လှုပ်ရှားမှု
Vol. 103 Ch. 1435
“စည်းမျဉ်းတွေအရတော့ လူတစ်ယောက်ကပဲ ပဥ္စမကောင်းကင်ဘုံအထိ ကျင့်ကြံနိုင်လိမ့်မယ်။ ဒီလိုဖြစ်လာတာနဲ့ နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး” လူကြီးမင်းလုက ဆက်ပြောပြလိုက်သည်။ ထိုပြိုင်ပွဲဝင်များက ပိုမိုစိတ်လှုပ်ရှားလာကြသည်။ ထိုစစ်ဆေးမှုက သူတို့အား ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၏ ခံစားချက်ကို ပြန်လည်ဆောင်ကြဉ်းပေးလာသည်။ ဂုဏ်ကျက်သရေတစ်ခုအတွက် သူတို့၏ ရွယ်တူများနှင့် ယှဉ်ပြိုင်ရမည့် ခံစားချက်မျိုး ဖြစ်၏။
“ကဲ ဆက်ပြောမယ်။ နှစ်ယောက်က စတုတ္ထကောင်းကင်ဘုံအဆင့်အထိ ကျင့်ကြံခွင့်ရမယ်။ တတိယကောင်းကင်ဘုံအဆင့်အထိက ၄ယောက်၊ ဒုတိယကောင်းကင်ဘုံအဆင့်အထိက ၈ယောက်၊ ပထမကောင်းကင်ဘုံအဆင့်အထိက ၁၆ယောက်။
မင်းတို့ သိတဲ့အတိုင်း စံပြအဆင့်မှာ ၁ရာခိုင်နှုန်းကတောင် ကွာဟချက်အကြီးကြီးရှိလာနိုင်တယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကို လက်လွှတ်မခံနဲ့။ နေရာက ၁၆နေရာပဲ ရှိတယ်”
လူကြီးမင်းလု ပြောစကားက မှန်ကန်နေလေ၏။ စံပြအဆင့်တွင် ကျင့်ကြံခြင်းက စိန်ခေါ်မှုတစ်ခုဖြစ်ပေသည်။ ၁ရာခိုင်နှုန်း ကွဲပြားချက်က သိသိသာသာ ကွဲပြားမှုမျိုးကို ဖြစ်လာစေနိုင်သည်။ ထို့အပြင် ထိုပြိုင်ပွဲဝင်များက အပြောင်းအလဲကို ခံစားမိကြ၏။ နောက်ထပ်ဖရိုဖရဲဖြစ်မှုက ဟွင်သွမ်းစကြဝဠာကို ဖုံးလွှမ်းသွားတော့မည်ဖြစ်သည့်အတွက် သူတို့က မြန်မြန်ဆန်ဆန် တိုးတက်လာလေလေ သူတို့၏ အသက်ရှင်သန်နိုင်ခြေက ပိုမိုမြင့်မားလာလေလေဖြစ်သည်။ အကယ်၍ သူတို့သာ လုံလုံလောက်လောက်မြန်ဆန်ပါက ထိုဖရိုဖရဲဖြစ်မှုကို အခွင့်ကောင်းယူကာ ပိုမိုမြင့်မားသည့်အနေအထားသို့ ရောက်ရှိနိုင်လေ၏။
“ဒါပဲလို့ ထင်လား။ မင်းတို့တွေအတွက် ထပ်ပြီး ရှိသေးတယ်။ ပဉ္စမကောင်းကင်ဘုံအဆင့်ကို ရောက်ရှိမဲ့ ပထမဦးဆုံးသူက ဝင်ခွင့်အမှတ်အသားပြားငါးခုကို လက်ခံရရှိလိမ့်မယ်။ စတုတ္ထကောင်းကင်ဘုံအဆင့် နှစ်ယောက်အတွက်က နှစ်ခု။ တတိယကောင်းကင်ဘုံအဆင့် လေးယောက်အတွက်က အမှတ်အသားပြားတစ်ခုစီ ရရှိလိမ့်မယ်။ အဲဒါဆိုတော့ မြန်မြန်ဆန်ဆန် ကျင့်ကြံကြပေါ့”
ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့်သူများကို ကြည့်ကာ တိတ်တဆိတ်ခေါင်းယမ်းလိုက်သည်။ ဤစစ်ဆေးမှုက ကူကောင်များကို ပြုစုပျိုးထောင်နေသည့် ဖြစ်စဉ်နှင့် တူညီနေသည်။ သူတို့အား တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ဖို့ အားပေးအားမြှောက်ပြုနေလေသည်။ စိတ်ဝင်စားစရာကောင်းသည့် ကဏ္ဍကမူ ထိုအရာကို သဘောပေါက်လျှင်ပင် ရည်မှန်းချက် သို့မဟုတ် မာန်မာနရှိသည့်သူများက ထိုစိန်ခေါ်မှုကို လက်လွှတ်ခံကြမည်မဟုတ်ပေ။
“ကောင်းပြီလေ။ အခုတော့ ဒီလောက်ပဲ” လူကြီးမင်းလုက ပြောလိုက်သည်။
“နောက်ပိုင်းပြောင်းလဲစရာတွေ ရှိတယ်ဆိုရင် မင်းတို့ရဲ့ စစ်ဆေးမှုအမှတ်အသားပြားကနေ ဆက်သွယ်လိုက်မယ်”
သူ့စကားဆုံးသည်နှင့် လူများစွာက မျှော်စင်များဆီ ပျံသန်းသွားကြသလို အမဲလိုက်ကွင်းများဆီလည်း တိုက်ရိုက်ပြေးသွားကြကာ လူတချို့သာ ကျန်ရှိတော့လေသည်။
“ငါ့နောက်လိုက်ခဲ့” ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများကို ပြောလိုက်ပြီး ဘေးကင်းဇုန်၏ ထောင့်တစ်နေရာသို့ ပျံသန်းသွားလေသည်။ သူ့အတွေးတစ်ချက်ဖြင့် သူသည် သာလွန်ကံကြမ္မာတောင်ထိပ်ကို ပြန်လည်ဖန်တီးလိုက်၏။ ထိုအရာထဲ သေးငယ်သည့် နန်းဆောင်နှင့် ဥယျာဉ်လည်း အပါအဝင်ဖြစ်သည်။ ဥယျာဉ်ကမူ အပေါ်ယံမျှသာ တူညီနေပြီး တကယ့်အစစ်အမှန်ဥယျာဉ်တွင် ရှိထားသည့် အဖိုးတန်ပန်းပွင့်များ မပါဝင်ပေ။
ဝမ်ဝေ့က သူ့နေရာကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ တောင်တန်းက တူညီဟန်ထင်ရသော်လည်း တကယ်ရောက်ရှိဖူးထားသည့်သူများကမူ ထိုသို့မဟုတ်ကြောင်း ပြောနိုင်လေ၏။ အစစ်အမှန်သာလွန်ကံကြမ္မာတောင်ထိပ်က ကံကြမ္မာစွမ်းအား ဖုံးလွှမ်းထားသော်လည်း ဤတစ်ခုကမူ ယင်ယန်အရှိန်အဝါ ရှိနေလေသည်။ ထို့အပြင် သာလွန်ကံကြမ္မာတောင်ထိပ်ဟု ခေါ်ဆိုသည့်နေရာက ယခုအခါ မက်မွန်ပွင့်တောင်တန်းဟူသော အမည်ပြောင်းလဲထားလေသည်။
ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ တောင်ပေါ်တွင် အစီအရင်များရေးထွင်းလိုက်စဉ် ကျန်သူအားလုံးက စောင့်ဆိုင်းနေကြသည်။ ထိုစစ်ဆေးမှုက နေရာတွင် တိုက်ခိုက်ဖို့ တားမြစ်ထားကြသော်လည်း သူ့အနေနှင့် တခြားသူထံ ဘေးကင်းမှုကို အပ်နှံမထားနိုင်ပေ။ ဝမ်ဝေ့က ပြီးဆုံးဖို့ရာ နာရီပိုင်းခန့်ကြာမြင့်ခဲ့လေ၏။ သို့သော်လည်း သူက အလျင်လိုနေခြင်း မရှိပေ။
“မင်းတို့ကို ကြည့်လိုက်ဦး။ စိတ်မရှည်ဘူးဆိုတဲ့ စကားက မင်းတို့ရဲ့ မျက်နှာမှာ အတိုင်းသားမြင်နေရတယ်” ဝမ်ဝေ့က စံအိမ်အတွင်း လျှောက်လှမ်းလာကာ ပြောလိုက်သည်။ သူက အဓိကထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အဖွဲ့ကို စကားပြောလိုက်၏။
“မင်းတို့ရဲ့ အဓိကရည်ရွယ်ချက်က စံပြဖြစ်လာဖို့ပဲ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့မဟုတ်ဘူးဆိုတာကို သတိပေးရဦးမယ်။ မင်းတို့တွေက အတိုင်းအတာမဲ့ စမ်းသပ်ချက်ကို ကျော်လွန်ပြီးတဲ့နောက်မှာ တခြားသူတွေနဲ့ ယှဉ်ပြိုင်လို့ရတယ်”
ဝမ်ဝေ့က သူ့စကားကို ခေတ္တမျှရပ်လိုက်ပြီး လူတချို့ကသာ သူ့ရဲ့ သတိပေးချက်ကို အတည်မှတ်ယူကြဟန်ပေါ်သည်။ သူက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။
“စစ်ဆေးမှုအစမှာ မင်းတို့တွေက အဖွဲ့လိုက် လှုပ်ရှားသင့်တယ်။ ပထမအဆင့်က မကောင်းဆိုးဝါးတွေကို အားအနည်းဆုံးကနေ အားအကြီးဆုံးအထိ အမဲလိုက်တာပေါ့။ ဒါက မင်းတို့တွေ ကိုယ်တိုင်အမဲလိုက်တဲ့အခါမှာ သူတို့တွေက ဘယ်လောက်အားကောင်းလဲဆိုတာကို သိရလိမ့်မယ်”
“သခင်လေး အဲဒါက တကယ်ကြီး လို…”ထိုသူက စကားပင်မဆုံးလိုက်ပဲ ကြောက်မက်ဖွယ်ဖိအားတစ်ခုက သူ့အပေါ်ဆင်းသက်လာသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက ချက်ချင်းဆိုသလို ပါးစပ်ပိတ်လိုက်သည်။
“စုတန်တန်က ခေါင်းဆောင်ဖြစ်ပြီးတော့ ရှဲ့ရှောင်ဝေ့က ဒုခေါင်းဆောင်ဖြစ်လိမ့်မယ်။ မှတ်ထား မင်းတို့ရဲ့တာဝန်က မင်းတို့ရဲ့ အဖွဲ့ကိုခေါ်ပြီး အဖွဲ့လိုက် မကောင်းဆိုးဝါးကို သတ်ဖြတ်ဖို့ပဲ။ ပြီးတော့ တစ်ယောက်ထဲ ဘယ်လိုအမဲလိုက်ရမလဲဆိုတာ သိရမယ်”
“နားလည်ပါပြီ” စုတန်တန်က ပြောလိုက်စဉ် ရှဲ့ရှောင်ဝေ့ကမူ ခေါင်းညိတ်လိုက်၏။
“ဆုလာဘ်တွေခွဲဖို့တော့ ငါ့ရဲ့ အကူအညီ မလိုဘူးမလား” ဝမ်ဝေ့က မေးလိုက်သည်။
“မလိုပါဘူး” စုတန်တန်က ပြန်ဖြေလိုက်၏။
“ကောင်းပြီ။ မင်းတို့သွားလို့ရပြီ” ဝမ်ဝေ့က ထိုသူများ ထွက်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်၏။ သူတို့ပျောက်ကွယ်သွားသည်နှင့် သူက ရေရွတ်လိုက်သည်။
“မင်း ထွက်လာခဲ့တော့”
အခန်းအတွင်းရှိ လေဟာနယ်က ကြောက်မက်ဖွယ် ဓားဆန္ဒတစ်ခုကြောင့် ချက်ချင်းဆိုသလို ကွဲထွက်သွားပြီး ထူးကဲသည့် မျက်ဝန်းရှိထားသည့် အပြာရောင်ဝတ်စုံနှင့် သာမန်လူသားတစ်ဦးထွက်ပေါ်လာသည်။
“မင်းက ယန်းကျဲမလား” ထိုအမျိုးသားက ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။
“မင်းရဲ့ မူလဓားဆန္ဒကို ဖုံးကွယ်ထားတဲ့ နည်းလမ်းက ပြစ်ချက်တွေနဲ့ ပြည့်နေတယ်”
ဝမ်ဝေ့က သူ့ကို လက်ညှိုးထိုးကာ အပြာရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ထိုအခါ ယန်းကျဲ၏ ခန္ဓာကိုယ်က ထူးထူးဆန်းဆန်း ဖြစ်သွားလေ၏။ သူ့ဆရာ ရှိနေသည်ဆိုလျှင်ပင် ယန်းကျဲ၏ ဓားအရှိန်အဝါ သို့မဟုတ် ဓားဆန္ဒကို သတိထားမိတော့မည် မဟုတ်ပေ။
“ကျေးဇူးပါ” ယန်းကျဲက အံ့အားသင့်မှုဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ မင်းက မင်းဆရာလိုမျိုး ငြိမ်တဲ့ပုံပဲ။ ဘာဖြစ်ဖြစ် မင်းရဲ့ ပစ်မှတ်က အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၊ ယွမ်ထီမူလဗိမာန်နဲ့ အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမတို့ပဲ။ အဲဒီသုံးခုက ပြိုင်ပွဲဝင်တွေ အများဆုံးရှိတယ်ဆိုတော့ အားအနည်းဆုံးအဖွဲ့သားကနေ စပြီး သတ်လို့ရတယ်။ မင်းက သူတို့ရဲ့ အရေအတွက်ကို လျှော့ချနိုင်သရွေ့ လက်ရွေးစင်တွေနဲ့ တိုက်ခိုက်ဖို့ မလိုဘူး”
“ကျွန်တော် နားလည်ပါပြီ”
“နောက်ထပ် တစ်ခုက ငါ့ရဲ့ လက်အောက်မှာ လေလွင့်ကျင့်ကြံသူတချို့ရှိတယ်။ မင်းကို သူတို့ကို အာရုံခံဖို့ နည်းလမ်းတစ်ခု ချန်ထားပေးမယ်။ တကယ်လို့ သူတို့နဲ့ တွေ့တယ်ဆိုရင် အတူတကွ အလုပ်တွဲလုပ်လို့ရတယ်” ဝမ်ဝေ့က ယန်းကျဲ၏ ခန္ဓာကိုယ်ထံ အလင်းတစ်ခု ပစ်လွှတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ”
ဝမ်ဝေ့က လက်ကို ဝှေ့ကာ ထိုပျင်းရိဖို့ကောင်းသည့်သူကို ပြန်လွှတ်လိုက်၏။ သူ့နောက်ထပ်အာရုံစိုက်မှုက အဝင်ဝ၌ သူ သတိထားမိခဲ့သည့် မူမမှန်မှုများဆီ ဖြစ်ပေသည်။
သူတို့က ငါ စံပြဖြစ်လာတာနဲ့ ဖြေရှင်းဖို့ လွယ်ကူသွားမှာဆိုတော့ ဘာမှစိုးရိမ်နေစရာမလိုဘူးလေ။ အဲဒါဆိုရင် အရင်ဆုံး အိမ်တွင်းပြဿနာကိုပဲ ဂရုစိုက်ရအောင် …
သူ့အရိပ်က အနီရောင်မျက်နှာဖုံးအဖြစ် ပြောင်းလဲသွားလေသည်။
“အရှင် အမိန့်ရှိပါ”
“လေလွင့်ကျင့်ကြံသူတချို့ကြားမှာ သူလျိုတချို့ ရှိနေတယ်။ ငါ သံသယရှိတဲ့သူတွေကို ပို့လိုက်မယ်။ မင်း သူတို့ဆီကနေ စလိုက်”
“ကျွန်မရဲ့ ရည်ရွယ်ချက်က သူတို့ကို သတ်ရမှာလား။ နားလည်အောင် လုပ်ရမှာလား ဒါမှမဟုတ်ဘူးဆိုရင် သတင်းအချက်အလက် လိုက်ယူရမှာလား” အနီရောင်မျက်နှာဖုံးက မေးလိုက်သည်။
“မင်းရဲ့ အဓိကရည်ရွယ်ချက်က သတင်းအချက်အလက် စုဆောင်းဖို့။ အဲဒီကစပြီး ဘာဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်လိုက်”
“ဟုတ်ကဲ့ပါ” အနီရောင်မျက်နှာဖုံးက ကြေညာပြီးသည့်နောက်တွင် အရိပ်မှ ပျောက်ကွယ်သွားလေသည်။
ဝမ်ဝေ့က အမှတ်အသားပြားကို ယူကာ အထဲတွင်ရှိနေသည့် သတင်းအချက်အလက်ကို ကြည့်လိုက်၏။ ထိုအရာက မျှော်စင်၏ စည်းမျဉ်းများနှင့် တန်ကြေးများအကြောင်း ရေးသားထားလေသည်။ အနိမ့်ဆုံးအခကြေးငွေက အမှတ်တစ်ထောင် ဖြစ်ပြီး အကောင်းဆုံးကမူ အမှတ်တစ်သိန်းအထိ ရှိလေသည်။
ပထမနေရာက လုပ်ပိုင်ခွင့်အာဏာအများကြီးရှိတယ်ဆိုတော့ ငါ ယူရမယ်…
ဝမ်ဝေ့က တွေးလိုက်၏။ သူက ပထမနေရာသည် စမ်းသပ်ချက်နှင့် ရှင်သန်မှုမျှော်စင်တို့ကို ဆက်တိုက်အသုံးပြုနိုင်ကြောင်း သိထားသရွေ့ ထိုနေရာကို ရယူရမည် ဖြစ်ကြောင်း သိလိုက်သည်။ အတိုင်းအတာမဲ့စမ်းသပ်ချက်က သူ့အစီအစဉ်အတွက် အင်မတန် အရေးကြီးနေသည့်အခါတွင် ဖြစ်၏။
“အရင်ဆုံး နာမည်တစ်ခု ရွေးရအောင်”
ဝမ်ဝေ့က ရေရွတ်ရင်းဖြင့် အမှတ်အသားပြားကို လက်ညှိုးထိုးကာ သူ့ရွေးချယ်ခံနာမည်အား ယင်ယန်မက်မွန်သူတော်စင်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် မစောင့်ဆိုင်းတော့ဘဲ ပထမအမဲလိုက်ကွင်းဆီ ဦးတည်လိုက်၏။
အဝေးတစ်နေရာတွင် အနီရောင်အရေပြားရှိထားသည့် အမျိုးသားက ဝမ်ဝေ့၏ တောင်ဆီ စိုက်ကြည့်နေသည်။ ထိုသူ ထွက်ပေါ်လာသည်နှင့် အနီရောင်အသားအရည်နှင့် လူသားက သူ့သတ်ဖြတ်ငွေ့ကို ထိန်းချုပ်မှုကင်းလုနီးပါး ဖြစ်သွားလေ၏။
“မင်း နောက်ဆုံးတော့ ထွက်လာပြီလား။ ကောင်းပြီလေ။ ငါ နောက်ဆုံးတော့ လက်စားချေလို့ရပြီ”
သူက ဝမ်ဝေ့ဆီ ပျံသန်းသွားသော်လည်း တစ်ဝက်တစ်ပျက်တွင် သူ့ကိုယ်သူစပြီး စကားပြောလာလေ၏။
“စောင့်ဆိုတာ ဘာတုန်း။ သူက ဒီနေရာမှာ ရှိနေတယ်လေ”
“ငါ့ရဲ့ စွမ်းအားကို သံသယဝင်နေတာလား။ မစိုးရိမ်နဲ့။ ငါက ဒါကို အချိန်အကြာကြီး စီစဉ်ခဲ့တာ။ မင်းရဲ့ အကူညီနဲ့ဆိုရင် ငါတို့တွေ မရှုံးနိမ့်နိုင်ဘူး။ အဲဒီခွေးကောင်ကို အသက်ရှင်လျက် အရေခွာပစ်ပြီးတော့ သူ့ရဲ့ အရိုးကို စွတ်ပြုတ်လုပ်သောက်ပစ်မယ်”
“ငါ့ကို သံသယမဝင်ဘူးလို့ပြောပေမဲ့ မင်းရဲ့ စကားတွေက တခြားကို ညွှန်ပြနေတယ်”
“ဒါပေမဲ့ သူက အရမ်းကို နီးကပ်နေပြီ။ ငါ မိနစ်ပိုင်းပဲ လိုတာ။ ငါတို့တွေ ဒီနှိပ်စက်မှုတွေကနေ လွတ်မြောက်သွားလိမ့်မယ်”
“ငါ ခေါင်းမာနေတာ မဟုတ်ဘူး…”
“ကောင်းပြီ။ မင်း မှန်တယ်”
“စံပြဖြစ်လာပြီးတဲ့နောက်မှာ သူ့ကို စွမ်းအားအပြည့်နဲ့ ခြေမွပစ်ရတာ ပိုပြီးစိတ်ကျေနပ်ဖို့ ကောင်းလိမ့်မယ်။ ငါတို့တွေ သူ တောင်းပန်တာကိုတောင် ကြည့်လို့ရနိုင်တယ်”
“မစိုးရိမ်နဲ့။ ငါ မရူးဘူး။ ဘာပဲဖြစ်ဖြစ် ငါဒီလောက်အကြာကြီး စောင့်နိုင်ခဲ့တာဆိုတော့ နှစ်နည်းနည်းစောင့်နိုင်ပါသေးတယ်” အနီရောင်အရေပြားနှင့် အမျိုးသားက သူ့ဦးတည်ရာကို ပြောင်းလဲပြီး ဝမ်ဝေ့နောက် ဆက်မလိုက်တော့ပေ။ သို့သော်လည်း သတ်ဖြတ်ဖို့ ရည်ရွယ်ချက်က နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိပေ။ အနှစ်ချုပ်အားဖြင့် ထိုအရာက ပိုမိုအားကောင်းလာလေ၏။
သူက ငါ့နောက်ကို မလိုက်တော့ဘူးလား…
ဝမ်ဝေ့က တွေးလိုက်သည်။
စိတ်ဝင်စားစရာပဲ။ သူက သတ်ဖြတ်ငွေ့ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး…
သူက ထိုအမျိုးသားကို အာရုံမစိုက်တော့ဘဲ ဆက်လက်သွားလိုက်သည်။ သူက အကြည့်တစ်ခု သူ့အပေါ်ကျရောက်လာသည်ကို ခံစားမိလိုက်၏။ ထိုအရာက မဟာတာအိုသားတော်ဆီမှ ဖြစ်ပေသည်။ ထိုသူကလည်း သူ့အမဲလိုက်မှုကို စတင်နေဟန်ပေါ်၏။ ထူးဆန်းစွာဖြင့် ထိုအမျိုးသားသည် ဝမ်ဝေ့အား တစ်ချက်ကြည့်ပြီးသည့်နောက်တွင် လုပ်လက်စကိုသာ ဆက်လက် လုပ်ဆောင်နေလေ၏။
ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။