← Chapters

အဆုံးစွန်မဲ့စံပြ အပိုင်း(၅) - နောက်ဆုံးသော တန်ပြန်တုံ့ပြန်မှု

Vol. 103 Ch. 1442

အဆုံးစွန်မဲ့စံပြ အပိုင်း(၅) - နောက်ဆုံးသော တန်ပြန်တုံ့ပြန်မှု

Vol. 103 Ch. 1442

“ပြဿနာမရှိဘူး” ကျိလန်ဖန်းက ပြောကာ တုံ့ဆိုင်းခြင်း မရှိပေ။ သူက သူ့အမှတ်များကို ပို့ကာ မေးလိုက်၏။

“မင်း ထပ်လိုရင် ပြော။ ငါ အမဲလိုက်ပေးလို့ ရတယ်”

“မလိုတော့ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ကျွန်မ အမှတ်တွေအားလုံးကိုလည်း ယူလိုက်။ ဒါပေမဲ့ ရှင်နဲ့ တွေ့ချင်တယ်” ဟုန်ဝါက အလျင်အမြန်ပြောလိုက်၏။

“ ချင်တိုင်းပြည်က လူတွေ မင်းကို စောင့်ကြည့်နေတာကနေ လွတ်ထွက်နိုင်လို့လား” ဝမ်ဝေ့က မေးလိုက်သည်။

“ကျွန်မ စီစဉ်ပါ့မယ်”

“ကောင်းပြီလေ”

“အာ ငါတို့ ရပြီ။ ဒီနေရာက ချီသန့်စင်သူတွေအတွက် နေရာပဲ။ ငါ့အမှတ်တွေအများစုက ငါ့ဇနီးလေးအတွက် … အဲဒါဆိုတော့ ငါတို့က အပိုအလျှံတွေရှိတယ်” မုန့်ခယ်နှင့် တုကွန်းက ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ကို အားကိုးလို့ရမယ်ဆိုတာ သိတယ်” ဝမ်ဝေ့က ပြန်ဖြေပြီး နှစ်ဦးပို့သည့် အမှတ်များကို ကြည့်လိုက်သည်။ သို့သော်လည်း မုန့်ခယ်၏ စွမ်းအားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤသည်က နားလည်၍ ရ၏။ အထူးသဖြင့် မုန့်ခယ်က အဆင့်ဇယားတွင် ၆ယောက်မြောက် နေရာ ဖြစ်၏။

“ကျွန်မကို ပြန်ပေးဖို့ မမေ့နဲ့နော်။ ကျွန်မက ဆင်းရဲတယ်” ဟုန်မိန်လင်းက ညည်းတွားလိုက်သည်။ ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ငါက ငါ့တပည့်တွေဆီကနေ ယူထားတဲ့ အမှတ်တွေအတွက် ကူညီပေးနေတာ။ မင်းတို့တွေ ဒါတွေ ယူလိုက်လေ” ခုံက ထပ်ပြောလိုက်၏။

“ကျေးဇူးပါ” ကိစ္စမရှိပါဘူး”

“ရှင် အဆင်ပြေရဲ့လား။ ရှင့်စမ်းသပ်ချက်ရဲ့ အရှိန်အဝါက မျှော်စင်ကနေ ထွက်လာတယ်။ ကြည့်ရတာ စမ်းသပ်ချက်အစား အပြစ်ဒဏ်နဲ့တူတယ်”

“ငါ စီစဉ်နိုင်ပါတယ်” ဝမ်ဝေ့က အသေးစိတ်ကို ရှင်းမပြဘဲ ပြောလိုက်၏။

“ငါ အချိန်စားသုံးသူရဲ့ စည်းတံဆိပ်ကို စောင့်ကြပ်ထားပြီးတော့ ငါ့ရဲ့ ကုသိုလ်ရွှေခန္ဓာကို စတေးလိုက်တယ်။ အခု ငါရဲ့အမှတ်တွေကို ပြန်မတောင်းပဲနဲ့ ပေးမယ်။ အဲဒါဆိုရင် ငါ အကြွေးကို ပေးဖို့ လုံလောက်လား” အောင်းရှန်က မေးလိုက်သည်။

“ကောင်းပြီလေ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ ဤသည်က မျှတသည့် လဲလှယ်မှု ဟုတ်ရဲ့လား။

ဒိုင်မေးရှင်းအနိမ့်တွင် နတ်ဆိုးမျိုးနွယ်၏ စည်ပင်ကြွယ်ဝမှုက ဝမ်ဝေ့သည် အဓိကတာဝန်ရှိသူဖြစ်ပြီး မည်သည့်မျက်နှာသာပေးမှုထက်မဆို အဖိုးတန်လှသည်။ သို့သော်လည်း သူက ထိုသူများကို ထိုမျက်နှာသာပေးမှုများအကြောင်း ပြောပြနေမည် မဟုတ်ပေ။ မဟုတ်ပါက သူတို့သည် အစွန်းရောက်သွားကာ သူတို့ကြားမှ ကံဆက်နွယ်မှုကို ဖြတ်တောက်ပစ်မည် ဖြစ်၏။

“ငါရောပဲ။ ငါလည်း ဒီအမှတ်တွေနဲ့ ကျေးဇူးကြွေးဆပ်ချင်တယ်” ယဲ့တာဖူက ပြောလိုက်သည်။

“အိပ်မက် မက်နေလိုက်လေ” ဝမ်ဝေ့က အားပါးတရ ရယ်မောကာ ပြောလိုက်၏။

“ထားလိုက်တော့။ ကောင်လေးဝမ်ဝေ့ မင်း ငါနဲ့ တိုက်ရဦးမှာနော်” မျောက်ဘုရင်က ပြောလိုက်သည်။

“မင်း စံပြဖြစ်လာပြီးတဲ့နောက်မှာ ငါ့ကို လာရှာလှည့်လေ။”

“ဓားမျိုးနွယ်အဖွဲ့အစည်းရဲ့ တခြားအဖွဲ့သားတွေကလည်း အမှတ်တွေပေးလိုက်တယ်” ကျန့်ဝူရွှမ်းက ပြန်ပြောလေ၏။

“ကျေးဇူးပါ”

“အရှင်ကောင်းကင်ဧကရာဇ် ဒါတွေက ပြန်ပေးဖို့မလိုပါဘူး။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ကံကြွေးက ဒီနေရာမှာ အဆုံးသတ်သွားပြီ” ရွှေရောင်ဓားဧကရာဇ်က ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က သဘောတူလိုက်၏။ ထိုသူနှင့် သူနှင့် ကြားက ဆက်နွယ်မှုက သိပ်မနက်ရှိုင်းလှပေ။ သူတို့နှင့် ကံကြွေးရှိနေသည်က ဝမ်ဝေ့သည် ထိုသူအတွက် တာအိုသက်သေပြဖို့ အခွင့်အရေး ပေးခဲ့၍ ဖြစ်သည်။ ထို့ကြောင့် ထိုအရာက ရွှေရောင်ဓားဧကရာဇ်အတွက် များစွာ အကျိုးသက်ရောက်မှု ရှိ၏။

အားလုံးက အမှတ်များထောက်ပံ့နေကြစဉ် များစွာကလည်း သူတို့၏ ကံကြွေးကို ဖြတ်တောက်ပစ်ဖို့ အပေးအယူလုပ်ဖို့ ကြိုးစားနေကြသည်။ ဝမ်ဝေ့က လူတချို့ကို လက်ခံခဲ့သော်လည်း တခြားသောသူများကိုမူ ငြင်းဆန်ခဲ့လေသည်။ ထိုအရာက သူတို့အတွက် လုပ်ပေးခဲ့သည့်အရာများအတွက် နည်းနည်းလေးမှ မလုံလောက်သေးပေ။ နောက်ထပ် ဝမ်ဝေ့၏ အမှတ်က ကြောက်မက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိလာလေ၏။

ကောင်းပြီလေ…

သူက ကံကြမ္မာမျိုးစေ့ ဂုဏ်သတ္တိနေရာအပေါ် စွမ်းအင်များ စုစည်းလိုက်၏။ သိပ်မကြာခင် ၆လတာ ကုန်လွန်သွားပြီး နှစ်ဝက်ခန့်မျှသာ ကျန်ရှိတော့လေသည်။ ဝမ်ဝေ့က အောင်မြင်လုနီးပါး ဖြစ်နေလေ၏။ သူ့အတွက် ကံဆိုးသွားသည်က မဟာတာအိုသည် ယခု ဤစမ်းသပ်ချက်မှ သုတ်သင်ပစ်ဖို့ အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ဟန်ပေါ်သည်။

အနက်ရောင်တိမ်တိုက်များက သူ့ကို ပစ်ခတ်နေမှုကို ရပ်တန့်သွားပြီး လူသားအသွင် မိုးကြိုးချက်ပေါ်ထွက်လာလေသည်။ ထိုအရာက အဖျက်စွမ်းအားအပြည့်ဖြင့် ဖြစ်၏။ ကြောက်မက်ဖို့ ကောင်းသည့် သက်ရှိက တုံ့ဆိုင်းမနေဘဲ ရွှေရောင်စာလိပ်ဆီ ပြေးဝင်လာကာ လက်နှစ်ဖက်ဖြင့် စာလိပ်ကို စုတ်ဖြဲပစ်ဖို့ ကြိုးစားလိုက်သည်။

ဝမ်ဝေ့က အလျင်အမြန် တုံ့ပြန်ကာ ကံကြမ္မာနန်းဆောင် ၁၁ခုကို ဆင့်ခေါ်ပြီး ကာကွယ်ရေးအစီအရင် ဖွဲ့စည်းလိုက်၏။ သို့သော်လည်း တိုက်ကွက်တစ်ခုအပြီးတွင် ထိုအစီအရင်က အသက်ရှင်ဖို့ မလုံလောက်သေးကြောင်း သိလိုက်သည်။

ကိစ္စတွေက ထိန်းချုပ်လို့ မရတော့ဘူး

ဝမ်ဝေ့က တွေးပြီး အနီရောင်မျက်နှာဖုံးကို အစီအရင်ကို ထိန်းချုပ်ဖို့ ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် အာရုံမထွေပြားတော့ဘဲ သူမကသာ စွမ်းအားအပြည့် ထုတ်သုံးတော့မည် ဖြစ်၏။ ဝမ်ဝေ့၏ အလျှင်စလို အပြုအမူက မှန်ကန်ကြောင်း သက်သေပြသွားခဲ့သည်။ သူ့အနေဖြင့် နောက်ထပ်ရက်အနည်းငယ်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် မဟာတာအိုက စိတ်မရှည်တော့ဟန်ဖြင့် နောက်ထပ်လူသားအသွင် လျှပ်စီးချက်နှစ်ခုကို ပို့ဆောင်လာလေ၏။

ကျစ် ဒီကောင်စုတ်ကတော့…

ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက နီးကပ်နေပြီဖြစ်သော်လည်း ထိုသူက သူ့အား သုတ်သင်ပစ်ဖို့ ဆုံးဖြတ်ချက် ချထားဟန်ပေါ်သည်။

ဝမ်ဝေ့က မဟာမြူစက်ဝန်းကို ဖွင့်လှစ်လိုက်ပြီး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ဖန်ဆင်းမှုသက်ရှိအားလုံးကို ဆင့်ခေါ်လိုက်သည်။ အနီရောင်မျက်နှာဖုံးက ထိုသူများအား နေရာချကာ ကံကြမ္မာနန်းဆောင်အစီအရင်ကို အားဖြည့်လိုက်သည်။ ထို့နောက် လူသားအသွင် လျှပ်စီးချက်သုံးခုက စာလိပ်အား အဖက်ဖက်မှ တိုက်ခိုက်လာသော်လည်း နန်းဆောင် ၁၁ခုက သူတို့နှင့် ပစ်မှတ်ကြား မားမားမတ်မတ် ရပ်တည်နေလေသည်။

စတုတ္ထမြောက် သက်ရှိ ပေါ်ထွက်လာလေ၏။ ဝမ်ဝေ့က ထိုသက်ရှိအပြည့်အဝ ပေါ်ထွက်သည်အထိ မစောင့်ဆိုင်းတော့ဘဲ မဟာမြူကမ္ဘာကို စတေးကာ အစီအရင်ကို အားဖြည့်လိုက်သည်။ သူ့အပြုအမူက အချိန်တချို့ရလာစေသော်လည်း ဝမ်ဝေ့က သိပ်မပျော်သေးပေ။ အကြောင်းအရင်းကမူ တိမ်တိုက်များကြားတွင် ပဉ္စမမြောက်သက်ရှိ ပေါ်ထွက်လာသည်ကို ခံစားမိလိုက်၍ ဖြစ်သည်။

တစ်ခုခုတော့ မှားနေပြီ

ဝမ်ဝေ့က သုံးသပ်လိုက်၏။

ဒီသက်ရှိတွေ ပေါ်ထွက်လာဖို့ အချိန်က ကြာမြင့်လွန်းတယ်။ အထူးသဖြင့် ၅ခုမြောက်ပဲ။ အရင်ဆုံးက ငါ့ကို မျှော်လင့်ချက်ပေးပြီးတော့ ဖြည်းဖြည်းချင်း သုတ်သင်ပစ်ဖို့ ကြိုးစားနေတာပဲ

သူက မဟာတာအို စီစဉ်နေသည့်အရာကို မသိသော်လည်း သတိကြီးကြီး ထားထားလိုက်သည်။ ဝမ်ဝေ့က ထိုအခွင့်အရေးကို ရယူကာ သူ့အရှိန်ကို မြှင့်တင်လိုက်၏။ သူ့သုံးသပ်မှုက မကြာခင် မှန်ကန်နေခဲ့ကြောင်း သက်သေပြသွားခဲ့သည်။ မျှော်စင်၏ လေထုက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ ပဉ္စမမြောက်သက်ရှိ ထွက်ပေါ်လာလေသည်။

တခြားသောသူများက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး ရှေ့ဆုံးတွင် တစ်ယောက်က ဦးဆောင်လာပြီး လေးယောက်က နောက်ရောက်သွားလေသည်။ ထိုမိုးကြိုးသက်ရှိက လက်ကိုမြှောက်ကာ စာလုံးလေးခုကို ဖွဲ့စည်းလိုက်၏။ ဖန်ဆင်းမှု၊ ဖျက်ဆီးမှု၊ ဟွင်သွမ်းနှင့် ကံကြမ္မာတို့ ဖြစ်ပေသည်။ ရှေ့ဆုံးတွင်ရှိနေသည့် သက်ရှိကလည်း လက်ကိုမြှောက်ကာ နောက်ဆုံးစာလုံးဖြစ်သည့် ဖျက်ဆီးမှုကို ဖန်တီးလိုက်သည်။

တခြားသော စာလုံးလေးခုက အလင်းတန်းအဖြစ် ပြောင်းလဲကာ ဖျက်ဆီးမှုစာလုံးဖြင့် ပေါင်းစည်းသွားပြီး အနီရင့်ရင့် လျှပ်စီးချက်အဖြစ် ပြောင်းလဲသွားသည်။

“ဒီခွေးမသားကတော့” ဝမ်ဝေ့က ကျိန်ဆဲလိုက်ပြီး ခုခံရေးနည်းလမ်းအားလုံးကို ထုတ်သုံးလိုက်၏။ သူက ဗလာနတ္ထိစက်ဝန်းကို အသုံးပြုကာ ဒုတိယအလွှာ ကာကွယ်မှုအဖြင့် ထည့်သွင်းလိုက်သည်။ သူက တတိယအလွှာကို စံပြအသုံးအဆောင်၁၃ခုဖြင့် ကောင်းချီးပေးလိုက်ပြီး သူ့ရည်ရွယ်ချက်လှုံ့ဆော်ရေး နည်းစနစ်ဖြင့် ခုခံရေးအသုံးအဆောင်များအဖြစ် ပြောင်းလဲလိုက်သည်။

စတုတ္ထမြောက်အလွှာကမူ မူလစည်းတံဆိပ်ကုန်းမြေမှ ဖြစ်၏။ ဝမ်ဝေ့က အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်း အစရှိသည့် ပုံရိပ်ယောင်များကို ဆင့်ခေါ်လိုက်သည်။

မဟုတ်သေးဘူး။ ဒါက မလုံလောက်သေးဘူး။

ဝမ်ဝေ့က သူ့အာရုံခံစားနှုန်းသည် ပြင်းထန်နေကြောင်း တွေးမိသွား၏။ သူသည် ကံကြမ္မာနန်းဆောင်များကို ကြည့်ကာ အတွေးတစ်ချက်ဖြင့် ၁၂ခုမြောက် နန်းဆောင် ပေါ်ထွက်လာလေသည်။ ဝမ်ဝေ့က စံပြတစ်ပိုင်းဟု ယူဆလို့ရသည့်အတွက် နောက်ဆုံးတစ်ခုက နောက်ဆုံးသောအသွင်ပြောင်းမှုကို စောင့်ဆိုင်းနေခြင်းမျှသာ ဖြစ်၏။ သူ့တည်ရှိမှု လှုံ့ဆော်သည့်အခါ သူသည် တာအိုခန္ဓာကို အသုံးပြုပြီး မျှော်စင်မှ စွမ်းအားဖြင့် ထောက်ပံ့ပေးနိုင်သည်။

ကံကြမ္မာနန်းဆောင် အစီအရင် ၁၁ခုက ကံကြမ္မာနန်းဆောင် အစီအရင် ၁၂ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပထမအလွှာခုခံမှုကို အားဖြည့်ပေးလိုက်၏။ သို့သော်လည်း ဝမ်ဝေ့က မကျေနပ်သေးပေ။

“ဝမ်မျိုးနွယ်ရဲ့ ခေါင်းဆောင်အနေနဲ့ ငါတို့ရဲ့ ချီကံကောင်းမှုနဂါးကို ကာကွယ်ပေးဖို့ ဆင့်ခေါ်တယ်”

ထို့နောက် ရောင်စုံနဂါးက ဤနေရာလွတ်အတွင်း ပေါ်ထွက်လာကာ ငါးလွှာမြောက်ကာကွယ်မှုကို ဖွဲ့စည်းလာသည်။ ထိုနဂါး၏ အောက်ခြေတွင် သရဖူသုံးခု ပေါ်ထွက်လာပြီး ဝမ်ဝေ့၏ လောကသုံးပါးဧကရာဇ်ဟူသော ဂုဏ်ပုဒ်ကို ကိုယ်စားပြုနေသည်။ သရဖူက မြေအောက်ကမ္ဘာမှ စွမ်းအားကို ထုတ်ယူနေစဉ် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ဒိုင်မေးရှင်းအနိမ့်ကို လွှမ်းမိုးအုပ်ချုပ်သည့် စည်းမျဉ်းများပင် ပါဝင်သည်။

သာမန်အခြေအနေအောက်တွင် ထိုဆဌမမြောက် ကာကွယ်ရေးအလွှာက အတော်လေး နည်းနေသင့်၏။ သို့သော်လည်း ဝမ်ဝေ့က သူ့အဘွားသည် ယမမင်းဟူသော အချက်ကို အသုံးချကာ မြေကမ္ဘာဧကရာဇ်သရဖူအတွက် စွမ်းအားကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သူသည် ကောင်းကင်တာအို၏ ချစ်မျက်ရှုလေး ဖြစ်သည့်အတွက် သရဖူနှစ်ခုအတွက် စွမ်းအားကို ထောက်ပံ့ပေးနိုင်၏။

သူ့အလောင်းအစားက မှန်ကန်နေလေ၏။ သို့သော်လည်း ဝမ်ဝေ့က ဘေးကင်းသလို မခံစားရသည့်အတွက် သတ္တမမြောက်အလွှာကို ထည့်ပေါင်းလိုက်သည်။ သူ့အနာဂတ်ဇနီးလောင်းက သူ့ကိုယ်ပိုင်စွမ်းအား လျှို့ဝှက်လုံခြုံရေးသေတ္တာကို အရင်းအမြစ်နေရာလွတ်ထဲ ထားရှိခဲ့လေသည်။ သူမက သူ့အား အရေးပေါ်အခြေအနေအတွက် ဝင်ရောက်ခွင့်ပြုထားလေ၏။

သော့ခလောက်အောက်တွင် ထိုအရာကို ရယူဖို့ရာ ခက်ခဲသော်လည်း ယခုအခါ ပြဿနာတစ်ခု မဟုတ်တော့ပေ။ ထို့ကြောင့် နောက်ဆုံးသော ကာကွယ်ရေးအလွှာအနေဖြင့် ချီပင်လယ် သို့မဟုတ် စွမ်းအားပင်လယ်တစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးမိုးကြိုးချက်က အကြီးမားဆုံး အဖျက်စွမ်းအားအသွင်ဖြင့် ကောင်းကင်ယံမှ ဆင်းသက်လာပြီး မဟာတာအို၏ အထွတ်အထိပ်ဒေါသကို ဆောင်ကြဉ်းလာသည်။ ထိုအရာက ကာကွယ်ရေးအလွှာများကို ဓားပူတစ်ချောင်းက ထောပတ်ကို လှီးဖြတ်လိုက်သလိုမျိုး ဝင်ရောက်လာ၏။

မျှော်စင်တစ်ခုလုံးက တုန်ခါသွားကာ လူကြီးမင်းလုအပါအဝင် စိတ်ဝိညာဉ်များစွာက ထိုတိုက်ကွက်သည် စစ်ဆေးမှု၏ ကျန်ရှိနေသောနေရာများအား ဖျက်ဆီးခြင်းနှင့် သက်ရောက်မှုရှိခြင်းမှ ကာကွယ်ဖို့ အပြင်းအထန် ကြိုးစားလိုက်ရ၏။ အလင်းတန်းနှင့် အဖျက်စွမ်းအားတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဗလာနတ္ထိကိုသာ ချန်ထားခဲ့လေသည်။ အရာအားလုံးက အဆုံးသတ်သွားဟန်ပေါ်၏။

ဒါပေမဲ့ ဒါက အဆုံးသတ်လား။ ဝမ်ဝေ့က သေဆုံးသွားပြီလား …

သူက အသက်ရှင်ပြီးတော့ ပြန်လည်ဝင်စားဖို့ အခွင့်အရေးရသွားပြီလား …  ဒါက ခရီးလမ်းရဲ့ အဆုံးသတ်လား ဒါမှမဟုတ် နောက်တစ်ခုရဲ့ စတင်ခြင်းလား

ဝှစ်

ထို့နောက် ပြဲသွားသည့် စာလိပ်က ရွှေရောင်အလင်းတန်းများဖြင့် ထွက်ပေါ်လာလေသည်။ ထိုအရာသည် သူ့ဒွာရပေါက်များမှ အနက်ရောင်သွေးများ စီးကျနေသည့် ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားလေ၏။

“ငါက နောက်ဆုံးအနိုင်ရရှိတဲ့သူပဲ။ ငါက လွတ်လပ်ခွင့်ကို ရဖို့ ခြေတစ်လှမ်း နီးကပ်သွားပြီ” ဝမ်ဝေ့က ကြေညာလိုက်သည်။ သူက အသက်ရှင်ရုံသာမကဘဲ အားကောင်းသည့် မိုးကြိုးချက်ကို အသုံးပြုကာ သူ့ကံကြမ္မာမျိုးစေ့ အဆင့်အတန်းကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထိုအရာက သူ ထင်ထားသည်ထက် ပိုမိုကြီးမားနေလေ၏။

“သတင်းဆိုးကတော့ ငါ့ရဲ့ တည်ရှိမှုက ဒဏ်ရာရတယ်လို့ ပြောလို့ မရလောက်အောင်ကို ဆိုးရွားသွားတာပဲ”

ဝမ်ဝေ့က ရေရွတ်ပြီး သွေးများကို သုတ်လိုက်သည်။ သို့သော် သွေးများစီးကျနေခြင်းအား မရပ်တန့်သွားပေ။ အကယ်၍ သူသာ တည်ရှိမှု ခုခံရေးရှေ့ပြေးပုံစံကို မဖန်တီးထားပါက သူသည် ယခုအခါ ပြာမှုန့်ကလွဲ၍ ဘာမှကျန်တော့မည် မဟုတ်ပေ။

တကယ်လို့ တခြားတစ်ချိန်ဆိုရင်တော့ ရှင်သန်ခြင်းမျှော်စင်ကတောင် ငါ့ကို ကုစားပေးနိုင်မှာ မဟုတ်ဘူး။ ကံကောင်းသွားတာက အခွင့်အရေးကောင်းတစ်ခုက ငါ့ဆီမှာ ရှိနေတယ်

ဝမ်ဝေ့က သုံးသပ်လိုက်၏။

နောက်ဆုံးတော့ သူ့ အသွင်ကူးပြောင်းမှုက မဟာတာအိုအရင်းအမြစ်မှ စွမ်းအားကို စုပ်ယူပြီး အစစ်အမှန် စံပြတစ်ယောက် ဖြစ်လာဖို့ ဖြစ်သည်။ ဤသည်က သူ့တည်ရှိမှုကို ပြန်လည်ကုစားဖို့ လိုအပ်နေသည့် အခွင့်အရေးအတိအကျ ဖြစ်၏။

All Chapters