ပြန်လည်ဆုံစည်းခြင်း အပိုင်း(၁၂)
Vol. 103 Ch. 1429
ဝမ်ဝေ့က ကျန်းပိယု ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ၏ ရွေးချယ်ခံကိုယ်ပွားများတွင် တာအိုမျိုးစေ့ကို မထည့်သွင်းရသေးကြောင်း ရုတ်တရက် အမှတ်ရသွားလေသည်။ သူ့အနာဂတ်အစီအစဉ်တချို့က ထိုယုံကြည်သက်ဝင်မှု နှစ်ခုအပေါ် နက်နက်နဲနဲ နားလည်မှုတို့ကို လိုအပ်နေလေသည်။ သို့သော် သူက ထိုအရာများကို နားလည်ဖို့အတွက် ယွမ်ခေတ်ကာလများ သန်းနှင့်ချီကာ မကုန်ဆုံးလိုသည့်အတွက် တာအိုမျိုးစေ့က သူ့အကောင်းဆုံးချဉ်းကပ်မှု ဖြစ်လာခဲ့သည်။
စစ်ဆေးမှုကနေ သူတို့ရဲ့ လူတွေကို ရွေးချယ်လို့ ရတယ်။ ဒါပေမဲ့ ပြဿနာက ဗုဒ္ဓဘာသာပဲ
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သူ့နည်းလမ်းသည် မေတ္တယျဆီမှ ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မယုံပေ။
အမှန်တရားကို သိပြီးတဲ့နောက်မှာ သူမက နားလည်ပြီး ခွင့်ပြုပေးလောက်ပါတယ် …
ဝမ်ဝေ့က တွေးလိုက်သည်။ သူက မေတ္တယျရှာဖွေတွေ့ရှိသွားခဲ့လျှင် မည်သို့လုပ်မည်ကို သိလို၏။
သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာက သူမရဲ့ အကျင့်စရိုက်ကို ပြပြီးသားဖြစ်သွားမှာပဲ
မေတ္တယျက လက်ရှိ သူတို့ဘက်တွင်ရှိသော်လည်း ဝမ်ဝေ့၏ တစ်စိတ်တစ်ပိုင်းကမူ အရာအားလုံးသည် အပေါ်ယံဖြစ်ကြောင်း မှတ်ယူထားဆဲ ဖြစ်သည်။
သူက သတင်းစကားအဆောင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် နောက်ထပ်ဧည့်သည်နှစ်ယောက်ရောက်ရှိလာကြောင်း သိလိုက်ရသည်။ သူက ဒုတိယအဖွဲ့ကြောင့် အနည်းငယ် အံ့အားသင့်မိသွား၏။
စိတ်ဝင်စားစရာပဲ။ အသင်္ချေမဟာမိတ်က ငါ့ကို ဘာလို့ တွေ့ချင်တာလဲ မသိဘူး။
ဝမ်ဝေ့က သိချင်သော်လည်း မဟာချင်ခုံရုံးအား သေးငယ်သည့် အာဏာလှုပ်ရှားမှုတစ်ခုအဖြစ် မြင်နေဆဲ ဖြစ်သည်။
ထို့ကြောင့် လူနှစ်ဦးက သူ့တောင်ဆီ ရောက်ရှိလာကြ၏။ ပထမတစ်ဦးက အနည်းငယ်ရင်းနှီးနေသော်လည်း ဝမ်ဝေ့က သူ့ကို ဘယ်နေရာတွင် မြင်တွေ့ခဲ့မှန်း မမှတ်မိပေ။
ဒီလိုသေးငယ်ပြီး အားနည်းတဲ့ တာအိုဘိုးဘေးတစ်ယောက်ကို ငါက ဘယ်နေရာမှာများ သိခဲ့တာလဲ
ပိုပြီးအရေးကြီးတာက ချင်သူတော်စင်ခုံရုံးက ငါ့ဆီလာတွေ့ဖို့ သူ့ကို လမ်းညွှန်အနေနဲ့ လွှတ်လိုက်တာလဲ။
ထိုသူက သူနှင့် ဆက်နွယ်မှုတချို့ရှိနေနိုင်သော်လည်း သူက ချက်ချင်း မမှတ်မိပေ။
ဝမ်ဝေ့က ထိုကိစ္စကို များစွာ မတွေးတောတော့ဘဲ နောက်မှလူကို လှမ်းကြည့်လိုက်၏။ ထိုသူက ဤအစည်းအဝေးအတွက် အစစ်အမှန် ကိုယ်စားလှယ်ဖြစ်ဟန်ပေါ်သည်။ ထိုအမျိုးသားက ပညာရှင်တစ်ယောက်၏ ပုံစံဝတ်ဆင်ထားပြီး ငှက်မွေးယပ်တောင်နှင့် အရာရှိဦးထုပ်တို့ကိုပါ ဝတ်ဆင်ထားလေသည်။
ချင်သူတော်စင်ခုံရုံးရဲ့ အမတ်ချုပ်ပဲ
ဝမ်ဝေ့က တွေးလိုက်သည်။ အနီရောင်မျက်နှာဖုံးက အာဏာရှင်များအကြောင်း သူ သိဖို့လိုသည့် သတင်းအချက်အလက် အားလုံးကို စုစည်းပြီး သူ့ကို ပေးထားပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူသည် အမတ်ချုပ် ကျူးချန်ဟွမ်းအကြောင်းကို သိထားလေသည်။ ထိုသူက ယင်ကျန်း၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည့် ချင်မင်းသမီးတစ်ပါးကို လက်ထပ်ခဲ့သည့် အချက်ပင် အပါအဝင် ဖြစ်၏။
“အရှင်ဝမ်ဝေ့ ကျုပ်ကို မှတ်မိရဲ့လားမသိဘူး” တာအိုဘိုးဘေးက ပြောလာသည်။
“မင်းက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ကျုပ်က မဟာကျိုးက ကျိဟုန်ဝေ့ပါ”
“သစ္စာဖောက်ပဲ” ဝမ်ဝေ့က ရုတ်တရက် အမှတ်ရသွားလေသည်။ သူ့အထွတ်အထိပ်တားမြစ်ခံစစ်ဆေးမှုအတွင်း မဟာကျိုးတိုင်းပြည်၏ အိမ်ရှေ့စံက သူ့ညီ ကျီစုန့်အတွက် လက်စားချေလိုခဲ့သည်။ ထို့ကြောင့် သူသည် သူ့ဘိုးဘေးတစ်ယောက်ဖြင့် အကွက်ကျစီစဉ်ကာ တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့၏။ ကျိဟုန်ဝေ့က ထိုတော်လှန်ရေး၏ သော့ချက်ဖြစ်ပြီး အစောင့်အရှောက်ဖြစ်သည့် သူ့ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်ကာ အထက်ဘုံအထိ အောင်အောင်မြင်မြင် တက်လှမ်းလာနိုင်ခဲ့သည်။
ဝမ်ဝေ့က သူ့ကို မမှတ်မိသည်မှာ ထိုအချိန်က စစ်ဆေးမှုဖြင့်သာ အာရုံများနေခဲ့ပြီး မဟာကျိုးထံ ဖြစ်ပျက်သမျှအရာအားလုံးကို အာရုံမစိုက်မိတော့ပေ။
ကျိဟုန်ဝေ့က မျက်နှာပူမိသွားသော်လည်း အရည်ထူထူဖြင့် ပြောလိုက်သည်။
“ဟုတ်ပါတယ် ကျုပ်ပါ”
“မင်းက မဟာချင်တိုင်းပြည်နဲ့ ဘယ်လိုများ ဆက်သွယ်မိသွားတာလဲ”
“ကျုပ်က မဟာကျိုးကို ဒီမှာပြန်ပြီး တည်ဆောက်ထားတယ်လေ။ အဲဒါဆိုတော့ မဟာချင်တိုင်းပြည်ရဲ့ လက်အောက်ခံသားပေါ့” ကျိဟုန်ဝေ့က ရှင်းပြလိုက်သည်။
“မင်းကို ဒီလောက်ရည်မှန်းချက်ကြီးလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ အဲ့လိုသုံးသပ်လောက်အောင် ငါက မင်းကို ကောင်းကောင်းတော့ မသိဘူးပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ခင်ဗျားက ခုံရုံးအတွက် ရောက်လာတာလို့ ထင်တယ်” သူက အမတ်ချုပ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ဒါက အမတ်ချုပ် ကျိုးချန်ဟွမ်းပါ။ သူက မဟာချင်ကို ကိုယ်စားပြုဖို့ ရောက်လာတာပါ” ကျိဟုန်ဝေ့က မိတ်ဆက်ပေးပြီးသည့်နောက်တွင် နောက်ဆုတ်လိုက်သည်။
“သခင်လေး ဝမ်ဝေ့ တွေ့ရတာ ဝမ်းသာပါတယ်”
“တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီနားမှာပဲ ရပ်လိုက်တော့။ ခင်ဗျားက ပညာရှင်တစ်ယောက်လိုမျိုး ပြုမူပြီးတော့ စကားကို လိုရင်းမရောက်အောင် ကွေ့ပတ်ပြောနေမှာကို သိတယ်။ ကျုပ်က ဖြုန်းစရာအချိန်မရှိဘူး။ အဲဒါဆိုတော့ တဲ့တိုးပဲ ပြောကြမယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားက သတင်းစကားတွေထဲက အတိုင်းပဲကို။ ကောင်းပြီလေ ကျုပ်က အင်အားစုနှစ်ခုကြားက တင်းမာမှုကို ဖြေလျော့ဖို့ ရောက်လာတာပါ” ကျူးချန်ဟွမ်းက ပြောလိုက်သည်။
“အဲဒါဆိုတော့ ဟုန်ဝါကို လွှတ်ပေးထားတာကနေ စလိုက်ကြရအောင်”
“သခင်လေး ဒါက မဖြစ်နိုင်ဘူးဆိုတာကို သိတာပဲလေ” ကျူးချန်ဟွမ်းက တည်ငြိမ်စွာ ပြောလိုက်၍ ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သည်။
“မိန်းကလေး ဟုန်ဝါက ကျုပ်တို့ရဲ့ ဧည့်သည်ပါ။ ဒီစစ်ဆေးမှုအတွက် သူမကို နေရာတစ်ခုတောင် ပေးဖို့ စီစဉ်ထားပါတယ်”
“အိုး အဲဒါဆိုတော့ အသေးစား ကောင်းကင်ဧကရာဇ်ဂုဏ်ပုဒ်က မလုံလောက်ဘူးပဲ။ သူမကို စံပြအဖြစ် မြှင့်တင်ပြီးတော့ ပိုမိုမြင့်မားတဲ့အဆင့်ရောက်အောင် စွန့်စားမှုအားလုံးကို ယူခိုင်းဖို့ စဉ်းစားနေတာပဲ။ သိပ်တော့ မဆိုးဘူးပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှာကို မကြောက်ဘူးလား”
“ကျုပ်တို့က မကြောက်ပါဘူး”
ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်သည်။
“ခင်ဗျားရဲ့ တည်ငြိမ်တဲ့ အပြုအမူက ယင်ကျန်းက သူ့ထက် သာလွန်မှုလမ်းစဉ်က ကမ္ဘာကနေ ဖုံးကွယ်မထားနိုင်ဘူးဆိုတာကို သဘောပေါက်သွားတဲ့ပုံပဲ။ အဲဒါဆိုတော့ သူက တိုက်ရိုက်ဆန်ဆန်ပြုမူဖို့ ရွေးချယ်လိုက်တာပဲ”
သုံ့ထျန်းက ဒီလူနဲ့ စကားပြောတဲ့အချိန်မှာ ဖိအားအကြောင်း ထည့်မပြောခဲ့ဘူး
ကျူးချန်ဟွမ်းက တိတ်တဆိတ် ညည်းတွားလိုက်သည်။ သို့သော်လည်း သူ့မျက်နှာအမူအရာက နဂိုအတိုင်းရှိနေဆဲသာ ဖြစ်၏။
“ကျုပ်တို့က အားကောင်းပြီးတော့ အချိန်အတော်ကြာ လေ့ကျင့်ပေးခဲ့တာဆိုတော့ ပိုပြီးယုံကြည်ချက်ရှိရှိနဲ့ တဲ့တိုးပြုမူဖို့ ရွေးချယ်လိုက်တာပဲ ရှိပါတယ်”
“ဟုတ်ပြီလေ”
“အဲဒါဆိုတော့ သူမက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ခင်ဗျား နားလည်တယ်မလား” အမတ်ချုပ်က ဆက်ပြောလိုက်သည်။
“ကောင်းပြီလေ။ ခင်ဗျားတို့က သူမကို လွှတ်မပေးချင်မှတော့ ကျုပ်တို့ကြားက တင်းမာမှုကို ဖြေလျှော့ဖို့ ဘာများရှိသေးလို့လဲ”
“ခင်ဗျားက ကျုပ်တို့ကို လက်မှတ်တစ်စောင်ကို ဆေး ၇လုံး သတ်မှတ်ပြီးတော့ လူဦးရေကို ၅ယောက်အဖြစ် ကန့်သတ်ထားတာက မမျှတဘူးလေ။ အဲဒါဆိုတော့…”
“ကွေ့ပတ်ပြောမနေပါနဲ့”
“ကောင်းပြီလေ။ ကျုပ်တို့က မျှမျှတတ ဆက်ဆံခံရဖို့အတွက် အသက်နဂါးကာကွယ်ရေးအဆောင်ကို ပေးနိုင်တယ်။”
“အိုး” ဝမ်ဝေ့က ချက်ချင်း စိတ်ဝင်စားသွားမိ၏။ ထိုအဆောင်က မဟာချင်သူတော်စင်ခုံရုံးက သူတို့၏ ကံကောင်းမှုတာအိုအပေါ် နက်နက်နဲနဲ နားလည်မှုကို အသုံးပြု၍ ဖန်တီးထားသည့် ထူးကဲသော အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် အဆောင်က ထိုသူ၏ တည်ရှိမှုဝန်းကျင်တွင် ကာကွယ်မှုတစ်ခု ထုတ်လွှတ်လာမည်ဖြစ်ကာ အချိန်ကာလတစ်ခုအထိ [တည်ရှိမှု]ကို မည်သည့်အထိအခိုက်မှ မဖြစ်စေလိုပေ။ ဤသည်က စံပြအတိုင်းအတာမဲ့ စမ်းသပ်ချက်အတွက် ပြီးပြည့်စုံသည့် အဆောင်တစ်ခု ဖြစ်၏။
“သေချာရဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။ ထိုအဆောင်၏ တန်ဖိုးက ချင်သူတော်စင်ခုံရုံး သူတို့၏ သူတို့စစ်ဆေးမှု၏ ပြိုင်ပွဲဝင်များအတွက် ပေးချေရမည်ထက် အဆများစွာ ကျော်လွန်နေလေသည်။
“ကျုပ် ပြောတဲ့အတိုင်း ကျုပ်တို့က ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ကြိုးစားနေတာပါ” ကျူးချန်ဟွမ်းက ပြောလိုက်သည်။
“ကျုပ် အံ့ဩမိတယ်လို့တော့ ပြောရမယ်” ဝမ်ဝေ့က ပြောလိုက်ပြီး နောက်ကို မှီကာ သူ့ရှေ့မှသူကို ကောင်းကောင်းကြည့်လိုက်သည်။
“ခင်ဗျားတို့တိုင်းပြည်ရဲ့ ကျုပ်အပေါ် ချဉ်းကပ်မှုက နည်းနည်း ရန်လိုနေမယ်လို့ ထင်နေတာ”
“ကြည့်ရတာ ကျုပ်တို့နဲ့ ကျုပ်တို့ဧကရာဇ်အကြောင်းကို နည်းနည်းနားလည်မှု လွဲနေတဲ့ပုံပါပဲ” ကျူးချန်ဟွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှန်ပါတယ်လေ” ဝမ်ဝေ့က ဝန်ခံလိုက်၏။ သူနှင့် ယင်ကျန်းကြားက ရန်ငြိုးတချို့ရှိခြင်းကမူ သူသည်လည်း ကမ္ဘာမြေနှင့် သမိုင်းမတိုင်မီကမ္ဘာမှ ဖြစ်နေ၍ ဖြစ်သည်။ ထို့ကြောင့် ထိုအမျိုးသားသည် သူ့ရှေ့မှ ရောက်ရှိနေသော်လည်း သူ့ပိုင်နက်ကို ကျူးကျော်သလိုမျိုး အမြဲတမ်း ခံစားနေခဲ့ရ၏။
“ကောင်းပြီလေ။ ဒီအပေးအယူကို ငြင်းဆန်ဖို့ အကြောင်းအရင်းတော့ မရှိပါဘူး။ ဒါပေမဲ့ ကျုပ် အရင်ဆုံး ကြိုပြောလိုက်မယ်။ စုတ်တီးစုတ်ပြတ် ထုတ်ကုန်တွေ ပေးလာမှာလား ဒါမှမဟုတ်ဘူးဆိုရင် အဲဒီအဆောင်တစ်ခုက တိုတောင်းတဲ့ အချိန်ကာလတစ်ခုရှိနေလို့လည်း မဖြစ်ဘူး”
“အဲဒါက ကျုပ်တို့ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ် မဟုတ်ဘူးလား”
“ကျုပ်က ရှင်းရှင်းလင်းလင်း ပြောထားတာပါ။ ပြီးတော့ နောက်ထပ် တောင်းဆိုချက်တစ်ခု ရှိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ကျူးချန်ဟွမ်းက မျက်မှောင်ကြုတ်လိုက်၏။
“ပြောပါ။ ဒါပေမဲ့ အရမ်းကြီးမလွန်ပါစေနဲ့”
“ဘာမှအရေးကြီးတာ မဟုတ်ပါဘူး။ ဟုန်ဝါနဲ့ သူ့ဇနီးကြား တွေ့ဆုံဖို့ စီစဉ်ပေးရမယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးကို ခင်ဗျားတို့ဘက်က တာဝန်ယူပေးလို့ရတယ်။ ကျုပ် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟွားရွှယ်ပါ တစ်ခုခုဖြစ်မလာအောင်တော့ အာမခံပေးရမယ်”
“အဲဒါက စီစဉ်ပေးလိုရပါတယ်” ကျူးချန်ဟွမ်းက ပြဿနာမရှိ သဘောတူလိုက်သည်။
ဟုန်ဝါအား သူတို့၏ အစီအစဉ်အား မဖျက်ဆီးပစ်နိုင်ရန် မျှော်လင့်ချက် လုံလုံလောက်လောက်ပေးဖို့ လိုအပ်နေလေသည်။ ထို့ကြောင့် ထိုတွေ့ဆုံမှုက များစွာ ကူညီပေးနိုင်လိမ့်မည်။
“ကောင်းပြီလေ။ အရာအားလုံးကို စာချုပ် ချုပ်လိုက်ကြတာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် စာချုပ်ချုပ်ဆိုဖို့ နောက်အဆင့်ကို စီစဉ်လိုက်ကြသည်။ အရာအားလုံး အဆုံးသတ်ပြီးသွားသည်နှင့် သူက သူတို့အား လိုက်လံမပို့ဆောင်တော့ဘဲ သူတို့ထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်သည်။
အဲဒီခွေးကောင် ကျိဟုန်ဝေ့က အတော်လေးကို ကံဆိုးတာပဲ။
ဝမ်ဝေ့က ခေါင်းအသာယမ်းရင်း တွေးလိုက်သည်။ ချင်တိုင်းပြည်၏ လျှို့ဝှက်ချက်ကြီးများကို ကြားပြီးသည့်နောက်တွင် ထိုသူက ကြာကြာအသက်ရှင်မည် မဟုတ်ပေ။ သာမန်အခြေအနေအောက်တွင် ကျူးချန်ဟွမ်းက သက်ညှာစွာဖြင့် မှတ်ဉာဏ်သာ ဖျက်ဆီးပစ်နိုင်သော်လည်း နှမြောစရာကောင်းလှစွာဖြင့် သူ သိလိုက်ရသည့် သတင်းအချက်အလက်က ယင်ကျန်း၏ ထူးကဲသာလွန်မှုလမ်းစဉ် ပါဝင်ပတ်သက်နေသည်။ မဟာချင်က ရဲတင်းဖို့ ဆုံးဖြတ်ထားသော်လည်း တာအိုဘိုးဘေးငယ်လေးက သူတို့၏ လျှို့ဝှက်ချက်များကို ခိုးကြည့်နိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။
သူ့ကို ထားလိုက်ပါတော့
ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။
“ငါ ယမမင်းတွေအကြောင်း မေ့သွားတယ်။ အဲဒီလူတွေက ငါ့ကို ရွံရှာနေတာဆိုတော့ သူတို့က ယင်ကျန်းအပေါ်မှာ အဲ့လိုခံစားမိပါ့မလား။ သူက သူတို့ကို ရန်သူမလုပ်သရွေ့ သူ့အနေနဲ့ မြေကမ္ဘာဧကရာဇ်ရာထူးကို ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဟုန်ဝါကို ကြားခံနယ်အနေနဲ့ သုံးမယ်ဆိုရင်တော့ နောက်ထပ် ဇာတ်ကြောင်းတစ်ခုဖြစ်သွားမယ်။”
အကယ်၍ ဟုန်ဝါက မဟာချင်အတွက် ဤမျှတန်ဖိုးရှိနေပါက သူမကို ကိုင်တွယ်ပြီး သူတို့နှင့် ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်တော့ပေ။
သူမက သူ့ထူးကဲသာလွန်မှုလမ်းစဉ် ဖြစ်နိုင်လားဆိုတာ စမ်းသပ်ဖို့အတွက် ပြီးပြည့်စုံဆုံး စမ်းသပ်ခံပစ္စည်းပဲ။
ဟုန်ဝါက ရာထူးသုံးခုကို ဆုပ်ကိုင်ထားပြီဖြစ်သောကြောင့် ယင်ကျန်းအနေဖြင့် သူမအား ရှုရန်၏ ငရဲဘုံကို အသုံးပြုစေကာ ဖြစ်နိုင်ချေရှိသည့် ထူးကဲသာလွန်မှုနည်းစနစ်ကို ကောက်ချက်ချဖို့ လေ့လာနိုင်သည်။
ယင်ကျန်းက ထူးကဲသာလွန်မှုပြိုင်ပွဲမှ ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာပြီ…
ဝမ်ဝေ့က သုံးသပ်ရင်းဖြင့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။