကြိမ် ကျင်းပနေပြီး ဆွေးနွေးပွဲ ၁၁ ခု ကျင်းပပြီးနေပြီဖြစ်သည်။
ဤဆွေးနွေးပွဲများတွင် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏အတွေ့အကြုံများကို ဆွေးနွေးရန် ကိုယ်ပိုင်မှော်ပညာရှင်များကို စေလွှတ်ခဲ့၏။ ၎င်းတို့မှာ မှော်စက်လုပ်ငန်းကို နက်နဲစွာ နားလည်သဘောပေါက်နိုင်စေရန် Frestech ကုန်သည်ကြီးများအသင်းရှိ ၎င်းတို့၏ လုပ်ငန်းအကြောင်း အသေးစိတ်ကို ဆွေးနွေးခဲ့ကြသည်။
ဤ ၁၁ ကြိမ်မြောက် နှီးနှောဖလှယ်ပွဲပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းမှ ပို့ချချက်ကြောင့် တွန်းအားပေးခံခဲ့ကြရသော အဆင့်နိမ့် မှော်ပညာရှင်အများအပြား ရှိခဲ့ပါ၏။ ၎င်းတို့၏ မှော်စက်လုပ်ငန်းကို ဝင်ရောက်ရန် ပြင်းပြင်းထန်ထန် စိတ်ပါဝင်စားမှု ဖြစ်ထွန်းလာခဲ့သည်။
သို့ပေမယ့် ၎င်းတို့ လုံးဝ မသိသည့် အချိန်နှင့် နှိုင်းယှဉ်ပါလျှင် ဤ ၁၁ ကြိမ်မြောက် ဆွေးနွေးပွဲ အပြီးမှာ ၎င်းတို့ ဟာ ရှင်းရှင်းလင်းလင်း နားလည်မှု ရှိလာသည်။
၎င်းတို့ဆွဲသည့် နိဂုံးက မှော်သုတေသနဌာနနှင့် အတူတူပါပင်။ မှော်စက်လုပ်ငန်းသည် အနှိုင်းမဲ့ကြီးမားပြီး မှော်ပညာရှင်အမြောက်အမြားကို လိုအပ်သော သုတေသနနယ်ပယ်များစွာရှိသည်။ ၎င်းတို့သည် မှော်ပညာကို လေ့လာပြီး အကြောင်းအရာတစ်ခုကို အာရုံစိုက်နေသရွေ့ အရာအားလုံးကို သိရန်မလိုအပ်ဘဲ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ စတက်တိန်းနယ်မြေတွင် မှော်စက်လုပ်ငန်းအကြောင်း မှော်ပညာရှင်များကို သင်ကြားပေးရန် မှော်စက်မှုသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်တော့မည်ဟု ကြေညာပြီးနောက်၊တစ်လခွဲအတွင်း အကြိုအဆင့်းနှင့် ဒုတိယအဆင့် မှော်ပညာရှင်များအနက် စာရင်းသွင်းသူ နှစ်ထောင်ကျော်ရှိခဲ့သည်။
တတိယအဆင့်နှင့် အထက်တအဆင့် မှော်ပညာရှင်အချို့ကလည်း မှော်စက်လုပ်ငန်းအကြောင်း သင်ယူလိုကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ထို့ကြောင့် ဤသင်တန်းကျောင်းသည် ပတ်ဝန်းကျင်နိုင်ငံများရှိ အဆင့်နိမ့်မှော်ပညာရှင်များအတွက် အာရုံစိုက်မှုဗဟိုဖြစ်လာခဲ့သည်။
ထို့အပြင်၊ Frestech ကုန်သည်ကြီးများအသင်းသည် ကျောင်းသို့လာသူများအတွက်အတော်လေးကောင်းသောကမ်းလှမ်းချက်များကို ကမ်းလှမ်းခဲ့သည်။
မှော်စက်လုပ်ငန်းတွင် အလုပ် လုပ်ကိုင်ခွင့်ရရန် ကတိပြုထားသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသရွေ့၊ Frestech ကုန်သည်ကြီးများအသင်းကို အရင်စဉ်းစားပြီး ကျောင်းကို အခမဲ့တက်လို့ရပါ၏။
အချို့သော အခြေအနေများကိုပါ လက်ခံပါက ၎င်းတို့၏ နေထိုင်မှုစရိတ်များကိုပင် ပေးဆောင်နိုင်မည်ဖြစ်သည်။
ဤအခြေအနေနှစ်ခုသည် စီးပွားရေးအခြေအနေညံ့ဖျင်းသော အဆင့်နိမ့်မှော်ပညာရှင်များအတွက် သံသယဖြစ်ဖွယ်မရှိပေ။ ထို့ကြောင့် အချို့သောသတင်းစာများက Frestech ကုန်သည်ကြီးများအသင်းမှ ငွေဖြင့်တိုက်ခိုက်ခြင်းသည် မျိုးရိုးမြင့်မှော်ပညာရှင်များကို စော်ကားခြင်းဖြစ်သည်ဟု ဆိုလာသော်လည်း၊ Frestech ကုန်သည်ကြီးများအသင်း၏အခြေအနေများကိုလက်ခံရန်ရွေးချယ်ခဲ့သော မရေမတွက်နိုင်သည့်မှော်ပညာရှင်များရှိသည်။
ရှုယီသည် မားလိုအင်ပါယာမှ ပြန်လာ၍ အစီရင်ခံစာကို မြင်သောအခါ၊ Frestech ကုန်သည်ကြီးများအသင်း နှင့် စာချုပ်ချုပ်ထားသည့် အဆင့်နိမ့်မှော်ပညာရှင် အယောက်ပေါင်း တစ်ထောင်သုံးရာ့ခြောက်ယောက်ရှိနေပြီပင်။ ၎င်းတို့ထဲမှ ထက်ဝက်ကျော်သည် Frestech ကုန်သည်ကြီးများအသင်း၏ နောက်ထပ်အခြေအနေများကိုပါ လက်မှတ်ရေးထိုးရန် ဆန္ဒရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်၊ လမ်ပူရီတိုင်းပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံများမှ အကယ်ဒမီသို့ ရောက်ရှိလာသော မရေမတွက်နိုင်သော အဆင့်နိမ့်မှော်ပညာရှင်များလည်း ရှိခဲ့သည်။
မထင်မှတ်ထားသည့်အရာ ဘာမှမဖြစ်ခဲ့ဘူးဆိုပါလျှင် ဤကိန်းဂဏန်းနှစ်ခုက ဆက်ပြီးတိုးနေလိမ့်မည်။
ပတ်ဝန်းကျင်နိုင်ငံမှ မှော်ပညာရှင်များအား မှော်စက်လုပ်ငန်းတွင် အသုံးပြုနေကြပြီဖြစ်သောကြောင့် ရှုယီအတွက် ဤအခြေအနေသည် အံ့သြစရာမဟုတ်ပေ၊ ၎င်းတို့သည် ပထမနှစ်အနည်းငယ်ကကဲ့သို့ ဆန့်ကျင်ခြင်းမရှိပေ။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသည် ညံ့ဖျင်းသော မှော်ပညာရှင်များကို ငြင်းပယ်ရန် မဖြစ်နိုင်သည့် အခြေအနေကောင်းများကို ပေးထားသည်။
ရှုယီသည် ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်လုပ်ငန်းတွင် အလုပ်လုပ်ရန် အရည်အချင်းရှိသူများဖြစ်လာရန် မမျှော်လင့်ထားသော်လည်း ဤမျှကြီးမားသောအခြေခံဖြင့် သူသည် လူကောင်းအချို့ကို ရွေးချယ်နိုင်လောက်သည်။
အရေးကြီးဆုံးအချက်ကတော့ ၎င်းကိုလုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ မှော်ပညာရှင်များ၏ ခေါင်းထဲသို့ အကြံဥာဏ်တစ်ခု ပေးနိုင်မည်ဖြစ်သည်။ မှော်ပညာကို လေ့လာရုံမျှဖြင့် အစွမ်းထက်မြက်သူ ဖြစ်လာနိုင်သည် မဟုတ်ပေ။
မှော်ပညာရှင်တိုင်းတွင် အစွမ်းထက်သော မှော်ပညာရှင် သို့မဟုတ် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာရန် အရည်အချင်းမရှိသောကြောင့် မှော်ပညာကို အာရုံစိုက်လေ့လာခြင်းမှလွဲ၍ မှော်စက်လုပ်ငန်းတွင် ပါဝင်ရန် ရွေးချယ်နိုင်သည်။
ဤအရာကို မှော်ပညာရှင်များအစည်းအရုံးဌာနချုပ်မှ နားလည်နိုင်မည်ဟု ရှုယီ မျှော်လင့်ခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၈။ တကယ်ပဲ အဖွဲ့အစည်းကို မင်းနဲ့တွဲလုပ်ခွင့်ပေးလိုက်တာလား?
မားလိုအင်ပါယာနှင့် ကန်ဒရာအင်ပါယာတို့မှာစိုင်စ်နယ်မြေကြီး၌ အကြီးဆုံးနိုင်ငံများဖြစ်ကြပြီး ၎င်းတို့၏နယ်မြေနှစ်ခုပေါင်းမှာ နယ်မြေကြီး၏ တစ်ဝက်ကျော်လောက်ရှိသည်။
အနှီ အနှိုင်းအဆမဲ့ နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် နယ်စပ်မှာ ကီလိုမီတာတစ်သောင်းကျော်ရှိသည်။ ၎င်းက စိုင်စ်နယ်မြေကြီး၏ ဗဟို၌ မျဉ်းကြောင်းဆွဲသားသွားပြီး မြောက်ဘက်က မားလိုအင်ပါယာနှင့် တောင်ဘက်က ကန်ဒရာအင်ပါယာဖြစ်ကာ ထင်ထင်ရှားရှားအမှတ်အသားပြုထားလေသည်။
မြေပုံကိုကြည့်လျှင် နယ်မြေကြီး၏အလယ်ဗဟိုကိုဖြတ်၍ဆွဲထားသော ရှည်လျားသောနယ်နိမိတ်တွင် မြေမှတူးထားသောအပိုင်းတစ်ပိုင်းရှိနေသည်ကိုတွေ့လိမ့်မည်။
သို့ပေမယ့် မြေပုံပေါ်ရှိထိုအရာ၏ အမည်ကို မြင်လိုက်ရလျှင် သဘာဝကျသည်ဟုမြင်ရမည်ပင်။
အဘယ့်ကြောင့်ဆိုသော် ထို့မြေနေရာကို ကောင်းကင်ပေါ် ရဲတိုက်ဟု ခေါ်ပါ၏။
ကောင်းကင်ပေါ် ရဲတိုက်၊ ၎င်းကို နယ်မြေကြီးပေါ်ရှိ အထူးခြားဆုံးမြို့တော့ဟု ယူဆနိုင်ပြီး အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်၊ ၎င်းသည် မှော်ပညာရှင်များအဖွဲ့အစည်း၏ဌာနချုပ်ရှိရာဖြစ်သည်။
လွန်ခဲ့သော အနှစ်သုံးထောင်က ပြိုင်ဆိုင်မှုများကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းသည် စိုင်စ်နယ်မြေကြီးတွင် တစ်ချိန်လုံး တည်ရှိနေခဲ့သည်။
ဤနှစ်ပေါင်းသုံးထောင်အတွင်း နယ်မြေကြီးတွင် အပြောင်းအလဲများစွာရှိခဲ့ပြီး နိုင်ငံများမည်သို့ပင်ပြောင်းလဲသွားပါစေ၊ ကောင်းကင်ပေါ်ရဲတိုက်သည် မည်သူမျှ မနှောင့်ယှက်ဝံ့သောနေရာတစ်ခုဖြစ်သည်။
လူတိုင်း၏နှလုံးသားထဲတွင် ဤနေရာသည် မှော်ပညာရှင်များအတွက် မြင့်မြတ်သောနေရာဖြစ်ပြီး ကမ္ဘာပေါ်တွင် စွမ်းအားအရှိဆုံး လျှို့ဝှက်ဆန်းကြယ်သောမြို့ဖြစ်သည်။
မားလိုအင်ပါယာ သို့မဟုတ် ကန်ဒရာ အင်ပါယာကို မဆိုထားနှင့် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်ငါးရာက နယ်မြေကြီးကို ဖွဲ့စည်းခဲ့သော အတ္တလန္တိတ် အင်ပါယာပင်လျှင် ၎င်းတို့၏ စစ်တပ်ကို ထိုနေရာသို့ မစေလွှတ်ဝံ့ပါ။
မှော်ပညာရှင်များအဖွဲ့အစည်းကို စော်ကားပါလျှင် နယ်မြေကြီးပေါ်ရှိ မှော်ပညာရှင်အားလုံးကို စော်ကားခြင်းနှင့် အတူတူပင်။
ကောင်းကင်ပေါ် ရဲတိုက်သည် မြို့ဖြစ်သော်လည်း ကြီးမားသောမြေပြင်ကို သိမ်းပိုက်ထားသည်။ ၎င်းတွင် နယ်နိမိတ် ကီလိုမီတာ သုံးထောင်ကျော် ရှိပြီး အဓိက ဧရိယာ ကိုသာ ကောင်းကင်ပေါ် ရဲတိုက် အစစ် ဟုခေါ်နိုင်သည်။ ကျန်နေရာအားလုံးသည် မှော်ပညာရှင်များအဖွဲ့အစည်းပိုင်နယ်မြေများဖြစ်သည်။
အင်ပါယာနှစ်ခု၏ မြို့တော်ကြီးများထက်ပင် ကြီးမားသည့် ကောင်းကင်ပေါ် ရဲတိုက်ကြီးတွင်၊ တိမ်တိုက်ထဲသို့ ရောက်ရှိသွားသော မြို့တော်၏ တကယ့်အထွတ်အထိပ်ဒေသလည်း ရှိသည်။
ကျောက်မျှော်စင်ကြီးသည် မီတာသုံးရာကျော်မြင့်ပြီး အဝေးမှကြည့်လျှင် ကောင်းကင်သို့ရောက်ရှိသွားသော အပ်တစ်ချောင်းလိုပင်။
(*စွန်းဝူခုံးရဲ့ လက်နက်ဖြစ်တဲ့ တုတ်ကိုပြောချင်တာပါ)
အစပိုင်းတွင် ဤကျောက်မျှော်စင်သည် အထပ်ခုနစ်ထပ်သာရှိပြီး မီတာနှစ်ဆယ်အောက်သာရှိသော်လည်း မှော်ပညာရှင်များအဖွဲ့အစည်း ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ကျောက်မျှော်စင်သည် ပိုမိုမြင့်မားလာသည်။ အဆုံးတွင် ၎င်းသည် အံ့သြဖွယ်ကောင်းသော အမြင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
ဟုတ်ပါ၏၊ စိုင်စ်နယ်မြေကြီး၏ လက်ရှိတည်ဆောက်မှုစံနှုန်းအရ ထိုမျှမြင့်သည့် အရာတစ်ခုကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါချေ။
ဤကျောက်မျှော်စင်ပေါ်တွင် မှော်ပညာရှင်များအဖွဲ့အစည်းထားသော အစွမ်းထက်သည့် မှော်အစီအရင်ကြောင့် ရပ်နေနိုင်သည်ဟု အာမခံနိုင်ပါ၏။
ကောင်းကင်ပေါ်မျှော်စင်ဟု အမည်ပေးထားသည့် ဤကျောက်မျှော်စင်သည် ကောင်းကင်ပေါ်မြို့တော်၏ သင်္ကေတသာမက မှော်ပညာရှင်များအဖွဲ့အစည်း၏ စွမ်းအားကို ကိုယ်စားပြုခြင်းလည်းဖြစ်သည်။
သို့ပေမယ့် ကောင်းကင်ပေါ်မျှော်စင်၏ အထွတ်အထိပ်ကို ရောက်ဖို့ အရည်အချင်းပြည့်မီကာ ၎င်းကို ဖြတ်ကျော်၍ကြည့်လိုက်ပါလျှင် ပိုလို့တောင် အံ့သြစရာကောင်းသည်ါ အရာတစ်ခုကို တွေ့ရလိမ့်မည်။
ကောင်းကင်ပေါ်မျှော်စင်သည် မြေပြင်မှ မီတာသုံးရာခန့်ရှိနေပြီဖြစ်သော်လည်း ၎င်း၏အထွတ်အထိပ်တွင် ကောင်းကင်၌ လွင့်မျောနေသည့် ကြီးမားသောအချပ်ပြားတစ်ခုရှိသည်။ ၎င်းအား ကောင်းကင်တွင်ရှိ လေများကပင် မလှုပ်ရှားစေနိုင်ပေ။
ဤအံ့သြဖွယ်ချပ်ပြားသည် စိုင်စ်နယ်မြေကြီးရှိ ကောင်းကင်နှင့် အနီးဆုံးနေရာဖြစ်ပြီး မှော်ပညာရှင်များအားလုံး၏ စိတ်နှလုံးထဲတွင် မြင့်မြတ်သောနေရာဖြစ်သည့် မှော်နတ်ဘုရားပလ္လင် ဖြစ်သည်။
ဤမြင့်မြတ်သောမြေသည် တားမြစ်မြေဖြစ်ခဲ့သည်။ မှော်ပညာရှင်များအဖွဲ့အစည်း၏အကြီးအကဲများအားလုံး၏ခွင့်ပြုချက်မရဘဲ ဤနေရာသို့ဝင်ရောက်ရန်ကြိုးစားပါက၊ ၎င်းတို့သည် အညှာအတာကင်းမဲ့စွာ အရိုက်ခံရမည်ဖြစ်သည်။
ကောင်စီသည် ၎င်းတို့၏ အရေးကြီးသည့်အရာများကို ဆုံးဖြတ်သောအခါ အများစုအား ထိုနေရာတွင် ခေါ်ယူကျင်းပလေ့ရှိသည်။
ယနေ့ ကောင်စီတွင် လစဉ်ပုံမှန်အစည်းအဝေးရှိသောကြောင့် တာဝန်ကျနေသော အကြီးအကဲ သုံးဦးမှလွဲ၍ အခြား အကြီးအကဲ ဆယ့်သုံးပါးလုံး စုဝေးခဲ့ကြသည်။
လူတိုင်းသည် မဟာမှော်ပညာရှင်ဖာဂူဆန်အား အာရုံစူးစိုက်စွာ နားထောင်ကာ လက်ရှိသူ၏ အစီရင်ခံစာကို ရေးသားနေ၏။
“.....ကျုပ်ရဲ့ လေ့လာတွေ့ရှိချက်အရ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်နေတဲ့ မှော်ပညာရှင်တွေဟာ မှော်အစီအရင်နဲ့ပတ်သက်တဲ့ အဆင့်တူ အခြားမှော်ပညာရှင်တွေကို ကျော်လွန်သွားကြတယ်။....မဟုတ်ဘူး၊ နည်းနည်းလေးမဟုတ်ဘဲ၊ အများကြီး ကျော်သွားကြတာပါ။ တခြားကဏ္ဍတွေအတွက်တော့ မှန်ကန်စွာ အကဲဖြတ်ဖို့ အချိန်မရှိတာကြောင့် လောလောဆယ် ကောက်ချက်မချနိုင်သေးပါဘူး။”
မဟာမှော်ပညာရှင် ဖာဂူဆန်က သူပြင်ဆင်ထားသည့် အစီရင်ခံစာကို ချလိုက်ပြီး ကောင်စီ၏ အခြား အကြီးအကဲ ၁၂ ယောက်ကို ကြည့်၍ လည်ချောင်းကို ရှင်းထုတ်ပြီး လေးနက်သော အကြည့်ဖြင့် ပြောသည် ။ “ နိဂုံးချုပ်ရရင် Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်နေတဲ့ မှော်ပညာရှင်တွေရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ကျုပ် အရမ်းခံစားရပါတယ်။ ဒါကြောင့် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုနဲ့အတူ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တာကို ကျုပ် ထောက်ခံပါတယ်။"
အခြားအကြီးအကဲများသည် စားပွဲအလယ်တွင် ထိုင်နေသော အဖြူရောင်ဝတ်လုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအဘိုးအိုက အရှေ့သို့လှည့်လာသည်တွင် ငြိမ်သက်သွားကြသည်။
ဤအဖြူရောင်ဝတ်ရုံဝတ်မှော်ပညာရှင်သည် စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များအဖွဲ့အစည်းလက်ရှိဥက္ကဌ ရော့ဒ်ဒရစ် ဂက်စ်စီဝန် ဖြစ်သည်။ ယခုနှစ်တွင် အသက် ခုနစ်ဆယ့်သုံးဖြစ်သော်လည်း သူ့ခေါင်းထက်၌ ဆံပင်ဖြူတစ်ခုမျှ မရှိဘဲ သူ့မျက်နှာက နီရဲကာအရမ်းကျန်းမာနေပုံပါပင်။
လွန်ခဲ့သည့် နှစ်ဆယ့်သုံးနှစ်ခန့်က သူ ဥက္ကဌအဖြစ် ရာထူးရယူပြီးနောက်၊ မှော်ပညာရှင်များအဖွဲ့အစည်း၏ ဩဇာအာဏာနှင့် ကျော်ကြားမှုသည် နယ်မြေကြီးတွင် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာခဲ့ရာ ၎င်းကို သူ့ထံမှ ဖယ်ထုတ်၍မရပေ။
ကောင်စီသည် တစ်ခုခုကို ဆုံးဖြတ်ရန် လိုအပ်သောအခါတွင် လူတိုင်းသည် မိမိ၏ ထင်မြင်ချက်ကို ဦးစွာ နားထောင်သည့် အလေ့အထ ရှိကြသည်။
လူတိုင်းကြည့်ရှုနေသည့် ဥက္ကဌ ဂက်စ်စီဝန် သည် မဟာမှော်ပညာရှင် ဖာဂူဆန်အား အနည်းငယ် စဉ်းစား၍မေးလာသည် “ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရဲ့ သဘောထားကရော"
မဟာမှော်ပညာရှင် ဖာဂူဆန်က အနည်းငယ် အံ့သြသွားသည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေသော မှော်ပညာရှင်များအဖွဲ့အစည်း၏ ကိစ္စရပ်ကို သူတင်ပြလာရာ၊ ဥက္ကဌက အဘယ့်ကြောင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာဘက်သို့ခေါင်းစဉ်ကို ရုတ်တရက်ပြောင်းရသနည်း?
"ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာက ရှင်းရှင်းလင်းလင်း ထုတ်မပြောပေမယ့်......" မှော်ဆရာကြီး ဖာဂူဆန်က ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာ နဲ့ တွေ့တုန်းက အကြောင်းကို စဉ်းစားပြီး ပြန်ပြောခဲ့တယ်။ “ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှုယီကို ထောက်ခံပါတယ်၊ သူပေးတဲ့ခံစားချက်က Frestech ကုန်သည်ကြီးများအသင်းကိုအရမ်းကျေနပ်နေပြီး အရမ်းရင်းနှီးနေသလိုပါပဲ။"
"ရှုယီက သူ့မြေးမရဲ့ခင်ပွန်းမို့လား?" အကြီးအကဲတစ်ယောက်က ပြုံးပြီးမေးသည်။
"မဟုတ်ဘူး၊ ဒီလိုကြောင့်မဟုတ်ဘူး။" မဟာမှော်ပညာရှင် ဖာဂူဆန်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏၊ "ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက သူ့လက်ရှိအလုပ်ကို သဘောကျနေပြီး အရမ်းစိတ်အားထက်သန်နေတာကို ကျုပ်မြင်ရတယ်"
“ဒါက.....”
အခြားအကြီးအကဲများက မယုံနိုင်စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
ဤသည်မှာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်သည်။
နယ်မြေကြီးရှိ မှော်လောက၏ အထွတ်အထိပ်တွင် ရှိသော ခေါင်းဆောင်မှော်ပညာရှင်အနေဖြင့် သူသည် မှော်စက်များကဲ့သို့ သေးငယ်သော အရာတစ်ခုတွင် မြှုပ်နှံထားခဲ့သည်။ ဒါက တကယ်ကို မယုံနိုင်စရာပါပင်။
"ရှုယီရဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရဲ့ ရပ်တည်ချက်ကရော" ဥက္ကဌ ဂက်စ်စီဝန် က ထပ်မေးသည်။
မဟာမှော်ပညာရှင် ဖာဂူဆန် ဥက္ကဌ ဂက်စ်စီဝန်သည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို အဘယ်ကြောင့် အာရုံစိုက်ခဲ့သည်ကို မအံ့သြတော့ပါချေ။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကိုပါ ထည့်သွင်းလိုက်ပါက၊ နယ်မြေကြီးတွင် ခေါင်းဆောင်မှော်ပညာရှင်နှစ်ဆယ့်ရှစ်ဦးသာရှိပြီး တစ်ဦးချင်းစီသည် နယ်မြေကြီးတွင် အထွတ်အထိပ်ဇာတ်ကောင်များဖြစ်သည်။
မဟာမှော်ပညာရှင်ကမ်မီလာသည်၊ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာကြောင်း လမ်ပူရီတိုင်းပြည်မှ သတင်းပို့သောအခါ မှော်ပညာရှင်များအဖွဲ့အစည်း၌ ကြီးမားသော တုန်လှုပ်ချောက်ချားမှုကြီးကို ဖန်တီးခဲ့သည်။
ခေါင်းဆောင်မှော်ပညာရှင် မပေါ်လာသည်မှာ ကိုးနှစ်တောင်ပြည့်သွားပြီဖြစ်သည့်အတွက် မှော်ပညာရှင်များအဖွဲ့အစည်းဟာ အန္တရာယ်အနည်းငယ်ရှိလာခဲ့သည်။
နောက်ဆုံးတွင်၊ မှော်ပညာရှင်များအဖွဲ့အစည်း၏ကျော်ကြားမှုနှင့် ဩဇာသည် မှော်ပညာရှင်များအားလုံးအပေါ်တွင် မူတည်၏။ သို့မဟုတ် ပိုရှင်းအောင်ပြောရလျှင် ၎င်းတို့သည် မဟာမှော်ပညာရှင် သို့မဟုတ် ခေါင်းဆောင်မှော်ပညာရှင်ကဲ့သို့သော ထိပ်တန်းမှော်ဆရာများကို အခြေပြုထားရသည်။
အထူးသဖြင့် ခေါင်းဆောင်မှော်ပညာရှင်များသည် သာမန်မှော်ပညာရှင်များထက်သာလွန်သောကြောင့်ဖြစ်သည်။ ၎င်းတို့တစ်ဦးစီသည် အရာများစွာအတွက် အဆုံးအဖြတ်ပေးနိုင်သည်၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် မှော်ပညာရှင်များအဖွဲ့အစည်းက ဤကဲ့သို့သော အရာများကို အလွန်အလေးထားကြလိမ့်မည်။
မားလိုအင်ပါယာနှင့် ကန်ဒရာ အင်ပါယာတွင် ခေါင်းဆောင်မှော်ပညာရှင်ခုနစ်ယောက်စီ အသီးသီးရှိကြပြီး တစ်ဦးစီတွင် ထိပ်တန်းမျိုးရိုးမြင့်များနှင့် မနှိုင်းယှဉ်နိုင်သော အလွန်မြင့်မားသည့်ရာထူးများရှိသည်။
ခေါင်းဆောင်မှော်ပညာရှင်သည် လမ်ပူရီတိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးတွင် ပေါ်လာလျှင် ၎င်းမှာဘုရင်နှင့် တူညီသော အနေအထားတွင် ရှိနေမည်ဖြစ်သည်။
သို့သော် မည်သူမျှ မမျှော်လင့်ထားသည့်အရာမှာ လမ်ပူရီတိုင်းပြည်မှလာသော ခေါင်းဆောင်မှော်ပညာရှင်သည် ကုမ္ပဏီတစ်ခုအတွက် အလုပ်ဝင်ခဲ့ပြီး ၎င်းတို့၏ ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏မြေးသားမက်ဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်ရန်ဆန္ဒရှိသည်ဟု လူတိုင်းနီးပါးထင်ခဲ့ကြသည်။ ၎င်းသည် အဆုံးတွင် မျက်နှာသာပေးရုံမျှသာဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းသည် ခေါင်းဆောင်မှော်ပညာရှင်ကိုဆွဲဆောင်ရန် အရည်အချင်းပြည့်မီသည်ဟု မဆိုလိုပါချေ။
သို့ပေမယ့် အခုအချိန်မှာတော့ မဟာမှော်ပညာရှင်ဖာဂူဆန်က ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ သူ့ကိုယ်ပိုင်ဆန္ဒအရ လွတ်လွတ်လပ်လပ်ဖြင့် မှော်စက်များကို လေ့လာဖို့ အရမ်းစိတ်အားထက်သန်ခဲ့ခြင်းဟု ပြောလာသည်၊ ၎င်းက တကယ်ကို မည်သူမှ မထင်မှတ်ထားသည့် အရာပင်။
၎င်းကိုအခြေခံပြီး ရှုယီ၏ အစီအစဉ်အပေါ် ထောက်ခံမှုက အဆိုပြုချက်အပေါ် မှော်ပညာရှင်များအဖွဲ့အစည်း၏ သဘောထားကို ဆုံးဖြတ်ပေးပါလိမ့်မည်။
" ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ဘာမှ မပြောပေမယ့် ရှုယီက သူ့ကို တောင်းဆိုရင် ဒါကို သေချာပေါက် ကိုင်တွယ်နိုင်မှာမို့လို့ များအဖွဲ့အစည်း ကို သူနဲ့ အလုပ်တွဲလုပ်စေချင်တယ်" မဟာမှော်ပညာရှင် ဖာဂူဆန်က ပြန်ဖြေသည်။
"ကျုပ်တို့ သူနဲ့ အလုပ်လုပ်ရမှာလား" အကြီးအကဲအိုများသည် အံ့အားသင့်စွာဖြင့် မနေနိုင်ဘဲပြောလာသည်။
"ဟာသပဲ!" အကြီးအကဲတစ်ယောက်က စားပွဲကို ရိုက်လိုက်၏၊ “ကုမ္ပဏီငယ်တစ်ခုက ဌာနချုပ်ရဲ့ မျက်စိထဲသို့ ဝင်နိုင်တာကတင် သူတို့အတွက် ကောင်းချီးတစ်ခုဖြစ်နေပြီ။ ကျုပ်တို့ အစီအစဉ်ဆွဲထားတာကို မေ့ထားလိုက်ဦး၊ သူတို့အနေနဲ့ ကျုပ်တို့ကို သူတို့နဲ့ တွဲပြီး အလုပ်လုပ်စေချင်နေတာလား။ အမှားတစ်ခုခုများရှိလား!"
မဟာ မှော်ပညာရှင်ဖာဂူဆန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်၏ "ဒါ......ဒါက ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာပြောတာပါ။ ဥက္ကဌ ရှုက ဒါကို ဌာနချုပ်နဲ့ ဆွေးနွေးဖို့ မျှော်လင့်နေတာကြောင့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို အဲ့အခါကျ ဆုံးဖြတ်နိုင်မှာပါ”
"ဒါဆို ကျွမ်းကျင်ဘုန်းတော်ကြီး ကမ်မီလာ က ဒါကိုပြောတာဆိုရင်ရော ဘာလဲ။" အခြားအကြီးအကဲတစ်ဦးက ဆိုလာသည် “ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရဲ့ထင်မြင်ချက်ကို ကျုပ်တို့ လေးစားပါတယ်၊ ဒါပေမယ့် ဌာနချုပ်အနေနဲ့ ဒီကိစ္စမှာ ကျုပ်တို့ရဲ့လွှမ်းမိုးမှုကို စွန့်လွှတ်ရမယ်လို့ မဆိုလိုဘူး။ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ အစီအစဉ်ကိုပဲ နားထောင်ဖို့ လိုအပ်တာမို့ ဘယ်လိုဆိုးဝါးတဲ့ အစီအစဉ်ကိုမျှ စဉ်းစားနေဖို့ မလိုအပ်ပါဘူး။"
မဟာမှော်ပညာရှင် ဖာဂူဆန်သည် နေရခက်သော အကြည့်ဖြင့် နှိုးဆွခံလိုက်ရသော အကြီးအကဲများကို ကြည့်လိုက်သည်။ သူက ရှုယီ ချမှတ်ခဲ့သည့် အစီအစဉ်ကို ထောက်ခံကြောင်း ပြသခဲ့ရာ ယခုအချိန်မှာတော့ လူတိုင်းက ဒါကို ဆန့်ကျင်နေတာကြောင့် မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပင်။
သူသည် ဥက္ကဌ ဂက်စ်စီဝန်ဘက်သို့သာ လှည့်နိုင်ခဲ့သည်။
ထိုကိစ္စကို ဥက္ဌက ဆုံးဖြတ်ရဦးမယ်ဆိုတာ သူသိပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 6 , အခန်း ၉။ အေးခဲအစီအရင်အတွက် မလိုအပ်ပါ
အစည်းအဝေးပြီးချိန်တွင် ဥက္ကဌ ဂက်စ်စီဝန်မှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ သဘောထားကို မေးမြန်းခြင်းမှလွဲ မည်သည်မှ မပြောလာသောကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းကိစ္စမှာ မည်သည့်ကောက်ချက်ဆွဲမှုမှ မရှိလိုက်ချေ။
အခြားအကြီးအကဲများကမူ ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။ မည်သို့ဖြစ်ဖြစ် အဆုံးမသတ်သေးရာ ဥက္ကဌက သူ၏ ရပ်တည်ချက်ကို ပြလိမ့်မည်မဟုတ်ပေ။
အကြီးအကဲအများစုအတွက် Frestech ကုန်သည်ကြီးများအသင်း၏ကိစ္စသည် လုံးဝမဖော်ပြထိုက်သော ကိစ္စသေးသေးလေးမျှသာဖြစ်ကြောင်း ပြောဖို့လိုပေ။
ဤကိစ္စတွင် ဂုဏ်ထူးဆောင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုသည် အရေးပါသော မဟာမှော်ပညာရှင်တစ်ဦးဖြစ်သော်ငြား၊ ဤကိစ္စသည် အဆင့်နိမ့် မှော်ပညာရှင်များနှင့်သာ သက်ဆိုင်ပါသည်။
ဤအဆင့်နိမ့်မှော်ပညာရှင်များသည် စိုင်စ်နယ်မြေကြီးရှိ မှော်ပညာရှင်များ၏ 80% ကျော်ဖြင့် ဖွဲ့စည်းထားသော်လည်း အကြီးအကဲများ၏အမြင်တွင် ၎င်းတို့သည် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးလောက်ပင် အရေးမကြီးပေ။
ထို့ကြောင့် ၎င်းတို့ကို အချိန်ဖြုန်းမည့်အစား၊ အသစ်ရာထူးတိုးထားသော ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို ဆွဲခေါ်ရန် နည်းလမ်းကို စဉ်းစားခြင်းက ပိုကောင်းပါ၏။
ဘာပဲဖြစ်ဖြစ်၊ ထိုအဆင့်နိမ့် မှော်ပညာရှင်တွေဟာ မှော်အသိုင်းအဝိုင်းထဲမှာ ဆက်မနေနိုင်ရင် အရေးမကြီးပါပေ။ မှော်ပညာအရည်အချင်းရှိသူ မရေမတွက်နိုင်သော မှော်ပညာရှင်အသစ်များ ရှိလာမည်ဖြစ်သည်၊ ထို့ကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းသည် ၎င်းတို့၏အခြေခံအုတ်မြစ်အတွက် စိတ်ပူစရာမလိုပေ။
သို့ပေမယ့် အစည်းအဝေးအပြီးမှာတော့ ဥက္ကဌ ဂက်စ်စီဝန် ဟာ မဟာမှော်ပညာရှင်ဖာဂူဆန်အား နေခိုင်းခဲ့ပြီး သူတစ်ယောက်တည်းနှင့် စကားပြောချင်ကြောင်း ပြောခဲ့ပါ၏။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာပါ၀င်သည့်အတွက် တခြားအကြီးအကဲများက ၎င်းကို မအံ့သြပါပေ။ ဥက္ကဌ၏ အစောပိုင်းသဘောထားအပေါ်အခြေခံပြီး သူသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာအလွန်အလေးထားလောက်သည်။
မဟာ မှော်ပညာရှင်ဖာဂူဆန်တစ်ယောက်တည်းနှင့် စကားပြောရတာက ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အကြောင်း မေးချင်တာကြောင့်ပင်။
သို့သော်၊ လူတိုင်းထွက်ခွာသွားသောအခါတွင် ဥက္ကဌ ဂက်စ်စီဝန် နှင့် မဟာမှော်ပညာရှင်ဖာဂူဆန်တို့သာ ကျန်ခဲ့ပြီး မှော်နတ်ဘုရားပလ္လင်တွင် ဥက္ကဌ ဂက်စ်စီဝန် သည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အကြောင်းကို လုံးဝ မပြောခဲ့ပေ။
"ဖာဂူဆန်၊ Frestech ကုန်သည်ကြီးများအသင်း ရဲ့ လက်ရှိနှစ်စဉ်ဝင်ငွေက ဘယ်လောက်ရှိလဲ။"
မဟာမှော်ပညာရှင်ဖာဂူဆန်အံ့သြသွားသည်။ သူက Frestech ကုန်သည်ကြီးများအသင်း၏လျှို့ဝှက်ချက်ကို မည်သို့သိမည်နည်းဟု တွေးနေ၏။
"ငါ့ကို တိကျတဲ့ ကိန်းဂဏန်းတွေ မပြောပါနဲ့၊ ခန့်မှန်းချက်ပဲပေးလည်းရတယ်" ဥက္ကဌ ဂက်စ်စီဝန် က ဆက်ပြောသည်။
“ဒါက......” မဟာမှော်ပညာရှင်ဖာဂူဆန်က ခဏလောက် စဉ်းစားပြီး ခေါင်းကို ခါယမ်းသည် “ဥက္ကဌ၊ ကျုပ် ဒီအကြောင်းကို သိပ်နားမလည်ပါဘူး။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံး မှော်စက်အမျိုးမျိုးဟာ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အရမ်းရေပန်းစားတာတော့ သေချာပါတယ်။ ဒီအရာကို မားလိုအင်ပါယာကနေ စတက်တိန်းနယ်ေမြအထိ ကျုပ်မြင်ခဲ့ရတာ။ ဒါကြောင့် သူတို့တစ်နှစ်တာ ၀င်ငွေက အရမ်းများလောက်မယ်လို့ ကျုပ်ထင်တယ်။”
"အရမ်းမြင့်တယ်? ဘယ်လောက်မြင့်လဲ။ ဆယ်သန်းကျော်သွားနိုင်လား" ဥက္ကဌ ဂက်စ်စီဝန် က စိတ်ဝင်တစား အသံနှင့် ဆက်မေး၏။
"ဆယ်သန်း......မသေချာပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ အဓိကအုတ်မြစ်ကိုအခြေခံရရင် ဒီလောက်ရဖို့ ပြဿနာအများကြီးမရှိလောက်ဘူးလို့ထင်တယ်။ ဒီ့ထက်တောင် မြင့်လာနိုင်တယ်”
"ဟုတ်လား? ဒီလိုမျိုးဆိုရင်တော့ ဒီ ရှုယီချမှတ်ခဲ့တဲ့ အစီအစဉ်ကို လေးလေးနက်နက် စဉ်းစားရမှာပေါ့။” ဥက္ကဌ ဂက်စ်စီဝန် က အပြုံးမပျက်ဘဲ ပြောလိုက်ပါ၏။
"ဥက္ကဌ၊ ခင်ဗျား သူတို့နဲ့ ပူးပေါင်းဖို့ စီစဉ်နေတာလား။"
“သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငါ အစီအစဉ်ဆွဲထားပြီးသားပါ၊ ဒါပေမယ့် ကွာခြားချက်ကတော့ ပူးပေါင်းဆောင်ရွက်မှုအဆင့်ပဲ” ဥက္ကဌ ဂက်စ်စီဝန် ဆက်မပြောခင် ခေတ္တရပ်လိုက်သည်၊ "ဒီ ရှုယီက မဟာမှော်ပညာရှင် တစ်ဦး ဖြစ်တာကြောင့် Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်တစ်ခုတည်ဆောက်ဖို့အတွက် မှော်ပညာရှင်များအဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်လိုစိတ်ရှိပြီး ပြဿနာအချို့ကို ကူညီဖြေရှင်းပေးစေချင်မယ်ပဲထင်ခဲ့တာ။ ဒါပေမယ့် မင်းရဲ့အစီရင်ခံစာကိုမြင်ပြီးတာနဲ့ မတူဘူးလို့ ထင်တယ်"
မဟာမှော်ပညာရှင်ဖာဂူဆန်၏ မျက်လုံးများက တောက်ပလာသည် "အရှင် ဥက္ကဌ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို ခင်ဗျား မျက်စိကျနေတာလား"
ဥက္ကဌ ဂက်စ်စီဝန်သည် မဟာမှော်ပညာရှင်ဖာဂူဆန်အား တစ္ဆေဆန်ဆန်ပြုံးကာ ကြည့်နေသည်။
“ငါတို့ မှော်စက်တွေအကြောင်းပြောရင်၊ မှော်ပညာရှင်များအဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းကို သာလွန်သွားတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းလိုမျိုး ငါတို့ မှော်ပညာရှင်များအဖွဲ့အစည်းက လေ့လာဖို့ အချိန်အားလုံးကို ရင်းနှီးမြှုပ်နှံထားတော့ အဲ့ဒီလို ရိုးရှင်းသော မှော်စက်တွေကနေ အများအပြား ဝင်ငွေရရှိနိုင်သည်၊ ဒါပေမယ့် သူတို့လို ပိုက်ဆံအများကြီး မရှာဖူးဘူး။ ဒါက မနာလိုဖြစ်ရတာ အရမ်းတန်တယ်"
မဟာမှော်ပညာရှင်ဖာဂူဆန်သည် ဥက္ကဌ ဂက်စ်စီဝန် ကြောင့် အံ့အားသင့်သွားကာ ဥက္ကဌ၏ စကားများ အဓိပ္ပါယ်မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် အကဲဖြတ်မှု မြင့်မားလွန်းသည်ဟု ထင်မြင်မိသည်။
မှော်ပညာရှင်များအဖွဲ့အစည်းသည် နှစ်ထောင်ပေါင်းများစွာကြာအောင် မှော်စက်များမှ ငွေမရှာနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း ကဲ့သို့သော ကုမ္ပဏီငယ်တစ်ခုက လုပ်နိုင်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များအဖွဲ့အစည်းထက်ပိုမိုအားကောင်းသည်ဟုဆိုလိုပါသလား။
" Frestech ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်ပြီး လမ်ပူရီတိုင်းပြည်မှော်ပညာရှင်များအဖွဲ့အစည်းက လေ့လာပြီးတဲ့နောက်မှာ အရင်က မူပိုင်ခွင့်တွေကိုအဆိုပြုခဲ့တာကိုသတိရလား။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်း ဌာနချုပ်ကို မူပိုင်ခွင့်တွေ လာလျှောက်ထားခဲ့တယ်၊ မဟုတ်လား။
Frestech ကုန်သည်ကြီးများအသင်းကို မစစ်ဆေးခင်က ကုန်သည်ကြီးများအသင်းဟာ Frestech ကုန်သည်ကြီးများအသင်းကို လေ့လာခဲ့တာမို့ ဒီအကြောင်းကို သဘာဝကျကျ သိခဲ့ပါ၏။ ၎င်းကိုကြားတော့ သူက ခေါင်းတညိတ်ညိတ်ဖြင့် “ဟုတ်ပါတယ်၊ ဌာနချုပ်မှာ မူပိုင်ခွင့်ပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး Frestech ကုန်သည်ကြီးများအသင်းက ခုနစ်သောင်းကျော် ရှိတယ်။"
၎င်းကိုတွေးကြည့်ရင်း မဟာမှော်ပညာရှင်ဖာဂူဆန်က မနေနိုင်စွာ ချီးမွမ်းမိသည်။
“ဒီကုမ္ပဏီငယ်လေးက မှော်ပညာနဲ့ ဆန်းသစ်တဲ့အရာတွေကို ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာ တကယ်မသိဘူး။ အခြေခံမှော်စနစ်တစ်ခုလုံးကို ဖန်တီးပေးထားတဲ့ မူပိုင်ခွင့် ခုနစ်သောင်းအပြည့်ရှိတယ်။”
“ဌာနချုပ်မှာ မူပိုင်ခွင့်အများကြီး လျှောက်ထားဖို့ ဆန္ဒရှိတာကြောင့် ဌာနချုပ်ရဲ့ ဦးဆောင်မှုကို လက်ခံဖို့ ဆန္ဒရှိနေတယ်လို့ ဆိုလိုတာပဲ။ ဒီလိုဆိုတော့ ထိန်းရတာ ပိုလွယ်ပါတယ်။” ဥက္ကဌ ဂက်စ်စီဝန် က ပြောလာသည် "ဖာဂူဆန်၊ စတက်တိန်းနယ်မြေကို နောက်တစ်ကြိမ် ထပ်သွားခိုင်းဖို့ ငါ မင်းကို နှောင့်ယှက်ရလိမ့်မယ်" ဟု စဉ်းစားကာပြောလာသည်။
မဟာမှော်ပညာရှင်ဖာဂူဆန်သည် မအံ့သြသွားချေ၊ “ဥက္ကဌ၊ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ”
"ဒါပေမယ့် ဥက္ကဌ၊ ဒီတစ်ခါတော့ ရှုယီကို ဘယ်လိုသဘောထားပြရမလဲ။"
"သဘောထားပြစရာ မလိုပါဘူး။" ဥက္ကဌ ဂက်စ်စီဝန် က ယုံကြည်မှုအပြည့်ရှိသည့် အပြုံးကို ထုတ်ပြလိုက်သည် “ဌာနချုပ်က သူနဲ့ အလုပ်တွဲလုပ်ဖို့ ဆန္ဒရှိတယ်လို့ သူ့ကို ပြောနေသရွေ့ပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ရိုးသားမှုကို ပြသဖို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဘာလုပ်ရမယ်ဆိုတာ ရှုယီ ကျိန်းသေသိလိမ့်မယ်ထင်တယ်။”
မဟာမှော်ပညာရှင်ဖာဂူဆန်က ချက်ချင်း သဘောပေါက်ပြီး ခေါင်းညိတ်ပြသည်။
မှော်နတ်ဘုရားပလ္လင်မှ ထွက်ခွာပြီးနောက် ဖာဂူဆန်သည် ကောင်းကင်ပေါ် မြို့ထဲသို့ ပျံသန်းသွားခဲ့သည်။ သူသည် ကောင်းကင်ပေါ်မြို့တော်ရှိ အစည်ကားဆုံး စီးပွားရေးလမ်းမဆီသို့ လျှောက်မသွားမီ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။
သူသည် စတက်တိန်းနယ်မြေသို့ သွားမည်ဖြစ်သဖြင့် ခရီးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည်။
ကောင်းကင်ပေါ်မြို့သည် မှော်ပညာရှင်မြို့ဖြစ်သော်လည်း မြို့ထဲတွင် မှော်ပညာရှင်များသာရှိသည်ဟု မဆိုလိုပါ။
ဤနေရာသည် မှော်ပညာရှင်များ၏ သိပ်သည်းဆ အမြင့်မားဆုံးနေရာဖြစ်ခဲ့သော်လည်း မှော်ပညာရှင်က လူများဖြစ်ရာ အသက်ရှင်ရန် လိုအပ်ဆဲဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ပေါ်မြို့သည် အခြားမြို့များနှင့် မခြားဘဲ လူနေမှု နှင့် စီးပွားရေးနေရာများလည်း ရှိသည်။
မဟာမှော်ပညာရှင်ဖာဂူဆန်သည် မြို့၏အနောက်တောင်ဘက်ရှိ စီးပွားရေးလမ်းအဆီသို့ ဦးတည်သွားလိုက်သည်၊ ၎င်းသည် မြို့၏ အချမ်းသာဆုံးနှင့် ပုံမှန်အဖြစ်ဆုံးလမ်းဖြစ်သည်။
မင်းမှာ ပိုက်ဆံရှိသရွေ့ ဒီလမ်းပေါ်က ကုန်ပစ္စည်းမျိုးစုံကို ဝယ်နိုင်တယ်။
မဟာမှော်ပညာရှင်ဖာဂူဆန်သည် လမ်းထဲသို့ လမ်းလျှောက်လာကာ သူမကြာခဏ အများဆုံးသွားလေ့ရှိသော စတိုးဆိုင်သို့ သွားခါနီးတွင်၊ ရှေ့တွင် စုဝေးနေသော လူတစ်စုကို မြင်ကာ ကျယ်လောင်သော ဆူညံသံများ ကြားလိုက်ရသည်။
"တစ်ခုခုဖြစ်ခဲ့တာလား?" မဟာမှော်ပညာရှင်ဖာဂူဆန်က သူ့မျက်ခုံးတွန့်ချိုးလိုက်ပြီး ပိုနီးကပ်သွား၏။
"မလိုတော့ဘူး ဒါက မလုံလောက်ဘူးလား? ငါ့မှာ ပိုက်ဆံမရှိလို့ မယူနိုင်တော့ဘူး? ရှင်တို့ မှော်ပညာရှင်တွေအကုန် ဒီလိုယုတ္တိမရှိတာလား" လူအုပ်ကြီးဆီမှ စူးရှထက်မြက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျုပ် ဘယ်တုန်းက ယုတ္တိမရှိခဲ့တာလဲ" နက်ရှိုင်းသော လူလတ်ပိုင်းတစ်ဦး၏အသံ ထွက်လာ၏ “မင်းရဲ့စတိုးဆိုင်အတွက် ရေခဲအစီအရင်အကြီးကြီးတင်ဖို့ တစ်ပတ်ကြိုတင်ပြင်ဆင်ခွင့်ပြုဖို့ မင်းပြီးခဲ့တဲ့အပတ်ကပဲ ရှင်းရှင်းလင်းလင်းသဘောတူခဲ့တာလေ။ ကျုပ်ကို စပေါ်ငွေတောင်ပေးခဲ့ပြီး အခု မလိုအပ်ဘူးလို့ ငါ့ကိုပြောနေတာလား။ ကျုပ်ကစားနေတာလား"
"အိုက်၊ ကျွန်မက မြင့်မြတ်တဲ့ မှော်ပညာရှင်ကို ဘယ်လို သတ္တိရှိရှိ ကစားနိုင်မှာလဲ။ ဒါပေမယ့် အခု ဒီ ရေခဲအစီအရင်အကြီးစားကြီးကို ကျွန်မတကယ် မလိုအပ်တော့ဘူး။ ဒီတော့? ရှင်က ကျွန်မကို အတင်းအကြပ်ဝယ်ခိုင်းတာလား"
"မိုက်ရိုင်းလိုက်တာ! မြင့်မြတ်ပြီး ရိုးသားတဲ့ မှော်ပညာရှင်ကို မင်းက ဘယ်လောက်တောင် စော်ကားရဲရတာလဲ။ ဘယ်တုန်းက အတင်း ဝယ်ခိုင်းလို့လဲ"
"ရှင် ကျွန်မကို ဒီ ရေခဲအစီအရင်အကြီးကြီး ချထားခိုင်းနေတာက ကျွန်မကို ဝယ်ဖို့ အတင်းအကြပ် ခိုင်းနေတာ မဟုတ်ဘူးလား!"
"မဟုတ်ဘူး......"
......
ထိုအမျိုးသမီးဟာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့သည့် သူတစ်ယောက်ဖြစ်ပြီး ပါးစပ်က ထက်မြက်နေတယ်ဆိုတာ ထင်ရှားပါ၏။ သက်လတ်ပိုင်း မှော်ပညာရှင်သည် မှော်ပညာကို အာရုံစိုက်လေ့လာသူ ဖြစ်သောကြောင့် ငြင်းခုံသောအခါတွင် သူမည်သို့ အောင်နိုင်မည်နည်း။
မဟာမှော်ပညာရှင်ဖာဂူဆန်သည် ခဏတာ ဘေးနားမှ နားထောင်ပြီး သက်လတ်ပိုင်းမှော်ပညာရှင်က ဖြည်းဖြည်းချင်း လက်လျှော့သွားသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကုပ်လိုက်သည်။ သူသည် သူ၏ မှော်ပညာကို အသုံးပြုလိုက်ရာ လူအုပ်ကြီးက သူတို့ကို ဘေးသို့ တွန်းထုတ်လိုက်သည့် သိမ်မွေ့သော စွမ်းအားကို ခံစားလိုက်ရရာ လမ်းကြောင်းတစ်ခု ဖန်တီးပေးလာသည်။
ဤမြို့သည် ကောင်းကင်ပေါ် မြို့ဖြစ်ပြီး နေရာတိုင်းတွင် မှော်ဆရာများ ရှိနေသော်လည်း ဖာဂူဆန်၏ လုပ်ဆောင်ချက်များသည် လူတိုင်း၏အာရုံကို သိသိသာသာ ဖမ်းစားနိုင်ခဲ့သည်။
လူတိုင်းကို ကြည့်ပြီး မဟာမှော်ပညာရှင်ဖာဂူဆန်က သူ့ဦးထုပ်ကို ချွတ်လိုက်ကာ မျက်နှာကို ထုတ်ပြလာသည်။ သူက အေးစက်စက် နှာမှုတ်လျက် မေးလိုက်၏ "ဘာဖြစ်နေတာလဲ"
မဟာမှော်ပညာရှင်ဖာဂူဆန်သည် မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်၏ အကြီးအကဲ ဆယ့်ခြောက်ဦးအနက်မှ တစ်ဦးဖြစ်ရာ၊ သူသည် ကောင်းကင်ဘုံမြို့၌ တုနှိုင်းမရနိုင်သော ဂုဏ်ဒြပ်ရှိသူဖြစ်သည်။ လူတိုင်းက သူ့ကို အသိအမှတ်ပြုပြီး လေးစား ကြ၏။
"မင်း ဘာဖြစ်နေတာလဲ ငါ့ကိုပြော။" မဟာမှော်ပညာရှင်ဖာဂူဆန်သည် သက်လတ်ပိုင်းမှော်ပညာရှင်ကို လက်ပြလိုက်သည်။
သက်လတ်ပိုင်းမှော်ပညာရှင်က ဖြည်းညှင်းစွာရောက်လာပြီး ထိုကိစ္စကို မဟာမှော်ပညာရှင်ဖာဂူဆန်အား ရှင်းပြသည်။
သူစကားပြောမတတ်သော်လည်း သူ့ပြောပုံကိုအခြေခံရလျှင် မဟာမှော်ပညာရှင်ဖာဂူဆန်က သူတို့ပြောလာသည့်ဇာတ်လမ်းနှင့် မတူသည်ကို နားလည်နိုင်ခဲ့ပါ၏။
ပါးစပ်ထက်သော အမျိုးသမီးသည် ဤလမ်းပေါ်ရှိ ချည်ထည်ပစ္စည်းဆိုင်ကြီးတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ နွေရာသီအပူရှိန် နီးကပ်လာသောကြောင့် သူမသည် ယခုအပတ်အတွင်း ဆိုင်တွင် ရေခဲအစီအရင်အကြီးစား စီစဉ်ပေးရန်အတွက် သက်လတ်ပိုင်းမှော်ပညာရှင်ကို ပြီးခဲ့သည့်အပတ်က စီစဉ်ခိုင်းခဲ့သည်။
ကောင်းကင်ပေါ်မြို့တော်ရှိ စတိုးဆိုင်ကြီးက လုပ်မည်ဖြစ်သဖြင့် ပြဿနာမရှိပါချေ။
သို့ပေမယ့် ယနေ့တွင် မှော်အစီအရင်ကို စီစဉ်ဖို့ လူလတ်ပိုင်း မှော်ပညာရှင် လာသည့်အခါ သူဌေးက သူ့ကို ငြင်းပယ်ခဲ့ပါ၏။ စတိုးဆိုင်တွင် ရေခဲအစီအရင် အကြီးစားမလိုအပ်တော့ကြောင်း အခိုင်အမာလာသောကြောင့်ကြောင့် ယခင်က သဘောတူညီချက်သည် ပျက်ပြယ်သွားပြီး သက်လတ်ပိုင်းမှော်ပညာရှင်ကို စပေါ်ငွေပြန်ပေးရန် တောင်းဆိုခဲ့သည်။
သက်လတ်ပိုင်း မှော်ပညာရှင်၏ လုပ်ငန်းက ပျက်သွားပြီး ယခု အပ်ငွေကို ပြန်ပေးဖို့ တောင်းဆိုလာသည့်အတွက် နှစ်ယောက်မှာ ငြင်းခုံကြပါတော့၏။
၎င်းကိုကြားပြီးနောက် မဟာမှော်ပညာရှင်ဖာဂူဆန်က မျက်မှောင်ကုပ်ပြီး သူ့ဆုံးဖြတ်ချက်ကို အမြန်ချလိုက်ပါ၏။
“သူမက မှော်အစီအရင် ကို စီစဉ်ဖို့ မလိုအပ်တော့တာကြောင့် သူမစကား နားထောင်ရုံပါပဲ။ ငါတို့က မှော်ပညာရှင်လေ၊ ဓားပြမှ မဟုတ်တာ။” မဟာမှော်ပညာရှင်ဖာဂူဆန်သည် လူလတ်ပိုင်း မှော်ပညာရှင်ကို သူဌေးဘက်သို့ လှည့်၍ လေးနက်သော အမူအရာဖြင့် မပြောမီ ဦးစွာ ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ "ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အပ်ငွေကို ပြန်ယူလို့မရဘူး၊ အဲဒါတွေက စည်းကမ်းတွေပဲ"
သူဌေး၏မျက်နှာပေါ်ရှိ အပြုံးက တင်းမာလာကာ သူမလက်ကိုဝှေ့ယမ်းလိုက်၏ “အရှင် ဖာဂူဆန်က ဒီလိုပြောလာမှတော့ ကျွန်မတို့ ဒါကိုလုပ်ပါမယ်။
မဟာမှော်ပညာရှင်ဖာဂူဆန် ထွက်လာသည်ကို လူအုပ်ကြီးက မြင်လိုက်ကြပြီး နှစ်ဦးနှစ်ဖက် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ အခြားဘာမှ စောင့်ကြည့်စရာ မရှိသောကြောင့် သူတို့ဘာသာ သူတို့ ထွက်ခွာသွားကြသည်။
သူဌေးက ဒီမှာနေနေရတာ အကျိုးမရှိဘူးဆိုတာ သိသောကြောင့် မဟာမှော်ပညာရှင်ဖာဂူဆန်ကို ဦးညွှတ်လိုက်ပြီး ဆိုင်ကို ပြန်လှည့်သွားသည်။
“စောင့်ပါဦး။” မဟာမှော်ပညာရှင်ဖာဂူဆန်က သူမကို တားဖို့ လှမ်းခေါ်၏။
"သခင် ဖာဂူဆန်၊ တစ်ခုခုလိုသေးလို့လား" မဟာမှော်ပညာရှင်ဖာဂူဆန်ကို ကြည့်ရင်း သူဌေးက အနည်းငယ် တုန်လှုပ်သွားသည်။
"ပြောပါဦး မင်း ရေခဲအစီအရင်ကြီးကို ဘာလို့ မလိုအပ်တော့တာလဲ။ အပူဆုံးရာသီဥတုက ရောက်လာတော့မှာမို့ မင်းဆိုင်မှာ ရေခဲအစီအရင်အကြီးစားမရှိရင် ဖောက်သည်တွေကို မရမှာ စိတ်မပူဘူးလား?"
သူဌေးက သက်ပြင်းတစ်ချက်ချ၍ နူးညံ့စွာ ရယ်မောလိုက်သည် “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကျွန်မတို့ ပြင်ဆင်ပြီးပါပြီ။ ဒါက ရေခဲအစီအရင်အကြီးစားတော့ မဟုတ်ပေမယ့်....."
" မှော်လေပေးစက်မဟုတ်လား " မဟာမှော်ပညာရှင်ဖာဂူဆန်က သူမကို ဖြတ်ပြောလိုက်သည်။
သူဌေးက အံ့သြသွားပြီး "ရှင်ဘယ်လိုသိတာလဲ"
မဟာမှော်ပညာရှင်ဖာဂူဆန်၏ မျက်နှာသည် သူဌေး၏ဆိုင်ဆီသို့ လှမ်းကြည့်ရင်း အနည်းငယ် ပျက်သွားသည်။ ၎င်းမှ ထွက်လာသည့် နူးညံ့တည်ငြိမ်သော် မှော်စွမ်းအင်လှိုင်းများကို သူခံစားလိုက်ရပြီး ဖော်ပြရခက်သည့် ခံစားချက်အနည်းငယ်ကို ရလိုက်ရာ အနည်းငယ် ထိတ်လန့်သွားသည့် လူလတ်ပိုင်းကိုလှည့်ကြည့်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 6, အခန်း ၁၀။ စိုက်ပျိုးရေးနယ်ပယ် အဆင့်မြှင့်ခြင်း
ရှုယီမှာ အဖြေရရန် မှော်ပညာရှင်များအဖွဲ့အစည်းအတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းနေစဉ်တွင် နွေနေအပူရှိန်ကြောင့် မားလိုအင်ပါယာရှိ အိမ်သုံးမှော်စက် ဝယ်လိုအားကြီးအကြောင်း စဉ်းစားနေမိသည်။
သို့သော် စတက်တိန်းနယ်မြေ၌ လဝက်လောက်နေပြီးသည့်နောက် မှော်ပညာရှင်အဖွဲ့အစည်း၏ အဖြေ ထွက်မလာဘဲ လူတစ်ဦးသာ အရင်ပြန်လာသည်။
"ဟေး လက်စ်လိုင်း၊ ခင်ဗျား အရင်ကထက်စာရင် ပိုညိုလာတာပဲ။ တောင်ပိုင်းပင်လယ်ထဲက အဲဒီကျွန်းမှာ နေက တကယ်အားကောင်းနေပုံပဲ”
ရှုယီသည် အသား လုံးဝညိုနေသော လက်စ်လိုင်းကို ကြည့်ရင်း အနည်းငယ် ရယ်မောမိကာ ၎င်းသည် ယခင်က ချောမောလှပသော လက်စ်လိုင်းဖြစ်မည်ဟု မည်သူကမျှ ထင်လိမ့်မည်မဟုတ်ပေ။ ဤလူသည် အစောင့်တပ်၏ တပ်မှူးအဖြစ် တာဝန်ယူပြီးကတည်းက နောက်ပြန်လှည့်မကြည့်ဘဲ ကြမ်းတမ်းသော လမ်းကို လျှောက်လှမ်းခဲ့သည်။
လက်စ်လိုင်းက ပြုံးပြလာရာ သူ့အသားအရည်က ပိုမည်းတာကြောင့် သူ့သွားတွေက ပိုဖြူလာသလိုပါပင်။
“အဲဒီနေရာရဲ့ နေရောင်ခြည်က တကယ်ကို အားကောင်းပေမယ့် ဒီအတွက်ကြောင့် စိုင်စ်နယ်မြေကြီးမှာရှိတဲ့ တခြားနေရာတွေထက် အဲဒီနေရာမှာ ကောက်ပဲသီးနှံတွေ ပိုမြန်လာတာကို တွေ့ရှိခဲ့ရတယ်။ ကျွန်းပေါ်ကလူတွေက တနှစ်ကို သုံးကြိမ် ဒါမှမဟုတ် လေးခါလောက် ကောက်ရိတ်နိုင်တယ်ဆိုတော့ ကျွန်းကလူတွေ အစာငတ်မှာကို စိတ်ပူစရာမလိုဘူး”
“အဲဒါက သဘာဝပဲ” ရှုယီက သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။
၎င်းက အလွယ်တကူ မြင်နိုင်တဲ့အရာပင်။
အကယ်၍ ကမ္ဘာကို လတ္တီတွဒ်ဖြင့် ပိုင်းခြားရမည်ဆိုလျှင် စိုင်စ်နယ်မြေကြီးသည် မြောက်ဘက်ကမ္ဘာခြမ်းတွင် ထင်ရှားနေပြီး စတက်တိန်းနယ်မြေသည် အီကွေတာအနီးရှိ နေရာတစ်ခုဖြစ်သည်။
တောင်ဘက် ကီလိုမီတာ ရာဂဏန်းအကွာရှိ ဤကျွန်းသည် အီကွေတာ သို့မဟုတ် အီကွေတာပေါ်တွင်ပင် ပို၍နီးကပ်နေသင့်သည်။
ဒီလိုပတ်ဝန်းကျင်မျိုးနဲ့ဆိုရင် ကျွန်းမှာ တစ်နှစ်ကို ကောက်ရိတ်သိမ်းချိန် သုံးလေးကြိမ်လောက်ရနိုင်ရင် သိပ်တော့မထူးဆန်းပါချေ။
"ဒါဆို လက်စ်လိုင်း ခင်ဗျား ဆုံးဖြတ်ချက်ချပြီးပြီလား" ရှုယီက မေးသည်၊ "ခင်ဗျား ဆန္ဒရှိလား၊ ဒါမှမဟုတ် ကျွန်းကို သိမ်းပိုက်မှာလား"
လက်စ်လိုင်းကအပြုံးလေးဖြင့် ခေါင်းညိတ်သည် “ဟုတ်တယ်။ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီတခေါက်ပြန်လာတာ။ သင်္ဘောစုကို ကျွန်းဆီ သုံးကြိမ် ပို့ဆောင်ခဲ့ပြီး နေထိုင်သူတွေနဲ့ ပိုရင်းနှီးလာတဲ့အတွက် ကျွန်းရဲ့ အခြေအနေကို နားလည်နေပြီ။ ဒီကျွန်းကို ထိန်းချုပ်ဖို့ သိပ်ပြဿနာ မရှိလောက်ဘူးလို့ ထင်တယ်၊ ဒါပေမယ့် မင်းရဲ့ ပံ့ပိုးကူညီမှုတော့ လိုအပ်တယ်"
ရှုယီက ပခုံးတွန့်လိုက်သည် "ငါက မင်းကို သွားဖို့ လှုံ့ဆော်ပေးတဲ့သူမို့ ဒါက ပြဿနာမဟုတ်ဘူး။ ပြောပါ ၊ ဘယ်လိုမျိုး ပံ့ပိုးမှုတွေ လိုသေးလဲ။
“လိုအပ်တဲ့အရာတွေ အများကြီးရှိပေမယ့် အရေးအကြီးဆုံးကတော့ သဘာဝကျကျကို စစ်တပ်မှော်စက်တွေပဲ” လက်စ်လိုင်းက လေးနက်သော အကြည့်ဖြင့် ပြောသည် ။ “ဒီကျွန်းဟာ ပိုင်ရှင်မရှိတဲ့နေရာမဟုတ်ဘူး၊ ငါကြားခဲ့ရတဲ့အတိုင်းဆို၊ ဒီကျွန်းမှာ ထိန်းချုပ်တဲ့ အန်တာတော်ဝင်မိသားစုရှိတယ်။ ငါ ဒီကျွန်းကို ထိန်းချုပ်ချင်ရင် ဒီ အန်တာတော်ဝင်မိသားကို ဂရုစိုက်ရမယ်။"
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး။ တခြားအခက်အခဲတွေရှိရင် ကျုပ်ကိုလာရှာပါ" ရှုယီက မဆိုင်းမတွ ခေါင်းညိတ် သဘောတူလိုက်သည်။
ရှုယီက အဆင်သင့်သဘောတူတာကိုမြင်တော့ လက်စ်လိုင်း တိတ်ဆိတ်သွား၏။
ရှုယီကို ခဏလောက်ကြည့်ပြီးနောက် သူသည် သက်ပြင်းတစ်ချက်ချကာ ရှုယီ၏ပခုံးကို လှမ်းကိုင်လိုက်သည်။
"ရှုယီ မင်းငါ့ကို ဘာလို့ ဒီကျွန်းကို ချုပ်ကိုင်စေချင်တာလဲဆိုတာ ငါသိပါတယ်။ အနားယူပါဦးကွာ၊ ဒီကျွန်းကို ငါထိန်းချုပ်လိုက်တဲ့အခါကျရင် ဒီကျွန်းဟာ Frestech ကုန်သည်ကြီးများအသင်းအတွက် ထာဝရခိုင်မာတဲ့ အကာအရံတစ်ခု ဖြစ်လာမှာပါ။”
ရှုယီက ပြုံးကာ ခေါင်းခါပြလိုက်သည် "အဲ့ဒါနဲ့ ယှဉ်ရင် ခင်ဗျား သခင်မလေး ဝှဒ်ဒနီ ကို ဘယ်လိုလက်ထပ်ရမလဲဆိုတာကို ပိုဂရုစိုက်သင့်တယ်လို့ ထင်တယ်။ ကျုပ်ကိုပြောပါ ဒီအတောတွင်းမှာ သခင်မလေး ဝှဒ်ဒနီ နဲ့တွေ့ခဲ့သေးလားလား။”
လက်စ်လိုင်းက ခါးသီးတဲ့ အပြုံးကို ထုတ်ဖော်ပြလာသည်၊ “သူ့မိဘတွေက ငါ့ကို အရမ်းဆန့်ကျင်တယ်။ ငါဒီကျွန်းရဲ့သခင်ဖြစ်လာရင်တောင် သူ့မိဘတွေက ငါ့ကိုလက်မခံဘူးထင်တယ်၊ ရှုယီ မင်းငါ့ကိုထပ်ပြီးကူညီဖို့လိုတယ်"
"ပြောပါ ဘာလိုသေးလို့လဲ"
"အင်း......သူ့မိသားစုအတွက် လယ်ယာတစ်ခုဖွင့်ချင်တယ်"
"ဘာလဲ?" ရှုယီသည် လက်စ်လိုင်း ကို အံ့အားသင့်စွာကြည့်ကာ "ခင်ဗျား ရူးနေတာလား။ သူ့မိဘတွေကို မင်းနဲ့သဘောတူလာအောင် ကူညီပေးနိုင်မလား မပြောနဲ့ဦး၊ လယ်မြေဖွင့်ဖို့ ကန်ဒရာ အင်ပါယာကို အရင်ဆုံးဘယ်လိုသွားမှာလဲ။"
“ဒါကို စိတ်ပူနေဖို့ မလိုပါဘူး၊ တခြားလူတွေကို ငါရှာပြီး ဒီပြဿနာကို ဖြေရှင်းပေးမယ်။ ဒါ့အပြင် သူ့မိသားစုရဲ့မြေနဲ့နီးတဲ့မျိုးရိုးမြင့်တစ်ယောက်က ရောင်းတဲ့ခြံကို ငါဝယ်ထားပြီးသားဆိုတော့ တစ်ခုတည်းသောပြဿနာက အဲဒီလယ်ကို ဘယ်လိုလည်ပတ်ရမလဲဆိုတာပဲ။”
ရှုယီသည် မင်းသားဖရန့်ခ်နှင့် ဘာရွန် ဘယ်လီ၏ဆက်ဆံရေးကို တွေးပြီး လက်စ်လိုင်းလည်း ၎င်းကို ရှာတွေ့လောက်သည်ဟု ထင်ခဲ့သည်။
"အင်း...... ခင်ဗျား သာမန်လယ်လုပ်ရင် သူ့မိဘတွေရဲ့ အထင်အမြင်ကို ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်"
“ဒါကြောင့် ငါ့ရဲ့ ရည်မှန်းချက်က ဒီဧရိယာကို အကြီးမားဆုံးနဲ့ အကောင်းဆုံး လယ်မြေအဖြစ် ပြောင်းလဲဖို့ပဲ။ ရှုယီ ပထမဆုံး စိုက်ပျိုးရေး မှော်စက်တွေ ပေးပါ"
"ဒါက ပြဿနာမဟုတ်ပေမယ့် ခင်ဗျားဘာလုပ်ဖို့ စီစဉ်ထားလဲ။" ရှုယီက သူ့ကို သံသယရှိစွာ ကြည့်လိုက်သည်။
"အောင်မြင်ပြီးတာနဲ့ ငါပြောမယ်" လက်စ်လိုင်းက ခပ်ဖျော့ဖျော့ ပြုံးပြသည်။
ရှုယီသည် မျက်လုံးများကို မနေနိုင်စွာလှိမ့်မိသည်။
ဒီလူက သူ့ကို မှန်းဆခိုင်းနေတာပဲ။
သို့ပေမယ့် ရှုယီဟာ လက်စ်လိုင်းက တဇွတ်ထိုးမဆန်ဘူးဆိုသည်ကို သိသောကြောင့် ၎င်းကိုလုပ်ဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့မှာ အစီအစဉ်အပြည့်ရှိမှာ သေချာပါသည်။
သူ့သူငယ်ချင်းအနေနှင့် သူ့ကို ထောက်ပံ့ဖို့ပဲလိုပါ၏။
လက်စ်လိုင်း ထွက်သွားတော့ နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာ၏။
ထိုဧည့်သည်က အလာရှားပါ၏။
"ဥက္ကဌ ရှု၊ ခင်ဗျား တောင်းဆိုထားတဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု အချက်အလက် ထွက်လာပါပြီ။" စတက်တိန်းနယ်မြေကွန်ဂရက်၏ ပြောရေးဆိုခွင့်ရှိသူ ဗစ်ကောင့်ထ် ကွန်စတက်တိန်းသည် စာရွက်စာတမ်းအထက်လိုက်နှင့်အတူ ဝင်လာပြီး ရှုယီအား လက်နှစ်ဖက်ဖြင့် လွှဲပြောင်းပေး၍ ပြောလာသည် "ကျေးဇူးပြုပြီး ပြန်သုံးသပ်ပါ။"
“အင်း။” ရှုယီက ခေါင်းတညိတ်ညိတ်နှင့် ယူလိုက်သော်လည်း မကြည့်ဘဲ “ရလဒ်ကို ပြောပြပါ” ဟု ပြောပြီး ဘေးနားမှာ ချထားလိုက်သည်။
အမည်အရ ဗစ်ကောင့်ထ် ကွန်စတက်တိန်းသည် စတက်တိန်းနယ်မြေကွန်ဂရက်၏ ပြောရေးဆိုခွင့်သူအဖြစ်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လောက်သည်၊ စတက်တိန်းနယ်ကို ထိန်းချုပ်ပြီး ကွန်ဂရက်ကို ထိန်းချုပ်ရန်အတွက် သူ့ကို ရှုယီမှ ရွေးချယ်ထားကြောင်း လူတိုင်းသိသည်။
အန်ကလိုရှိ နေစဥ်အချိန်က ရှုယီဟာ စတက်တိန်းနယ်မြေကို မထိန်းချုပ်ဘဲ အခြားအရာတွေ၌သာ ပါနင်ခဲ့သည်။အန်ကလိုနှင့် အခြားသော မျိုးရိုးမြင့်များက Frestech ကုန်သည်ကြီးများအသင်းထံမှ စတက်တိန်းနယ်မြေကို သိမ်းပိုက်ရန် ကြိုးပမ်းပြီးနောက် ရှုယီ သည် တုံ့ဆိုင်းမနေတော့ပေ။ သူသည် ပြောရေးဆိုခွင့်ရှိသူသူအဖြစ် တာဝန်ယူရန် တစ်စုံတစ်ဦးကို တိုက်ရိုက်ရွေးချယ်ခဲ့ပြီး နယ်မြေ၏ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း စွက်ဖက်လာခဲ့သည်။
လက်ရှိ ရှုယီသည် စတက်တိန်းနယ်မြေတွင် သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အကြပ်များက ဆန့်ကျင်ဖက်လူများကို မညှာတာစွာ သုတ်သင်ခံခဲ့ရသောကြောင့် ယင်းကို မည်သူမျှ ဆန့်ကျင်ခြင်းမရှိပေ။
“ကောင်းပါပြီ။” ဗစ်ကောင့်ထ် ကွန်စတက်တိန်းက ခေါင်းတညိတ်ညိတ်နဲ့ ခေတ္တရပ်ပြီးနောက် ပြောလာသည် “ကနဦးအချက်အလက်အရ နယ်မြေမှာရှိတဲ့ စပါးအထွက်နှုန်းက နိုင်ငံသားအားလုံးကို ထောက်ပံ့ဖို့ လုံလောက်တယ်လို့ မြင်ရပါတယ်။ သဘာဝကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့ရင်တောင် ပုံမှန်အခြေအနေမှာ ငတ်မွတ်ခေါင်းပါးမှုမရှိဘဲ သုံးနှစ်ကျော်လောက်နေနိုင်တယ်။”
"အရမ်းကောင်းတယ်၊ ဒါက နယ်မြေ ရဲ့နိုင်ငံသားတွေနောက်ဆုံးတော့ငတ်မှာကို စိတ်မပူရဘူးဆိုလိုတာပေါ့?"
ဗစ်ကောင့်ထ် ကွန်စတက်တိန်းက ခပ်ဖျော့ဖျော့ပြုံးကာ “တကယ်တော့ ထုတ်လုပ်မှုစွမ်းရည်ကြောင့် နိုင်ငံသားတွေဟာ ဒါကို လုံးဝစိုးရိမ်နေစရာ မလိုပါဘူး။ ဟုတ်ပါတယ်, ဥက္ကဌ ရှုနဲ့ Frestech ကုန်သည်ကြီးများအသင်း ရောက်ရှိလာခြင်းကြောင့်သာ မဟုတ်ရင်၊ နယ်မြေရဲ့ နိုင်ငံသားတွေက မည်သည့်အရာကိုမျှ ပူပန်နေစရာမလိုဘဲ ပျော်ရွှင်နေနိုင်မှာတောင်မဟုတ်ဘူး။ သူတို့ အစာမငတ်ဘူးဆိုရင်တောင် အခုလို ဆက်ဆံမှု ကောင်းကောင်းကို ခံစားနိုင်မှာ မဟုတ်ဘူး။”
“ကောင်းပါပြီ၊ ကျုပ်ကို မြှောက်ပင့်နေစရာ မလိုပါဘူး။ ဒီအတိုင်းဆိုရင် ကျုပ်တို့ အရင်က ချမှတ်ထားတဲ့ လယ်ယာကဏ္ဍ အဆင့်မြှင့်တင်မှုဟာ အကောင်အထည်ဖော်ရမယ့် အခြေအနေတွေနဲ့ ပြည့်မီနေပြီလား။” ရှုယီက မေးသည်။
"ဟုတ်တယ် ဒါမနေ့ကတင်ပေးလိုက်တဲ့ အစီရင်ခံစာပါ သေချာကြည့်ပေးပါဦး" ဗစ်ကောင့်ထ် ကွန်စတက်တိန်း သည် ရှုယီအတွက် နောက်ထပ် စာရွက်ထူထူကို ထုတ်ပေးခဲ့သည်။
ဒီတစ်ခါတော့ ရှုယီက ၎င်းကိုယူပြီး သေချာဖတ်၏။
စိုက်ပျိုးရေးလုပ်ငန်း တိုးမြှင့်ရေး၊ ၎င်းမှာ ယမန်နှစ်က သူတာဝန်ယူခဲ့သည့် ဗစ်ကောင့်ထ် ကွန်စတက်တိန်းနှင့် ဆွေးနွေးခဲ့သော အရာပင်။
စတက်တိန်းနယ်မြေသည် လယ်ယာလုပ်ငန်းတွင် ကြွယ်ဝနေပြီဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း ရောက်ရှိလာပြီးနောက်တွင် ခေတ်မီစိုက်ပျိုးရေးမှော်စက်များအပြင် အထွက်နှုန်း တိုးနိုင်သည့် မြေသြဇာများကို ယူဆောင်လာခဲ့သည်။ စတက်တိန်းနယ်မြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုတိုးတက်စေသောကြောင့် ၎င်းတို့၏အစားအစာအတွက် စိတ်ပူစရာမလိုပေ။
သို့ပေမယ့် ဗိုက်ပြည့်ရုံနှင့် ရှုယီအတွက် မလုံလောက်ပါချေ။
မည်သူမဆို အလိုအလျောက် အသားစားနိုင်သည့် ကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ဤနေရာရှိ လူများက ထိုသို့ မလုပ်နိုင်ကြသေးပါချေ။
စတက်တိန်းနယ်မြေ သို့မဟုတ် စိုင်စ်နယ်ေမြကြီးရှိ လူအများစုသည် အသားအတွက် အမဲလိုက်ခြင်းမှလွဲ၍ အခြားအသားအရင်းအမြစ်မရှိသောကြောင့် ရှားပါးသောအရာဖြစ်သည်။
အိမ်မွေးတိရိစ္ဆာန်များကို အလွယ်တကူ ကျွေးမွေးနိုင်ကာ ၎င်းတို့ကိုယ်တိုင် အသားပေးစွမ်းနိုင်စေသည့် မြင့်မားသော မျိုးပွားမှုစွမ်းအားကြောင့် ကမ္ဘာပေါ်ရှိ လူများသည် အသားစားနိုင်သည်။
သို့သော် စိုင်စ်နယ်မြေကြီးမှလူများအတွက်၊ ၎င်းတို့၏ ဗိုက်ကိုဖြည့်ရန်လုံလောက်ရုံမျှသာ ခက်ခဲသည်၊ ထို့ကြောင့်အိမ်မွေးတိရစ္ဆာန်များကိုမွေးမြူရန် အသီးအနှံများနှင့်စွမ်းအင်ကို မည်သို့ရနိုင်မည်နည်း။
လက်ရှိ စိုင်စ်နယ်မြေကြီးတွင် မျိုးရိုးမြင့်အများစုအတွက် နွားတစ်ကောင်သည် လယ်ယာလုပ်ငန်းအတွက် ရှားပါးသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရှိထားရမည်ဖြစ်သည်။
ဗီဗီယန်သည် ကြာပွတ်ကို ယမ်းလိုက်သောအခါ၊ သူမသည် ကျွဲနွားတစ်ကောင် ဆုံးရှုံးသွားတော့မည့်နီးပါးဖြစ်ခဲ့သည်။
အဖိုးတန်ဆုံး နွားများမှလွဲ၍ မျိုးရိုးမြင့်များသည်ပင် အိမ်မွေးတိရစ္ဆာန်များကို ကျွေးမွေးရန် အပိုအရင်းအမြစ်များ မရှိကြပေ။
Frestech ကုန်သည်ကြီးများအသင်း၏ပေါ်ထွက်လာမှုနှင့်အတူ မှော်စက်အသစ်များလည်း ထွက်ပေါ်လာသည်။
အထူးသဖြင့် မရေမတွက်နိုင်သော လူများ၏ အဓိကပြဿနာကို ဖြေရှင်းပေးသည့် စိုက်ပျိုးရေးမှော်စက်အသစ်များပင်။ ၎င်းသည် လူများစွာကို လယ်ယာလုပ်ငန်းမှ လွတ်မြောက်စေပြီး ပတ်ဝန်းကျင်နိုင်ငံများ၏ အရှင်သခင်များနှင့် နိုင်ငံသားများကို ကျွဲနွားများအား မှီခိုခြင်းမပြုတော့ရန် ခွင့်ပြုခဲ့သည်။
ဤပြောင်းလဲမှုသည် လွန်ခဲ့သည့်နှစ်တွင် လမ်ပူရီတိုင်းပြည်ဥပဒေကို ဖျက်သိမ်းစေခဲ့သည့် အလွန်ထင်ရှားသော အကျိုးသက်ရောက်မှုများရှိခဲ့သည်။
ထိုဥပဒေက နွားနှင့်ပတ်သက်ပါ၏။