← Chapters

စစ်ဆေးမှု၏ စည်းမျဉ်းများ

Vol. 103 Ch. 1434

စစ်ဆေးမှု၏ စည်းမျဉ်းများ

Vol. 103 Ch. 1434

သူတို့က ဦးတည်ရာသို့ ရောက်ရှိလာသည်နှင့် မည်သူကမှ ပတ်ဝန်းကျင်ကို ကြည့်ဖို့ရာ အချိန်မရလိုက်ကြပေ။ သူတို့၏ ခန္ဓာကိုယ်က အပြောင်းအလဲ ကြီးကြီးမားမားကို တွေ့ကြုံခံစားခဲ့ရသည်။ လူများစွာက ချက်ချင်းဆိုသလို တင်ပျဉ်ခွေကာ အပြောင်းအလဲကို စစ်ဆေးကြည့်လိုက်ကြ၏။ ထိုသူများထဲတွင် ဝမ်ဝေ့ပင် အပါအဝင်ဖြစ်၏။ လူအများစုက တစ်စုံတစ်ခုကို အာရုံခံမိဖို့ ကျရှုံးခဲ့ကြသည်။ အကယ်၍ သူတို့အာရုံခံမိလျှင်ပင် အပေါ်ယံမျှသာ ဖြစ်၏။

သို့သော် ဝမ်ဝေ့က အရာအားလုံးကို မြင်လိုက်ရသည်။ သူက အမည်မသိစွမ်းအားတစ်ခုသည် သူ့[တည်ရှိမှု]ထဲ သူ့အား ထာဝရသက်တမ်းကို ချီးမြှင့်ထားသည့် ဂုဏ်သတ္တိအားလုံးကို တိုက်ရိုက်ဖိနှိပ်လိုက်ကြောင်း ခံစားမိလိုက်၏။ ထို့နောက် ထိုဂုဏ်သတ္တိအားလုံးကို အမည်မသိ သန့်စင်စွမ်းအားအဖြစ် ပြောင်းလဲကာ မြေကြီးထဲ ပို့ဆောင်လိုက်လေသည်။

ဒါက လူတွေရဲ့ စွမ်းအားကို ခိုးယူဖို့ စီစဉ်ထားတဲ့ လျှို့ဝှက်အစီအစဉ်များလား…

ဝမ်ဝေ့က တွေးလိုက်သည်။ ဤစစ်ဆေးမှုဆီ စတင်ကာစဖြစ်သည့်အတွက် ထိုသို့သော အတွေးမျိုးက သူ့အား တည်ရှိမှုအပေါ် အသုံးချမှုအား သဘောကျနေခြင်းမှ ရပ်တန့်သွားစေသည်။

ဒါက အဓိပ္ပာယ်တော့ မရှိဘူး

အားကောင်းသည့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ကျင့်ကြံသူများကသာ စစ်ဆေးမှုမျိုးကို ပြုလုပ်နိုင်မည် ဖြစ်၏။ ထိုကောင်းကင်ဘုံအဆင့်များမှ စွမ်းအားသည် ခေတ်ကာလများစွာတိုင် သိုလှောင်ထားသည်ဆိုလျှင်ပင် သူတို့အတွက် ဘာမှမဟုတ်ပေ။

ဝမ်ဝေ့က သံသယထားထားသော်လည်း မည်သည့်ကောက်ချက်ချမှုမျိုးမှ မပြုလုပ်ထားပေ။ သူတို့က ဖြစ်စဉ်ကို ဆက်လက်စောင့်ကြည့်နေပြီး တတ်နိုင်သမျှ မှတ်တမ်းတင်ကာ သင်ယူဖို့ ကြိုးစားလိုက်၏။

ငါ့ဆီမှာ သက်တမ်းက သန်းနှစ်ဆယ် ကျန်သေးတယ် …

ဝမ်ဝေ့က မျက်လုံးကို ဖွင့်ကာ လူအားလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူ မဖတ်ရှုနိုင်သည့် သူများကလွဲ၍ သူသည် သက်တမ်းအများဆုံး ဖြစ်၏။ သူ ဖတ်နိုင်သည့်အနိမ့်ဆုံးသူကမူ နှစ်ထောင်ချီမျှသာ ဖြစ်ပေသည်။

ထိုဖြစ်စဉ်က ကြုံရာကျပန်းမဟုတ်ဘဲ လူတစ်ယောက်၏ အုတ်မြစ်နှင့် သူတို့၏ တည်ရှိမှု မည်သို့ဖွဲ့စည်းထားလဲအပေါ် မူတည်နေသည်။

ဟမ်…

သူ့ကြည့်ရတာ သိပ်မပျော်တဲ့ပုံပဲ။ သူ့သက်တမ်းက သိပ်မများဘူးထင်တယ်…

သူသည် ထိုကြွစောင်းစောင်း သခင်လေးဆီမှ သတင်းအချက်အလက်ကို မဖတ်နိုင်သော်လည်း ထိုသူက ခံစားချက်များကို ဖုံးကွယ်ရာ၌ အတော်လေး ဆိုးရွားလွန်းလှသည်။

“အားလုံး အခြေအနေဘယ်လိုလဲ” လူကြီးမင်းလုက အပြုံးဖြင့် ထွက်ပေါ်လာကာ မေးလိုက်သည်။ သို့သော်လည်း မည်သူကမှ ဤတက်ကြွလာသည့် အခမ်းအနားကို ပါဝင်ဆင်နွှဲဖို့ စိတ်ခံစားချက် မရှိကြပေ။

“အခု အားလုံးက ပတ်ဝန်းကျင်နဲ့ နေသားကျသွားပြီဆိုတော့ စည်းမျဉ်းတွေနဲ့ မိတ်ဆက်ပေးမယ်” လူကြီးမင်းလုက ဆက်ပြောလိုက်သည်။

“အခု မင်းတို့က နေထိုင်ရာအရပ်မှာ ရောက်နေတာ။ ဒါက ဘေးကင်းဇုံပဲ။ သတ်ဖြတ်မှုနဲ့ တိုက်ခိုက်မှုတွေကို ဒီနေရာမှာ ခွင့်ပြုမထားဘူး”

လူအားလုံးက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကြစဉ် အဝေးတစ်နေရာမှာရှိနေသည့် ဧရာမမျှော်စင်ကြီးများကလွဲ၍ ဘာမှမရှိပေ။ ကြည့်ရသည်မှာ သူတို့၏ ကိုယ်ပိုင်နေထိုင်ရာကို ကိုယ်ပိုင်တည်ဆောက်ရမည် ဖြစ်၏။

“ဒီအတားအဆီးရဲ့ အပြင်ဘက်ကတော့ အမဲလိုက်နေရာပဲ။ အဲဒါကို နှစ်ပိုင်းခွဲခြားထားတယ်။ အမဲလိုက်နေရာမှာ ငါတို့စစ်ဆေးမှုအတွက် ထူးကဲတဲ့သက်ရှိတွေဖြစ်တဲ့ မကောင်းဆိုးဝါးတွေ ပါဝင်တယ်။ အဆင့်(၁) အမဲလိုက်ကွင်းမှာ ကောင်းကင်ဘုံအဆင့် သက်ရှိတွေ ရှိပြီးတော့ အဆင့်(၂)မှာတော့ စံပြအဆင့်တွေ ရှိတယ်” လူကြီးမင်းလုက ဆက်ပြောလိုက်သည်။

အားလုံးက စကားတစ်ခွန်းမှ လွတ်မသွားရလေအောင် သေချာအာရုံစိုက်နားထောင်နေကြ၏။

“အဲဒီသက်ရှိတွေကို အမဲလိုက်ဖို့က ဒီစစ်ဆေးမှုမှာ အားလုံးပဲ။ မင်းတို့တွေ ကျင့်ကြံချင်တယ်မလား။ မကောင်းဆိုးဝါးတွေကို အမဲလိုက်။ မင်းတို့တွေရဲ့ သက်တမ်းတွေကို တိုးမြှင့်ချင်လား။ မကောင်းဆိုးဝါးတွေကို အမဲလိုက်။ မင်းတို့တွေက မင်းတို့အင်အားစုရဲ့ အဖွဲ့သားတွေကို ဆင့်ခေါ်မခံရပဲနဲ့ စစ်ဆေးမှုကို ဝင်ခွင့်ပေးချင်တယ်ဆိုရင်လဲ မကောင်းဆိုးဝါးတွေကို အမဲလိုက်ကြ”

လူများစွာက ဤသည်မှာ စစ်ဆေးမှုမှ သူတို့ထင်ထားသည့်အရာမဟုတ်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။ သို့သော်လည်း လူကြီးမင်းလုက ရှင်းပြခြင်းမရှိသလို သူတို့၏ စိုးရိမ်ပူပန်မှုများကိုလည်း ဘာမှမဖြေဖျောက်ခဲ့ပေ။

“အမဲလိုက်တဲ့နေရာမှာ စည်းမျဉ်းတချို့ရှိတယ်။ မင်းတို့ကိုယ် မင်းတို့ ကယ်ဖို့မဟုတ်သရွေ့ မင်းတို့စွမ်းဆောင်ရည်ထက် ကျော်လွန်နေတဲ့ အကြီးအကဲတွေကို ဆင့်ခေါ်ခွင့်မရှိဘူး။ ဒါပေမဲ့ မင်းတို့တွေက လွန်ကဲလာမယ်ဆိုရင်တော့ ဒီစစ်ဆေးမှုကနေ ထုတ်ပယ်လို့ရတယ်ဆိုတာကို သတိပေးထားမယ်။

မင်းတို့အဆင့်ထက် မြင့်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးလို့ရတယ်။ ဒါပေမဲ့ ရုပ်သေးရုပ်တွေကို ခွင့်ပြုမထားဘူး။ မင်းတို့တွေက ကိုယ်တိုင်ဖန်တီးထားတာ မဟုတ်သရွေ့ပေါ့”

လူကြီးမင်းလုက ထိုသူများ၏ ညည်းတွားမှုများကို ဂရုမစိုက်ပေ။ သူက လက်ကိုဝှေ့လိုက်သည့်အခါ လူအားလုံး၏ လက်ထဲ၌ အမှတ်အသားပြား ပေါ်ထွက်လာလေသည်။

“သတ်လိုက်တဲ့ မကောင်းဆိုးဝါးတိုင်းအတွက် တစ်ယောက်ချင်းစီရဲ့ စွမ်းအားအပေါ် မူတည်ပြီး အမှတ်ရမယ်။ အဲဒီအမှတ်အသားပြားက မင်းတို့တွေရဲ့ အမှတ်တွေကို မှတ်တမ်းတင်ထားမှာဆိုတော့ အရေးကြီးတယ်” လူကြီးမင်းလုက ဆက်ပြောလိုက်သည်။

“အမှတ်တွေကို အဲဒီမှာရှိတဲ့ မျှော်စင်တွေမှာ သုံးလို့ရတယ်”

အားလုံးက မျှော်စင်များကို လှမ်းကြည့်လိုက်ကြသည်။

“မျှော်စင်က ၈ခု ရှိတယ်။ တာအိုမျှော်စင်က တာအိုအရင်းအမြစ်ကို နားလည်ဖို့ ကူညီပေးပြီး အဆင့်တက်လှမ်းတဲ့နေရာမှာ ကူညီပေးလိမ့်မယ်။ မင်းတို့တွေက အပိုအားဖြည့်မှုအတွက် မင်းတို့ယူလာတဲ့ အရင်းအမြစ်တွေကို သုံးလို့ရတယ်။

ဝိညာဉ်မျှော်စင်ကတော့ စံပြဝိညာဉ်တည်ဆောက်ဖို့အတွက် ပိုမိုလွယ်ကူစေလိမ့်မယ်။

နှလုံးသားမျှော်စင်ကတော့ သံသရာကို တွေ့ကြုံခံစားခွင့်ပေးပြီးတော့ မင်းတို့ရဲ့ စိတ်ဆန္ဒကို လေ့ကျင့်ပေးနိုင်လိမ့်မယ်။ မင်းတို့တွေက အချိန်ဆေးကြောရေးစမ်းသပ်ချက်ကိုပါ လှုံ့ဆော်နိုင်ပြီးတော့ အရင်စမ်းသပ်ချက်ခံယူထားတဲ့သူတွေဆီကနေ အတွေ့အကြုံကို ဖတ်ရှုနိုင်လိမ့်မယ်။

ကံကောင်းမှုမျှော်စင်ကတော့ အဖြူရောင်ချီကံကောင်းမှုနဂါးကို ရယူနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ကူညီပေးလိမ့်မယ်။

စမ်းသပ်ချက်မျှော်စင်ကတော့ မင်းတို့တွေ အသွင်ကူးပြောင်းမှုကို ဖြတ်ကျော်ရမဲ့နေရာပဲ။ အဲဒီမျှော်စင်က မင်းတို့တွေရဲ့ စမ်းသပ်ချက်ရဲ့ အချိန်ကို မြှင့်တင်ပေးနိုင်သလို တန်ပြန်သက်ရောက်မှုကိုလည်း လျှော့ချပေးနိုင်တယ်”

စံပြစမ်းသပ်ချက်က နှစ်သန်းချီမှ ယွမ်ခေတ်ကာလများစွာတိုင် ကြာမြင့်နိုင်၏။ ထို့ကြောင့် ပြိုင်ပွဲဝင်များက ထိုမျှော်စင်၏ လိုအပ်မှုကို နားလည်ထားကြ၏။

“အဆီအနှစ်မျှော်စင်ကတော့ မဖျက်ဆီးနိုင်ဖွယ် ကောင်းကင်ဘုံအဆင့်အတွက်ပဲ။ အဲဒီမျှော်စင်က မင်းတို့တွေ အဆင့်မြင့်မြင့်ရောက်နိုင်ဖို့ လိုအပ်တဲ့အရာတွေအားလုံး ရှိတယ်။ အဲဒီထဲမှာ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ အရင်ပြိုင်ပွဲဝင်တွေရဲ့ အတွေ့အကြုံတွေ အပါအဝင်ပဲ။

ရှင်သန်ရေးမျှော်စင်ကတော့ မင်းတို့တွေ အမဲလိုက်ပြီးတဲ့နောက် ဒါမှမဟုတ် စမ်းသပ်ချက်ပြီးတဲ့နောက်မှာ ဒဏ်ရာကို ကုစားပေးနိုင်တယ်။ ဒါပေါ့ တခြားအရာတွေအားလုံးမျိုး အဲဒါကလည်း အချိန်ကို မြှင့်တင်ပေးနိုင်တယ်။

နောက်ဆုံးအနေနဲ့ ဒါက တိုက်ပွဲမျှော်စင်။ ဒါက သူတို့တွေက ဂုဏ်ကျက်သရေအတွက် တိုက်ခိုက်နိုင်သလို မင်းတို့တွေရဲ့ စစ်ဆေးမှုအမှတ်တွေ ရယူနိုင်မဲ့နေရာတစ်ခုပဲ။ ထိပ်တန်းအယောက်တစ်ရာက အမှတ်တွေ ရရှိလိမ့်မယ်။ မင်းတို့တွေကို လျှို့ဝှက်ချက်နည်းနည်း ပြောပြမယ်။ တိုက်ပွဲမျှော်စင်က မင်းတို့တွေ ဝင်ခွင့်အမှတ်အသားပြားလိုမျိုး ဒါမှမဟုတ် သက်တမ်းတိုးမြှင့်ဖို့ ဆုလာဘ်တွေကို ရယူနိုင်တဲ့ တခြားသော အရင်းအမြစ်တစ်ခုပဲ။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့အတွက်ဆိုရင်တော့ မင်းတို့တွေက ထိပ်တန်းနေရာမှာ သတ်မှတ်ထားတဲ့နေရာတစ်ခုမှာ ရှုံးပွဲမဲ့ တိုက်ပွဲကို ထိန်းထားရမယ်”

ထိုပြိုင်ပွဲဝင်များ၏ အကြည့်များက နေမင်းထက်ပင် တောက်ပလာလေသည်။ သူတို့က သူတို့၏ ကမ္ဘာ၌ ချစ်မျက်ရှုလေးများဖြစ်ပြီး အကောင်းဆုံးဖြစ်ဖို့ရာ အမြဲတမ်း ယှဉ်ပြိုင်နေခဲ့ရသည်။ ယခု သူတို့က တခြားဟွင်သွမ်းကမ္ဘာတွင် ရှိနေသည့်သူများထက် ပိုမိုကောင်းမွန်ကြောင်း သက်သေပြနိုင်မည် ဖြစ်၏။ တိုက်ပွဲကို အနိုင်ရရှိဖို့ အကောင်းဆုံးနည်းလမ်းက ထိုသူများ၏ ကြမ္မာကို ယူကာ သူတို့၏ ကြမ္မာကို တိုးမြှင့်ဖို့ရာ ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် တိုက်ပွဲမျှော်စင်က ကံကောင်းမှုမျှော်စင်ကို အစားထိုးနိုင်ပြီး အမှတ်များကို သက်သာစေလိမ့်မည်။

“မင်းတို့တွေ စိတ်လှုပ်ရှားနေတာဆိုတော့ တော်သေးတာပေါ့။ ဒါပေမဲ့ ထပ်ရှိသေးတယ်” လူကြီးမင်းလုက ရယ်မောလိုက်ပြီး လက်ဖျောက်တီးလိုက်သည့်အခါ မျှော်စင်အထက် စာလိပ်နှစ်ခု ပေါ်ထွက်လာသည်။ တစ်ခုက တိုက်ပွဲမျှော်စင်အထက်တွင် ရှိနေလေသည်။

“မင်းတို့ရဲ့ အမှတ်တွေက အရေးကြီးတယ်လို့ပြောတာ မှတ်မိတယ်မလား” လူကြီးမင်းလုက မေးလိုက်သည်။

“ပထမစာရင်းက အမှတ်အများဆုံး အယောက်တစ်ရာကို မှတ်တမ်းတင်ထားလိမ့်မယ်။ အဲဒီအယောက်တစ်ရာက ပထမဦးဆုံး ရွေးချယ်ပွဲကို အောင်မြင်သွားလိမ့်မယ်။ ဆိုလိုတာက သူတို့တွေက သူတို့အလိုရှိတဲ့ ဘယ်မျှော်စင်မဆို သုံးလို့ရတယ်။”

အားလုံးက သူတို့သည် ရှုပ်ထွေးမှုများကို နားလည်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။

“ဟုတ်တာပေါ့။ အဲဒါက အဲဒီလူတွေက ရွေးချယ်မခံရတဲ့သူတွေကို မျှော်စင်ကနေ နှင်ထုတ်နိုင်တယ်။ အဆင့်က ပိုမြင့်လေလေ အာဏာပိုပြီးမြင့်လေလေပဲ” လူကြီးမင်းလုက ရယ်မောလိုက်သည်။

“မင်းတို့ကို နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ပြောပြဦးမယ်။ မျှော်စင်ရဲ့ ထိပ်ဆုံးမှာရှိတဲ့အခန်းက အတော်လေးကို ကောင်းတယ်။ အဲဒီမှာ အကောင်းဆုံးအခန်းပဲ”

ထိုပြိုင်ပွဲဝင်များ၏ အကြည့်များက ရည်မှန်းချက်များဖြင့် တောက်ပလာလေသည်။ သူတို့က တစ်ခုတည်းကိုသာ အလိုရှိလေ၏။ ဤမျှော်စင်များအနက် အကောင်းဆုံးအရာကို ရရှိဖို့ရာသာ ဖြစ်သည်။

“တိုက်ပွဲမျှော်စင်မှာ အဆင့်က မင်းတို့ရဲ့ တိုက်ခိုက်ရေးမှတ်တမ်းတွေအပေါ် မူတည်နေလိမ့်မယ်။ စည်းမျဉ်းတွေအတွက် ဒီလောက်ပဲ။ ငါ တစ်စုံတစ်ခု လွဲချော်သွားတယ်လို့တော့ မထင်ဘူး။ ပြီးတော့ ဘာမေးစရာရှိသေးလဲ” လူကြီးမင်းလုက မေးလိုက်သည်။

“ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိပါတယ်” တစ်စုံတစ်ယောက်က လက်မြှောက်ကာ မေးလိုက်၏။

“မေးပါ”

“ကျုပ်တို့တွေက အဖွဲ့လိုက် အမဲလိုက်လို့ရလား”

“ရတယ်။ အဲဒါကို ခွင့်ပြုထားတယ်။ ဒါပေမဲ့ အမှတ်တွေ မျှဝေမှုကတော့ မင်းတို့ဆီမှာပဲ သက်ဆိုင်တယ်။ အမှတ်အသားပြားကတော့ နောက်ဆုံး သတ်နိုင်တဲ့သူကို မှတ်တမ်းတင်သွားမှာပဲ” လူကြီးမင်းလု၏ စကားများက ရိုးရှင်းလှသည်။ သို့သော်လည်း သူတို့က မကောင်းဆိုးဝါးများကို ခိုးယူဖို့ ကြံစည်ထားသည့် အချောင်သမားများကိုပင် ဆွဲဆောင်နိုင်လိုက်သည်။

“သတ်ဖြတ်ဖို့ရော ခွင့်ပြုထားလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မင်းတို့တွေက ဘေးကင်းဇုန်ထဲမှာ မသတ်ဖြတ်သရွေ့ လုပ်လို့ရတယ်။ သေသွားတဲ့ ပြိုင်ပွဲဝင်ရဲ့ အမှတ် သုံးပုံတစ်ပုံကိုလည်း ရလိမ့်မယ်” လူကြီးမင်းလုက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

“အသက်ရှည်ဆေးလုံးတွေကို ရောင်းလို့ရလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“ရောင်းလို့ရတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အသုံးမဝင်ဘူး”

ဤသည်က သူတို့သည် နက်နဲသည့် နောက်ခံနှင့် အရင်းအမြစ်များကို အသုံးပြုကာ သူတို့၏ သက်တမ်းလစ်ဟာနေမှုကို ကာမိစေဖို့ တွေးနေသည့်သူများအတွက် သတင်းဆိုး ဖြစ်သွားလေသည်။

“သက်တမ်းနဲ့ အမှတ်ကို လဲလို့ရလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“အဲဒါကို ခွင့်ပြုတယ်” လူကြီးမင်းတို့က ခေါင်းညိတ်လိုက်၏။

“ဒီစစ်ဆေးမှုကနေ စောစောစီးစီး ထွက်သွားနိုင်ဖို့ လိုအပ်ချက်တွေရှိတယ်လို့ ပြောခဲ့တာ။ အဲဒါက ဘာများလဲ”

“စံပြအဆင့် မကောင်းဆိုးဝါး ဆယ်ယောက်ကို အမဲလိုက်တာ ဒါမှမဟုတ် ရှုံးပွဲမဲ့ ပွဲငါးထောင် အနိုင်ရထားတာမျိုးပေါ့” လူကြီးမင်းလုက တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်၍ လူများစွာက ခေါင်းအသာယမ်းလိုက်ကြသည်။ နောက်ထပ် လူများစွာက မေးခွန်းများ မေးပြီး ပိုမိုနားလည်အောင် ကြိုးစားနေကြ၏။

 ထိုနေရာမှ သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားပြီး လေလွင့်ကျင့်ကြံသူအုပ်စုကြားတွင် ရောနှောနေသည့် ယန်ကောဝေက လက်မြှောက်ကာ မေးလိုက်သည်။

“ကျုပ်တို့တချို့က အမည်မသိအဖြစ် နေချင်တယ်။ နာမည်တွေကို ဖုံးကွယ်ထားဖို့ ဖြစ်နိုင်လား”

“ယုံကြည်ချက်ရှိတယ်မလား။ မင်းတို့နာမည်ကို ဖုံးကွယ်ထားလို့ရနိုင်သလို တခြားဇစ်မြစ်ကိုလည်း သုံးနိုင်တယ်။ ဒါပေမဲ့ မင်းတို့ရဲ့ မွေးရပ်မြေကိုတော့ ဖုံးကွယ်ထားလို့ မရဘူး”

မေးခွန်းများက တစ်ခုပြီးတစ်ခု မေးပြီးသည့်နောက်တွင် အဆုံးသတ်သွားလေသည်။

“မေးခွန်းတွေအားလုံး အဆုံးသတ်သွားပြီဆိုတော့ နောက်ဆုံးကဏ္ဍကို မိတ်ဆက်ပေးရမဲ့အချိန်ပဲ” လူကြီးမင်းလုက ပြုံးကာ ပြောလိုက်သည်။

“ဒီစစ်ဆေးမှုက ကံကြမ္မာအမြောက်အများ ရထားတယ်လို့ ပြောတာကို မှတ်မိကြလား။ အဲဒါဆိုတော့ ကိစ္စတွေက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပြီ။ အခု မင်းတို့တွေအတွက် အံ့အားသင့်စေရမဲ့ အချိန်ပဲ”

လူကြီးမင်းလုက ချောင်းအသာဟန့်ကာ လည်ချောင်းကို ရှင်းလိုက်၏။

“ပုံမှန်ဆိုရင် ပါဝင်ဆင်နွှဲတဲ့သူတွေထဲ စံပြတစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ ဒီစစ်ဆေးမှုကနေ နှင်ထုတ်ခံရလိမ့်မယ်။ ဒါပေမဲ့ ဒီစစ်ဆေးမှုအတွက် ငါတို့က စံပြအဆင့်ရဲ့  ပဥ္စမဆင့် ကောင်းကင်ဘုံအထိ ကန့်သတ်ထားပြီးတော့ မင်းတို့အနေနဲ့ ပြောရမယ်ဆိုရင်တော့ ၉၅ ရာခိုင်နှုန်းအထိပေါ့”

“လူကြီးမင်းလု ပြောချင်တာက”

“ဟုတ်တယ်။ မင်းတို့တွေက ၉၅ရာခိုင်နှုန်းအထိ ရောက်အောင် ကျင့်ကြံနိုင်တယ်”

လူတချို့က ထိုအရာကို ကြားကာ သွားရည်ယိုလာကြသည်။ ထိုသို့သောသူမျိုးက မှတ်တမ်းတင်ထားသည့်အချိန်တစ်ခုအတွင်း အလယ်အလတ် စံပြအဆင့်သို့ ရောက်ရှိနိုင်သည့် မဟုတ်ပါလော။

“နောက်ထပ်စည်းမျဉ်းတွေနဲ့ ဆုလာဘ်တွေ ရှိသေးတယ်ဆိုတော့ အရမ်းကြီး စိတ်မလှုပ်ရှားသေးနဲ့ဦး” လူကြီးမင်းလုက ဆက်ပြောလိုက်သည်။

All Chapters