← Chapters

ပြန်လည်ဆုံစည်းခြင်း နောက်ဆုံးအပိုင်း

Vol. 103 Ch. 1431

ပြန်လည်ဆုံစည်းခြင်း နောက်ဆုံးအပိုင်း

Vol. 103 Ch. 1431

ရောက်ရှိလာတဲ့ ကပ်ဘေးက အာဏာရှင်တွေကို ပစ်မှတ်ထားရတဲ့ အကြောင်းအရင်းကို အခုတော့ နားလည်သွားပြီ။ ကမ္ဘာကြီးကို ဒီလောက်ကြာကြာ အုပ်ချုပ်လာပြီးတဲ့နောက်မှာ သူတို့အားလုံးက မောက်မာပြီးတော့ စိတ်ကြီးဝင်လာကြပြီး ပျက်စီးသွားတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ လေလွင့်ကျင့်ကြံသူက မျိုးနွယ်များနှင့် ဂိုဏ်းများကို အဘယ်ကြောင့် မုန်းတီးရသနည်း။ ထိုသူတို့က ချမ်းသာကြွယ်ဝမှုများကို သိမ်းပိုက်ထားရုံမျှသာ မကဘဲ သူတို့၏ အဖွဲ့သားများနှင့် ရင်ဆိုင်ရခြင်းက သူတို့၏ မာန်မာနနှင့် အတ္တတို့ကြောင့် ဆက်ဆံရေးက အိပ်မက်ဆိုးသဖွယ်ဖြစ်နေ၍ဖြစ်သည်။

ရွှေရောင်ခေတ်ကာလရဲ့ စမ်းသပ်မှုက အကြွင်းမဲ့တားမြစ်ချက်မတိုင်ခင် စတင်ခဲ့တယ်လို့ ထင်တယ်။ ပိုပြီးကောင်းတာက တားမြစ်ချက်က ပြဿနာအတွက် ဖြေရှင်းနည်း ဖြစ်သင့်တယ်…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

နှမြောစရာကောင်းတာက တားမြစ်ချက်က ကျရှုံးသွားတာပဲ။ နောက်ခေတ်ကာလက အဲဒီအာဏာရှင်တွေရဲ့ မောက်မာမှုနဲ့ မာနကို ဖိနှိပ်ထားဖို့ အခွင့်အရေးတစ်ခု ဖြစ်လာတယ်။ နှမြောဖို့ကောင်းတာက သူတို့တွေက လမင်းရဲ့ စည်းမျဉ်းတွေကို ဂရုမစိုက်ပဲနဲ့ ကိစ္စတွေကို ပုံမှန်ပြန်ဖြစ်မသွားခင်အထိ မာနတွေကို ခဏချိုးနှိမ်ထားခဲ့ရုံပဲ…

ဝမ်ဝေ့က အချိန်စားသုံးသူသာ မရှိပါက ကောင်းကင်တာအိုသည် အာဏာရှင်များကို ထူးကဲသာလွန်ခေတ်ကာလ မစတင်ကတည်းက ရှင်းထုတ်ပစ်မည်ဖြစ်ကြောင်း ခံစားချက်ရှိနေသည်။

ကြည့်ရတာ အဆင့်အတန်းခွဲခြားမှုက ကမ္ဘာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတာပဲ

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီး သူ့ငြိမ်းအေးသည့်ဘဝကိုသာ ပြန်လည်ခံစားလိုက်သည်။

ယခု သူက အာဏာရှင်အားလုံးနှင့် တွေ့ဆုံပြီးပြီဖြစ်သည့်အတွက် နောက်ထပ်တွေ့ဆုံမှုများ မရှိတော့ပေ။

သူ့အနေဖြင့် နောက်ထပ်နှစ်ရာပိုင်းခန့် ငြိမ်းချမ်းမှုကို အာရုံစိုက်ထားနိုင်ပြီဖြစ်၏။

ဝမ်ဝေ့က သူ့ဥယျာဉ်ကို ပြန်လည်ဖန်တီးခဲ့သည်ကို ဝမ်းသာနေမိသည်။ ငြိမ်းအေးသည့် ပတ်ဝန်းကျင်က သူ့အထီးကျန်မှုကို အနည်းငယ်ပြေပျောက်သွားစေ၏။ သို့သော်လည်း သူက မှားယွင်းနေခဲ့သည်။ သိပ်မကြာခင် ဧည့်သည်တချို့ရောက်ရှိလာလေသည်။

“မင်းကို စစ်ဆေးမှုမတိုင်ခင် မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး” ဝမ်ဝေ့က ငါးမျှားရာမှထကာ ပြောလိုက်သည်။

“ငါလည်း စောစောလာချင်ခဲ့တာ။ ဒါပေမဲ့ လေ့ကျင့်မှုတွေ မပြီးပြတ်သေးလို့လေ။” ကျိလန်ဖန်းက ပြောလိုက်သည်။ သူက သေရည်အိုးနှစ်ခုကို ထုတ်ဖော်လိုက်၏။ ဝမ်ဝေ့က သူ့လက်မောင်းနှစ်ဖက်သည် အနည်းငယ်အညိုရောင်သန်းနေကြောင်း သတိပြုလိုက်မိ၏။ ဝမ်ဝေ့က သူ့[တည်ရှိမှု]ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ပိုမိုအံ့အားသင့်သွားမိသည်။

“ဒီသေရည်ကို ဓားရိုက်ချက်လို့ခေါ်တယ်။ သောက်ကြည့်ပါဦး”

ဝမ်ဝေ့က သေရည်အိုးကို လက်ခံကာ တစ်ငုံသောက်သုံးလိုက်သည်။ သူက ချက်ချင်းဆိုသလို သက်ရောက်မှုရှိလိုက်၏။ သူ့စိတ်ဝိညာဉ်က ဗလာကျင်းနေသည့် လေဟာနယ်ထဲ ရောက်ရှိသွားကာ ဓားသမားများစွာနှင့် စတင်တိုက်ခိုက်နေသည်။ ခဏအကြာတွင် ဝမ်ဝေ့က သူ့ဖခင်နှင့် ဓားသမားအားလုံး မကြာခဏပြောလေ့ရှိသည့် မာနနှင့် သူရဲကောင်းဆန်မှုတို့ကို တွေ့ကြုံခံစားခဲ့ရသည်။ ထိုလူများသည် သူတို့၏ လက်နက်ကို သူတို့၏ ဇနီးထက် ချစ်ခင်ရသည့်အကြောင်းအရင်းကိုပင် နားလည်သွားလေ၏။ သူက ထိုအရာသည် တုံးအသည်ဟု ထင်မိသော်လည်း နားလည်နိုင်သည်။

“သေရည်ကောင်းပဲ” သူက မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူသာ ဓားသမားတစ်ယောက် သို့မဟုတ် ဒိုင်မေးရှင်းအနိမ့်တွင်ရှိနေသူဖြစ်ပါက ထိုအရာသည် သူ့စွမ်းအားကို တိုးမြှင့်ဖို့ရာ သေရည်ကောင်း ဖြစ်၏။

“ဟုတ်တယ်မလား။ မင်းအဖေရော အဆင်ပြေတယ်မလား” ကျိလန်ဖန်းက ပြောရင်း သူ့အနောက်တွင် ဝင်ထိုင်လိုက်သည်။

“ငါ သိတာက သူအသက်ရှင်နေသေးတယ်ဆိုတာပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“တက်လှမ်းလာပြီးတဲ့နောက်မှာ ငါက ဓားသမားအများကြီး စိန်ခေါ်ခဲ့တယ်။ ဒါပေမဲ့ မင်းအဖေလိုမျိုး ဘယ်သူကမှ ငါ့ကို စိတ်မလှုပ်ရှားစေဘူး။ ဒီလိုမိတ်ဆွေကောင်းဆုံးရှုံးရတာ တကယ်ကို ဆိုးရွားတယ်” ကျိလန်ဖန်းက ညည်းတွားလိုက်သည်။

“ငါလည်း အဲ့စကားကို နားလည်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူနှင့် လီကျွင်းတို့က ကလေးဘဝက ကံဆုံသည့် တွေ့ဆုံမှုအပြီးတွင် အချင်းချင်း ငြိတွယ်သွားကြသည်။ သူ ဤသို့ခံစားရသည့် တစ်ဦးတည်းသောသူက ရှုရှစ် ဖြစ်သည်။ သို့သော်လည်း သူတို့၏ ကွဲပြားသော အင်အားစုများက သူတို့၏ ဆက်ဆံရေးအား အစစ်အမှန် ဖွံ့ဖြိုးမတိုးတက်နိုင်အောင် တားဆီးထားလေသည်။ သူတို့က စစ်မှန်သည့် ဓားသမားများ မဟုတ်သည့်အတွက် သူတို့၏ စကားဝိုင်းက နောက်ကွယ်အကြောင်းအရာများ ကိန်းအောင်းနေလေ့ရှိသည်။

နှစ်ဦးသားက မိနစ်ပိုင်းခန့် ပြောဆိုပြီးသည့်နောက်တွင် ဝမ်ထျန်း၏ အတွေ့အကြုံများအကြောင်းကိုပါ ပြန်လည်ပြောဆိုခဲ့သည်။ ဝမ်ဝေ့က သူ့ဖခင်အကြောင်း သူ ယခင်က မသိထားသည့် အချက်အလက်များကို သိလိုက်ရ၏။ ထိုစဉ်အခါမှ သူသည်လည်း သူ့ကိုယ်ပိုင် စွန့်စားမှုလုပ်နေစဉ် သူ့ဖခင်သည်လည်း ဖခင်တစ်ယောက်အပြင် ကျန်သည့် ပြင်ပဘဝ လှုပ်ရှားမှုရှိကြောင်း သဘောပေါက်သွားခဲ့၏။

ဝမ်ဝေ့က သူ့အား မေးလိုက်သည်။

“မင်းက ဗလာနတ္ထိစွမ်းအားကြောင့် ရောက်လာတာလား”

“ငါ မင်းဆီကနေ ဖုံးကွယ်မထားနိုင်ဘူးဆိုတာ သိတယ်။ အစကတည်းကလည်း ဖုံးကွယ်ထားဖို့ စိတ်ကူးတော့ မရှိပါဘူး” ကျိလန်ဖန်းက ခေါင်းညိတ်ကာ သူ့လက်နှစ်ဖက်ကို ချလိုက်၏။ ထိုအရာက တခြားသော အစိတ်အပိုင်းများအပေါ်တွင်ရှိနေသည့် အသားအရည်ဖြူဖျော့နှင့် ယှဉ်လိုက်လျှင် ကြေးနီရောင် ဖြစ်နေလေသည်။

“ငါ့ဓားမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ အဲဒါက အကြွင်းမဲ့အလျင်ပဲ။ ဒါပေမဲ့ ငါ အဲဒါကို ရချင်တယ်ဆိုရင် ငါ ဓားကို ဝှေ့ယမ်းတဲ့အခါမှာ ဘယ်အတားအဆီးမှ ရှိနေလို့မရဘူး”

ကျိလန်ဖန်းက သူ့လက်ဖြင့် လေထဲကို ထိုးသွင်းလိုက်၏။ သူက မြန်ဆန်လွန်းသည့်အတွက် လူအများစုက သူလှုပ်ရှားလိုက်သည်ကို သတိထားမိမည် မဟုတ်ပေ။

“ငါက ခုခံမှု၊ အရှိန်၊ ဒြပ်ထုခုခံမှု၊ ကာလံဒေသကို ခုခံမှုနဲ့ တခြားသဘောတရားပိုင်းဆိုင်ရာ ခုခံမှုတွေကို ကျော်ဖြတ်ပြီးသွားပြီ။ ဗလာနတ္ထိပဲ ကျန်တော့တယ်။ ငါ့ဓားက အကြွင်းမဲ့ဗလာနတ္ထိကဏ္ဍကို ရောက်မှသာ ငါ လိုချင်တဲ့အရှိန်ကို ရနိုင်မှာ။ ဒါပေမဲ့…”

“ဗလာနတ္ထိက ထဖောက်ပြီးတော့ မင်း ဓားဝှေ့ယမ်းတဲ့အချိန်တိုင်း မင်း လက်ဆုံးရှုံးသွားရတယ်မလား” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဟုတ်တယ်။ အတိအကျပဲ။ ငါက မင်းဆီကနေ လှုံ့ဆော်မှုရပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ရေးနည်းလမ်းကို ဗလာနတ္ထိစွမ်းအားကို ဖြည်းဖြည်းချင်းနေသားကျအောင် ပြောင်းလဲခဲ့တာ။ အဲဒါက ငါ့ကို ဧကရာဇ်တားမြစ်တိုက်ခိုက်ရေးအဆင့် ဝင်ရောက်ဖို့ ခွင့်ပြုပေးခဲ့တယ်လေ။ အဲဒါကြောင့် ကောင်းကင်ဘုံအဆင့်မှာလည်း အတူတူလုပ်နိုင်မယ်လို့ ထင်နေတာ။ ကံဆိုးတာက ငါ အဲဒီစွမ်းအားကို လျှော့တွက်ခဲ့မိတာပဲ။ ငါ ကြိုးစားကြည့်တုန်းက ကိုယ့်ကိုယ်ကို သတ်သေမလိုတောင် ဖြစ်သွားသေးတယ်”

“အဲဒါက နားလည်လို့တော့ ရပါတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက လက်ကိုမြှောက်ကာ ဗလာနတ္ထိအကြောင်း သူ့ဗဟုသုတများကို ဖွဲ့စည်းထားသည့် အဆောင်တစ်ခုကို ပေးလိုက်၏။

“ကျေးဇူးပါ” ကျိလန်ဖန်းက ခေါင်းညိတ်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

“ငါလည်း မင်းအဖေအတွက် ပစ္စည်းကောင်းတစ်ခု ပြင်ထားတယ်။ တကယ်လို့ သူ့ကို နောက်ယောင်ခံတဲ့နေရာမှာ လိုအပ်တယ်ဆိုရင် အားနာမနေဘဲ ငါ့ကို ခေါ်လိုက်လေ”

“ကောင်းပါပြီ”

ကျိလန်ဖန်းက ထွက်ခွာသွားလေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့်ရှိနေလေ၏။

“ဟို့ဖုန်းဟွမ်က အလားအလာအရှိဆုံးလို့ ထင်နေခဲ့တာ။ ကြည့်ရတာ ငါ မှားသွားတဲ့ပုံပဲ။ သူတို့ကြားမှာ ဘယ်သူနိုင်မလဲ မသိဘူး”

ယခုက ဆုံးဖြတ်ဖို့ ခက်ခဲလှပေသည်။ ကျိလန်ဖန်း၏ အုတ်မြစ်က ပိုမိုနက်ရှိုင်းလေ၏။ သူက ဧကရာဇ်အဆင့်တွင် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ထားသည် မဟုတ်ပါလော။ တားမြစ်တိုက်ခိုက်ရေးအဆင့်၏ တကယ့်တန်ဖိုးက ထူးကဲသာလွန်မှုလမ်းစဉ်တွင် ရှိနေစဉ်အခါမှ ပေါ်ထွက်လာလိမ့်မည်။ ဤသည်က ထိုအဆင့်အတွက် ကြိုတင်ပြင်ဆင်မှုသာ ဖြစ်၏။

ကျိလန်ဖန်းရဲ့ တိုက်ခိုက်ရေးအလားအလာက ပိုပြီးမြင့်မားတယ်။ ဒါပေမဲ့ ဟို့ဖုန်းဟွမ်က သူ့ရဲ့ ထူးကဲတဲ့ သွေးမျိုးဆက်ငါးခုနဲ့ စွယ်စုံသုံးလို့ရတယ်။ ဒါပေမဲ့ ကျိလန်ဖန်းက အခု အကြွင်းမဲ့ဓားလမ်းစဉ်ကို လိုက်တာဆိုတော့ သူ့ဆီမှာ အားနည်းတဲ့ခန္ဓာပြစ်ချက်မရှိတော့ဘူး။ ဟို့ဖုန်းဟွမ်ရဲ့ ကျင့်ကြံဆင့်က သူ့ထက်ပိုပြီးတော့ တစ်ရာခိုင်နှုန်း ပိုမြင့်တယ်။ သူတို့ရဲ့ တခြားကဏ္ဍတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ ကွဲပြားချက်ဖြစ်ဖို့တော့ လုံလောက်ပါတယ်။

စာရွက်ပေါ်တွင် ထိုနှစ်ဦး၏ တိုက်ခိုက်မှုက ငါးဆယ်၊ ငါးဆယ်ဖြစ်နေနိုင်သော်လည်း ဝမ်ဝေ့က အလောင်းအစားပြုရမည်ဆိုပါက ဟို့ဖုန်းဟွမ်ကိုသာ လောင်းမိလိမ့်မည်။  အကြောင်းအရင်းကမူ သူတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံကြောင့် ဖြစ်၏။ သူမနှင့် တိုက်ပွဲမှတဆင့် သူမသည် တိုက်ပွဲမြောက်များစွာကို တွေ့ကြုံခံစားပြီး အမှန်တကယ် လေ့ကျင့်ထားကြောင်း ပြောနိုင်လေသည်။ ယခင် ယွမ်ခေတ်ကာလတစ်သောင်းအတွင်း သူမက သေခြင်းရှင်ခြင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးသားဖြစ်၏။

 ထိုစဉ် ကျိလန်ဖန်း၏ အရှိန်အဝါကမူ သူ့တိုက်ပွဲများသည် အတွေ့အကြုံသင်ကြားမှုများသာ ဖြစ်ကြောင်း ပြောပြနေသည်။ သူက ဓားသမားမြောက်များစွာနှင့် တိုက်ခိုက်ခဲ့သော်လည်း သူတို့၏ ဓားတာအိုမှ အနှစ်သာရကို စုပ်ယူဖို့မျှသာ ဖြစ်လေသည်။ ထို့ကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲ၌ ဝမ်ဝေ့က ဟို့ဖုန်းဟွမ်အပေါ် အလောင်းအစား လုပ်မိလိမ့်မည်။

အရာအားလုံးက ဖြစ်ပျက်လာတယ်ဆိုပေမဲ့ သူတို့တွေက ကပ်ဘေးထဲမှာ တိုက်ခိုက်လာရနိုင်ခြေ ရှိတယ်။

ဝမ်ဝေ့က ပြုံးရင်း ဆက်လက် အနားယူလိုက်သည်။ သို့သော်လည်း နောက်ငါးမိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ထင်မှတ်မထားသည့် ဧည့်သည်တစ်ဦး ရောက်ရှိလာလေ၏။

သူက လျော်ကြေးတောင်းဖို့ ရောက်လာတာလား…

ဝမ်ဝေ့က ဧည့်သည်ကို လက်ခံရင်းဖြင့် သူ့နှုတ်ခမ်းတို့က ရှုံ့မဲ့သွားလေသည်။

“လောင်မာ ဘယ်လိုလဲ” ဝမ်ဝေ့က ထိုသူ၏ သွေးမျိုးဆက်သည် မာမျိုးနွယ်နှင့် ဆက်နွယ်နေလား စစ်ဆေးကြည့်ရင်း မေးလိုက်သည်။

နှမြောစရာကောင်းလှစွာဖြင့် သူတို့က နာမည်တူမျှသာ ရှိနေခြင်း ဖြစ်၏။

နှမြောဖို့ကောင်းလိုက်တာ။ ဒီစစ်ဆေးမှုပြီးတာနဲ့ မာလီချိုးရဲ့ ဆုလာဘ်ကို ယူရလောက်တယ်။

“ခင်ဗျားရဲ့ စကားချိုချိုလေးတွေကြောင့် ရောက်လာတာ မဟုတ်ဘူး” လောင်မာက ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်တို့အဖွဲ့ကို ဗလာကျင်းပြီး ချန်ထားခဲ့တာလေ။ အဲဒါကြောင့် ခေါင်းဆောင်က ကျုပ်ကို လျော်ကြေးယူဖို့လွှတ်လိုက်တာ”

“ကောင်းပြီလေ။ ငါတို့က မိတ်ဆွေဟောင်းတွေပဲကို။ ဆက်ဆံရေးတွေ ပျက်ပြားစေမဲ့အရာမျိုး ဘာလို့ပြောနေရတာလဲ” ဝမ်ဝေ့က အဖန်ရည်ကိုလည်း လောင်းထည့်ရင်း ပြောလိုက်သည်။

သို့သော်လည်း လောင်မာက ထိုင်ဖို့ရာ သို့မဟုတ် သောက်သုံးဖို့ရာ ငြင်းဆန်လေ၏။

“ခင်ဗျားက စစ်ဆေးမှုကြောင့် ရောက်လာတာမလား။ ကောင်းပြီလေ နေရာလွတ်သုံးခု ပေးမယ်”

“သုံးခုထဲလား”

“ဘာသုံးခုထဲလားလဲ။ ဒါက အနာဂတ်စံပြသုံးယောက် ဖြစ်လာမှာလေ။ အဲဒါက ခင်ဗျားတို့ရဲ့ မွဲတေနေတဲ့ ခေါင်းဆောင် မတတ်နိုင်တဲ့ နေရာသုံးခုပဲ”

လောင်မာ၏ မျက်နှာက နီရဲသွားလေသည်။ သူက ညည်းတွားလိုသော်လည်း ထိုသူက အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်၏။ စံပြကျိမင်က အသစ်ဖြစ်သည့်အတွက် သူက အမှန်တကယ် ငွေကြေးပြတ်လပ်နေလေသည်။ သူက ဤနေရာသို့ ရောက်ရှိလာဖို့ နောက်ကျနေရသည့် အကြောင်းအရင်းကမူ လက်မှတ်များအတွက် သူတို့၏ ချမ်းသာကြွယ်ဝမှုများကို တွက်ချက်နေ၍ ဖြစ်၏။ သို့သော်လည်း သူတို့က ကျရှုံးသွားလေသည်။ ကံကောင်းစွာဖြင့် လောင်မာက အရည်ထူသည့်အတွက် အလျင်အမြန် အသိဝင်လာသည်။

“အရာအားလုံး လုပ်ပြီးတဲ့နောက်မှာ ငါတို့ကို တစ်ခုပဲပေးတာလား။ မျက်နှာမပူဘူးလား”

“ငါက ဘာများလုပ်လို့လဲ” ဝမ်ဝေ့က ရိုးသားသည့်မျက်ဝန်းဖြင့်ကြည့်ကာ မေးလိုက်သည်။

“အဲဒီ ငါ ခေါ်လာတဲ့သူတွေက ငါ့နောက်လိုက်ချင်တာလေ။ မင်းတို့ ခေါင်းဆောင်ကမှ မရှိတာ။ အဲဒီအတွက် ငါ့ကို အပြစ်တင်လို့မရဘူး”

“မင်း” လောင်မာက သူသည် သူ့ထက် အရှက်မဲ့သည့်သူနှင့် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။

“အဲဒါဆိုရင် ငါတို့ခေါင်းဆောင်ကို လုပ်ခဲ့တဲ့ကိစ္စကရော”

“သူ့အသက်ကို ကယ်တဲ့ဟာကို ပြောတာလား”

“ခွေးကောင် လာပြီး အပြစ်ကင်းချင်ယောင်ဆောင်မနေနဲ့။ သူ့ကို ကျိန်စာလုပ်မဲ့အစား ကယ်လို့ရတာပဲ”

“အခြေအနေတွေက ရှုပ်ထွေးတယ်။ သူ့အတွက် တစ်ခုတည်းသော လွတ်မြောက်မှုက သေခြင်းတရားပဲ။ အဲဒါကြောင့် အစစ်အမှန်သေဆုံးမှုအစား သာမန်သေဆုံးမှုမျိုးရအောင် လုပ်ခဲ့တာလေ” ဝမ်ဝေ့က ပြန်လည်ငြင်းခုံလိုက်သည်။

“တကယ်တော့ ငါက သူ့သေဆုံးမှု တစ်စုံတစ်ခု ထိုက်တန်အောင် လုပ်ပေးခဲ့တာ ကျေးဇူးတောင် တင်သင့်သေးတယ်။ ဝူယွီရဲ့ အသက်တစ်သက်ကို သုတ်သင်ခဲ့တဲ့နေရာမှာ ကူညီပေးတဲ့အတွက် ကံကောင်းမှုတချို့တော့ ရလိုက်တယ် မဟုတ်ဘူးလား”

“မင်းဆီမှာ အရာအားလုံးအတွက် အဖြေရှိနေတာပဲ ဟုတ်တယ်မလား” လောင်မာက အံကြိတ်ကာ မေးလိုက်သည်။

“ငါ မညာပါဘူး။ အဲဒါဆိုတော့ ငါ့ဆီမှာ အရာအားလုံးအတွက် အဖြေရှိတယ်” ဝမ်ဝေ့က ရဲတင်းစွာ ပြောလိုက်သည်။ လောင်မာက ပေါက်ကွဲလုမတတ်ဖြစ်နေလေ၏။

“နေရာ ၃ ခုက မလောက်ဘူး” သူက အော်ပြောလုမတတ်ဖြစ်လာလေ၏။

“ဒီနေရာက အတော်လေးကို ရက်ရောနေပြီ။ ပြီးတော့ ကျိမင်ကို ပြောလိုက်။ သူ့အသက်ကို ကယ်ထားတဲ့ ကျေးဇူးကြွေးကျန်သေးတယ်လို့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

ဝမ်ဝေ့က ယခင် ကျိမင်ကို ကယ်တင်ပြီးသည့်နောက်တွင် ကံကြိုးမျှင်ကို အသုံးမပြုခဲ့သည့်အချက်က အနည်းငယ် မျက်နှာပူမိနေ၍ဖြစ်၏။ သို့သော်လည်း ယခုတွင် လောင်မာ၏ ရှေ့၌ ကစားပြလိုက်သည်။

“မင်း”

ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားတာလား။ မင်းက ယွမ်ခေတ်ကာလတစ်ထောင်လောက် ငယ်သေးတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။

“ကောင်းပြီလေ။ မင်းက ကြိုဆိုတာထက် အချိန်အကြာကြီးနေနေပြီ။ ကျိမင်ကို စံပြစမ်းသပ်ချက်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို နားလည်ထားတာဆိုတော့ ပြိုင်ပွဲဝင်ကို သေချာရွေးလို့ ပြောလိုက်”

လောင်မာ၏ အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ပြောလိုက်၏။

“သဘောပါ”

“ဘဝဆိုတာက ပြဇာတ်တစ်ခုလိုပဲ။ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့သူတွေက အနိုင်ရရှိမှာပဲ” ဝမ်ဝေ့က လောင်မာ ထွက်ခွာသွားသည်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။

All Chapters